← Chapters

အခန်း ၇၇၁

Vol. 52 Ch. 771

အခန်း ၇၇၁

Vol. 52 Ch. 771

အခန်း (၇၇၁) စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာ။

ချင်ယွင်သည် အင်မော်တယ်အဆိပ်နဂါး၏ စိတ်အားထက်သန်နေမှုကို မခံနိုင်တော့ ချေ။ ထို့ကြောင့် သူ့ကိုကုသဖို့ တိုက်ရိုက် စတင်လိုက်သည်။

ဟုတ်ပါသည်၊ ချင်ယွင်သည်လည်း စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာ အကြောင်းကို ကြားဖူးပါသည်။

ဤသည်မှာ အလွန်ဆိုးရွားသော လျှို့ဝှက်ပညာတစ်ခု သို့မဟုတ် အဆိပ်ပညာရပ် တစ်ခု ဖြစ်ပါသည်။ ဤနည်းစနစ်သည် ရန်သူ၏ခန္ဓာကိုယ်အတွင်းသို့ စိတ်ဝိညာဉ် သတ်ဖြတ်ခြင်းကြိုးများကို ထိုးဖောက်ဝင်ရောက်စေ၍၊ တိုက်ခိုက်ရာမှာ အသုံးပြုသည့် စိတ်ဝိညာဉ်တိုက်ခိုက်မှု နည်းလမ်းတစ်ခု ဖြစ်ပါသည်။

စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်း ကျိန်စာသည် လူတစ်ဦး၏ ခန္ဓာကိုယ်ထဲသို့ ရောက်ရှိလာသည်နှင့် တစ်ပြိုင်နက် ၎င်းသည် ထိုလူ၏ နီဝမ်နန်းတော်အတွင်းသို့ လျင်မြန်စွာ စိမ့်ဝင်သွားမည် ဖြစ်သည်။ ထို့နောက်၊ ထိုလူ၏ ခွဲထုတ်၍ မရနိုင်သော စိတ်ဝိညာဉ်အရင်းအမြစ်ကို ရှာဖွေမည် ဖြစ်ပါသည်။ ၎င်းသည် ထိုလူ၏ စိတ်ဝိညာဉ် အရင်းမြစ်ကို နည်းနည်းချင်း ဝါးမြိုသွားမည် ဖြစ်သည်။ ထိုလူ၏ စိတ်ဝိညာဉ် အရင်းမြစ်ကို လုံး၀ ဝါးမျိုသွားသည်နှင့် ထိုလူလည်း သေဆုံးသွားပါလိမ့်မည်။

ဤစိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာသည် အင်မော်တယ်ကမ္ဘာတွင် အသုံးပြု ခဲလှသည့် အလွန် ရက်စက်ကြမ်းကြုတ်သော စိတ်ဝိညာဉ် တိုက်ခိုက်ရေး နည်းစနစ် တစ်ခုဟု ဆိုနိုင်ပါသည်။

ဟုတ်ပါသည်။ အခြားလူများသည် စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာကို ပယ်ဖျက်နိုင်မှာ မဟုတ်သော်လည်း ချင်ယွင်သည် ဖရိုဖရဲအစိမ်းရောင်ကြာပန်း စည်းတံဆိပ်ကို ပိုင်ဆိုင်ထားသောကြောင့် ချင်ယွင်ကတော့ လုပ်နိုင်မှာပါ။

ဖရိုဖရဲ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် အစွမ်းထက်ဆုံး စိတ်ဝိညာဉ် အမျိုးအစား ဖရိုဖရဲ ရတနာတစ်ခု ဖြစ်ပါသည်။ ၎င်းတွင် အစွမ်းထက်သော စိတ်ဝိညာဉ် ကာကွယ်ရေးနှင့် စိတ်ဝိညာဉ်ကို ကုသနိုင်သော စွမ်းရည်များ ရှိပါသည်။ သဘာဝအားဖြင့်၊ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်သည် စိတ်ဝိညာဉ် သတ်ဖြတ် ရစ်ပတ်ခြင်းကျိန်စာကဲ့သို့သော စိတ်ဝိညာဉ်အမျိုးအစား တိုက်ခိုက်မှုများကို ပျက်ပြယ် စေနိုင်ပါသည်။

