← Chapters

အခန်း ၁၂၁၇

Vol. 115 Ch. 1217

အခန်း ၁၂၁၇

Vol. 115 Ch. 1217

အခန်း ၁၂၁၇ - ရက်ရောသော ဆုလာဘ်

"ဒါက အင်မော်တယ် လောကမှာ အားကောင်းတဲ့ အဆင့်မြင့်ဂိုဏ်း တစ်ဂိုဏ်းလေ။ နှိုင်းယှဉ်ရမယ်ဆိုရင် ငါတို့စောစောက တွေ့ခဲ့တဲ့လူတွေက အလတ်တန်းစားဂိုဏ်းက ဖြစ်ရမယ်။ ဒီက ဆိုင်အားလုံးကို သူတော်စင် အစီအရင်ဂိုဏ်းက ပိုင်တာလို့ ပြောလို့ရတယ်" ​လုံချန်းက ရှင်းပြလိုက်သည်။

​"ဒါပေမဲ့ အဆင့်မြင့်ဂိုဏ်းတွေက သရဲမြို့တော်ကို စိတ်မဝင်စားကြဘူးလို့ မင်းပြောခဲ့တယ် မဟုတ်ဘူးလား" ​မြွေဘုရင်က စူးစမ်းလိုက်သည်။

​"သူတို့က အဲဒါကို စိတ်မဝင်စားကြတာတော့ မှန်ပါတယ်။ ဒါပေမဲ့ အစီအရင်တွေ ခင်းကျင်းဖို့နဲ့ လေ့ကျင့်ဖို့အတွက် ပစ္စည်းအများစုက ပိုက်ဆံကုန်တာမလို့ သူတို့က ပိုက်ဆံကိုတော့ သေချာပေါက် စိတ်ဝင်စားကြတာပေါ့။ ဒါကြောင့်မလို့ တပည့်တွေက အကြိမ်တိုင်း ဒီလိုလုပ်ကြတာလေ။ ရိုးရာတစ်ခုလိုမျိုးပေါ့"

​"ဘာပဲဖြစ်ဖြစ် သူတို့သာ ဒါကိုမလုပ်ရင် အလတ်တန်းစားဂိုဏ်းတွေက ဒီပစ္စည်းတွေကို တောင်းဖို့ သူတို့ဂိုဏ်းဆီ တိုက်ရိုက်သွားကြလိမ့်မယ်။ အစီအရင်ဂိုဏ်းရဲ့ အကြီးအကဲတွေက အလကားတောင် ပေးပစ်နိုင်တယ်။ ဒါမှမဟုတ် အဲဒီပစ္စည်းတွေကို ပေးဖို့ ပိုက်ဆံယူရင်တောင် အဲဒီပိုက်ဆံက တပည့်တွေဆီ ရောက်ချင်မှ ရောက်မှာ။ ဒါကြောင့် တပည့်တွေက ဒီစနစ်ကို ဖန်တီးခဲ့ကြတာ" ​လုံချန်းက ရှင်းပြလိုက်သည်။

​"စိတ်ဝင်စားစရာပဲ။ ရှုပ်ထွေးတာတွေ အများကြီးရှိတာပဲ။ ဒါပေမဲ့ သူတို့က တကယ်ပဲ ပိုက်ဆံလိုချင်ရင် သရဲမြို့တော်ထဲကို ဘာလို့ တိုက်ရိုက်မဝင်ဘဲ ရတနာတွေကို သွားမယူကြတာလဲ။ အဲဒါတွေကို ရောင်းရင် တန်ဖိုးရှိမှာပဲဥစ္စာ" ​မြွေဘုရင်က အကြံပြုလိုက်သည်။

​"မှန်တာပေါ့။ အဲဒါတွေကို ရောင်းရင် တန်ဖိုးရှိမှာပဲ။ ဒါပေမဲ့ အဲလိုလုပ်ရင် ဂိုဏ်းက ဒေါသထွက်လိမ့်မယ်။ သူတို့မျက်စိထဲမှာ အဆင့်နိမ့်တဲ့ ပစ္စည်းတွေအတွက် သူတို့ရဲ့တပည့်တွေက ဓားပြတွေ ဖြစ်သွားသလိုမျိုး ဖြစ်နေလိမ့်မယ်" ​လုံချန်းက ပြန်ဖြေလိုက်သည်။

