← Chapters

အခန်း ၇၅၆

Vol. 51 Ch. 756

အခန်း ၇၅၆

Vol. 51 Ch. 756

အခန်း (၇၅၆) ပုန်းတမ်းဝှက်တန်းကစားခန်း။

သေချာပါသည်၊ ချင်ယွင်သည် အဝေးကြီးကို ထွက်မပြေးခဲ့ပါဘူး။ ထိုအချိန်တွင်၊ သူသည် မြို့တံခါးမှာ ရပ်နေပါသည်။ သို့သော် သူ၏ရုပ်ရည်အသွင်အပြင်က လုံးဝ ပြောင်းလဲသွားပါပြီ။ သူသည် အနီးနားရှိ လူအုပ်ကြားထဲသို့ ခိုးဝင်ကာ ထိုလူအုပ်နှင့် အတူ လှည့်ပတ်ကြည့်ရူနေသည်။

ဝှီး…။

ထိုအချိန်တွင် လေတိုးသံတစ်ချက် ထွက်ပေါ်လာသည်။ ထို့နောက် ခမ်းနား ထည်ဝါသော အဝတ်အစားများကို ဝတ်ဆင်ထားသော လူငယ်တစ်ဦးသည် မြို့တံခါး အဝတွင် ပေါ်လာပါသည်။ ဤလူငယ်သည် ကျာ့ကလန်မှ ကျာ့ဖန်းလျှန်ကလွဲ၍ အခြားလူ မဟုတ်ပေ။

"သူ ဘယ်မှာလဲ” ကျာ့ဖန်းလျှန်သည် ပေါ်လာသည်နှင့် အေးစက်စွာ မေးလိုက်သည်။

"ကျွန်တော် သူ့ကို မျက်ခြေပြတ်သွားခဲ့တယ်။ မြို့တံခါးကနေ ထွက်သွားတာနဲ့ သူက တမ်းပျောက်သွားတယ်။" အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားက ပြန်ဖြေ သည်။

ကျာ့ဖန်းလျှန်သည် ချက်ချင်း မျက်မှောင်ကြုတ်သွားကာ၊ အေးစက်စွာ အော်လိုက်ပြီး "လိုက်စမ်း၊ ဒီကောင်ရဲ့ စွမ်းအားက သိပ်မမြင့်မားဘူး။ သူ အချိန်တိုအတွင်း အဝေးကြီး ထွက်ပြေးနိုင်မှာ မဟုတ်ဘူး"

ထိုသို့ပြောပြီးနောက် မြို့တံခါးဆီသို့ အပြေးအလွှား ပြေးသွားတော့သည်။ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် အမျိုးသားသည်လည်း သဘာဝအတိုင်း သူ၏နောက်သို့ အနီးကပ် လိုက်လာခဲ့သည်။

ချင်ယွင်သည် လူအုပ်ထဲတွင် ရပ်နေပြီး ကျာ့ဖန်းလျှန် ပျောက်ကွယ်သွားသည့် လမ်းကြောင်းကို ကြည့်လိုက်သည်။ သူ၏ပါးစပ်ထောင့်စွန်းက အေးစက်စက် အပြုံးတစ်ခု ပေါ်လာသည်။

သို့သော်၊ သူသည် သူတို့နောက်ကို ချက်ချင်း လိုက်ပါသွားခြင်း မရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော်၊ နောက်ထပ်လူတစ်ဦးသည် မြို့တံခါးဆီသို့ အပြေးအလွှား ပြေးလာသည်ကို သူ တွေ့ရှိလိုက်ရသောကြောင့် ဖြစ်ပါသည်။

ဝှီး…။

ချင်ယွင်၏ အမြင်အာရုံထဲသို့ ရုပ်အသွင်ပြင်နှစ်ခု ထွက်ပေါ်လာသည်။

"တကယ်ပဲ သူတို့ပါလား?" ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် အေးစက်သွား ၏။

