အခန်း ၇၅၄
Vol. 51 Ch. 754
အခန်း (၇၅၄) အခန်းနံပါတ် ၂၈ ဧည့်သည်တော်။
"အိုး၊ သခင်ကြီးမုရုံက ဒီအခန်းနံပါတ် ၂၈ ဧည့်သည်တော်နဲ့ ပတ်သက်ပြီး ထူးခြားတာ တစ်ခုခု တွေ့ထားလို့များလား”?။ ရန်ရှာက လှည့်ပြီး မုရုံကျင်းချန်ကို ပြုံးပြုံးလေး မေးလိုက်ပါသည်။
မုရုံကျင်းချန်သည် သူမတို့ လေလံအိမ်၏ အကြီးဆုံး ဖောက်သည်ကြီးတစ်ဦး ဖြစ်ပါသည်။ သူသည် အလွန်မြင့်မားသော အခွင့်အရေးများကို ရရှိထားပြီး၊ လေလံအိမ်ရှိ မည်သည့်နေရာကိုမဆို ဝင်ထွက်ခွင့်ရှိပါသည်။ ထို့ကြောင့်၊ ရန်ရှာသည် မုရုံကျင်းချန်၏ ထွက်ပေါ်လာမူကြောင့် အံ့သြခြင်းမရှိပေ။
"ဟား…၊ ဟား…၊ ငါက သာမန်ထက် ဘာမှ မမြင်တွေ့ရပါဘူး။ ဒါပေမယ့်၊ ငါ တစ္ဆေအိုကြီးမုရုံက လျူလီမြို့မှာ မင်းဆိုတဲ့ နံပါတ်တစ် အလှမယ်လေး ရန်ရှာကြောင့် တုန်လှုပ်သွားခြင်းမရှိတဲ့ လူငယ်တစ်ယောက်ကို ပထမဆုံးအကြိမ် တွေ့ဖူးတာပဲ" တစ္ဆေအိုကြီးမုရုံသည် ကျယ်လောင်စွာ ရယ်မောလိုက်ရင်း သူ၏လေသံက နောက်ပြောင်ကျီစယ်မူ အရိပ်မြွက်တွေ ပါဝင်သည်။
"သခင်မုရုံက ကျွန်မကို မြှောက်ပင့်နေပါပြီရှင်။ ရန်ရှာက လျူလီမြို့ရဲ့ နံပါတ်တစ် အလှမယ်ဘွဲ့ကို ဘယ်လိုလုပ် ထိုက်တန်မှာလဲ။ ပြီးတော့၊ အဲဒီဧည့်သည်တော်က ကျွန်မကို စိတ်မဝင်စားဘူး။ ဆိုလိုတာကတော့ ရန်ရှာရဲ့ ကျက်သရေရှိမှုက အဲဒီ ဧည့်သည်တော်ကို ဆွဲဆောင်ဖို့ မလုံလောက်ဘူး"။
ရန်ရှာသည် သူမ၏မျက်နှာပေါ်တွင် လေးလေးစားစား ပြုံးနေသေးသော်လည်း သူမ၏စိတ်ထဲတွင် အနည်းငယ် စိတ်မသက်မသာ ခံစားလိုက်ရသည်။
တကယ်တော့ သူမသည် သူမ၏ ပုံရိပ်နှင့် ရုပ်ရည်အသွင်အပြင်ကို အတော်လေး ယုံကြည်မှု အပြည့်ရှိပြီး၊ ဤအချက်ကလည်း စီးပွားရေးလောကမှာ သူမကို အများကြီး အထောက်အကူ ဖြစ်စေခဲ့ပါသည်။
ယခုလေးတင်၊ ချင်ယွင်နှင့် စကားပြောသည့်အခါ၊ သူမသည် သူမ၏ ဆွဲဆောင်မူရှိသည့် ဟန်ပန်အမူအရာကို ရည်ရွယ်ချက်ရှိရှိ ထုတ်ဖော်ပြသနေခဲ့သည်။ သို့သော်လည်း၊ တစ်ဖက်လူက အစမှအဆုံးအထိ သူမအပေါ် နည်းနည်းလေးမှ တက်မက်ဟန် ထုတ်မပြခဲ့ပေ။ ယင်းက သူမကို ထိုးနှက်ခံလိုက်ရသလို ခံစားရစေသည်။
