အခန်း ၁၅၇
Vol. 16 Ch. 157
အခန်း (၁၅၇) တကယ်ပဲ ရည်းစားဖြစ်နေတာ မဟုတ်ပါဘူး...
ကျိုးချန်ယဲ့သည် သူ၏ အတွေးများကို ဖိနှိပ်ထားကာ မည်သည့် အမူအရာမျှ မပြဘဲ နေခဲ့လေ၏။
အားလုံး ပြင်ဆင်ပြီးသောအခါ မိသားစု တစ်ခုလုံးသည် ဦးလေးကျိုး၏ အိမ်ဘက်သို့ ဖြည်းညင်းစွာ လျှောက်လှမ်းသွားကြလေသည်။ ဆောင်းဦးနေရောင်ခြည်မှာ ၎င်းတို့အပေါ်သို့ နွေးထွေးစွာ ကျရောက် နေလျက်ရှိပြီး လမ်းတစ်လျှောက် ရယ်မောသံများနှင့် စကားပြောသံများမှာ မိသားစု ပြန်လည်ဆုံစည်း ခြင်း၏ စည်ကားသိုက်မြိုက်သော အငွေ့အသက်များကို ဖန်တီးပေးနေခဲ့ပေတော့သည်။
————————————
စက်မှုစက်ရုံရှိ ဝန်ထမ်းများအိမ်ရာ...၊
လူအုပ်စုမှာ ဦးလေးကျိုး၏ တံခါးဝသို့ ဖြည်းညင်းစွာ လျှောက်သွားလိုက်ကြစဉ် ကျိုးချန်ယဲ့မှာ တံခါး ခေါက်ရန် ပြင်လိုက်သော်လည်း အတွင်းဘက်မှ ကျိုးချန်ယီ၏ အသံကျယ်ကြီး ထွက်ပေါ်လာခဲ့လေ၏။
"ဒါ ဒုတိယဦးလေးတို့ ဖြစ်ရမယ်... သူတို့ အသံကို ငါ ကြားနေရတယ်..."
သူ စကားပြောပြီးသည်နှင့် ခြံဝင်းတံခါးမှာ မြည်ဟည်းလျက် ပွင့်သွားကာ ကျိုးချန်ယီ၏ ပြုံးရွှင်နေသော မျက်နှာ ပေါ်ထွက်လာခဲ့လေသည်။ တံခါးအပြင်ဘက်မှ လူအုပ်ကြီးကို မြင်လိုက်ရသောအခါ သူ၏ မျက် လုံးများမှာ တောက်ပသွားကာ အပြုံးမှာ ပိုမိုကျယ်ပြန့်သွားပြီး ၎င်းတို့အား အိမ်ထဲသို့ ဝင်ရန် အလျင် အမြန် လမ်းဖယ်ပေးလိုက်လေသည်။
"ဒုတိယဦးလေး... ဒုတိယအန်တီ... အမြန်ဝင်ကြပါ... ကျွန်တော်က ဦးလေးတို့လို့ ပြောတာကို အဖေ ကတော့ သူ နားကြားမှားတာ ဖြစ်မှာပါလို့ ဇွတ်ပြောနေတာ..."
"ဒီကောင်လေး... ငါ့ကွယ်ရာမှာ ငါ့အကြောင်း ဘာတွေ ထပ်ပြောနေပြန်ပြီလဲ... မင်းကို သုံးရက်လောက် မဆုံးမလိုက်ရင် ခေါင်မိုးပေါ်တက်ပြီး အုတ်ကြွပ်တွေ ခွာတော့မယ့် ပုံပဲ..."
