အခန်း ၇၆၇
Vol. 52 Ch. 767
အခန်း (၇၆၇) အင်မော်တယ် ကျောက်စိမ်းကြော။
“ဘုန်း…”
အဝေးတစ်နေရာမှ ကျယ်လောင်သော ပေါက်ကွဲသံတစ်ချက် ထွက်ပေါ်လာပြီး ချင်ယွင်၏ အတွေးရထားကို အနှောင့်အယှက်ပေးလိုက်သည်။
အဖြူရောင်ဝတ်လူငယ်သည် သူ၏ဓားကို ဝှေ့ယမ်းပြီး ခုတ်ပိုင်းလိုက်သည်။ သူသည် ရေနဂါးကြီးတစ်ကောင်ကို လှိမ့်ဆင်းစေပြီး ချန်လျှန်နှင့် သူ၏ဂျူနီယာ ညီမဆီသို့ ချေမှုန်းပစ်လိုက်ခြင်း ဖြစ်သည်။
ချန်လျှန်သည် သူ၏လက်ထဲမှ ဧရာမ သံတူကြီးကို ဝှေ့ယမ်းကာ နီမြန်းသော အဝါရောင် မြေလှိုင်းလုံးကြီးကို လှိမ့်လိုက်ပြီး ရေနဂါးကြီးကို တဟုန်ထိုး တိုက်ခိုက်လိုက်သည်။
ဂျူနီယာညီမယွန်ဟုခေါ်သော အမျိုးသမီးသည် သူမ၏ ကိုးချောင်းဆစ်ကြာပွတ်ကို ဝှေ့ယမ်းကာ ကြီးမားသော ရေနဂါးကြီးပေါ်သို့ မီးလျှံဖီးနစ်ကို ပစ်လွှတ်လိုက်သည်။
“ဘုန်း..”
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ရေနဂါးကြီးသည် မြေကြီးဒီရေလှိုင်းနှင့် မီးလျှံဖီးနစ်တို့ကို တိုက်မိသွားသည်။
မြေကြီးလှိုင်းနှင့် မီးလျှံဖီးနစ်တို့သည် ချက်ချင်း ပေါက်ကွဲသွားသည်။ ချန်လျှန်နှင့် ယွန်လင်းတို့၏ အငွေ့အသက်များသည် တစ်ပြိုင်နက် အေးခဲသွားသည်။ သူတို့သည် အဆိပ်အတားအဆီးဖြင့် တိုက်ခိုက်ခံရပြီး သူတို့ပါးစပ်မှ သွေးများ စီးကျလာသည်။ သူတို့မျက်နှာတွေက ချက်ချင်း ဖြူဖျော့သွားသည်။
သို့သော်လည်း ရေနဂါးသည် မတည်မငြိမ်ဖြစ်နေသည့် ချန်လျှန်နှင့် ယွန်လင်းတို့ဆီသို့ ပြင်းထန်သော အရှိန်အဟုန်ဖြင့် ဝင်တိုက်လိုက်သည်။ ယခုအချိန်တွင် ချန်လျှန်နှင့် ယွန်လင်းတို့ နှစ်ဦးစလုံး ဒဏ်ရာအပြင်းအထန်ရနေကြပြီ။ ထို့ကြောင့်၊ သူတို့သည် ဤတိုက်ခိုက်မှုကို ခံနိုင်ရည်မရှိတော့မည်ကို စိုးရိမ်နေကြသည်။
"ဂျူနီယာညီမ ယွန်၊ မြန်မြန်ထပြီး ထွက်သွား..”
