← Chapters

အခန်း ၇၇၈

Vol. 52 Ch. 778

အခန်း ၇၇၈

Vol. 52 Ch. 778

အခန်း (၇၇၈) လေးနက်သိမ်မွေ့သော နှလုံးသားဓား။

ချင်ယွင်သည် ဟောင်ကျင်းလေး၏အသံကို ကြားသောအခါမှသာ ဤကောင်လေး ရှိနေသေးသည်ကို သတိရမိတော့သည်။

ချင်ယွင်သည် သူ့ဘာသာသူ ကျင့်ကြံရန် အလုပ်များနေသောကြောင့် သူသည် ဤကောင်လေးကို ရှဖန်းအား သင်ကြားပေးရန် ထိုးအပ်ထားလိုက်သည်။

ဤကောင်လေးသည် သိုင်းဧကရာဇ်နယ်ပယ်ကို ရောက်ရှိနေပြီ ဖြစ်ပြီး၊ သူ၏အရပ်က အရင်ကထက် အနည်းငယ် ပိုရှည်လာသည်။ သို့သော်လည်း သူ၏ ပင်ကိုယ်စရိုက်က ပြောင်းလဲခြင်းမရှိသေးဘဲ အနည်းငယ် ပြောင်ချော်ချော် နိုင်နေသေးသည် ။

အသက်ဆယ်နှစ်အောက် သိုင်းဧကရာဇ်တစ်ဦးသည် ယခင်က သေမျိုးကမ္ဘာမှာသာ ဖြစ်နေပါက၊ ဧရာမအပြာရောင်ကြယ်ကြီးတစ်ခုလုံးကို တုန်လှုပ်စေမည် ဖြစ်သည်။

ချင်ယွင်ကို အံ့အားသင့်စေသည့် တစ်ခုတည်းသော အရာမှာ၊ သူသည် ရီယွန်ကို အမှန်တကယ် မတွေ့မြင်ရခြင်း ဖြစ်သည်။ သူမသည် အင်မော်တယ်ဘုရင်၏ စံအိမ်ထဲ သို့ နောက်ဆုံးအကြိမ် ဝင်ရောက်လာကတည်းက ရီယွန်သည် ဝိညာဉ်စုစည်းခြင်း အစီအရင်ဝင်္ကပါထဲတွင် ကျင့်ကြံနေခဲ့ကြောင်းသာ သူ သိထားသည်။ ယခု သူမသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့်ကို ဖြတ်ကျော်ပြီး နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်သို့ အပြေးအလွှား ပြေးသွားနေခဲ့သည်။

ထိုစကားကို ကြားပြီးနောက် ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ ရီယွန်သည် ကျင့်ကြံရန် ရွေးချယ်လိုက်ခြင်းက တစ်ယောက်ကို တစ်ယောက် အရှက်ရစေမည့် အနေအထိုင်မျိုး ဖြစ်နေမည်ထက်စာလျှင်၊ ပိုကောင်းပါသည်။

မိန်းမလေးယောက်နှင့် တခဏကြာ စကားပြောပြီးနောက် ချင်ယွင်သည် အင်မော်တယ် ဘုရင်၏ စံအိမ်မှ ထွက်လာခဲ့သည်။

ချင်ယွင်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ထဲမှ ထွက်ခွာပြီးနောက် ဖန်လျှန် တောင်တန်းဆီသို့ အလျင်စလို မသွားခဲ့ပေ။ ယင်းအစား၊ တင်ပျဉ်ခွေထိုင်ပြီး လေစွမ်းရည် နိယာမတွေကို နားလည်အောင် ဆင်ခြင်နေခဲ့သည်။

ယခုတစ်ကြိမ်၊ ကျန်းရွှန်ရှင်း၏ ပြန်လည်ရှင်သန်ထမြောက်ခြင်းက သူ့ကို အလွန် ပျော်ရွှင်စေခဲ့သည်။

ချင်ယွင်သည် အင်မော်တယ်ဘုရင်၏စံအိမ်မှ ထွက်လာစဉ်၊ ချင်ယွင်သည် ရုတ်တရက် စိတ်ဝိညာဉ်အလင်းရောင်ကို ခံစားလိုက်ရသည်။