ဦးလေးကျိုးသည် တံခါးဝမှ ဆူညံသံကို ကြားသဖြင့် အိမ်ထဲမှ အလျင်အမြန် ထွက်လာခဲ့လေ၏။ သူ၏ ဖခင်အသံကို ကြားလိုက်ရသောအခါ ကျိုးချန်ယီသည် ခဏမျှ တန့်သွားပြီး မျက်တောင်တစ်ခတ် အတွင်းမှာပင် သူ၏ မျက်နှာပေါ်တွင် ဖားပြုတ်အပြုံးတစ်ခု ပေါ်ပေါက်လာခဲ့လေသည်။
ဦးလေးကျိုး၏ နောက်မှ ထွက်လာသော ကျိုးချန်ဟွမ်သည် သူ၏ ညီဖြစ်သူ၏ ကြောက်ရွံ့နေသော ပုံစံကို မြင်လိုက်ရသောအခါ သူ၏ နှုတ်ခမ်းထောင့်များကို မကွေးညွှတ်ဘဲ မနေနိုင်အောင် ဖြစ်သွားခဲ့ လေသည်။
ကျိုးချန်ဟွမ်၏ အကြည့်မှာ ခြံဝင်းထဲရှိ လူများပေါ်သို့ ကျရောက်သွားကာ သူက ပြုံးလျက် နှုတ်ဆက် လိုက်လေသည်...။
"ဒုတိယဦးလေး... ဒုတိယအန်တီ..."
စကားပြောပြီးနောက် သူသည် ကျိုးချန်ယဲ့နှင့် အခြားသူများဘက်သို့ လှည့်ကာ နှုတ်ဆက်သည့် အနေ ဖြင့် တစ်ဦးချင်းစီအား ပြုံး၍ ခေါင်းညိတ်ပြလိုက်လေသည်။
"ဟုတ်ပါပြီ..."
အဖေကျိုးသည် ထိုအကောင်ပေါက်လေးကို ချီထားရင်း တဟားဟား ရယ်မောကာ ပြန်လည်ထူးလိုက် ပြီး ဦးလေးကျိုးကို ကြည့်လျက် မျက်ခုံးများ ပြေလျော့သွားကာ စိတ်အားထက်သန်စွာ ရယ်မောလိုက် လေသည်...။
"အစ်ကိုကြီး..."
ဦးလေးကျိုးသည်လည်း ပြုံးလျက် ရှေ့သို့ လှမ်းလာကာ အဖေကျိုး၏ လက်မောင်းကို ပုတ်၍ နွေးထွေး သော အသံဖြင့် ပြောလိုက်လေသည်...။
"မင်းတို့ နောက်ဆုံးတော့ ရောက်လာကြပြီပဲ... အမြန်ဝင်ကြ... အတွင်းထဲမှာ နွေးတယ်..."
သူက ပြောရင်းနှင့် အဖေကျိုး၏ ရင်ခွင်ထဲမှ ကျောက်ခဲလေးကို လွှဲပြောင်းယူရန် လက်လှမ်းလိုက်လေ ၏။ ထိုအကောင်ပေါက်လေးမှာ လုံးဝ မရှက်ဘဲ ဝမ်းသာအားရဖြင့် သူ၏ လက်ကလေးကို ဆန့်တန်းကာ ဦးလေးကျိုး၏ ရင်ခွင်ထဲသို့ ဦးဦးဖျားဖျားပင် တိုးဝင်သွားခဲ့လေသည်။
ဒုတိယအန်တီသည်လည်း ၎င်းတို့အား ဆီးကြိုရန် အိမ်ထဲမှ ထွက်လာကာ သူမ၏ မျက်နှာတွင် နွေးထွေး သော အပြုံးတစ်ခုဖြင့် ပြည့်နှက်နေပြီး လူတိုင်းအား အတွင်းသို့ ဝင်ရန် အထပ်ထပ် ဖိတ်ခေါ်နေခဲ့လေ၏။
မိသားစု တစ်ခုလုံးသည် အိမ်ထဲသို့ ပြွတ်သိပ်ဝင်သွားကြသဖြင့် မူလက ကျယ်ဝန်းသော အိမ်မှာ ချက် ချင်းပင် စည်ကားသွားကာ ပြင်းထန်သော ပွဲလမ်းသဘင် အငွေ့အသက်များဖြင့် ပြည့်နှက်သွားခဲ့လေ တော့သည်။ အဘိုးကျိုးသည် ဆိုဖာပေါ်တွင် မတ်မတ်ထိုင်နေပြီး အခန်းထဲတွင် ရယ်မောပျော်ရွှင်စွာ စကားပြောနေကြသော မျိုးဆက်သစ်များကို ကြည့်ကာ သူ၏ အမူအရာမှာ သိသိသာသာ နူးညံ့သွား ခဲ့လေတော့သည်။
ထို့နောက် ချက်ချင်းပင် သူသည် သူ၏ အင်္ကျီအိတ်ကပ်ထဲမှ ဖောင်းနေသော အနီရောင် စာအိတ်အချို့ကို ထုတ်ယူကာ ပြုံးလျက် လက်ယမ်းပြလိုက်လေသည်...။
"လာကြ... အားလုံး ဒီကို လာကြဦး..."
