← Chapters

အခန်း ၇၇၇

Vol. 52 Ch. 777

အခန်း ၇၇၇

Vol. 52 Ch. 777

အခန်း (၇၇၇) လေးနက်သောနှလုံးသား ရှင်ပြန်ထမြောက်ခြင်း။

"မိုးပြာရောင်နဲ့ အပြာရောင်လား?”။ ချင်ယွင်သည် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်မိသည်။

စိတ်ဝိညာဉ်အလင်းလုံး၏ အရောင်သည် ထိုစွမ်းရည်အပေါ် မြင့်မားသော အဆင့်ထိ နားလည်မှုရှိသည်ဟု ဆိုလိုပါသည်။ ပုံမှန်အားဖြင့်၊ စိတ်ဝိညာဉ်အလင်းလုံးများတွင် စွမ်းရည်တစ်မျိုးသာ ရှိပါသည်။ စွမ်းရည်နှစ်ခု သို့မဟုတ် သုံးခုရှိသော လူများသည် အလွန်ရှားပါးသော တည်ရှိမှုများ ဖြစ်ကြပါသည်။

ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်အလင်းလုံးပေါ်တွင် စွမ်းရည်နှစ်မျိုး ဖြစ်ပေါ်နေပြီး၊ ၎င်းသည် အနာဂတ်တွင် သူမသည် လေစွမ်းရည်နှင့် ရေစွမ်းရည်နိယာမတို့ကို နားလည် နိုင်ကြောင်း ညွှန်ပြနေပါသည်။

ဟုတ်ပါသည်၊ ချင်ယွင်ကဲ့သို့ စွမ်းရည်ခုနစ်မျိုးပါရှိသော စိတ်ဝိညာဉ်အလင်းလုံးသည် နှစ်သန်းပေါင်းရာနှင့်ချီ၍ပင် ပေါ်လာလိမ့်မည် မဟုတ်ပေ။

ချင်ယွင်သည် ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်အလင်းလုံးဆီသို့ ဖြည်းညှင်းစွာ လျှောက်လာ ခဲ့သည်။ ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်အလင်းလုံးသည် ယခုအခါ၊ သနားစဖွယ်ကောင်း အောင် အလွန်သေးငယ်လွန်းပြီး၊ လက်သီးဆုပ်အရွယ်မျှသာ ရှိပါသည်။

အချိန်တစ်ခုကြာပြီးနောက်၊ လုံးဝ ပျောက်ကွယ်သွားမည်ကိုပင် စိုးရိမ်ရပါသည်။ ထိုအချိန်တွင်၊ အသက်ရှင်နေသော အထွက်ထိပ်ဉသျှောင်သခင်တစ်ဦးပင်လျှင်၊ ကျန်းရွှန်ရှင်းကို ကယ်တင်နိုင်တော့မည် မဟုတ်ပေ။

ချင်ယွင်သည် ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်အလင်းလုံးကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများတွင် နာကျင်ခြင်းအရိပ်အယောင်များ ပေါ်လာသည်။

သူ၏ စိတ်ဝိညာဉ်ကိုယ်ပွားသည် လက်တစ်ဖက်ကို ဖြည်းညှင်းစွာ ဆန့်ထုတ်လိုက်ပြီး ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်အလင်းလုံးကို ထိလိုက်ပါသည်။

ဘန်း..။

ချင်ယွင်၏ စိတ်ဝိညာဉ်ကိုယ်ပွားနှင့် ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်အလင်းလုံးသည် တစ်ချိန်တည်းတွင် ချက်ချင်းပင် တုန်ခါသွားကြသည်။ ထို့နောက်၊ ချင်ယွင်၏ စိတ်ဝိညာဉ်ကိုယ်ပွားသည် ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်အလင်းလုံးထဲသို့ လုံးလုံး လျားလျား ပေါင်းစည်းနေသည်ကို တွေ့လိုက်ရသည်။

ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်အလင်းလုံး၏ နက်ရှိုင်းလှသောအရပ်မှာ ကျန်းရွှန်ရှင်းနှင့် အတိအကျ တစ်ထပ်တည်းတူညီသည့် အမျိုးသမီးတစ်ယောက်သည် နက်နက်ရှိုင်းရှိုင်း အိပ်ပျော်နေပါသည်။

ဤသည်မှာ ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်၏ မူလအရင်းမြစ်ဖြစ်သလို ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်လည်း ဖြစ်ပါသည်။

