← Chapters

အခန်း ၇၅၉

Vol. 51 Ch. 759

အခန်း ၇၅၉

Vol. 51 Ch. 759

အခန်း (၇၅၉) ကျာ့မိသားစု၏ အမျက်ဒေါသ။

ထိုလက်သီးချက်သည် ကျာ့ယု၏တိုက်ခိုက်မှုကို ဖြိုဖျက်သွားရုံသာမက၊ အလယ်အလတ်အဆင့် အင်မော်တယ် ချပ်ဝတ်တန်ဆာ ဝတ်ဆင်ထားသည့် ကျာ့ယုကို လည်း သတ်ပစ်ခဲ့သည်။ ထို့အပြင်၊ သူ၏အလောင်းသည်ပင် တစစီဖြစ်ပြီး ပျောက်သွား သည်။ ဤအရာသည် ကြောက်စရာကောင်းသည့် မည်သည့်ခွန်အားမျိုးနည်း?။

ကျာ့ဖန်းလျှန်သည် မြေပြင်ပေါ်တွင် တစီစီပြန့်ကျဲနေပြီးဖြစ်သော ကျာ့ယုကို ကြည့်ကာ သူ၏ဦးရေပြားက ထုံကျင်လာသည်။

သို့သော် ယခုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုသည့်ဆန္ဒက မလျော့သွားခဲ့ပေ။ သူ၏မျက်လုံးတစ်စုံသည် ကျာ့ဖန်းလျှန်ကို အဆိပ်ပြင်းသည့် မြွေတစ်ကောင်ကဲ့သို့ စိုက်ကြည့်ပြီး သူ့ဆီ ဖြည်းညှင်းစွာ လျှောက်လာနေသည်။ သူ ခြေတလှမ်း လျှောက်လှမ်းလိုက်တိုင်း သတ်ဖြတ်ချင်စိတ်တွေက ပြည့်နှက်နေသည်။

"မင်း...ဘာလုပ်ချင်လို့လဲ?” ကျာ့ဖန်းလျှန်၏ မျက်နှာသည် ချက်ချင်းပင် ကြောက်ရွံ့မှု အမူအရာကို ပေါ်လွင်စေပြီး သူ၏ခန္ဓာကိုယ်သည် မသိစိတ်က ဆုတ်ခွာသွားချင်သည်။

"ငါ မင်းကို သတ်မယ်” ချင်ယွင်သည် စကားနှစ်လုံးကို ညှစ်ထုတ်ပြောလိုက်ပြီး သူ၏ခြေလှမ်းများကို အလောတကြီး လျှောက်လှမ်းခြင်း မရှိခဲ့ပေ။ သူသည် ကျာ့ဖန်းလျှန်ကို သေခြင်းတရား၏ ကြောက်ရွံ့မှုကို အပြည့်အဝ ခံစားစေလိုသည်။

"ငါ...မင်းကို ပြောလိုက်မယ်။ ငါက ကျာ့ကလန်ရဲ့ ဒုတိယသခင်လေးပဲ။ တကယ်လို့၊ မင်း ငါ့ကို သတ်လိုက်ရင်၊ ကျာ့ကလန်က မင်းကို အလွတ်ပေးမှာ မဟုတ်ဘူး" ကျာ့ဖန်းလျှန်သည် ချင်ယွင် သူ့ဆီသို့ ဆက်လက် လျှောက်လှမ်းလာသည်ကို မြင်ပြီး ချက်ချင်းပင် ခြိမ်းခြောက်လိုက်သည်။

"ဟင့်၊ မင်းတို့ကျာ့ကလန်ရဲ့ ကလဲ့စားချေမှုကို ငါက ဂရုစိုက်မယ်လို့များ မင်း ထင်နေတာလား?။ ရန်ကလန်က ရန်ချန်ကို ငါသတ်လိုက်ပြီးကတည်းက၊ ငါက လျူလီမြို့မှာ လွတ်လွတ်လပ်လပ် သွားလာနေနိုင်တာပဲ မဟုတ်လား?” ချင်ယွင်၏ နှုတ်ခမ်းများသည် မထီမဲ့မြင်ပြုဟန်ဖြင့် လှောင်ပြောင်မှုအဖြစ်သို့ တွန့်ကွေးသွားခဲ့ပြီး၊ သူ၏ရုပ်အသွင်သည် ပြောင်းလဲလာပြီး သူ၏မူလအသွင်အပြင်သို့ ပြန်လည် ရောက်ရှိ သွားခဲ့သည်။

