← Chapters

အခန်း ၇၅၃

Vol. 51 Ch. 753

အခန်း ၇၅၃

Vol. 51 Ch. 753

အခန်း (၇၅၃) သတ်ဖြတ်လိုသည့်ဆန္ဒ။

ကွင်းပြင်တစ်ခုလုံးသည် လုံးဝ တိတ်ဆိတ်သွားသည်။ အားလုံးက ကျာ့ဖန်းလျှန်ကို ထပ်မံ ကမ်းလှမ်းလာရန် စောင့်မျှော်နေကြသည်။

ကျာ့ဖန်းလျှန်၏ မျက်နှာသည် နီရဲနေပြီ ဖြစ်သည်။ သူ့တွင် လေလံထပ်ဆွဲရန် အပို အင်မော်တယ် ကျောက်စိမ်းများ မရှိတော့ပေ။ သူသည် မကျေမနပ်ဖြင့် လက်လျော့ရုံသာ တတ်နိုင်ပါတော့သည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်း ၄၀ ထက် ဈေးနှုန်းတိုးမြှင့်ပေးမယ့်လူ ရှိပါသေးလားရှင်” ရန်ရှာသည် ပြုံးမြဲပြုံးနေဆဲ ဖြစ်နေသေးသည်။

သို့သော်၊ သူမ၏စိတ်ထဲတွင် တုန်လှုပ်ခြောက်ခြားနေပြီ ဖြစ်သည်။ လေလံပွဲအပြီးတွင် သူမသည် အခန်းနံပါတ် ၂၈ ရှိ ဧည့်သည်တော်ကို တစ်စုံတရာ ပျက်ကွက်မူမှ မရှိအောင် သွားကြည့်ပြီး သေချာစုံစမ်းဖို့ စီစဉ်ချထားသည်။

"ဈေးတိုးမြှင့်ပေးမယ့်လူ ဘယ်သူမှ မရှိတော့ဘူးလား?” ရန်ရှာက ဆက်ပြောလိုက် သော်လည်း ကွင်းပြင်ကတော့ တိတ်ဆိတ်နေဆဲပင်။

“အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၄၅ သန်း”။

ဤအခိုက်တွင်၊ တတိယထပ်ရှိ အခန်းနံပါတ် ၂ ၏ ဦးတည်ရာ အရပ်ဆီမှ တင်းမာခြင်း လည်းမရှိ၊ ပျော့ပြောင်းခြင်းလည်း မရှိသော အသံတစ်ခု ထွက်ပေါ်လာသည်။

အားလုံးသည် တတိယထပ်ရှိ၊ အခန်းနံပါတ် ၂ ရှိရာအရပ်ဆီသို့ လှမ်းကြည့်လိုက်ရင်း၊ အံ့အားသင့်သွားသည့် အမူအရာများ ပြည့်နှက်နေကြသည်။

မူလက အခန်းနံပါတ် ၂ တွင် တစ်စုံတစ်ယောက်မျှ မရှိဟု သူတို့ ထင်ခဲ့ကြသော်လည်း ဤလူသည် ဤမျှ ငြိမ်သက်နေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သူသည် ဤအရေးကြီးသော အခိုက်အတန့်ရောက်မှသာ တိုက်ခိုက်လာခဲ့သည်။

ရန်ရှာ၏ မျက်လုံးများတွင် အပြုံးတစ်ခု တောက်ပလာသည်။ အခန်းနံပါတ် ၂ မှ လူသည် အဘယ်ကြောင့် တစ်ချိန်လုံး လုံးဝ မလှုပ်ရှားရသနည်းဟု သူမ တွေးနေမိသည်။ ကြည့်ရသည်မှာ၊ သူသည် ဤနောက်ဆုံး အကွက်ကို စောင့်မျှော်နေကြကြောင်း ထင်ရှားပါသည်။

တတိယထပ်ရှိ အခန်းနံပါတ် ၂ ကို ကြည့်လိုက်ရင်း၊ ချင်ယွင်လည်း အနည်းငယ် ထိတ်လန့်သွားသည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်းငါးဆယ်" ချင်ယွင်က ဆက်ပြီး လေလံဆွဲသည်။

အမှန်တော့၊ သူသည် နိယာမသစ်သီးကို သိမ်းပိုက်လိုသည့် အကြောင်းရင်းမှာ ကျာ့ဖန်းလျှန်ကို ဒေါသထွက်နေရုံသာမက၊ တစ်စိတ်တစ်ပိုင်းအားဖြင့် ရန်စီချီသည် ဤနိယာမသစ်သီးကို လိုချင်နေသောကြောင့် ဖြစ်သည်။

"အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သန်း ၆၀” အခန်းနံပါတ် ၂ ခန်းမှ အသံတစ်ချက် ထွက်ပေါ်လာပြန်သည်။

ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက် ပြန်သည်။ ဤသူသည် တစ်ကြိမ်တည်းဖြင့် ၁၀ သန်းကို စျေးတိုးမြှင့်လိုက်သည်။ ဤအင်မော်တယ် ကျောက်စိမ်းလေးတွေကို သူ၏ မျက်လုံးထဲတွင် လုံးဝ ထည့်မထားပုံရသည်။

"ဆရာ၊ ဒီနိယာမသစ်သီးကို ကျွန်တော့်ကို ပေးလို့ရမလား?။ ကျွန်တော့် ချစ်သူက ဒီသစ်သီးကို အရမ်း သဘောကျနေလို့ပါ” ချင်ယွင်က အခန်းနံပါတ် ၂ ကို စကားပြော ကြည့်ရန် ကြိုးစားလိုက်သည်။

"ကောင်းပြီလေ”

သို့သော်လည်း၊ ချင်ယွင် မထင်မှတ်ထားသည့်အရာမှာ တခဏမျှ တုံ့ဆိုင်းသွား ပြီးနောက် တဖက်လူက အမှန်တကယ်ပင် သဘောတူခဲ့သည်။

"ကျေးဇူးတင်ပါတယ် ဆရာ။" ချင်ယွင်က သူ့ကို မြန်မြန် ကျေးဇူးတင်ပြီး "အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၆၁ သန်း" ဟု အော်လိုက်ပါသည်။

စင်မြင့်ပေါ်ရှိ လူတိုင်းလည်း ထိတ်လန့်သွားကြသည်။ အခန်းနံပါတ် ၂ ရှိ လျှို့ဝှက် ဆန်းကြယ်သော ဧည့်သည်တော်သည် အဘယ်ကြောင့် ရုတ်တရက် ရပ်သွားသည်ကို သူတို့ အမှန်တကယ် နားမလည်နိုင်ခဲ့ပါ။ အခန်းနံပါတ် ၂၈ ထဲမှ လူရဲ့ စစ်မှန်သော စိတ်ခံစားချက်တွေကြောင့် သူ့ကို အမှန်တကယ် စိတ်လှုပ်ရှားစေခဲ့တာများ ဖြစ်နိုင်မလား?။

“ဘယ်သူကမှ လေလံ ထပ်မဆွဲတော့တဲ့အတွက် နိယာမသစ်သီးကို အခန်းနံပါတ် ၂၈ မှ ဧည့်သည်တော်က ပိုင်ဆိုင်သွားကြောင်း ကျွန်မ ကြေညာလိုက်ပါတယ်ရှင်။” ရန်ရှာက ကြေညာလိုက်သည်။

ချွင်…။

ထို့နောက် ခေါင်းလောင်းသံက မြည်လာသည်။

အခန်းနံပါတ် ၃ မှ ရှောင်လန်သည် ယခုအချိန်တွင် အလွန်အမင်း မှုန်မှိုင်းနေသည်။ ယခင်က သူမ နှိမ့်ချခဲ့ဖူးသော လူသည် နောက်ဆုံး ပစ္စည်းကို အမှန်တကယ် ဝယ်ယူသွားလိမ့်မည်ဟု သူမ မမျှော်လင့်ခဲ့ပေ။

“သခင်မလေး၊ ကျွန်တော်တို့ ဘာဆက်လုပ်သင့်လဲ?။ သခင်မလေး အဲဒီပစ္စည်းကို လိုချင်လား?” ဆံပင်ဖြူ အဘိုးကြီးက သူ၏လည်ပင်းကို ဖြတ်တောက်ဟန်ဖြင့် ပြောသည်။

ရှောင်လန်သည် စဉ်းစားဆင်ခြင်နေသည့် အမူအရာ ဖြစ်ပေါ်လာသည်။ အဆုံးတွင်၊ သူမသည် သူမ၏လက်ကို ဝှေ့ယမ်းပြီး ပြောသည် "မဆင်မခြင် မလုပ်မိစေနဲ့။ ကျာ့ဖန်းလျှန်က သေချာပေါက် လှုပ်ရှားလိမ့်မယ်။ စောင့်ကြည့်ရအောင်။ ဒီလူက ကျွန်မတို့ မြင်ရသလောက် မရိုးရှင်းဘူး။ ကျွန်မတို့တောင် ချွေရှန်းရဲ့ လှည့်စားမှုကို ခံခဲ့ရတယ်။”