ချင်ယွင်သည် အဆင့်ချိုးဖျက်တစ်ခု ပြုလုပ်ရန် ရှားပါးသော အခွင့်အရေးဖြစ်သည်ကို သိလိုက်သောကြောင့်၊ သူသည် ဤရုတ်တရက်ဖြစ်ပေါ်လာသော စိတ်ဝိညာဉ် အလင်းရောင်ကို ဖမ်းဆုပ်ချင်ခဲ့သည်။

ချင်ယွင်၏ အနီးတစ်ဝိုက်တွင် နူးညံ့သိမ်မွေ့သော လေလှိုင်းများ မြင့်တက်လာ သော်လည်း ထိုလေလှိုင်းများသည် အနှိုင်းမဲ့ စူးရှထက်မြက်သော အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

အချိန်တွေက တဖြည်းဖြည်း ကုန်လွန်သွားခဲ့ပြီး၊ ချင်ယွင်၏ ဦးခေါင်းထက်မှ ကောင်းကင်ယံသည်ပင် နေ့ခင်းဘက်မှ ညအချိန်ကို ပြောင်းသွားခဲ့သို၊ ညအချိန်ဘက်မှ လည်း နေ့ခင်းဘက်သို့ ပြောင်းသွားခဲ့ပါသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် အချိန်သည် သုံးရက်နှင့်သုံးည ကုန်ဆုံးသွားခဲ့သည်။ ချင်ယွင်သည် တောင်ကုန်းတစ်ခုပေါ်တွင် မလှုပ်မယှက် ဘုန်းကြီးတစ်ပါးကဲ့သို့ တင်ပျဉ်ခွေ ထိုင်နေ၏။

အကယ်၍ တစ်စုံတစ်ယောက်သည် ယခုအချိန် သူ့အနားသို့ ချဉ်းကပ်လာခဲ့မည်ဆိုလျှင်၊ ချင်ယွင်၏ အနီးတဝိုက် လေဟာနယ်ထဲမှာ သေးငယ်သော အက်ကွဲကြောင်းတွေ ဖြစ်ပေါ်လာနေသည်ကို သေချာပေါက် သတိထားမိကြလိမ့်မည်။ ထို့အပြင်၊ အဆိုပါ အက်ကွဲကြောင်းများသည် အဆက်မပြတ် တိုးပွားလာနေပြီး ထူထပ်စွာ ပြည့်ကျပ်နေပါသည်။

ဘန်း…။

ရုတ်တရက်ဆိုသလို၊ ချင်ယွင်သည် ရုတ်တရက် မျက်လုံးပွင့်လာသည်။ သူ၏ မျက်လုံးများမှ စိမ်းပြာရောင်အလင်းတန်းနှစ်စင်း ထွက်ပေါ်လာပြီး အဝေးမှ တောင်ကုန်းတစ်ခုဆီသို့ ပျံသန်းသွားသည်။

စိမ်းပြာရောင် အလင်းတန်းနှစ်စင်းသည် ဖြတ်ကျော်သွားကာ တောင်ကုန်းကို ချက်ချင်းပင် သုံးပိုင်းခွဲပစ်လိုက်သည်။

ထိုမျှသာမကဘဲ၊ စိမ်းပြာရောင် အလင်းတန်းနှစ်စင်းသည် အဝေးသို့ ဆက်လက် ပျံသန်းသွားခဲ့သည်။ ၎င်းတို့ဖြတ်သန်းရာ နေရာတိုင်းရှိ အရာအားလုံးသည် ပြတ်တောက်သွားခဲ့သည်။ အဆုံး၌ ၎င်းတို့သည် လေဟာနယ်ကို ခွဲထုတ်ပြီး အမြင်အာရုံအတွင်းမှ ပျောက်ကွယ်သွားခဲ့သည်။

"အရမ်းကို အစွမ်းထက်လွန်းတယ်။ ဒါက ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်း နိယာမရဲ့ သေးငယ်သောအောင်မြင်မူအဆင့် ဖြစ်နိုင်ပါ့မလား?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် စိတ်လှုပ်ရှားနေသော အမူအရာ ပေါ်လာသည်။

