← Chapters

အခန်း ၂၁

Vol. 3 Ch. 21

အခန်း ၂၁

Vol. 3 Ch. 21

အခန်း (၂၁) - ကြီးမားသော ရိတ်သိမ်းမှု

ဒီနှင်းမွေးကောင်သည် အမှန်တကယ် အလွန်သတိကြီးမားသော သားရဲတစ်ကောင်ဖြစ်ပေသည်။

နှင်းဝံပုလွေနှင့် တိုက်ခိုက်နေစဉ် ပြင်းပြင်းထန်ထန် ဒဏ်ရာရနေသည့်တိုင် မိမိ၏လျှာကို အသုံးမပြုခဲ့ပေ။

ဒီအချက်မှာ နှစ်ပေါင်းများစွာ တောနက်အတွင်း ကျင်လည်ကျက်စားလာခဲ့သည့် ရေခဲသားရဲများသည် တိုက်ခိုက်ရေးအတွေ့အကြုံ အလွန်ကြွယ်ဝကြောင်းကို ရှင်းလင်းစွာ ဖော်ပြနေလေသည်။

သားရဲတိုင်းသည် မိမိတို့၏ အဆုံးစွန်လက်နက11868151209675်ကို မည်သို့ဖုံးကွယ်ထားရမည်ကို သိရှိကြပြီး အသက်ရှင်ခြင်း သို့မဟုတ် သေဆုံးခြင်းကို အဆုံးအဖြတ်ပေးမည့် အခြေအနေသို့ မရောက်မချင်း လုံးဝမထုတ်သုံးကြပေ။

ကံမကောင်းစွာဖြင့် ရှဟုန်သည် အစကတည်းက အစီအစဉ်ချထားပြီးသား ဖြစ်သည်။

နှင်းမွေးကောင်ကို သစ်ပင်ကြီးဘက်သို့ ယိမ်းသွားစေခဲ့ခြင်းမှာ ၎င်း၏လျှာကို သစ်ပင်ကို ထိုးဖောက်သွားစေကာ လှုပ်ရှားနိုင်စွမ်းကို ကန့်သတ်ထားပြီး အကြီးမားဆုံး အားနည်းချက်ကို တိုက်ခိုက်နိုင်ရန် ဖြစ်လေသည်။

အမှန်တကယ်လည်း အစကတည်းက ရှဟုန်၏ ပစ်မှတ်မှာ ထိုလျှာတစ်ခုတည်းသာ ဖြစ်လေသည်။ တာရှီစခန်းတွင် ယခင်က အမဲလိုက်ခဲ့စဉ် ဖြစ်စဉ်တစ်ခုလုံးကို သူကိုယ်တိုင် မြင်တွေ့ခဲ့ရပြီးသာ ဖြစ်သည်။

ဓားကြီးဖြင့်ပင် နှင်းမွေးကောင်၏ အရေခွံကို မဖောက်နိုင်ခဲ့လျှင် သူ့လက်ထဲရှိ ကျောက်ပုဆိန်ဖြင့်ဆိုလျှင် ပို၍ပင် မဖြစ်နိုင်ချေ။

နှင်းဝံပုလွေသည် ၎င်း၏ဝမ်းဗိုက်ကို လက်သည်းဖြင့် ခြစ်ဖြဲနိုင်သလို ခြေထောက်ကြွက်သားများကိုလည်း အစွယ်ဖြင့် ကိုက်ဖြတ်နိုင်သော်လည်း ရှဟုန်သည် မိမိကိုယ်ကို ထိုသို့လုပ်နိုင်မည်ဟု ထင်မှတ်လောက်အောင် နုံအသူ မဟုတ်ပေ။

လျှာသည်သာလျှင် သူ့ကို ထိခိုက်အောင် လုပ်နိုင်မည့် နေရာဖြစ်ပြီး အသက်သေစေနိုင်သည့် အားနည်းချက်လည်း ဖြစ်နိုင်ပေသည်။