"ဟား..၊ ဟား…၊ ကောင်မလေး၊ မင်းက ထိုးနှက်ခံလိုက်ရတော့ စိတ်မသက်မသာ ဖြစ်နေတယ်ပေါ့။ မင်းရဲ့ အတွေးလေးတွေကို ငါ့ဆီကနေ ဘယ်လိုလုပ် ဖုံးကွယ်နိုင် မှာလဲ?။ ကောင်းပြီလေ၊ ငါ ဒီအကြောင်း မင်းကို ထပ်မပြောတော့ဘူး၊ ငါ မြန်မြန် သွားပြီး အမှီလိုက်ရမယ်။ ဒီလိုမှမဟုတ်ရင်၊ အံသြစရာကောင်းတဲ့ ပြပွဲကြီးကို လွဲချော်သွားလိမ့်မယ်” မုရုံကျင်းချန်သည် ဟက်ဟက်ပက်ပက် ရယ်မောပြီး ရန်ရှာကို ကျောပေးကာ ထွက်ခွာသွားတော့သည်။
ရန်ရှာသည် ထိုနေရာတွင် ရပ်ကာ တခဏမျှ စဉ်းစားနေခဲ့သည်။ နောက်ဆုံးတွင်၊ သူမက အေးစက်စွာ ပြောသည် "အမိန့်ကို ဖြန့်လိုက်ပါ။ အခန်းနံပါတ် ၂၈ ဖောက်သည် ကို စောင့်ကြည့်ထားပါ။ တစ်ခုခုဖြစ်ရင် ငါ့ကို သတင်းပို့ပါ"
"ဟုတ်ကဲ့ပါ” သူမနောက်မှ တုံ့ပြန်သံက ချက်ချင်း ထွက်ပေါ်လာပြီး၊ ထို့နောက်တွင်၊ ရုပ်အသွင်ပြင်တစ်ခုသည် လေဟာနယ်ထဲသို့ တိတ်တဆိတ် ပျောက်ကွယ်သွားခဲ့သည်။
ချင်ယွင်သည် လျူလီရန် ကုန်သည်ကြီးများအသင်းမှ ထွက်ခွာသွားပြီးနောက်၊ အခါအားလျော်စွာ သူ့အပေါ်၌ အင်မော်တယ်စိတ်အာရုံများစွာ ဖြတ်သန်းသွားသည်ကို သူ ခံစားခဲ့ရသည်။ ထိုအင်မော်တယ်စိတ်အာရုံများသည် အားကောင်းသည်ပါသလို၊ အားနည်းသည်လည်း ပါသည်။ ၎င်းတို့သည် တူညီသော အဖွဲ့တစ်ခုတည်းမှ ဆင်းသက်လာခြင်း ဟုတ်ပုံမပေါ်ပေ။
ချင်ယွင်သည် အကြမ်းဖျင်း ရေတွက်ကြည့်မိသည်။ ထိုအင်မော်တယ်စိတ်အာရုံများကို ခြောက်မျိုး ခွဲခြားနိုင်သည်။ ၎င်းတို့အထဲတွင် အားအနည်းဆုံးမှာ အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်တွင်သာ ရှိသေးပြီး၊ အစွမ်းထက်ဆုံးမှာ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့် ဖြစ်သည်။
သေချာသည်မှာ၊ ချင်ယွင်သည် သူ့အပေါ် အာရုံစိုက်နေသော အလွန်အစွမ်းထက်သည့် အင်မော်တယ် စိတ်အာရုံမျိုး ရှိမရှိ သူ မသိပါဘူး။ အဘယ့်ကြောင့်ဆိုသော်၊ ချင်ယွင်သည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်နှင့်ပင်၊ သူသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့် အင်မော်တယ်စိတ်အာရုံကိုသာ ရှာတွေ့နိုင် ခြင်းကြောင့်ဖြစ်ပြီး၊ အကယ်၍၊ ထို့ထက် အဆင့်မြင့်သွားလျှင်၊ သူသည် စုံစမ်းသိရှိနိုင်မှာ မဟုတ်ပါဘူး။