"မင်းက... မင်းက ချင်ယွင်မဟုတ်လား။" ကျာ့ဖန်းလျှန်၏ မျက်လုံးတွေက ချက်ချင်းဆိုသလို ပြူးကျယ်သွားကာ၊ စိတ်ပျက်အားငယ်မှုက သူ၏နှလုံးသားထဲကို ဝင်လာခဲ့သည်။

လျူလီမြို့မှာ အချိန်အတော်ကြာ နေထိုင်ပြီးနောက် ရန်ချန်အသတ်ခံရသည်ကို သဘာဝအတိုင်း သူ ကြားခဲ့ရသည်။

လူသတ်သမားကို ရှစ်လကြာအောင် မဖမ်းနိုင်ခဲ့သည့်နောက်၊ ရန်ကလန်၏ တတိယ အကြီးအကဲသည် လုံးဝ ဒေါသတကြီး ဖြစ်နေခဲ့သည်။ သူသည် အဆင့်မြင့် အစောင့်ကြပ်တွေကိုပင် လှုပ်ရှားရန် တိုက်ရိုက် အမိန့်ပေးခဲ့ပြီး၊ လျူလီမြို့၏ သြဇာလွှမ်းမိုးမှု နယ်ပယ်တစ်ခုလုံးကို ဇောက်ထိုးမိုးမျှော် လှန်ခိုင်းရန် အဆင့်မြင့် အစောင့်ကြပ် ဆယ်ယောက်ကို စေလွှတ်ခဲ့သည်။ သို့သော်လည်း၊ ထိုလူသတ်သမားကို ရှာမတွေ့ခဲ့ပါ။

ဤလူသည် ဤကမ္ဘာကြီးကနေ လုံးဝ ပျောက်ကွယ်သွားပုံရသည်။ ကျာ့ဖန်းလျှန်သည် ရန်ကလန်၏ အရည်အချင်း မရှိမူအတွက် တစ်ချိန်က လှောင်ပြောင်ခဲ့ဖူးသော်လည်း သူ၏ရှေ့တွင်ရှိနေသော ဤလူငယ်သည် ရန်ကလန်က တချိန်လုံး လိုက်ရှာနေသော ချင်ယွင်ဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"မင်းကို လိုက်ပို့ရမယ့် အချိန်ရောက်ပြီ" ချင်ယွင်၏ မျက်လုံးများတွင် သတ်ဖြတ်လို သည့်ဆန္ဒက ချက်ချင်း ထွက်ပေါ်လာပြီး သူ၏ရုပ်အသွင်သည် ချက်ချင်းပင် ပုံရိပ်ယောင်တစ်ခု အဖြစ်သို့ ပြောင်းလဲသွားကာ၊ သူ၏နေရာမှ ပျောက်ကွယ်သွားခဲ့ သည်။

ကျာ့ဖန်းလျှန်သည် ချင်ယွင် ရုတ်တရက် ပေါက်ကွဲလာသည်ကို မြင်လိုက်ရသည့်အခါ၊ သူ၏မျက်လုံးထဲတွင် ရက်စက်သည့် အမူအရာ ပေါ်လာပါသည်။

"ဟား..၊ ဟား..၊ မင်း ငါ့ကို မသတ်နိုင်သေးပါဘူး။ ချင်ယွင်၊ ငါ့ရဲ့ ကျာ့ကလန်နဲ့ ရန်ကလန်က မင်းကို အရူးအမူးလို လိုက်ဖမ်းမှာကို စောင့်နေလိုက်ဦး။" ကျာ့ဖန်းလျှန် က ရုတ်တရက် ရယ်မောလိုက်သည်။

ရုတ်​တရက်​ သူ၏လက်​ထဲတွင် အဖြူ​ရောင်​ အဆောင်တစ်ခု ထွက်​ပေါ်လာသည်။ ထိုအဆောင်သည် တောက်ပသော အလင်းရောင်ကို ထုတ်လွှတ်သည်။

"မိုင်တစ်သောင်းလျှပ်တပြက်ရွေ့ပြောင်းခြင်းအဆောင်” မဟုတ်ဘူး။ မကောင်းတော့ ဘူး” ချင်ယွင်သည် ချက်ချင်း မျက်မှောင် ကြုတ်လိုက်သည်။

