အခန်း ၇၅၅
Vol. 51 Ch. 755
အခန်း (၇၅၅) အလွန်ကြီးမားသည့် ရိတ်သိမ်းမူကြီး။
ရှစ်လဆိုသည့် အချိန်ကာလသည် တခဏအတွင်း တဖျပ်ဖျပ်ဖြင့် ကုန်ဆုံးသွားခဲ့ပါ သည်။
ဤရှစ်လအတွင်း ချင်ယွင်သည် ခြံဝင်းထဲမှ ခြေတစ်လှမ်းမှ မထွက်ခွာခဲ့ပေ။
အကြောင်းမှာ သူသည် အချိန်တိုင်းတွင် လက်တွေ့ကျကျ ကျင့်ကြံနေခဲ့ပြီး၊ အချိန် အများစုကို ချင်ယွင်သည် နိယာမများကို နားလည်ဆင်ခြင်ပြီး ဓားသိုင်းပညာရပ်များကို လေ့ကျင့်ရာမှာ အသုံးပြုခဲ့သည်။
ပထမလတွင်၊ ချင်ယွင်သည် ကနဦးစကြဝဠာ၏ အချိန်စီးဆင်းမှုကို တိုက်ရိုက် အသုံးပြုပြီး၊ သူ၏ ကျင့်ကြံမှုအခြေခံအား အစစ်အမှန် အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ မြှင့်တင်နိုင်ခဲ့သည်။
သို့သော်၊ သူသည် လေစွမ်းရည် ရှေးဟောင်း ဖရိုဖရဲ တွန့်လိမ်ခြင်းနိယာမကို အစိပ်စိပ် ဖြာဖြာ ခွဲထုတ်ကာ အရူးအမူး နားလည်ဆင်ခြင်နေခဲ့ပြီး ၎င်းနိယာမကို ဤနားလည်ရန် အတွက် အချိန်ခုနစ်လနီးပါး ကြာမြင့်သည်။
ချင်းဖန်အိမ်တော်အတွင်းမှာ၊ လက်ရှိအချိန်တွင်၊ ချင်ယွင်သည် သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားကို ကိုင်လျက် ခြံဝင်းထဲတွင် ရပ်တန့်နေ၏။ သူသည် သူ၏ မျက်လုံးတွေကို တင်းတင်းစေ့ထားပြီး လှုပ်ရှားခြင်း မရှိပါဘူး။ သူ ယခုလို ပုံစံမျိုးဖြင့် ရပ်နေသည်မှာ သုံးရက်နှင့်သုံးည ရှိပါပြီ။
ဟူး..…။
ထိုအခိုက်တွင်၊ ချင်ယွင်၏ ဆံပင်များကို လေပြည်လေညှင်းက ဖြတ်တိုက်သွားသည်။
မလှုပ်မယှက် ဖြစ်နေသော ချင်ယွင်သည် ရုတ်တရက် သူ၏မျက်လုံးများကို ဖွင့်လိုက် ပါသည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည်လည်း ထိုအချိန်တွင် ပြင်းထန် သော တုန်ခါအသံကို ထုတ်လွှတ်လိုက်သည်။
မြူနှင်းချောက်နက်ဓား၏ ဓားဖျားသည် ချက်ချင်းပင် စိမ်းပြာရောင် အလင်းတန်းတစ်ခု ပျံ့နှံ့ထွက်လာသည်။ ထိုစိမ်းပြာရောင် အလင်းတန်း ထွက်ပေါ်လာသည်နှင့် တပြိုင်နက် ခြံဝင်းတစ်ခုလုံး၏ လေထုသည် သက်ရောက်သွားပုံရသည်။
“ချွင်…”
ချင်ယွင်သည် သူ၏လက်ကောက်ဝတ်ကို ညင်သာစွာ လှည့်လိုက်ပြီး၊ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားက စူးစူးရှရှ ဓားအော်သံကို ထုတ်ဖော်လိုက်သည်။ ထို့နောက် ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လှုပ်ရှားသွားသည်။
