← Chapters

အခန်း ၇၅၁

Vol. 51 Ch. 751

အခန်း ၇၅၁

Vol. 51 Ch. 751

အဓိပတိအင်မော်တယ်သခင် စာစဉ် (၅၁)

ဘာသာပြန်သူ နေဇင်။

အခန်း (၇၅၁) အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်းတစ်ရာ။

နိယာမတစ်ခုခုကို နားလည်ပြီးသည်နှင့် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူ တစ်ဦး ဖြစ်လာရန် အရည်အချင်းများ ရှိလာပါပြီ။

အင်မော်တယ်ဘုရင်များသည် အင်မော်တယ်ကမ္ဘာတစ်ခုလုံးတွင် ထိပ်တန်းအဆင့် ကျွမ်းကျင်သူများထဲတွင် ပါဝင်ခဲ့သည်။ အချို့သော ပျိုးထောင်သူများသည် ၎င်းတို့၏ တစ်သက်တာလုံး အင်မော်တယ်ဘုရင်နယ်မြေထဲသို့ မ၀င်ရောက်နိုင်ဘဲ ပြီးပြည့်စုံသော ဥပဒေတစ်ခုကို နားမလည်နိုင်ကြပေ။

“ငါတို့ကရော နိယာမသစ်သီးကို တိုက်ရိုက် စားသုံးနိုင်လို့လား?” အခန်းနံပါတ် ၂၈ အတွင်းမှာ လျူရန်ယွင်က မေးလိုက်သည်။

ချင်ယွင်က ပြုံးပြီး ပြောသည် “သေချာပေါက် မစားနိုင်ဘူးပေါ့။ မဟုတ်ရင် ရန်ကလန် က ဘာလို့ ဒီနိယာမသစ်သီးကို လေလံတင်ရောင်းချဖို့ ဆန္ဒရှိနေမှာလဲ?။ ဒီ နိယာမ သစ်သီးကို အသုံးဝင်ဖို့အတွက်ဆိုရင် တခြားပစ္စည်းတစ်ခုနဲ့ တချိန်တည်း စားသုံးမှရ တယ်။ ဒီလိုမှမဟုတ်ရင်၊ အကျိုးသက်ရောက်မှု မရှိရုံသာမက၊ နိယာမသစ်သီးမှာ ပါရှိတဲ့ နိယာမစွမ်းအားကြောင့် ဒဏ်ရာများကို ဖျောက်ဖျက်လို့ မရနိုင်တဲ့ တော်ဝင်တာအို ဒဏ်ရာတွေပါ ကျန်ရစ်ခဲ့လိမ့်မယ်”။

“အဲဒီတွဲဖက်ပစ္စည်းက ဘာလဲ ?” ရန်စီချီ ချက်ချင်း မေးလိုက်သည်။

“ ရှေးဟောင်း ဖရိုဖရဲ ရေ” ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

“အဲဒီရှေးဟောင်း ဖရိုဖရဲရေ ဆိုတာကရော ဘာလဲ?” ရန်စီချီက အံ့အားသင့်စွာ ထပ်မေးလိုက်သည်။

“အဲဒီ ရှေးဟောင်း ဖရိုဖရဲရေက အလွန်ထူးခြားတဲ့ စွမ်းအင်အမျိုးအစားတစ်ခု ဖြစ်တယ်။ ၎င်းက နိယာမသစ်သီးကြောင့် ဖြစ်ပေါ်လာတဲ့ ပျက်စီးမှုကို တန်ပြန်နိုင် တယ်။ ဒါပေမယ့်၊ အဲဒီရှေးဟောင်း ဖရိုဖရဲရေကလည်း အလွန် ရှားပါးလွန်းပါတယ်။ အဲဒီ ရှေးဟောင်း ဖရိုဖရဲရေကို ရှာတွေ့ဖို့ကလည်း နိယာမသစ်သီးကို ရှာတွေ့ဖို့လောက် မလွယ်ကူး” ချင်ယွင်က ပြောသည်။

မိန်းကလေးတွေလည်း နားလည် သဘောပေါက်သွားကြပြီး ခေါင်းညိတ်လိုက်ကြသည်။ ရန်ကလန်က နိယာမသစ်သီးကို လေလံတင်ရောင်းချရခြင်း၏ အကြောင်းရင်းမှာ သူတို့လက်ထဲတွင် ရှေးဟောင်း ဖရိုဖရဲရေ မရှိသည့်အတွက် နိယာမသစ်သီးကို မစားသုံးနိုင်ခြင်းကြောင့် ဖြစ်ပါသည်။