အမည်မှာ ဖော်ပြထားသည့်အတိုင်း မိုင်တစ်သောင်း လျှပ်တပြက်ရွေ့ပြောင်းခြင်း အဆောင်သည် သဘာဝအတိုင်း လေဟာနယ်ကို ဖြတ်သန်းပြီး ကီလိုမီတာ တစ်သောင်းကို သွားလာနိုင်စွမ်းရှိသည်။ သို့သော်၊ မိုင်တစ်သောင်း လျှပ်တပြက် ရွေ့ပြောင်းခြင်းအဆောင်ကို တစ်ကြိမ်သာ အသုံးပြုနိုင်ပါသည်။ တစ်ခါသုံးပြီးသည်နှင့်၊ ပျောက်ကွယ်သွားမည် ဖြစ်သည်။ ၎င်းသည် အင်မော်တယ်ကမ္ဘာတွင် အလွန် အဖိုးတန်သော အသက်ကယ်ရတနာတစ်ခု ဖြစ်သည်။

ကျာ့ဖန်းလျှန် သည် သူ၏လက်ထဲတွင် မိုင်တစ်သောင်းလျှပ်တပြက်ရွေ့ပြောင်းခြင်း အဆောင်ရှိလိမ့်မည်ဟု ချင်ယွင် တွေးခဲ့ဖူးသည်။

"ဟား…၊ ဟား….၊ ကျာ့ဖန်းလျှန်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ ပတ်ဝန်းကျင်လေဟာနယ်သည် တုန်ခါလာသည်။ ထို့နောက် ကျာ့ဖန်းလျှန်သည် လေဟာနယ်ထဲသို့ လှမ်းဝင်ကာ ပျောက်ကွယ်သွားသည်။

"ငါ သူ့ကို လုံးဝ လွတ်​​မြောက်​​ခွင့် မပြု​နိုင်​ဘူး"

ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ ပျောက်ကွယ်သွားတော့မည့် ကျာ့ဖန်းလျှန်ကို ကြည့်ရင်း၊ သူသည် မဆိုင်းမတွ မြူနှင်းချောက်နက်ဓားကို ထုတ်ယူလိုက်သည်။

“ရှေးဟောင်းဖရိုဖရဲ ခုတ်ပိုင်းခြင်း”

ချင်ယွင်သည် ချက်ချင်းပင် ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ကျာ့ဖန်းလျှန်၏နောက်တွင် သုံးပေရှည်သော ဓားအလင်းတစ်ခုသည် ကောင်းကင်နှင့် မြေကြီးကြားရှိ လေဟာနယ် ကို ရုတ်တရက် ဖြတ်သန်းသွားကာ၊ လေဟာနယ်လှိုင်းများအတွင်းရှိ ကျာ့ဖန်းလျှန်ထံသို့ ရောက်ရှိသွားခဲ့သည်။

“အား……”

လေဟာနယ် လှိုင်းလုံးကြီးအတွင်းမှ တုန်လှုပ်ချောက်ချားဖွယ် အော်သံတစ်ခုသာ ထွက်ပေါ်လာပြီးနောက်၊ လေဟာနယ်တစ်ခုလုံး ငြိမ်သက်သွားခဲ့သည်။

ချင်ယွင်သည် သူ၏ဓားကို ပြန်ရုတ်သိမ်းလိုက်ပြီး မတ်တပ်ရပ်လိုက်သည်။ ဤဓားချက်ကို အသုံးပြုလိုက်သည်နှင့်၊ ကျာ့ဖန်းလျှန် သေချာပေါက် သေမည်ဟု သူယုံကြည်သည်။ သို့သော် သူ၏စိတ်ထဲမှာ တွေးနေမိသည်။

အကယ်၍ သူသည် အလွန်အဓိပ္ပာယ်မရှိသည့် စကားတွေကို အများကြီးပြောမနေဘဲ၊ အစကတည်းကနေ ကျာ့ဖန်းလျှန်ကို သတ်ပစ်ရန် စိတ်ပိုင်းဖြတ်လိုက်ပါက၊ အဆုံးတွင်၊ သူသည် “ရှေးဟောင်းဖရိုဖရဲ ခုတ်ပိုင်းခြင်း”ကိုသာ အသုံပြုးပြီး၊ အခြားမည်သည့်အရာမှ လုပ်ဆောင်ရန်ပင် မလိုအပ်တော့ချေ။

