← Chapters

အခန်း ၇၆၆

Vol. 52 Ch. 766

အခန်း ၇၆၆

Vol. 52 Ch. 766

အဓိပတိအင်မော်တယ်သခင် စာစဉ် (၅၂)

ဘာသာပြန်သူ နေဇင်။

အခန်း (၇၆၆) ကောင်းကင်နတ်ဘုရားစွမ်းအား။

အချိန်တွေက တရွေ့ရွေ့ဖြင့် ကုန်ဆုံးသွားခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင်၊ အချိန် ဆယ်ရက်သည် ကုန်ဆုံးသွားခဲ့ပါပြီ။

ချင်ယွင်၏ ခန္ဓာကိုယ်သည် တောက်ပသော ကြယ်ရောင်အလင်းကဲ့သို့ အလင်းရောင်ကို ထုတ်လွှတ်နေသည်။ သူ၏ခန္ဓာကိုယ်တွင် ခြကောင်တွေက ပိုများလာပြီး သူ၏ ခန္ဓာကိုယ်ကို ထပ်ခါထပ်ခါ စားသောက်နေသည်။

သူ၏အသားရေတွေကို မည်မျှ စားပြီးသွားမှန်း ချင်ယွင်ကိုယ်တိုင်ပင် မသိတော့ပေ။ သူ၏အသားရေတွေ အသစ်ပြန်ပေါက်လာတိုင်း သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ပျံသန်းနိုင်သော ခြကောင်တွေက လုံးလုံးလျားလျား ကိုက်စားသွားကြသည်။ အကြိမ်ပေါင်းများစွာ စားသောက်ပြီးနောက်၊ သူ၏ခန္ဓာကိုယ်ကို ကိုက်စားနေသည့် ခြကောင်တွေတောင် တသုတ်ပြီး တသုတ် ပြောင်းသွားခဲ့သည်။

ချင်ယွင်သည်လည်း လုံးဝ ထုံကျင်နေသည်။ သူ၏ခန္ဓာကိုယ်မှာ နာကျင် ကိုက်ခဲမှုတွေကို သူသည် အသားကျနေပြီ။ အကယ်၍၊ သူ၏မျက်နှာပေါ်မှ အရေပြား သည် ယခင်အတိုင်း ရှိနေမည်ဆိုလျှင်၊ သူသည် မျက်မှောင်ကြုတ်နေမှာ မဟုတ်ပါဘူး။

ဘန်း…။

နောက်ဆုံးတွင်၊ နောက်ထပ် စတုတ္ထနေ့မြောက် နေထွက်ချိန်တွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာသည်။

သူ၏ခန္ဓာကိုယ်မှ တောက်ပနေသော ကြယ်ရောင်အလင်းတန်းများ ထွက်လာပြီး နောက် ချင်ယွင်၏ ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်လာသည်။

ချင်ယွင်၏ အသွေးအသားတို့သည် ကြောက်မက်ဖွယ် အရှိန်ဟုန်ဖြင့် ကြီးထွားလာ ခဲ့သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွင်သည် သူ၏မူလရုပ်ရည်အသွင်အပြင်ကို ပြန်လည် ရရှိနေပြီဖြစ်သည်။ သူ၏ဆံပင်တွေတောင် လုံးဝ ပြန်လည်ထွက်ပေါ်လာပြီး၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ကြယ်ရောင်တောက်ပသည့် အလွှာတွေနှင့် ဖုံးအုပ် ထားသည်။

ခြကောင်များသည် ၎င်းတို့၏ ပါးစပ်အောက်ရှိ အရေပြားကို မကိုက်နိုင်ကြောင်း တွေ့ရှိသွားကြပြီ။ ထို့ကြောင့်၊ ခြကောင်များသည် ထိတ်လန့်စပြုလာပြီး ၎င်းတို့၏ အဆိပ်သင့်တိုက်စားနိုင်သော အရည်များသည်လည်း ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကြယ်ရောင်အလင်းကို မထိခိုက်စေနိုင်တော့ပေ။

“ဘုန်း…”။

ချင်ယွင်၏ ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး ကြယ်ရောင်အလင်းသည် သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ပျံ့နှံ့သွားသော ရောင်ခြည်အလင်းကွင်း တစ်ခုအဖြစ် ပြောင်းလဲသွားသည်။ သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသည့် ပျံသန်းနိုင်သော ခြကောင်များသည် ကြယ်ရောင်အလင်း၏ စွမ်းအင် အတက်အကျလှိုင်းများအောက်မှာ ပြာဖြစ်သွားကြသည်။

