← Chapters

အခန်း ၇၈၄

Vol. 53 Ch. 784

အခန်း ၇၈၄

Vol. 53 Ch. 784

အခန်း (၇၈၄) ဘက်ပေါင်းစုံမှ ဝိုင်းခံရခြင်း။

ဝှီး.....။

ချင်ယွင်၏ရုပ်အသွင်သည် ပုံရိပ်ယောင် အဆင့်ဆင့်အဖြစ်သို့ ပြောင်းလဲသွားပြီး အင်မော်တယ်စိတ်ဝိညာဉ်ဆီသို့ ချက်ချင်း ရောက်ရှိသွားခဲ့သည်။

အင်မော်တယ် စိတ်ဝိညာဉ်သည် အင်မော်တယ်စွမ်းအင်မှ မွေးဖွားလာသည့် ထူးခြားသော သက်ရှိတစ်မျိုး ဖြစ်ပါသည်။ ၎င်းသည် ဉာဏ်ရည်မြင့်မားခြင်း မရှိခဲ့သလို ရိုးရှင်းသော ပင်ကိုယ်ဗီဇအချို့သာ ရှိပါသည်။

"ငါ့လက်ကနေ ဘယ်ကို ထွက်ပြေးနိုင်မှာလဲ?" ချင်ယွင်သည် လက်တစ်ဖက်ကို ဆန့်ထုတ်ပြီး အင်မော်တယ်စိတ်ဝိညာဉ်ကို ဖမ်းဆုပ်လိုက်လေသည်။

အင်မော်တယ်စိတ်ဝိညာဉ်သည် အန္တရာယ်ကို ခံစားမိပြီး၊ ချင်ယွင်၏လက်မှ ချက်ချင်း အရှိန်အဟုန်ဖြင့် ပြေးထွက်သွားသည်။

"အယ်..၊ မင်း တကယ်ပဲ ထွက်းပြေးနိုင်တယ်ပေါ့။ မင်း ငါ့ရဲ့ လက်ငါးချောင်း တောင်တန်းကြီးကနေ ဘယ်လို ထွက်းပြေးမလဲဆိုတာ ငါ ကြည့်ချင်မိတယ်။" ချင်ယွင်က အေးစက်စက် နှာခေါင်းရှုံ့ လိုက်ပြီး ချင်ယွင်၏ ဘေးမှာ ရုပ်အသွင်နှစ်ခု ပေါ်လာသည်။

ချင်ယွင်သည် လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် သစ်သားစွမ်းရည် ကိုယ်ပွားတို့ကို တစ်ချိန်တည်းတွင် ဆင့်ခေါ်လိုက်ပြီး လူသုံးယောက်သည် အင်မော်တယ်စိတ်ဝိညာဉ် ဆီသို့ ဖမ်းဆုပ်လိုက်ကြသည်။

အင်မော်တယ်စိတ်ဝိညာဉ်သည် အလွန်မင်း ချော်လွန်းပြီး ဖမ်းရခက်ကာ၊ ၎င်းသည် လူသုံးယောက်၏ ကြားထဲမှပင် အမှန်တကယ် ချော်ထွက်သွားလေသည်။

"မင်း ငါ့လက်ထဲကနေ မလွတ်နိုင်ဘူးလို့ ငါ ပြောခဲ့ပါတယ်” ချင်ယွင်သည် အေးစက်စက် အော်ပြောလိုက်သည်။

ပတ်ဝန်းကျင်ရှိ စပျစ်နွယ်ပင်များသည် ကျောက်တောင်ထွတ်ကို ဖြတ်ကျော်၍ ထွက်ပြေးရန် လမ်းရှာဖွေနေသော အင်မော်တယ်စိတ်ဝိညာဉ် တည်ရှိရာနေရာကို ချက်ချင်း ပိတ်လှောင်ပစ်လိုက်ကြသည်။

အင်မော်တယ်စိတ်ဝိညာဉ်သည် နေရာတိုင်းပြည့်နေသော ချင်ယွင်၏ နွယ်ပင် လှောင်အိမ်ထဲသို့ ၀င်ရောက်သွားပြီး ချင်ယွင်၏နွယ်ပင်လှောင်အိမ်ထဲမှ မလွတ်မြောက် နိုင်တော့ပေ။

