← Chapters

အခန်း ၇၅၇

Vol. 51 Ch. 757

အခန်း ၇၅၇

Vol. 51 Ch. 757

အခန်း (၇၅၇) ဝမ်ကျွင်းနိယာမ (စစ်တပ်တစ်သောင်းနိယာမ)

"ဟမ့်၊ ကျာ့ယုက ငါမျိုးနွယ်စုထဲမှာ ထင်ရှားကျော်ကြားတဲ့ စစ်သည်တော်တစ်ဦး ဖြစ်တယ်။ သူက မြေစွမ်းရည်နိယာမနယ်ပယ်ထဲကို ခြေလှမ်းဝင်ရောက်ပြီးနေပြီ။ သူရဲ့ဓားကြီးက ဂျင် ၃၈ သန်း အလေးချိန်ရှိတယ်။ အဆင့်တူချင်းမှာ ဘယ်သူမျှ သူ့ရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူး။ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့် ကျွမ်းကျင်ပညာရှင်တွေတောင် အဲဒီဓားကြီးကို မတိုက်ဝံ့ဘူး။ မင်း သေဖို့သာ စောင့်နေ လိုက်တော့”။ ဘေးမှာရပ်နေသည့် ကျာ့ဖန်းလျှန်က ချက်ချင်း လှောင်ပြောင် ပြောဆို လိုက်ပါသည်။

"မြေစွမ်းရည်နိယာမလား?” ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်မှု အရိပ်အယောင် ပေါ်လာသည်။

သူသည် နိယာမနယ်ပယ်၏ ကနဦးအဆင့်သို့ ဝင်ရောက်ပြီးဖြစ်သော အပေါင်းအပါ တစ်ဦးနှင့် ယခုလို မြန်မြန်ဆန်ဆန်ကြီး ကြုံတွေ့ရမည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။ ၎င်းသည် နိယာမများတွင် လွှမ်းမိုးနိုင်စွမ်းကြီးမားသည့် မြေကြီးစွမ်းရည် နိယာမလည်း ဖြစ်နေသည်။

မြေစွမ်းရည်တွင် နိယာမနှစ်မျိုး ရှိပါသည် ၎င်းတို့မှာ- ဝမ်ကျွင်းနိယာမ နှင့် မြေလှိုင်းနိယာမတို့ ဖြစ်သည်။

ဤဝမ်ကျွင်းနိယာမသည် မြေစွမ်းရည်နိယာမနှစ်မျိုးထဲမှ ပိုမိုအားကောင်းသော နိယာမတစ်ခု ဖြစ်ပါသည်။ ၎င်းနိယာမ၏အမည်ကို အဓိပ္ပာယ်ဖွင့်ဆိုထားသည့် အတိုင်း၊ ၎င်းသည် စစ်တပ်တစ်သောင်းကဲ့သို့ အစွမ်းထက်ပြီး ၎င်း၏အစွမ်းသည် အကန့်အသတ် မရှိဖြစ်ပြီး ၎င်းအား အကြွင်းမဲ့ခွန်အားဖြင့်သာ ချေမှုန်းနိုင်သည်။

သူ၏ရှေ့မှ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် သူ၏ လေးလံသောဓားကြီးကို လက်နက်အဖြစ် အသုံးပြုရခြင်း၏အကြောင်းအရင်းမှာ၊ သူသည် ဤနိယာမ၏ စွမ်းအားကို အပြည့်အ၀ အသုံးချလိုကြောင့် အတိအကျပင် ဖြစ်သည်။

ဝမ်ကျွင်းနိယာမနှင့် ဂျင် ၃၈ သန်း လေးလံသောဓားကြီး။ ဤဓားကြီး၏စွမ်းအားကို စိတ်ကူးဖြင့်ပင် တွေးကြည့်နိုင်သည်။

“ဘုန်း..”

