← Chapters

အခန်း ၇၈၁

Vol. 53 Ch. 781

အခန်း ၇၈၁

Vol. 53 Ch. 781

အဓိပတိအင်မော်တယ်သခင် စာစဉ် (၅၃)

ဘာသာပြန်သူ နေဇင်။

အခန်း (၇၈၁) ဒုက္ခရောက်နေသော ရေကန်မှငါး။

"အမိတ္တဘ၊ ဒီအင်မော်တယ်ကျောက်စိမ်း မိုင်းတွင်းကြီးကို ငါ့တို့ဂိုဏ်းက ပိုင်ဆိုင် တယ်။"

ချင်ယွင်၏စကား ထွက်ပေါ်လာသည်နှင့်၊ နက်ရှိုင်းသောအသံက ကောင်းကင်ယံမှ ရုတ်တရက် ထွက်ပေါ်လာသည်။

ကောင်းကင်မှ သွေးနီရောင် အလင်းတန်းသုံးခု လွင့်ပျံလာခဲ့ပြီး ဦးခေါင်းပြောင်ပြောင် ဘုန်းကြီးသုံးပါးသည် လူတိုင်း၏ရှေ့တွင် ပေါ်လာပါသည်။

ဤဘုန်းကြီးပါးသည် အနက်ရောင် သင်္ကန်းကို ၀တ်ဆင်ကြထားကြ၏။ ထိုအထဲတွင်၊ တစ်ပါးသည် မုတ်ဆိတ်ဖြူနှင့် အနက်ရောင် သင်္ကန်းကို ဝတ်ဆင်ထားသည့် ဘုန်းကြီး တစ်ပါးဖြစ်သည်။ ထိုလူ၏ကျင့်ကြံခြင်း အခြေခံသည် သာမန်ထက် ထူးခြားပါသည်။ သူသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေသည်မှာ ထင်ရှားပါသည်။

သူ၏ဘေးအနားမှ ဘုန်းကြီးတစ်ပါးသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ၏ အလယ်အဆင့်ကို ရောက်ရှိနေပါပြီ။ ရဟန်းငယ်၏ ကျင့်ကြံမှုအခြေခံသည်သာ အနည်းငယ် နိမ့်ကျပြီး၊ သူသည် နက်နက်သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေခဲ့သည်။

သူတို့ သုံးယောက်ထံမှ ပြင်းထန်သော သိပ်သည်းသော သွေးငွေ့အသက်များ ထွက်ပေါ် နေသည်။ ရှင်းနေသည်မှာ၊ သူတို့၏လက်များသည် သွေးပေါင်းများစွာဖြင့် စွန်းထင်းနေ ခဲ့သည်။

ချင်ယွင်၏ အကြည့်များသည် ဘုန်းကြီးသုံးပါးကို လျပ်တပြက် ကြည့်လိုက်သော်လည်း၊ နောက်ဆုံးတွင် ဘုန်းကြီးသုံးပါးတွင် ညာဘက်ရှိ အငယ်ဆုံး ဘုန်းကြီးပေါ်သို့ ပြန်ရောက်သွားသည်။

ဤပုဂ္ဂိုလ်သည် သူ့ကို နှောင့်ယှက်တိုက်ခိုက်ခဲ့သည့် အနက်ရောင်ဝတ် ဘုန်းကြီးမှလွဲ၍ အခြားလူ မဟုတ်ပေ။ သို့သော်၊ ချင်ယွင်ကို အံ့အားသင့်စေသည်က ဤဘုန်းကြီး၏ ကျင့်ကြံမှုအခြေခံသည် နှောင်းပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်မှ အထွတ်အထိပ်အဆင့် နက်နက်သိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်အထိ အမှန် တကယ် အဆင့်ချိုးဖြတ်သွားခြင်း ဖြစ်ပါသည်။

ဤဘုန်းကြီးသုံးပါး၏ ထွက်ပေါ်လာမူသည် ဖန်လျှန်တောင်တန်း အပြင်ဘက်ရှိ တကိုယ်တော်ကျင့်ကြံသူများကို ချက်ချင်းပင် တုန်လှုပ်သွားစေခဲ့သည်။

