အခန်း ၇၇၅
Vol. 52 Ch. 775
အခန်း (၇၇၅) လေဟာနယ်ချုံ့ခြင်းနိယာမ။
"အား….၊ အား….”။
နိုင်းယွန်သည် သနားစရာကောင်းသော အော်ဟစ်သံဖြင့် အော်ဟစ်လိုက်ပါသည်။
အနက်ရောင်လျှပ်စီးနဂါး၏ ဝါးမျိုချခြင်းကို ခံခဲ့ရပြီးနောက် ကြောက်မက်ဖွယ် ကောင်းသော အနက်ရောင်လျှပ်စီးကြောင်းများက သူ့ကို အရူးအမူး ရိုက်ခတ်သွားကာ၊ သူ၏အရေပြားနှင့် အသားများ ကွဲထွက်ကာ အဆုံးမရှိ နာကျင်မှုကို ခံစားခဲ့ရသည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်သောအခါ၊ သူ၏ပါးစပ်ထောင့်စွန်းမှ အထင်သေးဟန် ထွက်ပေါ်လာသည်။
အစောပိုင်းက၊ သူသည် အနက်ရောင်လျှပ်စီးကို စုစည်းနေစဉ်မှာ၊ အနက်ရောင် လျှပ်စီးကြောင်းကို မြေပြင်ထဲသို့ လျှို့ဝှက်စွာ ဝင်ရောက်စေခဲ့ပြီး၊ နိုင်းယွန် သတိ လက်လွတ်ဖြစ်နေသည့်အချိန်မှာ ပြင်းထန်စွာ ထိုးနှက်တိုက်ခိုက်နိုင်ရန် စောင့်ဆိုင်းနေ ခဲ့သည်။
ယခု နိုင်းယွန်သည် အနက်ရောင်လျှပ်စီးနဂါး၏ ဝါးမျိုချခြင်းကို ခံခဲ့ရပြီး အဆုံးမရှိသော လျှပ်စီးကြောင်းများဖြင့် ရိုက်နှက်ထိမှန်ထားသောကြောင့်၊ ဧရာမလျှပ်စီးနဂါးကြီးထံမှ လွတ်မြောက်ရန် သူ့အတွက် လွယ်ကူမည် မဟုတ်ပေ။
“အား……”
နိုင်းယွန်သည် ထပ်ခါတလဲလဲ အော်ဟစ်နေရသည်။ သူသည် အနက်ရောင် လျှပ်စီးကြောင်းများ၏ တိုက်ခိုက်ခြင်းကို တားဆီးရန် သူ၏ အင်မော်တယ်အနှစ်သာရ ကို အသုံးပြုလိုသော်လည်း သူ၏ အင်မော်တယ်အနှစ်သာရသည် စုစည်းပြီး ပုံသဏ္ဍန် ဖြစ်ပေါ်မလာမီတွင် အနက်ရောင်လျှပ်စီးကြောင်းများကြောင့် ပြိုကွဲသွားခဲ့ရသည်။
"အဆုံးသတ်ဖို့ အချိန်တန်ပြီ။" ချင်ယွင်က နိုင်းယွန်ကို လုံးဝ သတ်ပစ်ချင်သည်ဟန်ဖြင့် အေးစက်စွာ ပြောလိုက်သည်။
သို့သော် ဤအခိုက်တွင် နိုင်းယွန်၏ ခန္ဓာကိုယ်မှ ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းတစ်ခု ထွက်ပေါ်လာသည်။ ထို့နောက်၊ သူ၏ရင်ဘတ်မှ အလင်းတန်း ထောင်ပေါင်းများစွာ ထွက်ပေါ်လာသည်။ ဤအလင်းတန်းများအောက်တွင် သူ၏ ခန္ဓာကိုယ်ကို ဖုံးအုပ်ထားသော အနက်ရောင်လျှပ်စီးနဂါးကြီးသည် ပေါက်ကွဲ ထွက်သွား ပြီး နိုင်းယွန်၏ ရုပ်အသွင်ပြင်သည် လေထဲတွင် တစ်ဖန် ပေါ်လာသည်။
နိုင်းယွန်၏ ခန္ဓာကိုယ်ပေါ်ရှိ တိမ်လွှာဝတ်ရုံသည် အစိပ်စိပ်မွှာမွှာ ဆုတ်ပြဲသွားခဲ့ပြီး၊ သူ၏ခန္ဓာကိုယ်မှာ သွေးများ ရွှဲနစ်နေသည်။ သူသည် အလွန်စိတ်မကောင်းဖွယ် ပုံစံမျိုး ဖြစ်နေခဲ့သည်။