တခဏအတွင်းမှာပင်၊ ချင်ယွင်သည် ရာနှင့်ချီသော ကိုယ်ပွားများကဲ့သို့၊ ခြံဝင်း၏ ထောင့်တိုင်းနေရာတိုင်းစီမှာ ထွက်ပေါ်လာသည်။ သူ၏လက်ထဲမှ ဓားသည် ခြံဝင်းတစ်ခုလုံးကို ချက်ချင်း ဖုံးလွှမ်းသွားခဲ့သည်။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်၏ ဓားသိုင်းပညာရပ်ကို ဖော်ပြနိုင်သည့် စကားလုံး တစ်လုံးတည်းသာရှိပြီး၊ ယင်းမှာလည်း “မြန်ဆန်လွန်း၏” ဟုသာ ဆိုရပေမည်။ (“လျှပ်တပြက်သတ်ဖြတ်ခြင်း”)
ဘန်း…။
ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည် ရုတ်တရက် ပြောင်းလဲသွားပြီး သူ၏လက်ထဲမှ ဓားသည် အနှိုင်းမဲ့ ထက်ရှလာသည်။
ကြောက်မက်ဖွယ်ကောင်းသည့် ပြင်းထန်သော အငွေ့အသက်က မြူနှင်းချောက်နက် ဓားမှ ထွက်ပေါ်လာခဲ့ပြီး၊ ချက်ချင်းဆိုသလို၊ ပြင်းထန်သော ဓားဆန္ဒသည် ခြံဝင်းတစ်ခုလုံးကို လွှမ်းခြုံသွားသည်။
ဝှီး….။
ခြံဝန်းတစ်ခုလုံးတွင် ပြန့်ကျဲနေသော ပုံရိပ်ယောင်များ အားလုံးသည် ချက်ချင်း စုစည်းသွားကာ၊ ကြည်လင်ပြတ်သားသော ပုံသဏ္ဍာန်တစ်ခုအဖြစ်သို့ ရောက်ရှိ လာသည်။
ထိုပုံရိပ်သည် လက်ထဲတွင် မြူနှင်းချောက်နက်ဓားကို ကိုင်ထားပြီး၊ ချက်ချင်း ခုတ်ပိုင်း ပစ်လိုက်သည်။
ဘန်း…။
အရှည်သုံးပေခန့်ရှိသော ဓားအလင်းတစ်ခုသည် ချက်ချင်းပင် ဓားကို ဖုံးလွှမ်းသွား သည်။
ဓားအလင်းသည် အလွန်တောက်ပခြင်း မရှိသော်လည်း၊ ၎င်းတွင်ပါရှိသော စွမ်းအင် အတက်အကျလှိုင်းများက မနှိုင်းယှဉ်သာလောက်အောင် ကြောက်စရာကောင်းသည်။
“ဘုန်း…”
သုံးပေရှည်သော ဓားအလင်းတန်းသည် အဝေးမှ ဓားစမ်းသပ်ခြင်း ကျောက်တုံးကို ထိမှန်သွားသည်။ အလယ်လတ်အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးထံမှ ပြင်းထန်သော တိုက်ခိုက်မှုကို ခံနိုင်ရည်ရှိလောက်အောင် မာကြေသော ဓားစမ်းသပ်ခြင်း ကျောက်သည် အလယ်မှ နှစ်ခြမ်းခွဲကာ ချက်ချင်းပင် ဖြတ်တောက်သွားခဲ့သည်။ ဤဖြတ်တောက်မှုသည် မှန်ကဲ့သို့ ချောမွေရင်း ချောမွေ့နေ သည်။ (“ရှေးဟောင်းဖရိုဖရဲ ခုတ်ပိုင်းခြင်း”)
