← Chapters

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း ၁၅၃

Vol. 16 Ch. 153

အခန်း (၁၅၃) ကျောက်ခဲလေးက ငါနဲ့ အရင်းနှီးဆုံးပဲ

ညနေစောင်းချိန်သို့ ရောက်သောအခါ ကျိုးချန်ယဲ့သည် ကျောင်းဆင်းသည်နှင့် တစ်ပြိုင်နက် အပ်ချုပ် ဆိုင်ဆီသို့ တန်းတန်းမတ်မတ် သွားလေ့ရှိပြီး ဆိုင်ထဲသို့ ဝင်သည်နှင့် သူ ပထမဆုံး ပြောလေ့ရှိသော စကားမှာ...၊

"မိန်းမရေ... ကျောက်ခဲလေး... အိမ်ပြန်ကြရအောင်..."

"ဟုတ်ကဲ့..."

ထျန်ရှောင်ယာက ပြန်ဖြေလိုက်ပြီး သူမ၏ ပစ္စည်းများကို သိမ်းဆည်းကာ ဆိုင်တံခါးကို ပိတ်လိုက် လေ၏။

လမ်းတွင် ကျိုးချန်ယဲ့သည် လက်တစ်ဖက်ဖြင့် သူ၏ ဇနီးဖြစ်သူ၏ လက်ကို ကိုင်ထားပြီး နောက်လက် တစ်ဖက်ဖြင့် ကျောက်ခဲလေးကို ပွေ့ချီထားခဲ့လေသည်။

ဝင်ရောက်လုဆဲ နေဝန်းကြီးက မိသားစုဝင် သုံးဦး၏ ရှည်လျားပြီး နွေးထွေးသော အရိပ်များကို ကျဆင်း စေကာ ရင်တွင်းကို နွေးထွေးသွားစေမည့် မြင်ကွင်းတစ်ခုကို ဖန်တီးပေးနေခဲ့ပေလေတော့သည်။

————————————

သာမန် နေ့ရက်များမှာ လျင်မြန်စွာ ကုန်ဆုံးသွားခဲ့ပြီး မကြာမီမှာပင် နှစ်ကုန်ပိုင်းသို့ ရောက်ရှိလာခဲ့လေ တော့သည်။

အဖေကျိုးနှင့် အမေကျိုးတို့သည် ၎င်းတို့၏ သားသမီးများဖြစ်ကြသော ကျိုးချန်ယွီနှင့် ကျိုးချန်ရှော့တို့ နှင့်အတူ ကျိုးမိသားစု ခြံဝင်းထဲသို့ နောက်ဆုံးတွင် ခြေချလာခဲ့ကြလေသည်။

"ဒေါက်... ဒေါက်..."

တံခါးခေါက်သံ ထွက်ပေါ်လာရာ အသံကို ကြားလိုက်ရသော ကျိုးချန်ယဲ့သည် တံခါးဖွင့်ရန် အလျင်စလို သွားလိုက်လေသည်။

တံခါးကို ဖွင့်လိုက်သည်နှင့် တစ်ပြိုင်နက် သူသည် အပြင်ဘက်၌ အထုပ်အပိုးများ ကိုင်ဆောင်လျက် ရပ်နေကြသော သူ၏ မိဘများနှင့် မောင်နှမများကို မြင်လိုက်ရလေ၏။ သူသည် အံ့သြဝမ်းသာဖြစ် သွားကာ ယောင်ယမ်း၍ အော်ပြောလိုက်လေသည်။

"အဖေ... အမေ... ရှောင်ယွီ... ရှောင်ရှော့..."

"ဒုတိယအစ်ကို..."

ကျိုးချန်ယွီနှင့် ကျိုးချန်ရှော့တို့က ပြိုင်တူ လှမ်းခေါ်လိုက်ကြလေသည်။

ကျိုးချန်ယဲ့သည် အဖေကျိုး၏ လက်ထဲမှ အထုပ်အပိုးများကို ယူရန် အမြန် ရှေ့သို့ တိုးသွားလိုက်ပြီး ဘေးသို့ဖယ်ပေးကာ ပြုံးလျက် နှုတ်ဆက်လိုက်လေ၏။

"အမြန် ဝင်ခဲ့ကြလေ... အပြင်မှာ အေးတယ်... အထဲဝင်ပြီး နွေးအောင်လုပ်လိုက်ကြအုန်း..."

