← Chapters

အခန်း ၄၅၅

Vol. 46 Ch. 455

အခန်း ၄၅၅

Vol. 46 Ch. 455

အခန်း (၄၅၅) ပွက်လောရိုက်သွားခြင်း

​ကျန်းယဲ့က ခေါင်းညိတ်လိုက်သည်။ "ကောင်းပြီ... ဒါဆိုရင် မင်းက အန်းရှီး တပ်မတော်ခရီးစဉ်ကို တာဝန်ယူလိုက်တော့..."

​ထို့ကြောင့် ချုံကျန်းနန်းသက် ၅ နှစ်ဆီသွားမည့် အခြားခရီးစဉ်ကိုမူ သဘာဝကျကျပင် ချန်ချင်းထံသို့ လွှဲအပ်လိုက်လေသည်။

​"ကဲ... အခု မင်းကို ပထမဆုံး တာဝန်ပေးမယ်..." ကျန်းယဲ့က ဖန်ဖန်ကိုကြည့်ကာ ညွှန်ကြားလိုက်၏။ "ချုံကျန်းဧကရာဇ်နဲ့ သားရဲကမ္ဘာရဲ့ အခြေခံ အချက်အလက်တွေကို မင်းဆီ ငါ ပို့ပေးထားပြီးပြီ... မင်းရဲ့တာဝန်က အဲဒီအတွက် ပရိုမိုးရှင်းဗီဒီယို နှစ်ခုဖန်တီးပြီး ငါတို့ရဲ့ တရားဝင် တိုရင်အကောင့်ဖြစ်တဲ့ ရီယဲ့ ခရီးသွားအေဂျင်စီမှာ တင်ပေးဖို့ပဲ..."

​ခူချာရှေးဟောင်းမြို့တော် ခရီးစဉ်အတွက်ကတော့ ကမ္ဘာမြေနဲ့ သိပ်မသက်ဆိုင်တဲ့အတွက် လောလောဆယ် လျစ်လျူရှုထားလို့ ရလေသည်။

​ထို့နောက် သူက အသေးစိတ် ရှင်းပြလိုက်၏။ "ဒါ့အပြင် ခရီးစဉ်နှစ်ခုလုံးအတွက် ဝယ်ယူဖို့ လင့်ခ်တွေကိုပါ တစ်ခါတည်း တင်ပေးရမယ်... အမှာစာကို ဒီတနင်္ဂနွေနေ့ နေ့လယ် ၁၂:၀၀ နာရီတိတိမှာ စတင် လက်ခံမယ်..."

​ကျန်းယဲ့က အထူးတလည် သတိပေးလိုက်သေး၏။ "အချိန်ကို အတိအကျ သတ်မှတ်ထားရမယ်နော်... အမှားအယွင်း မဖြစ်စေနဲ့..."

​"နားလည်ပါပြီ... တာဝန်ကျေပွန်စေရပါမယ်..."

​ဖန်ဖန်က ယုံကြည်မှုရှိစွာဖြင့် အိုကေလက်ဟန်ပြလိုက်ပြီး တက်ကြွနေချေသည်။

​တာဝန်ကို ရှင်းပြပြီးနောက် ကျန်းယဲ့က လှည့်ကာ ကျင့်ကြံခြင်းကို ဆက်လုပ်ရန် အပေါ်ထပ်ရှိ သူ၏ အခန်းသို့ တက်သွားလိုက်သည်။

​ဖန်ဖန်သည်တော့ ပထမထပ်သို့ ပြန်ဆင်းလာပြီး ခရီးသွားအေဂျင်စီ၏ ဧည့်ကြိုကောင်တာတွင် ထိုင်ကာ ကွန်ပျူတာကို ဖွင့်ပြီး ဗီဒီယိုများကို စတင် တည်းဖြတ်လေတော့သည်။

