အခန်း ၇၇၂
Vol. 52 Ch. 772
အခန်း (၇၇၂) နိုင်းယွန်၏မောက်မာမှု။
“ဟူး…”.
အင်မော်တယ်အဆိပ်နဂါးသည် စိတ်သက်သာရာ ရဟန်ဖြင့် သက်ပြင်းတစ်ချက်ကို ဖြည်းညှင်းစွာ ရှူသွင်းလိုက်သည်။ ယခုအချိန်တွင် သူသည် ချွေးများဖြင့် ရွဲရွဲစိုနေပါပြီ။ ယခုလေးတင် ခံစားရသည့် နာကျင်မှုက အရမ်းကို နာကျင်လွန်းခဲ့ပြီး၊ သူ၏ အသက်တစ်ဝက်လောက် ဆုံးရှုံးလုနီးပါးပင်။
သို့သော်၊ ထိုနာကျင်မှုသည် သူ့ကို အလွန်နာကျင်စေခဲ့သော်လည်း၊ ယခုအချိန်တွင်၊ သူ၏မျက်နှာသည် ရင်ခုန်စိတ်လှုပ်ရှားဖွယ် အပြုံးများဖြင့် ပြည့်နေခဲ့သည်။
အဘယ်ကြောင့်ဆိုသော်၊ သူသည် သူ၏ စိတ်ဝိညာဉ်အလင်းလုံး ပတ်ပတ်လည်တွင် ရှိနေသော စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာကို လုံးဝ ဖယ်ရှားလိုက်ပြီဟု ရှင်းရှင်းလင်းလင်း ခံစားနိုင်သောကြောင့် ဖြစ်ပါသည်။ ဤအခိုက်အတန့်တွင် သူသည် အလွန်တရာ စိတ်အေးလက်အေးဖြစ်မူကို ခံစားရသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၁၀၀ ကျော်ကတည်းက သူသည် ယခုလို စိတ်အေးလက်အေး ဖြစ်မူမျိုးကို မည်သည့်အခါမျှ မခံစားခဲ့ရဖူးပေ။
"ဟား…၊ ဟား…၊ နောက်ဆုံးတော့ ငါက စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာကို ဖယ်ရှားလိုက်နိုင်ပြီ။ ရှန်ကျိယွန်၊ မင်းအဲ့လို မမျှော်လင့်ထားဘူး မဟုတ်လား?။ အနှေးနဲ့အမြန်ဆိုသလို၊ မင်း ငါ့ အပေါ်ထားခဲ့တဲ့ နာကျင်မှုတွေ အားလုံးကို ပြန်လည် ပေးဆယ်ရမယ်လို့ မင်းကို ငါ အသိပေးလိုက်မယ်။" အင်မော်တယ်အဆိပ်နဂါးသည် ကျယ်လောင်စွာ ရယ်မောရင်း၊ သူ၏လေသံက ပျော်ရွှင်မှုများနှင့် ပြည့်နေခဲ့သည်။
ချင်ယွင်သည် အနားမှာ ရပ်နေပြီး ဤမြင်ကွင်းကို ကြည့်နေလိုက်သည်။ မကြာခင်မှာ၊ ကျန်းရွှန်ရှင်းကို ကယ်တင်နိုင်တော့မည် ဖြစ်သောကြောင့်၊ သူ၏မျက်လုံးထဲတွင် အပြုံးရိပ်သမ်းနေသည်။
အင်မော်တယ်အဆိပ်နဂါး ပြောသည့် ရှန်ကျိယွန်က မည်သူဖြစ်သည်ကို ချင်ယွင်က စိတ်ဝင်စားခြင်း မရှိပေ။ သို့သော်၊ ထိုလူသည် အင်မော်တယ်အဆိပ်နဂါးအပေါ်တွင် စိတ်ဝိညာဉ်သတ်ဖြတ်ရစ်ပတ်ခြင်းကျိန်စာကို ချထားခဲ့သူဖြစ်ကြောင်း သူ ခန့်မှန်းရန် မခက်ပေ။
"ဟား…၊ ဟား…၊ ငါ အပျော်လွန်ပြီး၊ မိတ်ဆွေလေးချင်ကို စိတ်ဝိညာဉ်ပြန်သွင်းခြင်း ဆေးလုံး ပေးဖို့တောင် မေ့နေမိတယ်။ မိတ်ဆွေလေးချင်က အလျင်လိုမှာနေမှာ စိုးရတယ်။" အင်မော်တယ်အဆိပ်နဂါးသည် လှိုက်လှိုက်လှဲလှဲ ပြုံးလိုက်သည်။ သူပြောပြီးသည်နှင့် သူသည် ခရမ်းရောင်အခိုးအငွေ့အဖြစ်သို့ ပြောင်းလဲသွားပြီး ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။ သူ၏လက်ထဲတွင် ကျောက်စိမ်းပုလင်းတစ်လုံး လည်း ရှိနေသည်။
"စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေး…." ချင်ယွင်သည် ဤကျောက်စိမ်းပုလင်းကို မြင်သော အခါ၊ အင်မော်တယ်အဆိပ်နဂါးအထံမှ ကျောက်စိမ်းပုလင်းကို အလျင်အမြန် လှမ်းယူလိုက်ရင်း သူ၏မျက်လုံးများသည် ချက်ချင်း ဝင်းလက်တောက်ပလာခဲ့သည်။
