← Chapters

အခန်း ၇၇၄

Vol. 52 Ch. 774

အခန်း ၇၇၄

Vol. 52 Ch. 774

အခန်း (၇၇၄) ဖျက်ဆီးခြင်းနိယာမများ။

လျှပ်စီးအလုံးသည် ချင်ယွင်ဆီသို့ အလွန်လျင်မြန်သော အရှိန်ဖြင့် ပျံသန်းလာစဉ် ပြင်းထန်သော လျှပ်စီးအဖျက်စွမ်းအားကို သယ်ဆောင်လာသည်။

လေထုသည် ပြင်းထန်စွာ တုန်ခါသွားပြီး၊ ဤလျှပ်စီးကြောင့် မြေပြင်သည် ပျက်သုဉ်းသွားရသည်။

"လျှပ်စီးအလုံးလား။ ငါ့အတွက် ခွဲပစ်လိုက်စမ်း…"

ချင်ယွင်၏ ပါးစပ်ထောင့်စွန်းတွင် အပြုံးတစ်ခု ပေါ်လာသည်။ ချင်ယွင်၏ လက်ဖဝါးမှ စူးရှသော အငွေ့အသက်သည် ချက်ချင်း ပျံ့နှံ့ထွက်ပေါ်လာသည်။ ချင်ယွင်၏ လက်ဖဝါးတစ်ခုလုံးကို အစိမ်ရောင်အလင်းဖြင့် ဖုံးလွှမ်းသွားသည်။ ချင်ယွင်၏ လက်ဖဝါးသည် ဓားသွားကဲ့သို့ ထက်မြက်လာခဲ့သည်။

ဝှီး….။

ချင်ယွင်သည် သူ၏ လက်ဖဝါးကို ဓားသွားအဖြစ် အသုံးပြုကာ တိုက်ရိုက် ခုတ်ပိုင်းလိုက်သည်။

ချင်ယွင်၏ဓားပုံစံ ခုတ်ပိုင်းမှုအောက်တွင် လျှပ်စီးအလုံးသည် ချက်ချင်း ကွဲသွားသည်။ လျှပ်စီးများသည် နေရာအနှံ့ လျှပ်တပြက် လင်းလက်သွားပြီး ပတ်ဝန်းကျင် မြေပြင်သည် ချက်ချင်း ပေါက်ကွဲသွားသည်။

"အယ်…”

ထိုမြင်ကွင်းကို မြင်လိုက်ရတော့၊ နိုင်းယွန်၏ မျက်နှာက အံ့အားသင့်သွားပုံ ရပါသည်။ သူ၏လျှပ်စီးအလုံးသည် မည်သို့ လွယ်လွယ်ကူကူဖြင့် ကွဲသွားနိုင်ရသနည်း..?။

ဘေးမှာရပ်နေသော ယွန်လင်းသည်ပင် အံ့သြသွားသည့် အမူအရာကို ဖြစ်ပေါ်နေသည်။ စီနီယာအစ်ကို နိုင်းယွန်၏ လျှပ်စီးဖျက်ဆီးခြင်းနိယာမသည် မည်မျှ အစွမ်းထက်သည် ကို သူမ သိပါသည်။ သာမန် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထွတ်အထိပ် အဆင့် ကျွမ်းကျင်သူများပင်လျှင် သူ၏လျှပ်တပြက် လျှပ်စီးအလုံးကို အတင်းအကျပ် ခံယူဝံ့မည် မဟုတ်ပေ။

သို့သော် ချင်ယွင်သည် လျှပ်စီးအလုံးကို လက်ဖဝါးတစ်ဖက်တည်းဖြင့် လှီးဖြတ်လိုက် သည်။ ယင်းက မည်သို့ ဖြစ်နိုင်ပါသနည်း..?။

"လျှပ်စီးအလုံးက ဒီထက် ဘာမှ မပိုပါဘူး။"

ချင်ယွင်၏ နှုတ်ခမ်းစွန်းများသည် အပြုံးတစ်ခုအဖြစ် တွန့်လိမ်သွားပြီး သူ၏ လက်ဖဝါး နောက်ကျောပေါ်ရှိ (သူ၏လက်ခုံပေါ်ရှိ) ခရမ်းရောင်အလင်းတန်းများသည် စီးဆင်းနေသော အလင်းတန်းများကဲ့သို့ ပြည့်လျှံထွက်နေကာ သူ၏မျက်နှာပေါ်ရှိ နတ်ဆိုးဆန်ဆန် အသွင်အပြင်ကို အနှိုင်းမဲ့ ဝင်းလက်တောက်ပစေသည်။