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် စကားတစ်ခွန်းမှ မပြောဘဲ၊ မြေပြင်ထဲသို့ ထိုးဖောက်ဝင်ရောက်သွားသော ဓားနက်ကြီးကို ကောက်ကိုင်လိုက်ပြီး ချင်ယွင်ဆီသို့ ခုန်ဆင်းလာသည်။

ကြီးမားသော အနက်ရောင် ဓားကြီးသည် ချင်ယွင်ဆီကို အနှိုင်းမဲ့ ထူထဲသော အငွေ့အသက်ဖြင့် ဖိနှိပ်လိုသည့်အလား၊ အဝါရောင် မြေစွမ်းအင် အတက်အကျ လှိုင်း များဖြင့် ချက်ချင်း ဖုံးလွှမ်းသွားသည်။

ချင်ယွင်သည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို အသုံးပြုပြီး အလွန်လျင်မြန်သော အရှိန်ဟုန်ဖြင့် နောက်ဘက်သို့ ပျံသန်းသွားခဲ့သည်။

“ဘုန်း..”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ အနက်ရောင် ဓားကြီးသည် ချင်ယွင် ရပ်နေသည့်နေရာသို့ ထိုးဖောက် ဝင်ရောက်သွားသည်။

မြေပြင်သည် အက်ကွဲနေသော ရေခဲမြစ်ကဲ့သို့ ချက်ချင်းပင် အက်ကွဲသွားကာ၊ ၎င်းအက်ကွဲကြောင်းသည် ချင်ယွင်၏ ဦးတည်ရာဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ဦးတည်သွားနေသည်။

“ဘုန်း..”

မြေပြင်သည် ပေသုံးထောင်အထိ ကွဲအက်သွားပြီး ကြီးမားသော အပျက်အစီးများသည် မြစ်ကြီးတစ်စင်းဖွယ် ဖြစ်ပေါ်လာသည်။

ချင်ယွင်သည် ပေသုံးထောင်ရှည်လျားသော အပျက်အစီး မြစ်ကြီးကို ကြည့်ရင်း၊ သူ၏မျက်လုံးများက လေးနက်မှုအရိပ်အယောင်ကို ပေါ်လွင်စေသည်။

ဤလူ၏ ခွန်အားသည် သူထင်ထားတာထက် အများကြီး ပိုကြောက်စရာကောင်းနေ သည်။ အင်မော်တယ်ကမ္ဘာရှိ မြေပြင်သည် အနှိုင်းမဲ့ မာကြောလှသည်။ ဤလူသည် ဤမျှကြီးမားသော အက်ကွဲကြောင်းကြီးကို ဓားတစ်ချောင်းဖြင့် ခွဲထုတ်နိုင်သည် ဆိုသောအချက်က သူ၏ဓားသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို ပြသနေ သည်။

ဘန်း…။

ဤအခိုက်အတန့်တွင် အနှိုင်းမဲ့ထူထပ်ပြီး လွှမ်းမိုးကြီးစိုးနေသော အလင်းတန်း တစ်ခုသည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားလေသည်။

ချင်ယွင်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားပါသည်။ သူသည် ခုခံကာကွယ် ဒိုင်းတစ်ခုကို သိပ်သည်းရန်အတွက် သူ၏ခန္ဓာကိုယ်ထဲမှ ဖရိုဖရဲ အင်မော်တယ် စွမ်းအင် ကို အလျင်အမြန် စုစည်းလိုက်သည်။

“ဘုန်း”

အနက်ရောင် ဓားကြီးသည် ချင်ယွင်၏ အကာကွယ်ဒိုင်းနှင့် တိုက်မိပြီး အကန့်အသတ်မဲ့ အင်အားတစ်ခုက ချက်ချင်းဆိုသလို ထွက်ပေါ်လာသည်။

ထိုခံစားချက်သည် ကောင်းကင်မှ ဆင်းလာသော ဧရာမတောင်ကြီးနှင့် တူသည်။ ချင်ယွင်၏ အကာကွယ်ဒိုင်းသည် ချက်ချင်း ကွဲအက်သွားသည်။