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် တောက်ပသည့် အပြုံးကို ထုတ်ဖော်လိုက် ပါတယ်။ သူသည် သူ၏ညာလက်ကို ဝှေ့ယမ်းလိုက်ပြီး သူ၏လက်ထဲရှိ မြူနှင်း ချောက်နက်ဓားသည် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ချင်ယွင်၏ ဒန်တန်ထဲသို့ ပျံသန်းဝင်ရောက်သွားခဲ့သည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို သန့်စင်ပြီး ဖြစ်ကာ၊ ဓားထဲတွင်ရှိသော ဓားဝိညာဉ်သည် တဖြည်းဖြည်း ကြီးထွားလာခဲ့ပါပြီ။ မြူနှင်း ချောက်နက်ဓား၏ စွမ်းအားသည် သာမန်အဆင့်နိမ့် အကြီးမြတ်ဆုံးအဆင့် အင်မော်တယ် ဓားထက် အားမတော့နည်းပေ။
"အခု၊ နောက်ဆုံးမှာတော့ “လျှပ်တပြက်သတ်ဖြတ်ခြင်း” နဲ့ “ရှေးဟောင်းဖရိုဖရဲ ခုတ်ပိုင်းခြင်း” နှစ်ခုစလုံးမှာ ကြီးမားသောအောင်မြင်မူအဆင့်ထိ ရောက်ရှိသွားခဲ့ပြီ။ တကယ်လို့၊ ငါသာ ပြီးပြည့်စုံခြင်းအဆင့်ကို ရောက်ချင်တယ်ဆိုရင်တော့ လက်တွေ့ တိုက်ပွဲတွေနဲ့ လေ့ကျင့်ဖို့ လိုအပ်နေဦးမှာ ငါ စိုးရိမ်မိတယ်။ ချင်ယွင်သည် သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ပြောလိုက်ပြီး သူ၏မျက်လုံးတွေက နတ်ဆိုးဆန်ဆန် ဆွဲဆောင်မူ ရှိနေပါသည်။ (သိုင်းပညာရပ်တွေနှင့်ပတ်သက်ပြီး၊ ကနဦးအဆင့်၊ သေးငယ်သော အောင်မြင်မူအဆင့်၊ ကြီးမားသောအောင်မြင်မူအဆင့်နှင့် ပြီးပြည့်စုံခြင်းအဆင့်)တို့ကို မှတ်မိမည်ထင်ပါသည်။)
ဤရှစ်လကြာ ကြိုးစားအားထုတ်မှုမှ ရရှိသည့် အကျိုးအမြတ်များသည် သံသယ ဝင်စရာမလိုအောင်ပင် ကြီးမားလှသည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ ကျင့်ကြံမှုအခြေခံသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်သည် အဆင့်မချိုးဖြတ်နိုင်သေးသော်လည်း၊ ၎င်းသည် မသေမျိုး နယ်ပယ်၏ အထွတ်အထိပ်သို့ ရောက်ရှိရန် ခြေတစ်လှမ်းသာ ဝေးပါတော့သည်။ အခွင့်အရေးတစ်ခု ရရှိလာသည်နှင့်၊ သူသည် အချိန်မရွေး ဖြတ်ကျော်သွားနိုင်ပါလိမ့် မည်။
သို့သော်၊ ဤသည်မှာ အကြီးမားဆုံး အကျိုးအမြတ် မဟုတ်ခဲ့ပေ။ အကြီးမားဆုံး အကျိုးအမြတ်က ချင်ယွင်သည် လေစွမ်းရည် ရှေးဟောင်း ဖရိုဖရဲ တွန့်လိမ်ခြင်း နိယာမနယ်ပယ်၏ ကနဦးဝင်ရောက်ခြင်းအဆင့်ကို နားလည်ခဲ့ရုံသာမက၊ သူသည် ရှေးဟောင်း ဖရိုဖရဲ တွန့်လိမ်ခြင်း နိယာမကိုလည်း သူ၏ကိုယ်ပိုင် ဓားသိုင်းကွက်အဖြစ် “ရှေးဟောင်းဖရိုဖရဲ ခုတ်ပိုင်းခြင်း”ကို ဖန်တီးပြီး အသုံးပြုနိုင်ခဲ့သည်။
သူသည် သူ၏ကိုယ်ပိုင်ဓားသိုင်းကွက်တစ်ခုဖြစ်သော “လျှပ်တပြက်သတ်ဖြတ်ခြင်း”ကို လည်း လျှပ်တပြက်မိုင်တစ်သောင်းနိယာမ၏ ကနဦးဝင်ရောက်ခြင်းအဆင့်ကို အခြေခံ ကာ ဖန်တီးထားခဲ့သည်။