ဤလျှပ်စီးအလုံးတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများ ပါ၀င်နေသော် လည်း၊ လျှပ်စီးဖျက်ဆီးခြင်းနိယာမနယ်ပယ်၏ ကနဦးဝင်ရောက်ခြင်းအဆင့်သို့ ဝင်ရောက်ထားပြီး ဖြစ်သော သူ့အတွက်၊ ဤလျှပ်စီးအလုံးသည် သူ့ကို အနည်းငယ်မျှ ဒုက္ခမပေးနိုင်ပါ။

"ကြည့်ရတာ၊ တကယ် အစစ်အမှန် အရည်အချင်းကို မပြဘူးဆိုရင်၊ မင်းက တကယ် မာနကြီးတော့မယ့်ပုံပဲ" ချင်ယွင်၏ လှောင်ပြောင်သော စကားကို ကြားလိုက်ရလျှင်၊ နိုင်းယွန်၏ မျက်လုံးများသည် ချက်ချင်းပင် ပြင်းထန်သော ဒေါသများဖြင့် တောက်ပ လာသည်။

"ဒါဆိုလည်း မင်းရဲ့ အရည်အချင်း အစစ်မှန်ကို ဘာလို့ မပြတာလဲ?" ချင်ယွင်က သရော်ဟန်ဖြင့် ရယ်မောကာ ပြောလိုက်သည်။

နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်သူများ မည်မျှ အစွမ်းထက်သည်ကို ကြည့်ရှုရန် ဤအခွင့်အရေးကို သူ ရယူလိုခဲ့သည်။

"မင်းပြောတာနော်၊ ပြီးမှ နောင်တမရမိစေနဲ့။"

နိုင်းယွန်၏ မျက်လုံးများတွင် ဒေါသက ပေါက်ကွဲထွက်ပေါ်နေသည်။ သူ၏ခန္ဓာကိုယ်မှ ပြင်းထန်သော အငွေ့အသက်တစ်ခု ထွက်ပေါ်လာသည်။ ခရမ်းရောင်လျှပ်စီးနဂါးသည် နိုးထလာပြီး နီမြန်းသော မျက်လုံးများကို ဖွင့်လိုက်သကဲ့သို့ ချက်ချင်းပင် အဆုံးမရှိသော အငွေ့အသက်တစ်ခုက ထွက်ပေါ်လာပြီး၊ ကောင်းကင်သို့ ထိုးတက်သွားခဲ့သည်။

ခရမ်းရောင်လျှပ်စီးများသည် နေရာတိုင်းကို ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်ကို တုန်လှုပ်စေ သည်။ ဤအငွေ့အသက်ကြောင့် မြေပြင်သည် ကွဲအက်သွားပြီး အက်ကြောင်းများ တစ်ခုပြီးတစ်ခု ပေါ်လာသည်။

"အား..…”

ကျယ်လောင်သော ဟိန်းဟောက်သံနှင့်အတူ နိုင်းယွန်၏ အငွေ့အသက်သည် ပေါက်ကွဲ သွားပြီး သူ၏ပတ်ဝန်းကျင်ကို မုန်တိုင်းတစ်ခုလို ချက်ခြင်း လွှမ်းမိုးသွားစေသည်။

နိုင်းယွန်သည် တိမ်တိုက်ရောင် ဝတ်ရုံကို ၀တ်ဆင်ထားသည်။ ခရမ်းရောင် လျှပ်စီးကြောင်းများသည် သူ၏ခန္ဓာကိုယ်ပေါ်တွင် စုရုံးလာပြီး ခရမ်းရောင် လျှပ်စီးနဂါးကြီးတစ်ကောင် ဖြစ်ပေါ်လာသည်။ ၎င်းသည် သူ၏နောက်မှာ ထိုင်နေပြီး အဖျက်စွမ်းအင်အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

" ခရမ်းရောင်လျှပ်စီး ဧကရာဇ်နဂါးပညာရပ်..”

