အခန်း ၇၆၄
Vol. 51 Ch. 764
အခန်း (၇၆၄) အန္တရာယ်များသော အဆိပ်နဂါးတောင်ကြား။
ချိုင့်ဝှမ်းအဝင်ဝတွင် လူငယ်တစ်ဦးနှင့် အမျိုးသမီးတစ်ဦး လွင့်မျောပျံသန်းလာသည်။ သိသာထင်ရှားသည်မှာ၊ သူတို့သည် ချင်ယွင်ကို ပထမဆုံး အခိုက်အတန့်မှာပင်၊ ရှာဖွေ တွေ့ရှိခဲ့ပြီး တစ်ယောက်ပြီး တစ်ယောက် စတင် ကြည့်ရူစစ်ဆေးပါသည်။
သူတို့ ချင်ယွင်ကို ကြည့်ရူစစ်ဆေးနေစဉ်မှာ၊ ချင်ယွင်လည်း သူတို့ကို ကြည့်ရူစစ်ဆေး လိုက်သည်။
ထိုလူငယ်နှင့် အမျိုးသမီးတို့သည် တူညီသော အဝတ်အစားများကို ၀တ်ဆင်ထားသော ကြောင့်၊ သူတို့သည် တူညီသောအင်အားမှ ဖြစ်သင့်သည်ကို ချင်ယွင် ရှာဖွေတွေ့ရှိရ သည်။ ၎င်းတို့နှစ်ဦးစလုံးသည် အင်မော်တယ်ကမ္ဘာမှ အဆင့်တန်းမြင့်မားသော ခရမ်းရောင်ရွှေရောင် တိမ်တိုက်၀တ်ရုံများ ဝင်ဆင်ထားကြပြီး၊ သူတို့၏ပုံစံတွေက သာလွန်ကောင်းမွန်ပြီး အလွန်ခမ်းနားထည်ဝါသည်။
ယောက်ျားလေး၏ ရုပ်ရည်အသွင်အပြင်သည် သာမာန်ဖြစ်ပြီး၊ သူ၏အရပ်သည် မြင့်မားပြီး၊ ကြင်နာတတ်သူ ဖြစ်သည်။ သူ၏မျက်နှာက အမြဲလိုလို အပြုံးမပျက်ဘဲ ရှိနေပြီး၊ မြင်ရသူလူတိုင်းကို စိတ်ချမ်းသာစေသည်။ သူ၏ ကျင့်ကြံမူအခြေခံကလည်း နိမ့်ကျခြင်းမရှိဘဲ၊ အလယ်အလတ်အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် သို့ ရောက်ရှိနေပြီ ဖြစ်သည်။
သူ၏ဘေးနားမှ အမျိုးသမီးလည်း မြင့်မားသော ကျင့်ကြံခြင်အဆင့် ရှိသည်။ သူမသည် အလယ်အလတ် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်တွင် ရှိနေခဲ့ပြီး၊ သူမ၏ ရုပ်ရည်အသွင်အပြင်က အလွန်လှပသည်။ သို့သော် လျူရန်ယွင်၊ အခြားသူများနှင့် နှိုင်းယှဉ်ပါက ကွာဟချက်က သေးငယ်မည် မဟုတ်ပေ။ သူမသည် ရီယွန်ထက်ပင် အနည်းငယ် နိမ့်ပါသည်။
သို့သော် ဤအမျိုးသမီးသည် အလွန်မာနကြီးသည်။ ချင်ယွင်၏ ကျင့်ကြံမှုအဆင့်ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူမသည် အထင်သေးသော အမူအရာကို ချက်ချင်း ထုတ်ဖော်လိုက်သည်။
"ဒီအစ်ကိုက အဆိပ်နဂါးတောင်ကြားထဲကို ဝင်ဖို့ စီစဉ်နေတာလား။ ငါ့နာမည်က ချန်လျှန်ပါ။ ငါက အင်မော်တယ်တာအိုဂိုဏ်းရဲ့တပည့်ပါ။" လူငယ်သည် လမ်းလျှောက် လာပြီး ချင်ယွင်ကို ကြင်နာသော လေသံဖြင့် ပြောရင်း ပြုံးပြလိုက်သည်။