ချန်လျှန်သည် ယွန်လင်းကို အလျင်အမြန် တွန်းပြီး၊ အဝေးသို့ တွန်းထုတ်လိုက်သည်။
“ဘုန်း…”
ရေနဂါးကြီးသည် ချန်လျှန်၏ ခန္ဓာကိုယ်ထဲသို့ ထိုးကျသွားသည်။ ကြောက်စရာ ကောင်းသည့် စွမ်းအားတစ်ခုက ချက်ချင်း ထွက်ပေါ်လာသည်။ ချန်လျှန်၏ ခန္ဓာကိုယ် တစ်ခုလုံး ချက်ခြင်း လွင့်ပျံသွားသည်။ သူသည် အဝေးမှ တောင်နံရံကို ပစ်ဆောင့် လိုက်ပြီး သူ၏ပါးစပ်ထဲ သွေးများ ထွက်ကျသွားသည်။
"စီနီယာ အစ်ကိုချန်” ယွန်လင်းသည် ဤမြင်ကွင်းကို မြင်သောအခါ၊ သူမ၏ လှပသော မျက်နှာသည် ချက်ချင်း မျက်မှောင်ကြုတ်သွားပြီး ချန်လျှန်ဆီသို့ အပြေးအလွှား ပြေးသွားတော့မည်။
"ငါ့ကို ထားခဲ့လိုက်ပါ။ ဂျူနီယာညီမလေးယွန်၊ မင်း မြန်မြန် ထွက်ပြေးတော့" ချန်လျှန်က မြေပြင်ပေါ်တွင် လှဲလျောင်း၍ အော်လိုက်သည်။ သူ၏ပါးစပ်သည် သွေးတွေနှင့် ပြည့်နေသေးပြီး၊ သူ၏လေသံက ဝမ်းနည်းဒေါသနှင့် ပြည့်နေ၏။
ယွန်လင်းသည် ဒဏ်ရာအပြင်းအထန်ရနေပြီး ပြန်မထနိုင်ဖြစ်နေသော ချန်လျှန်ကို တစ်ချက် ကြည့်လိုက်ပါသည်။ သူမ၏မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင်များ ထွက်ပေါ်လာပြီးနောက်၊ သူမသည် ချိုင့်ဝှမ်း၏ ထွက်ပေါက်ဆီသို့ ဦးတည် ပြေးသွားခဲ့သည်။
"ဟမ့်၊ မင်းက ထွက်ပြေးချင်တာလား?။ အိပ်မက်မက်လိုက်ဦး" အဖြူရောင်ဝတ် လူငယ်က သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်ရာ ရေအလုံးကြီးတစ်ခုက ပျံထွက်သွားပြီး၊ ယွန်လင်း၏ ပတ်ပတ်လည်ကို တိုက်ရိုက် ရစ်ပတ်လိုက်သည်။
"ငါ့ကိုလွှတ်..” ယွန်လင်းက ချက်ချင်းပင် ရုန်းကန်လိုက်သည်။
သို့သော်လည်း သူမ မည်မျှပင် ရုန်းကန်ကြိုးစားနေပါစေ၊ ဤရေအလုံးကြီး၏ ချည်နှောင်မှုကနေ လွတ်မြောက်နိုင်မှာ မဟုတ်ပါဘူး။ ဤရေအလုံးကြီးသည် သူမကို အတွင်းထဲမှာ လုံးဝ ချုပ်နှောင်ထားသည့် ရေအကျဉ်ထောင်နှင့်ပင် တူနေပါသည်။
"ရုန်းကန်မနေနဲ့။ ဒီရေအကျဉ်းထောင်မှာ အလုံးစုံလွှမ်းခြုံခြင်း နိယာမကို ငါသုံးထား တယ်။ မင်းမှာ အလယ်လတ်အဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျင့်ကြံမူအဆင့် ရှိတယ်ဆိုရင်တောင်၊ ဒီရေအကျဉ်းထောင်ရဲ့ ချုပ်နှောင်မူကနေ မလွတ်မြောက်နိုင်ဘူး။ ဟား…၊ ဟား…” အဖြူရောင်ဝတ်လူငယ်က ကျယ်လောင်စွာ ရယ်မောလိုက်သည် ။
