အခန်း ၇၇၃
Vol. 52 Ch. 773
အခန်း (၇၇၃) နိုင်းယွန် လှုပ်ရှားခြင်း။
“ဘုန်း…”
အင်မော်တယ်အဆိပ်နဂါးနှင့် ပိန်ပိန်ပါးပါး အဘိုးအိုတို့သည် ပြိုင်တူ တိုက်ခိုက် လိုက်ကြသည်။ သူတို့နှစ်ယောက်လုံးသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူတွေ ဖြစ်ကြသည်။
လှုပ်ရှားမှုတိုင်းတွင် ပြင်းထန်သော စွမ်းအားများ ပါဝင်နေသည်။ အကန့်အသတ် မရှိသော နိယာမစွမ်းအားများက အချင်းချင်း ပြင်းထန်စွာ တိုက်မိကြသည်။ အချိန်အတိုင်း အတာတစ်ခုထိတော့ သူတို့နှစ်ယောက်သည် အမှန်တကယ်ပင် တစ်ယောက်နှင့် တစ်ယောက် လက်ရည်တူ ဖြစ်နေခဲ့သည်။ ပတ်ဝန်းကျင်ရှိ အဆိပ်ပြင်းသော အတားအဆီးသည် တိုက်ရိုက် လွင့်စင်သွားကာ ကောင်းကင်နှင့် မြေကြီးသည် အဆက်မပြတ် တုန်ခါနေခဲ့သည်။
"မျိုးမစစ်ကောင်၊ အခု မင်းကို အကာအကွယ်ပေးမယ့်သူ မရှိတော့မှာကို ငါ ကြောက်မိတယ်။ မင်း ငါ့ကို အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းကြောရဲ့မြေပုံကို လွှဲပေးလိုက်ပါ။ ဒါဆို မင်းကို အလောင်းပြည့်ပြည့်စုံစုံနဲ့ ထားခဲ့ပေးဖို့ ငါ စဉ်းစားပေး မယ်" နိုင်းယွန်သည် ချင်ယွင်ကို အေးစက်ပြီး မောက်မာဟန်ဖြင့် တစ်ဖန် ပြန်ကြည့်ကာ ပြောလိုက်ပြီး၊ သူ၏လေသံတွင် အထင်သေးဟန် အပြည့်ရှိနေလေသည်။
ကော့ဖုန်းသည် သူ၏ရှေ့မှ ဤလူငယ်၏ လက်သီးလေးချက်ဖြင့် အသတ်ခံလိုက် ရသည်ဟု ယွန်လင်းထံမှ သူ ကြားသိရပြီးဖြစ်သော်လည်း ကော့ဖုန်းသည် သူ့ထံမှ လက်သီးတစ်ချက်ကိုပင် ခံနိုင်ရည်ရှိမည် မဟုတ်သောကြောင့် ချင်ယွင်သည်လည်း သူ၏ပြိုင်ဘက် ဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။
ထို့အပြင်၊ ချင်ယွင်၏ ကျင့်ကြံမှုအခြေခံသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်၏ နှောင်းပိုင်းအဆင့်၌သာ ရှိသည်ကို မြင်သောအခါ၊ ယွန်လင်းသည် သူမ၏ စိတ်ထဲတွင် အကြီးအကျယ် စိတ်ရှုပ်ထွေးနေသည့်အတွက် ဖြစ်မည်ဟု သူ ခံစားလိုက်ရသည်။
အစစ်အမှန် အင်မော်တယ် ပုရွက်ဆိတ်တစ်ကောင် အပြင်းအထန် ပေါက်ကွဲထွက် လျှင်ပင်၊ မည်သို့သော တိုက်ခိုက်ရေးစွမ်းအားမျိုး ပေါက်ကွဲထွက်နိုင်မည်နည်း?။