​ညနေစောင်းချိန်သို့ ရောက်သောအခါ ကျန်းယဲ့က ဒုတိယထပ်မှ ဆင်းလာပြီး ပထမဆုံးနေ့တွင် ပင်ပန်းစွာ အလုပ်လုပ်ပေးခဲ့သော ကောင်မလေးအား ဂုဏ်ပြုသည့်အနေဖြင့် ညစာထွက်စားရန် ရည်ရွယ်ထားသည်။

​ကျန်းယဲ့ ဆင်းလာသည်ကို မြင်သည်နှင့် ဖန်ဖန်က ချက်ချင်း ခေါင်းမော့ကာ သူမ၏ လုပ်ငန်းဆောင်တာများကို သတင်းပို့လိုက်၏။

​"သူဌေး... ပရိုမိုးရှင်းဗီဒီယိုတွေကို ကနဦး တည်းဖြတ်လို့ ပြီးသွားပါပြီ... ချုံကျန်းနန်းသက် ၅ နှစ်ရဲ့ အချက်အလက်တွေက တော်တော်လေး ပြည့်စုံတော့ သမိုင်းကြောင်းအရလည်း မှန်ကန်ပြီး ဆွဲဆောင်မှုရှိအောင် ကျွန်မ အစွမ်းကုန် ကြိုးစားထားပါတယ်... ဒါပေမဲ့ အဲဒီ သားရဲကမ္ဘာဗီဒီယိုကကျတော့..."

​သူမက အနည်းငယ် တုံ့ဆိုင်းသွားပြီး ကူကယ်ရာမဲ့သည့်ဟန်ဖြင့် လက်နှစ်ဖက်ကို ဖြန့်ကာ ပြောလိုက်လေသည်။ "အဲဒီကမ္ဘာနဲ့ ပတ်သက်တဲ့ အချက်အလက်တွေက အရမ်းကို နည်းလွန်းတယ်... နာမည်နဲ့ အခြေခံ သတ်မှတ်ချက်လောက်ပဲ ရှိတာ... ဒါကြောင့် အမည်မသိ ကမ္ဘာတွေအတွက် ခရီးသွားအေဂျင်စီက အရင်က လုပ်ခဲ့ဖူးတဲ့ ပရိုမိုးရှင်းပုံစံတွေကို မှီငြမ်းပြီး အရိုးရှင်းဆုံး ပုံစံလေး ဖန်တီးထားလိုက်တယ်... အဓိကကတော့ စျေးနှုန်း၊ ဝယ်ယူရမယ့် အချိန်နဲ့ ထင်ရှားတဲ့ အန္တရာယ် သတိပေးချက်တွေကိုပဲ အသားပေး ဖော်ပြထားပါတယ်..."

​သူမက ဆက်ပြောသည်။ "ဗီဒီယို နှစ်ခုလုံး ဒီမှာ ရှိပါတယ်... အခု ကြည့်ကြည့်မလားဟင်... ပြဿနာမရှိဘူးဆိုရင် တရားဝင် တိုရင်အကောင့်မှာ အခုပဲ တင်လိုက်တော့မယ်..."

​သူမ သတင်းပို့၍ ပြီးဆုံးသည်အထိ ကျန်းယဲ့က စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေပြီးမှ စကားဆိုလိုက်၏။ "မလောပါနဲ့... ဗီဒီယိုကို လောလောဆယ် ဘေးဖယ်ထားလိုက်ဦး... ထမင်းစားရတာထက် ပိုအရေးကြီးတဲ့ ကိစ္စ ဘာမှမရှိဘူး... လာ... အပြင်သွားပြီး ညစာအရင် စားကြတာပေါ့... ဗိုက်ဝမှ အလုပ်လုပ်ဖို့ ခွန်အားရှိမှာပေါ့..."

​တနင်္ဂနွေနေ့ရောက်ဖို့ သုံးရက်တောင် လိုသေးတာပဲ။ ပရိုမိုးရှင်း ဗီဒီယိုကို ဒီညပဲဖြစ်ဖြစ်၊ မနက်ဖြန်မှပဲဖြစ်ဖြစ် တင်လို့ရတယ်။ အခု ချက်ချင်း အလောတကြီး လုပ်စရာ မလိုဘူးလေ...