"ဟုတ်ကဲ့ပါ” ဆံပင်ဖြူ အဘိုးကြီးက ခေါင်းညိတ်ပြပြီး၊ ရှောင်လန်၏နောက်မှ အခန်းပြင်သို့ထွက်ကာ တိတ်တဆိတ် လိုက်ပါသွားခဲ့သည်။

ဤအခိုက်အတန့်တွင်၊ ကျာ့ဖန်းလျှန်သည် ဒေါသအလွန်ထွက်နေပြီး၊ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူကို ချက်ချင်း ခေါ်လိုက်သည်။

"အခန်းနံပါတ် ၂၈ ကို သေချာ စောင့်ကြည့်ထားပါ။ သူမြို့ကနေ ထွက်တာနဲ့ ငါ့ကို အကြောင်းကြားပါ။ ငါကိုယ်တိုင် သူ့ကိုသတ်ပြီး နိယာမသစ်သီးကို ပြန်လုယူရမယ်။" ကျာ့ဖန်းယု အံကြိတ်ကာ ပြောလိုက်သည်။

"ဟုတ်​ကဲ့ပါ။​ ဒီနောက်လိုက်​က ချက်​ချင်း လုပ်ဆောင်ပါ့​မယ်​။" အနက်ရောင် ချပ်ဝတ် တန်ဆာဝတ်လူက ပြန်ဖြေပြီး အခန်းထဲမှ ထွက်သွားသည် ။

ကျာ့ဖန်းလျှန်သည် မှန်နံရံရှေ့တွင် ရပ်နေပြီး သူ၏မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လို စိတ်များဖြင့် တောက်ပနေသည်။ "မင်း ဘယ်သူလဲဆိုတာ ငါ ဂရုမစိုက် ဘူး။ မင်းက ငါကျာ့ဖန်းလျှန်ကို ဆန့်ကျင်ဝံ့မှတော့၊ မင်းအနေနဲ့ သေခြင်းတရားကို လည်း ကောင်းကောင်း သတိထားရမယ်။"

ချင်ယွင်သည် သီးသန့်ခန်းထဲတွင် ရပ်လိုက်ပြီး၊ ကျာ့ဖန်းလျှန်၏ စကားတွေကို သူ ရှင်းရှင်းလင်းလင်း ကြားလိုက်ရသည်။

ဤနေရာတွင် ရှေးဟောင်းတာအိုဆရာသခင် ရှိနေသဖြင့်၊ ဤလေလံပွဲ၏ အခန်းတွင်းရှိ မည်သည့်အစီအရင်ဝင်္ကပါများကိုမဆို၊ သူသည် လုံးဝ လျစ်လျူရှုထားနိုင်သည်။

"ဟမ့်၊ ကျာ့ဖန်းလျှန်၊ ငါက မင်းကို လာမရှာရသေးဘူး၊ မင်းက ငါ့ဆီကို မင်းကိုယ်တိုင် ရောက်လာဖို့ တွေးနေတယ်ပေါ့။ ဒီလိုဆိုမှတော့၊ မင်းကို မြို့ပြင်မှာ ငါ စောင့်နေမယ်။ အဲဒီအချိန်ရောက်ရင်၊ ဘယ်သူက ဘယ်သူ့ကို သတ်မလဲဆိုတာ ငါ မင်းကို သိအောင် ပြပေးမယ်” ချင်ယွင်သည် သူ၏လက်သီးတွေကို တင်းတင်းဆုပ်လိုက်ပြီး သူ၏ မျက်လုံးတွေထဲ ပြင်းထန်သော သတ်ဖြတ်ချင်စိတ်တွေ ပေါ်လာပါသည်။

"ကောင်လေး၊ အခန်းနံပါတ် ၂ က အဲဒီကောင်ကို သတိထားရမယ်။ ဒီကောင်က မင်းကို သတ်ဖို့ ရည်ရွယ်ချက် ရှိနေပုံရတယ်။" သို့သော် ထိုအခိုက်တွင်၊ ရှေးဟောင်းတာအို ဆရာသခင်၏ အသံသည် ချင်ယွင်၏ စိတ်ထဲတွင် ထပ်မံထွက်ပေါ်လာသည်။

