← Chapters

အခန်း ၁၂၉

Vol. 13 Ch. 129

အခန်း ၁၂၉

Vol. 13 Ch. 129

🍅 Chapter 129

ထိုမြင်ကွင်းကို မြင်သောအခါ စုန့်ကျစ်ရှုမှာ အခြားရွေးချယ်စရာမရှိတော့ဘဲ သူတို့၏အနောက်မှ လိုက်ပါသွားရလေသည်။

အခန်းထဲသို့ ဝင်လိုက်သည်နှင့် အသက်ငွေ့ငွေ့သာ ကျန်တော့သည့်အလား ကုတင်ပေါ်တွင်လဲလျောင်းနေသော ဝူယွီလန်ကို မြင်တွေ့လိုက်ရရာ သူက မြေကြီးပေါ်သို့ ချက်ချင်းပင် အရုပ်ကြိုးပြတ် ဒူးထောက်ကျသွားတော့သည်။

“အမေ”

“အမေ ဘာဖြစ်သွားတာလဲ”

“အမေ၊ သတိထားပါဦး”

“သားက အမေ့ကို လာကြည့်တာလေ၊ ကျေးဇူးပြုပြီးထလာပါဦး”

ဝူယွီလန်မှာ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေခဲ့သော်လည်း ငိုကြွေးသံများကြောင့် အကြမ်းပတမ်း အနှိုးခံလိုက်ရသည်။

သူမက တိတ်တဆိတ် မျက်လုံးတစ်ဖက်ကို ဖွင့်ကြည့်လိုက်ရာ ပိန်ချုံးနေသော စုန့်ကျစ်ရှုမှာ ပူဆွေးသောကရောက်နေသည့်မျက်နှာဖြင့် မြေကြီးပေါ်တွင် ဒူးထောက်နေသည်ကို မြင်တွေ့လိုက်ရသဖြင့် အံ့အားသင့်သွားရသည်။

ဤအခြေအနေတွင် သူမကို မြင်တွေ့ရသဖြင့် ဤကောင်လေးက ဤမျှလောက်အထိ ဝမ်းနည်းနေလိမ့်မည်ဟု သူမ မမျှော်လင့်ထားခဲ့ပေ။

သူဌေးလုနှင့် သူ့ဇနီးတို့လည်း ရောက်ရှိနေကြောင်း သတိပြုမိသွားသဖြင့် ဝူယွီလန် မျက်လုံးများကို ဖြည်းဖြည်းခြင်းဖွင့်လိုက်သည်။

“ငါ၊ ငါ ဘာဖြစ်သွားတာလဲ”

ဝူယွီလန် နိုးလာသည်ကိုမြင်သောအခါ ဝမ်ကွေ့ချင်ကမူ စုန့်ကျစ်ရှုအား ဘေးသို့တွန်းဖယ်ကာ ကုတင်ဘေးသို့ အပြေးအလွှား သွားရောက်လိုက်၏။

“အမေ၊ အမေ နိုးလာပြီ”

မိခင်ဖြစ်သူ နိုးလာကြောင်း ကြားလိုက်ရသဖြင့် စုန့်ကျစ်ရှုက ဝမ်ကွေ့ချင် သူ့အား တွန်းသွားသည်ကိုပင် ဂရုမစိုက်နိုင်တော့ဘဲ ကုတင်ဘေးသို့ ကမန်းကတန်း ပြေးသွားလေသည်။

သို့သော် ဝူယွီလန်က သူ့အား မမြင်ချင်ယောင်ဆောင်ကာ သူမ၏အကြည့်များကို ဝမ်ကွေ့ချင်ထံတွင်သာ စူးစိုက်ထားလိုက်သည်။

“အမေ၊ မနေ့ညက မိုးအရမ်းရွာပြီး အိမ်ကြီးပြိုကျသွားလို့ အမေ အောက်မှာ ပိမိသွားတာပါ၊ သမားတော်ကျန်းက အမေ့ကို စစ်ဆေးပေးပြီးပြီ၊ အခု ဘယ်လိုခံစားနေရလဲ”

“ငါ တော်တော်လေးသက်သာနေပါပြီ၊ နင်တို့ကို ဒုက္ခပေးမိသွားတယ်”

ထိုစကားများကို ကြားလိုက်ရသောအခါ ဝမ်ကွေ့ချင်မှာ ရုတ်တရက် ရှိုက်ငိုသံများကို မထိန်းချုပ်နိုင်တော့ပေ။

“အမေရယ်၊ အမေ အဆင်ပြေရင်ကို ရပါပြီ၊ အမေက မနေ့ညက သမီးကို သေမတတ် လန့်သွားအောင် လုပ်လိုက်တာပဲ”