​"ဂိုဏ်းကို မပြစ်မှားမိစေဖို့အတွက် သူတို့က အတွင်းထဲကို မဝင်ကြဘူး။ ငါပြောခဲ့သလိုပဲ အဆင့်မြင့်ဂိုဏ်း အများစုက အပေါ်ယံသက်သက်ပဲ ဖြစ်ဖြစ် သူတို့ရဲ့ ဂုဏ်သိက္ခာကို ထိန်းသိမ်းဖို့ လိုအပ်တယ်။ ရတနာတွေ အတွက်နဲ့ ဒီအလတ်တန်းစားဂိုဏ်းတွေရဲ့ အဆင့်အတန်းအထိ သူတို့က အောက်ကျနောက်ကျ မခံနိုင်ကြဘူးလေ" သူက ထပ်လောင်းပြောဆိုသည်။

​"မှန်လိုက်လေခြင်း။ အဆင့်မြင့်ဂိုဏ်းတွေအကြောင်းကို ဒီလောက်ထိ သိတဲ့သူရှိနေတာ ငါတကယ် အံ့ဩမိပါတယ်။ မင်းက ဘယ်သူလဲဆိုတာ ငါမေးလို့ရမလား" ​အနောက်ဘက်မှ အိုမင်းရင့်ရော်သော အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

​လုံချန်း နောက်သို့လှည့်ကြည့်လိုက်ရာ သူ့အနောက်တွင် ရပ်နေသော အဖိုးကြီးတစ်ဦးကို သတိပြုမိသွားသည်။ သူသည် တည်းခိုခန်းရှိ အဖိုးကြီးကဲ့သို့ပင် အိုမင်းနေပုံရသည်။ တစ်ခုတည်းသော ကွာခြားချက်မှာ ထိုလူသည် ပြီးခဲ့သည့်အကြိမ် တည်းခိုခန်းတွင် ထိုင်နေခဲ့သော အဖိုးကြီးထက်ပင် ပိုမိုသန်မာနေခြင်း ဖြစ်သည်။ ၎င်းက အလတ်တန်းစားဂိုဏ်းများ၏ ဂိုဏ်းချုပ်များနီးပါး သန်မာသည်ဟု ဆိုလိုသောကြောင့် အံ့အားသင့်စရာ ကောင်းသည်။

​"ကျုပ်က ခန့်မှန်းကြည့်ရုံ သက်သက်ပါ။ ကျုပ်ကို ဂရုမစိုက်ပါနဲ့" ​လုံချန်းက ပြန်ဖြေလိုက်ရင်း ခြေလှမ်းစတင် ထွက်ခွာခဲ့သည်။

​"မင်းပြောတာ မှန်တယ်" ​ထိုအဖိုးကြီးက ရုတ်တရက် ပြောလိုက်သည်။

​"ဘာကို မှန်တာလဲ" ​လုံချန်းက မျက်မှောင်ကုတ်ရင်း မေးလိုက်သည်။

​"ဆွဲပြားရဲ့ အာနိသင်ခံတဲ့ အချိန်နဲ့ ပတ်သက်ပြီး မင်းပြောတာ မှန်တယ်။ အဲဒါက တစ်ရက်ထက် ပိုမခံဘဲ သူ့ရဲ့ အာနိသင်တွေက စတင် လျော့နည်းလာလိမ့်မယ်" ​အဖိုးကြီးက ပြောလိုက်သည်။

​"အဲလိုလား။ ဒါကို ခင်ဗျားက ဘယ်လိုသိတာလဲ" ​လုံချန်းက စူးစမ်းလိုက်သည်။

​"ဘာလို့လဲဆိုတော့ ငါသိတဲ့လူတစ်ယောက်က အဲဒီဆွဲပြားတွေကို တစ်ရက်ပဲ အသုံးဝင်အောင် ပြုလုပ်ထားလို့ပဲ" ​အဖိုးကြီးက ပြန်ဖြေသည်။