"အင်မော်တယ်တာအိုဂိုဏ်း?” ချင်ယွင်က အံ့သြသည့် အမူအရာကို ထုတ်ဖော်လိုက် ပါသည်။
အရင်က အင်မော်တယ်တာအိုဂိုဏ်းအကြောင်း သူ ကြားဖူးသည်။ ဤဂိုဏ်းကို တော်ဝင်မင် အင်မော်တယ် မင်းဆက်တွင် အလွန်ကြီးမားသော အင်အားစုကြီးဟု ယူဆနိုင်သည်။ ဒဏ္ဍာရီအရ ၎င်း၏ ဂိုဏ်းခေါင်းဆောင်သည် ထူးကဲသော အစွမ်းရှိသည့် အင်မော်တယ် ဧကရာဇ်တစ်ပါးသည်ဟု ဆိုကြသည်။ သို့သော်လည်း ချင်ယွင်သည် ဤဝေးလံခေါင်သီသော နေရာတွင် အင်မော်တယ်တာအိုဂိုဏ်း၏ တပည့်တစ်ဦးနှင့် တွေ့ဆုံရန် မမျှော်လင့်ခဲ့ပေ။
"အင်မော်တယ်တာအိုဂိုဏ်းက တပည့်အကြောင်းတွေကို ငါ အများကြီး ကြားဖူးပါ တယ်။ ငါကတော့ တကိုယ်တော်ကျင့်ကြံသူ လင်းယွင်ပါ။ ငါလည်း အဆိပ်နဂါးတောင်ကြားကို သွားဖို့ စီစဉ်နေတာပါ" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
'"ဒါဆို အစ်ကိုလင်းယွင်ပေါ့။ ငါက အင်မော်တယ်တာအိုဂိုဏ်းရဲ့ သာမန်တပည့် တစ်ယောက်ပါပဲ။ ဒီမှာ အချိန်အကြာတောင် မမြင်ရသေးဘူး။ အဆိပ်နဂါး တောင်ကြားဟာ အန္တရာယ်တွေ ပြည့်နှက်နေတယ်လို့ ပြောလို့ရတယ်။ ငါတို့ အခုပဲ အဆိပ်နဂါးတောင်ကြားထဲကို ဝင်တော့မလို့။ အစ်ကိုလင်းယွင်က ဘာလို့ ငါတို့နဲ့အတူ မပူးပေါင်းတာလဲ” ချန်လျှန်က ပြုံးပြီး ပြောလိုက်သည်။
ချင်ယွင်က ပြုံးလိုက်သည်။ ဤချန်လျှန်သည် သူ့ကို အမှန်တကယ် ရင်းနှီးနေသည်။ ပထမအကြိမ် တွေ့ဆုံစဉ်မှာပင်၊ သူတို့အဖွဲ့တွင် ပါဝင်ရန် ဖိတ်ကြားခဲ့သည်။ သို့သော်၊ ယင်းကပင်၊ ချင်ယွင်အား ချန်လျှန်ကို အထင်ကြီးစေခဲ့သည်။
သို့သော် ချင်ယွင် စကားပြောခါနီးတွင် သူ၏ဘေးနားရှိ အမျိုးသမီးက ကြားဖြတ် ပြောလိုက်သည်။
"မဟုတ်သေးဘူး…။ ချန်လျှန် ၊ မင်း ဒီတစ်ခါ ငါတို့ရဲ့ တာဝန်နဲ့ပတ်သက်လို့ မေ့သွားပြီလား?။ မင်းက ငါတို့နောက်ကို နောက်တစ်ယောက်ကို လိုက်ပါဖို့ ဘာလို့ တောင်းဆိုနေတာလဲ?။ ဒါ့ပြင် သူ့ရဲ့ စွမ်းအားက အရမ်းကို အားနည်းလွန်းတယ်။ တကယ်လို့၊ သူသာ ငါတို့နောက်ကို လိုက်လာမယ်ဆို၊ ငါတို့ ချိုင့်ဝှမ်းထဲဝင်ရာမှာ နှောင့်နှေးစေလိမ့်မယ်” အမျိုးသမီးက ရှေ့သို့လျှောက်လှမ်းနေရာမှ အေးစက်စွာ ပြောလိုက် ပြီး၊ သူမ၏ မျက်နှာက သိသာထင်ရှားသော အထင်မြင်သေးများ ရှိနေသေးသည်။