ထို့အပြင် ဒီကာလအတွင်း သူ၏ခွန်အားမှာ ၆,၄၀၀ ပေါင်အထိ တိုးမြင့်လာခဲ့သည်။

ထို့ကြောင့် ရှဟုန်သည် ဒီအခွင့်အရေးအပေါ် အရဲစွန့်ကာ လောင်းကြေးထပ်ခဲ့ခြင်း ဖြစ်သည်။ သူ၏လောင်းကြေးမှာ မှန်ကန်ကြောင်း အမှန်တရားက သက်သေပြခဲ့လေသည်။

ရေခဲသားရဲများသည် အားကောင်းသော်လည်း အနိုင်ယူ၍မရနိုင်သော တည်ရှိမှုများတော့ မဟုတ်ပေ။

ရှဟုန်သည် ရှေ့မှနေ၍ သားရဲကို အပြတ်အသတ် ချုပ်ထိန်းထားချိန်တွင် ရှချွမ်နှင့် ယွမ်ချန်တို့က နောက်ဘက်မှနေ၍ ဒဏ်ရာရထားသော ဘယ်ဘက်နောက်ခြေထောက်ကို ကျောက်ပုဆိန်များဖြင့် အဆက်မပြတ် ခုတ်ပိုင်းနေခဲ့ကြသည်။

နှင်းမွေးကောင်၏ အသက်ရှင်လိုစိတ်မှာ မည်မျှပင် ပြင်းပြစေကာမူ နောက်ဆုံးတွင် မချင့်မရဲဖြင့်သာ လဲကျသွားခဲ့ရသည်။

ပေါင် ၁,၀၀၀ ကျော်အလေးချိန်ရှိသည့် ဧရာမခန္ဓာကိုယ်ကြီးသည် ဝုန်းခနဲ ပြိုလဲကျသွားပြီး ရှဟုန်တို့ ၃ ယောက်လုံးလည်း အားကုန်လုနီးပါး ဖြစ်သွားခဲ့ရသည်။

သို့သော် သူတို့ ၃ ဦး၏ မျက်နှာထက်တွင်တော့ ဝမ်းမြောက်ခြင်းနှင့် စိတ်သက်သာရာရခြင်းတို့က အလိုအလျောက် ပေါ်လွင်လာခဲ့သည်။

“ဒီကောင်က ၁,၀၀၀ ပေါင်တော့ ကျော်လောက်မယ် မဟုတ်လား..."

“အနည်းဆုံး ၁,၄၀၀ ပေါင်တော့ ရှိမယ်... ဒီထက်တောင် ပိုနိုင်သေးတယ်..."

“ယွီဖုန်းတို့ ၅ ယောက် အဆင့်တက်နိုင်တော့မယ်..."

“မြန်မြန်သယ်ကြ... စခန်းကို အရင်ပြန်ကြစို့..."

ရှဟုန်သည် ဝမ်းသာအားရ ဖြစ်မနေခဲ့ဘဲ ချက်ချင်း ထရပ်လိုက်ပြီးနောက် မီးလောင်နေဆဲဖြစ်သော မီးရှူးငယ်ကို ငြှိမ်းသတ်လိုက်ကာ နှင်းမွေးကောင်၏ အလောင်းကို သယ်ပြီး စခန်းသို့ အမြန်ဆုံး ပြန်ရန် လူ ၂ ယောက်ကို ညွှန်ကြားလိုက်သည်။

ဤမျှကြီးမားသော သားကောင်သည် အခြားရေခဲသားရဲများ သို့မဟုတ် လူများကို ဆွဲဆောင်လာနိုင်ပြီး အားအင်ကုန်ခန်းလုနီးပါး ဖြစ်နေသော သူတို့ ၃ ယောက်အတွက် သေစေနိုင်လောက်သည့် အန္တရာယ် ဖြစ်လာနိုင်သည်။

ကံကောင်းစွာဖြင့် လမ်းတစ်လျှောက် တုန်လှုပ်စရာများ ရှိခဲ့သော်လည်း ဘေးကင်းစွာဖြင့်ပင် နောက်ဆုံးတွင် သူတို့ ၃ ယောက် စခန်းသို့ ပြန်ရောက်လာခဲ့သည်။