ချင်ယွင်သည် သူ၏လက်ဖဝါးကို အလျင်အမြန် ဆန့်ထုတ်ကာ လေးလံသော ဓားကြီးကို ရင်ဆိုင်ရန် သူ၏နတ်ဆိုးနတ်ဘုရားကြယ်ဖမ်းလက်ကို အသုံးပြုလိုက်ပြီး၊ မျက်မှောင် ကြုတ်သွားလေသည်။

နတ်ဆိုးနတ်ဘုရား ကြယ်ဖမ်းလက်နှင့် ဧရာမ အနက်ရောင် ဓားကြီးတို့သည် အပြင်းအထန် တိုက်မိသွားပြီး၊ သူတို့နှစ်ဦးသည် အလယ်တွင်ထိတွေ့နေကာ၊ ရှေ့မတိုး နောက်မဆုတ်သာ ဖြစ်နေကြသည်။

ဝှီး….။

ထိုအချိန်တွင်၊ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် အနီးကပ် လိုက်ပါလာကာ၊ လေးလံသော ဓားကြီး၏ အခြားတစ်ဖက်ကို လက်ဖြင့် တိုက်ရိုက် ပုတ်လိုက်သည်။ အကန့်အသတ်မဲ့ အင်အားတစ်ခုသည် ကြီးမားသော အနက်ရောင် ဓားကြီးကို ချက်ချင်း ဖြတ်သန်းပြီး ချင်ယွင်၏ လက်ဖဝါးဆီသို့ ရောက်ရှိသွားသည်။

ချင်ယွင်သည် သူ၏လက်ဖဝါးကို ပြင်းပြင်းထန်ထန် ထိုးနှက်လာသည်ကို ခံစားလိုက်ရ ပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်း နောက်ပြန် လွင့်သွားသည်။ ဤတိုက်ခိုက်မူကြောင့် သူ၏လက်မောင်းရိုးတစ်ခုလုံး ကွဲကြေသွားသည်။

“ဘုန်း..”

ချင်ယွင်သည် အဝေးမှ တောင်ကုန်းတစ်ခုပေါ်သို့ ပြိုကျခဲ့ပြီး၊ သူ၏အောက်မှ တောင်ကုန်းသည် ချက်ချင်း ကွဲအက်သွားသည်။

"ဘယ်လောက်တောင်မှ လွှမ်းမိုးကြီးစိုးနိုင်တဲ့ခွန်အား?”

ချင်ယွင်၏ မျက်လုံးများက အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ သူ၏ ရုပ်ခန္ဓာကိုယ်သည် အလွန် အစွမ်းထက်သည်။ ရှေးဟောင်း ဖရိုဖရဲ အင်မော်တယ် စွမ်းအင်၏ ပံ့ပိုးပေးမှုဖြင့် သာမန် အလယ်လတ်အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် သူ့ထက် အများကြီး နိမ့်ကျသည်။ သို့သော် ယခုပင် သူသည် ဤလူ၏ ဓားချက်ကို အမှန်တကယ် မခုခံနိုင်ခဲ့ပေ။

"ကြည့်ရတာ ဒီဝမ်ကျွင်းနိယာမက တကယ်ကို ကြောက်စရာကောင်းတယ်။" ချင်ယွင်၏ မျက်လုံးများက လေးနက်မှု အရိပ်အယောင်ကို ထုတ်ဖော်နေသည်။

အသက်နိယာမက ချက်ချင်း အသက်ဝင်လာပြီး ချင်ယွင်၏ လက်မောင်းအရိုးများသည် ထိုစွမ်းအားကြီးမားသော အသက်စွမ်းအား၏ ကုသမူအောက်တွင် ၎င်းတို့၏ မူလ အခြေအနေသို့ ချက်ချင်း ပြန်လည်ရောက်ရှိသွားခဲ့သည်။

ခပ်ဝေးဝေးတွင်၊ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် သူ၏လက်ထဲတွင် အနက်ရောင် ဓားကြီးကို ကိုင်ဆောင်ရင်း၊ ချင်ယွင်ကို အေးစက်စက်နှင့် ကြီးစိုးလွှမ်းမိုးမူ ရှိသော အမူအရာဖြင့် ကြည့်နေသည်။