သူ၏အမြင်အရဆို၊ ချင်ယွင်သည် အရင်က အစွမ်းထက်နေရခြင်း၏ အကြောင်းရင်းက အင်မော်တယ်အဆိပ်နဂါး၏ ထောက်ပံ့ပေးမှုကြောင့်သာ ဖြစ်ပါသည်။ ယခုအချိန်တွင် အင်မော်တယ်အဆိပ်နဂါးကို အကြီးအကဲကျိက ထိန်းချုပ်ထားသောကြောင့်၊ ဤ ချင်ယွင်သည် နာခံမူရှိရှိဖြင့် သေခြင်းတရားမှ ချမ်းသားပေးရန် သေချာပေါက် တောင်းပန်ရမည် ဖြစ်သည်။
"ငါ့ကို အလောင်းပြည့်ပြည့်စုံစုံနဲ့ ထားပေးမယ် ဟုတ်လား?။ မင်းက ငါ့ကို အနိုင်ယူ နိုင်မယ်လို့ တကယ်ထင်နေတာလား?" ချင်ယွင်၏ မျက်နှာပေါ်တွင် အေးစက်သော အပြုံးတစ်ခု ပေါ်လာပြီး သူ၏မျက်လုံးများတွင် လှောင်ပြောင်သော အမူအရာတစ်ခု ပေါ်လာသည်။
"ဟမ့်၊ မင်းကို အနိုင်ယူဖို့လား?။ ငါက မင်းကို လက်တစ်ဖက်တည်းနဲ့ သုံးကွက်အတွင်း မှာ သတ်ပစ်နိုင်တယ်။" နိုင်းယွင်က အထင်သေးဟန်ဖြင့် နှာခေါင်းရှုံ့ပြီး ပြောသည်။
"မှန်တယ်။ အစ်ကိုနိုင်းရဲ့ ကျင့်ကြံမှုအဆင့်က ငါတို့ အင်မော်တယ်တာအိုဂိုဏ်းရဲ့ လက်ရွေးစင် တပည့်တစ်ယောက်ပဲ။ မင်းက သူ့ကို ဘယ်လိုလုပ် ဆန့်ကျင် တိုက်ခိုက် နိုင်မှာလဲ? မင်း သေခြင်းတရားကို နာခံမှုရှိရှိနဲ့ လက်ခံလိုက်တော့။" ယွန်လင်းက အော်ပြောလိုက်သည်။
"ခွေးမ၊ ချန်လျှန်က မင်းကို ဘာကြည့်ကြိုက်လဲဆိုတာ ငါ တကယ်မသိတော့ဘူး။ မင်းရဲ့မျက်နှာက ပျမ်းမျှဖြစ်ပြီး၊ မင်းရဲ့ခန္ဓာကိုယ်အသွင်ပြင်က မလှပတဲ့အပြင်၊ မင်းရဲ့ အကျင့်စရိုက်ကလည်း တော်တော်ကြီးကို ဆိုးဝါးလွန်းတယ်။ မင်းက လမ်းဘေး အိမ်တွေက ပြည့်တန်ဆာတွေထက်တောင် နိမ့်ကျသေးတယ်။ မင်းက မင်းကိုယ်မင်း အရှက်ခွဲနေတာပဲ။" ချင်ယွင်သည် ယွန်လင်းကို တိုက်ရိုက် ကျိန်ဆဲလိုက်သည်။
"မင်း…." ယွန်လင်း၏ မျက်နှာသည် ဒေါသနှင့်အတူ ချက်ချင်း စိမ်းသွားခဲ့သည်။
သူမ၏ရှေ့မှ ဤလူငယ်သည် သူမကို ရုပ်ဆိုးပြီး ပြည့်တန်ဆာထက်တောင် ယုတ်ညံ့ သည်ဟု ပြောလိုက်တာလား?။ မိန်းမတစ်ယောက်အနေဖြင့်၊ သူမသည် ဤစကားကို မည်သို့ ခံနိုင်ရည်ရှိမည်နည်း?။ ထို့အပြင်၊ ၎င်းသည် သူမလေးစားသော အမျိုးသား တစ်ဦး၏ရှေ့တွင် ဖြစ်နေသည်။ ယင်းကြောင့် ယွန်လင်းသည် ဒေါသနှင့်အတူ သူမ၏ အဆုတ်များ ပေါက်ကွဲလုနီးပါးအထိ ခံစားရစေသည်။
"ငါ မင်းကို သတ်ချင်တယ်" ယွန်လင်း ချက်ချင်း အော်ပြောလိုက်သည်။ ကိုးချောင်းဆက်ကြာပွတ်သည် သူမ၏လက်ထဲတွင် ပေါ်လာပြီး၊ သူမသည် ချင်ယွင်ကို တိုက်ခိုက်တော့မည် ဖြစ်သည်။
