← Chapters

အခန်း ၇၆၃

Vol. 51 Ch. 763

အခန်း ၇၆၃

Vol. 51 Ch. 763

အခန်း (၇၆၃) ဆရာသခင် လှုပ်ရှားရခြင်း။

"နောက်ထပ်ခက်ခဲတဲ့ နိယာမတစ်ခုလား”? ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်သည်။

ယခင်က ကျာ့ယု၏ ဝမ်ကျွင်းနိယာမသည် သူ့ကို ကိုင်တွယ်ရန် အလွန်ခက်ခဲနေပြီဟု ခံစားခဲ့ရသော်လည်း ယခုအခါ ကျာ့ထန်းလုံ၏ ကန့်သတ်ချက်ထိုးဖောက်ခြင်း နိယာမသည် ကိုင်တွယ်ရန် ပို၍ပင် ခက်ခဲလာပါသည်။

ကျာ့ထန်းလုံသည် လေဟာနယ်မှတဆင့် အရာအားလုံးကို ဖြတ်ကျော်သွားလာနိုင် သည်။ ကန့်သတ်ချက် ထိုးဖောက်ခြင်းနိယာမ နှင့် လေဟာနယ် ထိုးဖောက်ခြင်း ပညာရပ်ကိုတို့ ပေါင်းစပ်ထားသည့် ကန့်သတ်ချက် ထိုးဖောက်ခြင်းပညာရပ်သည် လေဟာနယ်ကို ဖြတ်ကျော်သွားလာနိုင်စွမ်းရှိနေသည်။

"ကောင်လေး၊ မင်းကြည့်ရတာ် ကြောက်နေပုံပဲ။ ဟုတ်တယ်၊ ငါ မင်းကို ပြောပါရစေ။ ဒါက ငါ့ရဲ့ တကယ့် လှံသိုင်းပညာရပ် မဟုတ်သေးဘူး။ တကယ်လို့၊ မင်းရဲ့ အဆုံးစွန်သော သိုင်းကွက်ကို မင်းမသုံးဘူးဆိုရင်၊ မင်း သေချာပေါက် သေလိမ့်မယ်။" ကျာ့ထန်းလုံက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။

“ဆူညံနေတာပဲ။" ချင်ယွင်က အေးစက်စွာ ကြိမ်းမောင်းသည်။

"ကောင်းပြီလေ၊ မင်းက သေချင်နေမှတော့၊ မင်းရဲ့ဆန္ဒကို ငါ ဖြည့်ဆည်းပေးမယ်။" ကျာ့ထန်းလုံ၏ မျက်လုံးများသည် ဒေါသများဖြင့် ချက်ချင်း တောက်ပလာသည်။

ဘန်း…။

ရွှေရောင်စွမ်းရည် စွမ်းအင်အတက်အကျ လှိုင်းလုံးသည် ချက်ချင်းပင် လေဟာနယ်ကို ဖျက်ဆီးသွားသည်။ ကျာ့ထန်းလုံသည် သူ၏လက်ထဲတွင် ရွှေလှံကို ကိုင်ထားသည်။ လှံထိပ်ဖျားက တုနှိုင်းမရအောင် တောက်ပသော ရွှေရောင်အလင်းတန်းကို ထုတ်လွှတ် လိုက်ပြီး အကြည့်တစ်ချက်ဖြင့်ပင် မျက်စိကွယ်သွားသလို ခံစားလိုက်ရသည်။

ထက်ရှသော စွမ်းအင်အတက်အကျလှိုင်းတွေက လေဟာနယ်အတွင်းမှာ ထုတ်လွှတ် နေပြီး၊ ပတ်ဝန်းကျင် လေဟာနယ်ကို အဆက်မပြတ် တုန်လှုပ်သွားစေသည်။

"သေလိုက်တော့၊ ရွှေခွဲကျောက်ကို ထိုးဖောက်ခြင်း”