"ဟား…၊ ဟား…၊ မျိုးမစစ်ကောင်၊ မင်းက ကျာ့ယုရဲ့ ပြိုင်ဘက် မဖြစ်နိုင်ဘူးလို့ ငါ ပြောခဲ့သားပဲ။ သူ့ရဲ့ လေးလံတဲ့ ဓားကြီးဟာ အဆင့်တူအတွင်းမှာ ပြိုင်ဘက်ကင်း ဖြစ်တည်မှု တစ်ခုပဲ။ မင်း သူ့ကို ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်တာက သေခြင်းတရားကို တောင်းခံနေတာနဲ့ အတူတူပဲ” ကျာ့ဖန်းလျှန်သည် ချင်ယွင် လွင့်ထွက်သွားသည်ကို မြင်ပြီး ချက်ချင်းပင် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"တကယ်ပဲ၊ ငါတို့က ထိပ်တိုက်ရင်ဆိုင် တိုက်ခိုက်လို့ မရနိုင်ဘူး။" သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားက ထွက်ပေါ်လာသည်နှင့် ချင်ယွင်၏ မျက်လုံးများတွင် ဓားဆန္ဒ အရိပ်ယောင်တစ်ခု လင်းလက်သွားသည်။

ဘန်း…။

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် အနက်ရောင် ဧရာမဓားကြီးကို သူ၏ လက်ထဲတွင် ကိုင်ထားရင်း သူ၏ ခန္ဓာကိုယ်သည် တစ်ဖန် ပျံထွက်သွားပြန်သည်။ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် သူ၏လက်ထဲတွင် အနက်ရောင် ဧရာမ ဓားကြီးကို ဆွဲကိုင်ပြီး ချင်ယွင်ကို နောက်တစ်ကြိမ် ပြင်းပြင်းထန်ထန် ခုတ်ပိုင်းလိုက် ပြန်သည်။

ချင်ယွင်၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့ပြီး သူ၏လက်ထဲရှိ မြူနှင်း ချောက်နက်ဓားသည် ချက်ချင်း ပစ်လွှတ်လိုက်ကာ ရာနှင့်ချီသောဓားများ ဆက်တိုက် ထွက်လာခဲ့သည်။

ဓားတစ်ရာ၏ စွမ်းအားသည် အနက်ရောင် ဓားကြီးကို ပြန်၍ တွန်းလှန်လိုက်သည် ။

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူ၏ မျက်လုံးများသည် အံ့သြမှု အရိပ်အယောင် ပေါ်လာကာ သူ၏ အကြည့်များက ပို၍ ပြတ်သားလာသည်။ ချင်ယွင်၏ တိုက်ခိုက်မှု သည် ထူးထူးခြားခြား ဖြစ်နေသည်ကို သူ နားလည်ခဲ့သည်။

"စစ်သည်တစ်ထောင် ခုတ်ပိုင်းခြင်း”။

အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူသည် တိုးညှင်းသော အသံဖြင့် အော်ဟစ်လိုက် သည်။ ချက်ချင်းဆိုသလိုပင် သူ၏လက်ထဲမှ အနက်ရောင် ဓားကြီးကို ဝှေ့ယမ်းလိုက် သည်။ ကောင်းကင်ယံ၌ ပေရာပေါင်းများစွာ ရှည်လျားသော ဓားအလင်းသဏ္ဍာန်ကြီး သည် တိုက်ရိုက် ဖွဲ့တည်သွားပြီး၊ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ခုတ်ပိုင်းလိုက်လေသည်။