ထို့နောက် သူသည် အမေကျိုးဘက်သို့ လှည့်ကာ ပြောလိုက်လေသည်။

"အမေ... လာမယ်ဆိုတာကို ဘာလို့ သားကို မပြောတာလဲ... သား ဘူတာရုံမှာ လာကြိုလို့ ရတာကို..."

အမေကျိုးက ပြုံးလျက် လက်ကာပြလိုက်လေ၏။

"ဘာလို့ အဲ့လောက် ဒုက္ခခံနေမှာလဲ... အမေတို့က လမ်းမသိတာမှ မဟုတ်တာ... မင်းကို ဘာလို့ အနှောင့် အယှက် ပေးရမှာလဲ..."

အိမ်ထဲတွင်မူ ထျန်ရှောင်ယာသည် အပူပေးအုတ်ကုတင်ပေါ်၌ ထိုင်လျက် ကျောက်ခဲလေးနှင့်အတူ ကစားနေခဲ့လေသည်။ ခြံဝင်းထဲမှ စကားသံများကို ကြားလိုက်ရသောအခါ သူမသည် အပူပေးအုတ် ကုတင်၏ အစွန်းကို အားပြုကာ အမြန်ထရပ်လိုက်ပြီး အပြင်ဘက်သို့ ဖြည်းညင်းစွာ လမ်းလျှောက်သွား ခဲ့လေသည်။

ကျောက်ခဲလေးသည် အပြင်ဘက်မှ အသံကို ကြားလိုက်ရသောအခါ သူ၏ နားရွက်လေးများမှာ ချက် ချင်းပင် ထောင်လာခဲ့လေသည်။ သူသည် သူ၏ အရုပ်များကို ဘေးသို့ပစ်ချလိုက်ပြီး ယိုင်တိုင်တိုင်ဖြင့် မတ်တတ်ရပ်ကာ ပြတင်းပေါက်မှနေ၍ အပြင်သို့ လှမ်းကြည့်လိုက်လေ၏။

သူ၏ ဦးခေါင်းလုံးလုံးလေးမှာ မှန်ပေါ်သို့ တင်းကျပ်စွာ ဖိကပ်နေခဲ့လေသည်။ မည်သူဖြစ်ကြောင်းကို မြင်လိုက်ရသည်နှင့် တစ်ပြိုင်နက် သူသည် ချက်ချင်းပင် သွားဖြီးကာ ပြုံးလိုက်ပြီး သူ၏ လက်သေးသေး လေးများဖြင့် ပြတင်းပေါက်ကို ပုတ်လျက် ကလေးသံလေးဖြင့် အော်ခေါ်လိုက်လေ၏။

"ဘိုးဘိုး... ဘွားဘွား... ရှောင်တု..."

အမေကျိုးသည် ပြတင်းပေါက်၌ တွယ်ကပ်နေသော ပုံရိပ်သေးသေးလေးကို တစ်ချက်ကြည့်လိုက်ရုံဖြင့် မြင်သွားခဲ့ပြီး ချက်ချင်းပင် ဝမ်းသာအားရ ပြုံးရွှင်သွားကာ အော်ပြောလိုက်လေသည်။

"ဟေး... ဟေး... ငါတို့ရဲ့ ကျောက်ခဲလေးက အဖွားကို မှတ်မိနေတုန်းပဲ..."

အဖေကျိုးသည် ပြတင်းပေါက်သို့ လက်ကို ဆက်တိုက် ဝှေ့ယမ်းပြလိုက်ပြီး သူ၏ မျက်လုံးများမှာ ပျော်ရွှင်မှုကြောင့် မှိတ်ကျသွားခဲ့လေ၏။

"ငါ့မြေးလေး... အဘိုး ရောက်လာပြီ..."

