← Chapters

အခန်း ၇၈၃

Vol. 53 Ch. 783

အခန်း ၇၈၃

Vol. 53 Ch. 783

အခန်း (၇၈၃) ပြိုင်ဘက်ကင်းအင်မော်တယ်ကပ်ဘေးဒုက္ခ။

ချင်ယွင်သည် နာရီဝက်ကျော်ကြာ ကျင့်ကြံပြီးနောက် အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြောတစ်ခုလုံးရှိ အင်မော်တယ်စွမ်းအင်၏ တစ်ရာခိုင်နှုန်းအောက်သာ ကျန်လုနီးပါအထိ စုတ်ယူပြီးသွားပါပြီ။

လျူရွှဲ့သည် မြေပြင်ပေါ်တွင် တိုက်ရိုက်လှဲလျောင်းပြီး ရင်ဘတ်စည်တီးပြီး၊ ခြေဖဝါး ဆောင့်နင့်ကာ ငိုကြွေးချင်မိပါသည်။

မူလက သူသည် တစ်နာရီအတွင်း သတ္တုရိုင်းကြော၏ ဆယ်ပုံတစ်ပုံခန့် တူးယူပြီး၊ ပျော်ရွှင်စွာ ထွက်ပြေးသွားရန် စီစဉ်ထားသော်လည်း၊ ယခုမူ သူသည် တစ် ရာခိုင်နှုန်း မျှသာ တူးဖော်ချိန်ရသေးပြီး၊ အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြောသည် ခမ်းခြောက်သွားလိမ့်မည်ဟု သူ မမျှော်လင့်ထားပေ။

ယခုအချိန်တွင်၊ လျူရွှဲ့သည် ချင်ယွင်ကို သတ်ပစ်ရန် စိတ်ထဲရှိနေသော်လည်း အင်မော်တယ်စွမ်းအင်နဂါးများသည် ချင်ယွင်၏ အနီးတွင် ရှိနေသည်ကို မြင်သောအခါ၊ သူ၏စိတ်ထဲမှ အတွေးများကို မျိုသိပ်ထားလိုက်ရသည်။

လျူရွှဲ့သည် ဆိုးသွမ်းလွန်းသူတစ်ဦးဖြစ်ပြီး၊ ယခုအချိန်အထိ သူ အသက်ရှင်နေနိုင်သည် မှာလည်း သဘာဝအတိုင်း သူသည် မတုံးအသောကြောင့် ဖြစ်ပါသည်။

ချင်ယွင်၏ ကျင့်ကြံမှုအခြေခံသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့်တွင်သာ ရှိနေသော်လည်း ချင်ယွင်၏ ခွန်အားသည် သူ့ထက် နိမ့်ကျမည် မဟုတ်ကြောင်း သူ ခံစားနိုင်ပါသည်။

နှောင်းပိုင်းအဆင့် အစစ်အမှန် အင်မော်တယ် နယ်ပယ်ကျွမ်းကျင်သူ တစ်ဦးသည် အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်သို့ ဖြတ်ကျော်ရန် အတွက် အလွန်ကြီးမားသော အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကြီးကို အကုန်စုပ်ယူလုနီးပါး ဖြစ်ခဲ့ရသည်။

လျူရွှဲ့သည် ဤအကြောင်းကို တွေးမိလိုက်စဉ်၊ သူ၏ဦးရေပြားသည် ထုံကျင်သွားရ သည်။

"အောင်း…”။

ချင်ယွင်သည် ဝိညာဉ်စွမ်းအင်စုစည်းခြင်း အစီအရင်ဝင်္ကပါထဲတွင် တင်ပျဉ်ခွေ ထိုင်နေသေးသည်။ ဤအခိုက်အတန့်တွင် နဂါးငယ်လေး ကိုးကောင်သည် သူ့အား ရစ်ပတ်ထားသည်။

ဤနဂါးငယ်လေးများ အားလုံးသည် အင်မော်တယ်စွမ်းအင်များမှ ပေါင်းစည်းထားခြင်း ဖြစ်ပြီး၊ သိပ်သည်းသော အင်မော်တယ်စွမ်းအင်များ ပါဝင်နေသည်။

