← Chapters

အခန်း ၇၅၂

Vol. 51 Ch. 752

အခန်း ၇၅၂

Vol. 51 Ch. 752

အခန်း (၇၅၂) ဒေါသထွက်သွားသော ကျာ့ဖန်းလျှန်။

"ငါ့အတွက် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်းတစ်ရာ ပေးသွားတာလား?။ ဒီလူက ဘယ်သူဖြစ်မလဲ?။ ငါ့ကို ဖိတ်စာကတ် ပေးဖို့ ရှောင်ကလန်ကို တောင်းဆိုခဲ့တဲ့ လူများ ဖြစ်နေမလား?” ချင်ယွင်သည် သူ၏လက်ထဲမှ သိုလှောင်လက်စွပ်ကို ကြည့်ပြီး သူ၏စိတ်ထဲမှာ မှန်းဆလိုက်သည်။

ချင်ယွင်သည် အချိန်အတော်ကြာအောင် တွေးတောနေသော်လည်း၊ ယခုလေးတင်၊ လာရောက်စကားပြောသော အစေခံမိန်းကလေးသည် မည်သူဖြစ်မှန်း သူ မသိပါဘူး။

"မေ့လိုက်ပါ၊ ငါ့မှာ အင်မော်တယ် ကျောက်စိမ်းတွေ ရှိနေမှတော့ ဒီသစ်သီးကို ငါ အရယူရမယ်။ ဟမ့်၊ ကျာ့ဖန်းလျှန်၊ မင်းက သိပ်မောက်မာတယ် မဟုတ်လား။ ဒါဆိုလည်း၊ မင်းလက်ထဲမှာရှိတဲ့ အင်မော်တယ် ကျောက်စိမ်းတွေက ပိုများသလား?။ ဒါမှမဟုတ်၊ ငါ့လက်မှာရှိတဲ့ ကျောက်စိမ်းတွေက ပိုများသလားဆိုတာ ငါ ကြည့်ချင်မိ တယ်”။ ချင်ယွင်၏ နှုတ်ခမ်းစွန်းများသည် ပြင်းထန်သော လှောင်ပြောင်မှု တစ်ခုအဖြစ် တွန့်ကွေးသွားသည်။

ယခင်က ကျာ့ဖန်းလျှန်သည် အလွန်မြင့်မားသော စျေးနှုန်းဖြင့် စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးလုံးကို လုယူသွားခဲ့သည်။ ယခု၊ သူသည် ကျာ့ဖန်းလျှန်ကို တူညီသော နည်းလမ်းဖြင့် ညှဉ်းပန်းနှိပ်စက်လိုပြီး၊ စိတ်ဝင်စားမှုအချို့ကို ပြန်လည်ရရှိရန် ဆင်ခြေတစ်ခုအဖြစ် မှတ်ယူနိုင်သည်။

ကျာ့ဖန်းလျှန်သည် သူ၏မျက်နှာပေါ်တွင် မထီမဲ့မြင်ပြုသော အပြုံးဖြင့် သီးသန့် အခန်း၏ ပျော့ပျောင်းသော ဆိုဖာပေါ်တွင် လဲလျောင်းနေသည်။

"ဟမ့်၊ ရှောင်လန်၊ မင်း လေလံဆွဲတာ ဒီလောက်ကြီးလည်း အချိန်မကြာသေးပါဘူး။ မင်းလက်ထဲမှာ အင်မော်တယ် ကျောက်စိမ်းတွေ မကျန်တော့မှာ ငါ စိုးရိမ်မိတယ်။ ဒါပေမယ့်၊ မင်း စိတ်မပူပါနဲ့။ ငါ့ရဲ့ကျာ့ကလန်က ကလန်ကြီးသုံးခုရဲ့ ခေါင်းဆောင် ဖြစ်လာရင်၊ မင်းဆိုတဲ့ ရှောင်လန်လေးကို ငါ့ရှေ့မှာ သေချာပေါက် လာအိပ်ခွင့် ပြုပါ့ မယ်။ အဲဒီအချိန်ရောက်ရင်၊ မင်း ဘယ်လောက် မောက်မာနိုင်မလဲဆိုတာ ငါ ကြည့်ဦး မယ်။” ကျာ့ဖန်းလျှန်က ရယ်မောလိုက်ပြီး သူ၏မျက်လုံးတွေထဲ တပ်မက်မှု အပြည့် ရှိနေသည်။