“ဝှစ်…”

မူလက ချင်ယွင်၏ ခန္ဓာကိုယ်ဆီသို့ အဝေးမှ ပျံသန်းလာချင်နေသော ခြကောင်များ သည် တစ္ဆေသရဲမြင်ရသကဲ့သို့ အရပ်မျက်နှာအသီးသီးသို့ ပြေးသွားကြသည်။

ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကြယ်ရောင်အလင်းများသည် ရေလှိုင်းများကဲ့သို့ တစ်ဖန် ပျံ့နှံ့သွားကာ၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်သည်လည်း အနှိုင်းမဲ့ နက်ရှိုင်းလာသည် ။

ဘန်း….။

ချင်ယွင်၏ မျက်လုံးများသည် ကြယ်များ၏ အလင်းရောင်ကဲ့သို့ ဝင်းလက်တောက်ပပြီး လေးနက်သော မျက်လုံးများက ရုတ်တရက် ပွင့်လာသည်။

ချင်ယွင်၏ မျက်ခုံးများကြားတွင် ငွေရောင်ရောင်ခြည်စက်ဝန်း အမှတ်အသားတစ်ခုကို တွေ့လိုက်ရပြီး၊ ၎င်းထံမှ တောက်ပသော ကြယ်ရောင်အလင်းများ ထွက်ပေါ်လာသည်။

"ကောင်းကင်နတ်ဘုရား အငွေ့အသက်ပါလား။ အောင်မြင်ပြီ။ ဒါက လျှို့ဝှက်ဆန်းကြယ် အဝါရောင် နတ်ဆိုးပညာရပ်ရဲ့ ပဉ္စမအဆင့်ဖြစ်တဲ့ ကောင်းကင် နတ်ဘုရားနယ်ပယ်ပဲ” ချင်ယွင်၏ မျက်လုံးများသည် နှိုင်းစာရမရနိုင်သည့် စိတ်လှုပ်ရှား မှုများဖြင့် တောက်ပနေသည်။

ဆယ်ရက်ကြာအောင် သူ၏ခန္ဓာကိုယ်ကို တွန်းအားပေးသန့်စင်ပြီးနောက်၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် နောက်ဆုံးတွင် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုး ပညာရပ်၏ ပဉ္စမအဆင့်ဖြစ်သော ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အစောပိုင်း အဆင့်သို့ ရောက်ရှိသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်အတွင်းရှိ ခွန်အားသည်လည်း လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်စွမ်းအားအဖြစ်မှ ကောင်းကင်နတ်ဘုရား စွမ်းအား အဖြစ် သို့ ပြောင်းလဲသွားခဲ့သည်။ (ဤနေရာ၌ အဓိကဆိုလိုသည်မှာ ယခင်က လျှို့ဝှက် ဆန်းကြယ်သော အဝါရောင်စွမ်းအားအဖြစ်မှ ကောင်းကင်နတ်ဘုရားစွမ်းအားအဖြစ်သို့ ပြောင်းလဲသွားပြီဟု နားလည်ရပါမည်။ သို့သော်လည်း ဘာသာပြန်ရာမှာ အချို့နေရာများတွင် (သိမ်မွေ့နက်နဲသော အဝါရောင်စွမ်းအားဟု ပြန်ဆိုခဲ့ပါသည်။ ဤသည်မှာလည်း မူရင်းအင်္ဂလိပ်ဘာသာပါသည့်အတိုင်း ပြန်ဆိုခြင်း ဖြစ်ပါသည်။ စာပေဖတ်ရူသူများအနေဖြင့် ဝေခွဲမရဖြစ်မည်ကို စိုးရိမ်၍ ပြန်ပြောပြခြင်း ဖြစ်ပါသည်။ (The strength in his body also changed from Profound Yellow Strength to Heavenly God Force.) strength နှင့် force တို့ကို သင့်သလို ပြန်ဆိုထားရခြင်း ဖြစ်ပါသည်။ ကျွန်တော်သည် အထူးသဖြင့် ဇာတ်လမ်းဇာတ်ကွက် မပျက်စေရန် အချို့နေရာမျာ၌ ပြောင်းလဲပြန်ဆိုထားခြင်းများလည်း ရှိပါသည်။ အားပေးဖတ်ရူသူများ အနေဖြင့် ဇာတ်လမ်းဇာတ်ကွက် မပျက်စေဘဲ ဖတ်ရူရသည်ဆိုလျှင်၊ ထိုပြောင်းလဲ ပြန်ဆိုမူများကို နားလည်ပေးနိုင်ပါရန် ပန်ကြားအပ်ပါသည်။