ချင်ယွင်သည် အနည်းငယ် ထိတ်လန့်သွားသော်လည်း၊ ယခုတော့ သူ နားလည်သွားပါ ပြီ။

အခန်းနံပါတ် ၂ မှ လူသည် ရုတ်တရက် လက်လျှော့ရခြင်း၏ အကြောင်းရင်းမှာ သူပြောခဲ့သော စကားများကြောင့် မဟုတ်ဘဲ၊ အဆုံးတွင် သူသည် သူ၏ နိယာမသစ်သီးကို လုယက်ရန် ရည်ရွယ်ထားခြင်းကြောင့်သာ ဖြစ်ပါသည်။

"သိပ်ကို ရက်စက်ပြီး ယုတ်မာကောက်ကျစ်တဲ့ ကောင်ပဲ။ ရှောင်ကလန်ကလည်း ငါ့ကို အလိုလောဘ မျက်လုံးတွေ စောင့်ကြည့်နေမှာ ငါ စိုးရိမ်မိတယ်။" ချင်ယွင်၏ ပါးစပ်ထောင့်ရှိ လှောင်ပြောင်ဟန်သည် ပို၍ပင် ထူထပ်လာသည်။

ယခုတော့ သူသည် မီးပုံပေါ်မှာ ထိုင်မိနေသည်ဟု သဘောပေါက်သွားသည်။ သူ လျူလီမြို့ကနေ ထွက်သွားသည်နှင့်၊ သူ့ကို သတ်ဖြတ်ရန် ပြင်ဆင်ထားသည့် အင်အားစု အနည်းငယ် ရှိနေမှာ သေချာပါသည်။

"မင်းတို့က ကစားချင်​မှတော့ ငါ အဆုံးထိ မင်းတို့နဲ့ ကစားပေးမယ်​။ ​နောက်​ဆုံးမှာ ဘယ်​သူက အနိုင်ရ​မလဲဆိုတာ ငါ ကြည့်​ချင်​တယ်​။" ချင်ယွင်သည် အခန်းထဲမှ ထွက်ပြီး လျူလီရန် ကုန်သည်ကြီးများအသင်း၏ နောက်ဖေးတွင်ရှိနေသော ရောင်းဝယ် ဖောက်ကားရာ နေရာဆီသို့ လျှောက်လာစဉ် ချင်ယွင်သည် အေးစက်စွာ ဟစ်ကြွေးလိုက်သည်။

လေလံဆွဲသူများ၏ ဘေးကင်းမှုကို သေချာစေရန် ပစ္စည်းတစ်ခုစီတိုင်းတွင် မတူညီသော ကုန်သွယ်မှုဧရိယာ ရှိနေပါသည်။

ချင်ယွင်သည် နောက်ဆုံးပစ္စည်း၏ ရောင်းဝယ်ရေး ဧရိယာသို့ ရောက်ရှိလာခဲ့သည်။ သို့သော်လည်း ရန်ရှာသည် ဤနေရာတွင် အချိန်အကြာကြီး စောင့်ဆိုင်းနေလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

"သခင်လေး၊ သခင်လေးက အခန်းနံပါတ် ၂၈ ရဲ့ ပိုင်ရှင် ဖြစ်ရမယ် ဟုတ်တယ်မလား?။ ကျွန်မ သခင်လေးကို ဘယ်လို ခေါ်ရမလဲ သိခွင့်ရမလား?" ရန်ရှာက ချစ်စဖွယ် အပြုံးဖြင့် မေးလိုက်သည်။ သူမ၏ သွယ်လျပြီး လုံးကြီးပေါက်လှသော ခန္ဓာကိုယ် အသွင်အပြင်ကို ရည်ရွယ်ချက်ရှိရှိတစ်မျိုး၊ မရည်ရွယ်ဘဲတစ်ဖုံ ကိုယ်နေဟန် အမျိုးမျိုးဖြင့် မတ်တပ်ရပ်နေရင်း ရှင်းရှင်းလင်းလင်း ဖော်ပြထားပါသည်။

"လေလံအိမ်မှာ လေလံတင်ရောင်းချတဲ့ ပစ္စည်းတွေအတွက် တစ်ယောက်နဲ့ တစ်ယောက် နာမည်သိဖို့ လိုသေးလို့လား?” ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။