အင်အားစုခြောက်ခု၏ စောင့်ကြည့်ခြင်းကို ခံရခြင်းသည် သူ့အတွက် ကောင်းမွန်သော အရာ မဟုတ်ပေ။
အင်အားစုကြီး ခြောက်ခု၏ အာရုံစူးစိုက်မှု အောက်တွင် ကျာ့ဖန်းလျှန်ကို သတ်ပြီး စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို သိမ်းပိုက်ရန် သူ့အတွက် လွယ်ကူမည် မဟုတ်ပေ။
အကယ်၍၊ သူသည် သူ့ကို သတ်နိုင်လျှင်ပင်၊ သူ့အနေဖြင့်၊ ထွက်ပြေးလွတ်မြောက်ဖို့ ဆိုတာ လွယ်ကူမှာ မဟုတ်တော့ပါဘူး။ ထိုကြောင့်၊ သူသည် လောလောဆယ် မြို့ထဲက မထွက်ဖို့ ဆုံးဖြတ်လိုက်ပါသည်။
သူသည် ကျာ့ဖန်းလျှန်ကို စောစောစီစီး သတ်ပြီး၊ သူ၏လက်ထဲမှ စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးကို လုယူချင်သော်လည်း၊ ချင်ယွင်၏ ခွန်အားသည် အရမ်းကို အားနည်းနေပါသေးသည်။
သူသည် သူ၏စွမ်းအားတွေကို တိုးမြှင့်လာပြီးနောက်မှ မြို့ထဲကနေ ထွက်ခွာမည် ဆိုလျှင်လည်း အချိန်မနှောင်းသေးပါဘူး။ ကျာ့ဖန်းလျှန် ထွက်ပြေးမည်ကို ချင်ယွင်သည် မစိုးရိမ်ပါဘူး။ နောက်ဆုံးတွင်၊ သူ၏လက်ထဲမှာ သူလိုချင်နေသည့် နိယာမသစ်သီး ရှိနေခဲ့သည်။ သူ လျူလီမြို့ကနေ မထွက်ခွာသေးသရွေ့၊ ကျာ့ဖန်းလျှန် သည် အချိန်တိုးအတွင်း သေချာပေါက် မြို့ထဲကနေ ထွက်ခွာမှာ မဟုတ်ပါဘူး။
ထို့ကြောင့် ချင်ယွင်သည် လျူလီရန်ကုန်သည်ကြီးများအသင်းသို့ ပြန်သွားရန် ပြတ်ပြတ်သားသား ရွေးချယ်ခဲ့သည်။ မှန်ပါသည်၊ ချင်ယွင်သည် အိမ်တစ်လုံး ဝယ်ရန်လည်း လိုအပ်နေပါသည်။
"သခင်လေး၊ သခင်လေးက ဘာလို့ ရုတ်တရက် ပြန်လာတာလဲ?" ရန်ရှာသည် ချင်ယွင် ပြန်လာသည်ကို မြင်သောအခါ အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။
"လျူလီရန်ကုန်သည်ကြီးများအသင်းက လျူလီမြို့ထဲမှာ အိမ်တွေ ရောင်းတယ်လို့ ကြားထားတယ်။ အခု ရောင်းဖို့အိမ်တွေ ရှိမရှိ သိလို့ရနိုင်မလား?" ချင်ယွင်က ရန်ရှာကို ပြုံးရင်း မေးလိုက်သည်။
