← Chapters

အခန်း ၇၈၂

Vol. 53 Ch. 782

အခန်း ၇၈၂

Vol. 53 Ch. 782

အခန်း (၇၈၂) အထူးဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ဝင်္ကပါ။

လျူရွှဲ့သည် ဤအခိုက်အတန့်တွင် အလွန် စိတ်လှုပ်ရှားနေခဲ့သည်။

၎င်းသည် အလွန့်လွန်ကြီးမားသော သတ္တုရိုင်းကြောကြီး ဖြစ်သည်။ အထဲတွင် အင်မော်တယ် ကျောက်စိမ်း မည်မျှရှိသည်ဟု စကားထဲပင် ထည့်ပြောစရာ မလိုချေ။ ၎င်းသည် တပည့်ထောင်ပေါင်းများစွာရှိသော အင်အားစုကြီးတစ်ခု ဖြစ်နေသည်ဆိုလျှင် ပင်၊ တပည့်အားလုံး၏ တစ်နှစ်စာ ကျင့်ကြံနိုင်ရန် လုံလောက်ပေလိမ့်မည်။ ဤအချက် သည်လည်း အင်မော်တယ်တာအိုဂိုဏ်းသည် ဤအင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကို ရယူလိုခြင်း၏ အကြောင်းရင်း ဖြစ်ပါသည်။

ဤအခိုက်အတန့်တွင် လျူရွှဲ့သည် သူ၏ ဘဝတစ်လျှောက်လုံး သင်ယူခဲ့သည့် အရာအားလုံးကို ထုတ်ဖော်ပြသပြီး၊ ဤအင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြော ကြီးမှ အင်မော်တယ် ကျောက်စိမ်းများကို အရူးအမူး တူးဖော်ရန် စတင်တော့သည်။

သူသည် အင်မော်တယ်တာအိုဂိုဏ်းနှင့် သတ်ဖြတ်ခြင်းဂိုဏ်းတို့ကြား တိုက်ပွဲမပြီးခင် တတ်နိုင်သမျှ များများ တူးသွားချင်သည်။

အကယ်၍၊ သူသည် ဤအင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြော၏ ဆယ်ပုံ တစ်ပုံကို သူ ဖမ်းဆုပ်နိုင်ခဲ့ပါက၊ ၎င်းသည် ကြီးမားသော ကံကောင်းမူကြီးတစ်ခု ဖြစ်ပေလိမ့်မည်။ သူသည် ထိုအင်မော်တယ် ကျောက်စိမ်းများနှင့် ဆယ်နှစ်လောက် ကျင့်ကြံမည်ဆိုလျှင်ပင် လုံလောက်နေပါသေးသည်။

လျူရွှဲ့သည် သူ၏ အင်မော်တယ် အနှစ်သာရကို ဧရာမလက်ဝါးကြီးတစ်ခုထဲသို့ ပေါင်းထည့်ပြီး၊ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကို ဖမ်းဆုပ်လိုက်သည်။ ထို့နောက်၊ သူသည် သတ္တုရိုင်းကြောထဲရှိ ကြီးမားသော အပေါက်ကြီးတစ်ခု ဖြစ်သွား သည်အထိ ထုတ်ယူလိုက်သည်။ သူသည် သူ၏လက်ထဲတွင် အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း တစ်သန်းနီးပါးကို ဆုပ်ကိုင်လိုက်ပြီး သူ၏သိုလှောင်လက်စွပ်ထဲသို့ ပစ်ချလိုက်လေသည်။

သူသည် အင်မော်တယ် ကျောက်စိမ်း တစ်သန်းကို ဆုပ်ယူပြီးနောက်၊ နောက်ထပ် အင်မော်တယ် ကျောက်စိမ်း တစ်သန်းကို ဆုပ်ယူလိုက်ပြန်သည်။ မကြာမီ လျူရွှဲ့သည် ဤခံစားချက်ကို ချစ်မြတ်နိုးလာခဲ့သည်။

အဆုံးမရှိသော စည်းစိမ်ဥစ္စာကို ပိုင်ဆိုင်ရခြင်းသည် ဤမျှလောက် ပျော်ရွှင်နိုင်စရာ မရှိသော်လည်း၊ တစ်ကြိမ်တည်းဖြင့်၊ ဤမျှလောက် များပြားသော အင်မော်တယ် ကျောက်စိမ်းများကို ရရှိရခြင်း၏ ခံစားချက်သည် တုနှိုင်းမရလောက်အောင် ကြည်နူးစရာ ကောင်းလွန်းသည်။