ရုတ်တရက် ထွက်ပေါ်လာသော လူနှစ်ယောက်မှာ ရှောင်လန် နှင့် ရှောင်ကလန်မှ ဆံပင်ဖြူ အဖိုးအိုမှလွဲ၍ အခြားမည်သူမျှ မဟုတ်ပေ။

"သခင်မလေး၊ ကျာ့ဖန်းလျှန်က အရှေ့ဘက်ကို ဦးတည်နေတယ်။ ကျွန်တော်တို့ ဘာလုပ်သင့်လဲ။?" ဆံပင်ဖြူ အဖိုးအိုက ရှောင်လန်ကို မေးလိုက်ပါသည်။

'ဒီကောင်က သေချာပေါက် လူအတစ်ယောက် မဟုတ်ဘူး။ မြို့တံခါးဘက်ကို ပြေးမှာ သေချာတယ်။ မြောက်ဘက်ကို သွားရအောင်။ အဲဒီမှာက လူသူဆိတ်သုန်းတဲ့ တောအုပ်ကြီး ရှိတယ်။ သူ့ကိုယ်သူ ပုန်းကွယ်ဖို့ ပိုလွယ်ကူတယ်။ တကယ်လို့၊ သူသာ လူတုံးလူအတစ်ယောက် မဟုတ်ဘူးဆိုရင်၊ သူ အဲဒီဘက်ကို ပြေးမှာ သေချာတယ်။" ရှောင်လန်က ခွဲခြမ်းစိတ်ဖြာပြီး ပြောသည်။

ဆံပင်ဖြူ အဘိုးကြီးသည် သဘာဝအတိုင်း နောက်သို့ အနီးကပ် လိုက်ပါသွားခဲ့သည်။

"ဘယ်လောက်တောင် မောက်မာလိုက်လဲ”

ချင်ယွင်သည် လူအုပ်ထဲတွင် ရပ်နေပြီး ရှောင်လန်၏ စကားကို နားထောင်နေသည်။ သူ၏ပါးစပ်ထောင့်မှ လှောင်ပြောင်ဟန် အရိပ်မြွက် ပေါ်လာသည်။

ရှောင်လန် ထွက်သွားသည်ကို ချင်ယွင် မြင်သောအခါ၊ သူသည် ကျာ့ဖန်းလျှန် နောက်ကို လိုက်သွားချင်ခဲ့သည်။ သို့သော် သူသည် နောက်ထပ် အခြားလူတစ်ယောက် ထွက်ပေါ်လာမည်ဟု အမြဲလိုလို ခံစားမိသောကြောင့် သူ၏စိတ်ထဲတွင် လိုက်သွားလို စိတ်ကို မျိုသိပ်ထားဆဲပင် ဖြစ်သည်။

ဘန်း…။

ဤအခိုက်အတန့်တွင် ချင်ယွင်၏ အမြင်အာရုံထဲသို့ အနက်ရောင်ဝတ် လူတစ်ယောက် ထွက်ပေါ်လာသည်။

ဤလူ ထွက်ပေါ်လာသည့်အခိုက်တွင်၊ သူသည် ချင်ယွင်ကို အန္တရာယ်အငွေ့အသက်ကို ပေးစွမ်းနေ၏။ ထိုလူ၏ခန္ဓာကိုယ်တစ်ခုလုံးမှ ငရဲမှ တွားသွားတက်လာသည့် သရဲတစ္ဆေ ကဲ့သို့ အုံ့မှိုင်းအေးစက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ အကြည့် တစ်ချက်ဖြင့်ပင်၊ သူ၏နှလုံးကို တုန်လှုပ်သွားစေသည် ။