သူ့မှာရှိသမျှ၊ ဤအရာဆိုလျှင်၊ သင် မှားသွားပါလိမ့်မည်။
ချင်ယွင်၏ စွမ်းအားကို အမှန်တကယ် မြင့်တက်စေခဲ့သော အရာမှာ သူ၏ အစစ်အမှန် ခန္ဓာကိုယ် မဟုတ်ဘဲ သူ၏ ကိုယ်ပွားနှစ်ခု ဖြစ်ပါသည်။
လွန်ခဲ့သည့် ရှစ်လအတွင်း၊ ချင်ယွင်၏ အစစ်အမှန် ခန္ဓာကိုယ်သည်သာ တံခါးပိတ် ကျင့်ကြံနေခြင်း မဟုတ်ဘဲ၊ သူ၏ကိုယ်ပွားနှစ်ခုလည်း တံခါးပိတ် ကျင့်ကြံနေခဲ့ပါသည်။
နိယာမများကို နားလည်ဆင်ခြင်မူအပိုင်းကို ရောက်ရှိလာသောအခါတွင်၊ သူ့ကိုယ်ပွား နှစ်ခု၏ အားသာချက်များကို လုံး၀ ထုတ်ဖော်ပြသနိုင်ခဲ့ပါသည်။
ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ဖျက်စီးခြင်းနိယာမ၏ ကနဦးဝင်ရောက်ခြင်း အဆင့်ကို နားလည်သွားရုံသာမက၊ သူသည် ဆေဘာသိုင်းပညာဖြစ်သည့် ကောင်းကင် သတ်ဖြတ်ခြင်းဆေဘာကိုလည်း ဖန်တီးခဲ့သည်။
ထို့အပြင်၊ သူသည် ပေါက်ကွဲခြင်းနိယာမ၏ ကနဦးဝင်ရောက်ခြင်းအဆင့်ကို နားလည်ခဲ့ ပြီး သူ၏ကိုယ်ပိုင် လက်သီးသိုင်းပညာဖြစ်သည့် ပေါက်ကွဲလက်သီးသုံးဆင့် သိုင်းကွက် ကို ဖန်တီးနိုင်ခဲ့သည်။
ပေါက်ကွဲလက်သီးသုံးဆင့်၊ လက်သီးတစ်ချက်စီသည် အခြားလက်သီးများထက် ပိုမို ပြင်းထန်လာမည် ဖြစ်ပြီး၊ လက်သီးသုံးချက်၏ပေါင်းစပ် စွမ်းအားသည် အကန့်အသတ် ပြင်းထန်ပါသည်။
သစ်သားစွမ်းရည်၏ ကိုယ်ပွားသည် တိုက်ခိုက်မူပိုင်းမှာ မကျွမ်းကျင်သော်လည်း၊ အသက်နိယာမနှင့်ပတ်သက်ပြီး သူ၏အောင်မြင်မှုများသည် အလွန် ကြောက်မက်ဖွယ် ကောင်းလွန်းသည်။ သူသည် ဘဝနိယာမ၏ ကနဦးဝင်ရောက်ခြင်းအဆင့်ကို နားလည်ခဲ့ပြီး၊ သူ၏မွေးရာပါ ဝါးမျိုးခြင်း နတ်ဘုရားစွမ်းရည်ကို အခြေခံ၍ ဝါးမျိုခြင်း နယ်မြေကို ဖန်တီးနိုင်ခဲ့သည်။
တစ်မိုင်ပတ်လည် အကွာအဝေးအတွင်းရှိ သူ၏ ဝါးမျိုခြင်းနယ်မြေသို့ ဝင်ရောက်လာသူ မှန်သမျှ၊ သူတို့၏ခန္ဓာကိုယ်တွင်းရှိ တက်ကြွမှုဓာတ်များအားလုံးကို ချင်ယွင်၏ သစ်သားစွမ်းရည်ကိုယ်ပွားမှ စုပ်ယူသွားမည် ဖြစ်သည်။
ဤသည်မှာ ကောင်းကင်ဘုံကို အံတုနိုင်ပြီး ကြောက်စရာကောင်းသည့် ပညာရပ်တစ်ခု ဖြစ်ပါသည်။ စဉ်းစားကြည့်ပါ၊ အကယ်၍၊ ချင်ယွင်သည် အခြားပြိုင်ဘက်တစ်ဦးနှင့် တိုက်ခိုက်ပြီး အသက်နိယာမ၏ ဝါးမျိုခြင်းနယ်ပယ်ကို အသုံးပြုလိုက်သောအခါ၊ အချိန်ကြာလာသည်နှင့်အမျှ သူ့ပြိုင်ဘက်အသက်ဓာတ်ကို တဖြည်းဖြည်း ဝါးမြိုသွား မည်ဖြစ်ပါသည်။ ဤအရာသည် အသံတိတ် ရောက်လာခြင်း ဖြစ်သည်။ ဤအနေထား ကို၊ တစ်ဖက်လူက ရှာဖွေတွေ့ရှိလိုက်လိုက်ချိန်မှာ၊ သူ၏ခန္ဓာကိုယ်ထဲမှ အသက်ဓာတ် ထက်ဝက်ကျော်သည် ပျောက်ကွယ်သွားပါလိမ့်မည်။