ချင်ယွင် နှင့် အင်မော်တယ်အဆိပ်နဂါးတို့သည် မျက်နှာချင်းဆိုင် ထိုင်လိုက်ကြသည်။ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်ထဲရှိ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်၏ စွမ်းအားကို စုစည်းလိုက်ပြီး ချင်ယွင်၏ ရင်ဘတ်မှ တောက်ပသော အစိမ်းရောင်အလင်းတန်းတစ်ခု ချက်ချင်း ထွက်ပေါ်လာသည်။

ဘန်း…။

ချင်ယွင်သည် သူ၏လက်နှစ်ချောင်းကို ဆန့်ထုတ်လိုက်ပြီး အင်မော်တယ်အဆိပ်နဂါး၏ မျက်ခုံးနှစ်ဖက်ကြားကို ထိကပ်လိုက်သည် ။

အစိမ်းရောင်စွမ်းအင်တစ်ခုက ချင်ယွင်၏လက်ချောင်းများမှတဆင့် အင်မော်တယ် အဆိပ်နဂါး၏ နီဝမ်နန်းတော်ထဲသို့ လိုက်ပါသွားခဲ့သည်။

အင်မော်တယ်အဆိပ်နဂါး၏ မျက်ခုံးများကြားတွင် အစိမ်းရောင်လှိုင်းလုံးများ ပျံ့နှံ့သွား ပြီး အစိမ်းရောင်စွမ်းအ င်အတက်အကျလှိုင်းများသည် ရေကန်တစ်ခုလုံး ပြည့်သွား ခဲ့သည် ။

"ဖူး…” ထိုအခိုက်အတန့်တွင် အင်မော်တယ်အဆိပ်နဂါး၏ ခန္ဓာကိုယ်သည် တုန်လှုပ် သွားပြီး သူ၏ ပါးစပ်ထောင့်မှ သွေးစသွေးနများ ထွက်လာသည်။

"အယ်? ဒီစိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာက တကယ်ကို နက်ရှိုင်းစွာ နစ်မြုပ်ဝင်နေတာပဲ။" ချင်ယွင်လည်း လေးနက်သော အမူအရာကို ထုတ်ဖော်လာ သည်။

သူ၏လက်ချောင်းများသည် ချက်ချင်းပင် ကြက်ခြေခတ်ပုံစံ ပြောင်းသွားပြီး၊ မှော်တံဆိပ်များစွာကို ဖန်တီးလိုက်သည်။ ချက်ချင်းပင်၊ အင်မော်တယ် အသိစိတ်လှိုင်း တစ်ခုက ပျံနှံ့ထွက်လာခဲ့ပြီး အင်မော်တယ်အဆိပ်နဂါး၏ မျက်ခုံးနှစ်ခုကြားတွင် ခုနစ်ရောင်ခြယ် အင်မော်တယ် အလင်းတန်းတစ်ခုက ချက်ချင်း ပျံ့နှံ့သွားသည်။

အင်မော်တယ်အဆိပ်နဂါး၏ နီဝမ်နန်းတော်ထဲတွင် ခုနစ်ရောင်ခြယ် ရုပ်အသွင်ပြင် တစ်ခုက ပေါ်လာပါသည်။ ဤသည်မှာ ချင်ယွင်၏ အင်မော်တယ်စိတ်အာရုံဖြင့် ပေါင်းစပ်ထားသော စိတ်ဝိညာဉ်ကိုယ်ပွား ဖြစ်ပါသည်။

ချင်ယွင်၏ အင်မော်တယ်စိတ်ဝိညာဉ် ကိုယ်ပွားသည် အင်မော်တယ်အဆိပ်နဂါး၏ နီဝမ်နန်းတော်ထဲသို့ ဝင်ရောက်လာချိန်တွင် ခရမ်းရောင်အခိုးအငွေ့များဖြင့် ဝန်းရံထား သော ခရမ်းရောင်ပင်လယ်ထဲတွင် သူ ရောက်ရှိနေသည်ကို ခံစားလိုက်ရ သည်။