"ကော့ဖုန်း နင် ဘာလိုချင်လို့လဲ?၊ နင် ငါ့ကို မြန်မြန် သွားခွင့်ပြုပါ” သူမသည် ရေအကျဉ်းထောင်မှ လွတ်မြောက်ရန် ရုန်းကန်ရင်း ယွန်လင်းက အဖြူရောင်ဝတ် လူငယ်အား ချက်ချင်း အော်ပြောလိုက်သည်။
"လွှတ်ပေးရမယ်၊ ဒါက ဖြစ်နိုင်တယ်လို့ မင်း ထင်လား?။ မင်းက အင်မော်တယ် တာအိုဂိုဏ်းရဲ့ နံပါတ်တစ်အလှမယ် မဟုတ်ပေမယ့် မင်းရဲ့ အရည်အချင်းကလည်း မဆိုးပါဘူး။ မင်းရဲ့ အပျိုစင်သွေးက အရသာကောင်းမယ်ဆိုတာ ငါ သေချာသိတယ်။" အဖြူရောင်ဝတ်လူငယ်၏ နှုတ်ခမ်းထောင့်များက ဆိုးညစ်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားသည် ။
"ကော့ဖန်း၊ နင်က သေခြင်းတရားကို တောင်းခံနေတာပဲ။ နင် ငါ့ကို ဒီလိုမျိုး လုပ်ရဲရင်၊ စီနီယာအစ်ကို နိုင်းယွန်က နင့်ကို ခွင့်လွှတ်မှာ မဟုတ်ဘူး" အဖြူရောင်ဝတ် လူငယ်၏ စကားကို ကြားသောအခါ ယွန်လင်းသည် ချက်ချင်းပင် စိတ်လှုပ်ရှားစွာ အော်ဟစ် လိုက်သည်။
"ဟမ့်၊ နိုင်းယွန်လား..? ငါ အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းကြောကို ရှာတွေ့ပြီး လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်ကို ဖြတ်ကျော်သွားတာနဲ့၊ သူက ငါကို ဘာလုပ်နိုင်မှာလဲ?။ တကယ်လို့၊ သူ ရောက်လာခဲ့ရင်၊ ငါ သူ့ကို ဘယ်တော့မှ ပြန်မသွားနိုင်အောင် သေချာလုပ်ပေးမယ်" အဖြူရောင်ဝတ်လူငယ်က လှောင်ပြောင် ပြောလိုက်သည်။
"ကော့ဖုန်း၊ နင်က အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းကြောရဲ့ လမ်းကြောင်းပြ မြေပုံကို တိတ်တဆိတ် ခိုးယူခဲ့တာ။ တကယ်လို့၊ ဂိုဏ်းကသာ သိသွားခဲ့ရင် နင့်ကို သေချာပေါက် သတ်ပစ်လိမ့်မယ်။" ယွန်လင်းက အေးစက်စွာ ပြောသည်။
အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းကြော၏ ထိုမြေပုံကို သူမတို့ အင်မော်တယ် တာအိုဂိုဏ်း ပညာရှင်တွေက မတော်တဆ ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရန်ကလန်၏ နယ်မြေအတွင်းမှာ ကြီးမားသော အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းကြောကြီး တစ်ခု တည်ရှိနေသည်။