ရန်ကလန်မှ ရန်ရှာ နှင့် ရှောင်ကလန်မှ ရှောင်လန်တို့သည် သူကျာ့ဖန်းလျှန် အမြဲတမ်း လိုချင်တပ်မက်ခဲ့ရသော အမျိုးသမီးနှစ်ဦး ဖြစ်သော်လည်း၊ သူသည် မည်သည့်အခါမှ အခွင့်အရေး မရခဲ့ပေ။

ယခုအချိန်မှာတော့ မျှော်လင့်ချက်က သူ၏ရှေ့မှာ ရှိနေပါပြီ။ သူသည် နိယာမ သစ်သီးကို အမိအရဆုပ်ကိုင်ပြီး ရှေးဟောင်း ဖရိုဖရဲရေကို ရှာဖွေနိုင်သည်နှင့်၊ သူ၏ ကျာ့ကလန်သည် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်သူတစ်ဦးကို မွေးဖွားပေးမည် ဖြစ်သည်။ ထိုအချိန်တွင်၊ သူသည် မျိုးနွယ်စုကြီးသုံးခုကို ပေါင်းစည်းနိုင်လိမ့်မည်မှာ သေချာပါသည်။ ထိုအချိန်တွင်၊ ရန်ရှာ နှင့် ရှောင်ကလန်တို့သည် သူနှင့်အတူ ကစားရန် နောက်ကျန်ရစ်မည် မဟုတ်တော့ချေ။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်းသုံးဆယ်။ အခန်းနံပါတ်လေးမှ ဧည့်သည်တော်က အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်းသုံးဆယ် ပေးထားပါတယ်။ နောက်ထပ် ဈေးနှုန်း တိုးမြှင့်ပေးနိုင်သူ ရှိပါသေးလားရှင်။" ယန်ရှာက အပြုံးနှင့်အတူ ဆက်မေးသည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သုံးဆယ့်တစ်သန်း"

သို့သော် ဤအခိုက်အတန့်တွင် လူတိုင်း၏နားထဲသို့ စူးစူးရှရှ အသံတစ်ခုက ဝင်ရောက် လာခဲ့သည်။

အားလုံးလည်း တခဏတာ အံ့အားသင့်သွားကြပြီး၊ အသံ၏ ဦးတည်ရာအရပ်ဆီကို ကြည့်လိုက်ကြသည်.

အခန်းနံပါတ် ၂၈ ကလား?။

လူအုပ်ကြီးသည် အခန်းနံပါတ် ၂၈ မှ တောက်ပနေသော အစီအရင်ဝင်္ကပါကို မြင်သောအခါ၊ သူတို့၏ မျက်နှာတွေပေါ်မှာ အလွန်အံ့သြသွားသည့် အမူအရာတွေ ဖြစ်ပေါ်လာကြပါသည်။

"ဒီကောင်က ရည်ရွယ်ချက်ရှိရှိနဲ့ ပြဿနာရှာနေတာ မဟုတ်လား?။

"ငါတော့ အဲဒီလို ထင်တာပဲ။ ကျာ့ဖန်းလျှန်က သူ့ဆီကနေ စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးကို စောစောလေးက လုယူသွားခဲ့တယ်။ အဲဒါကြောင့်၊ သူက ကျာ့ကလန်ရဲ့ သခင်လေးကို တမင်တကာ ဒေါသဖြစ်အောင် လုပ်နေတာ ဖြစ်ရမယ်”။

"တကယ်လို့၊ သူက တမင်တကာ အရှုပ်အထွေးအောင် လုပ်တယ်ဆိုရင်၊ လေလံအိမ်က သူ့ကို ပြင်းပြင်းထန်ထန် အပြစ်ပေးမယ်ဆိုတာကို သူ မသိဘူးလား?။ ဒါက သူ့အသက် ကိုတောင် အလွယ်တကူ ဆုံးရှုံးသွားနိုင်တယ်လေ”။

ကွင်းပြင်တစ်ခုလုံး ချက်ချင်းဆိုသလို တီးတိုးပြောသံတွေ ထွက်ပေါ်စ ပြုလာသည်။

ချင်ယွင်သည် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၃၁ သန်းကို လုံးဝ မတတ်နိုင်ဟု လူတိုင်းက ထင်နေခဲ့ကြသည်။ ယင်းအစား၊ သူသည် ထိုလေလံဈေးကို ကြုံရာကျပန်း ပြောနေခြင်းဖြစ်သည်။