နိယာမသစ်သီးသည် သူတို့လက်ထဲတွင် အချိန်အကြာကြီး ရှိနေမည်ဆိုလျှင်၊ ကြိုတင် မှန်းဆ၍ မရသော အရာတစ်ခုခု ဖြစ်လာမည်ကို ကြောက်ရွံ့သဖြင့်၊ သူတို့သည် ၎င်းကို လေလံတင်ရန် ဆုံးဖြတ်ကြခြင်း ဖြစ်သည်။

သို့သော်လည်း၊ အခြားအင်အားစုကြီးများသည် နိယာမသစ်သီးကို ရယူလိုဆဲ ဖြစ်သည်။

နိယာမသစ်သီးကို ရရှိပြီးနောက်၊ သူတို့သည် အနာဂတ်တွင် အင်မော်တယ်ဘုရင် အဆင့် ကျွမ်းကျင်သူတစ်ဦးကို ဖန်တီးနိုင်မည်ဟု သူတို့ ထင်နေခဲ့ကြသည်။

တတိယထပ်၊ နံပါတ် ၃ သီးသန့်အခန်းတွင် ရှောင်လန်သည် နိယာမသစ်သီးကို ကြည့်နေသည်။ သူမ၏ မျက်လုံးတွေက လောင်ကျွမ်းနေသလိုပင်။ သူမ၏ ယခုခရီးစဉ် ၏ ရည်ရွယ်ချက်မှာ အတိအကျ နိယာမသစ်သီးကို ရရှိရန် ဖြစ်သည်။

နံပါတ်လေး သီးသန့်အခန်းထဲတွင် ကျာ့ဖန်းလျှန်၏ မျက်လုံးများသည်လည်း တောက်လောင်နေသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ သူသည်လည်း ဤနိယာမသစ်သီးအတွက် ရောက်ရှိလာခြင်း ဖြစ်ပါသည်။

"ကဲ၊ အခု၊ ဒီနိယာမသစ်သီးရဲ့ လေလံပွဲကို စလိုက်ကြရအောင်ပါ။ စျေးနှုန်းကတော့၊ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၀ သန်းပါရှင်။ အကြိမ်တိုင်းမှာ၊ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁ သန်းထက် ဈေးမနည်းရပါဘူး။" ရန်ရှာက ပြောသည်။

“အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းဆယ်သန်းလား?။ အကြိမ်တိုင်းမှာ တစ်သန်းထက် မနည်းရဘူးလား?”။

သာမာန် ထိုင်ခုံများမှ လေလံဆွဲသူများသည် ထိုစျေးနှုန်းကို ကြားသောအခါ၊ အေးစက်သော လေကို တစ်ချက်ချင်း ရှုရှိုက်လိုက်မိကြသည်။ သူတို့သည် နိယာမသစ်သီးအတွက် လောဘတက်ကြသော်လည်း အစပြုသော စျေးနှုန်းကြောင့် စိတ်ဓာတ်ကျစေသည်။

သာမန်ထိုင်ခုံများရှိ လေလံဆွဲသူများသာမက၊ ဒုတိယထပ်ရှိ VIP သီးသန့်းအခန်းများ အတွင်းရှိ လူအများပြားလည်း ခေါင်းယမ်းနေကြပါသည်။ သူတို့လက်ထဲမှာ ရှိနေသည့် အင်မော်တယ် ကျောက်စိမ်းများသည် အစပေါက်ဈေး အနေဖြင့်သာ ပေးလို့ရပြီး တစ်ကြိမ်တောင် စျေးမတိုးမြှင့်နိုင်ပါဘူး။

ထို့ပြင်၊ သူတို့သည် ဤနိယာမသစ်သီးကို ဝယ်နိုင်လျှင်ပင်၊ ချက်ချင်း စားသုံးနိုင်မည် မဟုတ်သောကြောင့် လေလံဆွဲရန် စိတ်ကူးကို အမြန် ပယ်ချလိုက်ကြသည်။

ချင်ယွင်သည် သီးသန့်ခန်းထဲတွင် ထိုင်နေပြီး သူလည်း အလားတူ စိတ်နှလုံး ကင်းမဲ့နေသလို စွမ်းအားလည်း မဲ့နေပါသည်။