လျှို့ဝှက်အချက်ပြကို အပြန်အလှန် အတည်ပြုပြီးနောက် ဝင်ပေါက် ပွင့်သွားသည်။

နှင်းမွေးကောင်၏ အလောင်းကို လှိုဏ်ဂူအတွင်း မီးပုံငယ်လေး၏ အလင်းရောင်အောက်၌ ချထားလိုက်သည့်အချိန်မှသာ ရှဟုန်၏ စိတ်ခံစားချက်များ တည်ငြိမ်သွားပြီး ပြုံးလိုက်ကာ စိတ်ကို ဖြေလျှော့လိုက်တော့သည်။

“နောက်တစ်ကောင် ထပ်သယ်လာနိုင်ပြန်ပြီ..."

“ခေါင်းဆောင်က တကယ် အားကောင်းတာပဲ..."

“ခေါင်းဆောင်ဟောင်း ရှိတုန်းက ဒီလောက်ကြီးတဲ့ ရေခဲသားရဲမျိုး တစ်ခါမှ မတွေ့ဖူးဘူး..."

“ဒီကောင်က ၁,၀၀၀ ပေါင်တော့ သေချာပေါက် ကျော်တယ်..."

…..

ယွီဖုန်းတို့ ၅ ယောက်ပဲဖြစ်ဖြစ်၊ အသက်အရွယ်တူ လူငယ် ၁၀ ကျော်ပဲဖြစ်ဖြစ်၊ စခန်းထဲရှိ လူအားလုံးပဲဖြစ်ဖြစ် ရှဟုန်တို့ ၃ ယောက်၏ အနီးသို့ ဝိုင်းအုံရောက်လာကြသည်။

မြေပြင်ပေါ်တွင် လဲလျောင်းနေသော နှင်းမွေးကောင်၏ ဧရာမခန္ဓာကိုယ်၊ ချွန်ထက်သော အစွယ်များနှင့် လက်သည်းများကို ကြည့်ရင်း တိုးတိုးတိတ်တိတ် ဆွေးနွေးသံများ ခဏထွက်ပေါ်လာပြီးနောက် လူတိုင်း၏ အကြည့်များမှာ ရှဟုန်တို့ ၃ ယောက်အပေါ် တစ်ပြိုင်နက်တည်း ကျရောက်လာခဲ့သည်။

ထိုမျက်ဝန်းများထဲတွင် လေးစားအားကျမှုသာမက အရူးအမူး ဖြစ်လောက်သည့် စိတ်လှုပ်ရှားမှုများပါ ပြည့်နှက်နေလေသည်။

ဤသို့သော အကြည့်မျိုးကို ရှဟုန်အတွက် မစိမ်းတော့ပေ။ စခန်းသို့ အရင်းအမြစ်များကို အကြိမ်ကြိမ် သယ်ဆောင်လာနိုင်ခဲ့သည်နှင့်အမျှ ဤသို့သော အကြည့်များကို ပို၍ ပို၍ မကြာခဏ မြင်တွေ့လာခဲ့ရသည်။

လေးစားအားကျမှုနှင့် အရူးအမူးဖြစ်မှုတို့သည် ရှဟုန်အတွက် အရေးကြီးလှသည်တော့ မဟုတ်ပေ။

မည်သည့်သက်ရှိမဆို မိမိထက် ပိုမိုအားကောင်းသော တည်ရှိမှုတစ်ခုကို မြင်တွေ့ရလျှင် ထိုသို့သော ခံစားချက်များ အလိုအလျောက် ဖြစ်ပေါ်လာတတ်ပေသည်။

ရှဟုန် ပိုမိုအလေးထားမိသည်မှာ သူတို့၏ မျက်ဝန်းများထဲတွင် မြင်တွေ့ရသော ပို၍နက်ရှိုင်းသည့် အရာတစ်ခု ဖြစ်သည်။

မျှော်လင့်ချက်…

မျှော်လင့်ချက်သည်သာ လူသားတို့ကို ရှေ့ဆက်စေပြီး သတ္တိကို ပေးစွမ်းနိုင်သည့် အရာ ဖြစ်သည်။

