← Chapters

အခန်း ၇၈၅

Vol. 53 Ch. 785

အခန်း ၇၈၅

Vol. 53 Ch. 785

အခန်း (၇၈၅) ပြိုင်ဘက်ကင်းရဲရင့်သူ။

"ဒီကပ်ဘေးဒုက္ခကို ဖြတ်ကျော်မဲ့လူက သူလား?။ သူက နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ဖြစ်နေပြီ မဟုတ်လား?။ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ဖြတ်ကျော်ဝင်ရောက်ခြင်းကလည်း ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ဖို့ လိုအပ်သေးတာလား?။

တကိုယ်တော် ကျင့်ကြံသူများသည် ချက်ချင်းပင် စတင်ဆွေးနွေးကြသည်။ ဤသည်မှာ သူတို့သည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်ကပ်ဘေးဒုက္ခကို ပထမဆုံးအကြိမ် ကြုံတွေ့ဖူခြင်း ဖြစ်သည်။ ဤနက်နဲသိမ်မွေ့ခြင်း အင်မော်တယ် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီးသည် မည်သို့မည်ပုံ ဖြစ်မည်ကို သူတို့အားလုံး သိချင်နေကြသည်။

အမှန်တကယ်ဆို သိချင်စိတ်ပြင်းပြသူတွေက သူတို့ချည်းတင် မဟုတ်ပါဘူး။ ချင်ယွင် ကိုယ်တိုင်လည်း အရမ်းကို သိချင်နေခဲ့သည်။ အဆုံးတွင်၊ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကြီးသည် မည်သို့မည်ပုံ ဖြစ်လာမည်ကို သူ တစ်ခါမှ မမြင်ဖူးခဲ့ပေ။

"ဟမ့်၊ မင်းက ကောင်းကင်ကပ်ဘေးဒုက္ခကို ဆွဲဆောင်နိုင်ရင်ရော ဘာဖြစ်လဲ?။ မင်း ငါ့ညီ ရန်ချန်ကို သတ်လိုက်တယ်။ မင်း ဒီနေ့ သေရမယ်။" ရန်ဖေးပင်က အေးစက်စွာ ဟစ်အော်လိုက်ပြီး သူ၏မျက်လုံးများတွင် ပြင်းထန်သော သတ်ဖြတ်လိုစိတ်က ထွက်ပေါ်လာသည်။

“ဘုန်း…”

နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူ တစ်ဦး ၏ အငွေ့အသက်များက ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ချက်ချင်းပင် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ပျံသန်းသွားလေသည်။

ရေခဲပြာရောင် မီးတောက်အလွှာက သူ၏လက်ဖဝါးကို ဖုံးလွှမ်းသွားသည်။ ထို့အပြင်၊ ရေခဲပြာရောင် မီးတောက်များသည် တုနှိုင်းမရအောင် ပူပြင်းသည့် အငွေ့အသက်တွေ ပါရှိနေသည်။

"ဒီလက်ဖဝါးရိုက်ချက်ကို ခံယူကြည့်စမ်း၊ အလောင်းချေမွခြင်း လက်ဝါး" ရန်ဖေးပင်က ကျယ်လောင်စွာ အော်လိုက်ပြီး ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ချလိုက်သည်။

ကျန်းတစ်ရာ အကွာအဝေးသည် ရုတ်တရက် နီးကပ်သွားသည့်အလား၊ သူသည် ချင်ယွင်၏ ရှေ့သို့ ချက်ချင်း ရောက်ရှိလာသည်။

ချင်ယွင်သည် ကြောက်မက်ဖွယ်ကောင်းသော အငွေ့အသက်ကို သယ်ဆောင်လာသော လက်ဖဝါးကြီးကို ကြည့်လိုက်သည်။ သူ၏မျက်လုံးများတွင် ကြောက်ရွံ့မှု အရိပ်အယောင် မရှိရုံသာမက၊ ပြင်းထန်သော တိုက်ခိုက်လိုစိတ်က သူ၏မျက်လုံးများ တွင် ပျံ့နှံ့လာခဲ့သည်။