ယခုအချိန်တွင်၊ သူ၏မျက်ခုံးကြားရှိ ငွေရောင်ရောင်ခြည်စက်ဝန်းသည် ကောင်းကင် နတ်ဘုရား၏ အမှတ်သင်္ကေတ ဖြစ်ပါသည်။ ၎င်းကို ကောင်းကင်နတ်ဘုရား ရောင်ခြည်စက်ဝန်းဟု ခေါ်သည်။

ယခုအချိန်တွင်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းမှာ သွေးမျိုးဆက် စွမ်းအား သုံးမျိုး ရှိနေပါပြီ။ ဖရိုဖရဲ အစိမ်းရောင်ကြာပန်းသွေးမျိုးဆက်၊ ကောင်းကင်နတ်ဘုရား သွေးမျိုးဆက်နှင့် မီးနဂါးတို့၏ သွေးမျိုးဆက်များ ဖြစ်ပါသည်။ (တစ်ခု သိထားရမည်မှာ သွေးမျိုးဆက်များသည် စွမ်းအင်ကျင့်စဉ်နှင့်မဆိုင်ဘဲ ရုပ်ခန္ဓာကိုယ်များနှင့်သာ သက်ဆိုင်ပါသည်။

ချင်ယွင်သည် ဤသွေးမျိုးဆက် အမျိုးအစား သုံးမျိုးကို လုံးလုံးလျားလျား ရောနှောပြီး ဖြစ်နေသည်။ ချင်ယွင်သည် ယခုအချိန်တွင် သူ၏ခန္ဓာကိုယ်အတွင်းရှိ ရုပ်ခန္ဓာကိုယ် စွမ်းအားသည် မည်သည့်အရာ ဖြစ်သည်ကို မသိနိုင်တော့ပေ။ သို့မဟုတ် ၎င်းသည် အသစ်စက်စက် သွေးမျိုးဆက် စွမ်းအားတစ်မျိုး ဖြစ်သွားနိုင်ပေသည်။ (ဟွန်းထန်လုံ၏ နတ်နဂါးအုပ်စိုးရှင်ခန္ဓာကိုယ် ဖြစ်ပေါ်လာပုံကို ပြန်အမှတ်ရသင့်ပေသည်။ သွေးမျိုး ဆက်များ ရောနှောင်သွားပါက နောက်ထပ် သွေးမျိုးဆက်ခန္ဓာကိုယ်အသစ်တစ်ခု ဖြစ်ပေါ်လာနိုင်ပါသည်။ ကျွန်တော်လည်း ဘာသာပြန်ရင်း တွေးမိသမျှ ပြန်စုစည်းမိရန် တင်ပြခြင်း ဖြစ်ပါသည်။)။

ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ သွေးမျိုးဆက်စွမ်းအားသည် ကြောက်မက်ဖွယ် အကောင်းဆုံး သွေးမျိုးဆက်ဖြစ်ကြောင်း သေချာပေါက် သိထားပါသည်။ သမိုင်း အကြောင်းအရ၊ ဟွန်ထန်းလုံ၏ နတ်နဂါးအုပ်စိုးရှင်ခန္ဓာကိုယ်ပင်လျှင် သူ၏ သွေးမျိုး ဆက်ကို မယှဉ်နိုင်တော့ပေ။

အကယ်၍၊ သူသည် အနာဂတ်တွင် လုံး ဝကြီးပြင်းလာပါက၊ သူ၏ခန္ဓာကိုယ်သည် မကြုံစဖူးသော အဆင့်သို့ ရောက်ရှိသွားမည် ဖြစ်ပါသည်။

"ငါ မင်းကို လျှို့ဝှက်ဆန်းကြယ် ဖရိုဖရဲခန္ဓာကိုယ်လို့ ခေါ်မယ်” ချင်ယွင်သည် သူ့ကိုယ်သူ စိတ်လှုပ်ရှားစွာ ပြောလိုက်သည်။

“ဘုန်း..”