လူအုပ်ထဲတွင် လျူရွှဲ့သည် ရုတ်တရက် ပေါ်လာသည့် ဘုန်းကြီးသုံးပါးကို ကြည့်လိုက် သည်။ သူ၏ပါးစပ်ထောင့်က ကောက်ကျစ်စဉ်းလဲသော အပြုံးတစ်ချက် ထွက်ပေါ်လာ ရင်း ချင်ယွင်ကို ပြောလိုက်သည် “ကြည့်ရတာ ငါတို့ကိုယ်တိုင် ဆူဆူညံညံ လှုပ်လှုပ် ရှားရှားဖြစ်အောင် လုပ်စရာ မလိုတော့ဘူးထင်တယ်၊ တစ်ယောက်ယောက်က ငါတို့ အတွက် လုပ်ပေးလိမ့်မယ်။ သူတို့ တိုက်ခိုက်ကြတဲ့အခါ ငါတို့က လှုပ်ရှားရမယ်"။

ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။ ဤသည်မှာ သူတွေးထားသည့်အတိုင်း အတိအကျ ဖြစ်သည်။ သတ်ဖြတ်ခြင်းဂိုဏ်း၏ ထွက်ပေါ်လာမူသည် ဒုက္ခရောက် နေသော ရေကန်ထဲမှ ငါးများရန်အတွက် အခွင့်အရေးကောင်း ပေးခြင်းဖြစ်သည်။

မျှော်လင့်ထားသည့်အတိုင်းပင်၊ အင်မော်တယ်တာအိုဂိုဏ်းသည် ဤအနက်ရောင်ဝတ် ဘုန်းကြီးသုံးပါး ထွက်ပေါ်လာသည်ကို မြင်သောအခါ သူတို့၏ မျက်နှာများသည် ချက်ချင်းပင် လေးနက်သော အမူအရာ ပေါ်လာသည်။ မျိုးနွယ်စုကြီး သုံးခုသည်လည်း တခဏကြာအောင် လေးနက်လာကြသည်။

"ဟမ့်၊ မင်းတို့သတ်ဖြတ်ခြင်းဂိုဏ်းက ရှင်သန်လွတ်မြောက်ဖို့အတွက် အသည်းအသန် ရုန်းကန်ခဲ့ရပြီးပြီ။ ဒါပေမယ့်၊ မင်းတို့က ငါတို့ဆီကနေ အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြောကို ဖြတ်ယူဖို့ သတ္တိတွေ ရှိနေပြီပေါ့။ ငါတို့ရဲ့ အင်မော်တယ်တာအို ဂိုဏ်းက မင်းတို့သတ်ဖြတ်ခြင်း ဂိုဏ်းဝင်အားလုံးကို ချေမှုန်းပစ်မှာကို မကြောက်ဘူး လား" နိုင်းယွန်သည် ဘုန်းကြီးသုံးပါးကို ကြည့်ကာ အေးစက်စွာ အော်ပြောလိုက်သည်။

"အမိတ္တဘ၊ မင်းရဲ့ အင်မော်တယ်တာအိုဂိုဏ်းက ကြောက်စရာကောင်းပေမယ့် ဂိုဏ်းက ဒီနေရာနဲ့ အရမ်းကို ဝေးကွာလွန်းတယ်။ မင်းတို့ဂိုဏ်းကို အခုချိန် အကြောင်း ကြားရင်တောင်၊ မင်းတို့ဂိုဏ်းရဲ့ ကျွမ်းကျင်သူတွေ ဆယ်ရက်အတွင်း ဒီနေရာကို ရောက်မလာနိုင်မှာ ငါ စိုးရိမ်မိတယ်။ ဒီဆယ်ရက်အတွင်းမှာ၊ ငါတို့ဂိုဏ်းက ဒီအင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကြီးကို တူးဖော်ပြီးလောက်ပြီ။ ငါတို့က မင်းတို့အင်မော်တယ်တာအိုဂိုဏ်းကို ပြန်ပြီးစိုးရိမ်ပေးရမယ်လို မင်း မထင်ဘူးလား?။ ကော့ဖုန်းက ရယ်မောလိုက်သည်။