​"အခု မေးခွန်းကတော့ ကျန်နေသေးတယ်။ မင်းက အဲဒါကို ဘယ်လို သိနိုင်ခဲ့တာလဲ။ မင်းရဲ့ အထောက်အထားက ဘာလဲ"

​"ဪ... ဒါဆို ဒါတွေကို လုပ်ခဲ့တာ ခင်ဗျားတို့ပေါ့။ ကျုပ် ခန့်မှန်းကြည့်ရမလား။ ခင်ဗျားက သူတော်စင် အစီအရင်ဂိုဏ်းက မဟုတ်လား" ​နောက်ဆုံးမေးခွန်းကို မဖြေဘဲ လုံချန်းက ပြန်မေးလိုက်သည်။

​"မင်းက အဲဒီမေးခွန်းရဲ့ အဖြေကို သိချင်ရင် ငါတို့နဲ့အတူ လိုက်ခဲ့ရလိမ့်မယ်။ မပူပါနဲ့၊ ငါတို့ မင်းကို ရန်မမူပါဘူး။ အဲဒါက ငါတို့ဂိုဏ်း လုပ်တဲ့အလုပ် မဟုတ်ဘူး။ ငါက မင်းကို လူတစ်ယောက်နဲ့ တွေ့ပေးချင်ရုံ သက်သက်ပါ" ​အဖိုးကြီးက လုံချန်းကို ဖိတ်ခေါ်ရင်း ပြောလိုက်သည်။

​"အဲလိုလား။ ခင်ဗျား အဲလိုပြောပေးလို့ ဝမ်းသာရတာပေါ့။ မဟုတ်ရင်တော့ သူစိမ်းတွေနောက် လိုက်ရမှာ ကျုပ် တကယ် ကြောက်နေတာ"

​လုံချန်းက ထိုလူကို လှောင်ပြောင်သည့်အလား ပြောင်ချော်ချော် မျက်နှာပေးဖြင့် ပြန်ဖြေလိုက်သည်။ "အဲဒီလူက ဘယ်သူပဲဖြစ်ဖြစ် သွားတွေ့ကြတာပေါ့" သူက ပြုံးရင်း ပြောလိုက်သည်။

​အဖိုးကြီးက ခေါင်းညိတ်ကာ လမ်းကြောင်း တစ်ခုအတိုင်း နောက်သို့ ပြန်လှည့် လျှောက်လှမ်းခဲ့သည်။

​ထိုလူ့နောက်သို့ လိုက်ပါသွားပြီးနောက် သူတို့သည် စောစောက ဆိုင်အရှေ့သို့ပင် ပြန်လည်ရောက်ရှိသွားကြောင်း သိလိုက်ရသဖြင့် လုံချန်း သဘောကျသွားခဲ့သည်။ လုံချန်းနှင့် အဖိုးကြီးသည် ဆိုင်အတွင်းသို့ ဝင်ရောက်ခဲ့ကြသည်။

​"ဟေး... ဟိုဟာ ဒီဆိုင်အကြောင်း မဟုတ်မမှန် လိမ်ညာသွားတဲ့ အရှက်မရှိတဲ့ကောင် မဟုတ်ဘူးလား။ သူ ဘာလို့ ပြန်လာတာလဲ"

​"ဖြစ်နိုင်တာက သူ တောင်းပန်ဖို့ လာတာနေမှာပါ။ ထားလိုက်ပါတော့။ သူ သူ့အမှားကို သူ သိသွားလို့ ဖြစ်ရမယ်" ​ဝယ်သူများသည် သူတို့ဘာသာ စိတ်ကူးယဉ် တွေးတောနေကြသော်လည်း ဆိုင်ရှင်မှာမူ လုံချန်းကို ဦးဆောင်လာသော အဖိုးကြီးအား သိထားသဖြင့် မည်သည့်စကားမျှ မပြောခဲ့ချေ။