ဤဓားသိုင်းပညာရပ်၊ ဆေဘာပညာများနှင့် သူ၏ခန္ဓာကိုယ်ကိုယ်ပေါ်ရှိ အရာအားလုံး သည် သူ၏ နောက်ဆုံးနည်းလမ်းများ ဖြစ်ပါသည်။
ယခုအချိန်တွင်၊ ချင်ယွင်၏ လက်ရှိအင်အားဖြင့်ဆို၊ အစောပိုင်း နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ပညာရှင်သည်ပင် သူ၏ရှေ့တွင် ချက်ခြင်း အသတ်ခံရလိမ့်မည်။
အလယ်အလတ်အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများ သည်ပင်၊ နိယာမများကို နားလည်နိုင်စွမ်း မရှိသရွေ့၊ ၎င်းတို့သည် သူ၏ ပြိုင်ဘက် ဖြစ်လာမည် မဟုတ်ပေ။
နှောင်းပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများကို သူ့အနေဖြင့် မတိုက်ခိုက်နိုင်သေးသော်လည်း၊ ကိုယ်ကိုယ်ကို ကာကွယ်ရန်အတွက်မူ ပြဿနာ မရှိတော့ပေ။ သေချာပါသည်၊ ဤအရာမှာလည်း ကြိုတင်လိုအပ်ချက်များ သည် အတူတူပင် ဖြစ်ပြီး၊ ထိုနှောင်းပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်ကျွမ်းကျင်သူများသည် နိယာမများကို နားမလည်နိုင်သူများသာ ဖြစ်ပါသည်။
အဘယ်ကြောင့်ဆိုသော် နိယာမများ၏ စွမ်းအားကို နားလည်သည်နှင့် တစ်ပြိုင်နက် ၎င်းတို့၏ တိုက်ခိုက်ရေး စွမ်းအားသည် ချက်ချင်း ပြောင်းလဲသွားမည် ဖြစ်ပြီး၊ သာမန် အမြင်ဖြင့် ကောက်ချက်ချရန် မဖြစ်နိုင်တော့ပါချေ။
"မြို့က ထွက်ဖို့ အချိန်တန်ပြီ။ အဲဒီလူတွေက မစောင့်နိုင်လောက်တော့ဘူး။ ကျာ့ဖန်းလျှန်၊ ရှောင်လန်၊ ဒီရှစ်လာတာကာလက မင်းတို့အတွက် တကယ်ကို ခက်ခဲခဲ့ မှာပဲ။ မင်းတို့တွေ ငါ့ကို လျူလီမြို့ထဲမှာ ရှစ်လလောက် စောင့်နေခဲ့ရတယ်။" ချင်ယွင်သည် တဟားဟားရယ်မောလိုက်ပြီး၊ သူ၏လေသံတွင် ကျီစားဟန်နှင့်အတူ သတ်ဖြတ်လိုသည့်ဆန္ဒများ ပြည့်နေခဲ့သည်။
ထိုသို့ပြောပြီးနောက် ချင်ယွင်သည် ပျောက်ကွယ်သွားပြီး အင်မော်တယ်ဘုရင်၏ စံအိမ်ထဲတွင် ပေါ်လာသည်။
ချင်ယွင်သည် အမျိုးသမီးသုံးဦးနှင့် တခဏတာ စကားစမြည်ပြောပြီး၊ ရေချိုးကာ သန့်ရှင်းသော အဝတ်အစားများကို ပြောင်းလဲဝင်ဆင်ပြီးနောက်၊ အင်မော်တယ် ဘုရင်၏ စံအိမ်ထဲမှ ထွက်လာခဲ့သည်။
သူသည် မူကလ ရုပ်ပြောင်းလဲခဲ့သော ထွားကျိုင်းသန်မာသော လူ၏ ရုပ်ရည် အသွင်အပြင်သို့ ပြန်လည် ပြောင်းလဲပြီးနောက် ချင်ယွင်သည် လျူလီမြို့ အပြင်ဘက် ဆီသို့ ဦးတည်သွားတော့သည်။