ကျာ့ထန်းလုံသည် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏လက်ထဲမှ လှံသည် ရေနဂါးတစ်ကောင်ကဲ့သို့ ချက်ချင်း ထိုးစိုက်သွားရင်း၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးလည်း လှံနှင့်အတူ ပျံထွက်သွားသည်။

ဘန်း….။

ကျာ့ထန်းလုံသည် လေဟာနယ်ထဲ ပျံတက်ပြီး ပျောက်ကွယ်သွားစဉ်၊ လေဟာနယ် သည် တုန်ခါသွားသည်။

သူ၏ မြူနှင်းချောက်နက်ဓားထံမှ ထက်ရှသော အငွေ့အသက်များ ထွက်ပေါ်လာစဉ်၊ ချင်ယွင်၏ မျက်လုံးများက အေးစက်နေပြီး ထူးမခြားနားသည့် အမူအရာမျိုး ရှိနေပါသည်။

ဓား၏ဓားသွားသည် စိမ်းပြာရောင် အလင်းတန်းဖြင့် တဖျပ်ဖျပ် လင်းလက်နေပြီး အနှိုင်းမဲ့ ထက်ရှသော အငွေ့အသက်ကို သယ်ဆောင်ထားသည်။

ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်း နိယာမသည် လေ၏ထက်ရှမူဖြင့် အရာအားလုံးကို ဆုတ်ဖြဲပစ်ခြင်း ဖြစ်ပါသည်။

"ထွက်လာခဲ့စမ်း…”

ချင်ယွင်သည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏လက်ထဲမှ မြူနှင်းချောက်နက် ဓားကို ချက်ချင်း ခုတ်ပိုင်းလိုက်သည်။

အလွန်မင်းတောက်ပသော ဓားအလင်းတန်းတစ်ခု ရုတ်တရက် ထွက်ပေါ်လာပြီး သူ၏ရှေ့ရှိ လေဟာနယ်ထဲသို့ ထိုးကျသွားသည်။

“ဖူး…”

လေဟာနယ်သည် ချက်ချင်း ကွဲထွက်သွားသည်။ ကျာ့ထန်းလုံ၏ ရုပ်အသွင်သည်လည်း လေဟာနယ်ထဲမှ ပေါ်လာသည်။ ထက်ရှသော ဓားအလင်းသည် သူ၏လှံထိပ်ကို ထိုးဖောက်ဝင်ရောက်သွားပြီး၊ သူ့တိုက်ခိုက်မူ၏အင်အားကို သုံးပုံတစ်စုံအထိ တိုက်ရိုက် ဖြတ်တောက်ပစ်လိုက်သည်။

"အယ်..”

ကျာ့ထန်းလုံသည် လေဟာနယ်ထဲသို့ သူ ဝင်ရောက်သွားစဉ်မှာ၊ ချင်ယွင်၏ ဓားဖြင့် တွန်းထုတ်ခံရလိမ့်မည်ဟု မထင်မှတ်ထားခဲ့ပေ။

သို့သော်လည်း သူ၏လက်ထဲမှ လှံသည် လုံးဝ ရပ်တန့်သွားခြင်း မရှိသေးဘဲ၊ အရာအားလုံးကို ထိုးဖောက်ဝင်ရောက်နိုင်သည့် အငွေ့အသက်နှင့်အတူ ချင်ယွင်ဆီကို ဆက်လက် တိုက်ခိုက်သွားသည်။

"ဟမ့်၊ ငါ့ရဲ့ ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်းနိယာမရဲ့ စစ်မှန်တဲ့ စွမ်းအားကို ငါ ပြပေးမယ်” ချင်ယွင်၏ မျက်လုံးများသည် ခက်ထန်သော အမူအရာဖြင့် တောက်ပလာ သည်။

သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားက စိမ်းပြာရောင်လှိုင်းတွေ တဖျပ်ဖျပ် လှုပ်ခတ်လာပြီး၊ ချက်ချင်းပင် ပြင်းထန်သထက် ပိုမိုပြင်းထန်လာသည်။ ပြင်းထန်သော အငွေ့အသက်နှင့်အတူ လေဟာနယ် ပတ်ပတ်လည်မှာ သေးငယ်သော အက်ကွဲကြောင်းများ စတင်ပေါ်လာသည်။