ယွန်လင်းသည် အဝေးသို့ ပျံသန်းသွားပြီး၊ အဝတ်အစားများ တဖျပ်ဖျပ်ခတ်ကာ လွင့်ပျံနေပြီး၊ လျှပ်စီးနဂါးများနှင့် လွှမ်းခြုံထားသော နိုင်းယွန်ကို ကြည့်လိုက်သည်။ သူမ၏ မျက်လုံးများသည် လေးစားမူနှင့်အတူ အံ့သြခြင်းတို့ဖြင့် ပြည့်နှက်နေခဲ့သည်။

ခရမ်းရောင်လျှပ်စီး ဧကရာဇ်နဂါးပညာရပ်သည် အင်မော်တယ်တာအိုဂိုဏ်း၏ အစွမ်းထက်သော နည်းပညာရပ်တစ်ခု ဖြစ်သည်။ ၎င်းပညာရပ်သည် ကောင်းကင်နှင့် မြေကြီးရှိ လျှပ်စီးစွမ်းအင် အပြည့်အဝ ထိန်းချုပ်နိုင်သည်။ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးတွင်ပင် ၎င်းကို ထိပ်တန်းအဆင့် နည်းပညာတစ်ခုဟု ယူဆနိုင်သည်။

ထို့အပြင်၊ နိုင်းယွန်သည် လျှပ်စီးဖျက်ဆီးခြင်းနိယာမနှင့် ခရမ်းရောင်လျှပ်စီး ဧကရာဇ် နဂါးပညာရပ်ကို နားလည်ထားခြင်း ဖြစ်သည်။

ချင်ယွင်ကို စူးစိုက်စိုက်စိုက် ကြည့်နေရင်း ခရမ်းရောင်လျှပ်စီးကြောင်းများသည် အသက်ဝင်နေနှင့် တူသည်။ လျှပ်စီးများသည် နိုင်းယွန်၏မျက်လုံးထဲတွင် ရုတ်တရက် ပေါ်လာပြီး၊ အကြည့်တစ်ချက်ဖြင့်ပင်၊ မြင်သူတိုင်း၏ နှလုံးကို တုန်လှုပ်သွားစေသည်။

"အဲဒါကမှ ပျော်စရာကောင်းသေးတယ်။" ချင်ယွင်၏ နှုတ်ခမ်းစွန်းများသည် အပြုံး တစ်ခုဟန် တွန့်ကွေးသွားခဲ့ပြီး၊ သူ၏မျက်လုံးများတွင် တိုက်ခိုက်လိုသည့် စိတ်ဝိညာဉ်က ပေါ်လာပါသည်။

ဤခရမ်းရောင်လျှပ်စီး ဧကရာဇ်နဂါးပညာရပ်ကို သူ အရင်ကတည်းက ကြားဖူးထားပြီး၊ အလွန်အစွမ်းထက်သည်ဟု ဆိုကြသည်။

တစ်စုံတစ်ယောက်သည် ၎င်းပညာရပ်ကို မဟာယာနနယ်ပယ်အထိ ရောက်ရှိပြီး၊ ဖျက်ဆီးခြင်းနိယာမများကို ပြီးပြည့်စုံစွာ ကျွမ်းကျင်သွားသည်နှင့် တစ်ပြိုင်နက် ကောင်းကင်နှင့် မြေကြီးကိုပင် ဖျက်ဆီးနိုင်သော စွမ်းအားများ ရရှိလာပေလိမ့်မည်။ ခရမ်းရောင်နဂါးကြီး ထွက်ပေါ်လာသည်နှင့် တစ်ပြိုင်နက် ကီလိုမီတာ ထောင်ပေါင်း များစွာသည် ဖုန်မှုန့်များအဖြစ်သို့ ပြောင်းလဲသွားမည် ဖြစ်သည်။ (ဤ၌ မဟာယာန နယ်ပယ်ဟူသည် ထိုပညာရပ်ကို ပြီးပြည့်စုံခြင်းအဆင့်ကို ရည်ညွှန်းပါသည်။ ရှေ့မှာတုန်းက တနေရာမှာ ပါခဲ့ဖူးသည်။)