ထိုသို့ ပြောရင်း သူသည် အနောက်ဘက်ဆောင်သို့ ခြေလှမ်းလှမ်းကာ လျှောက်သွားလိုက်ရာ သူ၏ ခြေ လှမ်းများမှာ ပို၍ ပေါ့ပါးလာခဲ့ပြီး သူ၏ တစ်ခုတည်းသော အတွေးမှာ အချိန်ကြာမြင့်စွာ မတွေ့ရသော သူ၏ မြေးအကြီးဆုံးကို အမြန်ဆုံး ဖက်ထားချင်သည့် အတွေးသာ ဖြစ်လေတော့သည်။

ကျိုးချန်ရှော့သည် မှန်ပေါ်သို့ မျက်နှာဖိကပ်ထားသဖြင့် ပုံပျက်နေသော သူ၏ တူငယ်လေးကို မြင်လိုက် ရသောအခါ အလွန်အမင်း ဝမ်းသာသွားခဲ့လေ၏။

သူသည် အထဲသို့ ဝင်ရန်ပင် ဂရုမစိုက်တော့ဘဲ ပြတင်းပေါက်ဆီသို့ အမြန်သွားကာ ကလေးငယ်အား မျက်နှာပြောင်ပြတော့လေသည်။

ထျန်ရှောင်ယာသည် တံခါးဆီသို့ လျှောက်သွားကာ လိုက်ကာကို မလိုက်သောအခါ အမေကျိုး၏ အကြည့်နှင့် ဆုံသွားခဲ့လေ၏။ သူမ၏ မျက်နှာပေါ်တွင် နူးညံ့သော အပြုံးတစ်ခု ချက်ချင်း ပေါ်လာခဲ့လေ သည်။

"အဖေ... အမေ... နောက်ဆုံးတော့ ရောက်လာကြပြီပဲ..."

"အိုကွယ်... ရှောင်ယာ... အပြင်မှာ အေးတယ်... အပြင်ကို မထွက်လာနဲ့... မဟုတ်ရင် အအေးမိသွား လိမ့်မယ်..."

အမေကျိုးသည် ထိုသို့ပြောရင်း သူမ၏ လက်ကို ဆန့်ထုတ်ကာ ချွေးမဖြစ်သူ၏ လက်ကို ကိုင်လျက် အိမ်ထဲသို့ ခေါ်ဆောင်သွားခဲ့လေတော့သည်။

ပြတင်းပေါက်မှနေ၍ အပြင်သို့ လှမ်းကြည့်နေသော ကျောက်ခဲလေးသည် ထျန်ရှောင်ယာ အခန်းထဲသို့ ဝင်လာသည်ကို မြင်လိုက်ရသောအခါ အပူပေးအုတ်ကုတင်ဆီသို့ ပြေးသွားခဲ့လေသည်။

သူသည် ပြေးသွားရင်းနှင့် တစ်ချိန်လုံး တခစ်ခစ် ရယ်မောနေခဲ့ကာ သူ၏ ခြေထောက်တိုတိုလေးများမှာ အံ့သြစရာကောင်းလောက်အောင် လျင်မြန်စွာ ရွေ့လျားနေခဲ့ပေသည်။

"အို... ငါ့မြေးလေး..."

အမေကျိုးသည် ကလေးငယ်မှာ အပူပေးအုတ်ကုတင်၏ အစွန်းဆီသို့ ပြေးသွားနေသည်ကို မြင်လိုက်ရ သောအခါ အလွန် လန့်သွားသဖြင့် အမြန်ပြေးသွားကာ သူ့အား ဖမ်းဆွဲထားလိုက်လေ၏။

သူမသည် လက်ကို ဆန့်ထုတ်ကာ ကလေးငယ်၏ တင်ပါးကို ညင်သာစွာ ပုတ်လိုက်ပြီး နောက်ပြောင်၍ ဆူပူလိုက်လေသည်။

"မင်းက အဖွားကို လန့်သေအောင် လုပ်နေတာပဲ... အဲ့ဒါ အရမ်းအန္တရာယ်များတယ်... ကုတင်ပေါ်က ပြုတ်ကျရင် မငိုနဲ့နော်..."

ကျောက်ခဲလေးသည် သူ၏ အဖွားဖြစ်သူက ပုတ်လိုက်သောအခါတွင် စိတ်ဆိုးမသွားသည့်အပြင် ပို၍ပင် အားရပါးရ ရယ်မောလိုက်လေ၏။

သူသည် သူ၏ ခန္ဓာကိုယ်သေးသေးလေးကို လှုပ်ယမ်းကာ ထျန်ရှောင်ယာကို ပွတ်သီးပွတ်သပ် လုပ် လျက် နူးညံ့ချိုသာသော အသံလေးဖြင့် အော်ခေါ်လိုက်လေသည်။

"မေမေ... မေမေ..."