ကျောက်လီကျွမ်က ရေနွေးတစ်ပန်းကန်ကို ယူဆောင်လာပြီး လီရှို့ယွင်နှင့်အတူ ဝူယွီလန်အား ထူပေးကာ ရေအနည်းငယ် တိုက်လိုက်သည်။

ဝူယွီလန်မှာ အနည်းငယ် ပြန်လည်သက်သာလာပြီး ဘေးနားရှိ သူဌေးလုတို့ဇနီးမောင်နှံကို ကြည့်လိုက်သည်။

“သူဌေးလု၊ သူဌေးကတော်လျို”

ဝူယွီလန် ထထိုင်ရန် ကြိုးစားနေသည်ကို မြင်သောအခါ သူဌေးကတော်လျိုက အလျင်အမြန် ကူထူပေးလိုက်သည်။

“သမားတော်ဝူ၊ ကောင်းကောင်းအနားယူပါရှင်၊ ရှင်ရဲ့ကျန်းမာရေးက အရေးကြီးဆုံးပါ”

သူဌေးလု ခေါင်းညိတ်ပြလိုက်၏။

“အကယ်၍ ဆေးဘက်ဝင်အပင်တွေ ဒါမှမဟုတ် တခြားလိုအပ်တာတွေ ရှိမယ်ဆိုရင် ကျွန်တော်တို့ဆီ လူလွှတ်ပြီး အကြောင်းကြားပေးပါ”

“လူကြီးမင်းတို့ရဲ့ ဂရုစိုက်မှုအတွက် ကျေးဇူးတင်ပါတယ်”

ဝူယွီလန် အလွန်အမင်း အားနည်းနေသေးသည်ကို မြင်သောအခါ သူတို့နှစ်ဦးက အချိန်ကြာမြင့်စွာ မနေတော့ဘဲ ရိုရိုသေသေ နှုတ်ဆက်ပြီးနောက် ပြန်လည်ထွက်ခွာသွားကြသည်။

စုန့်ကျစ်ရှုကမူ စောင့်ရင်း စောင့်ရင်းဖြင့် နောက်ဆုံးတွင် မိခင်ဖြစ်သူ၏ကုတင်ဘေး၌ မည်သူမျှ မရှိတော့သည့်အချိန်သို့ ရောက်ရှိလာလေသည်။

“အမေ”

“အမေ အဆင်ပြေရဲ့လား၊ သားကို သေမတတ်လန့်သွားအောင် လုပ်တာပဲ”

နှပ်များနှင့် မျက်ရည်များ ရွှဲရွှဲစိုနေသော စုန့်ကျစ်ရှုကို မြင်သောအခါ ဝူယွီလန်က ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်သည်။

“ကျစ်ရှု၊ နင် ဘာလို့ပြန်လာတာလဲ၊ လျိုအိမ်တော်မှာ ကြိုးကြိုးစားစားအလုပ်လုပ်ဖို့ ငါ နင့်ကို ပြောထားတယ်မဟုတ်လား”

စုန့်ကျစ်ရှု ခေါင်းခါရမ်းလိုက်၏။

“အမေ၊ သား မသွားတော့ဘူး၊ နောက် ဘယ်တော့မှမသွားတော့ဘူး၊ သား အိမ်မှာပဲနေပြီး အမေ့ကို သေချာပြုစုစောင့်ရှောက်တော့မယ်”

သူ၏ပြတ်သားနေသောအမူအရာကို မြင်သောအခါ ဤကောင်လေးက လျိုအိမ်တော်သို့ ပြန်မသွားချင်‌၍လော၊ သို့မဟုတ် သူမကို အမှန်တကယ်ပင် ပြုစုစောင့်ရှောက်ချင်၍လောဆိုသည်ကို ဝူယွီလန် ခေတ္တမျှ ဝေခွဲမရဖြစ်သွားသည်။

အကယ်၍ သူသာ တကယ်ပဲ ဤမျှလောက် မိဘကျေးဇူးသိတတ်မည်ဆိုပါက ဤကောင်လေးမှာ ပြုပြင်၍ရနိုင်သေးကြောင်း သက်သေပြနေပေ၏။

ထိုသို့တွေးတောရင်း ဝူယွီလန် ဤကောင်လေး၏ မိဘအပေါ်ကျေးဇူးသိတတ်မှု မည်မျှအထိ စစ်မှန်ကြောင်းကို စမ်းသပ်ရန် ဆုံးဖြတ်လိုက်သည်။

“သားရယ်၊ နင် ဒီမှာနေပြီးတော့ ဘာအသုံးဝင်မှာလဲ၊ မိသားစုက အခုအချိန်မှာ အလိုအပ်ဆုံးကငွေပဲ၊ ငွေမရှိရင် ငါ့အသက်ကို ကယ်တင်နိုင်ဖို့ခက်လိမ့်မယ်”