"ဟမ့်၊ ကြည့်ရတာ၊ ဒီလူက လုံးဝ ဦးနှောက် မရှိတဲ့ပုံပဲ၊ သူက နည်းနည်းလေးမှ အသုံးမ၀င်ဘူး။ သူ့ကို အသုံးချတာက ငါတို့ ရှောင်ကလန်ကို အမှန်တကယ် ထိခိုက် စေလိမ့်မယ်။" ရှောင်လန် သည် အခန်းနံပါတ် ၃ အခန်းထဲတွင် အေးစက်စွာ အော်ဟစ် ပြောလိုက်သည်။

ဤအခြေအနေကို သူ၏အမြင်အရဆို၊ ဤမဆင်မခြင် ကမ်းလှမ်းမှုမျိုးသည် အလွန် ဦးနှောက်မရှိသော အပြုအမူတစ်ခု ဖြစ်ကြောင်း ထင်ရှားပါသည်။

ပစ္စည်းကို လေလံတင်ပြီးသည်နှင့် သက်ဆိုင်ရာ အင်မော်တယ် ကျောက်စိမ်းများကို လွှဲပြောင်းပေးအပ်ရန် ပျက်ကွက်ခဲ့မည်ဆိုလျှင်၊ တမင်တကာ နှောင့်ယှက်ပေးခြင်းဟု မှတ်ယူမည်ဖြစ်ပြီး၊ လေလံအိမ်၏ အမိန့်ကို နှောင့်ယှက်ခြင်းသည် ရလာဒ်တစ်ခုသာ ထွက်ပေါ်လာမည် ဖြစ်သည်။ ၎င်းသည် သေဆုံးခြင်း ဖြစ်ပါသည်။

ကျာ့ဖန်းလျှန်သည် သူ၏ ကမ်းလှမ်းချက်ကို စွန့်လွှတ်လိုက်သည်နှင့်၊ အခန်းနံပါတ် ၂၈ ထဲမှာ လူသည် သေဆုံးသွားရလိမ့်မည်။

ကျာ့ဖန်းလျှန်လည်း ဒေါသအကြီးအကျယ် ထွက်နေသည်။

ယခုလေးတင်၊ သူသည် တစ်စုံတစ်ယောက်၏ ကမ်းလှမ်းမှုကို ရုတ်တရက် ကြားလိုက်သည်နှင့်၊ ထိုအသံက တခြားအင်အားစုတစ်ခုကဟု ထင်သွားခဲ့သည်။ အစောပိုင်းက သူနှင့်ပဋိပက္ခဖြစ်ခဲ့သည့် အခန်းနံပါတ် ၂၈ မှ ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပါဘူး။ ယင်းက သူ့ကို ချက်ချင်း ဒေါသထွက်စေခဲ့သည်။

"မင်းရဲ့ လေလံအိမ်က ဘာဖြစ်နေတာလဲ?။ တစ်ယောက်ယောက်က ဒီမှာလာပြီး၊ တမင်တကာ ပြဿနာရှာနေတယ်။ မင်းတို့ ဂရုမစိုက်ဘူးလို့တော့ ငါ့ကို မပြောနဲ့" ကျာ့ဖန်းလျှန်သည် ဈေးနှုန်းကို ထပ်မံ အော်ပြောပြီး တိုးမြှင့်ပေးလောက်သည်အထိ မတုံးအပေ။ ယင်းအစား၊ သူသည် ခလုတ်ကို နှိပ်လိုက်ပြီး ကျယ်လောင်စွာ အော်ပြော လိုက်သည်။

ကျာ့ဖန်းလျှန်၏ အော်ဟစ်သံသည် လေလံအိမ်တစ်ခုလုံးကို တုန်လှုပ်စေခဲ့သည်။

"မင်းကတော့ လေလံဆွဲပိုင်ခွင့်ရှိပြီး၊ ငါ့ကျမှ ဘာလို့ တမင်တကာ ပြဿနာရှာနေတယ် လို့ ပြောရတာလဲ? " ချင်ယွင်က ချက်ချင်းပင် ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။

