အခန်း ၇၆၉
Vol. 52 Ch. 769
အခန်း (၇၆၉) လျှို့ဝှက်ဆန်းကြယ်သော သားရဲအရေပြားမြေပုံ။
ချင်ယွင်သည် သူ၏လက်ထဲတွင် လွင့်မျောနေသော နောက်ဆုံး စိတ်ဝိညာဉ်အမျှင်တန်း ကို ကြည့်ပြီး သူ၏ပါးစပ်ထောင့်တွင် သရော်ဟန်က မထင်မရှား ရှိနေလေသည်။
ကောင်းကင်နတ်ဘုရားစွမ်းအားသည် ကြောက်မက်ဖွယ် ကောင်းလှသည်။ ကော့ဖုန်း ကဲ့သို့ မရိုးရှင်းသော ကျင့်ကြံသူတစ်ဦးသည်ပင် သူနီးကပ်လိုက်သည်နှင့် တပြိုင်နက် လက်တုံ့ပြန်ရန် အစွမ်းအစ မရှိတော့ပေ။
“အခုအချိန်မှာဆို အနက်ရောင်ဝတ် ဘုန်းကြီးတစ်ယောက် ဒေါသ အရမ်း ထွက်နေလိမ့်မယ်” ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။
နောက်ဆုံးအကြိမ်တုန်းက သူသည် အနက်ရောင်ဝတ် ဘုန်းကြီး၏ သနားစဖွယ် ဖြစ်သည်အထိ ရိုက်နှက်မူကို ခံစားခဲ့ရပြီး၊ ယခု အနက်ရောင်ဝတ် ဘုန်းကြီး၏ ကိုယ်ပွား ကို သတ်ဖြတ်နိုင်ခြင်းက စိတ်အားတက်ကြွမူကို ပြန်လည်ရရှိခဲ့သည်ဟု ယူဆနိုင်သည်။ သူသည် အနက်ရောင်ဝတ်ရုံဘုန်းကြီးကို နောက်တစ်ကြိမ် ပြန်တွေ့ရသောအခါ၊ ချင်ယွင်သည် သူ့ကို အတိုးရောအရင်းပါ နှစ်မျိုးလုံး သေချာပေါက် ပြောဆိုနိုင်လိမ့်မည်။
ချင်ယွင်သည် သူ၏စိတ်ခံစားချက်များကို တည်ငြိမ်စေလိုက်ပြီး ကော့ဖုန်း အလောင်း၏ လက်ချောင်းကို ကြည့်လိုက်သည်။ ယခုအချိန်မှာ သူ သေဆုံးသွားပြီ ဖြစ်သည့်အတွက် သူ၏ သိုလှောင်လက်စွပ်လည်း ပေါ်လာခဲ့ပါသည်။
ယွန်လင်းနှင့် ကော့ဖုန်းတို့ အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြော၏ မြေပုံ အကြောင်း ယခင်က အပြန်အလှန် ပြောဆိုခဲ့ဖူးသည်ကို ချင်ယွင်သည် သတိရမိသည်။ အကယ်၍၊ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက၊ ဤ အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြော၏ မြေပုံသည် ကော့ဖုန်း၏ သိုလှောင်လက်စွပ်ထဲတွင် ဖြစ်သင့်သည်။
ချင်ယွင်သည် သိုလှောင်လက်စွပ်ကို သူ၏ အင်မော်တယ်စိတ်အာရုံနှင့် စူးစမ်းရန် ရည်ရွယ်ချက်ဖြင့် သိုလှောင်လက်စွပ်၏အမှတ်သားကို ဖယ်ရှားရန် သူ၏လက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်သည်။
သို့သော်၊ ချင်ယွင်သည် သူ၏ အင်မော်တယ်စိတ်အာရုံကို မမြင်နိုင်သော စွမ်းအားဖြင့် ပိတ်ဆို့ထားသည်ကို တွေ့ရှိခဲ့ရသည်။ ထင်ရှားသည်မှာ၊ ဤသိုလှောင်လက်စွပ်သည် ပိုင်ရှင်မဲ့ အရာဝတ္ထု မဟုတ်သေးပေ။
"မင်းက ငါ့ကို ဒီလိုတားနိုင်မယ်လို့ ထင်နေလား?" ချင်ယွင်က ရယ်မောလိုက်သည်။
သူသည် သိုလှောင်လက်စွပ်မှ အင်မော်တယ်စိတ်အာရုံ အမှတ်အသားကို ဖျက်ဆီးရန် အစိမ်းရောင်ကြာပန်းစည်းတံဆိပ် လေဟာနယ်အတွင်းရှိ ရှေးဟောင်းတာအိုဆရာ သခင်၏ စိတ်ဝိညာဉ်စွမ်းအားကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ဘန်း…။