"ညီမယွန်၊ စိတ်မဆိုးပါနဲ့။ သူက မင်းကို တမင်သက်သက် ဒေါသထွက်အောင် ကြိုးစားပြီး မင်း လှုပ်ရှားအောင် တွန်းအားပေးနေတာ။ စီနီယာအစ်ကိုက မင်းအတွက် သူ့ကို သင်ခန်းစာတစ်ခု သင်ပေးလိုက်မယ်။" နိုင်းယွန်က ကမန်းကတန်း တားဆီးလိုက် သည်။
ယွန်လင်းသည် နိုင်းယွန်၏ စကားကို ကြားသောအခါ သူမသည် ရပ်တန့်သွားသည်။ သူမသည် ချင်ယွင်ကို အပြင်းအထန် စိုက်ကြည့်ရင်း ကိုးချောင်းဆက်ကြာပွတ်ကို ရုပ်သိမ်းလိုက်သည်။
ဤမြင်ကွင်းကို ချင်ယွင် မြင်သောအခါ သူ၏မျက်လုံးထဲတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။
မူလက သူသည် ယွန်လင်းကိုယ်တိုင် တိုက်ခိုက်လာရန် လှုံ့ဆော်လိုက်ပြီး သူမအား သတ်ပစ်ချင်ခဲ့သော်လည်း နိုင်းယွန်က သူမကို တားဆီးလိမ့်မည်ဟု မမျှော်လင့်ထားပေ။ သို့သော်လည်း ချင်ယွင်သည် နောင်တရခြင်းမျိုး မရှိခဲ့ပေ။ နိုင်းယွန်ကို သူ အနိုင်ယူ နိုင်သရွေ့၊ ယွန်လင်းကို သူ သတ်ပစ်နိုင်ပါသည်။
"မျိုးမစစ်ကောင်၊ မင်းကို နောက်ဆုံး အခွင့်အရေးတစ်ခု ပေးမယ်။ မင်း အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောမြေပုံ မလွှဲဘူးပေးဆိုရင်၊ မင်း ငါ့ဒေါသကို စောင့်စားပြီး ခံယူလိုက်ပေတော့..။" နိုင်းယွန်က ရှေ့သို့ ခြေတစ်လှမ်းတိုးကာ ချင်ယွင်အား ပြောလိုက်သည်။
ရှင်းနေသည်မှာ သူသည် သည်းခံနိုင်စွမ်း မရှိတော့ဘဲ ချင်ယွင်ကို တိုက်ခိုက်ရန် စီစဉ်နေခြင်း ဖြစ်သည်။
"မင်း အဖေကို လွှဲပေးလိုက်ပါလား..” ချင်ယွင်က အေးစက်စွာ ကြိမ်းမောင်းသည်။
"မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ” နိုင်းယွန်၏ မျက်လုံးများမှတဆင့် ပြင်းထန်သော ဒေါသများ ထွက်ပေါ်လာသည်။ ခရမ်းရောင် လျှပ်စီးစွမ်းအားက သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။
ဝှီး…။
နိုင်းယွန်၏ ရုပ်အသွင်သည် ချင်ယွင်၏ ရှေ့မှာ ချက်ချင်း ပေါ်လာသည်။ သူ၏ လက်ထဲတွင် ခရမ်းရောင်လျှပ်စီးလက်မှ ဖန်တီးထားသော လှံရှည်တစ်ချောင်း ပေါ်လာနေပြီး ဖြစ်သည်။ သူသည် ချင်ယွင်၏ ရင်ဘတ်ဆီသို့ လှံဖြင့် တိုက်ရိုက် ထိုးလိုက်သည်။ ၎င်း၏အရှိန်ဟုန်သည် ခရမ်းရောင်အရိပ်ကဲ့သို့ မြန်ဆန်လွန်းသည်။