ဘန်း..။

ဤနဂါးငယ်လေးများသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ စဉ်ဆက်မပြတ် ပျံသန်းသွားပြီး ချင်ယွင်၏ ဒန်တန်ရှိ အနန္တဒြဗ်စင်များ၏ ဝါးမျိုးခြင်း ခံလိုက်ရပါသည်။

ယခုအချိန်တွင်၊ ချင်ယွင်၏ ကျင့်ကြံမူအခြေခံသည် အစစ်အမှန် အင်မော်တယ် နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်ပြီး၊ သူသည် အစောပိုင်း အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်သို့ ဖြတ်ကျော်ရန် ခြေတစ်လှမ်းသာ လိုပါတော့သည်။

သို့သော် ချင်ယွင်သည် ဤပြတင်းပေါက်စာရွက်အလွှာကို ဖောက်ထွင်း၍ မရသေးပေ။

"ချိုးဖျက်လိုက်စမ်း..”

ချင်ယွင်သည် သူ၏စိတ်နှလုံးထဲတွင် ခက်ထန်စွာ ဟိန်းဟောက်သံကို ထုတ်ဖော်လိုက် ပြီး ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ်ကို အလွန်မင်း မြန်ဆန်သည့် အခြေအနေအထိ တစ်ဖန်ပြန်လည် လှည့်ပတ်လိုက်ပြီး သူ၏ပတ်ဝန်းကျင်တွင် ရစ်ပတ်နေသော နဂါးငယ်လေးအားလုံး၏စွမ်းအားများကို ဝါးမျိုးလိုက်လေသည်။

"နောက်ဆုံးတော့ မင်းက အဆင့်ချိုးဖြတ်တော့မှာလား?" လျူရွှဲ့သည် ဘေးမှာရပ်ပြီး သူ့ကိုယ်သူ ရေရွတ်နေမိသည်။ သူ၏မျက်နှာက တုန်လှုပ်ချောက်ချားမူနှင့်အတူ ပူထူနေပြီ။ သူသည် ချင်ယွင်ကို သူ၏စိတ်ထဲတွင် ချင်မကောင်းဆိုးဝါးဟု ဘွဲနာမည် ပေးထားပြီး ဖြစ်သည်။

မကောင်းဆိုးဝါးလျူရွှဲ့၊ မကောင်းဆိုးဝါးချင်ယွင်တို့သည် အလွန်အစွမ်းထက်သော ပေါင်းစပ်မှုတစ်ခုနှင့်ပင် တူနေပါသည်။

“ဘန်း..”

အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြောတစ်ခုလုံးရှိ အင်မော်တယ် ကျောက်စိမ်း များအားလုံး ကွဲအက်သွားပြီး၊ အင်မော်တယ် စွမ်းအင်အားလုံးကို လုံး၀ စုပ်ယူသွားခဲ့ပါ ပြီ။

ဤအခိုက်အတန့်တွင် ချင်ယွင်သည် အံ့မခန်းအခြေအနေသို့ ရောက်ရှိသွားပုံရသည်။ သူ၏ခန္ဓာကိုယ်တွင်းရှိ အနန္တဒြဗ်စင်များသည် ခမ်းနားထည်ဝါသော အလင်းရောင်ကို ထုတ်လွှတ်နေသည်။ ရှေးဟောင်းခေတ် စတင်စဉ်ကကဲ့သို့ ချင်ယွင်၏ ခန္ဓာကိုယ်မှ ဖရိုဖရဲအငွေ့အသက်များ ထုတ်လွှတ်နေပါသည်။

“ဘန်း..”

ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ချင်ယွင်၏ ကျင့်ကြံမှုအခြေခံသည် နောက်ဆုံးတွင် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။

တစ်ချိန်တည်းမှာပင်၊ အပြင်ဘက်လောကရှိ ကောင်းကင်ကြီးသည် ရုတ်တရက် မည်းမှောင်ကျသွားသည်။ တိမ်စိုင်တိမ်မည်းတွေက အဆက်မပြတ် လွှမ်းခြုံလာပြီး ကြောက်မက်ဖွယ်ကောင်းသည့် ကောင်းကင်ဘုံတန်ခိုးအစွမ်းက ချက်ချင်း ဆင်းသက် လာပါသည်။