"ဟမ့်၊ မင်းက အင်မော်တယ် ကျောက်စိမ်းတွေ အများကြီး ထုတ်ပြနိုင်တယ်ဆိုရင်၊ သဘာဝအတိုင်း ဘာပြဿနာမှ ဖြစ်မှာ မဟုတ်ဘူး၊ ဒါပေမယ့်၊ တကယ်လို့၊ မင်း မထုတ်ပြနိုင်ဘူးဆိုရင် မင်းက တမင်တကာ ပြဿနာရှာနေတာပဲ" ကျာ့ဖန်းလျှန်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏လေသံက ပြင်းထန်သော အမျက်ဒေါသနှင့် ပြည့်နေသည်။

ကျာ့ဖန်းလျှန်၏ အမြင်အရဆို၊ ယခင်က သူ့ထံမှ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို အဆင့်မြင့် အင်မော်တယ်ကျောက်စိမ်း တစ်သန်းဖြင့် လုယူနိုင်ခြင်းမရှိသော လူတစ်ယောက်သည် အင်မော်တယ် ကျောက်စိမ်း ၃၁ သန်းကို မည်သို့ တတ်နိုင် မည်နည်း?။

“ငါ အင်မော်တယ် ကျောက်စိမ်း ထုတ်ပြနိုင်ခြင်း ရှိမရှိကိစ္စနဲ့ ပတ်သက်ပြီး၊ မင်း စိုးရိမ်နေစရာ ဘာမှ မလိုအပ်ဘူး။ တကယ်လို့၊ မင်းအနေနဲ့ ဒီနိယာမသစ်သီးကို ဝယ်ယူချင်တယ်ဆိုရင်တော့ လေလံဆွဲလိုက်ပါ။” ချင်ယွင်၏ အေးစက်စက် အသံက ထပ်မံ ထွက်ပေါ်လာသည်။

“သူက အင်မော်တယ် ကျောက်စိမ်း အမြောက်အမြားကို တကယ် တတ်နိုင်ခြင်း ရှိမရှိ၊ လေလံအိမ်ကို စစ်ဆေးပေးဖို့ ကျွန်တော် တိုက်တွန်းချင်ပါတယ်။” ကျာ့ဖန်းလျှန်သည် ဒေါသတကြီး အော်ပြောလိုက်ဆဲ ဖြစ်သည်။

ရန်ရှာလည်း မျက်မှောင်ကြုတ်သွားသည်။ အမှန်တကယ်တော့၊ အခန်းနံပါတ် ၂၈ မှ ဧည့်သည်တော်သည် ယခုလောက်များပြားသည့် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတွေကို မတတ်နိုင်ဟု သူမလည်း ခံစားမိနေသည်။ အကယ်၍၊ ဤအတိုင်း သာ ဆက်သွားနေမည်ဆိုလျှင်၊ ဤနောက်ဆုံး လေလံပွဲသည် ဤလူကြောင့် ပျက်ဆီးသွားမည့် အခွင့်အလမ်း ရှိသွားနိုင်ပါသည်။ ထို့ကြောင့်၊ သူမသည် ပြုံးပြီး အခန်းနံပါတ် ၂၈ ရှိသည့် အရပ်ကို မော့ကြည့်ရင်း ပြောလိုက်သည် " အခန်းနံပါတ် ၂၈ က ဧည့်သည်တော်ရှင်၊ အခန်းနံပါတ် ၄ က ဧည့်သည်တော်ရဲ့ သံသယတွေက ပြင်းပြ လွန်းနေတာကြောင့်၊ ကျွန်မတို့ လေလံအိမ်ရဲ့ စည်းမျဉ်းစည်းကမ်းအရ၊ ဧည့်သည်တော်ရဲ့ ပိုင်ဆိုင်ဉစ္စာကို ကျွန်မတို့အနေနဲ့ အရင်ဆုံး စုံစမ်းဖို့ လိုနေပါပြီရှင်။ ဒါပေမယ့်၊ စိတ်မပူပါနဲ့ရှင်။ ကျွန်မတို့က စုံစမ်းစစ်ဆေးကြည့်ဖို့ ကျွန်မတို့ရဲ့လူတွေကို ဧည့်သည်တော်ရဲ့ အခန်းနံပါတ်ဆီ လွှတ်လိုက်ပါ့မယ်။ ဧည့်သည်တော်နဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို လုံးဝ ထုတ်ဖော်ပြောမှာ မဟုတ်ဘူး”။