နီဝမ်နန်းတော်၏ အလယ်ဗဟိုတွင် ချင်ယွင်၏ ခန္ဓာကိုယ်အရွယ်အစားခန့်ရှိ ခရမ်းရောင် အလင်းလုံကြီးတစ်ခု ရှိသည်။ ခရမ်းရောင်အလင်းလုံး၏ အပေါ်တွင် စပျစ်နွယ်ပင်များနှင့်တူသော သွေးနီရောင်ချည်အလွှာ တစ်ခုရှိသည်။ ၎င်းသည် ခရမ်းရောင်အလင်းလုံးကြီးကို သွေးကြောများနှင့် ချည်နှောင်ထားသည့် သွေးကြောများ ကဲ့သို့ ထူထပ်စွာ ထုပ်ပိုးထားသည်။ တဖြည်းဖြည်းနှင့် ခရမ်းရောင်အလင်းလုံးကြီး၏ စွမ်းအားသည် ချက်ချင်း ပေါ်လာသည်။

နွယ်ပင်အချို့သည် ခရမ်းရောင်အလင်းလုံးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက် ဝင်ရောက် နေပြီဖြစ်ပြီး ၎င်းတို့သည် ခရမ်းရောင်အလင်းဘောလုံးကြီးတွင် အချိန်အတော်ကြာ တွဲကပ်နေခဲ့ကြောင်း ထင်ရှားသည်။

"ဒါက အင်မော်တယ်အဆိပ်နဂါးရဲ့ စိတ်ဝိညာဉ်ရင်းမြစ်လား?" ချင်ယွင်သည် ခရမ်းရောင်အလင်းလုံးကြီးအား သူ၏မျက်လုံးများတွင် အံ့အားသင့်သည့် အမူအရာ ဖြင့် ကြည့်နေသည်။

အင်မော်တယ်အဆိပ်နဂါး၏ စိတ်ဝိညာဉ်အလင်းလုံးကြီးသည် ခရမ်းရောင် တစ်ခုတည်းသာ ရှိသော်လည်း ၎င်း၏အရွယ်အစားမှာ ချင်ယွင်၏ ခုနစ်ရောင်ခြယ် စိတ်ဝိညာဉ်အလင်းလုံးထက် နှစ်ဆ ပိုကြီးမားသည်။

၎င်းသည် လွန်ခဲ့သော နှစ်ပေါင်းတစ်ရာကျော်ကတည်းက ဝါးမျိုးစားသောက်ခံခဲ့သော အင်မော်တယ်အဆိပ်နဂါး၏ စိတ်ဝိညာဉ်အရင်းအမြစ်၏ အရွယ်အစားပင် ဖြစ်သည်။ အကယ်၍ သူသည် သူ၏ အထွတ်အထိပ် အခြေအနေတွင် ရှိနေပါက၊ သူ၏စိတ်ဝိညာဉ် အရင်းမြစ်အရွယ်စားသည် ဤထက် ပို၍ ကြီးမားပါလိမ့်မည် ။

"မိတ်ဆွေလေး၊ မင်း တကယ်ကော ​ယုံကြည်​မှုရှိရဲ့လား" အင်မော်တယ်အဆိပ်နဂါးက ချင်ယွင်၏ ဘေးတွင် ခရမ်းရောင်အရိပ်တစ်ခုအဖြစ် ထွက်ပေါ်လာသည်။

"ဟုတ်ကဲ့၊ ကျွန်တော် အကောင်းဆုံး ကြိုးစားပါ့မယ်။ ဘာမှ ပြဿနာမှ မဖြစ်သင့်ပါဘူး။ ဒါပေမယ့်၊ စီနီယာကတော့ နာကျင်မှုကို ခံနိုင်ရည်ရှိဖို့ လိုပါလိမ့်မယ်။" ချင်ယွင်က ခရမ်းရောင်အရိပ်ကို ပြောလိုက်သည်

“ဘာကြောက်စရာရှိလို့လဲ” ငါက ဒီစိတ်ဝိညာဉ်သတ်ဖြတ်နှိပ်စက်မှုကို နေ့ရောညပါ ဂရုတစိုက် စောင့်ရှောက်နေခဲ့ရတာ နှစ်တစ်ရာကျော်ခဲ့ပြီ။ ငါ အဲဒါကို အသားကျနေပြီ။ ဆက်လုပ်ကွာ..။" ခရမ်းရောင်အရိပ်က ချင်ယွင်ကို ရိုးရိုးသားသား ပြောလိုက်သည်။