သူ့ဆီမှာ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သန်းသာ ရှိပါသည်။ ရန်စီချီ၏ မျက်လုံးများတွင် လောင်ကျွမ်းနေသော အကြည့်များကို သဘာဝကျကျ သူ မြင်လိုက် ရပြီး၊ သူသည် ရန်စီချီအတွက် ဤနိယာမသစ်သီးကို ဝယ်ယူချင်သည်။ သို့သော် သူ့မှာရှိနေသည့် အင်မော်တယ် ကျောက်စိမ်းများက အလွန် နည်းပါးလွန်းသည်။

ရန်စီချီသည် နုံအပြီး တက်ကြွသူတစ်ဦး ဖြစ်သော်လည်း သူမ၏ စိတ်နေသဘောထား သည် အလွန်သိမ်မွေ့နေဆဲ ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် သူမအတွက် အပြစ်ရှိ သည်ဟု မခံစားမိစေရန် သူမသည် နိယာမသစ်သီးကို တိုက်ရိုက် မကြည့်တော့ဘဲ စိတ်မဝင်စားဟန် အမူအရာဖြင့် ကြည့်နေလေသည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့၊ ချင်ယွင်သည် သူ၏ရင်ထဲမှာ ပို၍ပင် နာကျင်မူကို ခံစားခဲ့ရသည် ။

“အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ဆယ်သန်း”

ဤအခိုက်အတန့်တွင် တစ်စုံတစ်ယောက်သည် လေလံဆွဲရန် ပါးစပ်ကို စတင်ဖွင့်လိုက် ပါပြီ။ အသံသည် တတိယထပ်ရှိ အခန်းနံပါတ် ၈ မှ ထွက်ပေါ်လာခြင်း ဖြစ်ပါသည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၁ သန်း" ရှောင်လန်က ကမ်းလှမ်းရန် အတွက် သူမပါးစပ်ကို တိုက်ရိုက် ဖွင့်လိုက်ပါသည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၅ သန်း” ကျာ့ဖန်းလျှန်က လွှမ်းမိုးကြီးစိုးနိုင် သော အသံဖြင့် ပြောလိုက်သည်။

လူတိုင်းသည် ထိတ်လန့်စွာ အော်ဟစ်မိကြသည်။ ကျာ့ဖန်းလျှန်သည် အမှန်တကယ်ပင် သူ၏ ကြွယ်ဝမှုကြောင့် ကျော်ကြားသူ ဖြစ်ပါသည်။ အခြားသူများ၏ စျေးနှုန်း တိုးမြှင့်မှုသည် အင်မော်တယ် ကျောက်စိမ်း ၁၁ သန်း ဖြစ်သည်။ သူသည် ကြယ်ဝသူ ဖြစ်သည့်အတိုင်းပင်၊ အသက်ရူချိန် တစ်ချက်အတွင်းမှာ စျေးနှုန်းကို အင်မော်တယ် ကျောက်စိမ်း ၃ သန်းအထိ တိုက်ရိုက် တိုးမြှင့်လိုက်ပါသည်။

ဤဈေးနှုန်းကို အခန်းနံပါတ် ၈ မှ ထိုလူကြားသောအခါ၊ သူသည် ခေါင်းယမ်းပြီး၊ လက်လျှော့လိုက်ကြသည်။ သူသည် ဆက်လက်ယှဉ်ပြိုင်ရန် မတတ်နိုင်တော့ပေ။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၁၆ သန်း" ရှောင်လန်က ပြတ်သားစွာ ပြောသည်။

သူမ၏ နောက်ဆုံးအကန့်သတ်က သန်း ၃၀ ဖြစ်သည်။ သန်း ၃၀ ထက် မကျော်လွန် သရွေ့၊ နိယာမသစ်သီးကို ရနိုင်လိမ့်မည်ဟု သူမ ယုံကြည်ထားသည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်းနှစ်ဆယ်” ကျာ့ဖန်းလျှန်က လွှမ်းမိုးနိုင်သည့် အသံဖြင့် ပြောလိုက်သည်။

ရှောင်လန်၏ အကန့်သတ် စျေးနှုန်းသည် သန်း ၂၀ မှ သန်း ၃၀ ဝန်းကျင် ဖြစ်မည်ဟု သူသည် ခန့်မှန်းထားပြီး ဖြစ်သည်။ သူ၏ အကန့်သတ် စျေးနှုန်းက သန်း ၄၀ ဖြစ်သည်။ ထို့ကြောင့်၊ သူသည် ရှောင်လန်ကို လုံးဝ လျစ်လျူရှုထားသည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၂၁ သန်း” ရှောင်လန်က ထပ်ပြီး ကမ်းလှမ်း လိုက်ပြန်သည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်း ၃၀” ကျာ့ဖန်းလျှန်က တိုက်ရိုက် ပြောသည်။