"အိုး..သခင်လေးက အိမ်ဝယ်ဖို့ စီစဉ်နေတာလား" ရန်ရှာ၏ မျက်နှာသည် ချက်ချင်းပင် တောက်ပသော အပြုံးတစ်ခု ထွက်ပေါ်လာသည်။
"အင်း..” ချင်ယွင်က ခေါင်းညိတ်လိုက်သည်။
“ကုန်သည်ကြီးများအသင်းရဲ့ လက်ထဲမှာ အိမ်တွေ အများအပြားရှိပေမယ့်၊ အလယ်ဗဟို၊ အတွင်းပိုင်းနဲ့ အစွန်အဖျားဆိုပြီး အဆင့်သုံးဆင့် ခွဲခြားထားတယ်။ သခင်လေးက ဘယ်လိုအိမ်မျိုးစား လိုချင်လဲ ကျွန်မ သိနိုင်မလား?။ ရန်ရှာက ချစ်စဖွယ် ကောင်းစွာ ပြုံးရင်း မေးသည်။
"အလယ်ဗဟို…။ ဒါပေမယ့် ပတ်ဝန်းကျင်က တိတ်ဆိတ်နေရမယ်။" ချင်ယွင်က ပြတ်ပြတ်သားသား ပြန်ပြောလိုက်သည်။ သူသည် ရီယွန်ကို သူမအတွက် အချက်အချာ ကျသော နေအိမ်တစ်လုံး ဝယ်ပေးမည်ဟု ကတိပေးခဲ့ပြီး၊ ယခု ဤအခွင့်အရေးကို အသုံးချရန် အချိန်တန်ပြီ ဖြစ်သည်။
"တိုက်ဆိုင်လိုက်တာရှင်..။ အလယ်ဗဟိုမှာ အဲဒီလိုအိမ်မျိုး အိမ်တစ်လုံးပဲ ကျန်တော့ တယ်။ ပတ်ဝန်းကျင်ကလည်း အရမ်းကို တိတ်ဆိတ်တယ်။ သခင်လေး၊ လိုအပ်တယ်ဆို ရင် အခုပဲ ကျွန်မ လိုက်ပို့ပေးလို့ရတယ်။" ရန်ရှာက ပြုံးပြုံးလေး ပြောလိုက်သည်။
"ကောင်းပြီ..” ချင်ယွင်က ခေါင်းညိတ်လိုက်သည်။
ရန်ရှာသည် ဆွဲမက်ဖွယ်ကောင်းစွာ ပြုံးလိုက်သည်။ ထို့နောက် သူမသည် ကုန်သည်ကြီးများအသင်းမှ လူများကို ညွှန်ကြားပြီး၊ ချင်ယွင်အား လျူလီမြို့လယ်သို့ ဦးဆောင်ခေါ်သွားသည်။
ရန်ရှာ၏ ဦးဆောင်မှုအောက်တွင် ချင်ယွင်သည် သူဝယ်ယူလိုသော နေအိမ်သို့ လျင်မြန်စွာ ရောက်ရှိလာသည်။
ချင်ယွင်သည် အိမ်ကြီးကို ကြည့်ပြီး ကျေနပ်သွားသည်။
ဤနေရာသည် ပတ်ဝန်းကျင်နှင့် အတော်အတန် ဝေးကွာပြီး သူ၏အိမ်ဘေးတွင် ရေကန်တစ်ခုလည်း ရှိနေသည်။ သဘာဝရှုမြင်ကွင်းတွေက တော်တော်လေး ကောင်းမွန်သည်။ ထို့ကြောင့်၊ ချင်ယွင်သည် ဤအိမ်ကို ဝယ်ယူရန် တွန့်ဆုတ်နေခြင်း မရှိတော့ချေ။
သို့သော်၊ ဤအိမ်၏စျေးနှုန်းကလည်း မသက်သာပါဘူး။ စျေးနှုန်းက အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်းတုံး ၁၀ သန်းဖြစ်ပြီး၊ အစွန်ဆုံးအိမ်များထက် အဆတစ်ရာ ဖြစ်ပါသည်။