ချင်ယွင်သည် လေဟာနယ်ကို လက်သီးဖြင့် ထိုးလိုက်ရာ လေဟာနယ်အတွင်း ပြင်းထန်သော လှိုင်းလုံးများ ထွက်ပေါ်လာသည်။ ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသော အခါတွင် သူ၏မျက်လုံးများသည် နှိုင်းစာ၍မရသည့် စိတ်လှုပ်ရှားဖွယ် အမူအရာတစ်ခု ဖြစ်ပေါ်လာသည်။

ယခုအချိန်တွင် သွေးမျိုးဆက်သုံးခု ပေါင်းစပ်သွားသောကြောင့် ချင်ယွင်၏ ခန္ဓာကိုယ် သည် မကြုံစဖူး ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ယခုလေးတင် ထိုလက်သီးချက်သည် သန့်စင်သော သူ၏ရုပ်ခန္ဓာကိုယ်ခွန်အားဖြင့် ဖော်ထုတ်လိုက်ခြင်း ဖြစ်သည်။ ထိုလက်သီးချက်သည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးထံမှ အင်အား အပြည့်ဖြင့် တိုက်ခိုက်မှုနှင့် လုံးဝ ယှဉ်နိုင်နေပြီ ဖြစ်သည်။

အကယ်၍၊ သူသည် ကောင်းကင်နတ်ဘုရားစွမ်းအားကို ဖြည့်သွင်းလိုက်မည်ဆိုလျှင်၊ ဘာများ ဖြစ်လာနိုင်မည်နည်း?။

ချင်ယွင်၏ လက်သီးသည် ချက်ချင်းပင် ကြယ်ရောင်အလင်းအလွှာဖြင့် ဖုံးလွှမ်းသွား သည်။ လက်သီးတစ်ချက် ထိုးထုတ်လိုက်သည်နှင့်၊ လေဟာနယ်အတွင်း ပြင်းထန်သော တုန်ခါသံက ပဲ့တင်ထပ်သွားသည်။ လေဟာနယ်သည် ဖန်ကဲ့သို့ ကွဲအက်သွားပြီး အက်ကြောင်းပေါင်းများစွာ ဖြစ်ပေါ်လာသည်။

"အရမ်းကို ပြင်းထန်လွန်းတယ်” ချင်ယွင်၏ မျက်လုံးများ တောက်ပလာသည်။

ထိုလက်သီးချက်၏ အစွမ်းသည် သာမန် နက်နဲသိမ်မွေ့ခြင်း အင်မော်ယ်နယ်ပယ် အထွက်ထိပ်အဆင့် ကျွမ်းကျင်ပညာရှင်တွေကို ခြိမ်းခြောက်ရန် လုံလောက်နေပါပြီ။ နိယာမနယ်ပယ် ကနဦးဝင်ရောက်ခြင်းအဆင့်သို့ မရောက်သေးသော နှောင်းပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်ပညာရှင်များဆိုလျှင်၊ ချက်ချင်းပင် အသတ်ခံရနိုင်သည်။

နိယာမများကို နားလည်ထားသော ကျာ့ထန်းလုံကဲ့သို့သော နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် နှောင်းပိုင်းအဆင့် ကျွမ်းကျင်သူတစ်ဦးပင်လျှင် သူ၏ပြိုင်ဘက် ဖြစ်တော့နိုင်မည်မဟုတ်သလို၊ ချင်ယွင်သည် သူ့ကို လက်သီးတစ်ချက်ဖြင့်ပင် သတ်ပစ်နိုင်သည်။

၎င်းသည် လွန်ခဲ့သော ဆယ်ရက်အတွင်း ချင်ယွင် ကျင့်ကြံခဲ့ခြင်း၏ ရလာဒ်ဖြစ်သည်။

ချင်ယွင်သည် သူ၏ ကောင်းကင်နတ်ဘုရားစွမ်းအားကို ဖြည်းညှင်းစွာ ရုတ်သိမ်း လိုက်ပြီး၊ သူ၏ မျက်ခုံးမွှေးများကြားမှ ကောင်းကင်နတ်ဘုရား စည်းတံဆိပ်ကိုလည်း သူ၏ခန္ဓာကိုယ်ထဲတွင် ဖြည်းညှင်းစွာ သိမ်းဆည်းလိုက်သည်နှင့် သူ၏ မူလ ရုပ်ရည် အသွင်အပြင်ကို ပြန်လည်ရရှိသွားသည်။