မျှော်လင့်ထားသည့်အတိုင်းပင်၊ ကျောက်စိမ်းပုလင်းထဲမှ ဆေး၏မွှေးရနံ့တစ်စွန်းတစ်စ ပျံ့နှံ့ထွက်ပေါ်လာပြီး၊ အထဲတွင် သုံးရောင်ခြယ် အင်မော်တယ်ဆေးလုံးတစ်လုံး ရှိနေပါ သည်။
"ဒါက တကယ်ကို စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးပဲ။ ရွှန်ရှင်းကို ကယ်တင်နိုင်ပြီ" ချင်ယွင်၏ မျက်နှာသည် မျက်ရည်များ ကျလုမတတ်ပင် ဖြစ်သွားခဲ့ပြီး၊ နှိုင်းယှဥ်၍ မရနိုင်သည့် စိတ်လှုပ်ရှားနေသည့် အမူအရာက ချက်ချင်း ထွက်ပေါ်လာသည်။
"မိတ်ဆွေလေးချင်က ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးအတွက် အရမ်းကို စိုးရိမ်နေပုံရ တယ်။ မင်းအတွက် သိပ်ကို အရေးကြီးတဲ့လူကို ကယ်တင်ဖို့ အသုံးပြုမှာနဲ့တူတယ်" အင်မော်တယ်အဆိပ်နဂါးက ပြုံးပြီး ပြောသည် ။
"အရိုးသားဆုံးပြောရရင်၊ ဒီဂျူနီယာက ဒီစိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးနဲ့ ကျွန်တော့် မိန်းမကို ကယ်တင်ချင်လို့ပါ " ချင်ယွင်က ပြန်ပြောပြီး စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးကို အင်မော်တယ်ဘုရင်၏ စံအိမ်တော်ထဲသို့ ဂရုတစိုက် ထည့်ထားလိုက်သည်။
နောက်ဆုံးအကြိမ်၊ စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးသည် ကြေမွသွားခဲ့သည်။ ဤတစ်ကြိမ်တွင် ချင်ယွင်သည် စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံးအား မည်သည့်အရာ မျှ ဖြစ်ခွင့်မပြုနိုင်သည်မှာ သေချာပါသည်။
"မိတ်ဆွေလေးချင်က တကယ်ကို အချစ်ကြီးသူဖြစ်ပြီး၊ ဖြောင့်မတ်တဲ့လူ တစ်ယောက် ဖြစ်ပုံရတယ်။ တကယ်လို့ မိတ်ဆွေလေးချင်က ငါ့ကို အထင်မသေးဘူးဆိုရင်၊ မင်း ငါ့ကို အစ်ကိုမုရုံလို့ ခေါ်နိုင်ပါတယ်။ ငါကလည်း မင်းကို ညီငယ်ချင်လို့ ခေါ်မယ်။ ဘယ်လိုလဲ?" အင်မော်တယ်အဆိပ်နဂါးက ပြုံးပြီး ပြောသည်။
"အစ်ကိုမုရုံလား… ?" ချင်ယွင်က အံ့သြစွာ မေးလိုက်မိသည်။
မုရုံကျင်းချန်ကိုလည်း မျိုးရိုးနာမည်မုရုံဟု ခေါ်ပြီး၊ ဤ အင်မော်တယ်အဆိပ်နဂါးသည် လည်း မျိုးရိုးမုရုံဟု မျိုးရိုးနာမည်ပေးထားပါသည်။ သူတို့ နှစ်ယောက်သည် ဂိုဏ်းတူ ညီအစ်ကိုတွေ ဖြစ်ကြသည်။ သို့သော်၊ အဘယ်ကြောင့် မျိုးရိုးနာမည် တူနေကြသနည်း?။
အင်မော်တယ်အဆိပ်နဂါးသည် ချင်ယွင်၏ အတွေးများဖြင့် မြင်နေပုံရသည်။ သူက ပြုံးပြီး ပြောသည် " မုရုံကျင်းချန်နဲ့ ငါက ဂိုဏ်းတူ ညီအစ်ကိုတွေ ဖြစ်ရုံတင်မကဘူး၊ တူညီတဲ့အဖေနဲ့အမေရဲ့သားအရင်း ညီအစ်ကိုတွေလည်း ဖြစ်တယ်။ ဒါပေမယ့် သူနဲ့ ငါရဲ့ ဆက်ဆံရေးက ဘယ်တော့မှ ထပ်တူမကျဘူး။ ငါ့နာမည်အရင်းက မုရုံ ကျင်းဟိုင်ပဲ"
"ဒါဆို ဒီလိုပေါ့”.. ချင်ယွင်က ရုတ်တရက် ခေါင်းညိတ်လိုက်သည်။
"ဘယ်သူလဲ ထွက်သွားစမ်း..”