သို့သော်၊ အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းကြော၏ မြေပုံသည် မပြည့်စုံသေးပါ။ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောသည် ရန်ကလန်၏ နယ်မြေတွင် တည်ရှိ ကြောင်း သိနိုင်သော်လည်း ၎င်း၏ တည်နေရာ အတိအကျကို သိရှိရန်မှာ မဖြစ်နိုင်ပေ။ ထို့အပြင် ရန်ကလန်၏ နယ်မြေသည် ကြီးမားကျယ်ပြန့်လွန်းသည်။ သူမတို့ ဂိုဏ်းမှ ကျွမ်းကျင်ပညာရှင်များသည် တစ်ချိန်က ၎င်းကိုရှာဖွေရန် လူအများပြားကို လျှို့ဝှက်စေလွှတ်ခဲ့သော်လည်း ၎င်းတို့အနက်မှ တစ်ဦးတစ်ယောက်မျှ မတွေ့ခဲ့ရပေ။
ထို့ကြောင့် ဂိုဏ်းသည် ဤကိစ္စကို စွန့်လွှတ်လိုက်သည်။ ကော့ဖုန်းသည် သူမတို့ အင်မော်တယ်တာအိုဂိုဏ်းထဲကို ခိုးဝင်ပြီး မြေပုံကို ခိုးယူမည်ဟု မည်သူက ထင်ထားမည်နည်း?။
ယခုတစ်ကြိမ်မှာ၊ သူတို့သည် ကော့ဖုန်းကို ရှာဖွေပြီး၊ သူ၏လက်ထဲမှာရှိနေသည့် အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းကြော၏ မြေပုံကို ပြန်လည်ယူဆောင်ရန် အဆိပ်နဂါးတောင်ကြားသို့ ရောက်လာခြင်း ဖြစ်သည်။ သို့သော်၊ ယွန်လင်းနှင့် အခြားသူများ မမျှော်လင့်ထားသည့် အရာမှာ ကော့ဖုန်းသည် ၎င်း၏ ကျင့်ကြံမှုအဆင့် ကို အမှန်တကယ် ဖုံးကွယ်ထားပြီး၊ သူတို့သည် ကော့ဖုန်းအား သတိမထားမိခြင်းပင် ဖြစ်သည်။ အဲဒါကြောင့် ယခုလို မြင်ကွင်းမျိုး ဖြစ်ပေါ်လာရခြင်း ဖြစ်သည်။
"အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းကြောရဲ့ မြေပုံလား”? ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် အံ့သြသော အမူအရာဖြင့် အဝေးမှာ ရပ်နေလေ၏။ ရန်ကလန်၏ လက်အောက်မှာ ကြီးမားသည့် အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းကြောကြီး အမှန်တကယ် ရှိနိုင်မည်လား?။
ချင်ယွင်သည် ဤအကြောင်းကို ပိုတွေးလေလေ၊ ဖြစ်နိုင်ချေရှိသည်ကို ပိုမိုခံစားရလေ ဖြစ်သည်။ ယခင်က၊ ချန်ကူသည် အင်မော်တယ် ကျောက်စိမ်းမိုင်းတွင်းအတွက် အမာခံ ခံတပ်စခန်းတစ်ခုကို တည်ဆောက်ခဲ့ပြီး၊ ထိုအင်မော်တယ် ကျောက်စိမ်း မိုင်းတွင်း သည် ဖန်းလျှန်တောင်အနီးတွင် တည်ရှိနိုင်ဖွယ် ရှိသည်။
"တာအိုရောင်းရင်း အဆိပ်နဂါးကို ငါရှာတွေ့ပြီးရင် ဖန်းလျှန်တောင်ကို ထပ်သွားရ မယ်။" ချင်ယွင်သည် ဖန်းလျှန်တောင်တွင် အမှန်တကယ် အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကြီး တည်ရှိနေပါက၊ ၎င်းသည် သူ့အတွက် ကြီးကျယ်ခမ်းနားသော အရာဖြစ်လိမ့်မည်ဟု တွေးထင်မိသည်။