ယင်းကို မြင်သောအခါ ထျန်ရှောင်ယာသည် အလျင်စလို လက်ဆန့်ထုတ်ကာ ကလေးငယ်အား သူမ၏ ရင်ခွင်ထဲတွင် တင်းကျပ်စွာ ပွေ့ဖက်ထားလိုက်ပြီး သူ၏ နူးညံ့သော မျက်နှာလေးကို သူမ၏ လက်ချောင်း ထိပ်လေးများဖြင့် ညင်သာစွာ ပွတ်သပ်ပေးလိုက်ရာ သူမ၏ မျက်လုံးများမှာ ရေအိုင်တစ်ခုကဲ့သို့ နူးညံ့ သွားခဲ့လေတော့သည်။

"လူလည်လေး..."

ကျောက်ခဲလေးသည် ထျန်ရှောင်ယာ၏ ရင်ခွင်ထဲတွင် မှီတွယ်နေပြီး သူ၏ လက်သေးသေးလေးများက သူမ၏ အဝတ်အစားများကို တင်းကျပ်စွာ ဆုပ်ကိုင်ထားခဲ့လေသည်။ သူသည် သူမအား ချိုမြိန်သော အပြုံးလေးဖြင့် မော့ကြည့်ကာ တိုးတိတ်စွာ ရေရွတ်လိုက်လေသည်။

"မေမေ... ဖက်ထား..."

အမေကျိုး၏ နောက်မှ တစ်လှမ်းအကွာတွင် ရှိနေသော အဖေကျိုးနှင့် အခြားသူများသည်လည်း အိမ်ထဲသို့ ဝင်လာခဲ့ကြလေသည်။

"ဒုတိယယောင်းမ..."

ကျိုးချန်ယွီ၏ စူးရှသော အသံလေး ထွက်ပေါ်လာပြီး သူမသည် ထျန်ရှောင်ယာ၏ အနီးသို့ အမြန် လျှောက်သွားလိုက်လေသည်။

သူမ၏ ရင်ခွင်ထဲရှိ ကျောက်ခဲလေးကို ကြည့်ကာ သူမသည် လက်ဆန့်ထုတ်လျက် သူမ၏ တူငယ် လေး၏ နူးညံ့သော ပါးပြင်လေးများကို ညင်သာစွာ ဆွဲလိမ်လိုက်ပြီး ပြုံးလျက် မေးလိုက်လေ၏။

"ကျောက်ခဲလေး... မင်းရဲ့ အန်တီကို လွမ်းနေတာလား..."

"..."

ကျောက်ခဲလေးသည် စိတ်ရှုပ်ထွေးစွာဖြင့် သူ၏ ခေါင်းကို စောင်းလိုက်ပြီး စပျစ်သီးမည်းမည်းကြီးများ နှင့် တူသော သူ၏ မျက်လုံးဝိုင်းကြီးများကို ပုတ်ခတ်ပုတ်ခတ် လုပ်ကာ သူ၏ အန်တီဖြစ်သူကို အချိန်အ တန်ကြာ စိုက်ကြည့်နေခဲ့လေသည်။

ရုတ်တရက် သူသည် သွားဖြီးကာ တခစ်ခစ် ရယ်မောလိုက်ပြီး ပွေ့ချီခံချင်သည့်အလား သူ၏ လက်သေးသေးလေးများကို ကျိုးချန်ယွီထံသို့ ဆန့်ထုတ်လိုက်လေ၏။

ကျိုးချန်ယွီ၏ မျက်လုံးများမှာ ချက်ချင်းပင် အရောင်လက်သွားကာ အလွန် ဝမ်းသာသွားခဲ့လေသည်။

"အိုကွယ်... ငါတို့ရဲ့ ကျောက်ခဲလေးက သူ့အန်တီကို လွမ်းနေတာပဲ..."