ထိုစကားကို ကြားတော့ နိုင်းယွင်က လေးနက်သည့် အမူအရာကို ထုတ်ဖော်လိုက်မိ သည်။

ကော့ဖုန်း၏ စကားများသည် အမှန်ပင် ဖြစ်သည်။ အင်မော်တယ်တာအိုဂိုဏ်းသည် ဤနေရာနှင့် ဝေးကွာလွန်းသည်။ သူတို့သည် ကော့ဖုန်း၏ ကိုယ်ပွားနောက်သို့ လိုက်ပါရင်း၊ ဤနေရာကို ကြိုရောက်လာခဲ့ကြသည်။ သို့သော် သူတို့သည် အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကြီးကို ရှာတွေ့လိမ့်မည်ဟု မမျှော်လင့် ထားပေ။ ယခုမှ ဂိုဏ်းကို အကြောင်းကြားမည်ဆိုလျှင်၊ အချိန်နှောင်းနေပေပြီ။

"ဟမ့်၊ ငါတို့ဂိုဏ်းက ကျွမ်းကျင်သူတွေ အလျင်စလို မလာနိုင်ရင်တောင်၊ မင်းတို့လို ဦးခေါင်းပြောင်နေတဲ့ မျောက်သုံးကောင်က ငါတို့လက်ထဲကနေ အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းကြောကို လုယူနိုင်မှာ မဟုတ်ဘူး။" နိုင်းယွန်က အေးစက်စွာ အော်ပြောလိုက်သည်။

သူပြောပြီးသည်နှင့် တပြိုင်နက် သူ၏နောက်မှ ပိန်ပိန်ပါးပါး အဘိုးကြီးသည် ရှေ့သို့ ခြေတစ်လှမ်းတိုးပြီး၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွက်အထိပ် အဆင့်ရှိ အငွေ့အသက်က ချက်ချင်းပင် ထွက်ပေါ်လာသည်။

"အမိတ္တဘ၊ မင်းတို့က လမ်းဖယ်မပေးချင်မှတော့ ငါတို့ကိုယ်တိုင်ပဲ လုယူရတော့မှာ ပေါ့။" မုတ်ဆိတ်ဖြူ ဘုန်းကြီးသည် အေးစက်စွာ အော်ပြောလိုက်ပြီး၊ မြူခိုးများ အစီအရီ ဖြတ်သန်းသွားကဲ့သို့ ရှေ့သို့ ပြေးသွားလေသည်။

နိုင်းယွန်၏ နောက်ကွယ်မှ ပိန်ပိန်ပါးပါး အဘိုးကြီးသည် မုတ်ဆိတ်ဖြူ ဘုန်းကြီးနှင့် ချက်ချင်း တိုက်ခိုက်ရန် တစ်ချိန်တည်း ပြေးထွက်လာခဲ့သည်။

သူတို့နှစ်ဦးစလုံးသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ် အဆင့် ကျွမ်းကျင်သူများ ဖြစ်ကြပြီး၊ သူတို့ တိုက်ခိုက်လိုက်သည်နှင့်၊ ကောင်းကင်နှင့် မြေကြီးကို တုန်ခါသွားစေသည်။

သို့သော်၊ ဤသည်မှာ အဆုံးမဟုတ်သေးချေ။ ထွားကျိုင်းသန်မာသော ဘုန်းကြီးလည်း အေးစက်စွာ အော်ဟစ်ရင်း ပြေးထွက်လာခဲ့သည်။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ် အလယ်လတ်အဆင့် အငွေ့အသက်က နိုင်းယွန်နှင့် အခြားသူများအပေါ် ပို၍ပင် ဖိနှိပ်လာခဲ့သည်။

ကျာ့ကလန်မှ အဘိုးကြီးကျာ့၊ ရန်ကလန်မှ ရန်ကျန်းချန်၊ ရှောင်ကလန်မှ မုတ်ဆိတ်ဖြူ အဘိုးကြီးနှင့် အသက်လတ်ပိုင်းအရွယ် အမျိုးသားတို့သည် ချက်ချင်းပင် ကြိုဆို နှုတ်ဆက်လိုက်သည်။