"ဟီး..၊ ဟီး…၊ မူလကတော့ မဟူနဂါးနှလုံးသားဆွဲထုတ်ခြင်းလက်ဖဝါးက အသုံးချစရာ နေရာမရှိဘူးလို့ ထင်ထားခဲ့ပေမယ့်၊ အခုလို တကယ်အသုံးဝင်လာမယ်လို့ မမျှော်လင့် ထားခဲ့ဘူး။" လျူရွှဲ့သည် သူ၏စိတ်ထဲတွင် ဂုဏ်ယူစွာ တွေးနေမိသည်။

ဤအင်မော်တယ် ကျောက်စိမ်းများကို သာမာန်လူများ ဖမ်းဆုပ်ယူဆောင်ရန်မှာ မလွယ်ကူလှပေ။ နောက်ဆုံးတွင်၊ အင်မော်တယ် ကျောက်စိမ်းများသည် မာကြောပြီး တစ်ခုနှင့်တစ်ခု ချိတ်ဆက်ထားသောကြောင့် ၎င်းတို့ကို တူးဖော်ရန် အလွန်ခက်ခဲပါ သည်။ အင်မော်တယ် ကျောက်စိမ်း တစ်သန်းကို တစ်ကြိမ်တည်း တူးဖော်နိုင်ခြင်းသည် ပင် အလွန်ကောင်းနေပါပြီ။

လျူရွှဲ့ကဲ့သို့ တစ်စုံတစ်ယောက်အတွက်မူ တစ်ကြိမ်တည်းဖြင့် အင်မော်တယ် ကျောက်စိမ်း တစ်သန်းကို ဖမ်းဆုပ်ယူဆောင်နိုင်ခြင်းသည် ကြောက်မက်ဖွယ်ကောင်း သော အရှိန်ဟုန်တစ်ခုဟု ယူဆ၍ ရပါသည်။

လျူရွှဲ့သည် အလွန် စိတ်လှုပ်ရှားနေခဲ့သည်။ ဤအရှိန်ဟုန်တိုင်း ဆက်တူးသွားမည် ဆိုလျှင်၊ သူသည် တစ်နာရီအတွင်း သတ္တုရိုင်းကြော၏ ဆယ်ပုံတစ်ပုံကို တူးဖော်နိုင်ပါ လိမ့်မည်။

လျူရွှဲ့သည် အင်မော်တယ် ကျောက်စိမ်းများကို အရူးအမူး ဖမ်းဆုပ်ယူဆောင်နေရင်း၊ ချင်ယွင်ကိုကြည့်ရန် သူ၏ဦးခေါင်းကို လှည့်လိုက်သည်။

ချင်ယွင်၏ ဖမ်းဆုပ်ယူဆောင်မှု အရှိန်ဟုန်သည် သူ့လောက် မမြန်ဟု သူ ခံစားမိသည်။ တစ်နာရီအတွင်း တစ် ရာခိုင်းနှုန်းအထိ တူးနိုင်လျှင်ပင် တော်တော်ကောင်းနေပါပြီ။

သို့သော်လည်း လျူရွှဲ့သည် မြင်ရသည့် မြင်ကွင်းကြောင့် ထိတ်လန့်သွားခဲ့ရသည်။

ချင်ယွင်သည် အမှန်ပင် အင်မော်တယ် ကျောက်စိမ်းများကို ဖမ်းဆုပ်ယူဆောင်ခြင်း မရှိခဲ့ပေ။ ယင်းအစား၊ သူသည် ဤနေရာ၌ ကျင့်ကြံရန် ရည်ရွယ်ထားသကဲ့သို့ ဤနေရာ တွင် ဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ဝင်္ကပါကို တည်ဆောက်နေခဲ့သည်။

"ဟေး အစ်ကို ချင်ယွင်၊ မင်း ဘာလို့ ကျင့်ကြံနေမှာလဲ?၊ အင်မော်တယ် ကျောက်စိမ်း တွေကို အမြန်ဆုံး တူးယူတော့လေ" လျူရွှဲ့သည် မနေနိုင်ဘဲ သူ့ကို သတိပေးလိုက် သည်။

