← Chapters

အခန်း ၇၆၁

Vol. 51 Ch. 761

အခန်း ၇၆၁

Vol. 51 Ch. 761

အခန်း (၇၆၁) စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးနှင့်ပတ်သက်၍ သတင်းစကား။

"အယ်..”။

ချင်ယွင်သည် ရုတ်တရက် အော်ဟစ်သံကြောင့် အံ့အားသင့်သွားပြီး၊ အသံ၏ ဦးတည်ရာဆီကို လှည့်ကြည့်ရန် ခေါင်းကို အမြန် မော့လိုက်သည်။

အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားသော အဖိုးအိုတစ်ဦးသည် ချင်ယွင်၏ ဦးခေါင်း ပေါ်တွင် ရပ်နေသည်။ သူသည် မီးခိုးရောင်ဆံပြင်နှင့် အေးစက်သည့် အမူအရာရှိသည်။ သူသည် အနက်ရောင်ဝတ်ဘုန်းကြီးကို အလွန်စူးရှသော အကြည့်ဖြင့် စိုက်ကြည့်နေ သည်။

အနက်ရောင်ဝတ်ဘုန်းကြီးသည် မျက်ခုံးပင့်ကာ ကောင်းကင်၌ရှိနေသော မီးခိုးရောင် ဆံပင်ပိုင်ရှင် အဘိုးအိုကို ကြည့်လိုက်သည်။

"တစ္ဆေအိုကြီးမုရုံ၊ မင်းက ဝင်စွက်ဖက်ချင်တာလား?" အနက်ရောင်ဝတ်ဘုန်းကြီးသည် ပြင်းထန်သော အကြောက်တရားများ ပြည့်နှက်နေပြီး၊ မေးလိုက်သည်။

"တစ္ဆေအိုကြီးမုရုံ..? မုရုံကျင်းချန်….?" ချင်ယွင်၏ မျက်နှာသည် အံ့အားသင့်သော အမူအရာ ပေါ်လာသည်။ သူသည် ကောင်းကင်ယံရှိ အဘိုးအိုအား မော့ကြည့်ရင်း သူ၏ မျက်လုံးများမှတဆင့် စိတ်အားတက်ကြွသည့် အရိပ်အယောင် ပေါ်လာသည်။

"ဟမ့်၊ ငါ ဘာပဲလုပ်လုပ်၊ မင်း ဂရုစိုက်ရမယ့် အလှည့် မရောက်သေးဘူး။ မီးခိုးရောင်ဆံပင်နှင့် အဘိုးအိုက ကျယ်လောင်စွာ အော်လိုက်သည်။ သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်နှင့် အကန့်အသတ်မဲ့ စွမ်းအားတစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။

အနက်ရောင် ဝတ်ဘုန်းကြီး၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားပြီး ၎င်းစွမ်းအားကို ပိတ်ဆို့ရန် သူ၏ခန္ဓာကိုယ်အတွင်းမှ ဗုဒ္ဓစွမ်းအားကို အလျင်အမြန် လှုံ့ဆော်လိုက်သည်။

သို့သော် မုရုံကျင်းချန်၏ ခွန်အားသည် ပြင်းထန်လွန်းသည်။ အနက်ရောင်ဝတ် ဘုန်းကြီးသည် သုံးစက္ကန့်ကြာအောင်ပင် မခုခံနိုင်ဘဲ ထိုစွမ်းအားက ထိမှန်သွားသည်။ လူတစ်ကိုယ်လုံးသည် သွေးတပွက်အန်ထုတ်လိုက်ရပြီး၊ ဥက္ကာပျံကဲ့သို့ နောက်ပြန် လွင့်ထွက်သွားသည်။

"တစ္ဆေအိုကြီးမုရုံ၊ ငါ့တို့သတ်ဖြတ်ခြင်းဘုန်းကြီးဂိုဏ်းက မင်းကို ခွင့်မလွှတ်ဘူး။" အနက်ရောင်ဝတ်ဘုန်းကြီးသည် အဝေးမှ ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့နောက် အနက်ရောင်ဝတ် ဘုန်းကြီးသည် ချက်ချင်းပင် လေဟာနယ်ထဲသို့ တိုးဝင် ပျောက်ကွယ်သွားသည်။