"ငါ အဆင့်ချိုးဖြတ်ပြီးတဲ့ ငါ့ရဲ့တိုက်ခိုက်ရေးစွမ်းအားကို စမ်းသပ်ကြည့်ဖို့ မင်းကို အသုံးပြုရမယ်။" ချင်ယွင်သည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရကို စုစည်းလိုက်သည်နှင့် သူ၏ခန္ဓာကိုယ်မှ အဖြူရောင် အလင်းတန်းများ တဟုန်ထိုး ပျံ့နှံ့ထွက်ပေါ်လာသည်။

“ဘန်း..”

ချင်ယွင်၏ လက်ဖဝါးမှ ပြင်းထန်သော စွမ်းအင်အတက်အကျလှိုင်းတစ်ခု ပျံ့နှံ့သွား သည်။ သူသည် မည်သည့် ပညာရပ်ကိုမျှ အသုံးမပြုဘဲ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရဖြင့် လက်ဖဝါးကြီးကို ရိုးရှင်းစွာ ရိုက်ထုတ်လိုက်သည်။

​“ဘုန်း..”။

ဖရိုဖရဲ အင်မော်တယ် အနှစ်သာရသည် ရေခဲအပြာရောင်မီးလျှံနှင့် အပြင်းအထန် ထိပ်တိုက်တွေ့ဆုံမိပြီး ကျယ်လောင်သော ပေါက်ကွဲသံကို ဖြစ်ပေါ်စေသည်။ ကြောက်မက်ဖွယ်ကောင်းသော စွမ်းအင်အတက်အကျလှိုင်းများသည် ချက်ချင်းပင် အရပ်ရပ်သို့ ပျံ့နှံ့သွားလေသည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် မလှုပ်မယှက် ဖြစ်နေသော်လည်း ရန်ဖေးပင်၏ ခန္ဓာကိုယ် သည် နောက်ပြန် ဆုတ်သွားခဲ့ရသည်။

"မဖြစ်​နိုင်​ဘူး..?" ရန်ဖေးပင်သည် အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။ ဤကောင်သည် အစောပိုင်း နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်တွင် ရှိနေသူ မဟုတ်ပါလော?။ သူ၏လက်ဖဝါးကို အဘယ့်ကြောင့် ဤမျှ လွယ်လွယ်ကူကူဖြင့် ဖြေရှင်းနိုင်ရသနည်း?။

"မင်း ငါ့ကိုသတ်ဖို့ မလုံလောက်သေးဘူး" ချင်ယွင်၏ ပါးစပ်ထောင့်စွန်း အေးစက်စက် အသံ ထွက်ပေါ်လာပြီး၊ သူသည် လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို ချက်ချင်း အသက်သွင်းလိုက်သည်။

ဝှီး….။

ချင်ယွင်၏ရုပ်အသွင်သည် ရန်ဖေးပင်၏ ဘေးတွင် တစ္ဆေသရဲကဲ့သို့ ပေါ်လာသည်။

ရန်ဖေးပင်သည် ချက်ချင်းပင် ထိတ်လန့်သွားပြီး အမြန် ထွက်သွားချင်သော်လည်း ခြေတစ်လှမ်း နောက်ကျနေသေး၏။

"သေလိုက်တော့..” ချင်ယွင်သည် တိုးညှင်းစွာ ပြောလိုက်ပြီး ချင်ချင်းပင် သူ၏လက်ကို စူးရှသော အငွေ့အသက်က ဖုံးလွှမ်းသွားသည်။

