← Chapters

အခန်း ၁၂၁

Vol. 13 Ch. 121

အခန်း ၁၂၁

Vol. 13 Ch. 121

🍅 Chapter 121

သူတို့ ရှောင်တိမ်းချိန်ပင် မရလိုက်ဘဲ အဘွားကြီးအချို့၏အဝတ်အစားများပေါ်သို့ ဝက်စာများ စင်ကုန်လေသည်။

“ဟဲ့၊ နင် ဘယ်လိုမိန်းကလေးလဲ၊ ငါတို့က အကျိုးဆက်တွေကို သတိပေးတဲ့အနေနဲ့ စေတနာနဲ့ပြောတာပါ၊ နင်က ကျေးဇူးမတင်ချင်နေ၊ ဒါပေမဲ့ ငါတို့ကို ဝက်စာနဲ့မပက်သင့်ဘူး”

“ဟုတ်တယ်၊ ဒီလိုအခြေအနေထိ ရောက်နေတာတောင် နင်က ဟန်ဆောင်နေတုန်းပဲလား”

“စုန့်မိသားစုက သူတို့မှာရှိတဲ့ ပိုက်ဆံနည်းနည်းပါးပါးကို သူတို့ကိုယ်တိုင်အတွက်ပဲ သုံးလိုက်ပြီလို့ ငါလောင်းရဲတယ်၊ နင့်ရဲ့ ကွေ့ချင်ကလည်း မျက်နှာဝါကြန့်ကြန့်နဲ့ မိန်းမကြီးတစ်ယောက်လို ဖြစ်နေပြီလေ၊ သူတို့က တင်တောင်းငွေကို ဘယ်လိုလုပ်ပြန်ဖြည့်ပေးနိုင်မှာလဲ”

“ဟုတ်တယ်၊ သတိထားစမ်းပါ”

ချန်မေမှာ ဒေါသထွက်လွန်း၍ မျက်နှာတစ်ခုလုံး နီရဲလာသည်။

“စောင့်ကြည့်နေလိုက်၊ စုန့်မိသားစုက တင်တောင်းငွေတွေလာပို့တဲ့အခါ ရှင်တို့အားလုံးကို သေချာကြည့်ခိုင်းမယ်”

“အို၊ ဒါဆို ဘယ်မှာလဲ”

“ဟုတ်တယ်၊ ဘယ်မှာလဲ”

“ဘာလို့ မတွေ့ရတာလဲ”

သူတို့အားလုံးက ပြဿနာရှာရန်သက်သက်သာ လာရောက်ကြခြင်းဖြစ်ရာ ဆူဆူညံညံလုပ်နေကြပြီး ထွက်မသွားချင်ကြပေ။

ယခုအချိန်တွင် ချန်မေသည်လည်း စုန့်မိသားစုအပေါ် မကျေမနပ် ဖြစ်လာမိသည်။

‘အကြောင်းမရှိဘဲ ဘာလို့ အိမ်ထဆောက်နေရတာလဲ'

အကယ်၍ သူတို့တွင် အိမ်ဆောက်ရန် ငွေရှိနေပါက တင်တောင်းငွေအတွက် ထိုငွေအနည်းငယ်ကို အဘယ်ကြောင့်မပေးချေနိုင်ရသနည်း။

ယခုတော့ သူတို့မိသားစုမှာ တစ်နေ့ကုန် အခြားသူများ အတင်းအဖျင်းပြောခြင်းကို ခံနေရလေပြီ။

ဤပြဇာတ်ကို အဆုံးသတ်ရန် ခြံဝင်းတံခါးကို ပိတ်လိုက်မည့်ဆဲဆဲတွင် မြင်းခွာသံများက အဝေးမှနီးကပ်လာလေသည်။

လူတိုင်း လှည့်ကြည့်လိုက်ကြ၏။

“ဟေ့၊ မြင်းလှည်းတစ်စီးပဲ၊ အဲဒါ ဘယ်သူ့မြင်းလှည်းလဲ”

“မသိဘူး၊ ချမ်းသာတဲ့ မိသားစုတစ်ခုခုက ဖြစ်မှာပေါ့”

“ဒါက ရွာရဲ့အ၏ွန်ဆုံးဘက်လေ၊ ဒီနေရာမှာ အဒေါ်လီတို့ မိသားစုပဲနေတာ၊ အဒေါ်လီတို့မိသားစုဆီ အလည်လာတဲ့ ဆွေမျိုးတွေများလား”

“ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ၊ အဒေါ်လီတို့မိသားစုမှာ ဆင်းရဲတဲ့ဆွေမျိုးတွေပဲ ရှိတာ”

ချန်မေ မြင်းလှည်းပေါရှိလူကို လှမ်းကြည့်လိုက်ရာ ကြည့်လေလေ ရင်းနှီးလေလေဖြစ်နေသည်။

“အမေ၊ မြင်းလှည်းမောင်းနေတဲ့လူကို ကြည့်ပါဦး၊ အဲဒါ ခဲအို မဟုတ်ဘူးလား”

အဒေါ်လီ သေချာကြည့်လိုက်သည်။

“အဲဒါ၊ ကျစ်ယုံနဲ့တူတယ်”

“တော်ပါတော့၊ နင့်ရဲ့သမက်က ခြေမသန်တဲ့လူလေ၊ သူက ဘယ်လိုလုပ် မြင်းလှည်းမောင်းနိုင်မှာလဲ”

“ဟုတ်တယ်၊ အိပ်မက်မက်မနေနဲ့”

သူတို့ပြောသည်ကို ကြားသောအခါ ချန်မေ မျက်နှာမှာ ဖြူလျော့သွားပြီး သူမ ယောက္ခမကို ဆွဲခေါ်လိုက်သည်။

“အမေ၊ ကျွန်မတို့ အမြင်မှားတာဖြစ်မယ်၊ အိမ်ထဲပြန်၀င်ကြစို့”

သူမ ဆွဲသော်လည်း အဒေါ်လီမှာ နေရာမှမရွေ့ပေ။

အဒေါ်လီက ချန်မေ၏လက်ကို ပြန်လည်ဆုပ်ကိုင်လိုက်ပြီး သူမ အသံမှာလည်း အနည်းငယ် တုန်ယင်နေသည်။

“ရှောင်မေ့၊ မြင်းလှည်းမောင်းနေတဲ့လူက ကျစ်ယုံပဲ၊ သေချာပေါက် ကျစ်ယုံပဲ”

ချန်မေမှာ အံ့အားသင့်သွားသည်။

“တကယ်ပဲ ခဲအိုလား”

သူတို့ စကားပြောနေစဉ်မှာပင် မြင်းလှည်းက သူတို့ရှေ့သို့ ရောက်ရှိလာလေပြီ။ စုန့်ကျစ်ယုံ မြင်းလှည်းကို တံခါးဝသို့မောင်းနှင်လာခဲ့သည်။

“ဟီးယာ့”

မြင်းလှည်းကမူ အဒေါ်လီအရှေ့တွင် တည်ငြိမ်စွာ ရပ်တန့်သွားသည်။

“အမေ၊ ကျွန်တော်တို့ အမေ့ဆီအလည်ပြန်လာတာ”

သူ မြင်းလှည်းပေါ်မှ ပေါ့ပါးသွက်လက်စွာ ခုန်ဆင်းလိုက်၏။

သူ့ကြည့်ရသည်မှာ ခြေမသန်သည့်အရိပ်အယောင် အနည်းငယ်မျှပင် မတွေ့ရပေ။

ပွဲကြည့်ရန် စောင့်ဆိုင်းနေကြသော အတင်းအဖျင်းပြောတတ်သည့် အမျိုးသမီးများမှာ ထိုသူက အမှန်တကယ်ပင် စုန့်ကျစ်ယုံဖြစ်နေသည်ကို မြင်သောအခါ အချင်းချင်း ကြောင်တောင်တောင်ဖြင့် ကြည့်လိုက်ကြသည်။

သူတို့၏ထူးဆန်းသော မျက်နှာအမူအရာများကို မြင်သောအခါ ချန်မေမှာ နောက်ဆုံးတွင် တရားမျှတမှုကို ခံစားလိုက်ရတော့၏။

“ကျွန်မ ယောင်းမကော၊ ကျွန်မ ယောင်းမလည်း ပြန်ပါလာတာလား”

“ငါ ဒီမှာရှိတယ်”

ဝမ်ကွေ့ချင်ကမူ ဝူယွီလန်အား မြင်းလှည်းပေါ်မှဆင်းရန် ကူညီပေးရင်း ပြောလိုက်သည်။

ကလေးလေးယောက်လည်း မြင်းလှည်းပေါ်မှ ဆင်းလာကြသည်။

အဒေါ်လီနှင့် ချန်မေကို မြင်သောအခါ သူတို့က ကြည်လင်ပြတ်သားသော အသံလေးများဖြင့် ခေါ်လိုက်ကြသည်။