ဝူယွီလန် စကားပြောရင်း အကြိမ်အနည်းငယ် ချောင်းဆိုးလိုက်၏။

ထိုစကားကို ကြားလိုက်ရသောအခါ စုန့်ကျစ်ရှုက သူ့ရင်ဘတ်ထဲမှ ငွေအိတ်တစ်အိတ်ကို ရုတ်တရက် ဆွဲထုတ်လိုက်သည်။

“အမေ၊ ငွေ၊ သားဆီမှာငွေရှိတယ်”

“အိမ်တော်ထိန်းလျိုက အမေ့မျက်နှာကို ထောက်ထားပြီး ဒီငွေတွေ သားကိုချေးပေးလိုက်တာပါ၊ ပြီးတော့ အမေ့ကို ခဏပြန်ပြီး သေချာပြုစုဖို့လည်း ခွင့်ပြုလိုက်တယ်”

“အမေ နေကောင်းသွားတာနဲ့ လျိုအိမ်တော်ကို သား ပြန်သွားပြီး အလုပ်လုပ်ပါ့မယ်”

“အမေ စိတ်ချပါ၊ အမေ နေကောင်းသွားရင် လျိုအိမ်တော်ကို သား သေချာပေါက်ပြန်သွားပြီး ကြိုးကြိုးစားစား အလုပ်လုပ်ပါ့မယ်၊ သား သဘောပေါက်သွားပါပြီ၊ သားက ပညာသင်ဖို့ တကယ်ကိုပါရမီမပါဘူး၊ အိမ်တော်ထိန်းလျိုနောက်ကိုသာ လိုက်နေရင် တစ်နေ့နေ့ သားကိုယ်တိုင်လည်း အိမ်တော်ထိန်းဖြစ်လာနိုင် တာပဲလေ”

“အမေ၊ နောင်ကျရင် အမေက အိမ်မှာပဲနေပြီး သားကျေးဇူးဆပ်တာကိုသာ စောင့်မျှော်ခံစားနေပါတော့”

စုန့်ကျစ်ရှု စကားပြောနေရင်းမှ ငွေအိတ်ကို ဖွင့်လိုက်သည်။

အတွင်းတွင် ငွေနှစ်ချောင်းတန် ငွေတုံးငါးတုံးရှိနေပြီး စုစုပေါင်း ငွေဆယ်ချောင်းတိတိ ဖြစ်၏။

“အမေ၊ ဒါက အမေ့ရဲ့ဆေးကုသစရိတ်အတွက် လုံလောက်မယ်လို့ထင်လား၊ မလုံလောက်သေးရင် အိမ်တော်ထိန်းလျိုဆီသွားပြီး ထပ်ချေးလိုက်ပါ့မယ်”

ဝူယွီလန် ငွေများကို အမူအရာမပြောင်းဘဲ သိမ်းယူလိုက်သည်။ ထို့နောက် ငွေအိတ်ကို ကြည့်ကာ အနည်းငယ် ဝေခွဲမရဖြစ်သွား၏။

‘ဤစတုတ္ထသားက တကယ်ကြီး မိဘကျေးဇူးကို သိတတ်နေတာများလား'

စုန့်ကျစ်ရှု၏စရိုက်လက္ခဏာမှာ ယခင်က မူလခန္ဓာကိုယ်ပိုင်ရှင်နှင့် တစ်ပုံစံတည်း တူညီနေခဲ့သည်ကို တွေးမိကာ ဝူယွီလန်က သူ့အား စမ်းသပ်ကြည့်ရန် ဆုံးဖြတ်လိုက်သည်။

“ငွေကတော့ လုံလောက်ပါတယ်၊ တော်တော်လေး လုံလောက်ပါတယ်၊ ဒါပေမဲ့ ငါ့ရောဂါကို ကုသဖို့အတွက် ငွေရှိရုံနဲ့တင်မရဘူး”

“သမားတော်ကျန်းပြောတာက ငါ့ရောဂါကို ကုသဖို့အတွက် သွေးသားရင်းချာ တစ်ယောက်ယောက်ရဲ့သွေးကို ဆေးဖက်ဝင်ပစ္စည်းအဖြစ် သုံးရမယ်တဲ့”

ဝူယွီလန် ထိုသို့ပြောလိုက်သည်နှင့် အခန်းထဲရှိ လူတိုင်းက ဝိုင်းကြည့်လာကြ၏။

ဝမ်ကွေ့ချင် ခေါင်းကုတ်ကာ တီးတိုးရေရွတ်လိုက်သည်။

“သမားတော်ကျန်းက တကယ်ပဲ အဲဒီလိုပြောခဲ့လို့လား၊ ငါ ဘာလို့ မမှတ်မိရတာလဲ”