ချင်ယွင်သည် မိုက်မဲသည်ဟု သူ ခံစားမိသည်။ အပြင်မှတိုက်ပွဲများကို အခွင့်ကောင်း ယူပြီး၊ ဤနေရာသို့ ဝင်ရောက်နိုင်ခြင်းကပင် သူ့အတွက် ရှားပါးသည့် အခွင့်ရေး ဖြစ် သည်။ အချိန်က သိပ်မကျန်တော့ပါဘူး။ သူသည် နောက်ထပ် အင်မော်တယ် ကျောက်စိမ်းများကို အများကြီး မတူးနိုင်ခင် အမြန် ထွက်ပြေးရလိမ့်မည်။ သူကတော့ အမှန်တကယ် ဤနေရာမှာ ကျင့်ကြံရန် စီစဉ်နေတုန်းပင်။

ယခုလို အချိန်တိုလေးအတွင်းမှာ သူ၏ကျင့်ကြံမှုကနေ အင်မော်တယ် ကျောက်စိမ်း များကို ဘယ်လောက်များများ စုပ်ယူနိုင်မည်နည်း?။ တစ်သောင်းအောက်ပင် နည်းကောင်းနည်းလိမ့်မည်။ သူသည် တတ်နိုင်သမျှ မြန်မြန်တူးယူပြီးမှ ဖြည်းဖြည်းချင်း ကျင့်ကြံနိုင်သည် မဟုတ်ပါလား?။

သို့သော် ချင်ယွင်သည် လျူရွှဲ့၏ စကားများကို နားမကြားသကဲ့သို့ သူ၏ ဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ဝင်္ကပါကို ဆက်လက် တည်ဆောက်နေခဲ့သည်။

ချင်ယွင်သည် သူ၏အဖြူရောင် မုသားစကားကို လျစ်လျူရှုထားသည်ကို တွေ့လိုက်ရ သည်နှင့် လျူရွှဲ့သည် ခေါင်းကို အနည်းငယ် ခါယမ်းကာ ချင်ယွင်ကို ဂရုမစိုက်တော့ပေ။ သူသည် သူ၏ကိုယ်ပိုင် အင်မော်တယ် ကျောက်စိမ်း တူးဖော်ခြင်းကို ဆက်လက် အာရုံ စိုက်လိုက်တေ့်သည်။

"ခဏတော့ နေထားဦးပေါ့။ ငါ အင်မော်တယ် ကျောက်စိမ်းတွေ အများကြီး တူးဖော်နိုင် တာကို မြင်ရင် မင်း မနာလိုဖြစ်ရမယ့် အချိန်တွေ ရှိလာလိမ့်မယ်။" လျူရွှဲ့သည် “မင်း သေချာပေါက် နောင်တရရရမယ်”ဟု ကြုံးဝါးဟန်ဖြင့် သူ၏နှုတ်ခမ်းကို စူကာ နှာခေါင်းရှုံ့လိုက်လေသည်။

ချင်ယွင်သည် ယခုလောလောဆယ်တွင် သူ၏ ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင် ဝင်္ကပါကို တည်ဆောက်ရန်သာ အာရုံစိုက်နေခဲ့ပြီး၊ ဤဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါသည် သာမန်ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါများနှင့် ကွဲပြားပါသည်။

ချင်ယွင် တည်ဆောက်နေသော ဤဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါ၏ အဓိက ပင်မအမြုတေမှာ သူ၏အစဦးစကြာဝဠာ ဖြစ်သည်။ တစ်နည်းဆိုရသော်၊ ချင်ယွင်သည် ပတ်ဝန်းကျင်ရှိ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောအတွင်းမှ အင်မော်တယ်စွမ်းအင်များကို စုပ်ယူရန် ကနဦးစကြာဝဠာ၏ စုပ်ယူမှုစွမ်းအားကို အသုံးပြုမည် ဖြစ်သည်။