ရှဟုန် စခန်းသို့ ပထမဆုံး ရောက်ရှိလာစဉ်ကတည်းက ဒီအချက်ကို သတိထားမိခဲ့သည်။

မဟာရှစခန်းရှိ လူအများစုသည် ယေဘုယျအားဖြင့် မျှော်လင့်ချက် ကင်းမဲ့နေကြသည်။

ရှတင်း ရှိနေစဉ်ကပင် စခန်းတွင် ရေခဲသလင်းသီးများ ပေါများပြီး အနွေးဓာတ်အတွက်လည်း ပြဿနာမရှိခဲ့သော်လည်း လူတိုင်း၏ မျက်နှာပေါ်တွင် မျှော်လင့်ချက်ဟူသည်ကို မမြင်တွေ့ခဲ့ရပေ။

အမှန်တကယ်ဆိုလျှင် ဒီအချက်မှာ နားလည်နိုင်သည့် ကိစ္စပင် ဖြစ်သည်။ ရေခဲသလင်းသီးက ဗိုက်ပြည့်စေပြီး အပူဓာတ်က နွေးထွေးမှုကို ပေးစွမ်းနိုင်သော်လည် ထိုအသီးတို့သည် အသက်ရှင်ရုံ၊ ငတ်သေခြင်းနှင့် အေးခဲသေဆုံးခြင်းမှ ကာကွယ်ပေးနိုင်ရုံသာ ရှိနေသည်။

သို့သော် လူသားတို့၏ ဘဝသည် အသက်ရှင်ရုံ သက်သက်အတွက်သာ မဟုတ်ပေ။

ဒီလူများသည် မွေးဖွားလာကတည်းက အမှောင်ရိပ်များအောက်တွင်သာ ပုန်းအောင်းနေထိုင်ခဲ့ရပြီး ပြင်ပကမ္ဘာ၊ ရေခဲသားရဲများ၊ လှည့်ဖြားမိစ္ဆာများသာမက နေရောင်ခြည်ပင်လျှင် သူတို့အတွက် သေစေနိုင်သော ခြိမ်းခြောက်မှုများစွာ ဖြစ်နေခဲ့ရသည်။

သူတို့ အလိုအပ်ဆုံးအရာမှာ လုံခြုံမှုနှင့် ဂုဏ်သိက္ခာပင် ဖြစ်သည်။

ထိုအရာ ၂ ခုစလုံးကို အားကောင်းသော ခွန်အားဖြင့်သာ ထောက်ပံ့နိုင်လေသည်။

ရေခဲသားရဲအသားသည်သာ သူတို့ ပိုမိုအားကောင်းလာနိုင်မည့် တစ်ခုတည်းသော မျှော်လင့်ချက် ဖြစ်လေသည်။

ယခင်က ရှတင်း ဦးဆောင်ခဲ့စဉ် မဟာရှစခန်းသည် ရေခဲသားရဲအသားကို ရရှိသည့် အကြိမ်ရေမှာ အလွန်နည်းပါးသဖြင့် ရရှိခွင့်ရသူများလည်း အလွန်နည်းပါးခဲ့သည်။

သို့သော် ယခုအခါ ရှဟုန်သည် ခေါင်းဆောင်ဖြစ်လာသည်မှာ ၂ လကျော်သာ ရှိသေးသော်လည်း လျှာအရှည်နှင်းမွေးကောင် ၂ ကောင်ကို သယ်ဆောင်ပြန်လာနိုင်ခဲ့ရာ လူတိုင်း၏ ရင်ထဲတွင် ကြီးမားသော စိတ်လှုပ်ရှားမှုကို ဖြစ်ပေါ်စေခဲ့သည်။

ယခုတစ်ကြိမ် မိမိတို့အလှည့် မရသေးလျှင်တောင် သစ်ခုတ်သမားအဆင့်အဖွဲ့၏ ပြုပြင်ပြောင်းလဲမှုနှင့် အင်အားတိုးချဲ့မှုတို့ကြောင့် အနာဂတ်တွင် သားကောင်များ ပိုမိုရရှိလာမည် ဖြစ်ပြီး တစ်နေ့နေ့တွင် မိမိတို့အလှည့်လည်း ရောက်လာနိုင်လေသည်။