အနက်ရောင်ဝတ်ထားသူသည် မြို့တံခါးဆီသို့ လျှောက်သွားပြီး၊ လှည့်ပတ် ကြည့်ရူနေသည်။ အဆုံးမှာတော့၊ သူသည် ရှောင်လန်၏ ဆန့်ကျင်ဘက် အရပ်သို့ ဦးတည်ပြီး တောင်ဘက်အရပ်ဆီကို ဦးတည်သွားခဲ့ပါသည်။ မျက်လုံးတစ်မှိတ် အတွင်းမှာပင် သူ၏ရုပ်သွင်အပြင်သည် ချင်ယွင်၏ မြင်ကွင်းမှ ချက်ချင်း ပျောက်ကွယ် သွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်သည် သက်ပြင်းချလိုက်မိသည်။

ကံကောင်းထောက်မစွာ၊ အနက်ရောင်ဝတ်ထားသူသည် ကျာ့ဖန်းလျှန်၏ ဦးတည်ရာ အရပ်ဆီကို မရွေးချယ်ခဲ့ပေ။ ထို့သို့မဟုတ်လျှင်၊ သူသည် ကျာ့ဖန်းလျှန်ကိုသတ်ဖို့ အားထုတ်ရလိမ့်မည်။

ချင်ယွင် ခဏလောက် စောင့်ဆိုင်းပြီးနောက် မြို့တံခါးကနေ မည်သူမှ မထွက်ခွာသည် ကို တွေ့လိုက်ရသည်။ ထိုမှသာ၊ သူသည် ကျာ့ဖန်းလျှန်ကို လိုက်ရန် လျှပ်တပြက် မိုင်တစ်သောင်းကို အသုံးပြုလိုက်သည်။

သို့သော် ချင်ယွင် မမျှော်လင့်ထားသည့်အရာက သူ ထွက်သွားပြီးမှ ထွက်ပေါ်လာသည်။

သူ ပျောက်ကွယ်ချိန်မှာ၊ ပုံရိပ်တစ်ခုသည် တိတ်တဆိတ် ထွက်ပေါ်လာသည်။ ထိုပုံရိပ်သည် သူထွက်သွားသော လမ်းကြောင်းကို ကြည့်လိုက်ရင်း၊ သူ၏ပါးစပ်ထောင့် မှ ခပ်ဖျော့ဖျော့အပြုံးတစ်ချက် ထွက်ပေါ်လာသည်။

"စိတ်ဝင်စားဖို့ ကောင်းတယ်။ စိတ်ဝင်စားဖို့ ကောင်းတယ်။ မင်းက လေကို အသွင်ပြောင်းခြင်းသဘောတရားကို သိနေရုံတင် မကဘူး၊ လေရဲ့ နိယာမကိုလည်း သိနေတာပဲ။ ကောင်လေး၊ ငါ မင်းအကြောင်း ပိုပိုပြီး သိချင်လာပြီ။ မင်းက ဘယ်လို မုန်တိုင်းကြီးကို ဖြစ်ပေါ်စေနိုင်လဲ ကြည့်ရအောင်။" ထိုလူက ပြုံးလိုက်ပြီး၊ သူ၏ ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းကာ လေထဲတွင် ပျောက်ကွယ်သွားခဲ့သည်။

အကယ်၍၊ ရန်ရှာသာ ဤနေရာကို ရောက်နေမည်ဆိုလျှင်၊ ဤလူသည် တစ္ဆေအိုကြီးမုရုံ ဟု သိကြသည့် မုရုံကျင်းချန်ဖြစ်နေသည်ကို သေချာပေါက် မှတ်မိပါလိမ့်မည်။

ချင်ယွင်သည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို ချက်ချင်း အသက်သွင်းလိုက် သည်။ သူ၏အမြန်နှုန်းသည် အရမ်းကို မြန်ဆန်သည်ဟု ပြောလို့ရပါသည်။ အလွန် လျင်မြန်စွာဖြင့်၊ သူသည် ကျာ့ဖန်းလျှန်နှင့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူကို မှီသွားခဲ့သည်။