သို့သော် ဤအခိုက်အတန့်တွင် အင်မော်တယ်အဆိပ်နဂါးသည် ရုတ်တရက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သည် နှင့် ခရမ်းရောင်အလင်းတန်းတွေက လွင့်ပျံထွက်သွားပြီး အဝေးမှ လေဟာနယ်ဆီသို့ ပျံသန်းသွားသည်။
"ဟား..၊ ဟား…၊ အဆိပ်နဂါးအိုကြီး၊ မင်းက တကယ်ပဲ အသက်ရှင်နေသေးတာလား?။" အဝေးတနေရာမှ ကျယ်လောင်သော ရယ်မောသံတစ်ခု ထွက်ပေါ်လာပြီးနောက် ချင်ယွင်၏ အမြင်အာရုံထဲတွင် ပုံရိပ်သုံးခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် ထိုပုံရိပ်သုံးခုကို မြင်လိုက်သည့်အခိုက်၊ သုံးယောက်ထဲက တစ်ယောက် သည် စောစောက သူလွှတ်ပေးလိုက်သော ယွန်လင်းဖြစ်မှန်း သိလိုက်ရသည်။ အစောပိုင်းက ရယ်မောသံက ယွန်လင်း၏ ဘေးနားမှ ပိန်ပိန်ပါးပါး အဘိုးကြီးဆီက ထွက်ပေါ်လာခြင်း ဖြစ်သည်။
"မင်းက ကျိကျန်းဖန် မဟုတ်လား၊ ဟင့်၊ မင်းက ငါ့ရဲ့ အဆိပ်နဂါးတောင်ကြားကို တကယ် လာဝံ့တယ်ပေါ့။" အင်မော်တယ်အဆိပ်နဂါး၏ မျက်လုံးများသည် ဒေါသ ပြင်းထန်စွာဖြင့် ချက်ချင်းပင် တောက်ပလာသည်။
"ဟမ့်၊ အဆိပ်နဂါးအိုကြီး၊ မင်းနဲ့ ရှန်ကျိယွန်တို့ကြားက ကိစ္စတွေက ငါ့ကိစ္စ မဟုတ်ဘူး။ ငါ ဒီနေ့ မင်းကိုရှာဖို့ ဒီကိုရောက်လာတာ မဟုတ်ဘူး။ ငါတို့အင်မော်တယ်တာအို ဂိုဏ်းရဲ့ ပစ္စည်းကို ပြန်ယူဖို့အတွက် သခင်လေးနဲ့အတူ လိုက်လာခဲ့တာ။ မင်း ဝင်မစွက်ဖက်ပါနဲ့။" ပိန်ပိန်ပါးပါး အဘိုးအိုက အထင်သေးဟန်ဖြင့် ပြောလိုက်သည်။
"မင်းရဲ့ သခင်လေးလား…?" အင်မော်တယ်အဆိပ်နဂါးသည် လူငယ်ဆီသို့ သူ၏ အကြည့်ကို လှည့်လိုက်လေသည်။
"ဂျူနီယာက နိုင်းယွန်ပါ၊ အဖေက နိုင်းမူယွန်းပါ၊ ဒီဂျူနီယာက စီနီယာအဆိပ်နဂါးရဲ့ နာမည်ကို ကြားဖူးနေတာ ကြာပါပြီ။" လူငယ်က ပြောလိုက်သော်လည်း သူ၏လေသံက လေးစားမှု မရှိသည့်အပြင်၊ မောက်မာမှု အရိပ်အယောင်ပင် ရှိနေသည်။
"ဟမ့်၊ ဒါဆို၊ မင်းက နိုင်းမူယွန်းရဲ့ သားပေါ့။ မင်း အရမ်းကို မာနကြီးနေတာ မဆန်းပါ ဘူး။ မင်း ငါ့အဆိပ်နဂါးတောင်ကြားကို ဘာလာလုပ်တာလဲ မင်းကိုယ်မင်း သိရဲ့လား?" အင်မော်တယ်အဆိပ်နဂါးက မေးသည်။
သို့သော်လည်း အင်မော်တယ်အဆိပ်နဂါးသည် လှုပ်ရှားခြင်းတော့ မရှိခဲ့ပေ။ နင်းမူယွန်းဆိုသည့် နာမည်ကနေ သူ့ကို ပေးနေသည့်ဖိအားက မနည်းဘူးဆိုတာ ရှင်းပါသည်။