ချင်ယွင်သည် နွယ်ပင်လှောင်အိမ်ကို တဖြည်းဖြည်း ကျုံ့လိုက်ပြီး နောက်ဆုံးတွင် အင်မော်တယ်စိတ်ဝိညာဉ်ကို ခိုင်မြဲစွာ ချည်နှောင်လိုက်သည်။

"ကောင်သေးသေးလေး၊ မင်းက ပြေးချင်သေးလား?" ချင်ယွင်သည် သူ၏လက်ထဲတွင် အင်မော်တယ်စိတ်ဝိညာဉ်ကို ဖမ်းဆုပ်ကိုင်လိုက်ပြီး သူ၏မျက်နှာပေါ်တွင် အပြုံးတစ်ခု ပေါ်လာသည်။

အင်မော်တယ်စိတ်ဝိညာဉ်သည် ငိုရှိုက်လိုက်ပြီး နောက်ဆုံးတွင် ၎င်း၏ခန္ဓာကိုယ်ပေါ်ရှိ အလင်းရောင်သည် မှိန်ဖျော့သွားကာ ၎င်း၏မူလအသွင်အပြင်ကို ထုတ်ဖော်လိုက် သည်။

ချင်ယွင်၏ လက်ထဲတွင် ငြိမ်သက်စွာ လှဲလျောင်းနေသော လက်သီးအရွယ်၊ အနှိုင်းမဲ့ တောက်ပနေသော ပုလဲတစ်လုံးကို သူမြင်လိုက်ရသည်။

"နောက်ဆုံးတော့ စိန်လေးအတွက် သင့်လျော်တဲ့ အစီအရင်ဝင်္ကပါ အရင်းအမြစ်ကို ငါ ရှာတွေ့ခဲ့ပြီ။" ချင်ယွင် ပြုံးလိုက်သည်။

စိန်လေး၏ ကိုယ်ထည်ပေါ်ရှိ အစီအရင်ဝင်္ကပါကို ပြုပြင်လိုသည်မှာ ကြာပြီဖြစ်သော် လည်း၊ စိန်လေး၏ကိုယ်ထည်ပေါ်ရှိ အစီအရင်ဝင်္ကပါကို အားကောင်းသည့် အစီအရင်ဝင်္ကပါအရင်းမြစ်ဖြင့် ထိန်းချုပ်ထားကြောင်း သူ ရှာဖွေတွေ့ရှိခဲ့ရသည်။ ထို့ကြောင့်၊ သူသည် ထိုဆန္ဒကို ယခုအချိန်အထိ ဖိနှိပ်ထားရသည်။

ချင်ယွင်သည် ၎င်း၏ကိုယ်ထည်ပေါ်ရှိ အစီအရင်ဝင်္ကပါကို ပြုပြင်ပြီးနောက် စိန်လေး၏ တိုက်ခိုက်ရေးစွမ်းအားသည် မည်မျှ အစွမ်းထက်မည်ကို ချင်ယွင် သိချင်လာသည်။

ချင်ယွင်သည် သူ၏ အင်မော်တယ်စိတ်ဝိညာဉ်ကို သိမ်းဆည်းလိုက်သည်။ ယခုအချိန် သည် စိန်လေးအတွက် အစီအရင်ဝင်္ကပါကို ပြုပြင်ရန် အချိန်မဟုတ်သေးပါ။ ချင်ယွင် သည် မကြာမီ သူ၏ကောင်းကင်ကပ်ဘေးဒုက္ခကြီး ကျရောက်လာတော့မည်ကို ခံစားမိသောကြောင့် ထွက်ခွာခဲ့ရလေသည်။