ထိုစကားကို ကြားလိုက်ရသောအခါ လူတိုင်းမှာ ရယ်မောလျက် ဝိုင်းလာကြလေသည်။ အဘိုးကျိုးသည် အနီရောင် စာအိတ်တစ်ခုကို အရင်ယူကာ ကျောက်ခဲလေး၏ လက်ထဲသို့ ညင်သာစွာ ထည့်ပေးလိုက်ပြီး ပြုံးလျက် ပြောလိုက်လေသည်...။
"ဒါက ငါ့ရဲ့ မြေးဦးလေးအတွက်ပဲ... နှစ်သစ်မှာ ဘေးကင်းလုံခြုံပြီး အရာရာ ချောမွေ့ပါစေကွယ်..."
ထို့နောက် သူသည် ကျိုးချန်ယွီနှင့် ကျိုးချန်ရှော့တို့ကိုလည်း အနီရောင် စာအိတ်များ အသီးသီး ပေးအပ် လိုက်လေ၏။ ထိုသူနှစ်ဦးသည် ၎င်းတို့၏ လက်ထဲရှိ အနီရောင် စာအိတ်များကို ကြည့်ကာ အနည်းငယ် ရှက်ကိုးရှက်ကန်း ဖြစ်နေကြလေသည်။ မည်သို့ပင်ဆိုစေ ၎င်းတို့မှာ ဆယ်ကျော်သက်အရွယ်များ ရောက်နေကြပြီဖြစ်ရာ အန်ပေါင်း လက်ခံရရှိခြင်းမှာ အနည်းငယ်တော့ အနေရခက်လှပေသည်။
ကျိုးချန်ယီ၏ အလှည့်ရောက်သောအခါ သူသည် အံ့အားသင့်သွားပြီး ငြင်းပယ်ရန်အတွက် သူ၏ လက် ကို အလိုအလျောက် ယမ်းလိုက်လေ၏။ သူက ဤမျှ အသက်ကြီးနေပြီဖြစ်ရာ မုန့်ဖိုး လက်ခံရမည့် အရွယ်ထက် များစွာ ကျော်လွန်နေခဲ့ပြီ ဖြစ်လေသည်...။ မည်သို့လျှင် ကလေးတစ်ဦးကဲ့သို့ နှစ်သစ်ကူး အန်ပေါင်းကို လက်ခံနိုင်ပါမည်နည်း။
အဘိုးကျိုးသည် စကားတစ်ခွန်းမျှ မပြောဘဲ အနီရောင် စာအိတ်ကို သူ၏ လက်ထဲသို့ ထိုးထည့်ပေးလိုက် ကာ သူ၏ အသံမှာ ညင်သာသော်လည်း လေးနက်ပြီး ခိုင်မာလှပေသည်...။
"ယူလိုက်စမ်း..."
ကျိုးချန်ယီမှာ အနည်းငယ် ရှက်ရွံ့နေဟန်ဖြင့် တိုးညှင်းစွာ ရေရွတ်လိုက်လေသည်...။
"အဘိုး... ကျွန်တော်က လူကြီးဖြစ်နေပြီလေ... ဒါတွေ မလိုအပ်တော့..."