၎င်းတို့လေးဦးစလုံးသည် အစောပိုင်းအဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသည်။ သူတို့သည် အလယ်အလတ်အဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ဘုန်းကြီးတစ်ပါးနှင့် လေးယောက် တစ်ယောက် တိုက်ခိုက်ကြသော်လည်း၊ သူတို့သည် အချိန်တိုလေးအတွင်း မည်သို့မျှ လုပ်ဆောင်နိုင်စွမ်း ရှိမည်မဟုတ်ချေ။

ရလာဒ်အနေဖြင့်၊ သတ်ဖြတ်ဂိုဏ်းဘက်တွင် ကော့ဖုန်းတစ်ဦးသာ ကျန်ရစ်တော့ပြီး၊ အင်မော်တယ်တာအို ဂိုဏ်းဘက်တွင်မူ ရှောင်လန်၊ ကျာ့ထန်းလုံ၊ ရန်ဖေးပင်နှင့် နိုင်းယွန်တို့လည်း ရှိနေကြသည်။

"ဟား…၊ ဟား…၊ ကြည့်ရတာ သတ်ဖြတ်ခြင်းဂိုဏ်းက ဂိုဏ်းဝင်အရေတွက် မလုံလောက်ဘူး ထင်တယ်။ ကော့ဖုန်း၊ မင်းတစ်ယောက်တည်းနဲ့ ငါတို့လေးယောက်ကို ကိုင်တွယ်နိုင်မယ်လို့ မင်း ထင်လား" နိုင်းယွင်က ဟက်ဟက်ပက်ပက် ရယ်သည်။

သို့သော်၊ ကော့ဖုန်းက အထင်သေးဟန်ဖြင့် ပြောလိုက်သည် "မင်း တကယ်ပဲ ငါတစ်ယောက်တည်းလို့ ထင်နေတာလား?"

ကော့ဖုန်းကို အလျင်အမြန် ကြည့်လိုက်ရင်း နိုင်းယွန်၏ အမူအရာက ပြောင်းလဲသွား သည်။

ကော့ဖုန်းသည် လက်နှစ်ဘက်ဖြင့် ဗုဒ္ဓဟန်ပန် စည်းတံဆိပ်များစွာကို ဆန့်ထုတ်လိုက် သည်နှင့် သိမ်မွေ့နက်ရှိုင်းသော အနီရောင်အလင်းတန်းများက သူ၏ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။

"အဆင့်လေးဆင့် ကိုယ်ပွား…" ကော့ဖုန်းက ကျယ်လောင်စွာ အော်လိုက်သည်။ သွေးနီရောင် ဗုဒ္ဓအလင်းတန်းများက သူ၏ခန္ဓာကိုယ်မှ ပျံနှံ့ထွက်ပေါ်လာသည်။ ထို့နောက်တွင်၊ ကော့ဖုန်း၏ရုပ်အသွင်သည် နှစ်ပိုင်းကွဲသွားကာ၊ ထိုမှတဆင့် လေးပိုင်း ကွဲသွားပြီး တူညီသော ရုပ်အသွင်အပြင်ရှိ လူလေးယောက်အဖြစ်သို့ ပြောင်းလဲသွား သည်ကို လူတိုင်း တွေ့လိုက်ကြရသည်။ ထို့အပြင်၊ သူ၏ခန္ဓာကိုယ်ရှိ အငွေ့အသက် သည် အမှန်တကယ်ပင် အတူတူ ဖြစ်သည်။

"ဘယ်လိုလဲ၊ အခု လေးယောက်, လေးယောက် ဘက်ညီးသွားပြီ မဟုတ်လား?" ကော့ဖုန်းလေးယောက်က တစ်ချိန်တည်း လှောင်ပြောင် ပြောကြသည်။