"အရင်ဆုံး ခဏလောက် အပြင်ထွက်ရမယ်။" ချင်ယွင်သည် သူ့ကိုယ်သူ ပြုံးလိုက်မိ သည်။

ဤတစ်ကြိမ်တွင် သူသည် လေဟာနယ်သလင်းကျောက်ကို အသုံးပြုပြီး ခိုးကြောင် ခိုးဝှက် ထွက်ပြေးမည့် စိတ်ကူးကို တိုက်ရိုက် စွန့်လွှတ်လိုက်သည်။ ယင်းအစား၊ သူသည် အင်မော်တယ် ကျောက်စိမ်းမိုင်းတွင်းရှိရာ လေဟာနယ် အက်ကွဲကြောင်းထဲမှ တိုက်ရိုက် ထွက်လာခဲ့သည်။

ချင်ယွင် ထွက်လာသည်နှင့် ချက်ချင်းဆိုသလို သူ့ကို ရှာဖွေ တွေ့ရှိသွားကြသည်။

"မင်းပါလား?။ မင်း အဲဒီကနေ ဘယ်လိုလုပ်ပြီး ထွက်လာတာလဲ?။" နိုင်းယွန်သည် ချင်ယွင်ကို ပထမဆုံး တွေ့ရှိသွားပြီး၊ အလျင်အမြန် အေးစက်စွာ အော်ပြောလိုက်သည်။

ကျယ်လောင်သော ထိုအော်ဟစ်သံကြောင့် လူတိုင်းသည် ချင်ယွင်ထံသို့ ချက်ချင်း လှည့်ကြည့် လိုက်ကြသည်။ ထင်ရှားသည်မှာ၊ သူတို့သည် အင်မော်တယ် ကျောက်စိမ်း မိုင်းတွင်းထဲမှ ချင်ယွင် အဘယ်ကြောင့် ရုတ်တရက် ထွက်လာသည်ကို အလွန် သိချင်နေကြသည်မှာ သိသာပါသည်။ ထိုမိုင်းတွင်းကို တစ်ချိန်လုံး အပြင်မှာ စောင့်ကြပ် နေကြပြီး မည်သူမှ ဝင်ရောက်ခြင်းမရှိသည်ကို သိထားရပါမည်။

"ချင်ယွင်၊ မင်း အင်မော်တယ် ကျောက်စိမ်းမိုင်းတွင်းကြီးကို ဘာလုပ်ခဲ့တာလဲ။" ကျာ့ထန်းလုံကလည်း ခက်ထန်စွာ အော်ပြောလိုက်သည်။

"မင်းတို့ ဝင်ကြည့်လိုက်ရင် သိရမှာပေါ့" ချင်ယွင်၏ နှုတ်ခမ်းထောင့်စွန်းက လှောင်ပြောင် ရယ်မောဟန်ဖြင့် တွန့်သွားပြီး၊ သူသည် ဘေးတဖက်သို့ လှည့်၍ လျှောက်သွားလေသည်။

ဝှီး....။

ချင်ယွင် ပြောပြီးသည်နှင့် နိုင်းယွန်သည် အင်မော်တယ် ကျောက်စိမ်းမိုင်းတွင်းရှိသည့် လေဟာနယ်အက်ကြောင်းထဲသို့ လျင်မြန်စွာ ပြေးဝင်သွားသည်။

ချင်ယွင်သည် ထိုမြင်ကွင်းကို မြင်သောအခါ၊ သူ၏ပါးစပ်ထောင့်မှ သရော်ဟန် ထွက်ပေါ်လာသည်။

"ချင်ယွင်၊ မင်းက သေခြင်းတရားကို တောင်းခံနေတာပဲ”။

သေချာပါသည်။ ထိုအချိန်မှာပင်၊ လေဟာနယ်အက်ကြောင်းထဲကနေ ဒေါသူပုန်ထနေ သည့် ဟိန်းဟောက်သံတစ်ခု ထွက်ပေါ်လာပါသည်။

ဘေးပတ်ဝန်းကျင်ရှိ လူတိုင်းသည် စိတ်ရှုပ်ထွေးသွားသည့် အမူအရာအသီးသီးကို ထုတ်ဖော်လာကြသည်။ သူတို့လည်း စိတ်ထဲတွင် သိချင်နေကြသည်။ ဤလူသည် အင်မော်တယ် ကျောက်စိမ်း အနည်းအကျဉ်းကို တူးဖော်သွားခြင်းများ ဖြစ်နိုင်မလား?။