ချင်ယွင်သည် တစ်ခုခုကို ပြောပြချင်သကဲ့သို့ ပါးစပ်ကို ဖွင့်လိုက်သော်လည်း၊ အဆုံးမှာ တော့ သူသည် ခေါင်းညိတ်ရုံသာ ညိတ်လိုက်ပါသည်။

ဘန်း…။

ချင်ယွင်၏ လက်ဖဝါးတွင် အစိမ်းပြာရောင်ကြာပန်းသဏ္ဍာန် ပေါ်လာသည်။ အစိမ်းပြာရောင် ကြာပန်းသဏ္ဍာန် ပေါ်လာသည်နှင့် ချက်ချင်းပင် ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းများ ထွက်ပေါ်လာသည်။

"သွားတော့..”။

ချင်ယွင်က တိုးညှင်းစွာ အော်လိုက်ပြီး သူ၏လက်ထဲမှ အစိမ်းပြာရောင် ကြာပန်း သဏ္ဍာန်သည် ချက်ချင်း ပျံထွက်သွားပြီး၊ အင်မော်တယ်အဆိပ်နဂါး၏ စိတ်ဝိညာဉ် အရင်းမြစ်ဆီသို့ ဦးတည်သွားလိုက်သည်။

ဘန်း…။

အစိမ်းပြာရောင်ကြာပန်းသည် စိတ်ဝိညာဉ်ရင်းမြစ်ကို ထိလိုက်သည့် အခိုက်တွင်၊ ရေကဲ့သို့ ပျော်ဝင်သွားပြီး၊ စိတ်ဝိညာဉ်ရင်းမြစ်ဆီသို့ ပျံ့နှံ့သွားကာ၊ ၎င်းအတွင်း၌ပင် အင်မော်တယ်အဆိပ်နဂါး၏ ဝိညာဉ်အရင်းအမြစ်တစ်ခုလုံးကို ဖုံးအုပ်ထားသည်။

အစိမ်းရောင်စွမ်းအင်က သွေးနီရောင်အမျှင်တန်းများကို ထိလိုက်သည့်အခိုက်၊ သွေးနီရောင်အမျှင်တန်းများသည် ဖြည်းဖြည်းချင်း ပျော်ဝင်သွားသကဲ့သို့ ပြင်းထန်စွာ တွန့်လိမ်သွားလေတော့သည်။

“အား….…”

အင်မော်တယ်အဆိပ်နဂါးသည် ချက်ချင်းပင် သနားစဖွယ် အော်ဟစ်သံဖြင့် အော်ဟစ် သည်။ ထိုသွေးနီရောင်အမျှင်များ၏ တွန့်လိမ်လှုပ်ယမ်းမှုကြောင့် သူ၏ စိတ်ဝိညာဉ် အနှစ်သာရသည် ပြင်းထန်သော နာကျင်မှုကို ခံစားခဲ့ရပြီး သူ၏တစ်ကိုယ်လုံး အရူးအမူး ဖြစ်သည်အထိ အော်ဟစ်နေတော့သည်။

“ဘန်း..”

ထိုအချိန်တွင်၊ သိပ်သည်းထားသော ခရမ်းရောင်အရိပ်တောင်မှ သူ့ကိုယ်သူ မထိန်းနိုင်တော့ဘဲ တိုက်ရိုက် ပေါက်ကွဲသွားသည်။

ထိုအရာကို မြင်တော့ ချင်ယွင်သည် ကူကယ်ရာမဲ့ ခေါင်းယမ်းလိုက်မိသည်။

ယခုလေးတင်၊ သူသည် အင်မော်တယ်အဆိပ်နဂါးအား ပြင်းထန်သော နာကျင်မူ ဝေဒနာကို သေချာပေါက် ခံစားရမည်ဟု သူ သတိပေးချင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏စိတ်ဝိညာဉ်အနှစ်သာရကို တိုက်ခိုက်ခံခဲ့ရသော်လည်း၊ ၎င်းကို မေ့ပစ်ရန် ဆုံးဖြတ်ခဲ့သည်။