ချင်ယွင်၏ အင်မော်တယ်စိတ်အာရုံသည် သိုလှောင်လက်စွပ်၏ နေရာထဲသို့ ချောမွေ့စွာ စိမ့်ဝင်သွားသည်။
တစ်ချိန်တည်းမှာပင် ချင်ယွင်နှင့် ကီလိုမီတာတစ်သောင်းအကွာတွင် ရှိနေသော အနက်ရောင်ဝတ်ဘုန်းကြီးသည် သွေးတစ်လုတ်ကို အန်ထုတ်ရပြီး၊ သူ၏မျက်လုံးများ တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် လင်းလက်သွားသည်။
"အင်း၊ ဒီကော့ဖုန်းက တော်တော်ချမ်းသာတယ်။" ချင်ယွင်သည် သိုလှောင်လက်စွပ် ထဲတွင် တောင်ငယ်တစ်ခုလို ပုံထားသည့် အင်မော်တယ် ကျောက်စိမ်းများကို ကြည့်လိုက်ရင်း သူ၏မျက်လုံးများက အံ့သြမှုအပြည့် ရှိနေသည်။
ဤကော့ဖုန်း၏ သိုလှောင်လက်စွပ်ထဲတွင် အဆင့်မြင့်အဆင့် အင်မော်တယ် ကျောက်စိမ်း စုစုပေါင်း သန်း ၅၀ ပါရှိသည်။ ဤသည်မှာ နဲနက်သိမ်မွေ့ခြင်း အင်မော်တယ် ကျင့်ကြံသူတစ်ဦးအတွက် ကြီးမားသော ကံကြမ္မာတစ်ခုဟု ယူဆထားပြီး ဖြစ်သည်။
ဘန်း…။
ချင်ယွင်၏ လက်ထဲတွင် ရှေးဟောင်းသားရဲအရေခွံတစ်ခု ပေါ်လာသည်။ သားရဲအရေခွံ သည် မည်သည့်အင်မော်တယ် သားရဲမျိုးစားဖြစ်သည်ကို သူမသိသော်လည်း အရမ်းကို ခိုင်ခန့်သည်။
ဤသားရဲအရေခွံသည် အပြည့်အစုံ မဟုတ်ပေ။ ပျက်စီးမှုများစွာ ရှိနေပါသည်။
ဤအရေခွံပေါ်တွင် အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြော၏မြေပုံ ဆိုသည့် စကားလုံးကို ရေးထားသည်။ အောက်တွင် တောင်တန်း၏မြေပုံနှင့် လမ်းပြမြေပုံအချို့ ဖြစ်သည်။
သို့သော်၊ ရန်ကလန်၏ သြဇာလွှမ်းမိုးမှုနယ်မြေသို့ ရောက်ရှိသောအခါ ဤလမ်းပြ မြေပုံသည် ပျက်ဆီးသွားခဲ့ပြီ။ တစ်စုံတစ်ယောက်မှ တမင်တကာ ထိုးခြစ်ဖျက်ဆီးထား သလိုပင်။ အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြော၏မြေပုံသည် ရန်ကလန်၏ သြဇာလွှမ်းမိုးမှု နယ်မြေအတွင်း၌သာ ရှိနေသည်ကို သိမြင်နိုင်ပါသည်။ သို့သော်လည်း၊ တည်နေရာ အတိအကျကိုတော့ မြေပုံကနေ မမြင်နိုင်တော့ပါဘူး။
ချင်ယွင်သည် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ ဤသားရဲအရေခွံမြေပုံသည် အသုံးဝင်သော မည်သည့်အချက်အလက်ကိုမျှ လုံးဝ မဖတ်နိုင်ပါ။ သူသိလိုသည်များ ရှိနေသေးသည်။
"အင်း၊ ကြည့်ရတာ ဒီအင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြော မိုင်းအတွင်း အကြောင်းကို သိချင်ရင် ဖန်လျှန်တောင်ကို ငါကိုယ်တိုင် သွားကြည့်ရတော့မယ်" ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
သူသည် ကနဦးစကြဝဠာကို ပိုင်ဆိုင်ထားပြီး၊ ၎င်းကို ကျင့်ကြံရာမှာ အသုံးချနိုင်သော် လည်း ချင်ယွင်သည် ထိုသို့မလုပ်ဆောင်လိုပေ။