“အဘွား၊ အဒေါ်”

ဝူယွီလန် ပြုံး၍ နှုတ်ဆက်လိုက်၏။

“ခမည်းခမက်၊ မတွေ့ရတာ အတော်ကြာပြီနော်၊ ကျန်းမာရေးကောင်းရဲ့လား”

“ကျွန်မ ကွေ့ချင်ရဲ့ တင်တောင်းငွေကို ပြန်ဖြည့်ပေးဖို့ စဉ်းစားနေတာကြာပြီ၊ ဒါပေမဲ့ ပစ္စည်းတွေမစုံသေးလို့၊ အခု အားလုံးအဆင်သင့်ဖြစ်တာနဲ့ ကျစ်ယုံက မြင်းလှည်းပြင်ပြီး ကျွန်မတို့ ချက်ချင်းလာခဲ့တာ”

ဝူယွီလန် ပြုံးရင်း မြင်းလှည်းပေါ်မှ စ္စည်းများကို စတင်ချပေးလေသည်။

ချန်မေမှာ မျက်စိရှင်ပြီး လက်သွက်လှပေသည်။ သူမ ဝမ်းသာအားရဖြင့် ရှေ့သို့တိုးကာ ကူညီပေးလိုက်၏။

“ခဲအိုက ကျွန်မ ယောင်းမရဲ့ တင်တောင်းငွေကို သေချာပေါက်ပြန်လာဖြည့်ပေးလိမ့်မယ်လို့ ကျွန်မ ပြောသားပဲ၊ အခု သူ တကယ်ရောက်လာပြီမဟုတ်လား”

ထိုစကားကြောင့် အတင်းအဖျင်းပြောတတ်သော အမျိုးသမီးများအားလုံးမှာ သူတို့မျက်နှာများ ပူထူသွားသလို ခံစားလိုက်ရသည်။

လွန်ခဲ့သော မိနစ်အနည်းငယ်ကမှ သူမ၏သမီးတွင် တင်တောင်းငွေမရှိကြောင်း လှောင်ပြောင်နေခဲ့ကြပြီး ယခုအခါတွင် သူတို့က မြင်းလှည်းဖြင့် အိမ်ပေါက်ဝသို့ ရောက်ရှိလာကြပြီမဟုတ်ပါလား။

သို့သော် အချို့လူများကမူ စုန့်မိသားစုက ဟန်ဆောင်နေခြင်းသာဖြစ်မည်ဟု တွေးတောနေကြသေးသည်။

“အို၊ တင်တောင်းငွေပြန်ဖြည့်ပေးဖို့ တကယ်လာတာပေါ့၊ ဆယ်နှစ်ကျော်ကြာပြီးတဲ့နောက်ပိုင်း အဒေါ်တို့ရဲ့ကွေ့ချင်က ဘယ်လောက်တန်ကြေးရှိသေးလဲဆိုတာ သိချင်မိတယ်”

သူတို့အကြည့်များက လက်ဆောင်ပုံကြီးထံသို့ ကျရောက်သွားပြီး ဘာတွေပါလဲဆိုသည်ကို မြင်ရရန် သူတို့၏လည်ပင်းများကို အတတ်နိုင်ဆုံး ဆန့်ထုတ်ကြည့်လိုက်ကြသည်။

“ဟက်၊ ငါတို့ရဲ့ကွေ့ချင်က သာမန်လူတွေအမြင်နဲ့ တန်ဖိုးဖြတ်လို့မရဘူး၊ ငါ့ရဲ့ အခြေအနေကသာ ဒီထက်ပိုကောင်းမယ်ဆို ငွေချောင်းတစ်ထောင်တောင် ပေးချင်သေးတယ်”

ဝူယွီလန် အနီရောင်ဗန်းတစ်ခုကို ထုတ်ယူလိုက်ပြီး လူတိုင်း၏အရှေ့တွင် အပေါ်မှ အုပ်ထားသော အနီရောင်အဝတ်ကို ဖယ်ရှားလိုက်သည်။

လူတိုင်း၏အံ့အားသင့်မှုများကြားမှ ကြီးမားသော ငွေတုံးကြီးနှစ်တုံးက သူတို့မျက်စိရှေ့တွင် ထွက်ပေါ်လာလေ၏။