သူသည် ကြီးမားသော ဝိညာဉ်စုစည်းခြင်း အစီအရင်ဝင်္ကပါကို တည်ဆောက်ပြီး၊ သူ၏ ကျင့်ကြံမူအဆင့်ကို အစစ်အမှန် အင်မော်တယ် နယ်ပယ် နှောင်းပိုင်း အဆင့်မှ အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့်သို့ သို့မဟုတ် အစောပိုင်း နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်သို့ အချိန်တိုအတွင်း ဖြတ်ကျော် ဝင်ရောက်နိုင်ရန် ဤအင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြောကြီးကို အသုံးပြုနိုင် သည်။
"ငါ့ ဂျူနီယာညီမကို မြန်မြန်လွှတ်ပေးလိုက်စမ်း..”။
သို့သော် ထိုအချိန်တွင် ကျယ်လောင်သော ဟိန်းဟောက်သံက ရုတ်တရက် ထွက်ပေါ်လာသည်။
အဝေးမှ မြေပြင်ပေါ်တွင် လဲကျနေသော ချန်လျှန်သည် မသိလိုက်သည့် အချိန်အတွင်း မှာ မတ်တပ် ထရပ်နေသည်။ သူသည် သူ၏လက်ထဲတွင် ဧရာမတူကြီးကို မြှောက်ကာ ကော့ဖုန်းကို အပြင်းအထန် ရိုက်လိုက်သည်။ ဧရာမတူကြီးတွင် ပြင်းထန်သော မြေစွမ်းရည် စွမ်းအင်အတက်အကျလှိုင်းများ ပါရှိနေသည်။
"မင်းက ကိုယ့်ကိုကိုယ် အထင်ကြီးနေတာပဲ။ မင်းက သေခြင်းတရားကို တောင့်ခံနေတာပဲ”။ ကော့ဖုန်းသည် ချန်လျှန်၏ တူကြီးကို ကြည့်ရင်း အေးစက်စွာ အော်ပြောလိုက်သည်။ သူသည် ဓားကိုတောင် မထုတ်ဘဲ သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည်။
ရေမှဖြစ်တည်လာသော ရှည်လျားသော မြွေတစ်ကောင်သည် ရုတ်တရက် ပျံထွက်သွားပြီး ချန်လျှန်ကို တင်းကျပ်စွာ ရစ်ပတ်လိုက်သည်။
ချန်လျှန်၏ တိုက်ခိုက်မှုလည်း ချက်ချင်း ရပ်တန့်လိုက်ရသည်။ ဧရာမ သံတူကြီးတောင် မြေပြင်ပေါ်သို့ ပြုတ်ကျသွားသည်။ သူ၏လက်တွေ၊ ခြေထောက်တွေနှင့် လည်ပင်းကို ပင် ရေမြွေကြီးက ချည်နှောင်ထားသည်။ သူ မည်မျှပင် ရုန်းကန်နေရပါစေ လွတ်မြောက်အောင် မစွမ်းဆောင်နိုင်ခဲ့ပေ။
"ဟမ့်၊ မင်းတစ်ယောက်တည်းနဲ့များ ငါ့ကိုသတ်ချင်နေတယ်” ကော့ဖုန်းက ရယ်မော လိုက်ပြီး ရေမှ ဖြစ်တည်လာသော ကြာပွတ်သည် သူ၏လက်ဖဝါးပေါ်တွင် ပေါ်လာပြီး ချန်လျှန်၏ ပါးပြင်ကို တိုက်ရိုက် ရိုက်လိုက်လေသည်။
ကြာပွတ်သည် ချန်လျှန်၏ ပါးပြင်နှစ်ဖက်ကို ဓားသွားများကဲ့သို့ ချက်ချင်းပင် ခွဲသွားခဲ့ သည်။ သူ၏အသွေးအသားတွေက ဖွှာလန်သွားပြီး၊ ထူထပ်သော အဖြူရောင်အရိုးများ ပင် ပေါ်လွင်နေသည်.