လျူရွှဲ့တစ်ယောက်သာ လူအုပ်ကြီးထဲမှာ မတ်တပ်ရပ်ပြီး သူ့ကို ချီးမွမ်းလိုက်သည် " မကောင်းဆိုးဝါးချင်၊ မကောင်းဆိုးဝါး ငါလျူရွှဲ့ဟာ ငါ့ဘဝမှာ ဘယ်သူ့ကိုမှ မချီးကျူး ဖူးဘူး။ ဒါပေမယ့် ဒီနေ့ကစပြီး ငါလျူရွဲ့က မင်းကို လေးစားပါတယ်။ မင်းက ခက်ခဲချင်ဟန်ဆောင်ပြီး ထွက်ပြေးမသွားခဲ့ဘူး။ မင်းက တကယ်ကို အံ့ဩစရာပဲ။"

ဝှီး....။

နိုင်းယွန်သည် လေဟာနယ်အက်ကြောင်းထဲမှ ပြေးထွက်လာခဲ့ပြီး၊ သူ၏မျက်လုံးများ တွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်ဖြင့် ချင်ယွင်အား စိုက်ကြည့်နေသည်။

"အင်မော်တယ် ကျောက်စိမ်းမိုင်းတွင်းက ဘာဖြစ်သွားလို့လဲ?။" ရှောင်လန်နှင့် တခြား သူတွေကလည်း မေးမြန်းကြသည်။

"ဒီကောင်က အင်မော်တယ် ကျောက်စိမ်းမိုင်းတွင်းထဲက အင်မော်တယ် စွမ်းအင်တွေ ကို လုံးဝအကုန် စုပ်ယူလိုက်ပြီ။ အခုအချိန်မှာ အင်မော်တယ် ကျောက်စိမ်း မိုင်းတွင်း ကြီးက အခွံအလွတ်ကြီးပဲ ကျန်တော့တယ်။" နိုင်းယွန်သည် ထိုစကားများကို သူ၏သွားများကြားမှ ညှစ်ထုတ်ပြောလိုက်ခြင်း ဖြစ်သည်။

"ဘာ..? အကုန်.. စုပ်..စုပ်ယူသွားပြီ ဟုတ်လား?​။" ရှောင်လန်နှင့် အခြားလူများသည် ချက်ချင်း ထိတ်လန့်သွားကြသည်။ သူတို့မျက်လုံးများတွင် မယုံကြည်နိုင်သော အရိပ်အယောင်များ ပေါ်လာသည်။ သူတို့သည် ကိုယ့်နားကို မယုံနိုင်ဖြစ်ပြီးနောက် သူတို့အားလုံးသည် အင်မော်တယ် ကျောက်စိမ်း မိုင်းတွင်းတည်ရှိရာ လေဟာနယ် အက်ကြောင်းများထဲသို့ ပြေးဝင်သွားကြလေသည်။

သို့သော်လည်း သူတို့သည် အင်မော်တယ် ကျောက်စိမ်းမိုင်းတွင်းကြီးမှ ပြန်ထွက်လာ သောအခါတွင်၊ သူတို့၏ မျက်နှာများသည် ကြောင်တက်တက် အမူအရာဖြင့် ပြည့်နှက်နေကြသည်။

"အင်မော်တယ် ကျောက်စိမ်းမိုင်းတွင်းကြီး တစ်ခုလုံးကို စုပ်ယူလိုက်တာလား?။ ဒီကောင် ဘယ်လို လုပ်လိုက်တာလဲ?" တကိုယ်တော် ကျင့်ကြံသူများသည် ဆက်တိုက် ဆိုသလို တီးတိုးပြောဆိုလာကြပါသည်။

ချက်ချင်းပင်၊ လူတိုင်းသည် ချင်ယွင်ကို သတ်ဖြတ်လိုစိတ်ဖြင့် စိတ်အားထက်သန်စွာ ကြည့်နေကြသည်။

"မင်းက ချင်ယွင်လား၊ မင်းက ချန်အာကို သတ်လိုက်တာလား?။ ဒီနေ့ မင်း သေရမယ်။" ဤအခိုက်အတန့်တွင်၊ ရန်ကျန်းချန်သည် ချင်ယွင်ကို ပြင်းပြသော သတ်ဖြတ်လိုစိတ် ဖြင့် စိုက်ကြည့်နေသည်။