ပတ်ဝန်းကျင်ရှိ ခြကောင်များသည် တစ်ကောင်ပြီး တစ်ကောင် အော်မြည်နေကြ သော်လည်း၊ ၎င်းတို့သည် ချင်ယွင်ထံ ချဉ်းကပ်ရန် မဝံ့ရဲကြပေ။ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ ကောင်းကင်နတ်ဘုရားအငွေ့အသက်ကို သူတို့အားလုံး ကြောက်ရွှံနေ ကြသည်။

ချင်ယွင်သည် ပတ်ဝန်းကျင် အဆိပ်အငွေ့ အတားအဆီးများကို ခုခံရန် သူ၏ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရကို အသုံးမပြုခဲ့ပေ။ ယခုအချိန်တွင်၊ အဆိပ်သင့်သော အငွေ့များသည် သူ့ကို အနည်းငယ်မျှ မထိခိုက်စေနိုင်တော့။

ကောင်းကင်နတ်ဘုရားစွမ်းအား၏ အကာကွယ်ပေးမှုဖြင့်၊ သူ၏ခန္ဓာကိုယ်သည် အဆိပ်တစ်ရာကိုတောင် ခုခံနိုင်စွမ်းရှိပြီဟု ဆိုနိုင်ပါသည်။ ဤသေးငယ်သော အဆိပ်အငွေ့ အတားအဆီးများသည် သူ့အတွက် ဘာမှမဟုတ်တော့ပေ။

"ဒီလောက်ကြာသွားမယ်လို့ ငါ မမျှော်လင့်ထားပါဘူး။ ဒီ တာအိုရောင်းရင်းအဆိပ်နဂါး ကို ရှာဖွေဖို့ ချိုင့်ဝှမ်းရဲ့ ပိုမိုနက်ရှိုင်းတဲ့အရပ်ကို သွားရမယ့် အချိန်ပဲ။" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။

ထို့နောက်၊ သူသည် ချိုင့်ဝှမ်းတစ်လျှောက် ပြေးလွှားရန် သူ၏ ရုပ်ခန္ဓာကိုယ် ခွန်အားကို တိုက်ရိုက် အသုံးပြုလိုက်သည်။ အကယ်၍ သူ၏ရှေ့မှာ ကျောက်တုံးတွေ ရှိနေရင် တောင် ချင်ယွင်သည် ၎င်းတို့ကို ရှောင်တိမ်းရန် ရည်ရွယ်ချက် နည်းနည်းလေးမှ မရှိပါဘူး။ သူသည် သူ၏ ရုပ်ခန္ဓာကိုယ် ခွန်အားကို တိုက်ရိုက်အသုံးပြုကာ ၎င်းတို့ကို ပြင်းပြင်းထန်ထန် တိုက်ပစ်ခဲ့သည်။ ချင်ယွင်၏ သောင်းကျန်းမှုကြောင့် ကျောက်တုံးများ အားလုံးသည် အမှုန့်အဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

“ပျော်လိုက်တာ..”

ချင်ယွင်သည် မရပ်တန့်မီ ဆယ်မိုင်ခန့်အထိ ပြေးသွားခဲ့သည်။

အသက်တစ်ရှိုက်အတွင်း၊ သန့်စင်သော ရုပ်ခန္ဓာကိုယ်ခွန်အားဖြင့်၊ သုံးမိုင်အထိ ပြေးနိုင်သည်ဟု ကျယ်ကျယ်ပြန့်ပြန့် ပြောလိုက်မည်ဆိုလျှင်၊ လူအနည်းစုသည် ယခုလို အမြန်နှုန်းကို ကြောက်လန့်သွားနိုင်ပါသည်။

“ဘန်း….”