"ကျွန်တော်တို့ အင်မော်တယ်တာအိုဂိုဏ်းရဲ့ ပစ္စည်းကို ပြန်ယူဖို့ ဒီနေရာကို ရောက်လာ တယ်ဆိုတာ အကြီးအကဲကျိ ပြောပြီးသားပါခင်ဗျာ။ ဒီပစ္စည်းကလည်း စီနီယာ ဘေးနားက မျိုးမစစ်ကောင်လေးပေါ်မှာ ရှိနေပါတယ်" နိုင်းယွန်က ချင်ယွင်ကို လက်ညှိုထိုးပြီး ပြောလိုက်သည်။
တစ်ချိန်လုံး နှုတ်ဆိတ်နေခဲ့သော ချင်ယွင်သည် ထိုစကားကို ကြားသောအခါ၊ သူ၏ မျက်လုံးများကို မှေးကျဉ်းလိုက်သည်။ ဤလူက သူ့ကိုရှာဖို့ ဤနေရာကို ရောက်လာခဲ့ သည်။
"မျိုးမစစ်ကောင်၊ မင်း အဲဒီသားရဲအရေခွံကို ပြန်လွှဲပေးလိုက်ပါ။ မင်းက ငါ့တို့ အင်မော်တယ်တာအိုဂိုဏ်းကနေ ဘာပစ္စည်းမှ ခိုးယူလို့မရဘူး" နိုင်းယွန်သည် ချင်ယွင်ကို အထင်သေးဟန်ဖြင့် ကြည့်ပြီး မောက်မာစွာ ပြောလိုက်သည်။
"မှန်တယ်၊ ငါတို့အင်မော်တယ်တာအိုဂိုဏ်းရဲ့ ပစ္စည်းတွေက ဘယ်သူမဆို ခိုးယူနိုင်တဲ့ အရာမဟုတ်ဘူး" ယွန်လင်းသည် ချင်ယွင်ကို အထင်အမြင်သေးစွာဖြင့် ကြည့်ရင်း အော်ပြောလိုက်သည်။
ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက အထင်သေးဟန်အပြုံးက ထွက်ပေါ်လာပြီး၊ သူ၏မျက်လုံးများတွင် အမျက်ဒေါသက တဟုန်ထိုး ပျံ့နှံ့လာခဲ့သည်။
ဤယွန်လင်းသည် အမှန်တကယ်ပင် သာမန်ယုတ်မာသော အမျိုးသမီးတစ်ဦး မဟုတ်ပေ။ သူသည် ယခင်က သူမကို ကယ်တင်ခဲ့ဖူးပြီး၊ သူမသည် သူ့ကို ကျေးဇူး မတင်ရုံသာမက သူ့ကိုပင် သတ်ပစ်ချင်နေခဲ့သည်။ သူမသည် သေဖို့ထိုက်တန်ပါသည်။
"ဒီအရာကို မင်းတို့အင်မော်တယ်တာအိုဂိုဏ်းက ပိုင်တယ်လို့ မင်း ဘာလို့ ထင်နေတာရ လဲ?။ ကော့ဖုန်းရဲ့ သိုလှောင်လက်စွပ်ထဲနေ ငါရခဲ့တယ်ဆိုတာကို ပြန်အမှတ်ရလိုက်ဦး" ချင်ယွင်က အေးစက်သော အပြုံးဖြင့် ပြန်ပြောသည်။ အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြောမြေပုံကို ပြန်လွှဲမပေးဖို့ သူ ဆုံးဖြတ်ထားပြီးသား ဖြစ်သည်။
"ကောင်စုတ်လေး၊ မင်း ဘာတွေ ပြောနေလဲဆိုတာ သိရဲ့လား?။ ဒူးထောက်စမ်း.. " ပိန်ပိန်ပါးပါး အဘိုးကြီးသည် ချင်ယွင်ကို ကြည့်ရင်း အေးစက်စွာ ပြောသည်။ သူ၏ လေသံတွင် ပြင်းထန်သော အန္တရာယ်အငွေ့အသက်ကို ခံစားရပြီး ပြင်းထန်သော ဖိအားတစ်ခုက ချင်ယွင်အပေါ်သို့ တိုက်ရိုက် ကျရောက်လာခဲ့သည်။
"လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့်လား?..” ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။