"ဖျက်ဆီးခြင်းဆိုင်ရာ နိယာမလား..?" ချင်ယွင်၏ မျက်လုံးများသည် အံ့အားသင့်သွား သည့် အရိပ်အယောင်များ ထွက်ပေါ်လာသည်။ နိုင်းယွန်သည် လျှပ်စီးစွမ်းရည် ဖျက်ဆီးခြင်းနိယာမကို အမှန်တကယ် နားလည်ထားလိမ့်မည်ဟု သူ မမျှော်လင့်ထား ပေ။
"သေလိုက်တော့.." သူ၏လက်ကို ချင်ယွင်၏ ရင်ဘတ်ဆီသို့ ထိုးသွင်းလိုက်ရင်း၊ နိုင်းယွန်၏ မျက်လုံးများသည် အေးစက်မူနှင့်အတူ ဝင်းလက်တောက်ပလာသည်။
"မင်းက ငါ့ကို ဒီလိုပုံစံမျိုးနဲ့ သတ်နိုင်မယ်လို့ ထင်နေတာလား?။ မင်းက ငါ့ကို အရမ်းကို လျှော့တွက်လွန်းရာ မကျဘူးလား?.." ချင်ယွင်၏ ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခု ပေါ်လာသည်။ သူ၏ခန္ဓာကိုယ်မှ ကောင်းကင်နတ်ဘုရားစွမ်းအားက ချက်ချင်း ထွက်ပေါ်လာခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးကို သန့်စင်သော ကြယ်ရောင် အလင်းဖြင့် ချက်ချင်း ဖုံးလွှမ်းသွားသည်။
ဘန်း…။
ချင်ယွင်သည် သူ၏လက်ဖဝါးကို ချက်ချင်း ဆန့်ထုတ်လိုက်ပြီး သူ၏ရင်ဘတ်နှင့် ခရမ်းရောင်လျှပ်စီးလှံတို့ တစ်လက်မခန့်သာ ဝေးတော့သည့် အချိန်တွင်၊ သူသည် ခရမ်းရောင်လျှပ်စီးလှံကို တိုက်ရိုက် ဖမ်းယူလိုက်သည်။
"အယ်?" နိုင်းယွန်၏ မျက်လုံးများတွင် အံ့အားသင့်မှု အရိပ်ယောင် ပေါ်လာသည်။
ရှင်းရှင်းလင်းလင်း ပြောရလျှင်၊ ချင်ယွင်သည် သူ၏လျှပ်စီးလှံကို တားဆီးနိုင်လိမ့် မည်လို့ သူ မမျှော်လင့်ထားပေ။ ယခုမူ၊ သူ၏လက်ဖဝါးဖြင့် တိုက်ရိုက်ပင် ဖမ်းဆုပ်ကိုင်ထားသည်။ သို့သော် ထို့နောက်တွင် ပို၍ပင် အံ့အားသင့်သွားရလေသည် ။
သူသည် မည်မျှပင် ကြိုးစားပါစေ၊ လျှပ်စီးလှံသည် ချင်ယွင်၏ လက်ထဲတွင် တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ခံထားရပြီး လုံးဝ မလှုပ်ရှားနိုင်ခဲ့ပါဘူး။
"ပေါက်ကွဲလိုက်စမ်း…"
ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်သည်။ သူသည် ခရမ်းရောင်လျှပ်စီးလှံကို ကိုင်ထားသည့် သူ၏လက်ကို ချက်ချင်း ဆုပ်လိုက်သည်။ ထို့နောက်တွင် ပြင်းထန်သော အဖျက်စွမ်းအားပါရှိသော လျှပ်စီးလှံသည် ချင်ယွင်၏ လက်ထဲတွင် ပေါက်ကွဲသွား လေသည်။
"မင်းက သိပ်ကို နမော်နမဲ့နိုင်လွန်းတယ်”။
တစ်ချိန်တည်းမှာပင် ချင်ယွင်သည် နိုင်းယွန်၏ ရင်ဘတ်ကို လက်သီးဖြင့် ထိုးလိုက် သည်။
“ဘုန်း..”