သူမ၏ ယောက်မနှင့် သားဖြစ်သူတို့ ဤမျှလောက် ချစ်ခင်ကြင်နာနေကြသည်ကို မြင်သောအခါ ထျန်ရှောင်ယာသည် ရင်ထဲ၌ နွေးထွေးသွားမှုကို ခံစားလိုက်ရလေ၏။

ရှောင်ယွီသည် တက်ကြွပြီး ရွှင်လန်းတတ်ကာ သူမသည် ကျောက်ခဲလေးကို ရင်ဘတ်ထဲမှ လှိုက်လှိုက် လှဲလှဲ အလိုလိုက်တတ်လေသည်။ ထိုသို့သော ယောက်မမျိုး ရှိနေခြင်းကြောင့် အိမ်လေးမှာ အမြဲတမ်း စည်ကားပြီး သက်ဝင်လှုပ်ရှားနေခဲ့ပေသည်။

အဖေကျိုးသည် ဘေး၌ ရပ်နေလျက် သူ၏ရှေ့မှ ဤသဟဇာတဖြစ်သော မြင်ကွင်းကို ကြည့်နေကာ သူ၏ ပုံမှန်အားဖြင့် တည်ကြည်သော မျက်နှာပေါ်တွင် နူးညံ့မှု အနည်းငယ် ပေါ်လာခဲ့လေသည်။

ကျိုးချန်ရှော့သည် သူ၏ တူငယ်လေးက ဦးလေးဖြစ်သူ သူ့အား မဆိုင်းမတွ စွန့်ပစ်သွားသည်ကို ကြည့် နေခဲ့လေသည်။ သူသည် မတတ်သာစွာဖြင့် ခေါင်းခါလိုက်သော်လည်း သူ၏ နှုတ်ခမ်းများပေါ်တွင် အပြုံး တစ်ခု ပေါ်လာကာ အရှေ့ဘက်ဆောင်သို့ ဝင်သွားခဲ့လေ၏။

"မင်းက လူလည်လေးပဲ... မင်းက တကယ်ကို နှလုံးသားမရှိတဲ့ နတ်ဆိုးလေးပဲ... ခုနလေးတင်ကမှ ပြတင်းပေါက်နားမှာ ငါနဲ့ ကစားနေပြီးတော့ အခုကျတော့ မင်းရဲ့ ဦးလေးကို မေ့သွားပြီပေါ့လေ..."

ကျိုးချန်ရှော့က ညည်းညူလိုက်သော်လည်း သူ၏ မျက်လုံးများမှာမူ အလွန် နူးညံ့နေခဲ့ပေသည်။ သူ သည် အပူပေးအုတ်ကုတင်၏ အစွန်းသို့ လျှောက်သွားကာ ကျောက်ခဲလေး၏ နူးညံ့သော ဆံပင်များကို ပေါ့ပေါ့ပါးပါး ဆွဲဖွလိုက်လေ၏။

ကျောက်ခဲလေးကို ပွေ့ချီထားသော ကျိုးချန်ယွီက ဂုဏ်ယူဝင့်ကြွားစွာဖြင့် သူမ၏ မောင်ဖြစ်သူအား မေးငေါ့ပြလိုက်လေသည်။

"ဟုတ်တယ်လေ... ကျောက်ခဲလေးက ငါနဲ့ အရင်းနှီးဆုံးပဲ... သူ နင်နဲ့ ကစားမှာ မဟုတ်ဘူး..."

ကျောက်ခဲလေးမှာ ကျိုးချန်ယွီ၏ ပွေ့ချီခြင်းကို ခံထားရပြီး သူ၏ လက်သေးသေးလေးများက သူမ၏ ဆံပင်များကို ဆုပ်ကိုင်ထားလျက် တခစ်ခစ် ဆက်တိုက် ရယ်မောနေခဲ့လေ၏။

ဤတက်ကြွလှုပ်ရှားနေသော မြင်ကွင်းကို ကြည့်ရှုနေကြသည့် အခန်းထဲရှိ လူတိုင်း၏ ရင်ထဲတွင် နွေးထွေးသော ခံစားမှုကို ခံစားလိုက်ကြရပေသည်။

လူအများအပြားသည် နေရာတစ်ခုတည်း၌ ပေါ့ပေါ့ပါးပါး စကားစမြည် ပြောဆိုနေကြသဖြင့် အခန်းမှာ လှုပ်လှုပ်ရွရွဖြင့် စည်ကားနေခဲ့လေသည်။