"ဟမ့်၊ ငါမုရုံကျင်းချန်က ဘယ်တုန်းကမှ မကြောက်ဖူးဘူး။ ငါ စောင့်နေမယ်။" မုရုံကျင်းချန်သည် အဝေးသို့ ကျယ်လောင်စွာ အော်ပြောလိုက်ပြီး သူ၏အသံသည် ဧရိယာအနှံ့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

ချင်ယွင်သည် ဤမြင်ကွင်းကို အံ့အားသင့်စွာဖြင့် ကြည့်လိုက်သည်။

မုရုံကျင်းချန်က သူ့ကို အမှန်တကယ် ကူညီလိမ့်မည်ဟု သူ မမျှော်လင့်ထားဘူး ။

ဝှီး…။

မုရုံကျင်းချန်၏ ရုပ်အသွင်သည် ချင်ယွင်၏ ရှေ့မှာ ချက်ချင်း ပေါ်လာပါ သည်။

"ကျွန်တော်ကို ကယ်တင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်၊ စီနီယာမုရုံ"။ ချင်ယွင် က ဆောလျင်စွာ ကျေးဇူးတင်စကား ဆိုလိုက်ပါသည်။

"ကောင်လေး၊ မင်း ငါ့ကို ကျေးဇူးတင်နေစရာ မလိုပါဘူး။ သတ်ဖြတ်ခြင်းဂိုဏ်းက လူတွေက မကောင်းမှုများစွာကို ကျူးလွန်နေကြတာပဲလေ။ အရေးယူသင့်တာက အမှန်တရားပဲလေ။ နောက်ပြီး ငါက မင်းနဲ့ အချိန်အတော်ကြာအောင် ရှိနေခဲ့တာ။ မင်း အသတ်ခံရတာကို ငါ ဘာလိုလုပ် ကြည့်နေနိုင်မှာလဲ” မုရုံကျင်းချန်က ပြုံးပြီး ပြောသည်။

"အယ်…” စီနီယာက ကျွန်တော့် နောက်ကို လိုက်နေတာ ကြာပြီလား..?။ ဆရာက ဘာလို့ ငါ့ကို သတိမပေးတပါလိမ့်?" ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားသည်။

"ဟမ့်၊ ကောင်စုတ်လေး၊ ဒီလူအိုကြီးက မင်းကို ရန်ပြုလိုစိတ် မရှိဘူးလေ။ ဒီတော့၊ ငါ ပြောတာပဲ ဖြစ်ဖြစ်၊ မပြောတာပဲ ဘာများ ကွာခြားသွားမှာလဲ?” ရှေးဟောင်းတာအို ဆရာသခင်၏အသံက ထွက်ပေါ်လာသည်။

"ဒါဆို ဆရာကြီးက မုရုံကျင်းချန်ရဲ့ ကျင့်ကြံမှုအခြေခံကို သိတယ်မဟုတ်လား?" ချင်ယွင်က စိတ်ပိုင်းဆိုင်ရာ ဆက်လက်ပေးပို့လိုက်သည်။ သူသည် မုရုံကျင်းချန်၏ ကျင့်ကြံမူအဆင့်အား မမြင်နိုင်ပေ။

"မမြင့်ပါဘူး။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့် မှာပဲ ရှိတယ်”။ ရှေးဟောင်းတာအိုဆရာသခင်က အမှုမဲ့ အမှတ်မဲ့ ပြောလိုက်သည်။

"ဘာ… ။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်လား။ ဒါက မမြင့်မားဘူးလား” ချင်ယွင်သည် ချက်ချင်း အံ့သြသွားရသည်။