"ဓားကို အသုံးပြုပြီး ဒီသိုင်းကွက်ကို အကောင်ထည်ဖော်လိုက်ရင် ဘယ်လို စွမ်းအားမျိုး ရှိလာမလဲလို့ ငါ သိချင်မိတယ်။" မြူနှင်းချောက်နက်ဓားကို တိုက်ရိုက် ဆွဲထုတ်ရင်း ချင်ယွင်၏ မျက်နှာသည် စိတ်အားထက်သန်မှု ပြည့်နှက်နေသည်။

ဘန်း…။

ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်းနိယာမကို အသုံးပြုပြီး ဓားဖြင့် ခုတ်ပိုင်း လိုက်သည်။

စိမ်းပြာရောင် ဓားအလင်းတန်းတစ်ခုသည် ချက်ချင်း ထွက်ပေါ်လာပြီး အဝေးမှ လေဟာနယ်ကို တရစပ် တိုက်ခိုက်လိုက်သည်။

“ရွှတ်…”

အဝေးရှိလေဟာနယ်သည် ချက်ချင်းပင် ဆုတ်ပြဲသွားခဲ့ပြီး၊ ဆယ်မီတာရှည်လျားသော အက်ကွဲကြောင်းကြီးတစ်ခု၏ နောက်ကွယ်တွင် ကျန်ရစ်ခဲ့သည်။

ချင်ယွင်သည် ဆယ်မီတာရှည်သော အက်ကွဲကြောင်းကြီးကို ကြည့်ပြီး ထိတ်လန့်သွား သည်။

“ဆယ်မီတာရှည်လျားတဲ့ အက်ကွဲကြောင်းကြီးတစ်ခုလား။ ဒီဓားချက်က ဘယ်လောက်တောင် အစွမ်းထက်လိုက်သလဲ?”။

အင်မော်တယ်ကမ္ဘာမှာ ရှိနေသော လေဟာနယ်သည် သေမျိုးကမ္ဘာထက် အများကြီး ပိုတည်ငြိမ်သည်ကို သိထားရပါမည်။ သာမန် အလယ်အလတ်အဆင့် နက်နဲသိမ်မွေ့ ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင်၊ တစ်ချက်ခုတ်ပိုင်းရုံဖြင့်၊ အက်ကွဲကြောင်းတစ်ခုကို ခွဲထုတ်နိုင်မည် မဟုတ်ပေ။

ယခု ချင်ယွင်သည် သူ၏ အင်မော်တယ်အနှစ်သာရကိုပင် အသုံးမပြုသေးဘဲ၊ သူ၏ဓားသည် ဆယ်မီတာရှည်သော အက်ကွဲကြောင်းကြီးကို အမှန်တကယ် ခုတ်ပိုင်း နိုင်ခဲ့သည်။ ဤဓား၏အစွမ်းသည် အထွတ်အထိပ်အဆင့် နက်နက်သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ရှိ ကျွမ်းကျင်ပညာရှင်များအားလုံးကို ခြိမ်းခြောက်ရန် လုံလောက်ပါသည်။

"ဒီဓားကို နက်နဲသိမ်မွေ့သောနှလုံးသားဓားလို့ ခေါ်ရတယ်။ နက်နဲသိမ်မွေ့သော နှလုံးသားဓားက အခုငါ့ရဲ့ အစွမ်းထက်ဆုံး သတ်ဖြတ်ခြင်းဓားကွက်ပဲ။" ချင်ယွင်က ခေါင်းညိတ်ပြီး သူ့ကိုယ်သူ ပြောလိုက်တယ်။

ကျန်းရွှန်ရှင်း၏ ပြန်လည်ရှင်သန်လာခြင်းက သူ၏စိတ်ကို ပျော်ရွှင်စေခဲ့ပြီး၊ သူ၏ နားလည်မူကျင့်စဉ်မှာ အဆင့်ချိုးဖြတ်နိုင်ခဲ့သောကြောင့် ဤဓားကို ရွှန်ရှင်းဓားဟု တိုက်ရိုက် အမည်ပေးလိုက်ခြင်း ဖြစ်ပါသည်။