"ဂျူနီယာ ညီမယွန်” ချန်လျှန်၏ မျက်နှာသည် ချင်ယွင်ကို တောင်းပန်သည့် အကြည့်ဖြင့် ကြည့်လိုက်ပြီး၊ ချက်ချင်းပင် အဆင်မပြေသည့် အမူအရာ ပေါ်လာသည်။
ချင်ယွင်က အနည်းငယ် ပြုံးလိုက်သည်။ မူလကတည်းက သူသည် သူတို့နှင့် လိုက်ပါရန် ရည်ရွယ်ချက်မရှိခဲ့ပေ။ သို့သော် ချန်လျှန်သည် ကြင်နာတတ်သူဟု မြင်သောကြောင့် သူသည် စကားအနည်းငယ် ပြောခဲ့သည်။ တခြားတဖက်က အခုလို ကန့်ကွက်လာသည့် သူလည်း အရှက်မရှိ လိုက်နေစရာ မလိုတော့ချေ။
ထို့ကြောင့် သူက ချန်လျှန်အား "အစ်ကိုချန်၊ မင်းရဲ့ ကြင်နာမှုကို ငါ တန်ဖိုးထားတယ်။ ဒါပေမယ့် ငါက တစ်ယောက်တည်း ခရီးသွားရတာ အကျင့်ပါနေတော့ အစ်ကိုချန် နဲ့ မလိုက်တော့ပါဘူး”။
"ဟမ့်၊ သွားရအောင်” အမျိုးသမီးက ချင်ယွင်ကို “သိနေတယ်နော်ဟူသည့်” အကြည့်တစ်ချက် ပစ်လွှတ်လိုက်ပြီး၊ ချန်လျှန်ကို အဆိပ်နဂါးတောင်ကြားထဲသို့ ဆွဲခေါ် သွားလေသည်။
ချန်လျှန်သည် ချင်ယွင်ကို တောင်းပန်စကားဆိုလိုက်ပြီး၊ အဆိပ်နဂါးတောင်ကြားထဲသို့ အမျိုးသမီးနောက်မှ လိုက်ပါသွားခဲ့သည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်သည်။ သူသည် အဆိပ်နဂါး တောင်ကြားသို့ အမြန်မပြေးဝင်မီ ချိုင့်ဝှမ်းအပြင်ဘက်တွင် တခဏကြာအောင် တမင်တကာ နေလိုက်ပါသေးသည်။ ဟုတ်ပါသည်၊ သူသည် သူတို့နောက်မှ လိုက်ပါလာ သည်ဟု တဖက်လူများ အထင်လွဲခံရခြင်းမှ ရှောင်ကြဉ်ရန်အတွက် ဖြစ်သည်။ ထိုအချိန်တွင် သူသည် မလိုလားသော အကြည့်များကို ဆွဲဆောင်မိပေလိမ့်မည်။
အဆိပ်နဂါးတောင်ကြားသည် အပြင်ဘက်မှကြည့်လျှင်၊ အလွန်ကျဉ်းမြောင်းသည်ကို မြင်တွေ့ရသော်လည်း၊ ဝင်ရောက်လာပြီးနောက် ချင်ယွင်သည် သူထင်ထားသည်ထက် များစွာ ပိုကြီးသည်ကို တွေ့လိုက်ရသည်။