"ချင်ယွင်၊ မင်းက ငါ့ညီလေးကို သတ်လိုက်တယ်။ ဒီနေ့ မင်း လွတ်မြောက်နိုင်မှာ မဟုတ်ဘူး။" ကျာ့ထန်းလုံသည် သူ၏လက်ထဲတွင် ရွှေလှံတစ်စင်း ပေါ်လာပြီး၊ အေးစက်စွာ အော်ပြောလိုက်သည်။

"ချင်ယွင်၊ နောက်တစ်ကြိမ်တွေ့ရင် ငါဘယ်လောက် အစွမ်းထက်တယ်ဆိုတာ မင်းကို တွေ့ခွင့်ပေးမယ်လို့ ငါ ပြောခဲ့တယ်။ ဒီနေ့ ငါ နိုင်းယွန်က မင်းလိုလူတစ်ယောက် ရန်စနိုင်တဲ့လူ မဟုတ်ဘူးဆိုတာ မင်းသိအောင် ငါ ပြောပြပေးမယ်" နိုင်းယွန်လည်း ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏မျက်လုံးများက သတ်ချင်စိတ်ဖြင့် တောက်နေသည်။

"ချင်ယွင်၊ ဟုတ်တယ်ဟုတ်၊ ငါရန်ဖေးပင်က မင်းနာမည်ကို ကြားဖူးနေတာ ကြာပြီ။ မင်းက ငါ့ရဲ့ညီငယ် ရန်ချန်ကို သတ်ပြီး ငါ့ရန်ကလန်ကို အရှက်ရစေခဲ့တယ်။ ဒီနေ့ မင်းရဲ့ ခေါင်းကို ငါ သေချာပေါက် ယူမယ်။" ရန်ဖေးပင်လည်း မတ်တပ်ထရပ်ကာ အေးစက်စွာ အော်ဟစ်လိုက်သည်။

"အမိတ္တဘ၊ ချင်ယွင် မင်းက ငါ့ကိုယ်ပွားကို သတ်ပစ်လိုက်တယ်။၊ ဒီရန်ငြိုးကို ဖြေရှင်းသင့်ပါတယ်။" ကော့ဖုန်းသည် ရှေ့သို့ ခြေတစ်လှမ်းတိုးကာ သူ၏လည်ပင်းမှ သွေးနီရောင်ပုတီးကို ထုတ်လိုက်သည်။ ပုတီးသည် ပြင်းထန်သော စွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။

ချင်ယွင်၏ ခန္ဓာကိုယ်ထဲမှ သတ်ဖြတ်လိုစိတ်က ရုတ်ချည်း ပျံ့နှံ့ထွက်ပေါ်လာသည်။ တိုက်ခိုက်နေကြဆဲဖြစ်သော နိုင်းယွန်နှင့် ကော့ဖုန်းတို့ပင်လျှင် ယခုအခါ သူတို့၏ ရန်ငြိုးရန်စအောက်တွင် စည်းလုံးနေကြသည်။

"ဝိုး..၊ ဒီချင်ယွင်က ဘယ်သူလဲဟ။ သူက လူတော်တော်များများကို ရန်ငြိုးဖွဲ့ထားပြီး၊ အခုအချိန်အထိ အသက်ရှင်နေနိုင်တာက တကယ်ကို အံ့သြစရာကောင်းလွန်းတယ်။"

"မှန်တယ်။ ရှောင်ကလန်ကလွဲပြီး ကျန်တဲ့ မျိုးနွယ်စုကြီး နှစ်ခုကို စော်ကားထားတယ်။ နောက်ပြီး အင်မော်တယ်တာအိုဂိုဏ်းနဲ့ သတ်ဖြတ်ခြင်းဂိုဏ်းတို့လည်း ရှိသေးတယ်။ ဒီလူက ဘယ်လို ဆိုးသွမ်းတဲ့အရာမျိုးတွေ လုပ်ခဲ့လို့ပါလိမ့်။"