သူ၏ တံခါးပိတ်ကျင့်ကြံမူ နှစ်ခုဖြင့် ကနဦးစကြာဝဠာသည် အမှန်တကယ် ပျက်စီး ယိုယွင်းမည့် လက္ခဏာများ ပြသလာသည်ကို သူ တွေ့ရှိခဲ့သည်။
အနာဂတ်တွင်၊ ချင်ယွင်၏ ဒန်တန်အတွင်းရှိ အနန္တဒြဗ်စင်များအတွက် စွမ်းအင်များ ပိုမိုလိုအပ်လာမည် ဖြစ်သည်။ နောက်ဆုံးတွင်တော့၊ ကနဦးစကြဝဠာသည် ၎င်း၏ ကနဦးအခြေအနေတွင်သာ ရှိနေခဲ့ပါသည်။ အရာအားလုံး ပုံသဏ္ဍန် မပြောင်းသေးပါ ဘူး။ ၎င်းသည် မွေးကင်းစ သန္ဓေသားကဲ့သို့ ဖြစ်နေပြီး အလွန် နုနယ်သေး၏။
ထို့အပြင်၊ မိုးပြာဧကရာဇ်၏ခန္ဓာယ်ကို ပျက်ဆီးသွားပြီးနောက်တွင်၊ သူ၏ကနဦး စကြာဝဠာသည် ရပ်တန့်သွားခဲ့သည်။ ထိုကနဦးစကြဝဠာ တစ်ဖန် ပြန်လည် ဖွံ့ဖြိုးလာ စေရန်အတွက် ပြင်ပကမ္ဘာ၏ စွမ်းအားကို ဆက်လက်စုပ်ယူနေရမည် ဖြစ်ပါသည်။
အကယ်၍၊ ချင်ယွင်သည် ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်များကို အရူးအမူး ဆက်လက် စုပ်ယူနေပါက၊ ရှေးဟောင်း ဖရိုဖရဲ စွမ်းအင်သည် ကနဦးစကြာဝဠာအပေါ် သေချာပေါက် သက်ရောက်မှုရှိမည် ဖြစ်သည်။
အကယ်၍၊ သူသည် သူ၏ လက်ရှိစွမ်းအားဖြင့် ကနဦးစကြဝဠာကို နောက်တကြိမ် ဖွဲ့ဖြိုးတိုးတက်ပြီး အသွင်ပြောင်းလိုရှိပါက၊ သူသည် ထိုသို့မလုပ်ဆောင်မီ အင်မော်တယ်ဘုရင်နယ်ပယ်သို့ ရောက်ရှိနေမှ ဖြစ်နိုင်ပါမည်။
ခရမ်းရောင်ဧကရာဇ်၏ ကနဦးစကြာဝဠာအတွင်းရှိ ဖရိုဖရဲစွမ်းအင်ကို စုပ်ယူမှုကပင် ကနဦးစကြာဝဠာအပေါ် သက်ရောက်မှုအချို့ ရှိနေပြီ ဖြစ်ပါသည်။ သို့သော်လည်း သက်ရောက်မှုက ကြီးကြီးမားမား မဟုတ်သလို လက်ရှိအနေအထားကိုလည်း ဆက်လက် ထိန်းသိမ်းထားနိုင်ဆဲ ဖြစ်သည်။ သို့သော် ချင်ယွင်သည် ကနဦးစကြဝဠာ အတွင်းရှိ စွမ်းအင်ကို မစုပ်ယူနိုင်တော့ပေ။
ထို့ကြောင့်၊ ဤအင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြော၏ မြေပုံသည် ချင်ယွင် အတွက် အကောင်းဆုံးရွေးချယ်မှု ဖြစ်သည်။ အကယ်၍၊ သူသာ ထိပ်တန်းအဆင့် အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြောကို တွေ့ကြုံရလောက်အောင် ကံကောင်းခဲ့ ပါက၊ ချင်ယွင်သည် သတ္တုရိုင်းကြောအတွင်းရှိ အင်မော်တယ်စွမ်းအင်ကို အသုံးပြု၍ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်သို့ တစ်ရှိန်ထိုး ဖြတ်ကျော်သွားနိုင်သည်။
"အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြောရဲ့မြေပုံကို လွှဲပြောင်းပေးလိုက်ပါ။ ဒါက ငါတို့ အင်မော်တယ်တာအိုဂိုဏ်းက ပိုင်ဆိုင်တဲ့အရာပဲ" သို့သော် ထိုအခိုက်အတန့်တွင် အေးစက်သော အသံက ချင်ယွင်၏အတွေးများကို ရုတ်တရက် အနှောင့်အယှက်ပေး လာသည်။