ဝှီး…။

ချင်ယွင်သည် လေပွေတစ်ခုအသွင် ပြောင်းလဲသွားပြီး၊ ကျာ့ဖန်းလျှန်နှင့် အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူ၏ရှေ့တွင် ပေါ်လာပြီး သူတို့လမ်းကြောင်းကို ပိတ်ဆို့ထား လိုက်သည်။

"မင်းက ဘယ်သူလဲ?။ ဒီသခင်လေးရဲ့လမ်းကြောင်းကို ဘာလို့ ပိတ်ဆို့ရတာလဲ?" ကျာ့ဖန်းလျှန်သည် သူ၏ရှေ့မှာ ရုတ်တရက် ထွက်ပေါ်လာသော လူငယ်ကို ကြည့်ရင်း အေးစက်စွာ မေးလိုက်ပါသည်။

"မင်း ငါ့ကို မမှတ်မိဘူးလား။ မင်းပဲ ငါ့ကို လိုက်ရှာနေတာ မဟုတ်လား?" ကျာ့ဖန်းလျှန်ကို ကြည့်ရင်း ချင်ယွင်သည် ရယ်မောလိုက်သည်။ သူပြောပြီး နောက်မှာ တော့ သူ၏ရုပ်ရည်အသွင်ပြင်သည် ပြောင်းသွားပြီး လူထွားကြီး၏ ရုပ်ရည်အသွင် အပြင် အဖြစ် ပြန်လည်ပြောင်းသွားခဲ့သည်။

"မင်းပါလား?” ကျာ့ဖန်းလျှန်က ချင်ယွင်က လူထွားကြီးအဖြစ် ပြောင်းသွားသည်ကို တွေ့လိုက်ရသောအခါ သူ၏အကြည့်တွေက ချက်ချင်း စူးရှလာပြီး သူ၏ခန္ဓာကိုယ်ထဲမှ ပြင်းထန်သော သတ်ဖြတ်လိုစိတ်တွေ ထွက်ပေါ်လာသည်။

"အခု ငါ့ကို သိသွားပြီလား?" ချင်ယွင်၏ နှုတ်ခမ်းထောင့်စွန်းသည် သူ၏မျက်လုံးများ တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ပေါ်လာရင်း ပြုံးပြလိုက်သည်။

"ကောင်လေး၊ ငါ မင်းကို လိုက်ရှာနေတာ။ မင်းက အရင်ဆုံး ငါ့ဆီ ကိုယ်တိုင်ကိုယ်ကျ ရောက်လာလိမ့်မယ့်လို့ ငါ တကယ်ကို မမျှော်လင့်ထားဘူး။ ကြည့်ရတာ၊ မင်းက အသက်မရှင်ချင်တော့ဘူး ထင်တယ်။ မင်းက သေခြင်းတရားကို လာတောင်းခံတာ လား?" ကျာ့ဖန်းလျှန်၏ ပါးစပ်ထောင့်က လှောင်ပြောင်သော အပြုံးတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

သူ၏အမြင်အရဆို၊ သူ၏ရှေ့မှ ဤလူထွားကြီးသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်၏ နှောင်းပိုင်းအဆင့်ပဲ ရှိပါသေးသည်။ သူ၏ နက်နဲသိပ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် စွမ်းအာဖြင့်ဆို၊ သူသည် သူ့ကို လက်တစ်ဖက်တည်းဖြင့်ပင်၊ ချေမွပစ်နိုင်သည်။

"တကယ်လား၊ ဒါဆိုလည်း လာသတ်စမ်းပါဦး” ချင်ယွင်က သရော်ဟန်ဖြင့် ပြောလိုက် သည်။

ကျာ့ဖန်းလျှန်သည် ချင်ယွင်က သူ့ကို အမှန်တကယ် လှောင်ပြောင်ဝံ့သည်ကို မြင်လိုက်သောအခါတွင် ပြင်းထန်သော ဒေါသက သူ၏နှလုံးသားထဲသို့ ချက်ချင်း တိုးဝင်လာခဲ့သည်။