နိုင်းယွန်၏ ခန္ဓာကိုယ်သည် တုန်ခါသွားပြီး၊ သူ၏ပါးစပ်မှ သွေးများ အန်ထုတ်လိုက်ရ သည်။ သူသည် အဝေးရောက်အောင်ပင် နောက်သို့ လွင့်ပျံသွားခဲ့သည်။
ချင်ယွင်က ထိုမျှဖြင့် ရပ်တန့်လိုက်ခြင်း မရှိချေ။ သူသည် လေဟာနယ်ပေါ် ခြေလှမ်းလိုက်ပြီး၊ နောက်ပြန် လွင့်ထွက်သွားသော နိုင်းယွန်နောက်ကို ချက်ချင်း ပျံသန်းပြီး လိုက်ပါသွားသည်။
နိုင်းယွန်သည် နာကျင်မူဝေဒနာမှ နိုးထလာခဲ့သည်။ သူ၏ရင်ဘတ်မှ နာကျင်မှုကြောင့် သူ၏တစ်ကိုယ်လုံး ထုံကျင်လာသည်။ သူ၏ခန္ဓာကိုယ်ကို ကာကွယ်ပေးထားသည့် ရတနာပစ္စည်းကြောင့်သာ၊ ထိုသို့မဟုတ်ပါက၊ အစောပိုင်းက ထိုလက်သီးချက်သည် သူ့ကို ပြင်းထန်စွာ ဒဏ်ရာရစေလိမ့်မည်။
ဤအခိုက်အတန့်တွင်၊ ဤချင်ယွင်၏ ခန္ဓာကိုယ်သည် အလွန် ကြောက်မက်ဖွယ် ကောင်းကြောင်း သူ သဘောပေါက်သွားခဲ့ပြီး သူ့ကို လုံးဝ အနီးကပ်ခွင့် မပြုရဲတော့ ချေ။
သို့သော်လည်း၊ ထိုအချိန်တွင် နိုင်းယွန်သည် ချင်ယွင်က နောက်တစ်ကြိမ် သူ့နောက်သို့ လိုက်ပါလာနေသည်ကို မြင်လိုက်ရလျှင်၊ သူ၏မျက်လုံးများတွင် ပြင်းထန်သော အမျက်ဒေါသက ထွက်ပေါ်လာသည်။
"လုံလောက်ပြီ…"
နိုင်းယွန်သည် ဟိန်းဟောက်လိုက်ရင်း သူ၏ခန္ဓာကိုယ်မှ အကန့်အသတ်မဲ့ ခရမ်းရောင် လျှပ်စီးစွမ်းအင်များကို ထုတ်လွှတ်လိုက်ပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ကြီးမားသော လျှပ်စီးအလုံးကြီးတစ်လုံးကို ဖန်တီးလိုက်သည်။
“ဘုန်း…”
ခရမ်းရောင် လျှပ်စီးစွမ်းအင်သည် ရေလှိုင်းများကဲ့သို့ ချက်ချင်း ပျံ့နှံ့သွားပြီး လျှပ်စီးအလုံးကြီးတွင် ကြောက်မက်ဖွယ်ကောင်းသော အဖျက်စွမ်းအားတစ်ခု ပါရှိနေ သည်။
"အယ်!"