"ကောင်းပြီလေ၊ ဒါဆိုလည်း မိန်းမလှလေး ရန်ကို မျက်နှာသာအချို့ ပေးလိုက်ပါ့မယ်။ စုံစမ်းစစ်ဆေးကြည့်ဖို့ တစ်စုံတစ်ယောက်ကို စေလွှတ်လိုက်ပါ။" ချင်ယွင်က ပြောသည်။

တကယ်တော့၊ ဤအရာသည် သူ၏မျှော်လင့်ချက်ထဲတွင် ရှိနေပြီးသား ဖြစ်သည်။ ယခု သူသည် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတုံး သန်း ၁၀၀ ရှိနေပြီး ဖြစ်ကာ၊ သူသည် အစမ်းသပ်ခံရမည်ကို မည်သို့ ကြောက်ရွံ့နေမည်နည်း?။

"နားလည်ပေးလို့ ကျေးဇူးတင်ပါတယ်ရှင်”.. ရန်ရှာက ပြုံးပြုံးလေး ပြောလိုက်သည် ။

ထိုသို့ပြောပြီးနောက်၊ အချိန်အတော်ကြာကတည်းက အမိန့်ကို စောင့်ဆိုင်းနေသော အဝေးရှိ အစောင့်အကြပ်တစ်ဦးအား အချက်ပြလိုက်သည်။ အလျင်အမြန်ဖြင့်၊ ထိုအစောင့်ကြပ်သည် ပြန်ရောက်လာပြီး ရန်ရှာထံ သတင်းပေးပို့ပြီး သူမြင်ခဲ့ရသည့် အရာကို ပြောပြပါသည်။

ရန်ရှာသည် ထိုသတင်းစကားကို ကြားပြီးနောက် သူမ၏မျက်နှာသည် အံ့အားသင့်သွား သည့် အမူအရာကို ချက်ချင်း ထုတ်ဖော်ပြသည်။ သူမသည် အခန်းနံပါတ် ၂၈ ဆီသို့ ရည်ရွယ်ချက်ရှိရှိ သို့မဟုတ် မရည်ရွယ်ဘဲ တစ်ချက်ကြည့်လိုက်သည်။

"ကျွန်မတို့ လေလံအိမ်က စစ်ဆေးပြီးတဲ့နောက်၊ အခန်းနံပါတ် ၂၈ ဧည့်သည်တော်ဟာ လေလံဆွဲဖို့ အရည်အချင်းမျာရှိသည်။" ရန်ရှာ က ပြောသည်။

"ဘာ....” စင်မြင့်အောက်မှ လူတိုင်းသည် အံ့အားသင့်သည့် အမူအရာတွေကို ထုတ်ဖော် လာကြပါသည်။

ဤအခန်းနံပါတ် ၂၈ မှ ဧည့်သည်သည် အင်မော်တယ် ကျောက်စိမ်း အများပြားကို အမှန်တကယ် တတ်နိုင်ခဲ့သည်။ သို့ဆိုလျှင်၊ သူသည် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သန်းကြောင့် ကျာ့ဖန်းလျှန်ကို အဘယ်ကြောင့် အရှုံးပေးခဲ့ရသ နည်း?။

"စိတ်ဝင်စားဖို့ ကောင်းတယ်။ ဒီလေလံပွဲက ပိုပိုပြီး စိတ်ဝင်စားစရာ ကောင်းလာပုံ ရတယ်။" တစ္ဆေအိုကြီးမုရုံသည် ပျော့ပျောင်းသော ထိုင်ခုံပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေရင်း၊ သူ၏ပါးစပ်ထောင့်စွန်းမှ ကစားပွဲကို စောင့်ကြည့်နေဟန် အပြုံးမျိုး ဖြစ်ပေါ်နေသည်။

သေချာသည်မှာ၊ ရှောင်လန်လည်း ထိတ်လန့် တုန်လှုပ်သွားခဲ့သည်။ အခန်းနံပါတ် ၂၈ မှ ဧည့်သည်သည် ဤမျှလောက်များပြားသော အင်မော်တယ် ကျောက်စိမ်းများကို အမှန်တကယ် တတ်နိုင်လိမ့်မည်ဟု သူမ မထင်ထားခဲ့ပေ။