ချင်ယွင်၏ စိတ်ဝိညာဉ်ကိုယ်ပွားသည် ထိုအမျိုးသမီး၏အနားတွင် ပေါ်လာသည်။ သူ၏ရှေ့မှာ အိပ်ပျော်နေသော အမျိုးသမီးကို ကြည့်လိုက်ရင်း သူ၏အကြည့်တွေက ချက်ချင်း နူးညံ့သိမ်မွေ့လာသည်။

"ရွှန်ရှင်း၊ မင်းကိုကယ်ဖို့ ငါ ရောက်လာခဲ့ပြီ။ မင်း ကြားရဲ့လား?" ချင်ယွင်က ထိုအမျိုးသမီးအား ပြောသည်။

အမျိုးသမီး၏ မျက်တောင်များသည် အနည်းငယ် လှုပ်ခတ်သွားသော်လည်း မဖွင့်နိုင်ပေ။

ထိုမြင်ကွင်းကို မြင်တော့ ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်သည် အရမ်းကို အားနည်းနေမှန်း ချင်ယွင် သိလိုက်သည်။ သူမ သတိမေ့မြောသွားရသည့် အကြောင်းရင်းကတော့ သူမ၏ စိတ်ဝိညာဉ်သည် အလွန်ပျက်စီးနေခဲ့ပြီး၊ ပြန်လည် မနိုးထနိုင်တော့ကြောင့် ဖြစ်သည်။

ကျန်းရွှန်ရှင်း နိုးထလာနိုင်ရန် သူမစိတ်ဝိညာဉ်ကို ဦးစွာ ကုသရပေမည်။

ချင်ယွင်သည် တုံ့ဆိုင်းမနေတော့ဘဲ အိပ်ပျော်နေသော အမျိုးသမီး၏ အနားတွင် လွင့်မျောကာ သူမ၏ နှုတ်ခမ်းများကို ဖြည်းညှင်းစွာ နမ်းလိုက်သည်။

ဘန်း…။

ချင်ယွင်၏ စိတ်ဝိညာဉ်ကိုယ်ပွား၏ နှုတ်ခမ်းများသည် ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်ကို ထိလိုက်သည့်အခိုက်တွင် ချင်ယွင်သည် သူ့ခန္ဓာကိုယ် တုန်လှုပ်သွားသလို ခံစားလိုက်ရ သည်။ သူ၏နှုတ်ခမ်းမှ ထွက်ပေါ်လာသော သက်ရောက်မူက သူ့အား မကြုံစဖူး နှစ်သိမ့်မှု ခံစားရစေသည်။

စိတ်ဝိညာဉ်သည် မူလကတည်းက လူတစ်ဦး၏ အထိခိုက်မခံနိုင်ဆုံး အစိတ်အပိုင်း တစ်ခု ဖြစ်သည်။ ယခု ချင်ယွင်နှင့် ကျန်းရွှန်ရှင်းတို့၏ စိတ်ဝိညာဉ်များသည် အချင်းချင်း ထိမိသွားကြသည်။ သူတို့နှစ်ဦးသည် မထင်မှတ်ဘဲ လိုက်လျောညီထွေ ဖြစ်မူကို အတိုင်းအတာတစ်ခုအထိ ရောက်ရှိသွားခဲ့သည်။

ဘန်း…။

စိတ်ဝိညာဉ်ပြန်သွင်းခြင်းဆေးလုံး၏ ဆေးဖက်ဝင်စွမ်းအားသည် ချင်ယွင်၏ နှုတ်ခမ်းမှ တဆင့် ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်ဆီသို့ ဖြည်းညှင်းစွာ ပျံ့နှံ့သွားခဲ့သည်။

ဤအခိုက်အတန့်တွင်၊ ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်သည် နောက်ဆုံးတွင် တုံ့ပြန်လာခဲ့ သည်။ သူမသည် သူမလက်များကို ဖြည်းညှင်းစွာဖွင့်ကာ ချင်ယွင်၏ စိတ်ဝိညာဉ် ကိုယ်ပွားကို ပွေ့ဖက်လိုက်လေသည်။

ထိုအချိန်တွင် ချင်ယွင်သည် သူ၏ စိတ်ဝိညာဉ်သည် အရည်ပျော်သွားသလို ခံစားလိုက်ရ၏။ ဖော်မပြနိုင်သော ကျေနပ်နှစ်သိမ့်မှုတစ်ခုက သူ၏ စိတ်ဝိညာဉ်တစ်ခု လုံးကို ပြည့်လျှံသွားစေပြီး လုံးလုံးလျားလျားပင် မူးဝေသွားစေသည်။