"ငါ့ရဲ့ရှေးဟောင်းဖရိုဖရဲ ဓားသိုင်းပညာရပ်မှာ “ရှေးဟောင်းဖရိုဖရဲ ခုတ်ပိုင်းခြင်း”၊ “နက်နဲသိမ်မွေ့သော နှလုံးသားဓား”ဆိုပြီး ဓားသိုင်းနှစ်ကွက် ရှိလာခဲ့ပြီ" ချင်ယွင်သည် သူ့ကိုယ်သူ ပြုံးလိုက်မိသည်။

"ရှေးဟောင်းဖရိုဖရဲ ဓားသိုင်းပညာရပ်"နဲ့ "လျှပ်တပြက်ဓားခန္ဓာကိုယ်ပညာရပ်" တို့သည် သူ အချိန်အတော်ကြာအောင် စဉ်းစားထားခဲ့သော ဓားသိုင်းပညာရပ်၏ အမည်နှစ်ခု ဖြစ်ပါသည်။ အဓိက ရည်ရွယ်ချက်မှာ၊ သူသည် လေစွမ်းရည်ဆိုင်ရာ နိယာမများကို နားလည်သဘောပေါက်ခြင်းဖြင့် သူ၏ကိုယ်ပိုင်ဓားသိုင်းပညာရပ်ကို ဖန်တီးရန် ဖြစ်ပါသည်။

ယခုအချိန်တွင်၊ "ရှေးဟောင်းဖရိုဖရဲ ဓားသိုင်းပညာရပ်"မှာ ပထမအကွက် “ရှေးဟောင်း ဖရိုဖရဲခုတ်ပိုင်းခြင်း”နှင့် ဒုတိယအကွက် နက်နဲသိမ်မွေ့သော နှလုံးသားဓားတို့ ရှိလာခဲ့ပြီးဖြစ်ကာ၊ "လျှပ်တပြက်ဓားခန္ဓာကိုယ်ပညာရပ်"တွင်မူ ပထမဆုံး သိုင်းကွက် ဖြစ်သည့် “လျှပ်တပြက်သတ်ဖြတ်ခြင်း”သာ ရှိပါသေးသည်။

ဟုတ်ပါသည်။ ယခုအချိန်မှာ ဓားသိုင်းကွက်တွေ အများကြီး မရှိသေးသော်လည်း၊ ချင်ယွင်သည် သူ၏ "ရှေးဟောင်းဖရိုဖရဲ ဓားသိုင်းပညာရပ်" နှင့် "လျှပ်တပြက် ဓားခန္ဓာကိုယ်ပညာရပ်"တို့သည် အနာဂတ်တွင် ပြီးပြည့်စုံခြင်းသို့ ရောက်သည်နှင့် အကြီးမြတ်ဆုံးအဆင့် ဓားသိုင်းပညာရပ်များ ဖြစ်လာမည်ဟု ယုံကြည်ထားပါသည်။

“ဖန်လျှန်တောင်တန်းကိုသွားဖို့ အချိန်ကျပြီ။ ငါ့ရဲကျင့်ကြံခြင်းအခြေခံ နက်နဲသိမ်မွေ့ ခြင်း အင်မော်တယ် နယ်ပယ်ကို ဖြတ်ကျော်သွားမှသာ ငါ ထွက်ခွာမယ်" ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်သည်။

သူသည် အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြောကို ရှာဖွေပြီး နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်ကို ဖြတ်ကျော်ရန် စိတ်ကူးထားပြီး ဖြစ်သည်။ ထို့နောက်၊ သူသည် သူ၏ မိတ်ဆွေဟောင်းများဖြစ်သည့် သွေးသစ္စာခံကြေးစားအုပ်စုနှင့် ယစ်ထုတ် အဘိုးကြီးကို ရှာဖွေရန် တော်ဝင်ချင်အင်မော်တယ်မင်းဆက်သို့ သွားတော့မည်။