ကျာ့ဖန်းလျှန်၏ စျေးနှုန်းကို ကြားသောအခါ၊ ရှောင်လန်သည် မျက်မှောင် ကြုတ်လိုက် မိသည်။

ကျာ့ဖန်းလျှန်သည် အမှန်တကယ် အင်မော်တယ် ကျောက်စိမ်းများစွာ ရှိနေလိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။ ထို့အပြင်၊ သူသည် သူမ၏ အကန့်သတ် စျေးနှုန်းကိုပင် တိုက်ရိုက် အော်ခေါ်ခဲ့သည်။

"သခင်မလေး၊ ကြည့်ရတာ၊ ဒီတစ်ကြိမ်မှာ ကျာ့ကလန်က တကယ်ပဲ ပြင်ဆင်လာပုံ ရတယ်။ ကျာ့ဖန်းလျှန်ဟာ အစကတည်းက မာနကြီးနေတာ အံ့သြစရာတော့ မဟုတ်ဘူး။ သခင်မလေး၊ ဒီတစ်ခါတော့ နိယာမသစ်သီးဟာ ကျာ့ကလန်ရဲ့လက်ထဲ ကျရောက်သွားမှာကို ကျွန်တော် စိုးကြောက်မိတယ်။” ဆံပင်ဖြူ အဘိုးကြီးက သက်ပြင်းချပြီး ပြောလိုက်သည်။

"မဟုတ်ဘူး၊ ဒီနိယာမသစ်သီးက ကျာ့ကလန်ရဲ့ လက်ထဲ မပါမခံနိုင်ဘူး။ ကျွန်မတို့မှာ မျှော်လင့်ချက် ရှိပါသေးတယ်" ရှောင်လန်၏ မျက်လုံးများတွင် မလိုလားသည့် ပြင်းထန်သော ခံစားချက်က ပေါ်လွင်နေသည်။

"သခင်မလေး၊ သခင်မလေး ဘာကို ဆိုလိုတာလဲ?” ဆံပင်ဖြူ အဖိုးအိုက ရှောင်လန်ကို အံ့အားသင့်စွာ ကြည့်လိုက်သည်။

"အကြီးအကဲဖန်၊ အင်မော်တယ်ဖီးနစ်ခန်းမရဲ့ ချွေရှန်းကို သွားရှာလိုက်ပါ။ သူမက လေလံဆွဲရာမှာ မပါဝင်တာကြောင့် သူမလက်ထဲမှာ အင်မော်တယ် ကျောက်စိမ်း အနည်းနဲ့အများတော့ ရှိရမယ်။ သူမဆီကနေ အင်မော်တယ် ကျောက်စိမ်းတွေ ရရှိနိုင် သရွေ့၊ ကျွန်မတို့က ကျာ့ကလန်ကို မယှဉ်နိုင်ဘူးလို့ ကျွန်မ မယုံဘူး" ရှောင်လန်က အခိုင်အမာ ပြောလိုက်သည်။

"ဟုတ်​ကဲ့ပါ။ ဒီလူအိုကြီးက အခုပဲ သွားလိုက်ပါ့မယ်​" ဆံပင်ဖြူ အဖိုးအိုက ကမန်းကတန်း သဘောတူလိုက်သည်။

ထိုစကားကို ပြောပြီးနောက်၊ သူသည် ထွက်သွား၏။ သို့သော်လည်း၊ သိပ်မကြာခင်မှာ၊ ဆံပင်ဖြူ အဘိုးကြီး ပြန်ရောက်လာခဲ့သည်။

"အခြေအနေ ဘယ်လိုလဲ?” ရှောင်လန်က ကမန်းကတန်း မေးလိုက်သည်။

ဆံပင်ဖြူ အဘိုးအိုက ခေါင်းခါပြီး ပြောသည် “သခင်မလေး၊ မိန်းကလေး ချွေရှန်းက လေလံပွဲကနေ စောစောစီးစီး ထွက်သွားခဲ့ပြီ။ ဒါပေမယ့် သူမက သခင်မလေးအတွက် စာချွန်လွှာတစ်ခု ချန်ထားခဲ့တယ်" ။