သို့သော်လည်း၊ သူ၏မျက်လုံးအစုံက ချင်ယွင်ကို ဆာလောင်နေသော ဝံပုလွေကဲ့သို့ စိုက်ကြည့်နေပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒ ရှိနေခဲ့သည်။
"မင်းက ငါ့ကို ဒီလိုအခြေအနေမျိုးထိရောက်အောင် တွန်းပို့နိုင်ခဲ့တဲ့ ပထမဆုံးသူပဲ၊ ဒါပေမယ့်၊ အခုတော့ အရာအားလုံး အဆုံးသတ်သွားခဲ့ပြီ၊ ဘာလို့ဆို မကြာခင် မင်း သေရတော့မှာမိုလိုပဲ" နိုင်းယွန်သည် သူ၏ပါးစပ်ထောင့်တွင် သွေးများစွန်းထင်းနေရင်း၊ ထိုစကားကို ပြောလိုက်သည်။ သူ၏လေသံတွင် ပြင်းထန်သော သတ်ဖြတ်လို စိတ်များဖြင့် ပြည့်နှက်နေခဲ့သည်။
ထိုစကားကို ပြောပြီးနောက် သူ၏ရင်ဘတ်ပေါ်မှ အလင်းတန်းများသည် တစ်ဖန် ပြန်လည် ထွက်ပေါ်လာခဲ့ပြီး သူ၏ခန္ဓာကိုယ်မှ ကြောက်မက်ဖွယ်ရာ မမြင်နိုင်သော စွမ်းအင်လှိုင်းအတက်အကျတစ်ခု ထွက်ပေါလာသည်။
"အဲဒါ ဖြစ်နိုင်မလား..?" ချင်ယွင်၏ အမူအရာသည် လေးနက်လာသည်။
ဤမမြင်နိုင်သော စွမ်းအင်အတက်အကျလှိုင်းမှ သူသည် သေခြင်းတရား၏ အငွေ့အသက်ကို ခံစားနိုင်ပြီး မမြင်နိုင်သော ဖိအားတစ်ခုက ချင်ယွင်အပေါ်သို့ ဖိနှိပ်ကျရောက်လာခဲ့သည်။
"သေလိုက်တော့၊ လေဟာနယ်လှောင်အိမ်" နိုင်းယွန်သည် အေးစက်စက်အော်သံကို ထုတ်ဖော်လိုက်သည်။
ထို့နောက်တွင်၊ ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် သိသိသာသာ ကျဉ်းမြောင်းသွားသလို ခံစားလိုက်ရသည်။ ထို့နောက် အရပ်မျက်နှာအသီးသီးမှ ပြင်းထန်သော ဖိအားတစ်ခု ထွက်ပေါ်လာပြီး သူ၏အပေါ် ပြင်းထန်စွာ ဖိအားပေးလာ ခဲ့သည်။
"လေဟာနယ်နိယာမလား..? လေဟာနယ်ကို ချုံ့ခြင်းမလား?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သွားသော အမူအရာကို ထုတ်ပြလာသည်။
လေဟာနယ်နှင့် အချိန်နိယာမများသည် သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ လေနှင့် လျှပ်စီးတို့၏ စွမ်းရည်ခုနစ်ပါးကို လွှမ်းမိုးနိုင်သော နိယာမနှစ်ခု ဖြစ်ပါသည်။
လေဟာနယ်နိယာမကို လေဟာနယ်တွန့်ခေါက်ခြင်းနှင့် လေဟာနယ်ချုံ့ခြင်းဟူ၍ နှစ်မျိုး ခွဲခြားထားသည်။
တစ်စုံတစ်ယောက်သည် ၎င်းနိယာမများကို နားလည်သဘောပေါက်ပြီးသည်နှင့် ထိုလူ သည် ပြင်းထန်သော တိုက်ခိုက်ရေး စွမ်းအားကို ပိုင်ဆိုင်လိမ့်မည်။ သူသည် အဆင့်တူခြင်းတွင် ပြိုင်ဘက်ကင်း တည်ရှိမူဖြစ်နေမည်မှာ သေချာပါသည်။
နိုင်းယွန်သည် လျှပ်စီးစွမ်းရည် ဖျက်ဆီးခြင်းနိယာမအပြင်၊ လေဟာနယ်ချုံ့ခြင်း နိယာမကိုလည်း နားလည်နိုင်လိမ့်မည်ဟု ချင်ယွင်သည် မည်သည့်အခါ ထင်မထားခဲ့ ပေ။