ဟုတ်ပါသည်။ ၎င်းကို ကောင်းကင်ဘုံတာအိုမှ ရှာဖွေတွေ့ရှိခြင်းမျိုး မဖြစ်စေရန်၊ ချင်ယွင်သည် ကနဦးစကြဝဠာကို ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါဖြင့် တိုက်ရိုက် ချိတ်ဆက်ပြီး ထောက်ပံပေးခြင်းမျိုး မလုပ်ခဲ့ပါဘူး။ ယင်းအစား သူသည် ကနဦးစကြာဝဠာနှင့် အင်မော်တယ်ဘုရင်၏စံအိမ်ကြားမှာ လမ်းကြောင်းတစ်ခုကို ပထမဆုံး တည်ဆောက်ခဲ့သည်။ ထို့နောက် သူသည် အင်မော်တယ်ဘုရင်စံအိမ်ကို ဖြတ်သန်းရာ လမ်းကြောင်းအဖြစ် အသုံးပြုခဲ့သည်။ အကျိုးသက်ရောက်မှု အနည်းငယ် နည်းပါးသွားသော်လည်း ၎င်းသည် အမှန်တကယ် လုံခြုံပါသည်။

"ကောင်းပြီ။" အမွှေးတိုင်တစ်ချောင်း ထွန်းချိန်စာလောက် အချိန်ဖြုန်းပြီးနောက်၊ ချင်ယွင်သည် နောက်ဆုံးတွင် ဤ အထူးဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ဝင်္ကပါကို တည်ဆောက်ပြီးသွားပါပြီ။

"အင်မော်တယ်ဘုရင်စံအိမ်ရဲ့ စုပ်ယူမှုအမြန်နှုန်းက အဆတစ်ထောင်အထိ မြင့်တင်နိုင် တယ်။ ဒီဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ဝင်္ကပါက အမြန်နှုန်း မည်သည့်အဆင့်ထိ ရောက်ရှိသွားမလဲဆိုတာ ငါသိချင်မိတယ်" ချင်ယွင်သည် သူတည်ဆောက်ထားသော ဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ဝင်္ကပါကို ကြည့်လိုက်ရင်း သူ၏မျက်နှာမှာ အပြုံးတစ်ခု ပေါ်လာပါသည်။

ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါ၏ ပင်မအမြုတွေကို စကြာဝဠာတစ်ခုဖြင့် အသုံးပြုထားခြင်း၊ ၎င်း၏စုပ်ယူမှုနှုန်းသည် မကြုံစဖူး အမြန်နှုန်းတစ်ခုသို့ ရောက်ရှိ သွားပေလိမ့်မည်။

ထိုအကြောင်းကို တွေးတောရင်း၊ ချင်ယွင်သည် တွန့်ဆုတ်မနေတော့ဘဲ ပတ်ဝန်းကျင်မှ အင်မော်တယ် စွမ်းအင်တွေကို အကြွင်းမဲ့စိတ်နှလုံးဖြင့် စုပ်ယူရန်အတွက်၊ အသင့် ဖြစ်နေပြီဖြစ်သော ဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ဝင်္ကပါပေါ်မှာ တင်ပျဉ်ခွေ ထိုင်လိုက်ပါသည်။

" ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါ ၊ အသက်ဝင်လိုက်စမ်း…"

ချင်ယွင်က ညင်သာစွာ အော်ပြောပြီးနောက် ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင် ဝင်္ကပါကို စတင် လှည့်ပတ်လိုက်သည်။

ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါကို အသက်သွင်းလိုက်သည်နှင့် တပြိုင်နက်တွင်၊ အနှိုင်းမဲ့ အစွမ်းထက်သော စုပ်ယူမှုစွမ်းအားသည် ဝိညာဉ်စွမ်းအင် စုစည်းခြင်း အစီအရင်ဝင်္ကပါမှ ထွက်ပေါ်လာသည်။

ချင်ယွင်၏အနီးတစ်ဝိုက်ရှိ အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းများသည် ချက်ချင်း ကွဲကြေသွားကာ အတွင်းမှ အင်မော်တယ်စွမ်းအင်များသည် ချက်ချင်း သန့်စင်သွားကြ ပါသည်။

ထို့နောက်မှာတော့၊ တဖျောက်ဖျောက်နှင့် အက်ကွဲသံတွေက ပတ်ဝန်းကျင်မှာ ပျံ့နှံလာခဲ့ပြီး အင်မော်တယ် စွမ်းအင်များသည် နဂါးများကဲ့သို့ ချင်ယွင် စုစည်းထား သော ဝိညာဉ်စွမ်းအင်များအဖြစ် ပြောင်းလဲသွားပါတော့သည်။

ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် စိတ်လှုပ်ရှားမှု ပြည့်နှက်နေခဲ့ပြီး၊ သူသည် ဝိညာဉ် စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေသည်။

ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါ၏ စုပ်ယူမှုအမြန်နှုန်းသည် ထူးထူးခြားခြား ဖြစ်မည်ဟု သူသည် ယခင်ကတည်းက မျှော်လင့်ထားပြီး ဖြစ်သော်လည်း ၎င်းသည် ဤမျှ ပြင်းထန်လိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

သူ၏ရှေ့ရှိ ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါသည် လျူရွှဲ့၏ မဟူနဂါး နှလုံးသားဆွဲထုတ်ခြင်းလက်ဖဝါးကို အသုံးပြု၍ ဖမ်းဆုပ်ယူငင်ခြင်းသည်ထက် အဆပေါင်း သန်း ၁၀၀ ပိုမြန်နိုင်ဖွယ် ရှိပါသည်။ ယင်းက အဆင့်မြင့် အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောမှ အဆင်မြင့်အင်မော်တယ်ကျောက်စိမ်း သန်း ၁၀၀ ကို စက္ကန့်ပိုင်းမျှဖြင့် ရယူနိုင်သည်ဟု ဆိုလိုပါသည်။ ယင်းသည် လျူရွှဲ့၏ မဟူနဂါး နှလုံးသားဆွဲထုတ်ခြင်းလက်ဖဝါးထက် အဆပေါင်းများစွာ ပိုမြန်သည်ဟု ဆိုနိုင်သည်။

ချင်ယွင်သည် တွက်ချက်ကြည့်လိုက်သည်။ အကယ်၍၊ သူသည် ဤအမြန်နှုန်းဖြင့်သာ စုပ်ယူပြီး ဝါးမျိုလိုက်ပါက၊ သူ၏ဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ဝင်္ကပါသည် အင်မော်တယ်ကျောက်စိမ်းသတ္တုရိုင်းကြောတစ်ခုလုံးကို လုံးလုံးလျားလျား စုပ်ယူနိုင် ရန် အချိန်နှစ်နာရီထက် ပိုကြာလိမ့်မည် မဟုတ်ပေ။

ချင်ယွင်သည် သူ၏ဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ဝင်္ကပါအတွင်း ကြောက်မက် ဖွယ်ကောင်းအောင် သိပ်သည်းလှသော အင်မော်တယ်စွမ်းအင်ကို ကြည့်ရှုရင်း သူ၏စိတ်နှလုံးအတွင်း စိတ်လှုပ်ရှားမှုများကို ဖိနှိပ်ကာ သူ၏ ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာကို အရူးအမူး လှည့်ပတ်လိုက်လေသည်။

သူ၏ခန္ဓာကိုယ်ရှိ အနန္တဒြဗ်စင်များသည် တွင်းနက်ကြီးတစ်ခုအဖြစ်သို့ ချက်ချင်း ပြောင်းလဲသွားခဲ့ပြီး ၎င်းစွမ်းအင်များကို အရူးအမူး ဝါးမြိုသွားတော့သည်။ ချင်ယွင်သည် ၎င်းစွမ်းအင်များကို စုပ်ယူလိုက်သည်နှင့်၊ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အငွေ့အသက်များသည် ပို၍ပို၍ သိပ်သည်းလာခဲ့သည်။

လျူရွှဲ့သည် မူလက အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကို ပျော်ရွှင်စွာ တူးဖော်နေခဲ့သော်လည်း ရုတ်တရက် သူ၏နားထဲ ပေါက်ကွဲသံတွေ ထွက်ပေါ်လာ သည်။

ဘာကြောင့်မှန်းမသိ သူ လှည့်ကြည့်လိုက်တော့ သူ၏ပတ်ဝန်းကျင်မှာ အင်မော်တယ် ကျောက်စိမ်းတွေ ကွဲကြေနေသည်ကို တွေ့လိုက်ရပါသည်။ အတွင်းမှ အင်မော်တယ် စွမ်းအင်များသည် လုံး၀ စုပ်ယူခံလိုက်ရပြီး၊ ဤကြောက်မက်ဖွယ် ကွဲအက်နေမူ အမြန်နှုန်းသည် တစ်စက္ကန့်လျှင် ဆယ်မီတာ အမြန်နှုန်းဖြင့် သူ့ဆီသို့ အရူးအမူး ပျံ့နှံ့လာလေသည်။