"ဟမ့်၊ ဒီလူက အင်မော်တယ်ကျောက်စိမ်း မိုင်းတွင်းကြီး တစ်ခုလုံးမှာရှိတဲ့ အင်မော်တယ် စွမ်းအင်အားလုံးကို စုပ်ယူလိုက်တယ်။ သူက တကယ်ကို ကောင်းကင်ဘုံကိုတောင် အံတုနိုင်တဲ့ပုဂ္ဂိုလ်တစ်ဦးပဲ"

"ဝိုး၊ ဒီချင်ယွင်က အရမ်းချောတာ။ သူ ဒီတိုက်ပွဲကနေ လွတ်မြောက်နိုင်ရင် ငါ သူ့ကို လက်ထပ်မှာ သေချာတယ်"

တကိုယ်တော်ကျင့်ကြံသူများ စတင်ဆွေးနွေးကြပြီး အချို့သော အမျိုးသမီး ကျင့်ကြံသူ များသည်ပင် ချင်ယွင်၏ အမာခံ ပရိသတ်များ ဖြစ်လာကြသည်။

လျူရွဲ့သည် လူစုလူဝေးကြားတွင် ရပ်နေခဲ့သည်။ သူ၏ပတ်ဝန်းကျင်မှ အသံမျိုးစုံကို ကြားတော့ သူသည် တောက်ပစွာ ပြုံးပြီး ညည်းညူလိုက်မိသည် "သဘာဝကို သွေဖီနေတဲ့ ချင်ရေ၊ မင်းက ငါ့ကို ပိုပိုပြီး အထင်ကြီးအောင် လုပ်လိုက်ပြန်ပါပြီ။ တကယ်လို့၊ မင်း အသက်ရှင်နေတယ်ဆိုရင်၊ မင်း ငါနဲ့ တကယ်ကို တွဲလို့ရနိုင်တယ်"

ဤအခိုက်အတန့်တွင် ချင်ယွင်သည် တကိုယ်တော် ကျင့်ကြံသူများ၏ ဆွေးနွေးချက် များကို ဂရုမစိုက်ပါ။ ယင်းအစား၊ သူ၏ အကြည့်များက သူ့အား သတ်ဖြတ်ရန် ပြင်းပြနေသော လူငါးဦးအပေါ်တွင် ကျရောက်နေခဲ့သည်။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် အနည်းမျှ ရှိမနေဘဲ သူ၏သွေးထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ် ရှိနေသည်။

"ဟား...၊ ဟား...၊ ကောင်းပြီလေ၊ မင်းတို့ ငါ့ကို သတ်မှာ မဟုတ်ဘူးလား။ ဒါဆိုလည်း မင်းတို့ ငါ့ကို ဒီလျှပ်စီးကြောင်းထဲမှာ လာပြီး တိုက်ခိုက်စေချင်တယ်။ ငါချင်ယွင်က မင်းတို့နဲ့ အဆုံးထိ လိုက်ပါကစားပေးမယ်" ချင်ယွင်က ကျယ်လောင်စွာ ရယ်မော လိုက်ပြီး သူ၏အသံမှာ မောက်မာပြီး လွှမ်းမိုးကြီးစိုးနေကာ ကမ္ဘာအနှံ့ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ဘုန်း..”

တစ်ချိန်တည်းမှာပင် ကောင်းကင်ယံ၌ မိုးခြိမ်းသံတစ်ခု ထွက်ပေါ်လာသည်။ တခဏအတွင်းမှာ၊ ကောင်းကင်ယံ မည်းမှောင်နေသော တိမ်တိုက်တွေကြားမှ တောက်ပသော လျှပ်စီးအလင်းက လင်းလက်သွားခဲ့သည်။

လူတိုင်းသည် မထိန်းနိုင်ဘဲ တုန်လှုပ်သွားကြပသည်။ ဤအခိုက်အတန့်တွင် သူတို့သည် ကောင်းကင်ဘုံ၏ လျှပ်စီးကပ်ဘေးဒုက္ခသည် မည်သူ့အတွက်ဖြစ်သည်ကို နားလည် သွားကြပါသည်။

All Chapters