​သူဌေးဖြစ်သူက ထိုသို့ပြောလာသည်ကို မြင်သောအခါ ဖန်ဖန်ကလည်း အသင့်ပင် ကွန်ပျူတာကို ပိတ်လိုက်ပြီး ကျန်းယဲ့နောက်မှ ပြုံးကာ လိုက်သွားလိုက်သည်။

​"ဟုတ်ကဲ့ပါ... သူဌေး... ဒီတစ်ခါ ရှင် ဒကာခံမှာလားဟင်..."

​ကျန်းယဲ့က ခေါင်းညိတ်လိုက်သည်။ "အိုကေ... ငါ ကျွေးမယ်..."

​"ဟီးဟီး... ဒါဆိုရင် ကျွန်မ များများစားရတော့မှာပေါ့..." ဖန်ဖန်က ပြုံးဖြီးဖြီးဖြင့် ပြောလိုက်၏။

​ကျန်းယဲ့နှင့် ဖန်ဖန်တို့ ညစာစားပြီးနောက် ခရီးသွားအေဂျင်စီဆီသို့ လမ်းလျှောက်ပြန်လာချိန်တွင် အဝေးမှနေ၍ တံခါးဝ၌ ရပ်နေသော ရင်းနှီးသည့် ပုံရိပ်တစ်ခုကို မြင်လိုက်ကြရသည်။

​သူ၏ အသွင်အပြင်ကို ကြည့်ရသည်မှာ ချန်ချင်းက အတော်လေး အချိန်ကြာကြာ စောင့်နေခဲ့ရပုံပေါ်သည်။

​"အားလုံး အဆင်ပြေသွားပြီလား..." ကျန်းယဲ့က အနီးသို့ ချဉ်းကပ်ကာ မေးလိုက်၏။

​ချန်ချင်းက နောက်သို့လှည့်လာပြီး သူ၏ မျက်နှာပေါ်တွင် စိတ်သက်သာရာရမှုနှင့်အတူ စိတ်လှုပ်ရှားနေသည့် အပြုံးတစ်ခု ပေါ်လာကာ အားရပါးရ ခေါင်းညိတ်ပြလိုက်သည်။ "အားလုံး အဆင်ပြေသွားပါပြီ... အထက်လူကြီးတွေကလည်း အရမ်းကို လွယ်လွယ်ကူကူပဲ ခွင့်ပြုပေးလိုက်တယ်..."

​နှုတ်ထွက်ခွင့် စာရွက်စာတမ်းများ သွားလုပ်ရန်အတွက် အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုသို့ သွားရောက်စဉ်က သူ၏ လုပ်ဖော်ကိုင်ဖက်များ၏ မနာလို၊ ဝန်တိုကာ မုန်းတီးချင်နေသည့် အကြည့်များကို သူ ပြန်လည် အမှတ်ရမိလိုက်သည်။ ၎င်းက သူ့ကိုပင် မီးရှို့ပစ်လုမတတ် ဖြစ်နေခဲ့ပြီး သူတို့အားလုံးက သူ့ကို ရုံးခန်းထဲမှ ကန်ထုတ်ကာ သူ၏ နေရာကို ဝင်ယူချင်နေကြပုံရသည်။

​"ကျွန်တော် ဒီကိုလာတော့... အကြီးအကဲကျန်းက ကျွန်တော့်ကို သီးသန့် ခေါ်ပြောသေးတယ်..." ချန်ချင်းက လေးနက်သည့်ဟန် အနည်းငယ်ဖြင့် ပြောလိုက်သည်။ "သူက ဒါရိုက်တာကျန်းအတွက် အစွမ်းကုန် ကြိုးစားပေးရမယ်... မူလဌာနကို အရှက်မကွဲစေနဲ့လို့ မှာလိုက်တယ်..."