ချင်ယွင်သည် အသံထွက်လာသည့် ဘက်ကို လှည့်ကြည့်လိုက်သည်။ အသံထွက် ပြောလာသူသည် ယွန်လင်းမှလွဲ၍ အခြားသူ မဟုတ်ပေ။
ထိုအချိန်တွင် ယွန်လင်းသည် ပုံမှန်အခြေအနေသို့ ပြန်လည်ရောက်ရှိသွားခဲ့ပြီ။ သူမ၏ ဒဏ်ရာက ပြင်းထန်ခြင်းမရှိဘဲ၊ သူမ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော အဆိပ် အတားအဆီးတချို့ဖြင့် တိုက်ခိုက်ခံခဲ့ရခြင်းသာ ဖြစ်သည်။ ထို့အပြင် ချန်လျှန်သည် သူမအား အဆိပ်ဖြေဆေးကို မိုက်မဲစွာ ပေးခဲ့သည်။
ထိုအဆိပ်ဖြေဆေးကို စားသုံးပြီးနောက်၊ သူမသည် လုံးဝ ပြန်လည် ကောင်းမွန် လာခဲ့သည်။ ဤအခိုက်အတန့်တွင် သူမသည် ကိုးချောင်းဆက်ကြာပွတ်ကို ကိုင်ထားပြီး ချင်ယွင်၏ လက်တွင်ရှိသော သားရဲအရေခွံမြေပုံကို စိုက်ကြည့်နေသည်။
ချင်ယွင်သည် ယွန်လင်းကို ကြည့်ရင်း မျက်မှောင်ကြုတ်လိုက်သည်။ ထို့နောက် သူသည် ဖြူဖျော့သော မျက်နှာဖြင့် မြေပြင်ပေါ်တွင် လဲလျောင်းနေသော ချန်လျှန်ကို ကြည့်လိုက်ပြီး၊ သူ၏ဒေါသက ထိန်းမနိုင်သိမ်းမရ ဖြစ်လာသည်။ ချက်ချင်းပင် သူ၏မျက်လုံးထဲတွင် အေးစက်သော အရိပ်တစ်ခု ပေါ်လာသည်။
ဤယွန်လင်းသည် ချန်လျှန်၏ သေခြင်းရှင်ခြင်းကို လုံးဝ လျစ်လျူရှုထားပြီး၊ အမှန်တကယ်ပင် သူမ၏ကယ်တင်ရှင်ကို ခြိမ်းခြောက်ရန် ရောက်လာခဲ့သည်။ ယင်းကြောင့် ချင်ယွင်သည် ယွန်လင်းကို ပြင်းပြင်းထန်ထန် ရွံရှာသွားစေသည်။
"မလွှဲပေးရင် ဘာဖြစ်မလဲ?" ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။ မူလက သူသည် အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြော၏မြေပုံကို ကြည့်ပြီးနောက် ချန်လျှန်နှင့် အခြားသူများထံ ပြန်ပေးရန်ရည်ရွယ်ထားသော်လည်း၊ ယခုအခါ ယွန်လင်း၏ လေသံက သူ့ကို အလွန် စိတ်မချမ်းသာစေခဲ့ပေ။
"မင်း မလွှဲပေးချင်လည်း လွှဲပေးရမှာပဲ။ ငါက စီနီယာအစ်ကိုကြီး နိုင်းယွန်ဆီကို သတင်းပို့ထားပြီးပြီ။ သူက မကြာခင် ဒီနေရာကို ရောက်လာလိမ့်မယ်။ မင်းက ငါတို့ကို ကယ်တင်ပေးခဲ့ပေမဲ့၊ အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြောရဲ့မြေပုံက ငါတို့ အင်မော်တယ်တာအိုဂိုဏ်းက ပိုင်ဆိုင်တဲ့အရာပဲ။ တကယ်လို့ မင်းအနေနဲ့ ဒီနေ့ ဒီနေမှာ မထားခဲ့ဘူးဆိုရင်၊ မင်း ဒီအဆိပ်နဂါးတောင်ကြားကနေ ထွက်သွားနိုင်မှာ မဟုတ်တော့ ဘူး”။ ယွန်လင်းက အေးစက်စွာ ပြောသည်။
"ဘယ်လောက်တောင် တော်လိုက်တဲ့လူလဲ။ မင်း ငါ့ကို ဘယ်လိုတားနိုင်မလဲဆိုတာ ငါ မြင်ချင်မိတယ်။ ငါ မင်းကို ပြောပါရစေ။ ငါ ဒီနေ့ အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်း ကြောရဲ့မြေပုံကို ယူသွားရမယ်။" ချင်ယွင်က ချက်ချင်းပင် လှောင်ပြောင်ဟန်ဖြင့် ကျယ်လောင်စွာ ပြောလိုက်သည်။ သူစကားပြောပြီးသည်နှင့်၊ သူသည် သားရဲအရေခွံ မြေပုံကို သူ၏သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်လေသည်။