၎င်းသည် နိယာမနယ်ပယ်သို့ ဝင်ရောက်စ ကနဦးအဆင့်မျှသာ ဖြစ်ခဲ့သော်လည်း ၎င်း၏ စွမ်းအားမှာ အနှိုင်းမဲ့ ကြီးမားလှသည်။
ချက်ချင်းပင်၊ ချင်ယွင်သည် သူနေထိုင်ရာနေရာသည် ရုတ်တရက် ကျုံ့သွားသကဲ့သို့ အနီးပတ်ဝန်းကျင်မှ ပြင်းထန်သော ဖိအားတစ်ခု ထွက်လာသည်ကို ခံစားလိုက်ရသည်။
သူ၏ခန္ဓာကိုယ်သည် ကြေမွလာပြီး၊ သူ၏အရေပြားထဲမှ သွေးတွေ စိမ့်ထွက်လာသည်။ သူ၏ အတွင်းအင်္ဂါများအားလုံးသည် ပြင်းထန်စွာ ဖိသိပ်ခံထားရသောကြောင့် ချင်ယွင်သည် အလွန်နာကျင်စွာ ခံစားရသည်။
'ဟား….၊ ဟား….၊ ငါ မူလကတော့ ငါ့ရဲ့ လေဟာနယ်ချုံ့ခြင်းနိယာမကို ထုတ်ဖော် မပြသချင်ပေမယ့်၊ မင်းက သေချင်နေမယ်လို့ မမျှော်လင့်ထားခဲ့ဘူး။ မင်းက ငါ့ကို လှုပ်ရှားဖို့ အတင်းကြပ် တောင်းဆိုခဲ့တယ်။ ငါ ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်း အခုသိပြီ မဟုတ်လား။ အခု မင်းကို မင်းရဲ့ ခန္ဓာယ်ကိုယ်ကနေ သွေးတွေအကုန်ထွက်ပြီး မင်းကို အသားတုံးဖြစ်သည်အထိ ငါ ညှစ်သတ်တော့မယ်။" နိုင်းယွန်သည် အသံကျယ်လောင်စွာ ရယ်မောလိုက်သည်။
ချင်ယွင်သည် သူ၏သွားတွေကို တင်းကြပ်စွာ ကိုက်လိုက်သည်။ သူ၏တစ်ကိုယ်လုံး ကြေမွသွားတော့မည်ဟု ခံစားနေရသည်။ အကယ်၍၊ ဤအတိုင်းသာ ဆက်သွား နေမည်ဆိုလျှင်၊ နိုင်းယွန်ပြောသည့်အတိုင်း သူသည် အမှန်တကယ် အသားရွံ့အိုင် အဖြစ် ပြောင်းလဲသွားပါလိမ့်မည်။
သူသည် လျှို့ဝှက်ဆန်းကြယ် အဝါရောင်နတ်ဆိုးပညာရပ်၏ ကာကွယ်မှုကို ရရှိထား သော်လည်း၊ သူသည် အသားငါးပိဖြစ်သည်အထိ ကြိတ်ခံရလိမ့်မည်။ သူသည် ဤကဲ့သို့ မသေဆုံးချင်ပေ။
"ဟမ့်၊ ငါ ဒီလေဟာနယ်ကို မချိုးဖြတ်နိုင်ဘူးလို့ ငါ မယုံဘူး" ချင်ယွင်၏ မျက်လုံးများ သည်လည်း အမျက်ဒေါသများဖြင့် ဝင်းလက်တောက်ပလာသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးစွမ်းအင်များသည် တစ်ဖန်ပြန်လည် မြင့်တက်လာခဲ့ပြီး သူ့အား ပိတ်မိနေသော ပတ်ဝန်းကျင်ရှိ လေဟာနယ်ကို ဖြတ်ကျော်ကြည့်ချင်သည်။
သို့သော်၊ သူ၏အနက်ရောင်လျှပ်စီးကြောင်းများသည် လေဟာနယ်ကို ထိမှန်သောအခါ၊ ၎င်းသည် လေဟာနယ်ကို အနည်းငယ် တုန်လှုပ်စေရုံသာစွမ်းနိုင်ခဲ့ပြီး၊ လေဟာနယ် နံရံများကို အမှန်တကယ် မချိုးဖျက်နိုင်ခဲ့ပေ။
"ဟား….၊ ဟား….၊ အဲဒါက အသုံးမဝင်ဘူး။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် အောက်ရှိ ဘယ်သူမှ ငါ့ရဲ့ လေဟာနယ်လှောင်အိမ်ကို ချိုးဖျက်လို့ မရနိုင်ဘူး။ မင်း လိုလိုလားလားနဲ့ သေဆုံးသင့်တယ်။" နိုင်းယွန်က ဟက်ဟက်ပက်ပက် ရယ်လိုက်သည်။