နောက်ဆုံးတွင်၊ ချင်ယွင်သည် ရန်ရှာ သူ့ကိုပေးထားသည့် ၂၀ရာခိုင်းနှုန်း လျှော့စျေးပါ စိန် VIP ကတ်ကို အိမ်ဝယ်ရာမှာ အသုံးပြုလိုက်သည်။
ရန်ရှာကို ပြန်လွှတ်လိုက်ပြီးနောက်၊ ချင်ယွင် ပထမဆုံးလုပ်သည့်အရာက တံခါးပိတ် ကျင့်ကြံရန် ရွေးချယ်ခြင်းဖြစ်သည်။
သူသည် ဤတံခါးပိတ်ကျင့်ကြံကို အခွင့်ကောင်းယူပြီး လေစွမ်းရည် ရှေးဟောင်း ဖရိုဖရဲ တွန့်လိမ်ခြင်းနိယာမကို နားလည်ဆင်ခြင်ရန် စီစဉ်ထားသည်။ တစ်ချိန်တည်းမှာပင်၊ သူသည် သူ၏ ကျင့်ကြံမူအဆင့်ကို အစစ်အမှန် အင်မော်တယ်နယ်ပယ် နှောင်းပိုင်း အဆင့် သို့မဟုတ် အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်သို့ မြှင့်တင်ရမည် ဖြစ်သည်။ နောက်ဆုံးမှာတော့၊ သူ၏လက်ရှိ စွမ်းအားသည် တကယ့်ကို အားနည်းလွန်းနေသည်။
ချင်ယွင်၏ တံခါးပိတ်ကျင့်ကြံမူသည် သူအား စောင့်ကြည့်နေကြသော အင်အားစုများ ကို အလွန်အမင်း စိုးရိမ်ထိတ်လန့်သွားစေခဲ့သည်။
ချင်ယွင် မြို့မှ ထွက်ခွာလာပြီးနောက် သူ့ကိုသတ်ဖြတ်ရန် စောင့်ဆိုင်းနေသူများသည် ဒေါသ အလွန်ထွက်သွားကြပြီး၊ သူတို့သွားများပင် ယားယံသွားကြသည်။ ၎င်းတို့အထဲ တွင် ကျာ့ဖန်းလျှန်လည်း ပါဝင်ပါသည်။
"ဘာလဲ၊ ဒီကောင်က မြို့အလယ်ဗဟိုမှာ အိမ်ဝယ်ပြီး ထွက်မလာတော့ဘူး၊ ဟုတ်လား?။" ကျာ့ဖန်းလျှန်သည် သူ၏နောက်ကွယ်မှ အနက်ရောင် သံချပ်ကာဝတ် အမျိုးသား၏ ပြန်လည်တင်ပြလာသော သတင်းစကားကို ကြားသောအခါ၊ သူ၏ မျက်လုံးများသည် နှိုင်းစာ၍မရလောက်အောင် ဒေါသအမျက် ထွက်နေသည်။
"ဟုတ်ပါတယ်။ သုံးရက် ရှိပါပြီ၊ အဲဒီလူက အိမ်ထဲကနေ ခြေတစ်လှမ်းမှ ထွက်မလာခဲ့ ဘူး။ သူ အဲဒီနေရာမှာ ထာဝရနေဖို့ ရည်ရွယ်ချက် ရှိပုံရတယ်။" အနက်ရောင် သံချပ်ကာဝတ် အမျိုးသားက လေးနက်စွာ အစီရင်ခံလိုက်သည် ။