သူ၏လက်ကို ဓားတစ်ချောင်းအဖြစ် အသုံးပြုရင်း၊ ရှေးဟောင်းဖရိုဖရဲခုတ်ပိုင်းခြင်းကို ချက်ချင်း အသက်သွင်းလိုက်သည်နှင့် ချင်ယွင်၏လက်ဖဝါးမှ ကြောက်မက်ဖွယ် ကောင်းသော စုတ်ဖြဲခြင်းအငွေ့အသက်များ ထုတ်လွှတ်လာကာ ရန်ဖေးပင်ဆီသို့ တိုက်ရိုက် ခုတ်ပိုင်းလိုက်လေသည်။

ရန်ဖေးပင်သည် ချက်ချင်းပင် ထိတ်လန့်သော အမူအရာကို ထုတ်ဖော်လိုက်သည်။ အဆုံးမရှိ ရေခဲပြာရောင် မီးတောက်များက သူ၏ခန္ဓာကိုယ်မှ လျှံထွက်လာပြီး ချင်ယွင်၏ ဓားချက်ကို တွန်းလှန်ရန် မီးတောက်များ၏ စွမ်းအားကို အသုံးချလိုဟန်ဖြင့် ချက်ချင်းပင် မီးလုံးကြီးအဖြစ်သို့ ပြောင်းလဲသွားသည်။

"ဖူး….."

လျှပ်တပြက် တောက်ပသော အစိမ်းရောင်အလင်းတန်းတစ်ခုက လင်းလက်သွားပြီး ရန်ဖေးပင်၏ ခန္ဓာကိုယ်ပေါ်ရှိ ရေခဲပြာရောင် မီးတောက်များသည် ချက်ခြင်း နှစ်ခြမ်း ကွဲသွားသည်။

ထိုမျှတင်မကဘဲ ရန်ဖေးပင်၏ မျက်ခုံးနှစ်ခုကြားမှာ သွေးထွက်သံယို ဒဏ်ရာ အမှတ်သားတစ်ခု ရှိနေသည်။ ထို့နောက်တွင်၊ ရန်ဖေးပင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် လူတိုင်း၏ အနှိုင်းမဲ့ တုန်လှုပ်ခြောက်ခြားဟန် အကြည့်များအောက်တွင် နှစ်ပိုင်း ကွဲသွားလေသည်။

"မဟုတ်ဘူး…" ရန်ဖေးပင်သည် အလွန်သနားစရာကောင်းသော အော်ဟစ်သံဖြင့် ထုတ်အော်လိုက်သည်။ ထို့နောက် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကွဲထွက်သွားပြီး၊ သူ၏တက်ကြွမှုတွေ ပျောက်ဆုံးကာ မြေပေါ်သို့ ပြုတ်ကျသွားသည်။

ဘန်း…။ ရန်ဖေးပင်၏ အလောင်း ပြုတ်ကျသံက လူအုပ်ကြီး၏နားထဲသို့ တိုးဝင်လာခဲ့ ပြီး၊ ချက်ချင်းပင် အားလုံး တိတ်ဆိတ်သွားကြသည်။

သူ၏လက်ကို ဓားတစ်လက်အဖြစ် အသုံးပြုပြီး၊ အထွတ်အထိပ် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူကို သတ်ခြင်း။ ၎င်းသည် မည်သို့သော ခွန်အားမျိုး ဖြစ်သနည်း?။ ဤလူသည် အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်မှာ တကယ်ရော ဟုတ်ပါရဲ့လား?။

လူတိုင်း၏စိတ်ထဲတွင် သံသယအတွေးတွေ ပေါ်လာပါသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်အား ၎င်းတို့၏ အကြည့်များသည် ရိုသေလေးစားမှု အပြည့်ရှိနေ၏။

ဤမြင်ကွင်းကို မြင်လိုက်ရတော့ နိုင်းယွန်နှင့်အဝေးမှ အခြားလူများသည်လည်း အံ့ဩသွားကြသည်။