ထိုစကားကို ကြားလိုက်ရလျှင်၊ ချင်ယွင်၏ မျက်ခုံးတွေက နောက်တစ်ကြိမ် တွန့်သွားခဲ့ သည်။
ယခုအချိန်တွင်၊ ချင်ယွင်၏အနီးရှိ လေဟာနယ်သည် အလွန်အမင်း ကျဉ်းမြောင်းသွား ခဲ့ပြီ။ ချင်ယွင်၏ ခန္ဓာကိုယ်သည် ဖိအားကြောင့် လုံးဝ ပုံစံပျက်ယွင်းသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်မှ သွေးများ အဆက်မပြတ် စိမ့်ထွက်လာပြီး သူ၏တစ်ကိုယ်လုံးသည် သွေးထွက်နေသော သွေးလူသားအဖြစ်သို့ လုံးဝ ပြောင်းလဲနေခဲ့ပြီ။
မှန်ပါသည်၊ ဤသည်မှာ လေဟာနယ်ချုံ့ခြင်းနိယာမ၏ ကြောက်စရာကောင်းသော အပိုင်းဖြစ်ပါသည်။
အရိပ်မဲ့ပြီး မမြင်နိုင်သော သတ်ဖြတ်ခြင်း၊ ၎င်းသည် တစ်လက်မအတွင်း သေဆုံးသွား နိုင်သည်။
ထို့အပြင်၊ ဤလေဟာနယ်လှောင်အိမ်သည် လေဟာနယ်ချုံ့ခြင်းနိယာမ၏ အခြေခံ အကျဆုံး အသုံးချမှုတစ်ခုသာ ဖြစ်ပါသေးသည်။ လေဟာနယ်ချုံ့ခြင်းနိယာမကို သေးငယ်သော အောင်မြင်မူအဆင့်ကို နားလည်သဘောပေါက်ပြီးသည်နှင့် ၎င်းတို့သည် လေဟာနယ်၏စွမ်းအားကို အလိုရှိတိုင်း အသုံးပြုနိုင်သည်။ သို့မှသာ ၎င်းတို့သည် မမြင်နိုင်သောသတ်ဖြတ်သူများ အမှန်တကယ် ဖြစ်လာနိုင်ပါမည်။
ဥပမာအားဖြင့်၊ သင် တနေရာမှာ ရပ်နေသောအခါ၊ သင်၏ရှေ့မှ လေဟာနယ်သည် သင့်ကို ချက်ချင်းဆိုသလို သင့်ကို ထစ်ခြမ်းခွဲနိုင်သော ဓားတစ်ချောင်းအဖြစ် ရုတ်တရက် ချုံ့သွားနိုင်ပါသည်။ တခါတရံမှာဆို၊ သင် တုံ့ပြန်ဖို့ အချိန်မရသေးခင်မှာပင် သင်သည် သေသွားခဲ့ပါပြီ။
"မဟုတ်ဘူး၊ ငါ ဒီလေဟာနယ် လှောင်အိမ်ကို ဖောက်ဖျက်ဖို့ နည်းလမ်းတစ်ခုခုကို စဉ်းစားရလိမ့်မယ်" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။ သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသော နာကျင်မှုသည် သူ၏ခေါင်းကို ထုံကျင်စေသည်။
"ငါ့အတွက် ချိုးဖျက်လိုက်စမ်း…။" ချင်ယွင်သည် သူ၏ လေစွမ်းရည် ဆုတ်ဖြဲခြင်း စွမ်းအားဖြစ်သော ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်း နိယာမကို လေဟာနယ်လှောင်အိမ် အား ဆုတ်ဖြဲရန် အသုံးပြုလိုက်သည်။ သို့သော် သူ၏ ဆုတ်ဖြဲနိုင်သော စွမ်းအားသည် လေဟာနယ်လှောင်အိမ်အား လုံးဝ မလှုပ်ခါနိုင်ပေ။ ဤလေဟာနယ်လှောင်အိမ်သည် သူထင်ထားတာထက် အများကြီး ပိုသန်မာနေသည်။
"ဒီသုံးစားမရတဲ့ လေဟာနယ်ဖိအားနိယာမလေးကများ…" ချင်ယွင်၏ မျက်လုံးများ တွင် စိတ်မရှည်ဟန်ဖြင့် အမျက်ဒေါသက ထွက်ပေါ်လာသည်။