ဘန်း…။

သွေးနီရောင် အမျှင်တန်းလေးများသည် အစိမ်းရောင်စွမ်းအင် အောက်မှာ ပျော်ဝင်စ ပြုလာပါသည်။ စိတ်ဝိညာဉ်အလင်းဘောလုံးထဲသို့ နက်ရှိုင်းစွာ ထိုးဖောက်ဝင်ရောက် နေသော သွေးနီရောင် အမျှင်တန်းများအားလုံးကိုပင် ချင်ယွင်၏ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်၏ စွမ်းအင်က ဆွဲထုတ်သွားခဲ့သည်။

အမျှင်တန်းများ တဖြည်းဖြည်း ပျောက်ကွယ်သွားသည်ကို ချင်ယွင်မြင်သောအခါတွင် သူ၏မျက်နှာပေါ်တွင် ပျော်ရွှင်မှု အရိပ်အယောင် ပေါ်လာသည်။

သိပ်မကြာခင်မှာပင်၊ အင်မော်တယ်အဆိပ်နဂါး၏ စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်း ကျိန်စာသည် လုံးဝ ပယ်ဖျက်နိုင်တော့မည် ဖြစ်ပါသည်။

ဘန်း…။

ချင်ယွင်၏ စိတ်ဝိညာဉ်ကိုယ်ပွားသည် အင်မော်တယ်အဆိပ်နဂါး၏ နီဝမ်နန်းတော်ထဲမှ ပြန်ထွက်ကာ သူ၏ မူလခန္ဓာကိုယ်သို့ ပြန်ဝင်သွားခဲ့သည်။

ချင်ယွင်သည် အင်မော်တယ်အဆိပ်နဂါး၏ စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်း ကျိန်စာကို ချေမှုန်းနေစဉ်မှာ၊ အဆိပ်နဂါးချိုင့်ဝှမ်း အပြင်ဘက်တွင် ပုံရိပ်နှစ်ခု ပေါ်လာပါသည်။ တစ်ယောက်က အသက်ကြီးပြီး၊ နောက်တစ်ယောက်ကတော့ အသက်ငယ်ပါသည်။ အဘိုးအိုသည် ထင်းချောင်းကဲ့သို့ ပိန်လှီ၏။ သူ၏ပုံစံက သွေ့ခြောက်သော သစ်ပင်နှင့်တူသော်လည်း သူ၏မျက်လုံးများသည် လင်းယုန်ငှက်၏ မျက်လုံးများကဲ့သို့ စူးရှတောက်ပနေ၏။

ဦးဆောင်လာသူ လူငယ်က ပို၍ပင် ထူးကဲလှသည်။ သူသည် ထူးထူးခြားခြား သူရဲကောင်းဆန်ပြီး သိုင်းပညာရှင်နှင့်တူကာ၊ သူ၏ခန္ဓာကိုယ်သည် ထူးကဲသော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

သူတို့သည် အဆိပ်နဂါးချိုင့်ဝှမ်းမှ ထွက်လာသော ယွန်လင်းနှင့် ချန်လျှန်တို့ကို တွေ့ဆုံကြပါသည်။ သို့သော်လည်း ချန်လျှန်သည် သေလုမျောပါး ဖြစ်နေပြီ ဖြစ်သည်။ ယွန်လင်းက သူ့ကို ကုန်းပိုးခေါ်လာသည်။

"စီနီယာအစ်ကိုနိုင်း၊ နောက်ဆုံးတော့ စီနီယာအစ်ကို ဒီကို ရောက်လာပြီပေါ့။" ယွန်လင်းသည် လူနှစ်ဦး ထွက်ပေါ်လာသည်ကို မြင်သောအခါ သူမ၏ မျက်လုံးများ သည် ချက်ချင်းပင် တောက်ပလာခဲ့သည်။ သူမသည် သူမ၏နောက်ကျောပေါ်ရှိ ချန်လျှန်ကို အလျင်အမြန် ပစ်ချပြီး လူငယ်ဆီသို့ ပြေးသွားခဲ့သည်။

"ဂျူနီယာညီမ ယွန်၊ မင်း အဆင်ပြေရဲ့လား?" လူငယ်က ပြုံးပြီး ပြောသည်။

"ကျွန်မ အဆင်ပြေပါတယ်၊ ဒါပေမယ့် စီနီယာအစ်ကို ချန်ကတော့ ဒဏ်ရာအနည်းငယ် ရထားပုံရပါတယ်။" လူငယ်၏မေးခွန်းကို ယွန်လင်း ကြားသောအခါ ရှက်ကိုးရှက်ကန်း အမူအရာဖြင့် ချက်ချင်း ပြန်ဖြေသည်။