“ရှေးဟောင်းဖရိုဖရဲ ခုတ်ပိုင်းခြင်း”

ချင်ယွင်၏ မြူနှင်းချောက်နက်ဓားသည် တစ်ဖန် ခုတ်ပိုင်းလာပြီး ကောင်းကင်သည် ချက်ချင်းပင် ကြယ်ရောင်လွှမ်းနေသော ဓားသွားမြစ်တစ်စင်းကဲ့သို့ ဖြစ်လာသည်။ ဓားအလင်းတစ်ခု အရှိန်ဟုန် ပြင်းပြင်းဖြင့် ပစ်လွှတ်သွားပြီး၊ ကျာ့ထန်းလုံ၏ လှံထိပ်နှင့် နောက်တစ်ကြိမ် ထိပ်တိုက် ဆုံးသွားသည်။

ဘန်း….။

အရာအားလုံးကို ဆုတ်ဖြဲနိုင်သော ဓားအလင်းနှင့် အရာခပ်သိမ်းကို ထိုးဖောက်နိုင်သော လှံထိပ်တို့သည် တစ်ခုနှင့်တစ်ခု ထိပ်တိုက် ဆုံမိသွားကြသည်။ သုံးစက္ကန့်အကြာတွင် ၎င်းတို့သည် ပေါက်ကွဲသွားကြသည်။

ကျာ့ထန်းလုံသည် လှံမှတဆင့် သူ၏လက်များဆီသို့ ပျံ့နှံ့လာသော ကြောက်မက်ဖွယ် စွမ်းအားကို ခံစားလိုက်ရပြီး၊ သူ၏လက်များကို ချက်ချင်း ထုံကျင်သွားစေသည်။

“လျှပ်တပြက်သတ်ဖြတ်ခြင်း”

ချင်ယွင်သည် “လျှပ်တပြက်သတ်ဖြတ်ခြင်း”ကို ချက်ခြင်း အသက်သွင်းလိုက်ပြီး၊ ရာနှင့်ချီသော တိုက်ခိုက်မှုပုံရိပ်များအဖြစ် ပြောင်းလဲသွားကာ ကျာ့ထန်းလုံ၏ အနားတွင် ပေါ်လာသည်။

မြူနှင်းချောက်နက်ဓား၏ဓားသွားသည် အလွန်မင်း ထက်ရှနေပြီး ပြင်းထန်သော အအေးဓာတ်ကို ထုတ်လွှတ်နေသည်။

ကျာ့ထန်းလုံ၏ မျက်နှာသည် သိသိသာသာ ပြောင်းလဲသွားသည်။ သို့သော် သူ၏ လက်သည် ထုံကျင်နေပြီး လှံကို မလှုပ်နိုင်တော့ချေ။ သူသည် မြူနှင်းချောက်နက်ဓား က သူ၏ လည်ပင်းကို လှီးဖြတ်လာမည့်အချိန်ကို ကူကယ်ရာမဲ့စွာ စောင့်ကြည့် နေနိုင်တော့သည်။

"ငါ့သခင်လေးကို မထိခိုက်စေနဲ့။"

သို့သော် ဤအခိုက်အတန့်တွင် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်တစ်ခု ရုတ်ချည်း ထွက်ပေါ်လာပြီး ချင်ယွင်အား ပြင်းထန်သော စွမ်းအားဖြင့် တိုက်ခိုက်လိုက် သည်။

ချင်ယွင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး တားဆီပိတ်ဆို့ရန် သူ၏ဓားကို အမြန် ရုတ်သိမ်းလိုက်ရသည်။

“ဘုန်း….”