သူ၏ရှေ့ရှိ နိုင်းယွန်သည် ၎င်းပညာရပ်ကို အပေါ်ယံမျှသာ လေ့ကျင့်နိုင်သေးသည်မှာ ထင်ရှားပါသည်။ သူသည် ခရမ်းရောင်လျှပ်စီး ဧကရာဇ်နဂါးပညာရပ်၏ အစောပိုင်း အဆင့်သို့ ဝင်ရောက်နိုင်သေးသည်ဟုသာ ပြောနိုင်ပါသည်။

အင်မော်တယ်ကမ္ဘာရှိ အကောင်းဆုံး ကျင့်ကြံခြင်းပညာရပ်များနှင့် အင်မော်တယ် သိုင်းပညာရပ်များသည် နိယာမများကို နားလည်သဘောပေါက်ရန် လိုအပ်ပါသည်။ နိယာမများကို လုံးလုံးလျားလျား ဆုပ်ကိုင်ထားနိုင်မှသာလျှင် မဟာယာနနယ်ပယ်သို့ ရောက်သည်အထိ ဤကျင့်ကြံခြင်းပညာရပ်များနှင့် သိုင်းပညာရပ်များကို လေ့ကျင့်နိုင် မည် ဖြစ်ပြီး၊ ဤခရမ်းရောင်လျှပ်စီး ဧကရာဇ်နဂါးပညာရပ်သည် ၎င်းတို့အမျိုးစားထဲ တစ်ခုအပါဝင် ဖြစ်သည်။

"မျိုးမစစ်ကောင်၊ ဒီနေ့ ငါ့ရဲ့ ခရမ်းရောင်လျှပ်စီး ဧကရာဇ်နဂါးပညာရပ်ရဲ့ စွမ်းအားကို မင်းကို မြည်းစမ်းခွင့် ပေးမယ်။ ခရမ်းရောင်လျှပ်စီး ဧကရာဇ်နဂါးပညာရပ်အောက်မှာ သေရတဲ့အတွက် မင်းကိုယ်မင်း ဂုဏ်ယူဖို့ လုံလောက်ပါပြီ" နိုင်းယွန်က အေးစက်စက် လေသံဖြင့် ‌မောက်မာစွာ ပြောလိုက်ပြီး၊ သူ၏အကြည့်တွေက တစ်ကမ္ဘာကြီးလုံးကိုပင် မထီမဲ့မြင်ပြုနေသယောင်ပင်။

"အောင်း…”

ထို့နောက်တွင်၊ နိုင်းယွန်၏နောက်မှ ခရမ်းရောင်လျှပ်စီးနဂါးကြီးသည် ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည်လည်း ပျံထွက်သွားသည်။ ၎င်းနဂါးကြီး၏ ခန္ဓာကိုယ်ပေါ်ရှိ ခရမ်းရောင်အကြေးခွံများသည် အသက်ဝင်နေသည် နှင့်တူပြီး ၎င်း၏ခန္ဓာကိုယ်တစ်ခုလုံကို ခရမ်းရောင်လျှပ်စီးကြောင်းများဖြင့် ရစ်ပတ် ထားသည်။ ၎င်းသည် အလွန်မင်း မြင့်မားသော အရှိန်ဟုန်ဖြင့် ချင်ယွင်ဆီသို့ ပျံသန်းလာစဉ် ပြင်းထန်သော အဖျက်စွမ်းအားကို ထုတ်လွှတ်လိုက်သည်။

"နဂါးအစစ်ကိုတောင် ငါက မကြောက်တာ၊ မင်းလို လျှပ်စီးနဂါးလေးကို ငါက ကြောက်ရမှာတဲ့လား?။ ဒီလိုဆိုတော့ ဘယ်သူရဲ့ အဖျက်စွမ်းအားက ပိုအားကောင်းလဲ ကြည့်ရအောင်။" ချင်ယွင်၏ မျက်လုံးများသည် စူးရှသော အရိပ်အယောင်များဖြင့် တောက်ပလာပြီး ချင်ယွင်၏ ခန္ဓာကိုယ်မှ လျှပ်စီအလင်းတစ်ခု ထွက်ပေါ်လာသည်။

ချင်ယွင်၏ ကိုယ်ခန္ဓာမှ အနက်ရောင် လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး၊ အဖျက်စွမ်းအားများက ပျံ့နှံ့သွားသည်။

"အယ်၊ လျှပ်စီးစွမ်းရည် နိယာမကို သူလည်း နားလည်ထားတာလား?" အဝေးမှာရှိနေ သော ယွန်လင်း၏မျက်နှာသည် အံ့အားသင့်သော အမူအရာ ချက်ချင်း ပေါ်လာသည်။

နိုင်းယွန်သည် တီးတိုးရေရွတ်ရင်း၊ သူ၏မျက်ခုံးတွေက ချက်ချင်း တွန့်သွားခဲ့သည်။ "အနက်ရောင်လျှပ်စီးလား..?”။

“ဝှစ်..”