ချိုင့်ဝှမ်းသည် အလွန်နက်ရှိုင်းသည်။ အဆုံးမရှိပေ။ ချိုင့်ဝှမ်းနှစ်ဘက်စလုံးသည် တိမ်တိုက်များကဲ့သို့ မြင့်မားမတ်စောက်သော ချောက်ကမ်းပါးများ ဖြစ်ကြသည်။ ထို့အပြင်၊ အဆိပ်နဂါးတောင်ကြားသည် အဆိပ်အတားအဆီးများဖြင့် အဆက်မပြတ် ဖုံးလွှမ်းနေပြီး ကောင်းကင်ပြင်ကိုပင် မမြင်နိုင်ပေ။ ကြီးမားကျယ်ပြန့်သော အဖြူရောင် တိမ်တိုက်မြင်ကွင်းကြီးတစ်ခုကိုသာ မြင်တွေ့နိုင်သည်။
ဤအဆိပ်ပြင်းသော အတားအဆီး စွမ်းအင်မျိုးသည် များသောအားဖြင့် မြေပြင် အထက်တွင် ပျံ့လွင့်နေတက်ပြီး မြေကြီးနှင့် နီးကပ်လေလေ၊ အဆိပ်ရှိသော အတားအဆီး စွမ်းအင်သည် အားနည်းလေ ဖြစ်သည်။ ထို့ကြောင့် အဆိပ်နဂါး ချိုင့်ဝှမ်းထဲသို့ ဝင်ရောက်ရန် ခြေလျင်လျှောက်ခဲ့ရပြီး လုံးဝ မပျံသန်းနိုင်ပေ။
ချိုင့်ဝှမ်းထဲသို့ သူဝင်လိုက်သည်နှင့် ချင်ယွင်သည် အနံ့အသက်ဆိုးကို ရှူရှိုက်လိုက် မိသည်။ တစ်ချိန်တည်းမှာပင် သူ၏အတွင်းအင်္ဂါများကို အင်းဆက်ပိုးကောင် တစ်သောင်း ကိုက်ခံရသကဲ့သို့ ရင်ဘတ်တွင် စူးရှသော နာကျင်မှုကို ခံစားခဲ့ရသည်။
ချင်ယွင်သည် ဖရိုဖရဲ အင်မော်တယ် အနှစ်သာရကို လျင်မြန်စွာ စုစည်းလိုက်သည်။ သို့သော်လည်း ဤအဆိပ်ပြင်းသော အတားအဆီးများသည် သူ၏ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရကိုပင် ပျက်စီးသွားစေနိုင်ကြောင်း သူ တွေ့ရှိခဲ့သည်။ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရဖြင့် သူ၏အကာကွယ် အလင်းဒိုင်းကို စဉ်ဆက်မပြတ် ထိန်းသိမ်းထားဖို့ လိုအပ်ပြီး၊ ထိုသို့မဟုတ်လျှင်၊ အလင်းဒိုင်းသည် ရှင်းလင်းစွာဖြင့် အလျင်အမြန် ပျက်စီးသွားနိုင်ပါသည်။
ရလာဒ်အနေဖြင့်၊ ပြဿနာကြီးတစ်ခု ရှိလာခဲ့ရပြီး၊ ယင်းက သူ၏ခန္ဓာကိုယ်ထဲရှိ စွမ်းအင်သုံးစွဲရမူ ပြဿနာကြီးပင် ဖြစ်သည်။
ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ထဲရှိ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရ ပမာဏဖြင့်ဆို၊ သူသည် သုံးနာရီကြာအောင် ထိန်းသိမ်းထားနိုင်သည်ဟု ခန့်မှန်းလိုက်သည်။ သာမန် အလယ်လတ်အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူ များသည်ပင် ၎င်းအကာကွယ်ဒိုင်းကို နှစ်နာရီကြာအောင်သာ ထိန်းသိမ်းနိုင်လိမ့်မည်။ ထို့အပြင်၊ ဤအရာသည် တိုက်ပွဲ မဖြစ်ခဲ့ပါမှ ဖြစ်ပါလိမ့်မည်။ အကယ်၍၊ တိုက်ပွဲတစ်ခု ဖြစ်ပွားပြီးသည်နှင့် သူ၏ခန္ဓာကိုယ်တွင်းရှိ စွမ်းအင်များသည် ပိုမိုလျင်မြန်စွာ ကုန်ဆုံးသွားမည် ဖြစ်သည်။