ကီလိုမီတာ တစ်သောင်းဝေးသော ကျာ့ကလန်၏ ခြံဝင်းအတွင်းမှာ၊ ကျာ့ဖန်းလျှန်၏ ခန္ဓာကိုယ်သည် ပြုတ်ကျသွားခဲ့ပါသည်။

ကျာ့ကလန်မှ လူများသည် ကျာ့ဖန်းလျှန်ကို ချက်ချင်း သတိပြုမိပြီး၊ သူ့ပတ်ပတ်လည် သို့ ရောက်လာကြသည်. သို့သော်၊ ကျာ့ဖန်းလျှန်၏ သနားစရာကောင်းသော အနေထားကို မြင်လိုက်ရသောအခါတွင် သူတို့၏ မျက်ခုံးများ တွန့်သွားသည်။

ယခုအချိန်တွင်၊ ကျာ့ဖန်းလျှန်၏ ခန္ဓာကိုယ်သည် နှစ်ပိုင်းပြတ်နေပြီ ဖြစ်ပါသည်။ သူသည် တစ်စုံတစ်ယောက်၏ ဓားဖြင့် ခုတ်ပိုင်းသတ်ဖြတ်ခြင်း ခံခဲ့ရသည်။ သူ၏အောက်ပိုင်း ခန္ဓာကိုယ်သည် ဗရမ်းဗတာဖြစ်နေသော လေဟာနယ် စီးကြောင်းများကြောင့် ပျောက်ကွယ်နေပြီ ဖြစ်သည်။ ယခုအချိန်တွင်၊ သူ့ခန္ဓာကိုယ်၏ အပေါ်ပိုင်းသာ ခြံဝင်းထဲသို့ ပြုတ်ကျလာခြင်း ဖြစ်သည်။

ကျာ့ဖန်းလျှန်သည် ခြံဝင်းထဲတွင် လဲလျောင်းနေပြီး သေဆုံးလုနီးပါး ဖြစ်နေသည်။

“လျှန်အာ..”

ကျာ့ကျန်းဟောင်သည် ချက်ချင်းပင် အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားပြီး ကျာ့ဖန်းလျှန်၏ ရှေ့မှာ ပေါ်လာသည်။ သားဖြစ်သူ၏ သနားစရာကောင်းသော အခြေအနေကို မြင်သောအခါတွင် ပြင်းထန်သော အမျက်ဒေါသက သူ၏ မျက်လုံးထဲတွင် ချက်ချင်းပင် ပေါက်ဖွားလာသည်။

"ချင်ယွင်... အဖေ... ငါ့အတွက် လက်စားချေ…” ကျာ့ဖန်းလျှန်သည် သူ၏ နောက်ဆုံး ခွန်အားဖြင့် မြေပြင်ပေါ်တွင် ပြိုလဲကျနေသော လူတစ်ကိုယ်လုံးကို ကြိုးစားရုန်းကန် ရင်း၊ အသက်ရှင်ရေး မျှော်လင့်ချက် အားလုံးကို ဆုံးရှုံးသွားဟန်ဖြင့် ဆိုခဲ့ပါသည်။

“လျှန်အာ..” ကျာ့ကျန်းဟောင်သည် ကမန်းကတန်း အော်ဟစ်လိုက်ပြီး၊ သူ မည်သို့ပင် အော်ဟစ်နေပါစေ ကျာ့ဖန်းလျှန်သည် နည်းနည်းလေးမှ မတုံ့ပြန်တော့ပါဘူး။

“ချင်ယွင်.....၊ ငါကျာ့ကျန်းဟောင်၊ ငါ မင်းကို သေချာပေါက် သွေးကြွေးပြန်ဆပ်မယ်လို့ ကျိန်ဆိုတယ်” ကျာ့ကျန်းဟောင်သည် ကောင်းကင်ဆီသို့ အော်ဟစ်ပြောလိုက်သည်၊ သူ၏အသံသည် ဆိုးရွားသော သတ်ဖြတ်လိုစိတ်များဖြင့် ရောထွေးနေသည်။