"ဘာ စာချွန်လွှာလဲ?” ရှောင်လန်သည် ဆံပင်ဖြူ အဘိုးကြီးထံမှ စာရွက်တိုလေးကို အမြန် ယူလိုက်သည်။ သို့သော်၊ စာရွက်ပေါ်ရှိ စာကြောင်းကို သူမ မြင်သောအခါ၊ သူမ၏ အမူအရာသည် ချက်ချင်းပင် အလွန်မင်း ရှက်ရွံ့သွားခဲ့သည်။

စာချွန်လွှာပေါ်တွင် ရေးထားသည်မှာ "အင်မော်တယ် ကျောက်စိမ်း လိုချင်တာလား? အိပ်မက်မက်နေလိုက်"ဟူ၏။

ရှောင်လန်သည် သူမ၏ လက်ဖဝါးကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်ပြီး ထိုစာချွန်လွှာသည် ချက်ချင်းပင် ပြာဖြစ်သွားသည်။ သူမသည် ချွေရှန်းကို မည်သည့် နေရာတွင် စော်ကားမိခဲ့သည်ကို သူမ မသိနိုင်ဖြစ်နေသည်။ ချွေရှန်းသည် သူမကို လှောင်ပြောင်ရန်အတွက် အမှန်တကယ်ပင် စာချွန်လွှာတစ်ခု ချန်ထားခဲ့သည်။

ရှောင်လန်သည် သူမ၏ လက်ထဲမှ စာချွန်လွှာကြောင့် ဒေါသနှင့်အတူ မျက်နှာ ဖြူဖပ် ဖြူရော် ဖြစ်နေသည့်အချိန်မှာ၊ ချင်ယွင်၏ သီးသန့်အခန်းတံခါးမှ တံခါးခေါက်သံ ထွက်ပေါ်လာသည်။

ချင်ယွင်က အမျိုးသမီးလေးယောက်ကို အင်မော်တယ်ဘုရင်၏ စံအိမ်ထဲကို အမြန် ခေါ်ထည့်လိုက်ပြီး တံခါးကိုဖွင့်ဖို့ လျှောက်လှမ်းလိုက်ပါသည်။

သို့သော် ဝင်ရောက်လာသူမှာ သူ တစ်ခါမှ မမြင်ဖူးသော အမျိုးသမီးတစ်ဦး ဖြစ်ပါသည်။ ဤအမျိုးသမီး၏ ရုပ်ရည်အသွင်အပြင်က တော်တော်လေး လှပသည်။ အမျိုးသမီးက ချင်ယွင်ကို မြင်မြင်ချင်းမှာပင် သူမက ပြောသည် "သခင်လေး၊ ကျွန်မရဲ့သခင်က ဒီဟာကို သခင်လေးကို ပေးဖို့အတွက် ကျွန်မဆီကို အပ်သွားခဲ့တယ်။ သခင်လေး လိုချင်တာ အသုံးပြုနိုင်တယ်လို့ သူမက မှာခဲ့ပါတယ်”။

ထိုစကာကို ပြောပြီးနောက် အမျိုးသမီးသည် ချင်ယွင်အား သိုလှောင်လက်စွပ် တစ်ကွင်းပေးကာ နောက်ပြန် လှည့်မကြည့်ဘဲ ထွက်သွားခဲ့သည်။

ချင်ယွင်သည် အမျိုးသမီး၏ နောက်ကျောကို အံ့အားသင့်စွာ ကြည့်လိုက်ပြီး သူ၏ မျက်နှာပေါ်တွင် စိတ်ရှုပ်ထွေးနေသော အမူအရာ ရှိနေပါသည်။ သို့သော်၊ သူသည် သူ၏ အင်မော်တယ်စိတ်အာရုံကို ထိုသိုလှောင်လက်စွပ်ထဲသို့ ထိုးဖောက် ဝင်ရောက် ကြည့်လိုက်သည့်အခါ သူသည် အံ့အားသင့်သွားခဲ့ရသည်။

"၁၀၀ ... အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်း တစ်ရာလား?” ချင်ယွင်သည် သူ၏လက်ထဲမှ သိုလှောင်လက်စွပ်ကို အံ့အားသင့်စွာ ကြည့်နေမိသည်။

ထိုအချိန်တွင်၊ ဤသိုလှောင်လက်စွပ်ထဲတွင် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်း ၁၀၀ ရှိနေပါသည်။

All Chapters