ထို့ကြောင့်သာ လူတိုင်း၏ မျက်ဝန်းများထဲတွင် ရှဟုန်အပေါ် လေးစားအားကျမှုနှင့် အရူးအမူးဖြစ်မှုတို့ ပြည့်နှက်နေခြင်းပင် ဖြစ်သည်။

အဘယ်ကြောင့်ဆိုသော် ရှဟုန်သည် သူတို့အား အဖိုးတန်ဆုံးအရာဖြစ်သော မျှော်လင့်ချက်ကို ပေးအပ်ခဲ့သောကြောင့်ပင်။

“အရေခွံခွာ၊ အရိုးထုတ်ပြီးတဲ့နောက် စုစုပေါင်း ပေါင် ၁,၂၇၀ ကျန်တယ်..."

ရေခဲသားရဲအသား၏ အလေးချိန်ကို ကြေညာလိုက်သည့်အချိန်တွင် စခန်းတစ်ခုလုံး၏ စိတ်လှုပ်ရှားမှုမှာ အမြင့်ဆုံးသို့ ရောက်ရှိသွားခဲ့သည်။

မျက်ဝန်းအားလုံးသည် ရှဟုန်ထံသို့သာ စူးစိုက်နေပြီး သူ၏ ဆုံးဖြတ်ချက်ကို စောင့်မျှော်နေကြလေသည်။

လူအများစုက မိမိတို့အတွက် ဝေစုရမည်မဟုတ်ကြောင်းကို အမှန်တကယ် သိရှိထားကြသည်။

သို့သော် ရှဟုန်က မည်သို့ ခွဲဝေပေးမည်ကိုသာ သိလိုကြခြင်း ဖြစ်သည်။

ဤလျှာအရှည်နှင်းမွေးကောင်ကို မည်သို့ စီမံမည်ဆိုသည်ကို ရှဟုန်သည် အစကတည်းက စဉ်းစားထားပြီး ဖြစ်သည်။

လူတိုင်းက မိမိကို ကြည့်နေသည်ကို မြင်သဖြင့် သူက တိုက်ရိုက်ပြောလိုက်သည်။

“ဒီနေ့ကစပြီး စခန်းထဲက ရေခဲသားရဲအသားအားလုံးကို ၃-၅-၂ အချိုးနဲ့ ခွဲဝေမယ်..."

"အပြင်ထွက် အမဲလိုက်တဲ့သူတွေက ၃၀ ရာခိုင်နှုန်း ရမယ်... သစ်ခုတ်သမားအဆင့် အရန်အဖွဲ့ဝင်တွေဖြစ်တဲ့ ယွီဖုန်းတို့ ၅ ယောက်က ၅၀ ရာခိုင်နှုန်း ရမယ်...

“ကျန်တဲ့ ၂၀ ရာခိုင်နှုန်းကိုတော့ အသက် ၁၅ နှစ်ကနေ ၂၂ နှစ်အတွင်း အခြေခံခွန်အား ၁,၀၀၀ ပေါင် ကျော်တဲ့သူတွေကို ခွဲဝေပေးမယ်...”

“ဒါ့အပြင် အသက်အရွယ်၊ ကျား၊ မ မရွေး ခွန်အား ၂,၀၀၀ ပေါင် ကျော်ရင် သစ်ခုတ်သမားအဆင့် အရန်အဖွဲ့ထဲ ဝင်နိုင်တယ်...”

“နောက်ပြီး အခုလို ကျန်တဲ့အသားတွေရှိရင်၊ ဥပမာ ဒီတစ်ခေါက် ၁,၂၇၀ ပေါင်ဆိုရင် ၇၀ ပေါင်ကို ထုတ်ထားပြီး စခန်းထဲက လူအားလုံးကို မျှဝေပေးမယ်... အားလုံးအတွက် ဧည့်ခံတာလို့ သဘောထားလိုက်...”