"အဖေ၊ ညီလေးရဲ့ စိတ်ဝိညာဉ်ကို နှစ်သိမ့်ပေးဖို့ ဒီချင်ယွင်ရဲ့ ခေါင်းကို ပြန်ယူလာခွင့်ပြု ပါ” ကျာ့ကျန်းဟောင်သည် ကျယ်လောင်စွာ ကျိန်ဆိုနေစဉ် လူငယ်တစ်ယောက်သည် လူအုပ်ထဲမှ ထွက်သွားပြီး၊ သူ၏မျက်နှာသည် ဝမ်းနည်းဒေါသနှင့် ပြည့်နှက်နေသည်။

"ကောင်းပြီ၊ လျှန်အာက စောစောလေး သတင်းပို့ထားတယ်။ ဒီလူရဲ့ စွမ်းအားက အလယ်အလတ်အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်မှာ ရှိနေပေမယ့်၊ သူက မတူညီတဲ့ နိယာမတရားနှစ်ခုကို ကျွမ်းကျင်တယ်။ ကျာ့ယုလည်း သူ့လက်ထဲမှာ သေသွားပုံရတယ်။ သူ့ရဲ့တိုက်ခိုက်ရေး စွမ်းအားက တော်တော်လေးကို ထူးခြားတယ်။ မင်း သတိထားရင် ပိုကောင်းလိမ့်မယ်။" ကျာ့ကျန်းဟောင်က အေးစက်စွာ ပြောသည်။

"အဖေ၊ မစိုးရိမ်ပါနဲ့၊ နိယာမတွေရဲ့ စွမ်းအားကို သူဘယ်လောက်ပဲ နားလည်နေပါစေ၊ သူ သေးငယ်သောအောင်မြင်မူအဆင့်ကို မရောက်သေးသရွေ့၊ သူက ကျွန်တော့်ရဲ့ ပြိုင်ဘက်မဖြစ်နိုင်သေးပါဘူး။ ဒါ့အပြင်, ကျွန်တော့်ရဲ့ ကျင့်ကြံခြင်းအခြေခံက နက်နက် သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ရဲ့ နှောင်းပိုင်းအဆင့်ကို ရောက်နေပါပြီ" လူငယ်က မောက်မာစွာ ပြောသည်။

"ဟုတ်ပြီလေ၊ ဒါဆိုလည်း မင်း သွားတော့။ သူ့ခန္ဓာကိုယ်ကနေ နိယာမသစ်သီးကို ပြန်ယူလာဖို့လည်း သတိရဦး" ကျာ့ကျန်းဟောင်က အေးစက်စွာ ပြောသည်။

သူ့သားအကြီးဆုံး၏ စွမ်းအားကို သူသည် တော်တော်လေး ယုံကြည်မူရှိပါသည်။ သူသည် နှစ်ပေါင်းတစ်ရာထက်မနည်း ကျင့်ကြံခဲ့သူ ဖြစ်သည်။ သူ၏ ကျင့်ကြံမှုအခြေခံ သည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိနေခဲ့ ရုံသာမက နိယာမနယ်ပယ်၏ ကနဦးဝင်ရောက်ခြင်းအဆင့်ကိုလည်း နားလည်သဘော ပေါက် ထားသည်။ ထို့အပြင် ၎င်းနိယာမသည် ရှားရှားပါးပါး သတ္တု၏ ကန့်သတ်ချက် ထိုးဖောက်ခြင်း နိယာမ ဖြစ်သည်။ သူ၏လှံသိုင်းပညာဖြင့်ဆို၊ သာမန် နက်နဲသိမ်မွေ့ ခြင်း အင်မော်တယ် ဘုံနှောင်းအဆင့် ကျွမ်းကျင်သူများပင်လျှင်၊ သူ့အတွက် ပြိုင်ဘက် မဟုတ်ချေ။

ကျာ့ထန်းလုံသည် ပြတ်သားစွာ ပြန်ဖြေပြီးနောက် ကြီးမားသော ခြေလှမ်းများဖြင့် ထွက်ခွာသွားလေသည်။

ကျာ့ကျန်းဟောင်သည် မြေပြင်ပေါ်တွင် အလောင်းတစ်ဝက်သာ ကျန်ရှိနေသည့် ကျာ့ဖန်းလျှန်အား ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများတွင် အေးစက်မှုက ပို၍ပင် ပြင်းထန်လာသည်။