ချင်ယွင်၏ အမူအရာသည် ပြောင်းလဲသွားပြီး၊ သူသည် ဆက်တိုက်ဆိုသလို နောက်ပြန် ဆုတ်သွားခဲ့သည်။
ခရမ်းရောင် လျှပ်စီးကြောင်းတွင် ပါရှိနေသော အဖျက်စွမ်းအားကို သူ၏ခန္ဓာကိုယ်နှင့် ထိပ်တိုက် ရင်မဆိုင်ဝံ့ပါချေ။
ချင်ယွင်သည် ကောင်းကင်နတ်ဘုရားစွမ်းအားဖြင့် သူ၏လက်သီးကို လွှမ်းခြုံရစ်ပတ် လိုက်ပြီး၊ မိုးကြိုးလျှပ်စီးအလုံးကြီးကို လက်သီးဖြင့် ထိုးလိုက်သည်။
“ဘုန်း..”
ကောင်းကင်နှင့် မြေကြီးထံမှ ပြင်းထန်သော တုန်ခါအသံက ချက်ချင်းပင် ထွက်လာခဲ့ပြီး၊ ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ဤကြောက်မက်ဖွယ် လျှပ်စီးစွမ်းအားကြောင့် ရေတံခွန်ဘက်သို့ တွန်းထုတ်ခံလိုက်ရသည်။
ခရမ်းရောင်လျှပ်စီးကြောင့် ရေကန်ဘေးရှိ ကျောက်တုံးများသည် ကွဲအက်သွားခဲ့သည်။
"မျိုးမစစ်ကောင်၊ မင်းက ငါ့ကို အခုလိုလုပ်ဖို့ တွန်းအားပေးခဲ့တယ်။ ဒီနေ့၊ ငါ မင်းကို အပိုင်းပိုင်း ဖြတ်ပစ်မယ်။" နိုင်းယွန်သည် ဟောက်လိုက်ပြီး၊ ကြောက်မက်ဖွယ်ရာ လျှပ်စီးစွမ်းအင်က သူ၏ခန္ဓာကိုယ်မှ ချက်ချင်း ပျံ့နှံ့သွားသည်။
ခရမ်းရောင်လျှပ်စီး အလုံးတစ်လုံးက သူ၏လက်ဖဝါးတွင် ထွက်ပေါ်လာသည်။ ခရမ်းရောင် လျှပ်စီးအလုံးအတွင်းမှ ခရမ်းရောင်လျှပ်စီးများသည် ကြောက်မက်ဖွယ် ကောင်းသော အတိုင်းအတာအထိ ဖိသိပ်ထားခဲ့ပြီး ၎င်းအတွင်းမှာ ပါရှိသော အဖျက်စွမ်းအားကြောင့် ပတ်ဝန်းကျင်ကို တုန်ခါသွားစေခဲ့သည်။
"မျိုးမစစ်ကောင်၊ ငါ မင်းကို ငါ့ရဲ့ လျှပ်စီးအရင်းအမြစ်အလုံးရဲ့ စွမ်းအားကို မြည်းစမ်းခွင့် ပေးမယ်။" နိုင်းယွန်သည် ချင်ယွင်ကို လျှပ်စီးအလုံးဖြင့် ပစ်ပေါက်ရင်း အော်ပြောလိုက် သည်။
ချင်ယွင်သည် လျှပ်စီးအလုံးကို မြင်သောအခါ သူ၏ပါးစပ်ထောင့်သည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။