မူကလ တိုက်ခိုက်နေကြသော အင်မော်တယ်တာအိုဂိုဏ်းနှင့် သတ်ဖြတ်ခြင်းဂိုဏ်းမှ လူများသည် ချက်ချင်းဆိုသလို တိုက်ပွဲကို ရပ်တန့်လိုက်ကြပြီး၊ သူတို့ဦးခေါင်းပေါ်ရှိ တိမ်စိုင်တိမ်မည်းများကို အံ့အားသင့်စွာ ကြည့်နေကြသည်။

"တိမ်စိုင်တိမ်မည်းတွေ၊ ဘာလို့ တိမ်စိုင်တိမ်မည်းတွေ ရှိနေရတာလဲ?။ ဒီကိုရောက်နေ တဲ့လူတွေထဲ ဘယ်သူက ကပ်ဘေးဒုက္ခကို ဖြတ်ကျော်မှာလဲ?။" နိုင်းယွန်က ချက်ချင်း တုံ့ပြန်လိုက်ပြီး အဝေးမှာရှိနေသော တကိုယ်တော်ကျင့်ကြံသူများဆီသို့ လှမ်းအော် မေးလိုက်သည်။

အဝေးမှ တကိုယ်တော် ကျင့်ကြံသူများလည်း ဝေခွဲမရ ဖြစ်နေကြပါသည်။ ကပ်ဘေးဒုက္ခ တိမ်တိုက်တွေကို မည်သူက ဆွဲဆောင်ခဲ့သနည်း?။ သူတို့ကိုယ်တိုင် မသိသည့်အတွက် နေရာတိုင်းကို စပြီး ရှာဖွေနေကြသည်။

"အမိတ္တဘ၊ ဒါက သာမန်ကပ်ဘေးဒုက္ခ တိမ်တိုက်တွေ မဟုတ်ဘူး။ သာမန် ကပ်ဘေး ဒုက္ခတိမ်တိုက်တွေက ဒီလောက် ကြောက်စရာမကောင်းဘူး။" အနက်ရောင်ဝတ် ဘုန်းကြီးတစ်ပါးသည် ကောင်းကင်ယံ၌ ကပ်ဘေးဒုက္ခတိမ်တိုက်များကို မျှော်ကြည့်ရင်း ပြောလိုက်သည်။

"မှန်ပါတယ်။ ဒါက အင်မော်တယ်အသွင်ကူးပြောင်းခြင်းကပ်ဘေးဒုက္ခ လုံးဝ မဖြစ်ဘူး။ သာမန် အင်မော်တယ်အသွင်ကူးပြောင်းခြင်းကပ်ဘေးဒုက္ခရဲ့ စွမ်းအားက ငါတို့ကို လုံးဝ မထိခိုက်စေနိုင်ဘူး။ ဒါပေမယ့်၊ ဒီကောင်းကင်ဘုံကပ်ဘေးဒုက္ခရဲ့ စွမ်းအားက ငါကိုတောင်မှ ကြောက်ရွံ့တဲ့ ခံစားမှုမျိုး ခံစားရစေတယ်။" ပိန်ပိန်ပါးပါး အဘိုးကြီးက မျက်မှောင်ကြုတ်ကာ ပြောလိုက်သည်။

ထိုစကားများ ပြောပြီးသည်နှင့်၊ လူတိုင်းသည် ဤကောင်းကင်ကပ်ဘေးဒုက္ခ၏ ထူးဆန်းသော သဘောသဘာဝကို ရှာဖွေတွေ့ရှိသွားကြသည်။ အထူးသဖြင့် အစစ်အမှန် အင်မော်တယ်များ ဖြစ်ကြသည်။ သူတို့သည် ဤအားကောင်းသော ကောင်းကင်ဘုံ၏ တန်ခိုးစွမ်းအားအောက်တွင် တည့်တည့်မတ်မတ် မရပ်တည်နိုင် ကြတော့ပေ။

အားနည်းသူအချို့သည် ကောင်းကင်ဘုံ၏တန်ခိုးစွမ်းအားအောက်တွင် ဒူးထောက်၍ ထိုင်နေကြရသည်။