ထိုဧရာမဓားအရိပ်ကြီးတွင် ပါဝင်သော စွမ်းအားသည် ဆယ်ကီလိုမီတာ အကွာအဝေး အတွင်း ဖုန်မှုန့်များ လွင့်စင်သွားသည်အထိ အလွန်ကြောက်စရာကောင်းပြီး၊ ထိုဓားအရိပ်ကြီး ကျဆင်းလာချိန်မှာ ပေတစ်ထောင် အချင်းဝက်က စကားထဲပင် ထည့်ပြောစရာ မလိုတော့ချေ။

ချင်ယွင်သည် သူ၏ လှုပ်ရှားမှုပညာရပ်ကို အလျင်အမြန် အသုံးပြုကာ နောက်ပြန် ပျံသန်းသွားခဲ့သည်။

“ဘုန်း…”

ချင်ယွင် မှန်းဆထားသည့် အတိုင်းပင်၊ မြေပြင်ပေါ်၌ ကြီးမားသည့် ဆွယ်ပုံစံ တွင်းနက်ကြီးတစ်ခု ဖြစ်ပေါ်လာသည်။ တချိန်တည်းမှာပင်၊ သာမန်မျက်စိဖြင့် မမြင်နိုင် သော အင်အားတစ်ခုက ချင်ယွင်၏ခန္ဓာကိုယ်နှင့် အပြင်းထန် တိုက်မိပြီး သူ့ကို နောက်သို့ လွင့်ပျံသွားစေခဲ့သည်။

“လျှပ်တပြက်သတ်ဖြတ်ခြင်း”

နည်းနည်းလေးမှ တုန့်ဆိုင်းမနေဘဲ၊ ချင်ယွင်သည် သူနားလည်ထားခဲ့သော ဓားသိုင်းကွက်ကို တိုက်ရိုက် အသက်သွင်းလိုက်သည်။

သူ၏ရုပ်အသွင်သည် လေထဲတွင် ထောင်ပေါင်းများစွာသော ပုံရိပ်များအဖြစ်သို့ ပြောင်းလဲသွားသည်။ တခဏအတွင်းမှာပင် သူသည် မီတာတစ်သောင်း အကွာ အဝေးကို ပျံသန်းသွားခဲ့ပြီး အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူ၏ အနားတွင် ပေါ်လာသည်။

ချင်ယွင်သည် သူ၏ဓားကို ဝှေ့ယမ်းပြီး၊ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူ၏ လည်ပင်းဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

မြူနှင်းချောက်နက်ဓား၏ ဓားသွားသည် နှင်းရောင်ကဲ့သို့ ဓားသွားအစွန်းတစ်ခုဖြင့် လေထဲတွင် ဝင်းလက်တောက်ပသွားကာ ပြင်းထန်သော ဓားဆန္ဒကို ထင်ရှားစေ သည်။

ချွင်၊

သို့သော် ချင်ယွင် မမျှော်လင့်ထားသည့်အရာမှာ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူ၏ လည်ပင်းကို အနက်ရောင်သံချပ်ကာ ကြေးခွံအလွှာဖြင့် ဖုံးအုပ်ထားခြင်း ဖြစ်သည်။ ချင်ယွင်၏ဓားသည် အကြေးခွံလွှာများကို ထိမှန်သွားသော်လည်း၊ ၎င်းသည် အကြေးခွံလွှာများကိုသာ ကွဲကြေသွားစေရုံဖြစ်ပြီး၊ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ် လူ၏ အရေပြားကို ဒဏ်ရာရရှိသွားစေသော်လည်း၊ သူ၏ဦးခေါင်းကို မဖြတ်နိုင်ခဲ့ပေ။

ဘန်း…။

တစ်ချိန်တည်းမှာပင်၊ အနက်ရောင် ချပ်ဝတ်တန်ဆာဝတ်လူ၏ လက်ထဲမှ ဧရာမ အနက်ရောင် ဓားကြီးသည် ကြောက်မက်ဖွယ်ကောင်းသော အင်အားဖြင့် ချင်ယွင်၏ ခါးဆီသို့ ဖြတ်သွားခဲ့သည်။