အမေကျိုးသည် သူမ၏ရှေ့ရှိ သဟဇာတဖြစ်သော မိသားစုကို ကြည့်ကာ သူမ၏ ရင်ထဲတွင် နွေးထွေး ပြီး သက်တောင့်သက်သာ ရှိသွားခဲ့လေ၏။

ရုတ်တရက် တစ်စုံတစ်ရာကို သတိရသွားသည့်အလား သူမသည် သူမ၏ဘေးရှိ ကျိုးချန်ယဲ့ကို လှည့် ကြည့်လိုက်ရာ သူမ၏ လေသံတွင် သိချင်စိတ်များ စွက်ဖက်နေခဲ့လေသည်။

"ကျိုးချန်ယဲ့... အရင်တုန်းက ရှောင်ယွီ အမေ့အတွက် ယူလာပေးတဲ့ မျက်နှာလိမ်း ခရင်မ်အစုံကို မင်း ဘယ်ကနေ ဝယ်ခဲ့တာလဲ..."

ဤဇာတ်လမ်းမှာ ရှောင်ယွီ ယခင်တစ်ခေါက် ပီကင်းမှ ပြန်လာချိန်ကတည်းက စတင်ခဲ့ခြင်း ဖြစ်လေ၏။

ထိုနေ့က ရှောင်ယွီနှင့်အတူ အိမ်သို့ရောက်သည်နှင့် တစ်ပြိုင်နက် သူမသည် မျက်နှာကို အမြန်သစ်ကာ ထိုထုတ်ကုန်ကို အသုံးပြုခဲ့ရာ အကျိုးသက်ရောက်မှုမှာ တကယ်ကို ကောင်းမွန်လှပေသည်။

ယခင်က သူမ၏ မျက်နှာမှာ ခြောက်သွေ့ပြီး တင်းကျပ်နေလေ့ရှိသော်လည်း ခရင်မ်ကို လိမ်းပြီးနောက် တွင်မူ ချောမွေ့သွားကာ များစွာ ပို၍ နူးညံ့လာခဲ့လေသည်။

နောက်တစ်နေ့ အလုပ်သွားသောအခါ အမေကျိုးသည် ပုံမှန်အားဖြင့် သူမနှင့် အတော်လေး အဆင်ပြေ သော မုန်ချောင်ယွီ၏ တိတ်တဆိတ် ဘေးသို့ ဆွဲခေါ်ခြင်းကို ခံလိုက်ရလေ၏။

"ဘာဖြစ်လို့လဲ ချောင်ယွီ... မင်းက ဘာလို့ ဒီလောက် ထူးထူးဆန်းဆန်း ဖြစ်နေရတာလဲ..."

သူမ၏ ခိုးကြောင်ခိုးဝှက် ပုံစံကို မြင်သောအခါ အမေကျိုးသည် မနေနိုင်ဘဲ မေးလိုက်မိလေသည်။

သူမသည်လည်း စိတ်ရှုပ်ထွေးနေခဲ့လေ၏။ မုန်ချောင်ယွီသည် အမြဲတမ်း တည်ငြိမ်သောသူ တစ်ဦးဖြစ် ပြီး အလုပ်တွင် အတင်းအဖျင်း ပြောဆိုလေ့မရှိသူ ဖြစ်ပေသည်။

မုန်ချောင်ယွီသည် အမေကျိုး၏ မျက်နှာကို ဂရုတစိုက် စစ်ဆေးလိုက်ပြီး အနီးကပ် ထပ်ခါတလဲလဲ ကြည့်ရှုနေကာ သူမ၏ မျက်လုံးများထဲတွင် အံ့သြမှုများ ပြည့်နှက်နေခဲ့လေသည်။

"ချိုးဟုန်... နင့်ရဲ့ မျက်နှာက... အရင်ကနဲ့ မတူတော့ဘူးနော်..."

အမေကျိုးသည် သူမ၏ အကြည့်အောက်တွင် နေရခက်သွားကာ မသိစိတ်ကပင် သူမ၏ ပါးပြင်ကို ထိကြည့်လိုက်လေသည်။

"ဘာများ ကွာခြားသွားလို့လဲ... အရင်အတိုင်းပဲ မဟုတ်ဘူးလား..."

All Chapters