​သူက ရင်းနှီးကျွမ်းဝင်နေသည့် အနည်းငယ် ဘဝင်မြင့်ချင်စရာကောင်းသော အပြုံးမျိုးကို နောက်တစ်ကြိမ် ပြုံးပြလိုက်ပြန်သည်။ "အချိန်နှင့် ဟင်းလင်းပြင်ရေးရာ အထူးညှိနှိုင်းရေးဗျူရိုကနေ အပြင်ကို ခြေတစ်လှမ်းချလိုက်တာနဲ့ အဲဒီကောင်တွေက ကျွန်တော့်ကို ဝိုင်းလာပြီး ဒါရိုက်တာကျန်းနောက်ကို လိုက်ရင် အနာဂတ်ကတော့ အရမ်း တောက်ပတော့မှာပဲတို့... ဒါက ရှားပါးတဲ့ အခွင့်အရေးပဲ... မင်း သေချာ ဆုပ်ကိုင်ထားရမယ်တို့နဲ့ တတွတ်တွတ် လာပြောနေကြတာ... ကျစ်ကျစ်... သူတို့ဆီက မနာလိုဖြစ်နေတဲ့ အနံ့ကြီးက မိုင်ဝက်လောက်ကနေတောင် ရနေတယ်ဗျ..."

​သူ၏ လုပ်ဖော်ကိုင်ဖက်များက အဘယ်ကြောင့် ဤသို့ ပြုမူနေကြသနည်းဆိုသည်ကို ချန်ချင်းက သဘာဝကျစွာပင် နားလည်ထားချေသည်။

​ဒါက အချိန်နဲ့ ဟင်းလင်းပြင်ကို ဖြတ်သန်း ခရီးသွားနိုင်တဲ့ စွမ်းရည်ကို ရရှိပြီး အဆုံးအစမဲ့တဲ့ အမည်မသိ ကမ္ဘာကြီးကို စူးစမ်းလေ့လာနိုင်မယ့် အခွင့်အရေးမဟုတ်လော။

​၎င်းက ရိုးရှင်းသော အလုပ်ပြောင်းခြင်းမျိုး မဟုတ်တော့ချေ။ ၎င်းမှာ ငါးကြင်းက နဂါးတံခါးကို ခုန်ကျော်သွားသကဲ့သို့ လုံးဝ အသစ်စက်စက် အတိုင်းအတာတစ်ခုသို့ ခြေချလိုက်ခြင်းပင်။

​ထိုစကားကို ကြားသောအခါ ကျန်းယဲ့က ပြုံးကာ ချန်ချင်း၏ ပခုံးကို ပုတ်လိုက်သည်။ "ရီယဲ့ ခရီးသွားအေဂျင်စီကနေ ကြိုဆိုပါတယ်... ဒါရိုက်တာချန်..."

​"ဟီးဟီး... နောင်ကိုလည်း ဆက်ပြီး လမ်းညွှန်ပြသပေးပါဦး..."

​ချန်ချင်းက ရယ်မောလိုက်သော်လည်း သူ၏ ပခုံးပေါ်တွင် လေးလံသော ဝန်ထုပ်ဝန်ပိုးတစ်ခု ကျရောက်လာသည်ကို ခံစားလိုက်ရသည်။ ၎င်းမှာ ယုံကြည်မှုနှင့် တာဝန်ယူမှု ဝန်ထုပ်ဝန်ပိုးပင်။

​သူတို့ သုံးဦးစလုံး ခရီးသွားအေဂျင်စီထဲသို့ အတူတကွ ဝင်ရောက်သွားကြရာ နွေးထွေးသော မီးရောင်များက အပြင်ဘက်ရှိ အမှောင်ထုကို ဖယ်ရှားပေးနေခဲ့သည်။

​"အစ်ကိုချန်... ခင်ဗျားရဲ့ ပထမဆုံးတာဝန် ရောက်လာပြီ... ဒီတနင်္ဂနွေနေ့မှာ ခင်ဗျားက ခရီးသွား သုံးဆယ်ပါတဲ့ အဖွဲ့တစ်ဖွဲ့ကို ဦးဆောင်ပြီး ချုံကျန်းနန်းသက် ၅ နှစ်ဆီ ခုနစ်ရက်တာ လည်ပတ်ဖို့ သွားရမယ်..."