လီရှို့ယွင်ကမူ သူမ ယောက္ခမဖြစ်သူ၏ ရည်ရွယ်ချက်ကို ရိပ်မိသွားသဖြင့် ဝမ်ကွေ့ချင်၏အင်္ကျီလက်ကို ဆွဲကာ တားလိုက်သည်။

“အဲဒါကို ဂရုစိုက်မနေပါနဲ့၊ အမေပြောတာ အကုန်အမှန်ပဲ”

ဝမ်ကွေ့ချင် ခေါင်းညိတ်ပြလိုက်သည်။

“သွေးကို ဆေးဖက်ဝင်ပစ္စည်းအဖြစ်သုံးရမယ်တဲ့လား”

စုန့်ကျစ်ရှု၏ပထမဆုံးတုံ့ပြန်မှုမှာ စုန့်ကျစ်ယုံနှင့် စုန့်ကျစ်ချုံးတို့ဘက်သို့ လှည့်ကြည့်လိုက်ခြင်းပင်ဖြစ်၏။

အရင်ကသာဆိုလျှင် သူက အစ်ကိုကြီးနှင့် ဒုတိယအစ်ကိုတို့၏သွေးကို သေချာပေါက် တောင်းဆိုမည်ဖြစ်သည်။

သို့သော် မိခင်ဖြစ်သူ၏အားနည်းနေသော အခြေအနေကို မြင်တွေ့ရသောအခါ ထိုစကားများ သူ ပြောမထွက်တော့ပေ။

‘ဒါ ငါ့အမေလေ၊ လောကကြီးထဲမှာ ငါ့ကိုအချစ်ဆုံးအမေလေ'

အကယ်၍ သူသာ ဤမျှပြင်းထန်သောဒဏ်ရာ ရရှိခဲ့မည်ဆိုလျှင် မိခင်ဖြစ်သူက တစ်စက္ကန့်မျှပင် တုံ့ဆိုင်းနေမည်မဟုတ်ဘဲ သူ့ကို ကယ်တင်ရန်အတွက် သူမကိုယ် သူမ သေချာပေါက် ဓားဖြင့်လှီးမည်ဖြစ်ကြောင်း စုန့်ကျစ်ရှု တွေးတောလိုက်မိသည်။

တစ်ခဏမျှ တွေဝေသွားပြီးနောက် စုန့်ကျစ်ရှုက ဆုံးဖြတ်ချက်ချလိုက်၏။

“အမေ... သားရဲ့သွေးကို သုံးပါ”

ဝူယွီလန် စုန့်ကျစ်ရှုအနေဖြင့် စုန့်ကျစ်ယုံနှင့် စုန့်ကျစ်ချုံးတို့အပေါ်သို့ လွှဲချလိမ့်မည်ဟု မျှော်လင့်ထားခဲ့သည်။

ဤကောင်လေးက သူ့သွေးကိုယူရန် သဘောတူလိမ့်မည်ဟု သူမ မထင်မှတ်ထားခဲ့ပေ။

“ကျစ်ရှု၊ သေချာရဲ့လား၊ ဒါက သွေးနည်းနည်းလေး ယူမှာမဟုတ်ဘူးနော်၊ နေ့တိုင်း အနည်းဆုံး ပန်းကန်လုံးကြီးတစ်လုံးစာ ပေးရမှာ”

ပန်းကန်လုံးအကြီးတစ်လုံးစာ လိုအပ်မည်ဟု ကြားလိုက်ရသောအခါ စုန့်ကျစ်ရှုမှာ မနေနိုင်ဘဲ တုန်ယင်သွားသော်လည်း သူက အံကြိတ်ကာ ပြောလိုက်၏။

“ဟုတ်ကဲ့ အမေ၊ သားရဲ့သွေးကို ဆေးဖက်ဝင်ပစ္စည်းအဖြစ်သုံးပါ”

ထိုစကားကို ကြားသောအခါ ဝူယွီလန် စုန့်အာ့လန်ဘက်သို့ လှည့်ကြည့်လိုက်၏။

စုန့်အာ့လန်က နားလည်သွားပြီး သူမ၏အခန်းထဲတွင် ဝှက်ထားသော ဓားမြှောင်ကို သွားယူကာ မီးဖိုချောင်သို့သွား၍ ပန်းကန်လုံးကြီးတစ်လုံးကိုပါ ယူဆောင်လာခဲ့သည်။

“ဦးလေး၊ ဒီမှာ….”

All Chapters