ယခုတော့ မုရုံကျင်းချန်သည် အင်အားစုကြီး သုံးခုကြားတွင် အဘယ်ကြောင့် အမြဲတမ်း ရှိနေနိုင်သည်ကို နောက်ဆုံး သူ နားလည်သွားခဲ့သည်။ ထို့အပြင်၊ မည်သူမျှ သူအပေါ် မကောင်းကြံဝံ့မည် မဟုတ်ပေ။ သူ၏ ကျင့်ကြံမူအဆင့်သည် မျိုးနွယ်စုကြီး သုံးခု၏ အထက်တွင် ဖြစ်နိုင်သည်။

"ကောင်စုတ်လေး၊ မင်းက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွတ်အထိပ် အဆင့်လေးကို ဒီလောက်ကြီး အထင်ကြီးနေတာလား?။ မင်းပုံစံလည်း ပြန်ကြည့်စမ်း ပါဦး။ မင်း ဘယ်လောက်ထိ ကြောက်နေလဲဆိုတာ။ အခုကစပြီး၊ မင်းက အင်မော်တယ်ဘုရင်တွေတောင် နိမ့်ကျတယ်လို့ သိထားရမယ်။ အဆုံးမှာတော့ မင်းဟာ ပုရွက်ဆိတ်တစ်ကောင်သာသာပါပဲလေ” ရှေးဟောင်းတာအို ဆရာသခင်၏ အထင်သေးသည့် အသံက ထွက်ပေါ်လာပြန်သည်။

ချင်ယွင်သည် ချက်ချင်းပင် စကားမပြောနိုင် ဖြစ်သွားရသည်။ သူသည် အင်မော်တယ် ဘုရင်နယ်ပယ်ကို မပြောနဲ့။ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူကိုတောင် အနိုင်ယူနိုင်မှာ မဟုတ်ပါဘူး။

ချင်ယွင်သည် သူ၏အတွေးထဲမှ ပြန်လည်သတိဝင်လာပြီး ရှေးဟောင်းတာအို ဆရာသခင်နှင့် စကားပြောသည်ကို ရပ်တန့်လိုက်သည်။ သူက မုရုံကျင်းချန်ကို ကြည့်ပြီး ပြောလိုက်သည် “စီနီယာမုရုံ၊ ဒီဂျူနီယာက စီနီယာဆီကနေ တစ်ခုခုကို ရချင်ပါတယ်..။ ကျွန်တော် တွေးနေတာက….”။

"စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး ဟုတ်တယ် မဟုတ်လား” မုရုံကျင်းချန် ရယ်မောရင်း ပြောလိုက်သည်။

သူသည် ချင်ယွင်နောက်ကို တစ်ချိန်လုံး လိုက်နေခဲ့သည်။ ကျာ့ဖန်းလျှန်က စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးလုံးကို ချေမွပစ်လိုက်တဲ့အတွက် ချင်ယွင်သည် ဒေါသတကြီးဖြစ်ပြီး သူတို့ကို သတ်ဖြတ်နေသည်ကို ထုံးစံအတိုင်း သူ မြင်လိုက်ရသည်။ ဤအချက်ကြောင့် သူ၏နှလုံးသားထဲတွင် ချင်ယွင်အပေါ် ကောင်းမွန်သည့် အထင်ကြီးမူ ရှိလာသည်မှာ အတိအကျပင် ဖြစ်သည်။

"ဟုတ်…၊ ဟုတ်….၊ ဟုတ်…၊ အဲဒီ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးပါပဲ။ စီနီယာမုရုံဆီ မှာ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး ကျန်နေသေးလားဆိုတာ ကျွန်တော် သိလို့ရမလား?။ ဒီဂျူနီယာက အဲဒီအတွက် ကြီးကြီးမားမား ပေးချေဖို့ ဆန္ဒရှိပါတယ်။" ချင်ယွင်က စိတ်လှုပ်ရှားစွာ အမြန်ပြောလိုက်သည်။

ကျာ့ဖန်းလျှန်၏ လက်ထဲရှိ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးသည် ချေမွပစ်ခံရပြီး၊ ပျောက်ဆုံးသွားခဲ့ပြီ။ ထို့ကြောင့် ကျာ့ဖန်းလျှန်သည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး ကို ချေမွပြီးနောက်၊ ချင်ယွင်သည် မုရုံကျင်းချန်ကို ရှာဖွေလိုသော်လည်း၊ ယခုမူ သူကိုယ်တိုင် အစပြု၍ မုရုံကျင်းချန်သည် သူ၏ရှေ့တွင် ပေါ်လာမည်ဟု မမျှော်လင့်ထားပေ။