​လုံချန်းနှင့် အဖိုးကြီးသည် အစောင့်များ တင်းကျပ်စွာ စောင့်ကြပ်ထားသော လှေကားထံသို့ သွားခဲ့ကြသည်။ အစောင့်များသည် သူတို့ကို တားဆီးခြင်း မပြုခဲ့ကြချေ။ လုံချန်းနှင့် အဖိုးကြီးသည် လှေကားအတိုင်း တက်ကာ အပေါ်ထပ်သို့ သွားခဲ့ကြပြီး ၎င်းက ကမ္ဘာခြားတစ်ခုကဲ့သို့ပင် ထင်မှတ်ရစေသည်။ အောက်ထပ်နှင့် မတူဘဲ ၎င်းက ပိုမိုကျယ်ဝန်းကာ ပို၍ပင် အဖိုးတန်သော ပစ္စည်းများ ရှိနေပုံရသည်။

​သို့သော် လုံချန်းကို တကယ် အံ့အားသင့်သွားစေသည့်အရာမှာ ကုလားထိုင်ပေါ်တွင် ထိုင်နေသော အမျိုးသမီးငယ် တစ်ဦးပင် ဖြစ်သည်။ ထိုအမျိုးသမီးသည် အစီအရင်ဂိုဏ်း၏ တံဆိပ်အား ပေါ်လွင်စေသော အဖြူရောင် အင်္ကျီကို ဝတ်ဆင်ထားပုံရသည်။ သူမသည် လုံချန်း မျက်စိရှေ့တွင် သူမ၏ ဖြူဖွေးသော ပေါင်တံများအား မကာကွယ်နိုင်လုနီးပါး ဖြစ်နေသည့် စကတ်တို တစ်ထည်ကိုလည်း ဝတ်ဆင်ထားပုံရသည်။

​"ဒါဆို ငါ သေသေချာချာ ဖုံးကွယ်ထားတာတောင် ငါ့အစီအရင်ရဲ့ လျှို့ဝှက်ချက်တွေကို မြင်အောင်ကြည့်နိုင်ခဲ့တဲ့သူက နင်ပေါ့။ ထိုင်ပါဦး" ​ထိုအမျိုးသမီးက လုံချန်းကို ပြောလိုက်သည်။

​လုံချန်းက အနီးနားရှိ ကုလားထိုင်တစ်လုံးကို ဆွဲယူကာ သူမနှင့် မျက်နှာချင်းဆိုင် ထိုင်လိုက်သည်။

​"ဒါဆို မင်းက ဒီကလူတွေကို လိမ်ညာနေတဲ့သူပေါ့" ​လုံချန်းက ထပ်တူ တည်ငြိမ်စွာဖြင့် မေးလိုက်သည်။

​"လိမ်ညာတယ် ဟုတ်လား။ အဲဒါက မှားယွင်းတဲ့ စကားလုံး ဖြစ်လိမ့်မယ်။ အဲဒီအစား ငါက သူတို့ကို တစ်ခုခု မလုပ်မိအောင် တားဆီးဖို့ ကြိုးစားနေတာလို့ ပြောလို့ရပါတယ်" ​ထိုအမျိုးသမီးက ပြန်ဖြေသည်။

​"ဘာကို ဆိုလိုတာလဲ" ​လုံချန်းက မျက်မှောင်ကုတ်ရင်း စူးစမ်းလိုက်သည်။

​"နင့်ကို ဖြေ မဖြေဆိုတာက နင့်အပေါ်မှာပဲ လုံးဝမူတည်တယ်။ နင် ငါအလိုရှိတာကို လုပ်ပေးဖို့ သဘောတူမှသာ ငါ နင့်ကို ဖြေမှာ" ​ထိုအမျိုးသမီးက ပြန်ဖြေလိုက်သည်။