ကြီးမားသော စွမ်းအားတစ်ခုက ချင်ယွင်၏ ရင်ဘတ်ထဲသို့ တိုက်ရိုက် ထိုးထွင်း ဝင်ရောက်သွားသည်။

“ဖူး…”

ချင်ယွင်သည် ပါးစပ်ထဲမှ သွေးများ အန်ထုတ်လိုက်ရသည်။ သူသည် နောက်သို့ လွှင့်ထွက်သွားစဉ်၊ သူ၏ ခန္ဓာကိုယ် တစ်ခုလုံးကို ဧရာမ သံတူကြီးဖြင့် ထုရိုက်ခံရသလို ခံစားလိုက်ရသည်။

"တကယ်ကို သူက ကျွမ်းကျင်ပညာရှင်တစ်ယောက်ပဲ” ချင်ယွင်၏ မျက်လုံးများသည် အေးစက်မှု အရိပ်အယောင်များဖြင့် တောက်ပလာသည်။

ဤသည်မှာ ကျာ့ထန်းလုံကို သတ်ရန် အခွင့်ကောင်း ဖြစ်သည်။ ကျာ့ထန်းလုံကို သတ်ရန် ထိုအခွင့်အရေးကို လက်လွှတ်ရဖို့က အရမ်းကိုခက်ခဲပါသည်။ ကျာ့ထန်းလုံ သည် အစောပိုင်းက သတိလက်လွတ်ဖြစ်နေသည်။ သို့သော် နောက်တစ်ကြိမ်ဆို သူသည် သေချာပေါက် သတိထားလိမ့်မည်။ သို့သော် ဤနေရာ၌ လျှို့ဝှက် ကျွမ်းကျင်သူတစ်ဦး ရှိနေသဖြင့် ချင်ယွင်သည် စွန့်လွှတ်ရုံသာ တတ်နိုင်ပါသည်။

ဘန်း….။

ချင်ယွင်သည် နဂါးအတောင်ပံများကို ဖော်ထုတ်လိုက်ပြီး၊ လျှပ်တပြက်မိုင်တစ်သောင်း နိယာမကို တစ်ချိန်တည်းတွင် အသက်သွင်းလိုက်သည်။ ထို့နောက်၊ သူသည် နောက်သို့ လွင့်ထွက်သွားသော အရှိန်ဟုန်ဖြင့် အဝေးသို့ လျင်မြန်စွာ ပြေးသွားလေသည်။

"ဟမ့်၊ မင်းက ထွက်ပြေးချင်တာလား?” အရိပ်ထဲမှ အေးစက်စက် နှာချေသံက ထွက်ပေါ်လာသည်။

ကြီးမားလှသော လက်ဖဝါးကြီးတစ်ခုသည် ကောင်းကင်ယံမှ ထွက်ပေါ်လာပြီး ချင်ယွင်ကို ဖမ်းဆုပ်လိုက်သည်။ လက်ဖဝါးတွင်ပါရှိသော စွမ်းအားသည် ကြီးမားလွန်း လှသည်။

"ဆရာ၊ လှုပ်ရှားပေးဦး”

ချင်ယွင်သည် သူ့ဆီသို့ ဖမ်းဆုပ်လာနေသော လက်ဖဝါးအရိပ်ကြီးကို ကြည့်ရင်း သူ၏မျက်လုံးများတွင် ရက်စက်မှု အရိပ်အယောင်များ ထွက်ပေါ်လာသည်။

ထိုစကားပြောပြီးသည်နှင့် ခရမ်းရောင်အလင်းတန်းက ချင်ယွင်၏ မျက်လုံးထဲကို ချက်ချင်း ဝင်ရောက်လာပြီး ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှ ကြောက်စရာကောင်းသည့် ဖိအားတစ်ခု ချက်ချင်း ထွက်လာပါသည်။

"ဟမ့်၊ မင်းကများ ငါ့တပည့်ကို နာကျင်အောင် တိုက်ခိုက်ဝံ့တယ်ပေါ့လေ။ မင်းက မထိုက်တန်ဘူး” ချင်ယွင်၏ ပါးစပ်မှ အေးစက်သော အသံတစ်ခု ထွက်ပေါ်လာ ပြီးနောက် သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားက ချက်ချင်းပင် ထွက်ပေါ်လာ သည်။