အင်မော်တယ်အသွင်ကူးပြောင်းခြင်း နယ်ပယ်တွင် အစစ်အမှန် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင်၊ မထိန်းနိုင်ဘဲ ဒူးထောက်ကြရသည့် အင်မော်တယ် အသွင်ကူးပြောင်းခြင်း ကပ်ဘေးဒုက္ခသည် မည်သို့ ဖြစ်လာနိုင်မည်နည်း?။

ဤအရာအားလုံးကို မြင်လိုက်ရလျှင်၊ လူတိုင်း အံ့ဩသွားခဲ့ကြသော်လည်း၊ မည်သို့ပင် ရှာဖွေပါစေ၊ သူတို့သည် ကပ်ဘေးဒုက္ခကို ဖြတ်ကျော်မည် ဤသူကို ရှာမတွေ့ခဲ့ကြပေ။

ကောင်းကင်ကပ်ဘေးဒုက္ခကြီးသည် ကျယ်ပြန့်နေဆဲ ဖြစ်ပါသည်။ အနက်ရောင် ကပ်ဘေးဒုက္ခတိမ်တိုက်များသည် ကီလိုမီတာ ၁၀,၀၀၀ နီးပါး ဧရိယာကို ဖုံးလွှမ်းသွား ခဲ့ပြီး ရန်ကလန်၏ သြဇာလွှမ်းမိုးမှုနယ်မြေတစ်ခုလုံးကို လွှမ်းခြုံထားသည်။ ရုတ်တရက် ရန်မျိုးနွယ်၏ သြဇာလွှမ်းမိုးမှုနယ်မြေအတွင်းရှိ သန်းရာနှင့်ချီသော ကျင့်ကြံသူများ သည် အထိတ်တလန့်ဖြစ်မူနှင့်အတူ စိတ်မသက်မသာ ဖြစ်နေကြရသည်။

လျူရွှဲ့သည် လေဟာနယ်အက်ကြောင်းထဲတွင် ရှိနေသော်လည်း၊ သူသည် သဘာဝ အတိုင်း ဤကောင်းကင်ဘုံ၏တန်ခိုးစွမ်းအားကို ခံစားခဲ့ရသည်။ သူသည် သူ၏ လေဟာနယ်တွန့်ခေါက်ခြင်းနိယာမကို အသုံးပြုပြီး တကိုယ်တော် ကျင့်ကြံသူများရှိ သည့် လူအုပ်ကြီးဆီသို့ ပြန်သွားတော့သည်။

ကောင်းကင်ယံတွင် ဖုံးလွှမ်းနေသော ကပ်ဘေးဒုက္ခ တိမ်တိုက်ကြီးကို ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးများသည် နှိုင်းစား၍မရသည့် အံ့အားသင့်ဟန် အမူအရာ ပေါ်နေသည်။

"အစစ်အမှန် အင်မော်တယ်နယ်ပယ်ကနေ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ် ကို ချိုးဖြတ်ဝင်ရောက်ခြင်းက ကောင်းကင်ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်တာလား?။" လျူရွှဲ့သည် သူ၏အသိဥာဏ်များ ပြန်လည်လန်းဆန်းလာသလို ခံစားလိုက်ရသည်။

ဤကောင်းကင်ကပ်ဘေးဒုက္ခကို ဖြစ်ပေါ်စေခဲ့သူက မည်သူလဲဆိုသည်ကို သူ သိနေခဲ့ သည်မှာ သေချာပါသည်။ ချင်ယွင်မှလွဲ၍ အခြားမည်သူကရော နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်ကို ဖြတ်ကျော်ရန်အတွက် အလွန်ကြီးမားသော အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကြီးကို စုပ်ယူနိုင်သည့် စွမ်းရည်ရှိမည်နည်း?။

ဒါဆို၊ သူ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်ကို ဖြတ်ကျော်ရန် အင်မော်တယ် စွမ်းအင် မည်မျှလိုအပ်မည်နည်း?။ အင်မော်တယ်ဘုရင် နယ်ပယ်ဆိုရင်ရော ဘယ်လောက်လဲ? အင်မော်တယ် ဧကရာဇ်နယ်ပယ်ဆိုရင်ရော..?။

လျူရွှဲ့ အကြောင်းကို ပို၍တွေးတောလေ သူပေးထားသည့် မကောင်းဆိုးဝါးချင်ဆိုသည့် နာမည်က ပို၍ထိုက်တန်လေဟု သူခံစားလိုက်ရသည်။