ကျာ့ဖန်းလျှန်သည် ဤနေရာတွင် ပြန်ပေါ်လာနိုင်သည်ဆိုသော အချက်မှာ သူသည် မိုင်တစ်သောင်းလျှပ်တပြက်ရွေ့ပြောင်းခြင်းအဆောင်ကို အသုံးပြုခဲ့ခြင်း ဖြစ်ကြောင်း ထင်ရှားသည်။ သို့သော် ဤကဲ့သို့ အသတ်ခံရခြင်းသည် ကျာ့ကျန်းဟောင်ကို ဆိုးရွားသော ကြိုတင်သတိပေးချက်တစ်ခု ဖြစ်ပေါ်စေခဲ့သည်။

သို့သော်လည်း၊ သူသည် ယခုအချိန်တွင် ကျာ့ကလန်မှ မထွက်ခွာနိုင်သေးပေ။ ထို့သို့မဟုတ်ပါက၊ သူသည် ချင်ယွင်ကို ကိုယ်တိုင်သွားရှာပြီး သတ်ပစ်မည်မှာ သေချာသည်။

"အမိန့်ချမှတ်တယ်၊ အကြီးအကဲဟောင်က အကြီးဆုံး သခင်လေးနောက်ကို လျှို့ဝှက်စွာ လိုက်ပါသွားရမယ်။ မင်းက အကြီးဆုံး သခင်လေးရဲ့ ဘေးကင်းမှုကို ကာကွယ်ရမယ်။" ကျာ့ကျန်းဟောင်က အေးစက်စွာ ပြောလိုက်သည်။

"ဟုတ်ကဲ့ပါ”၊ ချက်ချင်းပင် သက်တော်စောင့်တစ်ဦးသည် သူ၏နောက်မှ ပြန်ဖြေသည်။

ချင်ယွင်သည် ကျာ့ဖန်းလျှန်ကို သတ်ပြီးနောက် အနားယူခြင်း မပြုမီတွင် သူ၏ ခြေဖဝါးမှ အေးစက်ပြီး အုံ့မှိုင်းသော အငွေ့အသက်ကို ခံစားလိုက်ရသည်။

ချင်ယွင်သည် အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ၊ လျှပ်တပြက် မိုင်တစ်သောင်းနိယာမကို အလျင်အမြန် အသက်သွင်းကာ နောက်ပြန် ဆုတ်သွားခဲ့သည်။

ချင်ယွင် ထွက်သွားသည်နှင့် သူရပ်နေသည့် နေရာသည် အက်ကွဲသွားခဲ့ပြီး၊ အအေးဓာတ်နှင့်အတူ ပြင်းထန်သော အလင်းရောင်တစ်ခု ထွက်ပေါ်လာသည်။

အကယ်၍၊ သူသာ အစောပိုင်းက တစ်စက္ကန့်မျှ နှေးကွေးသွားမည်ဆိုလျှင်၊ ထိုပြင်းထန်သော အလင်းရောင်ကြောင့် သူ၏ခန္ဓာကိုယ်သည် တစ်ဝက်လောက်မှ ပိုင်းဖြတ်သွားလိမ့်မည်။

ဘန်း…။

အနက်ရောင် ၀တ်စုံနှင့်ပုံရိပ်တစ်ခုသည် လေဟာနယ်ထဲမှ လျှောက်လှမ်းလာခဲ့သည်။ သူ၏ခန္ဓာကိုယ်ရှိ အမှောင်အငွေ့အသက်သည် ပတ်ဝန်းကျင်အား မြေအောက်ကမ္ဘာ ငရဲကိုးထပ်သို့ ကျရောက်သွားသလို ခံစားရစေသည်။

ချင်ယွင်သည် အနက်ရောင်ဝတ်ပုဂ္ဂိုလ်ကို စူးစူးစိုက်စိုက် စိုက်ကြည့်နေပြီး၊ သူ၏မျက်လုံးများသည် ချက်ချင်းပင် နိုးကြားသတိထားသော အမူအရာကို ဖော်ထုတ် လာသည်။ ဤပုဂ္ဂိုလ်သည် အခန်းနံပါတ် ၂ ၏ ဧည့်သည်မှလွဲ၍ အခြားသူ မဟုတ်ပေ။

All Chapters