​ချန်ချင်းက တာဝန်က ဤမျှ မြန်မြန် ရောက်လာလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ချေ။

​သူက ချက်ချင်း ခါးကို မတ်လိုက်ပြီး သူ၏ အမူအရာက လေးနက်သွားကာ ယိမ်းယိုင်မှုမရှိသော ဆုံးဖြတ်ချက်ဖြင့် အာမခံလိုက်၏။ "ဟုတ်ကဲ့... စိတ်မပူပါနဲ့ သူဌေး... ကျွန်တော် ဒီတာဝန်ကို ပြီးမြောက်အောင် လုပ်ဆောင်ပါ့မယ်လို့ အာမခံပါတယ်..."

​ထို့နောက် ကျန်းယဲ့နှင့် ချန်ချင်းတို့ ပခုံးဖက်ကာ ချုံကျန်းနန်းသက် ၅ နှစ်အတွက် ခရီးစဉ် အသေးစိတ်ကို ကနဦး ဆွေးနွေးနေကြချိန်တွင် မမဖန်ကမူ သူမ၏ ကွန်ပျူတာကို အလျင်အမြန် ဖွင့်လိုက်ပြီး ကီးဘုတ်ပေါ်တွင် လျင်မြန်စွာ ရိုက်နှိပ်ကာ တည်းဖြတ်ထားသော ပရိုမိုးရှင်း ဗီဒီယိုများကို ရီယဲ့ ခရီးသွားအေဂျင်စီ၏ တရားဝင် တိုရင်အကောင့်သို့ တင်လိုက်လေပြီ။

အချိန်ခရီးသွားခြင်း - ချုံကျန်းခေတ်သို့ ခုနစ်ရက်တာ ခရီးစဉ် နှင့် အမည်မသိ စူးစမ်းရှာဖွေခြင်း - သားရဲကမ္ဘာသို့ ခုနစ်ရက်တာ စွန့်စားခန်းဟူသော ခေါင်းစဉ်များဖြင့် ဗီဒီယိုနှစ်ခုက အကောင့်၏ စာမျက်နှာပေါ်တွင် တစ်ပြိုင်နက်တည်း ထွက်ပေါ်လာချိန်၌ အသိပေးချက်ကို နှိပ်ထားကြသည့် ဖော်လိုဝါမျမှာ ချက်ချင်း မှင်တက်သွားကြရတော့သည်။

​ဗီဒီယိုတစ်ခုစီ၏ အောက်ခြေရှိ အမှာစာ လက်ခံမည့်အချိန် - ဤတနင်္ဂနွေနေ့ ၁၂:၀၀ နာရီဟူသော စာတန်းက တစ်ထပ်တည်း တူညီနေသည်ကို မြင်လိုက်ရချိန်တွင် သူတို့၏ အံ့သြမှုက အမြင့်ဆုံးသို့ ရောက်ရှိသွားကြသည်။

​【အင်တာနက် အသုံးပြုသူ ၁】 "ဘုရားရေ... ဘာတွေ ဖြစ်ကုန်တာလဲ... ဒါရိုက်တာကျန်းက ခရီးသွား လမ်းကြောင်းနှစ်ခုကို တစ်ပြိုင်နက်တည်း ပြေးဆွဲတော့မလို့လား... သူက ခန္ဓာကိုယ်ကို နှစ်ပိုင်းခွဲပြီး အလုပ်လုပ်တော့မလို့လား... သူ အကုန်လုံးကို ကိုင်တွယ်နိုင်ပါ့မလား..."