ထို့နောက် ချင်ယွင်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒ ထွက်ပေါ်လာပြီး သူ၏ အေးစက်သော မျက်လုံးတစ်စုံက ယွန်လင်းကို ကြည့်လိုက် သည်။
သူသည် မိန်းမများကို သတ်ဖြတ်ရခြင်းကို မကြိုက်သော်လည်း ယွန်လင်းသည် သူ့ကို အလွန် စက်ဆုပ်ရွှံရှာသွားစေသည်။ ထို့အပြင် သူမကို မသတ်ခြင်းက ပြဿနာ များစွာကို ဆွဲဆောင်နေပုံရသည်။
ချင်ယွင်၏ သတ်ဖြတ်လိုသောဆန္ဒကို မြင်လိုက်ရလျှင်၊ ယွန်လင်းသည် သူမ၏ ကိုးချောင်းဆက်ကြာပွတ်ကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်ပြီး ချင်ယွင်ကို သတိကြီးစွာထားကာ စိုက်ကြည့်နေသည်။
ကော့ဖုန်းကို ချင်ယွင် သတ်လိုက်သည့် မြင်ကွင်းကို သူမကိုယ်တိုင် မျက်မြင်တွေ့ခဲ့ရပြီး သူမ၏ နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ရှိနေသေးသည်။ ထို့ကြောင့်၊ ချင်ယွင်၏ သတ်ဖြတ်လိုသောဆန္ဒကို သူမ မြင်လိုက်ရသောအခါတွင် သူမသည် နောင်တရစ ပြုလာသည်။
အစ်ကိုလင်း… အစ်ကို လင်းယွင် မှန်ပါတယ်… ငါ တောင်းပန်ပါတယ်။ ဂျူနီယာ ညီမယွန်က အဲဒီလိုဆိုလိုတာ မဟုတ်ပါဘူး။ ကျေးဇူးပြုပြီး သူမကို မသတ်ပါနဲ့။ “ ချင်ယွင်၏ သတ်ဖြတ်လိုသည့်ဆန္ဒကို မြင်သောအခါ ချန်လျှန်သည် ယွန်လင်းအတွက် အလျင်အမြန် ရှင်းပြလိုက်သော်လည်း၊ သူ၏အသံ အလွန်မင်း အားနည်းနေပါသည်။
ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းခါလိုက်မိသည်။ ဤချန်လျှန်သည် ယွန်လင်းကို အမှန်တကယ် စွဲလန်းနေခဲ့သည်။ သို့သော် သူ၏ကြိုးစားမှုသည် အနည်းငယ်မျှပင် ဇွဲဆုမချနိုင်သည့်အဖြစ်က သနားစရာပင်။ ယွန်လင်း၏ အမူအရာတွေမှတဆင့် ဤအရာကို မြင်နိုင်ပါသည်။
"ဒီနေ့ မင်းကို ချန်လျှန်ကြောင့် ငါ ချမ်းသာပေးလိုက်မယ်။ တကယ်လို့၊ မင်း ငါ့ကို ထပ်ပြီး ရန်စဝံ့ရင် ငါ မင်းကို သတ်ပစ်မယ်" ချင်ယွင်က အေးစက်စွာ အော်ဟစ်လိုက်ပြီး ခေါင်းပင်လှည့်မကြည့်တော့ဘဲ အဆိပ်နဂါးတောင်ကြား၏ နက်ရှိုင်းသော အရပ်ဆီသို့ ပြေးသွားရင်း သူတို့နှစ်ဦးကို လျစ်လျူရှုထားခဲ့လေသည်။
ယွန်လင်းသည် ချင်ယွင် ထွက်ခွာသွားသည်ကို မြင်သောအခါတွင် သူမသည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်လေသည်။ သို့သော် လျင်မြန်စွာ ပင် သူမ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်တစ်ခု ပေါ်လာသည်။
ချန်လျှန်သည် ကျောက်တုံးကို မှီပြီး ခေါင်းကို ခိုကိုးရာမဲ့ ခါယမ်းလိုက်မိပါသည်။