"မင်းက သေချင်နေမှတာ့ မင်းရဲ့ဆန္ဒကို ငါဖြည့်ဆည့်ပေးမယ်။" ကျာ့ဖန်းလျှန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ပုံရိပ်ကချက်ချင်း ပျံထွက်သွားသည်။ အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ အငွေ့အသက်သည် ချက်ချင်းပင် ချင်ယွင်ကို ပြင်းထန်စွာ ဖိနှိပ်လာခဲ့သည်။

ချင်ယွင်သည် သူ့ဆီသို့ အပြေးအလွှား ပြေးဝင်လာသော ကျာ့ဖန်းလျှန်ကို ကြည့်ရင်း၊ သူသည် ဝင့်ကြွားစွာ ရပ်နေကာ၊ သူ၏မျက်လုံးများတွင် လှောင်ပြောင်သည့် အရိပ်မြွက် ပင် ရှိနေခဲ့သည်။

ဝှီး….။

ကျာ့ဖန်းလျှန်သည် ချင်ယွင်၏ရှေ့မှာ ပေါ်လာပါသည်။ တောက်လောင်နေသော မီးတောက်မီးလျှံအလွှာသည် သူ၏လက်သီးပေါ်မှ တဟုန်ထိုး ပျံ့နှံ့ထွက်လာခဲ့ပြီး၊ ပတ်ဝန်းကျင် အပူချိန်သည် ရုတ်တရက် ကြောက်မက်ဖွယ်အဆင့်သို့ မြင့်တက်လာခဲ့ သည်။

"သေလိုက်တော့၊ မီးနဂါးလက်သီး”။

ကျာ့ဖန်းလျှန်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး မီးတောက်နေသော လက်သီး က ချင်ယွင်၏ ရင်ဘတ်ဆီသို့ တိုက်ရိုက် ထိုးဆင်သွားသည်။ ကြောက်မက်ဖွယ် ကောင်းသော အငွေ့အသက်သည် လေထုတစ်ခုလုံးကို တုန်လှုပ်သွားစေပြီး ဧရာမ နဂါးကြီး ဟိန်းဟောက်လိုက်သကဲ့သို့ ပြင်းထန်သော ပေါက်ကွဲသံက ထွက်ပေါ်လာ သည်။

ကျာ့ဖန်းလျှန်၏ အမြင်ရဆို၊ ဤမီးနဂါးလက်သီးသည် သူ၏ရှေ့မှ ဤလူကို သတ်ပစ်ရန် လုံလောက်ပါသည်။ အကယ်၍၊ ဤလူသာ သူ၏လက်သီးချက်ဖြင့် ထိုးနှက်ခံရလျှင်၊ သူ၏ရှေ့မှ ဤလူသည် သံသယမရှိ သေရလိမ့်မည်။

"အရမ်းကို နှေးလွန်းတယ်။ အားလည်း နည်းလွန်းတယ်။"

သို့သော် ယခုအချိန်တွင် ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် ရုတ်တရက် တွန့်ကွေးသွား ၏။

ထို့နောက်တွင်မူ၊ ကျာ့ဖန်းလျှန်သည် သူ့မျက်လုံးများ၏ ရှေ့တွင် ပုံရိပ်ယောင် အလင်းတန်းတစ်ခုကိုသာ တွေ့လိုက်ရပါသည်။

​“ဘုန်း..”။

ချင်ယွင်၏ လက်သီးသည် ကျာ့ဖန်းလျှန်၏ ရင်ဘတ်ကို လျှပ်စီးလက်သလို ထိမှန်သွား၏။ လက်ရှိ ချင်ယွင်အနေဖြင့် ကျာ့ဖန်းလျှန်သည် အလွန်အားနည်းလွန်း သည်။