ချင်ယွင်သည် ချိုင့်ဝှမ်း၏ နက်ရှိုင်းသော အရပ်ဆီသို့ လှမ်းကြည့်ရင်း မျက်ခုံး ပင့်လိုက်မိသည်။ သူ လှမ်းကြည့်သည့်နေရာတိုင်း ချိုင့်ဝှမ်းသည် မြုံနေပြီး မည်သည့် သစ်သီးသစ်ပင်မှ မမြင်ရပေ။ ယင်းက ချိုင့်ဝှမ်းထဲရှိ အဆိပ်ရှိစွမ်းအင် အတားအဆီးများ ကြောင့် ဖြစ်ပေါ်လာသော တိုက်စားခြင်းဓာတ်ကြောင့် ဖြစ်သင့်ပေသည်။
"ဒီတာအိုရောင်းရင်း အဆိပ်နဂါးက ဒီချိုင့်ဝှမ်းထဲ ဘယ်နေရာမှာ နေထိုင်လဲဆိုတာ ငါ သိချင်မိတယ်။ ဒီချိုင့်ဝှမ်းကြီးက အရမ်းကို ကြီးမားတယ်။ ငါ့ရဲ့အင်မော်တယ်စိတ်အာရုံ နဲ့ စူးစမ်းဖို့က မဖြစ်နိုင်ဘူး။ တခဏအတွင်း သူ့ကို ရှာတွေ့ဖို့ဆိုတာ လွယ်ကူမှာ မဟုတ်ဘူး။” ချင်ယွင်သည် ချိုင့်ဝှမ်းထဲသို့ ဆက်လျှောက်လာရင်း သူ့ကိုယ်သူ အားကိုးရာမဲ့ ရေရွတ်လိုက်မိသည်။
ဤအဆိပ်ငွေ့များသည် သူထင်ထားသည်ထက် ပိုကြောက်စရာကောင်းသည်။ သူ၏ အင်မော်တယ် စိတ်အာရုံသည်ပင် ၎င်းတို့ကြောင့် ပျက်စီးသွားရပြီး၊ ၎င်းကို သူ၏ အင်မော်တယ် စိတ်အာရုံဖြင့် ရှာဖွေတွေ့ရှိရန် မဖြစ်နိုင်ပေ။
"အယ်!"
ချင်ယွင်သည် တောင်ကုန်းတစ်ခုဆီသို့ လျှောက်သွားစဉ်၊ သူ၏ရှေ့မှ မြင်ကွင်းကြောင့် အံ့အားသင့်သွားခဲ့သည်။
မြေကြီးတောင်ကုန်းဘေးမှာ အရိုးဖြူ သုံးခုရှိနေပါသည်။ ဤအရိုးစုများသည် တဖျပ်ဖျပ် လင်းလက်နေကာ ကျန်ရှိနေသည့် အင်မော်တယ် စွမ်းအင်အတက်အကျလှိုင်းတွေကို ထုတ်လွှတ်နေသည်။ ထင်ရှားသည်မှာ ဤလူ ၃ ဦးသည် လွန်ခဲ့သော တစ်လခန့်ကပင် သေဆုံးခဲ့သည်။ ထိုသို့မဟုတ်လျှင်၊ ဤအရိုးတွေပေါ်မှာ အင်မော်တယ် စွမ်းအင် အတက်အကျလှိုင်း ကျန်ရှိနေမည် မဟုတ်ပေ။
ချင်ယွင်၏ မျက်ခုံးများ တွန့်သွားခဲ့သည်။ ဤလူများသည် သေဆုံးသွားသည်မှာ တစ်လပင် မပြည့်သေးလောက်ပေ။ ယခုတော့ အရိုးဖြူတွေသာ ကျန်ရစ်တော့သည်။ သူတို့ခန္ဓာကိုယ်ပေါ်ရှိ အသွေးအသားများအားလုံး ပျောက်ကွယ်သွားခဲ့ပြီ။ ယင်းက၊ ချင်ယွင်ကို အရမ်းထူးဆန်းသလို ခံစားရစေသည်။