သို့သော် ချင်ယွင်သည် ဖန်လျှန်တောင်သို့ ခရီးထွက်ခါနီးတွင်၊ လျူလီမြို့ရှိ ရန်ကလန်၏ စံအိမ်ကြီးထဲတွင် အရပ်မြင့်မြင့် ဆံပင်ဖြူနှင့်အဘိုးအိုတစ်ဦးသည် နွေဦးလေပြည် တိုက်ခတ်နေသော မျက်နှာအမူဖြင့် ကျင့်ကြံခြင်းအခန်းမှ လမ်းလျှောက် ထွက်လာခဲ့ သည်။

"ဟား..၊ဟား…။ ငါ ဖြတ်ကျော်နိုင်ခဲ့ပြီ။ နောက်ဆုံးတော့ ငါ ဖြတ်ကျော်နိုင်ခဲ့ပြီ။ ငါက နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်မှာ နှစ်ပေါင်း တစ်ရာကျော်ကြာအောင် ပိတ်မိနေခဲ့တယ်။ အခု နောက်ဆုံးတော့ ငါ လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်သွားခဲ့ပါပြီ။" အရပ်ရှည်ရှည် ဆံပင်ဖြူနှင့် အဘိုးကြီးက ကျယ်လောင်စွာ ရယ်မောလိုက်သည်။

"တော်ဝင်အကြီးအကဲ တံခါးပိတ်ကျင့်ကြံရာမှ ထွက်မြောက်ပြီး လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကို ဖြတ်ကျော်လာသည့်အတွက် ဂုဏ်ယူဝမ်းမြောက်ပါသည်။" ကျင့်ကြံခြင်းအခန်း အပြင်ဘက်မှ အစောင့်တွေက ဦးညွှတ်ပြီး လေးလေးစားစား နှုတ်ဆက်လိုက်ကြသည်။

"ဟား၊ ဟား…။ မြန်မြန်သွားပြီးတော့ ချန်အာကို ငါ့ကို လာတွေ့ဖို့ ပြောလိုက်ပါ။" ရန်ကျန်းချန်က အစောင့်တွေကို အမိန့်ပေးလိုက်သည်။

“ဒါ…” အဖွဲ့ခေါင်းဆောင်အစောင့်က ချက်ချင်းပင် ကြောက်ရွှံ့သည့် အမူအရာကို ထုတ်ဖော်လိုက်သည်။

"ဘာဖြစ်နေတာလဲ?။ ဖြစ်နိုင်တာက၊ ချန်အာ တစ်ခုခုဖြစ်သွားလို့လား?" ရန်ကျန်းချန် သည် အစောင့်၏ အမူအရာက တစ်ခုခု လွဲမှားနေကြောင်း ချက်ချင်း သတိပြုမိပြီး သူ၏အမူအရာက ချက်ချင်းပင် မည်းမှောင်သွားခဲ့သည်။

အစောင့်အကြပ်သည် ထိုစကားကို ကြားလျှင်၊ သူသည် မြေပြင်ပေါ် ချက်ချင်း ဒူးထောက်လိုက်ပြီး "သခင်လေး ... ချန်…၊ သခင်လေး ချန် ... သူသေသွားပြီ" ဟု မျက်နှာဖြူဖျော့စွာဖြင့် ပြောလိုက်လေသည်။

"ဘာ…?"ရန်ကျန်းချန်သည် သူ၏လက်ကို ဆန့်ထုတ်ပြီး မြေပြင်ပေါ်ရှိ သိမ်မွေ့နက်နဲ ခြင်း အင်မော်တယ်နယ်ပယ် အလယ်လတ်အဆင့်ရှိ အဆင့်မြင့်အစောင့်ကြပ်ကို ကြမ်းပြင်ပေါ်မှ ကြက်တစ်ကောင်လို လေထဲသို့ မြှောက်ပင့်လိုက်ရင်း၊ သူ၏ မျက်လုံးတွေက ချက်ချင်းပင် ပြူးကျယ်သွားသည်။