အထူးသဖြင့် ရှောင်လန်ဖြစ်သည်။ သူမ၏ မျက်လုံးများသည် အံ့ဩခြင်းများဖြင့် ပြည့်နှက်နေသည်။ ကျာ့ဖန်းလျှန် အသတ်ခံရပြီးကတည်းက လေလံအိမ်ရှိ ထွားကြိုင်း သန်မာသောလူမှာ ချင်ယွင်ဖြစ်သည်ကို သူမ သိထားခဲ့ပြီ။ မူလက သူမသည် ချင်ယွင်ကို သူ၏မျက်လုံးထဲတွင် မည်သည့်အခါမှ ထည့်မထားခဲ့ပေ။ ယခု ချင်ယွင်သည် ရန်ဖေးပင်ကို အလွယ်တကူ သတ်ပစ်လိုက်သည်ကို မြင်လိုက်ရတော့ သူမမျက်နှာကို ဖြတ်ရိုက်ခံလိုက်ရသလို ခံစားလိုက်ရသည်။

ချင်ယွင်သည် ရန်ဖေးပင်၏ ပြုတ်ကျနေသော အလောင်းကို မည့်သည့် ကြင်နာ သနားခြင်းမှ မရှိဘဲ ကြည့်နေသည်။

ရန်ဖေးပင်၏ ခန္ဓာကိုယ်ပေါ်ရှိ သတ်ဖြတ်လိုသည့်ဆန္ဒသည် သူ့နှလုံးသား အောက်ခြေမှ ထွက်ပေါ်လာခြင်းမျိုး မဟုတ်ပေ။ အကယ်၍ ချင်ယွင်၏ ခန့်မှန်းချက်သာ မှန်ကန်ပါက ဤရန်ဖေးပင်သည် ရန်ချန်ကို လုံးဝ ရင်းနှီးကျွမ်းဝင်ခြင်း မရှိချေ။ သူ သူ့ကိုသတ်ချင်ရ သည့် အကြောင်းရင်းက ချင်ယွင်ကို နင်းတက်စရာ ခြေနင်းကျောက်တုံးအဖြစ် အသုံးပြုပြီး၊ သူ၏ကျော်စော်မူ ဂုဏ်သတင်းကို ထူထောင်လို၍ဖြစ်ကြောင့် သံသယ ဖြစ်စရာ မရှိပါဘူး။

"(ငါ့ကိုတိုက်ခိုက်ဖို့) မင်းကိုယ်တိုင် ခေါင်းစဉ်တပ်လို့ရပေမယ့်၊ မင်း လူရွေးတာ မှားသွားပြီ" ချင်ယွင်က အထင်သေးဖြင့် ပြောလိုက်သည်။

ဘန်း…။

ဤအခိုက်အတန့်တွင် အလွန်ထက်ရှသော အလင်းတန်းတစ်ခုသည် လေဟာနယ်ကို ထိုးဖောက်ဝင်ရောက်လာပြီး တုနှိုင်းမရအောင် ထက်ရှသော လှိုင်းဂယက်တစ်ခုက ချင်ယွင်ဆီသို့ အရူးအမူး ထိုးဖောက်ဝင်ရောက်လာပါသည်။

ထိုစူးရှသော အလင်းတန်းသည် လျင်မြန်လွန်းသဖြင့် ချင်ယွင်၏ ရှေ့သို့ ချက်ချင်း ရောက်လာခဲ့သည်။ ထို့အပြင်၊ လှံထိပ်ဖျားမှ ထုတ်လွှတ်နေသော စူးရှသော အငွေ့အသက်သည် ပို၍ ကြောက်စရာကောင်းသည်။ တစ်မီတာအကွာအဝေးမှ ချင်ယွင်သည်ပင် သူ၏အရေပြားများ နာကျင်ကိုက်ခဲနေသည်ကို ခံစားနိုင်သည်။