ဤကဲ့သို့ပင်၊ ချင်ယွင်၏စိတ်ဝိညာဉ်ကိုယ်ပွားနှင့် ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်တို့သည် လုံးလုံးလျားလျား ပေါင်းစပ်သွားပြီး၊ ထိုပေါင်းစပ်နေခြင်း ဖြစ်စဉ်အတွင်းမှာ ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်သည် ပိုမိုအားကောင်းလာသည်။

အချိန်အနည်းငယ် ကြာပြီးနောက်၊ ချင်ယွင်သည် သူ၏မူးယစ်ခြင်းမှ အသိအာရုံကို ခံစားလာရသည်။ သူ၏မျက်လုံးများကို ဖမ်းစားလိုက်သည်မှာ လှပသော အပြုံးမျက်နှာတစ်ခု ဖြစ်နေသည်။

"ရွှန်ရှင်း နိုးလာပြီလား?။" ချင်ယွင်၏ မျက်နှာပေါ်တွင် ချက်ချင်းပင် စိတ်လှုပ်ရှားနေ သော အပြုံးတစ်ခု ပေါ်လာသည်။

"အင်း၊ ယောင်္ကျား၊ ငါနိုးလာတာနဲ့ မင်းကို ပထမဆုံးတွေ့ရတာ ကောင်းလိုက်တာ။" ကျန်းရွှန်ရှင်းက ပြုံးပြီး ပြောသည် ။

အနည်းငယ် လှုပ်ရှားမှုကြောင့် ချင်ယွင်သည် သူ၏ခန္ဓာကိုယ် တုန်လှုပ်သွားသည်ကို ခံစားလိုက်ရသည်။

ယခုအချိန်တွင် သူ၏စိတ်ဝိညာဉ်ကိုယ်ပွားသည် ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ်ကို တင်းတင်းကျပ်ကျပ် ပွေ့ဖက်ထားဆဲ ဖြစ်သည်။ သူတို့ နှစ်ယောက်ထဲမှ တစ်ယောက် ယောက်က အနည်းငယ် လှုပ်ရှားလိုက်သည်နှင့် ဖော်မပြနိုင်လောက်အောင် စိတ်ကျေနပ်မူကို ခံစားရလိမ့်မည်။

"ယောင်္ကျား ၊ ငါ ဘယ်ရောက်နေတာလဲ?။ ငါ သေသွားပြီဆိုတာကို မှတ်မိပါတယ်” ကျန်းရွှန်ရှင်းသည် မျက်မှောင်ကြုတ်ကာ ခေါင်းစဉ် ပြောင်းလိုက်သည်။

"မင်း မသေသေးပါဘူး။ အခု မင်းက မင်းရဲ့ စိတ်ဝိညာဉ်တစ်ခုအနေနဲ့ပဲ ရှိသေးတယ်။ မင်းရဲ့ စိတ်ဝိညာဉ်ကို မင်းရဲ့ ပင်မရုပ်ခန္ဓာကိုယ်ဆီ ပြန်ဝင်ခွင့်ပြုရဦးမယ်။" ချင်ယွင်က ရှင်းပြသည်။

"စိတ်ဝိညာဉ်လား..?။ ငါတို့က စိတ်ဝိညာဉ်အဖြစ်နဲ့ အချင်းချင်း ပွေ့ဖက်နေကြတယ်လို့ မင်း ပြောနေတာလား?။" ကျန်းရွှန်ရှင်းသည် အံ့သြစွာ မေးလိုက်သည်။

ချင်ယွင်သည် အသက်ပြင်းပြင်း တစ်ချက်ရှူလိုက်ပြီး ပြောသည် "မှန်တယ်။ မဟုတ်ရင်၊ ဒါက ဘယ်လိုလုပ် ဒီလောက်သိမ်မွေ့နေနိုင်မှာလဲ...ဟစ်..."

ယခုလေးတင် သူ၏စိတ်တွေ လှုပ်ရှားနေပြီး၊ ကောင်းကင်သို့ ပျံတက်ချင်သလိုပင် ခံစားလိုက်ရသည်။

ချင်ယွင်၏စကားကို ကြားတော့ ကျန်းရွှန်ရှင်းသည် သူ၏မျက်လုံးများကို မှေးကျဉ်းပြီး အချိန်အတော်ကြာ စဉ်းစားပြီးနောက် ပြောလိုက်သည့်စကားကြောင့် ချင်ယွင်သည် ရယ်ရမလား ငိုရမလားပင် မသိတော့ပါချေ။ "ဒါဆို၊ စိတ်ဝိညာဉ်နဲ့ အခုလိုမျိုး လုပ်နိုင်တာက၊ ခန္ဓာကိုယ်အချင်းချင်း ပြုလုပ်ခြင်းထက် ပိုပြီး စိတ်လှုပ်ရှားစရာ ကောင်းပုံရတယ်။ "