'"ဒီလိုပါပဲ၊ သခင်လေးက ထူးထူးခြားခြား ဖြစ်ပြီး၊ သခင်လေးနဲ့ မိတ်ဆွေဖွဲ့ချင်စိတ် ရန်ရှာက ခံစားမိလို့ပါ။ သခင်လေးအနေနဲ့ ပြောဖို့အဆင်မပြေရင် ရန်ရှာကလည်း အတင်းအကြပ် မတောင်းဆိုပါဘူး။ ဒါက သခင်လေး ဝယ်ထားတဲ့ နိယာမသစ်သီးနဲ့ ကျွန်မတို့ လျူလီရန်ကုန်သည်ကြီးများအသင်ရဲ့ စိန် VIP ကတ်ပါ။ ကျေးဇူးပြုပြီး လက်ခံပေးပါ သခင်လေး” ရန်ရှာ၏ လက်ထဲတွင် ကျောက်စိမ်းသေတ္တာတစ်ခုနှင့် စိန်ကတ်တစ်ခု ပေါ်လာသည်။

ချင်ယွင်သည် ရန်ရှာကိုကြည့်ကာ ပြုံးလိုက်မိသည်။ သူမသည် အမှန်တကယ် ထက်မြက်သော မိန်းမတစ်ယောက်ဟု သူ့ကိုယ်သူ တွေးလိုက်မိသည်။ ရန်ကလန်သည် လျူလီရန်ကုန်သည်ကြီးများအသင်းကို ဂရုစိုက်ဖို့ သူမကို တောင်းဆိုခဲ့တာ အံ့သြစရာ မရှိတော့ပါဘူး။ ဤအမျိုးသမီးသည် လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ မွေးဖွားလာသူ ဖြစ်ပါသည်။

"ကောင်းပြီလေ၊ ဒီစိန်ကတ်ကို ယူလိုက်ပါ့မယ်။ ဒါက အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း ၆၁ သန်းပါ။ မင်းကိုယ်တိုင် စစ်ဆေးကြည့်ပါ” ချင်ယွင်သည် ရန်ရှာအား သိုလှောင်လက်စွပ်ကို ပစ်ပေးလိုက်ပြီး သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ နိယာမသစ်သီးပါရှိသော ကျောက်စိမ်းသေတ္တာနှင့် စိန် VIP ကတ်ကို အင်မော်တယ်ဘုရင်၏ စံအိမ်ထဲသို့ ထည့်လိုက်လေသည်။

ရန်ကလန်မှ စိန်ကတ်နှင့် ကျောက်စိမ်းသေတ္တာကို ခိုးယူလုယက်ခံရခြင်းမှ ကာကွယ်ရန်အတွက်၊ ၎င်းတို့ကို အင်မော်တယ်ဘုရင်၏ စံအိမ်ထဲတွင် ထားခြင်းက အလုံခြုံဆုံး ဖြစ်ပါသည်။

ဤအရာအားလုံးကို ပြုလုပ်ပြီးနောက်၊ ချင်ယွင်သည် ပြန်လှည့်ပြီး တံခါးအပြင်ဘက်ကို ထွက်သွားပါသည်။

"သခင်လေး၊ သခင်လေး မြို့ထဲကမထွက်သေးဘဲ၊ တခဏလောက် မြို့ထဲမှာ နေရင် ကောင်းလိမ့်မယ်ထင်တယ်။ တကယ်လို့၊ နေစရာနေရာ မရှိဘူးဆိုရင်၊ ရန်ရှာက သခင်လေးအတွက် စီစဉ်ပေးလို့ ရပါတယ်။"

သို့သော် ချင်ယွင် အခန်းထဲမှ ထွက်ခါနီးတွင် ရန်ရှာ၏ အသံက သူ၏နောက်မှ ထွက်ပေါ်လာပြန်သည်။

"ကျေးဇူးတင်ပါတယ်၊ ဒီကိစ္စအတွက် မိန်းမလှလေးရန် စိတ်ပူနေစရာ မလိုပါဘူး။ ကျွန်တော် ထွက်သွားပါ့တော့မယ်" ချင်ယွင်က တိုက်ရိုက် ငြင်းဆန်လိုက်ပြီး နောက်ပြန် မလှည့်ဘဲ ထွက်သွားခဲ့သည်။

"ဟား….၊ ဟား…..၊ ဘယ်လောက်တောင် စိတ်ဝင်စားဖို့ ကောင်းလိုက်တဲ့လူလဲ”

ချင်ယွင် ထွက်သွားပြီး သိပ်မကြာခင်မှာ၊ ဆံပင်ဖြူ အဘိုးအိုတစ်ယောက်သည် အိမ်ထဲမှ လမ်းလျှောက်ထွက်လာခဲ့သည်။ ဤပုဂ္ဂိုလ်သည် စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံးကို သန့်စင်ပေးခဲ့သော တစ္ဆေအိုကြီးမုရုံ ဖြစ်လေသည်။

All Chapters