ကျာ့ဖန်းလျှန်၏လက်သီးသည် ချင်ယွင်ကို မထိမီ၊ ချင်ယွင်၏ လက်သီးချက်က သူ့ကို ထိမှန်သွားခဲ့ပြီး၊ သူသည် နောက်သို့ ပြန်ဆုတ်သွားခဲ့ရသည်။

“ဖူး…”

ကျာ့ဖန်းလျှန်သည် သူ၏ရင်ဘတ်ကို ပြင်းပြင်းထန်ထန် ထိုးနှက်ခြင်းကိုပြီး ခံစားလိုက်ရပြီး၊ သူ၏ပါးစပ်မှ သွေးများ စီးကျလာသည်။ သူ၏ ခန္ဓာကိုယ်သည် ကြိုးပြတ်သွားသော စွန်ကဲ့သို့ နောက်သို့ လွင့်ပျံသွားကာ မြေပြင်ပေါ်တွင် ရှည်လျားသော စွပ်ကြောင်းကြီးတစ်ခု ကျန်ရစ်ခဲ့သည်။

"ဘယ်လို...ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ" ကျာ့ဖန်းလျှန်၏ မျက်လုံးများသည် မယုံကြည်နိုင်ဟန် အမူအရာဖြင့် ပြည့်နှက်နေသည်။

သူတစ်ချက်ထိုးရုံဖြင့် သေဆုံးသွားမည်ဟု ထင်မှတ်ထားသော ဤကောင်သည် သူ့ကို တစ်ချက်ထိုးရုံဖြင့် လွင့်ထွက်သွားစေလိမ့်မည်ဟု သူ မည့်သည့်အခါမှ တွေးမထားခဲ့ ချေ။ ထို့အပြင်၊ ထိုတဖက်လူက သူ့ကို ထိုးလိုက်သည့်အချိန်မှာ၊ သူသည် ထိုလူ၏ လက်သီးချက် တိုးဝင်လာသည်ကို အမှန်တကယ် မမြင်တွေ့ခဲ့ပေ။ ပို၍အရေးကြီးသည် မှာ၊ သူသည် ပြန်ထပြီး၊ ပြန်တိုက်ခိုက်ဖို့ နေနေသာသာ၊ ယခုအချိန်၊ သူ၏ရင်ဘတ်မှ နာကျင်မှုက သူ့ကို မူးမေ့လဲလုနီးပါး ဖြစ်စေခဲ့သည်။

"အခု မင်း ငါ့ကို သတ်နိုင်မယ်လို့ ထင်နေသေးလား?” ချင်ယွင်သည် နောက်ပြန် လွင့်ထွက်သွားသော ကျာ့ဖန်းလျှန်ကို ကြည့်ရင်း လှောင်ပြောင်ရယ်မောကာ သူ၏ အမူအရာက အေးစက်ပြီး မောက်မာဟန်ရှိသည်။

"ကျာ့ယု၊ ခင်ဗျား၊ သူ့ကို ကျုပ်အတွက် သတ်လိုက်ပါ" ကျာ့ဖန်းလျှန်က အော်ပြော လိုက်သည်။

"ဟုတ်ကဲ့ပါ သခင်လေး” အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူက ချက်ချင်း ပြန်ဖြေလိုက်ပြီး သူ၏လက်ထဲတွင် အနက်ရောင်ဓားကြီးတစ်ချောင်း ပေါ်လာသည်။

“ဘုန်း..”

ဧရာမဓားကြီးသည် မြေပြင်ပေါ်သို့ ကျဆင်းလာစဉ်၊ ပြင်းထန်သည့် လေးလံသော အငွေ့အသက်တစ်ခု ထွက်ပေါ်လာပြီး၊ မြေကြီးထဲသို့ ချက်ချင်း ထိုးဖောက် ဝင်ရောက် သွားသည်။

"လေးလံတဲ့ဓားကြီးလား?” ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။

All Chapters