"တကယ်ပဲ သူမ ဖြစ်နိုင်မလား?”။

ရုတ်တရက် သူမ တစ်ခုခုကို တွေးနေပုံရသည်။ သူမ မျက်လုံးထဲတွင် မယုံနိုင်သည့် အမူအရာများဖြင့် အခန်းနံပါတ် ၂၈ ဆီသို့ ရုတ်တရက် ကြည့်လိုက်မိသည်။

ကျာ့ဖန်းလျှန်၏ မျက်နှာသည် ထိတ်လန့်မှုနှင့် ဒေါသထွက်နေသည့် အမူအရာက ထင်ရှားနေသည်။ သူသည် သူ၏ဘေးနားက အစေခံအမျိုးသမီးတစ်ယောက်ကို ပါးရိုက်ပြီး လွှင့်ထွက်သွားစေသည်။ သူ၏မျက်လုံးများသည် ပြင်းထန်သော အမျက်ဒေါသဖြင့် ပြည့်နှက်နေသည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၃၂ သန်း” ကျာ့ဖန်းလျှန်က သူ၏လက်က ခလုတ်ကို နှိပ်လိုက်ပြီး အော်ဟစ်လိုက်သည်။ သူ၏လေသံအရ ပြန်ထန်သော အမျက်ဒေါသကို ဖိနှိပ်ထားပုံရသည်။

ကျာ့ဖန်းလျှန်၏ ဒေါသတကြီး အော်ဟစ်သံကို ကြားလျှင်၊ ချင်ယွင်သည် သူ၏ ရည်ရွယ်ချက် အောင်မြင်ပြီဖြစ်ကြောင်း သိလိုက်သည် ။

သူသည် ကျာ့ဖန်းလျှန်ကို ကိုယ်လိုချင်သည့်အရာတစ်ခုကို အတင်းအကြပ် လုယက်ခံရသည့် ခံစားချက်မျိုးကို ကောင်းကောင်းကြီး ပြန်ခံစားကြည့်စေချင်သည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်း ၄၀" ချင်ယွင်က ခလုတ်ကို တိုက်ရိုက် နှိပ်လိုက်ပြီး ပြောလိုက်သည်။

ကွင်းပြင်အတွင်းရှိ လူတိုင်းသည် အေးစက်စက် လေကို ရှုရှိုက်မိကြသည်။ အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်းလေးဆယ်၊ ဤလူက အင်မော်တယ် ကျောက်စိမ်း တွေ အများကြီး မည်သို့ ရရှိနိုင်သနည်း?။

"မဖြစ်နိုင်ဘူး၊ မဖြစ်နိုင်ဘူး..” ကျာ့ဖန်းလျှန်၏ မျက်နှာသည် မယုံကြည်နိုင်သည့် အမူအရာများဖြင့် ပြည့်နှက်နေပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ဖြစ်ပေါ်လာသည်။

ကျာ့ဖန်းလျှန်တွင် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်း ၄၀ သာ ရှိသည်။ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး ၁ သန်းဖြင့် လေလံဆွဲပြီးနောက်၊ သူ့မှာ ၃၉ သန်းသာ ရှိပါတော့သည်။

ချင်ယွင်၏ အင်မော်တယ် ကျောက်စိမ်း သန်း ၄၀ နှင့် ဈေးကမ်းလှမ်းမှုသည် သူ၏ မျှော်လင့်ချက်များကို လုံးလုံးလျားလျား ပျက်ဆီးစေခဲ့သည် ။

"မင်း ဘယ်သူလဲ ငါ ဂရုမစိုက်ဘူး။ မင်းက ငါကျာ့ဖန်းလျှန်ကို ဆန့်ကျင့်ရဲမှတော့၊ မင်း သေရမယ်” ကျာ့ဖန်းလျှန်၏ မျက်နှာသည် အလွန် ရက်စက်ကြမ်းကြုတ်နေ၏။

ဘေးနားရှိ အစေခံအမျိုးသမီး နှစ်ယောက်သည် ကြောက်လန့်တကြားဖြစ်ပြီး၊ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်ကာ ထောင့်တစ်ထောင့်တွင် ကျုံ့ကျုံ့လေး ရှိနေကြပါ သည် ။

All Chapters