အနက်ရောင်လျှပ်စီးနဂါးကြီးသည် ရုတ်တရက် ဖောက်ထွက်လာပြီး ခရမ်းရောင် လျှပ်စီးနဂါးနှင့် တိုက်ရိုက် တွေ့ဆုံလိုက်သည်။

လျှပ်စီးနဂါးနှစ်ကောင်သည် ထိပ်တိုက်တွေ့ဆုံတွေ့သည့်အခိုက်၊ တစ်ယောက်နှင့် တစ်ယောက် မနာလို ဖြစ်နေပုံရသည်။ သူတို့သည် ချက်ချင်းပင် အချင်းချင်း ကိုက်လိုက်ကြပြီး လုံးထွေးရစ်ပတ်လိုက်ကြသည်။ သူတို့သည် လေထဲတွင် ရုန့်ရင်း ဆန်ခတ် လှုပ်ရှားတိုက်ခိုက်နေကြပြီး၊ သူတို့သည် အခိုက်တန့်ကြာအောင် အမှန်တကယ် လက်ရည်ညီ တိုက်ခိုက်နေကြသည်။

နိုင်းယွန်၏ မျက်ခုံးများသည် တွန့်သွားခဲ့သည်။ သူ၏ ခရမ်းရောင်လျှပ်စီးနဂါးကို ခရမ်းရောင်လျှပ်စီး ဧကရာဇ်နဂါးပညာရပ်ဖြင့် ပေါင်းစပ်ထားခြင်း ဖြစ်ပါသည်။ ၎င်း၏ စွမ်းအားသည် အနှိုင်းမဲ့ အစွမ်းထက်သည်။

သူ၏ရှေ့မှ ဤကောင်စုတ် ပေါင်းစပ်သိပ်သည်းထားသည့် အနက်ရောင် လျှပ်စီးနဂါးသည် သူ၏ ခရမ်းရောင်လျှပ်စီးနဂါးကို အမှန်တကယ် တွန်းလှန်နိုင်ခဲ့သည်။ ယင်းက သူ့ကို အနည်းငယ် လက်မခံနိုင်သလို ခံစားရစေသည်။

ချင်ယွင်သည် ကောင်းကင်ယံတွင် ရစ်ပတ်တိုက်ခိုက်နေကြသော လျှပ်စီးနဂါး နှစ်ကောင်ကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများတွင် အပြုံးရိပ်တစ်ခု ပေါ်လာသည်။

နိုင်းယွန်၏လျှပ်စီးနဂါးသည် အမှန်တကယ်ပင် အလွန်အားကောင်းသော်လည်း ချင်ယွင်၏ အနက်ရောင်လျှပ်စီးသည် ဖရိုဖရဲလျှပ်စီးကြောင်းများ ဖြစ်သည်။ ၎င်း၏ အရည်အသွေးသည် ခရမ်းရောင်လျှပ်စီးကြောင်းထက် လုံး၀ သာလွန်နေပြီး ၎င်းသည် လက်ရည်တူ ကောင်းစွာ တိုက်ထုတ်နိုင်သည်။ ထုံးစံအတိုင်းဆို၊ ဤဖြစ်ရပ်နှင့် ပတ်သက်ပြီး ထူးဆန်းတာမျိုး ဘာတစ်မှ ရှိမနေပါချေ။

ဟုတ်ပါသည်၊ ချင်ယွင်သည် သူ၏လျှပ်စီးများမှ သီးခြားဖြစ်တည်လာသော အပေါင်း အဖော်ကောင်လေး တစ်ယောက်ရှိနေသေးသည်ကို သူ သိပါသည်။ သို့သော် ထိုကောင်လေးသည် သူ၏ထိန်းချုပ်မှုအောက်တွင် ရှိမနေခဲ့ဘဲ မကြာသေးမီကပင် အိပ်မောကျနေခဲ့သည်။ (အနက်ရောင်လျှပ်စီးနဂါးလေးကို ဆိုလိုပါသည်)