"သေချာပါတယ်၊ ရွှန်ရှင်းက ရဲရင့်ဆုံးနဲ့ အထိန်းအကွပ်မရှိဆုံး လူပဲ။" ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

"ခဏနေပါဦး။ ငါက အထိန်းအကွပ်မရှိဆုံး လူလို့ မင်းက ဘာသဘောနဲ့ ပြောရတာလဲ?။ ငါသတိလစ်နေချိန်မှာ မင်း မိန်းမဘယ်နှစ်ယောက်နဲ့ တွေ့ခဲ့လဲ။" ကျန်းရွှန်ရှင်းသည် အမှန်တကယ်ပင် မိန်းမတစ်ဦးဖြစ်ထိုက်ပြီး ချင်ယွင်၏ စကားများမှ အဓိပ္ပာယ် သက်ရောက်သော သတင်းစကားတစ်ခုကို ချက်ချင်း တုန့်ပြန်မေးလိုက်သည်။

ကျန်းရွှန်ရှင်း၏ စကားကိုကြားတော့ ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် ကိုးရိုးကားယား ဖြစ်သွားရသည်။

"ငါ့အစ်မရန်ယွန်နဲ့ ရန်စီချီကို မင်း သိပါတယ်။ မင်ရှီလည်း ရှိသေးတယ်။ ငါတို့ အပြင်ထွက်သွားပြီးရင် မင်းကို ငါ သူတို့နဲ့ မိတ်ဆက်ပေးမယ်။" ချင်ယွင်က ပြောသည်။

"ဟုတ်နေပါပြီ၊ မင်းက ငါ့အိပ်နေတဲ့ချိန်ကို အခွင့်ကောင်းယူပြီး တခြားမိန်းမတွေကို ဆွဲဆောင်ထားတာပဲ။ ငါ့ကို ရိုးရိုးသားသား ပြောစမ်းပါ။ နောက်ထပ် တခြားမိန်းမတွေ ရှိနေသေးလား" ကျန်းရွှန်ရှင်းက စိတ်ဆိုးဟန်ဆောင်ပြီး ပြောလိုက်သည်။

“မရှိပါဘူး။ တကယ်ကို မရှိတော့ပါဘူး။ နောက်တစ်ယောက် ရှိသေးပေမယ့်၊ အဲဒါကလည်း ထည့်တွက်လို့ မရပါဘူး" ချင်ယွင်က ရိုးရိုးသားသားနှင့် အလျင်အမြန် ရှင်းပြလိုက်ရသည်။

"မဟုတ်သေးပါဘူး။ ငါ သတိလစ်ပြီးနောက်ပိုင်း ဖြစ်ပျက်သမျှကို ပြောပြစမ်းပါဦး။" ကျန်းရွှန်ရှင်းက ပြောသည်။

"အပြင်ထွက်ပြီး စကားပြောရအောင်၊ ဒါက တကယ်ကို သည်းမခံနိုင်ဘူးနော်။" ချင်ယွင်က ကူကယ်ရာမဲ့ ပြောသည်။

"မဟုတ်ဘူး၊ ငါသတိလစ်အိပ်ပျော်နေချိန်မှာ မင်း မကောင်းမှု တစ်ခုခုလုပ်ခဲ့ရမယ်။ ဒါကို အစတောင် မဖော်ရဲတော့ဘူးပေါ့။ အခုလက်စားချေဖို့ ငါ့အလှည့် ရောက်ပြီ" ကျန်းရွှန်ရှင်းက ရုတ်​တရက်​ ဆိုးသွမ်းစွာ ရယ်လိုက်​သည်​။ ထိုစကားကို ပြောပြီးနောက် ကျန်းရွှန်ရှင်းသည် ချင်ယွင်ကို ရင်ခွင်ထဲဆွဲသွင်းကာ အသက်ဝင်နေသည့် နွေဦးနန်းတော် မြင်ကွင်းတစ်ခုကို တည်ဆောက်လိုက်လေသည်။

မကြာခင် အချိန်တွေက ကုန်ဆုံးသွားခဲ့ပါသည်။ ချင်ယွင်၏ စိတ်ဝိညာဉ်ကိုယ်ပွားသည် နောက်ဆုံးတွင် ၎င်း၏မူလခန္ဓာကိုယ်သို့ ပြန်လည် ရောက်ရှိသွားခဲ့သည်။ တစ်ချိန်တည်းမှာင်၊ သူ၏လက်ထဲမှာ စိတ်ဝိညာဉ်အနှစ်သာရတစ်ခု ပေါ်လာပါသည်။