သူ၏ ရှက်နေသော အမူအရာကို မြင်လိုက်ရသောအခါ အဘိုးကျိုးသည် မရယ်ဘဲ မနေနိုင်အောင် ဖြစ်သွားကာ ဖြည်းညင်းစွာ ပြောလိုက်လေသည်...။
"မင်း ဘယ်လောက်ပဲ အသက်ကြီးပါစေ... ငါ့အတွက်တော့ ကလေးပါပဲ... မင်း အိမ်ထောင်မပြုရသေး သရွေ့ ငါ့ဆီက နှစ်သစ်ကူး အန်ပေါင်းကို လက်ခံယူနိုင်သေးတယ်..."
ထိုစကားတစ်ခွန်းက ကျိုးချန်ယီအား မျက်နှာ တစ်ပြင်လုံး နီမြန်းသွားစေကာ သူသည် အလွန်အမင်း အနေရခက်လှသဖြင့် အားနာစွာဖြင့် မတ်တတ်ရပ်နေခဲ့လေတော့သည်။ ဘေးတွင် ရပ်နေသော ညီအစ်မ နှစ်ဦးဖြစ်သည့် ဒုတိယအန်တီနှင့် အမေကျိုးတို့သည် ကျိုးချန်ယီ၏ အမူအရာကို ကြည့်ကာ နှုတ်ခမ်း ထောင့်များတွင် အပြုံးကိုယ်စီဖြင့် သူ့အား ကျီစယ်နေခဲ့ကြလေသည်။
"ဝမ်းကွဲအစ်ကို... ပြီးခဲ့တဲ့ ခေါက်က အစ်ကို စကားပြောနေတဲ့ အမျိုးသမီးက ကျွန်တော့်ရဲ့ မရီးလောင်း လား..."
ဘေးတွင် ရပ်နေသော ကျိုးချန်ရှော့က ရုတ်တရက် မေးလိုက်လေသည်။
၎င်းကို ကြားလိုက်ရသောအခါ ကျိုးချန်ယီ၏ မျက်နှာမှာ ချက်ချင်းပင် နီမြန်းသွားကာ သူက ထစ်ထစ်ငေါ့ ငေါ့ဖြင့် ကန့်ကွက်လိုက်လေသည်....။
"မဟုတ်... လျှောက်မပြောနဲ့... ဘာမှ... အဲ့ဒါ မဟုတ်ဘူး..."
၎င်းကို ကြားလိုက်ရသည်နှင့် ဒုတိယအန်တီ၏ မျက်လုံးများမှာ ချက်ချင်း တောက်ပသွားကာ ကျိုးချန် ယီကို ကြည့်လျက် မျှော်လင့်တောင့်တစွာ မေးလိုက်လေသည်...။
"ရှောင်ယီ... သူက ဘယ်သူ့ သမီးလဲ... နင်တို့ နှစ်ယောက်ရဲ့ ပတ်သက်မှုက ဘယ်လောက်အထိ တိုးတက် နေပြီလဲ... အမေ အခုပဲ တစ်ယောက်ယောက်ကို ရှာပြီး နင့်အတွက် သွားပြီး စေ့စပ်ကမ်းလှမ်းခိုင်း လိုက်မယ်လေ..."