"ငါ့လက်ထဲမှာ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး မရှိတော့ဘူး" မုရုံကျင်းချန်က ပြန်ဖြေသည်။

ချင်ယွင်သည် ချက်ချင်း စိတ်ပျက်သွားသည်။

"ဒါပေမယ့် မင်းအတွက် ငါနောက်တစ်လုံး ထပ်ပြီး သန့်စင်ပေးလို့ ရပါတယ်” မုရုံကျင်းချန်က ပြောသည်။

"စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးပြားကို သန့်စင်ဖို့ အချိန်ဘယ်လောက် ကြာမှာလဲ”။ ချင်ယွင်က မေးသည်။

"ဆယ်နှစ်..” မုရုံကျင်းချန်က ပြန်ဖြေသည်။

"ဆယ်နှစ်တောင်လား၊ အလွန်ကြာလွန်းတယ်”။ ချင်ယွင်သည် မျက်မှောင်ကြုတ်လိုက် သည်။ သူသည် ဆယ်နှစ်ကြာအောင် စောင့်နိုင်သော်လည်း၊ ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်သည် ဆယ်နှစ်ကြာအောင် မစောင်းနိုင်မည်ကို သူ ကြောက်ရွံ့မိသည်။

"မင်းက စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို ရဖို့ ဘာလို့ အလျင်လိုနေရတာလဲ?။" မုရုံကျင်းချန်က ပြောသည်။

"စီနီယာ၊ အမှန်အတိုင်းပြောရရင်၊ ကျွန်တော့် မိန်းမရဲ့စိတ်ဝိညာဉ်က သူမခန္ဓာကိုယ်နဲ့ ကင်းကွဲနေခဲ့တယ်။ သူမရဲ့စိတ်ဝိညာဉ်က ပြင်းပြင်းထန်ထန် ပျက်စီးသွားခဲ့ပြီး၊ အိပ်မောကျတဲ့အခြေအနေထဲ ကျရောက်သွားခဲ့တယ်။ ဒါကြောင့် သူမ ပြန်လည် ရှင်သန်ဖို့ဆို စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို လိုအပ်တယ်။" ချင်ယွင်က ပြောသည်။

ကျန်းရွှန်ရှင်း အသတ်ခံရချိန်မှာ သူမ၏ ကျင့်ကြံမူအခြေခံသည် နိမ့်ကျလွန်းသော ကြောင့် သူမ၏ စိတ်ဝိညာဉ်သည် ဒဏ်ရာများစွာ ရရှိခဲ့သည်။ သူမသည် နာကျင်မှုကို လုံးဝ ခံနိုင်ရည်မရှိခဲ့ပေ။ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအားကြောင့် သူမသည် အနည်းငယ် သည်းခံနိုင်သေးသည်။ ထို့ကြောင့် သူမ၏ စိတ်ဝိညာဉ်ကို ပြန်လည်ပြုပြင်ဖို့ဆို စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို အားကိုးရလိမ့်မည်။

မုရုံကျင်းချန်က နားလည်ဟန်ဖြင့် ခေါင်းညိတ်လိုက်သည်။ ယခုတော့၊ စိတ်ဝိညာဉ် ပြန်သွင်းခြင်းဆေးလုံး ကြေမွသွားသောကြောင့်၊ ချင်ယွင်သည် အဘယ်ကြောင့် ဤမျှ ဒေါသထွက်ရသည်ကို သူ နောက်ဆုံး နားလည်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင် သူ၏နှလုံးသားထဲတွင် ချင်ယွင်အပေါ် လေးလေးနက်နက် အထင်ကြီးမူ ရှိသွားခဲ့သည်။