"ကော့ဖုန်း၊ ငါ့ ဂျူနီယာညီမလေးကို လွှတ်ပေးလိုက်ပါ။ မင်း ငါ့ကို သတ်လို့ရတယ်" ချန်လျှန်က ဒေါသတကြီး ဟိန်းဟောက်လိုက်ပြီး သူ၏မျက်လုံးတွေက ပြင်းပြသည့် စိတ်ဓာတ်ခိုင်မာမှု အပြည့် ရှိနေပါသည်။
"ဟမ့်၊ မင်း အခု ငါနဲ့ ညှိနှိုင်းဖို့ အရည်အချင်း ပြည့်မှီသေးတယ်လို့ ထင်နေသေးတာ လား? မင်းအသက်က ငါ့လက်ထဲ ရောက်နေပြီ။ ငါ မင်းကို သတ်ပစ်ရုံတင် မကဘူး၊ မင်းကြိုက်နေတဲ့ ဂျူနီယာညီမယွန်နဲ့ ငါ ဘယ်လိုကစားရမလဲဆိုတာပါ မင်းကို ကြည့်ခွင့်ပေးမယ်။ " ကော့ဖုန်းက ရယ်မောလိုက်သည်။
"ကော့ဖုန်း၊ မင်း ဂျူနီယာညီမ ယွန်လင်းရဲ့ မျက်နှာပေါ်က ဆံပင်တစ်ချောင်းကိုတောင် မင်းလက်နဲ့ ထိဝံ့ရင် ကြောက်စရာကောင်းတဲ့ သေခြင်းတရားနဲ့ သေဆုံးရအောင် ငါ သေချာပေါက် လုပ်ပေးမယ်။" ချန်လျှန်သည် ပြင်းထန်သော ဒေါသဖြင့် သူ၏ အဆုတ် ပေါက်ကွဲမတတ် အော်ဟစ်လိုက်သည်။
"မင်းက ငါ့ကို ကြောက်စရာကောင်းတဲ့ သေခြင်းမျိုးနဲ့ သေစေချင်တာလား။ ဒီလိုဆိုမှ တော့၊ ရှင်သန်နိုင်စွမ်း မရှိခြင်းရဲ့ အဓိပ္ပာယ်ကို ငါပြောပြမယ်" ကော့ဖုန်း၏ မျက်လုံးများ သည် ချက်ချင်းပင် ပြင်းထန်သော အေးစက်သည့်အမူအရာ ပေါ်လွင်လာသည်။
ထို့နောက်တွင်၊ ကော့ဖုန်းသည် သူ၏လက်ဖဝါးကို ဆုပ်လိုက်ပြီးနောက်၊ ချန်လျှန်၏ ခန္ဓာကိုယ်တွင် ရစ်ပတ်နေသော ရေမြွေသည် အရူးအမူးဖြစ်ကာ ကျုံ့သွားလေသည်။
"အား…..."
ချန်လျှန်သည် နှလုံးညစ်ခံရသည့်အလား ချက်ချင်း အော်ဟစ်လိုက်သည်။ ရေမြွေကြောင့် သူ၏ခန္ဓာကိုယ်သည် ကြေမွသွားကာ အရိုးများစွာ ကျိုးသွားခဲ့သည်။
"ဘယ်လိုလဲ၊ ဒီရေမြွေ ရစ်ပတ်ခံရတဲ့အရသာက ခံစားလို့ မကောင်းဘူးလားဟင်။ မင်း စိတ်ပါလက်ပါ အသနားခံတာနဲ့ ငါလွှတ်ပေးမယ်။" ကော့ဖုန်းက ရယ်မောလိုက်သည်။
"ဟင့်၊ မင်း အိပ်မက် မက်နေတာပဲ” သို့သော် ချန်လျှန်က မောက်မာစွာ ပြောသည်။
"ဒါဆိုလည်း သွားသေလိုက်တော့..” ကော့ဖုန်းက ကျယ်လောင်စွာ အော်လိုက်သည်။ ထို့နောက်၊ ရေမြွေကို ရစ်ပတ်စေပြီး ချန်လျှန်၏ခန္ဓာကိုယ်ကို လုံးလုံး ချေမှုန်းပစ်ချင် သည်။
ဘန်း…။
သို့သော် ထိုအချိန်တွင် ငွေရောင်အလင်းတန်းတစ်ခု လင်းလက်လာပြီး ချန်လျှန်၏ ခန္ဓာကိုယ်ကို ပတ်ရစ်နေသော ရေမြွေသည် ကော့ဖုန်း၏ အံ့အားသင့်မူ အောက်တွင် ကြေမွသွားသည်။
"မင်းပါလား..” ထိုမြင်ကွင်းကို မြင်တော့ ကော့ဖုန်း၏ မျက်လုံးတွေက ချက်ချင်း အေးစက်သွားခဲ့သည်။