၃-၅-၂ အချိုးဖြင့် ခွဲဝေမည်ဟု ကြားလိုက်ရသည့်အချိန်တွင်ပင် စခန်းရှိ လူများ၏ မျက်နှာများပေါ်တွင် အံ့အားသင့်သည့် အရိပ်အယောင်များ ပေါ်လာခဲ့သည်။

“အမဲလိုက်သူများက ၃၀ ရာခိုင်နှုန်းပဲ ယူမယ်ဆိုတာ ဟုတ်လား...”

ထို့နောက် အသက်အရွယ်၊ ကျား၊ မ မရွေး ခွန်အား ၂,၀၀၀ ပေါင် ကျော်သည်နှင့် သစ်ခုတ်သမားအဆင့် အရန်အဖွဲ့ထဲ ဝင်နိုင်ပြီး ၅၀ ရာခိုင်နှုန်းကို ခွဲဝေရမည်ဟု ကြားလိုက်ရသောအခါ လူအားလုံး ငြိမ်သက်သွားခဲ့ကြသည်။

နောက်ဆုံးတွင် ကျန်ရှိသော ၇၀ ပေါင်ကိုပင် စခန်းရှိ လူတိုင်းအား မျှဝေပေးမည်ဟု ကြားလိုက်ရသည်။

ထိုခဏတွင် ဝေစုမရနိုင်ဟု ထင်ထားသူအားလုံး ခေါင်းမော့ကာ ရှဟုန်ကို စူးစူးစိုက်စိုက် ကြည့်လိုက်ကြသည်။

“ဒါဆို နောင်ကျရင် ကျွန်တော်တို့လည်း သစ်ခုတ်သမားအဆင့်အဖွဲ့ထဲ ဝင်နိုင်တာပေါ့လား..."

“မိန်းကလေးတွေလည်း ရတာလား..."

“ငါ နားကြားမှားတာ မဟုတ်ဘူးမလား..."

“ငါတို့လည်း ဝေစုရမှာလား..."

လူအုပ်ကြားမှ အသံအနည်းငယ် ထွက်ပေါ်လာပြီး လူတိုင်းက မယုံကြည်နိုင်သည့် အကြည့်များဖြင့် ရှဟုန်ကို ကြည့်နေကြသည်။

ရှဟုန်က ခေါင်းညိတ်၍ အတည်ပြုပေးလိုက်သည်နှင့် သူတို့၏ မျက်နှာများပေါ်တွင် အပြုံးများ ပွင့်လန်းလာပြီး အချို့မှာ ဝမ်းသာလွန်း၍ မျက်ရည်များပင် ကျဆင်းလာကြသည်။

“ခေါင်းဆောင်ကြီး အသက်ရှည်ပါစေ...”

တစ်စုံတစ်ယောက်က ထိုစကား ၄ လုံးကို ပထမဆုံးအကြိမ် အော်ဟစ်လိုက်သည်။

ထို့နောက် လူအုပ်ကြီးတစ်ခုလုံးက လိုက်ပါအော်ဟစ်ကြပြီး အားတက်သရော ဟစ်ကြွေးသံများ ပေါက်ကွဲထွက်ပေါ်လာခဲ့သည်။

“ခေါင်းဆောင်ကြီး အသက်ရှည်ပါစေ...

ခေါင်းဆောင်ကြီး အသက်ရှည်ပါစေ...

ခေါင်းဆောင်ကြီး အသက်ရှည်ပါစေ...”

လူတိုင်းသည် အလွန်အမင်း စိတ်လှုပ်ရှားမှုထဲ နစ်မြုပ်သွားကြပြီး အချို့မှာ ရှဟုန်၏ရှေ့တွင် ဒူးထောက်၍ပင် ဦးညွှတ်ကိုးကွယ်လာကြသည်။

ဟစ်ကြွေးနေသည့် လူအုပ်ကြီးကိုဖြစ်စေ၊ ဒူးထောက်၍ ကိုးကွယ်နေသူများကိုဖြစ်စေ ရှဟုန်က မတားဆီးခဲ့ပေ။