အစောင့်ကြပ်၏ မျက်နှာသည် စာရွက်ကဲ့သို့ ဖြူဖျော့သွားကာ ချက်ချင်းပင် ပါးစပ်မှ တုန်လှုပ်သွားပြီး ပြောသည် “တော်ဝင်အကြီးအကဲ..… ကျွန်တော့်ကို ချမ်းသာပေးပါ …”

“ပြောစမ်း … ဘယ်သူလုပ်တာလဲ” ရန်ကျန်းချန်၏ မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုသည့်ဆန္ဒများ ရှိနေပြီး သူ၏ ခက်ထန်သော အမူအရာသည် ပို၍ပင် ရက်စက်ကြမ်းကြုတ်လာသည်။

"ဟုတ်ကဲ့ပါ... အဲဒါက ချင်ယွင်လို့ခေါ်တဲ့ ကောင်လေးတစ်ယောက်ပါ” အစောင့်ကြပ်က ကမန်းကတန်း ပြောလိုက်သည်။

တော်ဝင်အကြီးအကဲသည် ရက်စက်ကြမ်းကြုတ်သော စိတ်နေစိတ်ထားရှိကြောင်း သူ သိသည်။ သူစိတ်ဆိုးဒေါသဖြစ်သည့်အခါ၊ အစောင့်တစ်ယောက်ကို သတ်ဖြတ်ခြင်းက သူ့အတွက် သာမာန်ဖြစ်သည်။ ထို့ကြောင့်၊ သူသည် တော်ဝင်အကြီးအကဲက သူ့ကို ဓားနှင့်ခုတ်ပိုင်းလိုက်မည်ကို အမှန်တကယ် ကြောက်ရွံ့နေခဲ့သည်။

"ချင်ယွင်လား..” ရန်ကျန်းချန်၏ မျက်လုံးများသည် အဆုံးမရှိသော အငွေ့အသက်များ ထွက်ပေါ်လာရင်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်နေသည်။

"ငါ မင်းကို ကိုယ်တိုင် အပိုင်းပိုင်း ခွဲစိတ်လိုက်မယ်" တော်ဝင်အကြီးအကဲသည် ကျယ်လောင်စွာ အော်ဟစ်လိုက်ပြီး သူ၏ကြီးမားလှသော လက်ဖဝါးကြီးက အစောင့်ကြပ်ကို တစ်ဝက်တစ်ပျက် ဆုတ်ဖြဲပစ်လိုက်ပြီး လတ်ဆတ်သော သွေးများက မြေပြင်ပေါ်သို့ လွင့်စင်ကျသွားသည်။

ပတ်ဝန်းကျင်ရှိ အစောင့်ကြပ်များသည် ဤမြင်ကွင်းကို မြင်သောအခါ သူတို့သည် ကြောက်ရွှံ့ပြီး မှင်သက်နေကြသည်။ ထို့နောက် သူတို့အားလုံးသည် ကြမ်းပြင်ပေါ် ဒူးထောက်လိုက်ကြပြီး သတ်ဖြတ်ခြင်းနတ်ဘုရား၏ အမျက်ဒေါသက သူတို့အပေါ် ကျရောက်လာမည်ကို ကြောက်ရွံ့နေကြပါသည်။

"ဟမ့်၊ တတိယ အကြီးအကဲကို သွားခေါ်လိုက်စမ်း။ ငါ့မြေးကို သူ ဘယ်လို ကာကွယ်ပြီး တခြားလူတွေရဲ့လက် သနားစရာကောင်းစွာ သေခွင့်ပြုရလဲဆိုတာ ငါ ကြည့်ချင်မိ တယ်" တော်ဝင်အကြီးအကဲသည် အေးစက်စွာ အော်ပြောလိုက်သည်။

"မလိုပါဘူး၊ အစ်ကိုကြီး၊ ငါဘာသာ လာခဲ့မယ်" သို့သော် ထိုအချိန်တွင် မုတ်ဆိတ်မွှေးနှင့် အဘိုးအိုတစ်ဦးသည် ခြံဝင်းအပြင်ဘက်မှ လမ်းလျှောက်ဝင်လာခဲ့ သည်။

All Chapters