ထိုအချိန်တွင် ချင်ယွင်၏ နားထဲ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာသည်။

"အယ်..? တစ်ယောက်ယောက်များ တိုက်ခိုက်နေတာလား။ ချန်လျှန်နဲ့ တခြားသူတွေ များ ဖြစ်နိုင်ပါ့မလား"

ချင်ယွင်သည် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်ပါသည်။ ဤတုန်ခါသံသည် တိုက်ပွဲသံကြောင့် ဖြစ်ပေါ်လာသည်မှာ ထင်ရှားပါသည်။ ထို့အပြင် အသံ၏ အကွာအဝေးသည် အလွန်ဝေးသင့်သည်။ ဆယ်မိုင်အကွာမှာ ရှိသင့်သည်။

"ဟိုဘက်ကို သွားကြည့်ရအောင်..” ချင်ယွင်သည် အသံထွက်ပေါ်ရာ လမ်းကြောင်းဆီသို့ ပြေးသွားခဲ့သည်။

ဝှီး....။

ယခုတစ်ကြိမ်တွင်၊ ချင်ယွင်သည် အစောပိုင်းကကဲ့သို့ ပြေးသွားခြင်းမျိုး မဟုတ်တော့ ချေ။ ယင်းအစား သူသည် လျှပ်စီးလက်သကဲ့သို့ မြေပြင်ကို ဖြတ်ကျော်သွားခဲ့သည်။

ချင်ယွင်သည် ဆယ်မိုင်အကွာသို့ အလျင်အမြန် ရောက်ရှိလာသည်။

ချင်ယွင်သည် ကြီးမားသော ကျောက်တုံးကြီးနောက်တွင် ရပ်ကာ ရှေ့ကို လှမ်းကြည့်လို က်သည်။ သို့သော် သူ၏မျက်လုံးကို ဖမ်းစားမိသည့် မြင်ကွင်းက သူ့ကို အနည်းငယ် အံ့အားသင့်သွားစေခဲ့သည်။

တိုက်ပွဲ ဝင်သူတွေကတော့ ချန်လျှန်နှင့် သူ၏ဂျူနီယာညီမ တို့ဖြစ်သည်။ သို့သော် သူတို့နှစ်ဦးသည် အဖြူရောင်ဝတ်ရုံကို ၀တ်ဆင်ထားသည့် လူငယ်တစ်ဦးနှင့် လက်တွဲကာ၊ ဖြေရှင်းရန် လတ်တလောတွင် အတူတကွ လုပ်ဆောင်နေခြင်း ဖြစ်သည်။

နှစ်ဘက်ကြား တိုက်ပွဲက ပြင်းထန်လွန်းသဖြင့် ချန်လျှန်နှင့် အခြားလူနှစ်ယောက်ကို ထိုလူက ဖိနှိပ်ပြီး ရိုက်နှက်နေပုံရသည်။

သို့သော်၊ ဤအရာသည် ချင်ယွင်ကို အံ့အားသင့်စေမည့်အရာ မဟုတ်ပေ။ အမှန်တကယ် အံအားသင့်စေသည့်အရာက ထိုအဖြူရောင်ဝတ် ပုဂ္ဂိုလ်၏ အသွင်အပြင် သည် သူ မြင်တွေ့ခဲ့ဖူးသော အနက်ရောင်ဝတ် ဘုန်းကြီးနှင့် အတူတူပင် ဖြစ်ပါသည်။

တစ်ခုတည်းသော ခြားနားချက်မှာ ဤလူ၏ ဦးခေါင်းသည် ဝင်ပြောင်ခြင်း မရှိဘဲ၊ အနက်ရောင် ဆံပင်များ ရှိနေသည်။ သူ အသုံးပြုနေသည့် သိုင်းပညာရပ်သည်လည်း ယခင်က ဗုဒ္ဓလမ်းစဉ် သိုင်းပညာရပ်များ မဟုတ်သော်လည်း ရေစွမ်းရည် ဓားသိုင်း ပညာရပ် ဖြစ်သည်။ သူသည် ရေစွမ်းနိယာမ၏ အလုံးစုံလွှမ်းခြုံခြင်း နိယာမနယ်ပယ်သို့ ကနဦးအဆင့်ထဲ ဝင်ရောက်ပြီးသူ ဖြစ်ပြီး၊ သူ၏ ကျင့်ကြံမှုအခြေခံသည် အနက်ရောင်ဝတ် ဘုန်းကြီးကဲ့သို့ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်၏ နှောင်းပိုင်းအဆင့်တွင် ရှိနေပုံရသည်။

"ကိုယ်ပွားများ ဖြစ်နေမလား” ချင်ယွင်သည် အံ့သြသည့် အမူအရာကို ထုတ်ဖော် လိုက်မိသည်။

All Chapters