အနက်ရောင် ဓားကြီးသည် တစ္ဆေအူသံကဲ့သို့ လေထဲသို့ ထိုးဖောက် ဝင်ရောက် သွားသည်။

ချင်ယွင်သည် ချက်ချင်းပင် သူ၏ဓားဖြင့် တိုက်ခိုက်ခြင်းကို တားဆီးလိုက်သည်။ အနက်ရောင် ဓားကြီးသည် ချင်ယွင်၏ မြူနှင်းချောက်နက်ဓားနှင့် တိုက်မိသွားပြီး မီးပွားမီးပန်းများ ပေါက်ကွဲထွက်လာစဉ် တုန်လှုပ်သောအသံက ထွက်ပေါ်လာသည်။

မြူနှင်းချောက်နက်ဓားသည် ချက်ချင်းပင် ကွေးညွတ်သွားပြီး အနက်ရောင် ဓားကြီးသည် ချင်ယွင်၏ ရင်ဘတ်ပေါ်သို့ အညှာအတာမဲ့စွာ ထိမှန်သွားခဲ့သည်။

“ဖူး…”

ချင်ယွင်သည် သွေးများ အန်ထုတ်လိုက်ရပြီး သူ၏ အတွင်းအင်္ဂါများသည် ချက်ချင်းပင်၊ ကွဲအက်သွားကာ သူ၏ခန္ဓာကိုယ်သည် ပုစွန်တစ်ကောင်လို ကွေးညွတ်ပြီး နောက်ပြန် ဆုတ်သွားသည်။

ဤကြောက်စရာကောင်းသော စွမ်းအားကို သူ လုံးဝ မဖယ်ရှားနိုင်မီ၊ ချင်ယွင်သည် ပေထောင်ပေါင်းများစွာအထိ လွှင့်ပျံသွားခဲ့သည်။ ဤအနက်ရောင် ချပ်ဝတ် တန်ဆာဝတ်လူ၏ ဝမ်ကျွမ်းနိယာမသည် အလွန်ကြောက်စရာကောင်းပြီး ၎င်းသည် နိယာမနယ်ပယ်အတွင်းသို့ ကနဦးဝင်ရောက်စအဆင့်သာ ဖြစ်ပါသေးသည်။ အကယ်၍၊ သူသည် သေးငယ်သောအောင်မြင်မူအဆင့်သို့သာ ဝင်ရောက်သွားပါက၊ သူသည် တစ်ချက်တည်းဖြင့် အသားငါးပိဖြစ်သည်အထိ ကြေမွသွားပေလိမ့်မည်။

"အလယ်အလတ်အဆင့် အင်မော်တယ် ချပ်ဝတ်တန်ဆာနဲ့ ကြောက်စရာကောင်းတဲ့ စွမ်းအား၊ ကြည့်ရတာ၊ ကိုင်တွယ် ဖြေရှင်းဖို့ လွယ်ကူမယ့်ပုံမပေါ်ဘူး” ချင်ယွင်က သူ၏ ရင်ဘတ်ကို တင်းတင်းဆုပ်ထားပြီး သူ၏အကြည့်တွေက အလွန်ကို လေးနက်နေသည်။

"ဟား…၊ ဟား….၊ မျိုးမစစ်ကောင်၊ ကျာ့ယုက ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်း သိပြီမဟုတ်လား?။ သူက ငါတို့ ကျာ့ကလန်က အာရုံစိုက် ပြုစုပျိုးထောင် ပေးထားတဲ့ စစ်သည်တော်တစ်ဦးပဲ။ မင်းလို တကိုယ်တော် ကျင့်ကြံသူတစ်ဦးက သူ့ကို ဘယ်လိုလုပ် အနိုင်ယူနိုင်မှာလဲ။" ကျာ့ဖန်းလျှန်သည် ခပ်လှမ်းလှမ်းတွင် ရပ်ပြီး၊ ရယ်မောကာ လှောင်ပြောင်လိုက်သည်။

ထိုစကားကို ကြားတော့ ချင်ယွင်၏ အမူအရာက ချက်ချင်း မည်းမှောင်သွားပါသည်။

All Chapters