သူသည် ဒီလူများကိုလည်းကောင်း၊ သူတို့၏ အပြုအမူများကိုလည်းကောင်း ကောင်းစွာ နားလည်ပေသည်။

ရှတင်း၏ လက်ထက်တွင် မဟာရှစခန်း၌ သစ်ခုတ်သမားအဆင့်အဖွဲ့ဝင်များနှင့် သူတို့၏ သွေးဆက်များသာ ရေခဲသားရဲအသားကို ရရှိခွင့်ရှိပြီး ကျန်သူများတွင် အခွင့်အရေး လုံးဝမရှိခဲ့ပေ။ ယင်းမှာ ရှတင်း အမြင်ကျဉ်းမြောင်းသောကြောင့် မဟုတ်ပေ။

သစ်ခုတ်သမားအဆင့် စစ်သည်တော်များ များလေလေ စခန်း၏ အင်အား ပိုမိုကြီးမားလေလေဖြစ်ပြီး အရင်းအမြစ်များလည်း ပိုမိုရရှိလာကာ လူများကို အဆင့်တက်နိုင်စေရန် အကျိုးအမြတ်ကို အမြင့်ဆုံးထိ ရရှိစေမည်ကို ရှတင်း နားလည်ထားပေသည်။

ရှတင်းသည် ထိုသဘောတရားကို နားလည်သော်လည်း ပြဿနာမှာ သူ မလုပ်ဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။

အမဲလိုက်နိုင်စွမ်း မရှိသောကြောင့် ရေခဲသားရဲအသားကို ရရှိခြင်းမှာ ကံစမ်းရသလိုသာ ဖြစ်ပြီး ကံကောင်းမှ ရခြင်း သို့မဟုတ် အခြားသူများ စွန့်ပစ်ထားသည့် အကြွင်းအကျန်ကိုသာ ကောက်ယူရခြင်းနှင့် မခြားနားတော့ပေ။

အရင်းအမြစ် ရှားပါးနေသည့် အခြေအနေတွင် သစ်ခုတ်သမားအဆင့်အဖွဲ့ကိုသာ ဦးစားပေးနိုင်ခဲ့သည်။

သို့သော် ယခုတော့ မတူတော့ပေ။

ရှဟုန်၏ မျက်နှာအပြည့် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေသည်။ ယနေ့ည အမဲလိုက်မှုမှ အကြီးမားဆုံး ရိတ်သိမ်းမှုမှာ ပေါင် ၁,၀၀၀ ကျော်ရှိသော ဤလျှာအရှည်နှင်းမွေးကောင် မဟုတ်ပေ။

အကြီးမားဆုံး ရိတ်သိမ်းမှုမှာ မီးရှူးငယ်ကို အသုံးပြု၍ အမဲလိုက်နိုင်ကြောင်း သက်သေပြနိုင်ခဲ့ခြင်း ဖြစ်သည်။

ထိုအချက်တွင် ကံကောင်းမှု အတော်အတန် ပါဝင်နေသော်လည်း အမှန်တကယ် လက်တွေ့ကျကြောင်းကို သက်သေပြနိုင်ခဲ့သည်။

ယခုအချိန်တွင် အဆင့်နိမ့် ရေခဲသားရဲများကို တိုက်ရိုက်ရင်ဆိုင်နိုင်လောက်အောင် မိမိ၏အင်အား မတောင့်တင်းသေးသရွေ့ အောင်မြင်ကြောင်း သက်သေပြပြီးသား အမဲလိုက်နည်းလမ်းတစ်ခုကို ပိုင်ဆိုင်ထားရန်က အလွန်အရေးကြီးပေသည်။

ဒါကလည်း ရက်ဝုဒ်တောင်ကြော ပတ်ဝန်းကျင်တွင် ယခုအခါ အမဲလိုက်နိုင်သည့် စခန်းသည် ရိုဂယ်စခန်းတစ်ခုတည်း မဟုတ်တော့ကြောင်း အဓိပ္ပာယ်ရသည်။

မဟာရှစခန်းလည်း အမဲလိုက်နိုင်ပြီ ဖြစ်သည်။

All Chapters