“ဟိုက်”

အံ့သြတကြီးရေရွတ်သံများက ပတ်ဝန်းကျင်တစ်ခုလုံးတွင် ပဲ့တင်ထပ်သွားတော့သည်။

“ငါ မြင်တာမှန်ရဲ့လား၊ ငွေ၊ ငွေအချောင်းနှစ်ဆယ်”

“တကယ်ပဲ ငွေအချောင်းနှစ်ဆယ်ပါလား၊ တောက်ပနေတဲ့ ငွေတုံးကြီးတွေပဲ”

“ဘုရားရေ၊ ငါ့ဘဝမှာ ဒီလောက်များတဲ့ငွေတွေကို တစ်ခါမှမမြင်ဖူးဘူး”

ထိုမြင်ကွင်းကို မြင်သောအခါ ဝမ်ကွေ့ချင်မှာလည်း အံ့အားသင့်သွားရသည်။

ယောက္ခမဖြစ်သူ သူမ၏တင်တောင်းငွေကို ပြန်ဖြည့်ပေးမည်ဟု ပြောစဉ်က အလွန်ဆုံး ငွေငါးချောင်းခန့်သာဖြစ်မည်ဟု သူမ ထင်မှတ်ထားခဲ့သည်။

ယောက္ခမဖြစ်သူက တစ်ပြိုင်နက်တည်း ငွေအချောင်းနှစ်ဆယ်ကို ထုတ်ပေးလိမ့်မည်ဟု သူမ တစ်ကြိမ်တစ်ခါမျှ မမျှော်လင့်ထားခဲ့မိပေ။

သူမ အလွန်အမင်း ဝမ်းသာပီတိဖြစ်သွားရသည်။

ဤကဲ့သို့သော ယောက္ခမမျိုးရှိနေသည်ဖြစ်ရာ ဘဝတွင် ဘာများ ထပ်မံလိုလားစရာရှိတော့မည်နည်း။

စုန့်ကျစ်ယုံမှာလည်း အနည်းငယ် အံ့အားသင့်သွားရသည်။ သူ့မိခင်က ဤမျှလောက်အထိ ရက်ရောလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

အိမ်တွင် ငွေမည်မျှရှိသည်ကို သူ အကြမ်းဖျင်းအားဖြင့် သိရှိထားသည်။

ဤကာလအတွင်း ဆေးဘက်ဝင်အပင်များ ရောင်းချရာမှ ငွေဆယ်ချောင်းကျော် ရရှိခဲ့သော်လည်း မိခင်ဖြစ်သူက တစ်ပြိုင်နက်တည်း ငွေအချောင်းနှစ်ဆယ်ကို ထုတ်ပေးခဲ့သည်။

ထို့အပြင် ဤလက်ဆောင်ပစ္စည်းများကိုဝယ်ယူရန် ကုန်ကျစရိတ်မှာလည်း အတော်လေး များပြားမည်မှာ သေချာလှပေသည်။

ဝမ်းသာပီတိဖြစ်နေစဉ်မှာပင် စုန့်ကျစ်ယုံက နောင်တွင် ကြိုးကြိုးစားစားအမဲလိုက်ရန် တိတ်တဆိတ် ဆုံးဖြတ်လိုက်သည်။

ဇနီးဖြစ်သူအား အနည်းငယ်ပေးပြီးနောက် တောကောင်များ ရောင်းချရရှိသော ငွေအားလုံးကို မိခင်ဖြစ်သူထံသို့ အပ်နှံတော့မည်ဖြစ်သည်။

ထိုအခြေအနေကို မြင်သောအခါ ချန်မေမှာ ချက်ချင်းပင် တရားမျှတမှုကို ခံစားလိုက်ရပြီး ဂုဏ်ယူဝင့်ကြွားသွားတော့သည်။

“ကျွန်မ ခဲအိုက တင်တောင်းငွေကို ပြန်မဖြည့်ပေးဘူးလို့ ဘယ်သူပြောတာလဲ၊ ကျစ်ကျစ် ကျွန်မ ခဲအိုက မပေးချင်လို့ ငြင်းနေတာမဟုတ်ဘူး၊ ကျွန်မ ယောင်းမကို များများပေးချင်လို့ စုဆောင်းနေတာပါ”

All Chapters