ထို့နောက်တွင်၊ ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ ဧရာမတောင်တန်းကြီးတစ်ခုကဲ့သို့ ပြင်းထန်စွာ ရောက်ရှိလာသော ကြီးမားသည့် ဖိအားကြီးကို သူ ခံစားလိုက်ရသည်။ ချင်ယွင်၏ ခြေထောက်များပင် တဖြည်းဖြည်း ပျော့ခွေလာသည်။
"ခင်ဗျားက ကျုပ်ချင်ယွင်ကို ဒူးထောက်ခိုင်းရအောင် အရည်အချင်း မရှိသေးဘူး။" ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာ ပြီး၊ သူသည် ရှေးဟောင်းတာအိုဆရာသခင်၏ စိတ်ဝိညာဉ်စွမ်းအားကို စုစည်းလုနီးပါး ဖြစ်နေပြီ။
“ဘုန်း…”
သို့သော် ဤအခိုက်အတန့်တွင် အင်မော်တယ်အဆိပ်နဂါးသည် ခြေတစ်လှမ်း ရှေ့သို့ လှမ်းလာခဲ့သည်။ အကန့်အသတ်မဲ့ ဖိအားတစ်ခုကလည်း သူ၏ခန္ဓာကိုယ်မှ ထွက်လာခဲ့ ပြီး ချင်ယွင်၏ ခန္ဓာကိုယ်အပေါ်ရှီ ဖိအားများကို တိုက်ရိုက် ပိတ်ဆို့ထားလိုက်သည်။
"အဆိပ်နဂါးအိုကြီး၊ မင်းက ဝင်ရောက်စွက်ဖက်ဖို့ စီစဉ်နေတာလား။" ပိန်ပိန်ပါးပါး အဘိုးအိုသည် သူ၏ဖိနှိပ်မှုကို ပိတ်ဆို့တားဆီးထားနိုင်သည်ကို မြင်သောအခါ၊ သူ၏ လင်းယုန်ကဲ့သို့ အကြည့်များဖြင့် အင်မော်တယ်အဆိပ်နဂါးကို ချက်ချင်း စိုက်ကြည့် လိုက်သည်။
"ဟမ့်၊ ချင်ယွင်က ငါ့ရဲ့ကယ်တင်ရှင်ပဲ။ တကယ်လို့၊ မင်း သူ့ကို ထိချင်တယ်ဆိုရင်၊ ငါ့ရဲ့စမ်းသပ်မှုကို မင်း အရင်ဖြေရှင်းရလိမ့်မယ်။" အင်မော်တယ်အဆိပ်နဂါးသည် အေးစက်စက် ရယ်မောသံကို ထုတ်ဖော်ရင်း ဖိအားများကို တိုက်ရိုက် ချိုးဖျက်ကာ သူ၏ဝတ်စုံလက်မောင်းကို တစ်ဖန်ပြန်လည် ရုတ်သိမ်းလိုက်သည်။
ပိန်ပိန်ပါးပါး အဘိုးကြီး၏ မျက်လုံးများသည် ကျဉ်းမြောင်းသွားခဲ့သည်။ သူသည် နိုင်းယွန်နှင့် အကြည့်ချင်း ဖလှယ်ပြီးနောက် သူက လှောင်ပြောင်ကာ ပြောလိုက်သည် "ဒီလိုဆိုတော့ မင်းဆိုတဲ့ အဆိပ်နဂါးအိုကြီးရဲ့ ကျင့်ကြံမူအဆင့်က လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်း ဘယ်လောက်တိုးတက်လာလဲဆိုတာ ငါ ကြည့်ပါရစေ"
ထိုသို့ပြောပြီးနောက် ပိန်ပိန်ပါးပါး အဘိုးအိုသည် အရူးတစ်ယောက်လို အင်မော်တယ် အဆိပ်နဂါးဆီသို့ ပြေးသွားခဲ့သည်။
"ဟမ့်၊ မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ” အင်မော်တယ်အဆိပ်နဂါးသည် အေးစက်စွာ အော်ဟစ်လိုက်ပြီး ချက်ချင်းပင် သူ့ကို ကြိုဆိုနှုတ်ဆက်ရန် ခရမ်းရောင် အလင်းအဖြစ်သို့ ပြောင်းလဲသွားသည်။