နိုင်းယွင်နှင့် အခြားလူများသည် တစ်ချိန်တည်းမှာပင် မျက်မှောင်ကြုတ်လိုက်ကြပြီး၊ သူတို့၏ မျက်လုံးများတွင် လေးနက်သော အမူအရာများ ဖြစ်ပေါ်နေကြသည်။

"ဟမ့်၊ မင်းမှာ ကိုယ်ပွားလေးခုရှိရင်တောင် အသုံးဝင်ဘူး။ ဆက်လုပ်ကြ။" နိုင်းယွန်က အေးစက်စွာ ဟစ်အော်လိုက်သည်။

ထို့နောက်၊ သူ၏ခန္ဓာကိုယ်ပေါ်မှ ခရမ်းရောင်လျှပ်စီးကြောင်းများ ထွက်ပေါ်လာပြီး သူ၏ရုပ်အသွင်သည် ရှေ့သို့ ဖျက်ခနဲ ပြေးတက်သွားသည်။

အခြားလူများသည်လည်း နောက်မှလိုက်၍ ကော့ဖုန်းကို ရင်ဆိုင်ကြသည်။

ရုတ်​တရက်​ပင်​ တိုက်ပွဲသည် ရှုပ်​​ထွေးသွားသည်​။

ဖန်လျှန်တောင်အပြင်ဘက်ရှိ တကိုယ်တော် ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့အားလုံး လှုပ်ရှားရန် စိတ်အားထက်သန်နေကြသည်။

သို့သော် ဤအခွင့်အရေးကို အရယူပြီး၊ မိုင်းတွင်းသို့ ဝင်ရောက်ရန် သူတို့အတွက် မလွယ်ကူလှပေ။ အင်မော်တယ်တာအိုဂိုဏ်းမှ လူများသည် တိုက်ခိုက်နေကြ သော်လည်း၊ သူတို့ နှာခေါင်းအောက်မှ ခိုးဝင်ရန်မှာ မဖြစ်နိုင်ပေ။

ဟုတ်ပါသည်၊ ဤအရာက ချင်ယွင်နှင့် လျူရွဲ့တို့အတွက်တော့ အသေးအဖွဲ့ ဖြစ်ပါသည်။

"လူဆိုးကောင်၊ နောက်ပိုင်းကိစ္စကိုတော့ ငါ မင်းကို အားကိုးရတော့မယ်" ချင်ယွင်က လျူရွဲ့အား အပြုံးဖြင့် ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ငါ့တာဝန်ထားစမ်းပါ။ ဒါက လေဟာနယ်အက်ကွဲကြောင်း တစ်ခုလေးပဲ လေ။ အဲဒါကို သူတို့ မတိုက်ခင်ကတည်းက ငါ ရှာတွေ့ထားပြီးသား။" လျူရွဲ့က ဆိုးသွမ်းသော အပြုံးတစ်ခုကို ပြုလုပ်လိုက်သည်။

လျူရွဲ့သည် လေဟာနယ်တွန့်ခေါက်ခြင်းနိယာမ၏ သေးငယ်သော အောင်မြင်မူအဆင့် ကို နားလည်သူ ဖြစ်သည်။ သူ့အတွက်၊ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောထဲ ရှိ လေဟာနယ် အက်ကွဲကြောင်းတွေကို ဖြတ်ကျော်ဝင်ရောက်ဖို့က အသေးဖွဲ့ကိစ္စ ဖြစ်ပါသည်။

ဘန်း…။

ဟုတ်ပါသည်။ ချင်ယွင်နှင့် လျူရွှဲ့တို့၏ ရှေ့မှ လေဟာနယ်သည် တုန်ခါသွားပါတော့ သည်။ သူတို့သည် နည်းနည်းလေးမှ တုန့်ဆိုင်းမနေတော့ဘဲ၊ သူတို့နှစ်ယောက်စလုံး လေဟာနယ်လှိုင်းဂယက်ထဲကို တိုက်ရိုက် ဝင်ရောက်သွားပြီး လူအုပ်ကြီးထဲမှ ပျောက်ကွယ်သွားခဲ့သည်။