ချင်ယွင်က ပြုံးလိုက်ပြီး၊ သူ၏အင်မော်တယ်စိတ်အာရုံဖြင့် ကျန်းရွှန်ရှင်း၏ စိတ်ဝိညာဉ် အနှစ်သာရကို သူမ၏ခန္ဓာကိုယ်ဆီ ပြန်ပို့ရန် လမ်းညွှန်အဖြစ် အသုံးပြုလိုက်သည်။

အချိန်အတော်ကြာ အိပ်ပျော်နေသော ကျန်းရွှန်ရှင်းသည် နောက်ဆုံးတွင် သတိလစ် မေ့မြောရာမှ နိုးထလာခဲ့သည်။ ဟုတ်ပါသည်။ သူမ ပထမဆုံး လုပ်သည့်အရာက ချင်ယွင်၏ ပါးပြင်ကို ဖက်နမ်းလိုက်ခြင်းဖြစ်သည်။ သူမသည် ချင်ယွင်၏အရိုးတွေ ပျော့ခွေသွားစေလောက်သည့် အသံဖြင့် ညင်သာစွာ ပြောလိုက်သည် "ယောင်္ကျား..၊ မင်းမှာ မိန်းမတွေ ဘယ်လောက်ပဲရှိရှိ ငါ မင်းကို ချစ်နေမှာပါ”။

ထိုစကားကို ကြားပြီးနောက် ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် တောက်ပသော အပြုံးကို ထုတ်ဖော်လိုက်သည်။ ယခုလိုယုံကြည်မူမျိုး ရရှိရန်အတွက် သူ့မှာ မည်သည့် ဆွဲဆောင်မူမျိုး ရှိနေသနည်း..?။

ထို့နောက်တွင်၊ ချင်ယွင်သည် ကျန်းရွှန်ရှင်း ကွယ်လွန်ပြီးနောက် ဖြစ်ပျက်ခဲ့သမျှကို ပြောပြသည်။

ချင်ယွင်သည် အင်မော်တယ်ကမ္ဘာသို့ ရောက်ရှိလာသည်ကို ကျန်းရွှန်ရှင်း မအံ့သြမိပေ။ အဘယ့်ကြောင့်ဆိုသော်၊ သူ အင်မော်တယ် ဧကရာဇ်မင်းမြတ်၏ သားတော်တစ်ပါး ဖြစ်ကြောင်းကို ပထမဆုံးသိသည့် လူမှာ သူမဖြစ်သောကြောင့် ဖြစ်ပါသည်။

သို့သော်၊ ချင်ယွင်သည် ကြိမ်ဖန်များစွာ အန္တရာယ်အတွင်း ကျရောက်ခဲ့ရသည်ကို သူမ ကြားလိုက်သောအခါတွင် သူမ မထိန်းနိုင်ဘဲ ငိုမိပါသည်။

ကျန်းရွှန်ရှင်းနှင့်အတူ အချိန်အတော်ကြာအောင် စကားစမြည် ပြောဆိုပြီးနောက်၊ ချင်ယွင်သည် ကျန်းရွှန်ရှင်းကို လျူရန်ယွင် နှင့် အခြားမိန်းကလေး သုံးဦးထံ ခေါ်ဆောင် သွားခဲ့သည်။

လျူရန်ယွင်နှင့် အခြားလူများသည် ကျန်းရွှန်ရှင်း၏ တည်ရှိမှုကို ယခင်ကတည်းက သိရှိထားသောကြောင့် ကျန်းရွှန်ရှင်းအပေါ် အလွန်ကြင်နာကြပါသည်။

ချင်ယွင်သည် မိန်းမလေးယောက် အလွန်သဟဇာတ ဖြစ်နေသည်ကို မြင်လိုက်ရလျှင်၊ သူ၏မျက်နှာတွင် အပြုံးတစ်ခု ပေါ်လာပါသည်။

"ဝိုး..၊ နောက်ထပ် ချောမောလှပတဲ့ မိန်းမအပျိုလေး ရှိသေးတာလား”။ ဆရာကြီး၊ ဆရာကြီးက တကယ်ကို အံ့သြစရာကောင်းတယ်။" ဟောင်ကျင်းလေးက လက်ခုပ် တီးပြီး ရွှင်မြူးနေသည်။

All Chapters