"သောက်ကြောက်ကောင်ကွာ၊ တကယ်လို့၊ ဒီလူက အဲဒိအိမ်မှာ နှစ်နှစ် သုံးနှစ်လောက် နေမယ်ဆိုရင်၊ ဒါက အဆင်ပြေသေးတယ်။ တကယ်လို့၊ သူက အဲဒီမှာ နှစ်တစ်ရာ ဒါမှမဟုတ်၊ နှစ်ရှစ်ဆယ်လောက် နေနေမယ်ဆိုရင်၊ ငါလည်း ဒီမှာ နှစ်တရာ ဒါမှမဟုတ်၊ ရှစ်ဆယ်လောက် စောင့်နေရမှာ မဟုတ်ဘူးလား" ကျာ့ဖန်းလျှန်က ဒေါသတကြီး ပြောလိုက်သည်။ သူသည် တည်းခိုခန်းရှိ စားပွဲကို လက်သီးဖြင့် ထိုးလိုက်ရာ စားပွဲသည် ချက်ချင်းပင် အပိုင်းပိုင်း ကွဲသွားသည်။
"ကောင်းပြီလေ၊ မင်းက သူရဲဘောကြောင်တဲ့ လိပ်တစ်ကောင်လို ဖြစ်ချင်နေမှတော့၊ ငါ့ရဲ့စိတ်ရှည်မှုကို ကုန်ဆုံးသွားတဲ့အထိ မင်းနဲ့အတူ ငါ စောင့်နေပေးမယ်။ မင်း ဘယ်လောက်ကြာကြာ နေနိုင်လဲဆိုတာ ငါ ကြည့်ချင်မိတယ်" ကျာ့ဖန်းလျှန်သည် ဒေါသတကြီး ပြောလိုက်သည်။ ထို့နောက် သူသည် အနက်ရောင် သံချပ်ကာဝတ် အမျိုးသားထံသို့ လှည့်ကြည့်ကာ ပြောလိုက်သည် "သူ့ရဲ့နေအိမ်ကို စောင့်ကြည့်နေပါ။ သူ မြို့ထဲကနေ ထွက်ခွာမယ့် အရိပ်အယောင် ပြသတာနဲ့၊ ငါ့ဆီကို ချက်ချင်း သတင်းပို့ပါ။ သူ အဲဒီနေရာမှာ ထာဝရ နေထိုင်မယ်လို့ ငါ မယုံဘူး.."။
"ဟုတ်ကဲ့ပါ” အနက်ရောင် သံချပ်ကာဝတ် အမျိုးသား သည် ကမန်းကတန်း ပြန်ဖြေပြီး အခန်းထဲမှ ထွက်သွားသည်။
တစ်ချိန်တည်းမှာပင်၊ ရှောင်ကလန်မှ ရှောင်လန်သည်လည်း ကျာ့ဖန်းလျှန်ကဲ့သို့ပင် ဆုံးဖြတ်ခဲ့ရသည်။ သူမသည် ရှောင်ကလန်၏ အရေးကိစ္စအားလုံးကို ဘေးဖယ်ထားပြီး လျူလီမြို့တွင် သုံးနှစ်နေထိုင်ရန် စီစဉ်ခဲ့သည်။
အကယ်၍၊ သုံးနှစ်ကြာလို့မှ၊ ချင်ယွင်သည် မြို့ထဲမှ ထွက်ခွာမသွားပါက၊ သူမသည် လျူလီမြို့မှ ထွက်ခွာရန် ရွေးချယ်မည် ဖြစ်သည်။
အခန်းနံပါတ် ၂ မှ လျှို့ဝှက်ဆန်းကြယ်သော အမျိုးသားသည်လည်း လျူလီမြို့တွင် နေထိုင်ဖြစ်ခဲ့သည်။ ဤလူသည် ဤမျှလောက် ကြီးမားသော စိတ်ရှည်သည်းခံနိုင်စွမ်း ကို ပိုင်ဆိုင်ထားပုံရပြီး၊ အရေးတကြီးကိစ္စများ နည်းနည်းမျှ မရှိသလိုပင်။
ထို့ကြောင့်၊ လျူလီမြို့၌ ထူးဆန်းသော ဖြစ်စဉ်တစ်ခု ဖြစ်ပေါ်လာပါသည်။ အင်အားစု အသီးသီးမှ လူများသည် လေလံပွဲကြီး ပြီးကတည်းက လျူလီမြို့မှ မထွက်ခွာခဲ့ကြဘဲ ၎င်းတို့သည် ဤနေရာတွင် ရှစ်လကြာအောင် နေထိုင်ခဲ့ကြပါသည်။