"ဖောက်ပြန်နေတဲ့ချင်၊ သဘာဝတရားကို သွေဖီနေတဲ့ချင်၊ မင်းအတွက် ဒီကောင်းကင် ကပ်ဘေးဒုက္ခကြီးကနေ ရှင်သန်လွတ်မြောက်ဖို့ အရမ်းခက်ခဲမှာကို ငါ စိုးရိမ်မိပါတယ်။ မင်းအတွက်တော့ ဒီကောင်တွေနဲ့တင် လုံလောက်ပါပြီ။ ငါလျူရွှဲ့ကလည်း မင်းကို မကူညီနိုင်ဘူး" လျူရွှဲ့သည် အဝေးမှ ကပ်ဘေးဒုက္ခတိမ်တိုက်ကြီးကို စိုက်ကြည့်နေ ကြသော အင်မော်တယ်တာအိုဂိုဏ်းနှင့် အခြားသူများကို ကြည့်လိုက်ရင်း၊ သူ၏စိတ်ထဲ တွင် ချင်ယွင်အတွက် တိတ်တဆိတ် ငိုကြွေးနေမိသည်။

ယခုအချိန်တွင် ချင်ယွင်သည် သူ၏ကျင့်ကြံမှု အခြေအနေမှ ဆုတ်ခွာသွားခဲ့ပြီ ဖြစ်သည်။ ထုံးစံအတိုင်း၊ သူသည် ကောင်းကင်ကပ်ဘေးဒုက္ခကို ရောက်ရှိလာသည်ကို ခံစားလိုက်ရပြီး သူ၏မျက်နှာပေါ်တွင် ခါးသီးသော အပြုံးတစ်ခု ပေါ်လာသည်။

သူသည် အစစ်အမှန် အင်မော်တယ်နယ်ပယ်သို့ ရောက်သည်နှင့် ကောင်းကင်ကပ်ဘေး ဒုက္ခကို ရင်ဆိုင်ဖြတ်ကျော်နိုင်မည့်ဒုက္ခမှ လွတ်မြောက်သွားပြီဟု မူလက တွေးထင်ခဲ့ သော်လည်း၊ အဆုံးတွင် သူသည် ကောင်းကင်ကပ်ဘေးဒုက္ခကို ရင်ဆိုင်ရဦးမည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အပြင်မှာ ရန်သူအနည်းငယ်လည်း ရှိနေပါသေးသည်။ ယနေ့ ကပ်ဘေးဒုက္ခသည် အလွန်ခက်ခဲလာဖွယ် ရှိပါသည်။ သေချာပါသည်၊ သူသည် ဤအရာများကို ရင်ဆိုင်နေရဦးမှာပါ။

"လျူရွှဲ့ကတော့ အမြန်ပြေးသူ တစ်ယောက် ဖြစ်နေဆဲပဲ။ သူက ငါ့ကို နှုတ်ဆက်စကား တောင် မပြောဘဲ ထွက်ပြေးသွားခဲ့တယ်။" ချင်ယွင်သည် ဘာစွမ်းအင်မှ မရှိတော့သည့် သတ္တုရိုင်းကြော အလွတ်ကြီးကို ကြည့်ရင်း ကူကယ်ရာမဲ့ ခေါင်းခါလိုက်မိသည်။

"အင်မော်တယ် ကျောက်စိမ်းမိုင်းတွင်းကြီး ငါ့ကြောင့် အင်မော်တယ်စွမ်းအင်တွေ ကုန်ခမ်းသွားတာကို တွေ့တဲ့အခါ ရန်ကလန်နဲ့ အင်မော်တယ်တာအိုဂိုဏ်းက လူတွေ ရူးသွပ်သွားမလား ငါ သိချင်မိတယ်" ချင်ယွင်သည် သူ၏စိတ်ထဲက ပြုံးလိုက်ရင်း သူ့ကိုယ်သူ ပြောလိုက်သည်။