​【အင်တာနက် အသုံးပြုသူ ၂】 "ချုံကျန်းနန်းသက် ၅ နှစ်နဲ့ သားရဲကမ္ဘာတဲ့လား... ဒါက အရမ်း ကြီးမားတဲ့ ခုန်ကျော်မှုကြီးပဲ... ဒါရိုက်တာကျန်း လင့်ခ်တင်တာများ မှားသွားလို့လား... လင့်ခ်အပိုတစ်ခု တင်မိသွားတာများလား..."

​【အင်တာနက် အသုံးပြုသူ ၃】 "ငါကတော့ ရဲရဲကြီး ခန့်မှန်းလိုက်ပြီ... ဒါရိုက်တာကျန်းက... ဝန်ထမ်းတွေများ ငှားလိုက်ပြီလား... ဒါမှမဟုတ်ရင် သူက လမ်းကြောင်းနှစ်ခုကို တစ်ပြိုင်နက်တည်း ဘယ်လိုလုပ် အပြေးအလွှား လုပ်နိုင်မှာလဲ.... ဒါက အချိန်ခရီးသွား လုပ်ငန်းစုကြီးကို တည်ထောင်ဖို့ နိဒါန်းပျိုးနေတာများလား..."

​【အင်တာနက် အသုံးပြုသူ ၄】 "အပေါ်က ကွန်းမန့်ကို ထောက်ခံတယ်... သူတို့ သေချာပေါက် လူငှားလိုက်တာပဲ ဖြစ်ရမယ်... အသစ်ရောက်လာတဲ့ ခရီးသွားလမ်းညွှန်က ဘယ်သူလဲ.... ပြီးတော့ သူ့မှာ ဘယ်လောက် အရည်အချင်းရှိလဲဆိုတာကိုပဲ ငါ သိချင်နေပြီ... တကယ်ကို မျှော်လင့်မိပါတယ်..."

​【အင်တာနက် အသုံးပြုသူ ၅】 "ငါတော့ ငိုချင်လာပြီ... ဒီတစ်ခါ တကယ်ကြီး နေရာ ၆၀တောင် ရှိတာပါလား... အသားထက် ဝံပုလွေတွေ ပိုများနေသေးပေမယ့် အရင်ကထက်စာရင် အခွင့်အရေးက အများကြီး ပိုများလာပြီလေ... ဒီတစ်ခါတော့ နေရာတစ်ခုလောက် ရပါစေလို့ ဆုတောင်းပါတယ်..."

​【အင်တာနက် အသုံးပြုသူ ၆】 "ခရီးစဉ် နှစ်ခုတောင်.... အားလုံးပဲ... ငါ ဘယ်တစ်ခုကို ရွေးဝယ်သင့်လဲဟင်..."

​【အင်တာနက် အသုံးပြုသူ ၇】 "အပေါ်ကလူ... မေးခွန်းကောင်းလေးပဲ... ငါ့အထင်တော့ သားရဲကမ္ဘာကို လုဝယ်ရတာ ပိုစိတ်ဝင်စားဖို့ ကောင်းမယ်ထင်တယ်..."

​【အင်တာနက် အသုံးပြုသူ ၈】 "ဟူး... ပိုက်ဆံရှိတဲ့သူတွေကို အားကျလိုက်တာ... ငါ့မှာ အဲဒီလောက် ပိုက်ဆံမရှိလို့ ချုံကျန်းဧကရာဇ်ခရီးစဉ်ကိုပဲ ရွေးလိုက်တော့မယ်... သားရဲကမ္ဘာကို သွားရင် ပိုက်ဆံပြန်ရဖို့ အာမခံချက်မရှိပေမယ့် ချုံကျန်းဧကရာဇ်ဆီ သွားရင်တော့ သေချာပေါက် ပိုက်ဆံရမှာပဲလေ... ဒါကြောင့် အမြန်ချမ်းသာချင်တဲ့သူတွေအတွက် ချုံကျန်းဧကရာဇ်ကို ရွေးတာက သေချာပေါက် အမှန်ကန်ဆုံး ရွေးချယ်မှုပဲ..."

အခန်း ၄၅၅ပြီး၏။

All Chapters