"ဘာလဲဟ.." လျူရွှဲ့သည် ဤကြောက်စရာကောင်းသော မြင်ကွင်းကြောင့် ပထမဆုံး အံ့အားသင့်သွားခဲ့ရသည်။

သို့သော်၊ ချင်ယွင်၏ ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါ ဖြစ်ပေါ်နေသော အင်မော်တယ် စွမ်းအင်နဂါကြီး၏ မြင်ကွင်းကို သူ မြင်လိုက်ရသောအခါတွင်၊ သူ၏ မျက်လုံးများသည် ပြူးထွက်လုနီးပါး ဖြစ်သွားရသည်။

"ဒါက ဘယ်လို ဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ဝင်္ကပါမျိုးပါလိမ့်?။ ဒီလောက် ကြောက်စရာကောင်းတဲ့ စုပ်ယူမှုအရှိန်ဟုန်ကို ဘယ်လိုလုပ် ရနိုင်တာလဲ?။ သူကရော ဝိညာဉ်စွမ်းအင်စုစည်းခြင်းအစီအရင်ဝင်္ကပါရဲ့ စုပ်ယူမူစွမ်းအားကို ဘယ်လိုလုပ် ခံနိုင်ရည် ရှိနေရတာလဲ?။ သူ ပေါက်ကွဲသွားမှာ မကြောက်ဘူးလား" လျူရွှဲ့သည် ရုတ်တရတ် သူ၏စိတ်နှလုံးထဲတွင် မေးခွန်းများ တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပါသည်။

သို့သော်၊ အင်မော်တယ်စွမ်းအင်နဂါးများသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ တဟုန်ထိုး စီးဆင်းဝင်ရောက်သွားစဉ်မှာ ချင်ယွင်ခန္ဓာကိုယ်သည် ပေါက်ကွဲမည့် မြင်ကွင်းမျိုး အနည်းငယ်ပင် မရှိခဲ့ဘဲ၊ ၎င်းအစား စွမ်းအင်အားလုံးကို စုပ်ယူလိုက်လေသည်။

လျူရွှဲ့သည် ၎င်းကို အချိန်အတော်ကြာ ကြည့်ရှုနေခဲ့ရသည်။ ချင်ယွင် အဆင်ပြေနေ သည်ကို မြင်လိုက်ရတော့၊ သူသည် နှိုင်းယှဉ်၍မရအောင် ထိတ်လန့်တုန်လှုပ်သွားပြီး နောက်ဆုံးတော့ ဤအချက်ကို လက်မခံချင်လည်း လက်ခံလိုက်ရတော့သည်။

"ငါလျူရွှဲ့ကို ဆိုးတယ်လို့ သူတို့ ပြောကြတယ်၊ မင်းက ငါ့ထက်တောင် ပိုဆိုးဝါးတယ်လို့ ငါထင်တယ်။ အပြင်ဘက်ရှိလူများ တိုက်ပွဲပြီးဆုံးသွားချိန်မှာ၊ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကြီး တစ်ခုလုံး ခြောက်သွေ့သွားသည်ကို မြင်တွေ့လိုက် ရရင်၊ သူတို့ ဘယ်လိုအမူအရာမျိုး ရှိနေမလဲဆိုတာ ငါ မြင်ချင်မိတယ်" လျူရွှဲ့က ပြေားရာစကား မရှိဟန်ဖြင့် ခေါင်းယမ်းလိုက်မိပါသည်။

သို့သော် အလွန်လျှင်မြန်စွာ၊ လျူရွှဲ့သည် အပြင်မှလူများ၏ ဖြစ်ပေါ်လာမည့် အမူအရာများအကြောင်းကို ဂရုမစိုက်ချင်တော့ပေ။ အဘယ့်ကြောင့်ဆိုသော်၊ အကယ်၍၊ သူသည် ယခုအချိန် အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကို ဆက်ပြီး မတူးဖော်မိပါက၊ ချုံးပွဲချ ငိုရတော့မည်ကို သူသိသောကြောင့် ဖြစ်သည်။

ဤအမွှေးတိုင်တစ်ချောင်း ထွန်းညှိစာအချိန်တွင်းမှာ၊ အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြော၏ ဆယ်ပုံတစ်ပုံနီးပါးသည် ခမ်းခြောက်သွားခဲ့ပါပြီ။

All Chapters