အကယ်၍ ထိုကောင်ငယ်လေးသာ တိုက်ခိုက်ခဲ့ပါက၊ သူ၏ရှေ့ရှိ ခရမ်းရောင် လျှပ်စီးနဂါးသည် စက္ကန့်ပိုင်းအတွင်း သေဆုံးသွားမည် ဖြစ်သည်။

သူနှင့် နှိုင်းစာလျှင် နိုင်းယွန်သည် ပြဿနာ ရှာနေသည်။

"ဟမ့်၊ ငါ့ရဲ့ ခရမ်းရောင်လျှပ်စီး ဧကရာဇ်နဂါးပညာရပ်က ထိပ်တန်း နည်းပညာရပ် တစ်ခုပဲ။ ငါ မင်းကို အနိုင်မယူနိုင်ဘူးလို့ ငါ မယုံဘူး။" နိုင်းယွန်သည် ဒေါသတကြီး ဟိန်းဟောက်လိုက်သည်။

သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးကြောင်းများက တဖန် မြင့်တက်လာခဲ့ပြီး၊ ကြောက်မက် ဖွယ် လျှပ်စီးစွမ်းအားနှင့် ဖျက်စီးခြင်း၏ အငွေ့အသက်က ချက်ချင်း ဆိုသလို ထွက်ပေါ်လာပြန်သည်။

ကောင်းကင်ယံတွင် ရစ်ပတ်တိုက်ခိုက်နေကြသော ခရမ်းရောင် လျှပ်စီးနဂါး၏ ခန္ဓာကိုယ်သည် ချက်ချင်းကြီးဆိုသလို ကြီးမားလာသည်။ ၎င်းသည် ၎င်း၏ပါးစပ်ကြီးကို ဖွင့်ကာ ချင်ယွင်၏ အနက်ရောင်လျှပ်စီးနဂါးကို ကိုက်လိုက်သည်။

အနက်ရောင်လျှပ်စီးနဂါးသည် မခုခံနိုင်တော့ဘဲ ပေါက်ကွဲသွား၏။

"ဟား..၊ ဟား….၊ နောက်ဆုံးမှာတော့၊ မင်းရဲ့လျှပ်စီးစွမ်းအားက ငါ့ကို အနိုင်ယူနိုင်မှာ မဟုတ်ဘူး။" နိုင်းယွန်က ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး သူ၏ရယ်မောသံက အထိန်းကွပ်မဲ့ပြီး ပို၍ပင် ကျယ်လောင်လာသည်။

"ဟုတ်လား?" သို့သော် ယခုအချိန်တွင် ချင်ယွင်၏ ပါးစပ်ထောင့်စွန်းသည် အေးစက်သော အပြုံးတစ်ခုအဖြစ် တွန့်ကွေးသွားခဲ့သည်။

"အောင်း..”

ထိုအချိန်တွင် မြေပြင်အောက်မှ ကြောက်မက်ဖွယ် ဟိန်းဟောက်သံတစ်ချက် ထွက်ပေါ် လာသည်။ ထို့နောက် မြေပြင်တစ်ခုလုံး ပြင်းထန်စွာ တုန်ခါလာသည်။

"မကောင်းတော့ဘူး..” နိုင်းယွန် တစ်ခုခုကို သဘောပေါက်သွားပုံရပြီး သူ၏အမူအရာ က ရုတ်တရက် ကြည့်ရဆိုးသွားသည်။ သူသည် နောက်သို့ အလျင်အမြန် ဆုတ်ပြေး သွားချင်ခဲ့သည်။

"အခုချိန်ကျမှ ထွက်​​ပြေးဖို့က အရမ်း​နောက်​ကျသွားမှာ ​စိုးရတယ်” ချင်ယွင်က ရယ်မောလိုက်သည်။

အနက်ရောင် လျှပ်စီးနဂါးကြီးသည် မြေပြင်ကို ချက်ချင်း ထိုးဖြတ်ပြီး နိုင်းယွန်ကို မျိုချလိုက်လေသည်။

All Chapters