ဂိမ်းတစ်ခုကို စတင်လိုက်သည်နှင့် မီးပုံငယ်လေးတခုသာ ပိုင်ဆိုင်ထားရပြီး... ပတ်ဝန်းကျင်တစ်ခွင်လုံး ရေခဲနှင့် နှင်းများ ဖုံးလွှမ်းနေပြီး.... အရင်းအမြစ်အားလုံးကို ကိုယ်တိုင်သယ်ယူစုဆောင်းရပြီး.... မည်သည့်အချိန်၌မဆို သားရဲများ၏ တိုက်ခိုက်မှုကို ရင်ဆိုင်ရနိုင်သည့် ဂိမ်းမျိုးကို ကြုံဖူးပါသလား... ရှဟုန် နိုးထလာသည့်အချိန်တွင် ထိုသို့သော ကမ္ဘာတစ်ခုအတွင်း ရောက်ရှိနေခဲ့လေသည်။ ရေခဲနှင်းမုန်တိုင်းများ အဆက်မပြတ် တိုက်ခတ်နေပြီး... သားရဲများက မြေပြင်ကို အုပ်စိုးထားခဲ့ပြီး.... လူ့ယဉ်ကျေးမှု ပျောက်ကွယ်သွားခဲ့ပြီး.... တစ်ချိန်က တည်ရှိခဲ့ဖူးသည့် လူနှင့် အရာဝတ္ထုအားလုံးသည် အင်အားကြီးမားပြီး ထူးဆန်းသော တည်ရှိမှုများ၏ ကျူးကျော်ဝါးမြိုခြင်းကို ခံခဲ့ရပြီး... လူသားများသာ ဆောင်းကပ်ဘေး၏ အရိပ်အောက်တွင် အသက်ဆက်ရှင်ရပ်တည်ရန် ရုန်းကန်နေရသည့် အားနည်းသောမျိုးနွယ်တစ်ခုအဖြစ်သာ ကျန်ရစ်ပြီး မျိုးသုဉ်းလုနီးပါး အခြေအနေသို့ ရောက်ရှိနေခဲ့သည်။ ကံကောင်းစွာဖြင့် ရှဟုန်၌ အဆုံးမဲ့ အဆင့်မြှင့်တင်နိုင်သော စခန်းစနစ်တစ်ခု ရှိနေသည်။ (မီးပုံငယ်လေး) → (သံမီးဖို) → (နေစွမ်းအင်မီးအိုး) … (သစ်သားတိုင်) → (လေ့ကျင့်ရေးကွင်း) → (ကိုယ်ခံပညာခန်းမ) … (ဝါးစိမ်းခြံစည်းရိုး) → (မြေနက်တံတိုင်း) → (သံတံတိုင်း)... (အမှတ်အသားကျောက်တိုင်) → (ကြေညာချက်ဘုတ်) → (သူရဲကောင်းကျောက်တိုင်) … … ရှဟုန်သည် ရေခဲသားရဲများကို သတ်ဖြတ်ကာ ထူးဆန်းသော တည်ရှိမှုများကို ချေမှုန်းရင်း... လူသားများကို တဖြည်းဖြည်း စုစည်းကာ... ဆောင်းကပ်ဘေးကို ဖယ်ရှား၍ နယ်မြေများကို ချဲ့ထွင်လာခဲ့သည်နှင့်အမျှ.... ဒီကမ္ဘာ၏ လျှို့ဝှက်ဖုံးကွယ်ထားသော အမှန်တရားသည်လည်း တစ်စတစ်စ အပြည့်အဝ ပေါ်လွင်လာတော့သည်။