"အခု မင်းလို အချစ်ကိုတန်ဖိုးထားပြီး၊ ဖြောင့်မတ်တဲ့လူငယ်တွေက များများစားစား မရှိတော့ဘူး။ ကောင်လေး၊ ငါသိထားတဲ့ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးရဲ့ နေရာကို ငါ ပြောပြမယ်။" မုရုံကျင်းချန်က ပြုံးပြီး ပြောသည် ။

"စီနီယာ၊ စီနီယာက နောက်ထပ် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးရဲ့ တည်နေရာကို သိသေးတာလား?” ချင်ယွင်၏ မျက်လုံးများသည် ချက်ချင်းပင် ဝင်းလက်တောက်ပ လာပြီး၊ သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားနေသော အမူအရာ ပေါ်လာသည်။

သူသည် မူလက ဤဒေသမှ ထွက်ခွာပြီး စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို ရှာဖွေရန် အခြားတစ်နေရာသို့သွားရန် စီစဉ်ထားသော်လည်း မုရုံကျင်းချန်သည် နောက်ထပ် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး ရှိနေသေးသည်ဟု အမှန်တကယ် ပြောလာလိမ့်မည် ဟု သူ မျှော်လင့်မထားခဲ့ပေ။

"ဒီလောက်လည်း အပျော်မစောနဲ့ဦး။ အခု ငါပြောနေတဲ့ နေရာက မင်းအတွက် ကျားခံတွင်း၊ နဂါးရေကန်နဲ့ ညီမျှတယ်။ မင်း အဲဒီကျားနဂါးတွင်းထဲ ဆင်းချရဲလား ငါ မသိဘူး။" မုရုံကျင်းချန်က ပြုံးပြီး ချင်ယွင်ကို ပြောသည် ။

"စီနီယာ၊ ကျေးဇူးပြုပြီး ကျွန်တော့်ကို ပြောပြပါ။ ကျွန်တော် ဆေဘာတောင်ပေါ်ပဲ တက်ရတက်ရ၊ မီးပင်လယ်ထဲ ခုန်ဆင်းရ ဆင်းရ၊ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို သေချာပေါက် ရအောင်ယူမယ်" ချင်ယွင်က ကမန်းကတန်း ပြောလိုက်သည်။

"ကောင်းပြီလေ၊ မင်းမှာ သတ္တိရှိတယ်။ အဲဒီနေရာက အဆိပ်နဂါးတောင်ကြားပဲ" မုရုံကျင်းချန်က ပြောသည်။

"အဆိပ်နဂါးတောင်ကြားလား”.. ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

"မှန်တယ်၊ လွန်ခဲ့တဲ့ ဆယ်နှစ်လောက်က ငါဟာ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို လေလံတင် ရောင်းချခဲ့ဖူးတယ်။ အဆိပ်နဂါးတောင်ကြားမှာရှိတဲ့ အဲဒီအဖိုးအိုက ဝယ်ယူသွားခဲ့တယ်။ အဲဒီအဖိုးကြီးနဲ့ ငါက ဆရာတူ တပည့်ရင်းတွေပဲ။ ငါက အင်မော်တယ် ဆေးပြားတွေကို သန့်စင်ရာမှာ ရူးသွပ်တယ်။ သူကတော့၊ အဆိပ်ဆေး တွေ သန့်စင်ရာမှာ ဆွဲလမ်းတယ်။ အဲဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးကို သူ အရယူသွားခဲ့တယ်။ အဲဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးက သူ့အတွက် ဟုတ်မဟုတ် ငါ မသိဘူး။ ဒါပေမယ့်၊ ဒီလူအိုကြီးရဲ စိတ်နေစိတ်ထားကလည်း ထူးဆန်းတယ်။ တကယ်လို့၊ မင်းအနေနဲ့၊ သူ့ကိုတွေ့ရင်တောင် သူ့ဆီကနေ အဲဒီဆေးလုံးကို အရယူနိုင်ဖို့က လွယ်မှာမဟုတ်ဘူး။ ပြီးတော့၊ အဆိပ်နဂါးတောင်ကြားက အဆိပ်တွေနဲ့ ဖုံးလွှမ်းနေတာ။ လျှို့ဝှက်ဆန်းကြယ်အင်မော်တယ် ကျွမ်းကျင်သူတွေတောင်မှ အလွယ်တကူ မဝင်ရောက်ရဲဘူး” မုရုံကျင်းချန်က ပြောသည်။