​"မင်းက ငါ့ကို မင်းပြောတဲ့အတိုင်း လုပ်စေချင်တာလား" ​လုံချန်းက သဘောကျစွာဖြင့် မေးလိုက်သည်။

​"ဒါဆို အဲဒီအရာက ဘာလဲဆိုတာ ငါမေးလို့ရမလား"

​"ရိုးရှင်းပါတယ်။ ငါက နင့်ကို သရဲမြို့တော်ထဲ ဝင်ပြီး ငါ့အတွက် တစ်ခုခု ယူဆောင်လာပေးစေချင်တာ" ​အမျိုးသမီးက ပြန်ဖြေသည်။

​"ဒါနဲ့ ဘာလို့ ငါဖြစ်ရတာလဲ" ​လုံချန်းက မေးလိုက်သည်။

​"ဘာလို့လဲဆိုတော့ နင့်မှာ အစီအရင်နဲ့ ပတ်သက်တဲ့ ဗဟုသုတ အပြည့်ရှိလို့ပဲ။ ငါအလိုရှိတာကို နင် လုပ်ပေးနိုင်လိမ့်မယ်လို့ ငါထင်တယ်" ​အမျိုးသမီးက တုံ့ပြန်လိုက်သည်။

​"မင်းမှာကော အစီအရင်နဲ့ ပတ်သက်တဲ့ ဗဟုသုတ ကောင်းကောင်း မရှိလို့လား။ မင်းကိုယ်တိုင် ဘာလို့မလုပ်တာလဲ" ​လုံချန်းက စူးစမ်းလိုက်သည်။

​"အဲဒီမေးခွန်းရဲ့ အဖြေကို မင်း အပြင်မှာ ဖြေခဲ့ပြီးပြီလို့ ငါထင်ပါတယ်" ​အဖိုးကြီးက ကြားထဲက ဝင်ပြောလိုက်သည်။

​"ဪ... ဒါကြောင့်ကိုး။ မင်းက ရတနာကို လိုချင်တယ်။ ဒါပေမဲ့ မင်းရဲ့ ဂိုဏ်းကိုတော့ မပြစ်မှားချင်ဘူးပေါ့" ​လုံချန်းက ရယ်မောရင်း ပြောလိုက်သည်။

​"လောဘက တကယ်ကို အားကောင်းတာပဲလို့ ငါထင်တယ်"

​"နင်ပြောတာ တစ်စိတ်တစ်ပိုင်းပဲ မှန်တယ်။ ဂိုဏ်းကို ပြစ်မှားမိမှာ စိုးလို့ မဟုတ်ပါဘူး။ အဲဒီအစား ငါတို့ ဒါကိုလုပ်ရင် ငါတို့ဂိုဏ်းကတောင် ဝမ်းသာဦးမှာ။ ငါတို့က လူသိရှင်ကြား ပေါ်ပေါ်ထင်ထင် မလုပ်နိုင်ရုံသက်သက်ပဲ" ​ထိုအမျိုးသမီးက ခေါင်းခါရင်း ပြန်ဖြေသည်။

​"ဟင်... မင်းတို့ဂိုဏ်းကပါ အဲဒါကို စိတ်ဝင်စားနေတာလား။ အဲဒါက ဘယ်လိုရတနာမျိုးလဲ။ ငါ မေးလို့ရမလား" ​လုံချန်းက အံ့အားသင့်လျက် မေးလိုက်သည်။

​"နင် အဲဒါကို သိစရာမလိုပါဘူး။ နင်သိဖို့ လိုတာက ငါတို့တောင်းဆိုတာကို နင်လုပ်ပေးရင် နင့်ကို ရက်ရက်ရောရော ဆုလာဘ်ချီးမြှင့်မှာပဲ။ ဒါ့အပြင် နင်က တခြားနည်းလမ်းတွေထက် ပိုပြီးတော့တောင် ရတနာတွေကို ရရှိနိုင်ဦးမှာပါ" ​ထိုအမျိုးသမီးက ပြတ်သားစွာ ပြန်လည်ဖြေကြားခဲ့သည်။

All Chapters