ဒုတိယအန်တီမှာ အလွန်အမင်း စိတ်လှုပ်ရှားနေခဲ့လေသည်...။ သူမ သားနှစ်ဦး၏ အိမ်ထောင်ရေးက သူမအတွက် အဓိက စိုးရိမ်စရာ ဖြစ်နေခဲ့ခြင်း ဖြစ်ပေသည်။
သားအကြီးဆုံးမှာ စစ်တပ်ထဲတွင် ရှိနေပြီး တစ်နှစ်ပတ်လုံး အိမ်သို့ ပြန်လာခဲလှပေသည်။ သူသည် လူအေးဖြစ်သည့်အပြင် အမြဲတမ်း ခပ်တည်တည် မျက်နှာပေးမျိုး ရှိနေသဖြင့် မိန်းကလေးငယ်များမှာ သူ့အနားသို့ မကပ်ရဲကြချေ။ သူ၏ ဇနီးသည်၏ နူးညံ့သိမ်မွေ့သော စရိုက်နှင့် သူ၏ အေးစက်ပြီး ခက် ထန်သော အသွင်အပြင်ကို လက်ခံပေးနိုင်မှုကြောင့်သာ ဤအိမ်ထောင်ရေးမှာ နောက်ဆုံးတွင် အောင် မြင်သွားခဲ့ခြင်း ဖြစ်ပေသည်။
ကံကောင်းထောက်မစွာဖြင့် ယခုအခါ ထိုဇနီးမောင်နှံမှာ သဟဇာတဖြစ်ပြီး ချစ်ချစ်ခင်ခင် နေထိုင်နေ ကြသဖြင့် သူမ၏ စိုးရိမ်ပူပန်မှု အချို့ကို လျော့ပါးစေခဲ့လေသည်။
သူမ၏ အငယ်ဆုံးသားမှာ အိမ်ထောင်ပြုရမည့် အရွယ်ရောက်လာသောအခါ သူမသည် ကောင်းကောင်း အိပ်မပျော်နိုင်လောက်အောင် စိုးရိမ်ခဲ့ရလေသည်။ ဤလူက လွတ်လပ်စွာ ချစ်ကြိုက်မှုကိုသာ ဇွတ်လုပ် ချင်နေခဲ့ပေသည်။ အခြားသူများက မည်မျှပင် သင့်တော်သော မိန်းကလေးများကို မိတ်ဆက်ပေးစေကာ မူ သူက အားလုံးကို ငြင်းပယ်ခဲ့ပြီး တွေ့ဆုံရန်ပင် မသွားခဲ့ချေ။ ကံဆိုးစွာပင် သူ၏ လုပ်ငန်းခွင်မှာလည်း အမျိုးသားများဖြင့်သာ ပြည့်နှက်နေပြီး အမျိုးသမီး တစ်ဦးတစ်ယောက်မျှ မရှိခဲ့ချေ။
သူမသည် အလွန်အမင်း စိုးရိမ်နေခဲ့သဖြင့် သူမ၏ တောင်းဆိုချက်များကို ဆက်တိုက် လျှော့ချခဲ့ရလေ သည်။ အစပိုင်းတွင်မူ ရုပ်ရည်လှပပြီး စရိုက်ကောင်းကာ မိသားစု နောက်ခံချင်း တူညီသူကို ရွေးချယ်လို ခဲ့သော်လည်း နောက်ပိုင်းတွင်တော့ မိန်းကလေး ဖြစ်နေလျှင်ပင် ရပြီဟုသာ မျှော်လင့်မိတော့သည်...။
သူမ၏ စိတ်ထဲရှိ ခါးသီးမှုများကို သူမ ကိုယ်တိုင်သာ သိရှိလေသည်။
ယခုအခါ သူမ၏ အငယ်ဆုံးသားက အမျိုးသမီး တစ်ဦးနှင့် နီးစပ်နေပြီး စကားပင် ပြောနေသည်ဟု ရုတ်တရက် ကြားလိုက်ရသောအခါ သူမ အဘယ်ကြောင့် မလှုပ်ရှားဘဲ နေနိုင်ပါမည်နည်း။
"အမေ…."
ကျိုးချန်ယီ၏ မျက်နှာမှာ စိုးရိမ်စိတ်ကြောင့် ပိုမို နီမြန်းလာခဲ့လေသည်။ သူက သူမအား အလျင်အမြန် တားဆီးလိုက်ရာ သူ၏ နားရွက်များမှာလည်း ပူထူနေခဲ့လေ၏။
"ရှောင်ရှော့ လျှောက်ပြောတာတွေကို နားမထောင်ပါနဲ့... ကျွန်တော်တို့ စကားနည်းနည်းပဲ ပြောဖြစ်တာ ပါ..."