သူသည် လေဟာနယ် သလင်းကျောက် အပိုင်းအစကို ထုတ်ယူကာ လေဟာနယ်ကို ထိုးဖောက်ပြီး ထွက်သွားတော့မည်။ သို့သော်လည်း ဤအခိုက်အတန့်တွင်၊ အင်မော်တယ် အလင်းတန်းတစ်ခုသည် သူ၏မျက်လုံးများကို ဖြတ်၍ ရုတ်တရက် လင်းလက်လာပြီး အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြော၏ နက်ရှိုင်းသော အရပ် သို့ တိုက်ရိုက် ပျံသန်းသွားတော့သည်။

"ဒါက အင်မော်တယ်စိတ်ဝိညာဉ်လား?" ချင်ယွင်၏ မျက်နှာသည် ချက်ချင်းပင် အံ့အားသင့်သော အမူအရာ ပေါ်လာပါသည်။

ဤအင်မော်တယ်ကျောက်စိမ်းမိုင်းတွင်းမှာ အင်မော်တယ် စိတ်ဝိညာဉ်တွေ မွေးဖွားလာ မည်ဟု သူ ခန့်မှန်းထားပြီးသား ဖြစ်ပါသည်။ သို့သော်လည်း၊ သူသည် အင်မော်တယ် ကျောက်စိမ်းမိုင်းတွင်းတစ်ခုလုံးရှိ အင်မော်တယ်စွမ်းအင်များကို စုပ်ယူပြီးနောက်၊ သူသည် အင်မော်တယ် စိတ်ဝိညာဉ်များ၏ တည်ရှိမူကို ရှာမတွေ့ခဲ့ပါ။ ဤမိုင်းတွင်းမှာ အင်မော်တယ်စိတ်ဝိညာဉ်များ မရှိတော့ဟု သူထင်ခဲ့မိသည်။

သို့သော် သူထွက်ခွာခါနီးတွင် ဤအင်မော်တယ်စိတ်ဝိညာဉ်သည် သူ့ဘာသာသူ အမှန်တကယ် ထွက်လာလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

"ဟေ့ကောင်လေး၊ မင်းကိုယ်တိုင် ထွက်လာမှတော့ ငါ့ကို အပြစ်မတင်နဲ့နော်။" ချင်ယွင်ရဲ့ ပါးစပ်ထောင့်စွန်းက ခပ်ဖျော့ဖျော့ အပြုံးတစ်ခု ထွက်ပေါ်လာပြီးနောက် သူသည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို အသုံးပြုလိုက်ပြီး၊ အင်မော်တယ် စိတ်ဝိညာဉ် ယခုလေးတင် ပျံသန်းသွားခဲ့သော လမ်းကြောင်းအတိုင်း လိုက်ပါသွားခဲ့ သည်။

အင်မော်တယ် စိတ်ဝိညာဉ်များသည် ကောင်းမွန်သော အရာများ ဖြစ်ကြပါသည်။ ၎င်းသည် အခြေခံအားဖြင့် အင်မော်တယ်ကျောက်စိမ်းနှင့် တူညီပြီး အင်မော်တယ် စွမ်းအင်များမှ ပေါင်းစပ်သိပ်သည်းထားသော အရာဖြစ်ပါသည်။ သို့သော် ၎င်းသည် အင်မော်တယ် ကျောက်စိမ်းနှင့် တူညီသော အဆင့်မျိုးတော့ မဟုတ်ပေ။

အလွန်မင်းကြီးမားသော အင်မော်တယ် ကျောက်စိမ်း သတ္တုရိုင်းကြောကြီးကသာ အင်မော်တယ် စိတ်ဝိညာဉ်များကို မွေးထုတ်ပေးနိုင်ပါသည်။ ထို့ကြောင့် အင်မော်တယ် စိတ်ဝိညာဉ်သည် ဖရိုဖရဲရတနာထက် တန်ဖိုးမနိမ့်ကျသည်မှာ သေချာပါသည်။

ဤအင်မော်တယ် စိတ်ဝိညာဉ်ကို မည်သို့ အသုံးပြုရမည်နည်း?။

ဤအင်မော်တယ် စိတ်ဝိညာဉ်သည် သိပ်အများကြီး အသုံးမ၀င်ပါချေ။ ၎င်းသည် မည်သည့်အစီအရင်ဝင်္ကပါမှာမဆို အစီအရင်ဝင်္ကပါအရင်းအမြစ်တစ်ခုတည်း အဖြစ် သာ အသုံးပြုနိုင်ပါသည်။

All Chapters