သူ၏နိယာမများအပေါ် နားလည်သဘောပေါက်မှုသည် အနည်းငယ် အားနည်းနေသေး သည်။ အကယ်၍ သူသည် ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်းနိယာမကို နားလည်ပြီး သေးငယ်သောအောင်မြင်မူအဆင့်သို့ ရောက်ရှိနိုင်ခဲ့ပါက၊ သူသည် ဤလေဟာနယ် လှောင်အိမ်ကို ဆုတ်ဖြဲပစ်နိုင်မည် ဖြစ်သည်။
"ဟား…၊ ဟား….၊ မင်း ဒီလေဟာနယ်လှောင်အိမ်ကို ချိုးဖျက်လို့မရဘူးလို့ အရင်က ငါ ပြောခဲ့သားပဲ။ အခု ငါ မင်းကို အသားငါးပိအဖြစ် လုံးလုံးလျားလျား ပြောင်းလဲပစ်ချင် နေပြီ။" နိုင်းယွန်က ရက်စက်စွာ ပြုံးလိုက်သည်။ သူသည် လက်တစ်ဖက်ကို ဆန့်ထုတ် လိုက်ပြီး တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်လိုက်တော့မည်။
တစ်ချိန်တည်းမှာပင်၊ ချင်ယွင်သည် လေဟာနယ်လှောင်အိမ်အပေါ် ဖိအားများ အလွန် တိုးမြင့်လာသည်ကို ခံစားလိုက်ရသည်။ နိုင်းယွန်သည် သူ၏လက်သီးတွေကို ဆုပ်လိုက်သည်နှင့်၊ သူသည် အသားငါးပိအဖြစ် ချက်ချင်း ပြောင်းသွားလိမ့်မည်ဟု သူ ယုံကြည်သည်။
"သေလိုက်တော့..?။ နိုင်းယွန်သည် ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ဖဝါးကို ချက်ချင်းဆိုသလို တင်းတင်းကြပ်ကြပ် ဆုပ်လိုက်သည်။
"ကြည့်ရတာ ငါ ဒါကိုပဲ လုပ်နိုင်တော့မယ့်ပုံပဲ။" ချင်ယွင်၏ မျက်လုံးများတွင် ရက်စက်ကြမ်းကြုတ်မှု အရိပ်အယောင် ပေါ်လာသည်။
ဝှီး…။
လေဟာနယ်လှောင်အိမ်သည် ချက်ချင်းကျုံ့သွားပြီး နှမ်းစေ့အရွယ်အထိ ကျုံ့သွားခဲ့ သည်။
သို့သော်လည်း ချင်ယွင်၏ရုပ်အသွင်ပြင်သည် လေဟာနယ် လှောင်အိမ်ထဲမှ ပျောက်ကွယ်သွားခဲ့သည်။
"အယ်၊ ဘာလို့ ဒီလိုဖြစ်နေတာလဲ?" ချင်ယွင်ပျောက်ကွယ်သွားသော နေရာကို လှမ်းကြည့်ရင်း နိုင်းယွန်၏ မျက်လုံးများသည် ပြူးကျယ်သွားသည်။ သူ၏မျက်နှာတွင် မယုံကြည်နိုင်သော အရိပ်အယောင်တစ်ခု ပေါ်လာသည်။ ချင်ယွင်သည် အဘယ် ကြောင့် ရုတ်တရက် ပျောက်ကွယ်သွားရသည်ကို သူ နားမလည်ပါ။
"မင်း ငါ့ကို ရှာနေတာလား?" ထိုအချိန်တွင် ချင်ယွင်၏ နောက်ပြောင်သော အသံက နိုင်းယွန်၏ နားထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်၏ရုပ်အသွင်ပြင်သည် သူ ပျောက်ကွယ်သွားသည့် နေရာတွင် ပြန်လည် ပေါ်လာသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရတော့ နိုင်းယွန်၏မျက်နှာက အံ့သြသွားသည့် အမူအရာ ချက်ချင်း ပေါ်လာတယ်။ သူသည် လေဟာနယ်လှောင်အိမ်ကို ကမန်းကတန်း ပြန်ဖွင့် လိုက်သော်လည်း နောက်ဆုံးရလာဒ်မှာ အတူတူပင်။
ချင်ယွင်သည် သူ၏လေဟာနယ်ချုံ့ခြင်းနိယာမကို ရှောင်ရှားရင်း တဖန် ပျောက်ကွယ် သွားခဲ့ပြန်သည်။