"ဟင်..."
ဒုတိယအန်တီ၏ ပျော်ရွှင်မှုများမှာ ချက်ချင်းပင် ပျောက်ကွယ်သွားကာ သူမ၏ နှုတ်ခမ်းများမှာ တွဲကျ သွားပြီး ငိုတော့မည့် ပုံစံမျိုး ဖြစ်သွားခဲ့သော်လည်း သူမက လက်မလျှော့ချင်သေးဘဲ ဆက်မေးလိုက် လေသည်...။
"တကယ်ပဲ ရည်းစားဖြစ်နေတာ မဟုတ်ဘူးလား..."
"အမေ... တကယ် မဟုတ်ပါဘူး..."
ကျိုးချန်ယီက ခိုင်မာစွာ ပြန်လည်ဖြေကြားလိုက်သော်လည်း သူ၏ နားရွက်များမှာ ထိန်းမရအောင် ပူထူ နေခဲ့လေ၏။ သူမက အမှန်တကယ် လှပပြီး တက်ကြွကာ သဘောထားကြီးသော စရိုက်ရှိသော်လည်း ၎င်းတို့မှာ ရည်းစား ဖြစ်မနေကြသေးကြောင်း သူက စိတ်ထဲမှ တွေးတောနေခဲ့လေသည်။
သူ၏ မရိုးမသားသော အမူအရာကို ကြည့်ကာ ကျိုးချန်ယဲ့၏ နှုတ်ခမ်းများမှာ အနည်းငယ် ကွေးညွှတ် သွားပြီး စိတ်ထဲမှ တိတ်တဆိတ် သတိပြုမိလိုက်လေသည်...။ သူ၏ တုံ့ပြန်မှုကို ကြည့်ရသည်မှာ သူ သည် လုံးဝ အဆင်ပြေနေပုံ မရပေ။ သို့သော် သူက ဘာမှ မပြောခဲ့ဘဲ ရယ်မောသံကိုသာ ထိန်းထားရင်း ဝမ်းကွဲအစ်ကိုဖြစ်သူ နောက်ပိုင်းတွင် အရှက်ရသည်ကို ကြည့်ရန်သာ စောင့်ဆိုင်းနေခဲ့လေသည်။
အခြေအနေမှာ သူမ ထင်သလို မဟုတ်ကြောင်း ဒုတိယအန်တီ သိလိုက်ရသောအခါ သူမမှာ အလွန်ပင် စိတ်ပျက်သွားခဲ့လေသည်။ သို့သော် ဤအရာမှာ နှစ်သစ်ကူးကာလ ဖြစ်နေသည်ကို ထည့်သွင်းစဉ်းစား ကာ သူမမှာ တကယ်ကြီး မျက်နှာပျက်ပြီး ငိုယိုမနေနိုင်ခဲ့ချေ။ သူမသည် သူမ၏ စိတ်ပျက်မှုများကို ဖိနှိပ် ထားရင်း ဘာမှအသုံးမကျသော သူမ၏ အငယ်ဆုံးသားကိုသာ စိုက်ကြည့်နေခဲ့လေတော့သည်။
သို့သော် သူမက လုံးဝ လက်လျှော့လိုက်ခြင်း မဟုတ်ပေ။ နှစ်သစ်ကူးပြီးနောက် စက်ရုံ တရားဝင် ပြန် လည်လည်ပတ်သည့်အခါ သူမသည် စက်ရုံရှိ ထိုမိန်းကလေး၏ အကြောင်းကို အမှန်တကယ်ပင် စုံစမ်း နိုင်ခဲ့လေသည်။
အမှန်စင်စစ် ဤအရာများမှာ နောက်ပိုင်းတွင် ပြောပြရမည့် ကိစ္စရပ်များသာ ဖြစ်သဖြင့် လောလော ဆယ်တွင် ဘေးဖယ်၍သာ ထားလိုက်ပါတော့မည်။