ပတ်ဝန်းကျင်မှ တကိုယ်တော်ကျင့်ကြံသူများသည် ကောင်းကင်ယံမှ တိုက်ပွဲကို အာရုံစိုက်နေကြသည်။ ထို့ကြောင့်၊ သူတို့နှစ်ယောက် ပျောက်ကွယ်သွားသည်ကို မည်သူမှ သတိမထားမိကြပါဘူး။

ဘန်း…။

ချင်ယွင်၏ ရုပ်အသွင်သည် တစ်ဖန် ပြန်ပေါ်လာသည်။ သူသည် မိုင်ပေါင်းများစွာ ရှည်လျားသော အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းများဖြင့် ဝန်းရံထားသည့် သေးငယ်သော နေရာတစ်ခုတွင် ရောက်ရှိနေသည်။ ဤနေရာရှိ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းအများစုသည် အဆင့်မြင်အဆင့်သို့ ရောက်ရှိနေကြပြီး အချို့သေးငယ်သော အပိုင်းတွေဆိုလျှင်၊ ထိပ်တန်းအဆင့်သို့ပင် ရောက်ရှိနေကြသည်။

အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောတစ်ခုလုံးသည် တောက်ပနေသော နဂါးတစ်ကောင်ကဲ့သို့ဖြစ်နေပြီး ထူထပ်သော အင်မော်တယ်အငွေ့အသက်ကို ထုတ်လွှတ်နေသည်။

"ဝိုး..၊ ငါတို့ အင်မော်တယ် ကျောက်စိမ်းတွေ ဘယ်လောက်များများ လိုအပ်လဲ?။ အခု ငါတို့ ဖြန့်ဖြူးပေးနိုင်တော့မှာမလား?။" လျူရွှဲ့သည် ပါးစပ်ကြီးကြီးဖြဲပြီး စိတ်မထိန်းဘဲ ပြောလိုက်လေသည်။

ချင်ယွင်လည်း နှိုင်းစာ၍မရသည့် ထိတ်လန့်တုန်လှုပ်နေသော အမူအရာတစ်ခုကို ထုတ်ဖော်လိုက်မိသည်။ သူ၏ရှေ့ရှိ အင်မော်တယ် ကျောက်စိ မ်းသတ္တုရိုင်းကြောသည် အရမ်းကို ကြီးမားသည့် အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောအဆင့်သို့ ရောက်ရှိနေသည်မှာ သေချာပါသည်။ ထို့အပြင်၊ အင်မော်တယ်ကမ္ဘာ တစ်ခုလုံးတွင် တွေ့ရှိရသော အင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်းကြောများကြားတွင်ပင် ၎င်းသည် ထိပ်တန်းအဆင့်သုံးမျိုးတွင် အဆင့်သတ်မှတ်ခံရဖွယ် ရှိပါသည်။

"ဘာကို စောင့်နေတာလဲ။ မြန်မြန်တူးတော့လေ။ ကြုံရာကျပန်း အပိုင်းကို တူးယူကွာ။" လျူရွှဲ့သည် စိတ်လှုပ်ရှားစွာ ပြောပြီး စတင်တူးတော့သည်။

ရှည်လျားသော နဂါးတစ်ကောင်နှင့်တူသော အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်း ကြောကို မြင်သောအခါ ချင်ယွင်၏ မျက်လုံးများသည်လည်း ဝင်းလက် တောက်ပနေ သည်။

သူ၏ရှေ့မှ ဤအင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကြီးနှင့်ဆိုလျှင်၊ သူသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်ကို ဖြတ်ကျော်ရာမှာ သူ့ကို ကူညီပေးဖို့ လုံလောက်ပါသည်။ အကယ်၍၊ သူသာ ဤအင်မော်တယ် ကျောက်စိမ်းသတ္တုရိုင်း ကြောကြီး အားလုံးကို စုပ်ယူနိုင်ခဲ့ပါက၊ သူသည် အလယ်အလတ်အဆင့် နက်နဲသိမ်မွေ့ ခြင်း အင်မော်တယ်နယ်ပယ်သို့ပင် ဖြတ်ကျော်သွားနိုင်ပါသည်။

All Chapters