ချင်ယွင် နေအိမ်မှ ထွက်သွားသည်နှင့် တပြိုင်နက် ချင်ယွင်၏ နေအိမ်ကို စောင့်ကြည့် နေကြသော လက်အောက်ငယ်သား အသီးသီးသည် အခြေအနေကို သူတို့သခင်တွေထံ အလျင်အမြန် သတင်းပို့ကြသည်။ ထို့နောက် သူတို့အားလုံးသည် ချင်ယွင်၏ ခြေလှမ်းများနောက် လိုက်သွားခဲ့ကြပြီး၊ ချင်ယွင်သည် မြို့ထဲမှ ထွက်ခွာခြင်း ဟုတ် မဟုတ် လိုက်ကြည့်ကြသည်။
ချင်ယွင်သည် ဤအစေခံများ သူတို့နောက်ကွယ်မှ သခင်တွေကို အကြောင်းကြားနိုင် ရန် အလွန်နှေးကွေးစွာဖြင့် တမင်တကာ လျှောက်လာခဲ့သည်။
လက်အောက် ငယ်သားများသည် ချင်ယွင် မြို့တံခါးမှ ဖြည်းညှင်းစွာ လျှောက်သွားသည် ကို မြင်သောအခါတွင်၊ သူတို့၏ မျက်နှာများသည် စိတ်လှုပ်ရှားမှုများဖြင့် ပြည့်နှက်နေခဲ့ သည်။
ချင်ယွင်သည် အိမ်အတွင်း၌ ရှစ်လကြာအောင် ပုန်းအောင်းနေခဲ့ပြီး၊ သူတို့သည်လည်း ရှစ်လလုံးလုံး အိမ်အပြင်ဘက်တွင် နေထိုင်ကြရသည်။ သူတို့က ချင်ယွင်ကို 'ကျုံ့ဝင်နေသောလိပ်' ဟုပင် နာမည်ပြောင် ပေးထားကြသည်။
ယခု၊ ထိုကျုံ့ဝင်နေသော လိပ်ကြီး မြို့ပြင်သို့ ထွက်သွားသည်ကို မြင်လိုက်ရတော့ သူတို့သည် မည်သို့ မပျော်ဘဲ ရှိမည်နည်း?။ ထို့ကြောင့် သူတို့သည် လက်ထဲတွင်ရှိသော သတင်းပို့အဆောင်အသီးသီးကို ဆွဲထုတ်ယူကာ သူတို့သခင်တွေထံ အကြောင်းကြား လိုက်ကြပါသည်။
ထိုသတင်းကို သခင်တွေကြားကြားချင်း၊ သူတို့မျက်လုံးတွေက ဝင်းလက် တောက်ပ လာကြသည်။ သူတို့အားလုံးသည် ကျုံ့ဝင်နေသာ လိပ်တစ်ကောင်ကို စောင့်ကြည့်ရန် သူတို့လက်အောက်ငယ်သားတွေကို အမိန့်ပေးထားပြီး၊ ယခု ထိုလိပ်ကြီးသည် မြို့ပြင်သို့ ထွက်သွားသည်ကို ကြားကြားချင်း၊ သူတို့သည် တတ်နိုင်သမျှ မြို့တံခါးဆီသို့ အမြန် ပြေးသွားကြသည်။
လက်အောက်ငယ်သားများသည် သူတို့၏သခင်များထံမှ အမိန့်များကို ရရှိထားကြပြီး၊ သူတို့သည် မြို့တံခါးမှထွက်ကာ ချက်ချင်း နောက်မှ လိုက်သွားခဲ့ကြသည်။
သို့သော် သူတို့ကို စိတ်ပျက်လုမတတ် ဖြစ်စေရသည့်အရာက ချင်ယွင်၏ ပုံရိပ်ကို မြို့တံခါးတွင် မည်သည့်နေရာမှာမှ ရှာမတွေ့ခဲ့ပေ။ သူတို့သည် တစ်ယောက်ပြီး တစ်ယောက် စိတ်ထဲမှာ ကျိန်ဆဲနေကြသည် “ဒီရဲဘောကြောင်တဲ့လိပ်က ရုတ်တရက် ဘာလို့ ယုန်တစ်ကောင်လို မြန်မြန်ဆန်ဆန် ပြေးသွားရတာလဲ”။