ချန်လျှန်သည် မြက်ခင်းပြင်ပေါ်တွင် လဲလျောင်းနေစဉ် သူ၏နှလုံးသားသည် စူးရှသော နာကျင်မှုကို ခံစားလိုက်ရသည်။

"ဟမ့်၊ ဒီအမှိုက်ကောင် ချန်လျှန်က တကယ်ကို အသုံးမကျဘူး။ အကြီးအကဲကျိ၊ အဲဒီအမှိုက်ကောင်ကို သွားကြည့်လိုက်ပါဦး…။" လူငယ်က အထင်သေးဟန်ဖြင့် ပြောသည်။

"ဟုတ်ကဲ့ပါ၊ သခင်လေး၊” အဖိုးအိုသည် ချက်ချင်း ပြန်ဖြေသည်။ ထို့နောက် သူသည် ချန်လျှန်ဆီသို့ လျှောက်လာပြီး သူ့ကို ကုသပေးသည်။

"ဂျူနီယာညီမ ယွန်၊ ကော့ဖုန်းကော ဘယ်မှာလဲ?။" လူငယ်သည် ချန်လျှန်ကို လျစ်လျူရှုပြီး ယွန်လင်းကို ဆက်လက် မေးမြန်းလိုက်သည်။

နိုင်းယွန်၏ အမေးကို ယွန်လင်း ကြားသောအခါ၊ ချင်ယွင်၏ သတ်ဖြတ်ခြင်း ခံလိုက်ရသော ကော့ဖုန်းကို ချက်ချင်း သတိရသွားသည်။ သူမသည် အလျင်စလို အော်ပြောလိုက်သည် "စီနီယာ အစ်ကို နိုင်း၊ စီနီယာက ကျွန်မအတွက် လက်စားချေပေးရမယ်..."

ထို့နောက် ယွန်လင်းသည် ချင်ယွင်က ကော့ဖုန်းကို သတ်ဖြတ်လိုက်ပုံနှင့် အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြောမြေပုံကို လုယူသွားသည့်အကြောင်းကို ရှင်းပြလိုက်သည်။ ချင်ယွင်က သူမအား ခြိမ်းခြောက်ခဲ့သည်ကိုလည်း ကြားညှပ်၍ ထပ်လောင်း ပြောလိုက်သည်။

"ဟမ့်၊ မောက်မာလိုက်တဲ့ကောင်။ သူက ငါတို့ အင်မော်တယ်တာအိုဂိုဏ်းရဲ့ ပစ္စည်းကို တောင် ခိုးယူရဲတယ်ပေါ့။ သွားကြရအောင်။ ဒီနေ့တော့ ငါတို့ အင်မော်တယ်တာအို ဂိုဏ်းက ဘယ်လောက်တောင် အစွမ်းထက်လဲဆိုတာ သူ့ကို ပြောပြရမယ်။"

လူငယ်သည် ယွန်လင်း၏ စကားကို ကြားလိုက်သည့်အခါ ပြင်းထန်သော အမျက်ဒေါသ က သူ၏မျက်လုံးထဲမှာ ချက်ချင်း ထွက်ပေါ်လာသည်။

ထိုသို့ပြောပြီးနောက် သူသည် ယွန်လင်း နှင့် ပိန်ပိန်ပါးပါး အဘိုးအိုအား အဆိပ်နဂါး တောင်ကြားဆီသို့ ခေါ်ဆောင်သွားခဲ့သည်။ ထုံးစံအတိုင်း ချန်လျှန်သည်သာ ချိုင့်ဝှမ်း အပြင်ဘက်တွင် ကျန်ရစ်ခဲ့သည်။ ကံကောင်းထောက်မစွာ၊ ပိန်ပိန်ပါးပါး အဘိုးအိုက သူ၏ဒဏ်ရာတွေကို တည်ငြိမ်စေပြီး အဆိပ်ဖြေပေးခဲ့ပါသည်။

All Chapters