"စီနီယာ၊ ကျေးဇူးပြုပြီး အဆိပ်နဂါးတောင်ကြားရဲ့ တည်နေရာကို ပြောပြပေးပါ။" ချင်ယွင်သည် အနည်းငယ်မျှ တုန့်ဆိုင်းမနေဘဲ ပြောလိုက်သည်။

မုရုံကျင်းချန်၏ ပြောစကားအရဆို၊ ထိုအဆိပ်နဂါးတောင်ကြားသည် အမှန်တကယ် နဂါးရေကန်နှင့် ကျားခံတွင်းဖြစ်သော်လည်း၊ ချင်ယွင် ပြောခဲ့သလိုပင်၊ ၎င်းနေရာသည် ငရဲဘုံဖြစ်နေလျှင်ပင်၊ သူ ဖြတ်ကျော်သွားဦးမည် ဖြစ်ပါသည်။

"ဒါက အဆိပ်နဂါးတောင်ကြားကို မှတ်တမ်းတင်ထားတဲ့ ကျောက်စိမ်းစလစ်တစ်ခုပဲ။ အဲဒါကို မင်းကိုယ်တိုင် ကြည့်လိုက်တာနဲ့ သိနိုင်ပါတယ်။ ဒီအထဲမှာ အဆိပ်ဖြေဆေး နှစ်လုံး ရှိတယ်။ အဲဒါတွေက အသုံးဝင်မဝင် မသိနိုင်ပေမယ့် ဘာမှမရှိတာထက်စာရင်၊ ပိုကောင်းပါတယ်။" မုရုံကျင်းချန်သည် ကျောက်စိမ်းစလစ်တစ်ခုနှင့် ကျောက်စိမ်း ပုလင်းတစ်ပုလင်းကို ချင်ယွင်အား ပေးလိုက်သည်။

"ကျေးဇူးတင်ပါတယ် စီနီယာ" ချင်ယွင်သည် ကျောက်စိမ်းစလစ်နှင့် ကျောက်စိမ်း ပုလင်းကို ယူလိုက်ပြီး၊ သူ၏မျက်နှာပေါ်တွင် ကျေးဇူးတင်သော အမူအရာက ချက်ချင်း ပေါ်လာသည်။

"သွားတော့၊ မင်းမိန်းမကို ကယ်နိုင်မယ်လို့ ငါမျှော်လင့်တယ်။" မုရုံကျင်းချန်က ပြောသည်။

ချင်ယွင်က ဆတ်ခနဲ ခေါင်းညိတ်လိုက်ပြီး၊ မုရုံကျင်းချန်ကို ထပ်ပြီး ကျေးဇူးတင်စကား ဆိုလိုက်သည်။ ထို့နောက်၊ သူသည် ကျောက်စိမ်းစလစ်ပါ ဦးတည်အရပ်ဆီသို့ အလျင်အမြန် ထွက်ခွာသွားခဲ့သည်။

သို့သော် ချင်ယွင် ထွက်သွားပြီး မကြာမီ၊ လေဟာနယ်ထဲမှ လှိုင်းတစ်ခု ရိုက်ခတ်သွား သည်။ နှင်းဆီပန်းကဲ့သို့ လှပသော အမျိုးသမီးတစ်ဦးသည် လေဟာနယ်ထဲမှ လမ်းလျှောက်ထွက်လာပြီး၊ မုရုံကျင်းချန်အား အနည်းငယ် ဦးညွှတ်လိုက်သည်။

တစ္ဆေအိုကြီးမုရုံသည် ထိုအမျိုးသမီးကို တွေ့သောအခါ အံ့သြသွားသော အမူအရာ တစ်ခုကို ထုတ်ဖော်လိုက်သည်။

All Chapters