ပုံမှန်အားဖြင့်၊ အစစ်အမှန် အင်မော်တယ် ကျင့်ကြံသူများသည် သေဆုံးသွားမည်လျှင်၊ ၎င်းတို့၏ခန္ဓာကိုယ်သည် အနှစ်တစ်ထောင်တိုင်တိုင် ပုပ်သိုးသွားမည် မဟုတ်ပေ။ တစ်လဆိုလျှင် စကားထဲပင် ထည့်ပြောစရာ မလိုပါချေ။ ယခု အရိုးဖြူတွေသာ ကျန်ရစ်တော့သည်။ ထို့အပြင်၊ သူ၏ရှေ့ရှိ အဖြူရောင် အရိုးစု သုံးခုပေါ်ရှိ ကျန်ရှိနေသော အင်မော်တယ်စွမ်းအင် အတက်အကျလှိုင်းများကို ကြည့်လျှင်၊ ၎င်းတို့ သုံးဦးစလုံးသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြောင်း ထင်ရှားပါသည်။
"ဒီအဆိပ်နဂါးတောင်ကြားက ငါ ထင်ထားသလောက် မရိုးရှင်းဘူး ထင်တယ်။ ငါ ပိုပြီး သတိထားရမယ်။" ချင်ယွင်က သူ့ကိုယ်သူ စိတ်ထဲကနေ ရေရွတ်လိုက်ပြီး သူ၏မျက်နှာ အမူအရာလည်း နိုးနိုးကြားကြား ဖြစ်ကာ သတိကြီးစွာ ထားလာသည်။
ချင်ယွင်သည် အဖြူရောင် အရိုးစု သုံးခုကို မကြည့်တော့ဘဲ ရှေ့ကို ဆက်လက် လျှောက်လှမ်းရန် ကြံရွယ်လိုက်သည်။ သို့သော် သူ ရှေ့သို့ ခြေတစ်လှမ်းတိုးလိုက်စဉ် အဝေးမှ ပျံသန်းလာနေသော လေတိုးသံကို ကြားလိုက်ရသည်။
အဖြူရောင် အလင်းတန်းတစ်ခုသည် အလွန်လျင်မြန်သော အရှိန်အဟုန်ဖြင့် အဖြူရောင် အခိုးအငွေ့များကို ဖြတ်ပြီး၊ ချင်ယွင်၏ မျက်ခုံးများကြားသို့ တိုက်ရိုက် တိုးဝင်လာသည်။
ဤအဖြူရောင် အလင်းတန်းသည် အလွန်လျင်မြန်ပြီး မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွင်နှင့် တစ်မီတာအကွာသို့ ရောက်ရှိလာနေသည်။
ချင်ယွင်၏ အကြည့်သည် ချက်ချင်းပင် လေးနက်လာသည်။ သူသည် တုန့်ဆိုင်းမနေဘဲ၊ မြူနှင်းချောက်ဓားကို ထုတ်ကာ အဖြူရောင်အလင်းကို အလယ်မှနေ ဖြတ်တောက် ပစ်လိုက်သည်။
“ချွီး…”
စူးစူးဝါးဝါး အော်သံတစ်ချက် ထွက်ပေါ်လာသည်။ အဖြူရောင် အလင်းတန်းသည် နှစ်ပိုင်းပြတ်ပြီး မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။
"ဒါက... ပျံသန်းနိုင်တဲ့ ခြကောင်လား?”
ချင်ယွင်သည် အဖြူရောင် အလင်းတန်းကို မြင်သောအခါ သူ၏မျက်လုံးများသည် အံ့အားသင့်သော အမူအရာ ချက်ချင်း ထွက်ပေါ်လာသည်။