ရွှန်းလဲ့တောက်ပသည့် ခရမ်းရောင်ဓားအလင်းက ဓားကို ချက်ချင်း လွှမ်းခြုံသွားသည်။ ထို့နောက် ကောင်းကင်၌ ကြီးမားသော လက်ဖဝါးအရိပ်ကြီးကို ဓားဖြင့် နှစ်ပိုင်းခွဲလိုက် ၏။

ဤဓားချက် ခုတ်ပိုင်းပြီးနောက် ချင်ယွင်သည် ရပ်တန့်ခြင်းမရှိခဲ့ပေ။ ယင်းအစား သူသည် အဝေးရှိ လေဟာနယ်ကို နောက်တစ်ကြိမ် ခုတ်ပိုင်းလိုက်သည်။

“အား…”

အဝေးတနေရာရှိ လေဟာနယ်ထဲမှ ဝမ်းနည်းကျေကွဲဖွယ် အော်သံတစ်ချက် ထွက်ပေါ်လာသည်။

လေဟာနယ်ထဲတွင် အိုမင်းနေသော ရုပ်အသွင်အပြင်နှင့် လူတစ်ယောက် ထွက်ပေါ် လာသည်။ သူ၏လက်တစ်ဖက်က ဖြတ်ပြီးသား ဖြစ်နေပြီး၊ သူ၏ပခုံးတွေက သွေးတွေ စွန်းထင်းနေခဲ့သည်။ အချိန်တိုအတွင်း ပြန်လည်ကောင်းမွန်ခြင်း မရှိမှာကိုပင် စိုးရိမ်ရသည်။

အဘိုးကြီးသည် ချင်ယွင်၏ ဦးတည်ရာဆီကို စိုက်ကြည့်နေသော်လည်း ထိုအခိုက်အတန့်တွင် ချင်ယွင်၏ အရိပ်ယောင်ပင် မရှိတော့ချေ။

"အကြီးအကဲဟောင် ဘာဖြစ်နေတာလဲ" ဤအခိုက်တွင်၊ ကျာ့ထန်းလုံသည် အသိအာရုံ ပြန်ကောင်းလာပြီး လှံနှင့်အတူ ပျံသန်းလာသည်။ သို့သော်လည်း နောက်တစ်စက္ကန့် အကြာတွင် အကြီးအကဲဟောင်၏ လက်တစ်ဘက်လုံး ပျောက်ကွယ်သွားသည်ကို သူ မြင်လိုက်ရသည်။

"ဒီချင်ယွင်က မလွယ်ဘူး၊ သူ့နောက်ကွယ်မှာ ကျွမ်းကျင်ပညာရှင်တစ်ယောက်ရဲ့ အကူအညီကို ရယူထားတယ်” အကြီးအကဲဟောင်က တုန်လှုပ်သော အသံဖြင့် ပြောသည်။

ထိုဓားချက်သည် အရမ်းကို ကြောက်စရာကောင်းလွန်းသည်။ အကယ်၍ သူသည် လျင်မြန်စွာ မတုံ့ပြန်နိုင်ဘဲ လက်မဝက်လောက် အလျားလိုက် မလှုပ်ရှားမိပါက၊ ယခု သူ၏ လက်တစ်ဘက်လုံးကို လှီးဖြတ်ခံလိုက်ရသလို ရိုးရှင်းလိမ့်မည် မဟုတ်ပေ။ ယင်းအစား၊ သူသည် ဓားဖြင့် ထက်ဝက်ခန့် တိုက်ရိုက် လှီးဖြတ်ခြင်း ခံရလိမ့်မည်။

"ကျွမ်းကျင် ပညာရှင်လား?” ကျာ့ထန်းလုံ၏ မျက်ခုံးပင့်သွားသည်။

အကြီးအကဲဟောင်သည် အစောပိုင်းအဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူတစ်ဦး ဖြစ်ကြောင်း သူသိသည်။ လူတစ်ယောက်က သူ့ကို ဓားတစ်ချက်တည်းဖြင့် သတ်ဖြတ်နိုင်သည်ဆိုလျှင်၊ ထိုလူသည် မည်မျှ ကြောက်စရာ ကောင်းမည်နည်း?။

"သွားကြစို့၊ အရင်ဆုံး ပြန်ဆုတ်ကြရအောင်။ ငါတို့ ပြန်ရောက်ရင် ခေါင်းဆောင်နဲ့ စကားပြောရမယ်။" အကြီးအကဲဟောင်က ပြောသည်။

“အင်း..” ကျာ့ထန်းလုံလည်း ခေါင်းညိတ်လိုက်သည်။ သူ၏စိတ်ထဲမှာ မလိုလားသည့် ခံစားချက်တွေ ပြင်းပြနေသော်လည်း၊ ယခုအချိန်မှာ သူသည် ပြန်ဆုတ်ဖို့သာ တတ်နိုင်ပါသည်။

"ချင်ယွင်၊ နောက်တစ်ခါ မင်းကို တွေ့ရင် ငါ့ရဲ့လှံအောက်မှာ မင်းကို သေချာပေါက် သတ်ပစ်မယ် " ကျာ့ထန်းလုံသည် အဝေးကို လှမ်းကြည့်လိုက်ပြီး သူ၏မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများ ပေါ်လာသည်။

ထို့နောက် သူသည် အကြီးအကဲဟောင်နှင့်အတူ ထွက်ခွာသွားပြီး မျိုးနွယ်စုဆီသို့ ဦးတည်သွားခဲ့သည်။

ထိုအချိန်တွင်၊ ချင်ယွင်သည် ထူထပ်သိပ်သည်းသော သစ်ပင်များရှိနေသည့် ချိုင့်ဝှမ်း တစ်ခုဆီသို့ ဦးတည်သွားနေခဲ့သည်။ ဤချိုင့်သည် အလွန်နက်ရှိုင်းသည်။ အရေးကြီးဆုံး အချက်က၊ ဤချိုင့်ဝှမ်းတွင် ထူထပ်သိပ်သည်းသော မြူခိုးမြူနှင်းများ စိုင်းနေပြီး၊ ချိုင့်ဝှမ်း၏ နက်ရှိုင်းသောအရပ်ကို မြင်တွေ့ရဖို့ပင် ခက်ခဲပါသည်။ သူတို့၏ အင်မော်တယ် စိတ်အာရုံများပင်လျှင် မြူခိုးများကို မထိုးဖောက်နိုင်။

"ဒါက အဆိပ်နဂါးတောင်ကြား ဖြစ်ရမယ်။ ဒီအခိုးအငွေ့တွေက စီနီယာမုရုံ ပြောတဲ့ အဆိပ်အတားဆီး ဖြစ်သင့်တယ်။" ချင်ယွင်သည် ချိုင့်ဝှမ်းအဝင်ဝတွင် ရပ်ကာ ချိုင့်ဝှမ်း၏ နက်ရှိုင်းသောအရပ်ဆီသို့ လှမ်းကြည့်လိုက်ရင်း သူ၏မျက်လုံးများက လေးနက်မှု အရိပ်အယောင်ကို ပေါ်လွင်စေသည်။

“ဝှီး…”

ထိုအခိုက်အတန့်တွင် အဝေးမှ စူးစူးဝါးဝါး လေတိုးသံနှစ်ချက် ထွက်ပေါ်လာသည်။

ချင်ယွင်သည် ကျာ့ထန်းလုံနှင့် တခြားလူများ သူ၏နောက်သို့ လိုက်လာသည်ဟု ထင်ပြီး သူ၏မျက်နှာက နိုးကြားသတိထားသည့် အမူအရာတစ်ခုကို ချက်ချင်း ထုတ်ဖော် လိုက်ပါသည်။ သို့သော် သူ၏ရှေ့တွင် ပေါ်လာသည်မှာ လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့ ဖြစ်နေသည်။

All Chapters