"သေလိုက်တော့၊ ရွှေခွဲကျောက်ကို ထိုးဖောက်ခြင်း။" ကျာ့ထန်းလုံသည် ကျယ်လောင် စွာ အော်ပြောလိုက်သည်။ သူ၏လက်ထဲမှာရှိနေသော ရွှေလှံသည် အတားအဆီးမဲ့ ရွှေနဂါးကြီးတစ်ကောင်ကဲ့သို့ အရာအားလုံးကို ထိုးဖောက်နိုင်သည့် စွမ်းအားကို သယ်ဆောင်လာပြီး၊ ချင်ယွင်၏ နှလုံးဆီကို တိုက်ရိုက် ထိုးဖောက်ဝင်ရောက်သည်။

အကယ်၍ ဤထိုးဖောက်ချက်သာ ထိမှန်ခဲ့မည်ဆိုလျှင်၊ ချင်ယွင်၏ ခန္ဓာကိုယ်ကို ချက်ချင်းပင် ထိုးဖောက်ဝင်ရောက်သွားမည် ဖြစ်သည်။

"ဟမ့်၊ ဒီသိုင်းကွက်ပဲ ဖြစ်ပြန်ပြီလား..။" ချင်ယွင်၏ မျက်လုံးများသည် ဒေါသများဖြင့် ဝင်းလက် တောက်ပလာသည်။

ကျာ့ထန်းလုံသည် ဤအခိုက်အတန့်ကို အခွင့်ကောင်းယူကာ ခိုးကြောင်ခိုးဝှက် တိုက်ခိုက်ခဲ့သည်။ အကယ်၍ သူသည် လေစွမ်းရည် နိယာမများကို နားလည်ပြီး နှစ်မီတာအချင်းဝက်အတွင်း လေစီးကြောင်းများကို ရှင်းရှင်းလင်းလင်း သိမြင်နိုင်ခြင်း မရှိပါက၊ သူသည် ဤသိုင်းကွက်ကို သေချာပေါက် ရှောင်ရှားနိုင်မည် မဟုတ်ပေ။

"မင်းကများ ငါ့ကို သတ်ချင်နေတယ်။ အိပ်မက်မက်လိုက်ဦး…"

ချင်ယွင်သည် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရနှင့် ကောင်းကင်နတ်ဘုရာစွမ်းအားသည် တစ်ချိန်တည်းတွင် သူ၏ ခန္ဓာကိုယ်မှ ထွက်ပေါ်လာသည်။ ချက်ချင်းပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ တုနှိုင်းမရအောင် ကြောက်စရာကောင်းသော စွမ်းအင်အတက်အကျလှိုင်းများ ပျံ့နှံ့ ထွက်ပေါ်လာခဲ့သည်။ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရနှင့် ကောင်းကင်နတ်ဘုရား စွမ်းအား ပေါင်းစပ်မှုနှင့်အတူ သူသည် အကာကွယ်ဒိုင်းတစ်ခုကို သိပ်သည်းလိုက် သည်။

"ဒါက အသုံးမဝင်ဘူး။ ငါ့ရဲ့ ထက်ရှတဲ့နိယာမ အရာအားလုံးကို ထိုးဖောက် ဝင်ရောက်နိုင်တယ်။" ကျာ့ထန်းလုံသည် ချင်ယွင်၏ အကာကွယ်ဒိုင်းအား စွမ်းအင်ဖြင့် သိပ်သည်းထားသည်ကို ကြည့်ပြီး သူ၏မျက်နှာသည် ချက်ချင်းပင် လှောင်ပြောင်သော အမူအရာ ပေါ်လာသည်။ ချင်ယွင်၏ ခန္ဓာကိုယ်ကို လှံက ထိုးဖောက်သွားသည့် မြင်ကွင်းသည်ပင် သူ၏စိတ်ထဲတွင် ပေါ်လာစပြုနေပြီ ဖြစ်သည်။

ချွင်…။

ချွန်ထက်သော လှံထိပ်ဖျားသည် အကာကွယ်စွမ်းအင်ဒိုင်းကို ထိမှန်သွားပြီး၊ သန့်စင်သော သံမဏိအချင်းချင်း ထိခိုက်မိသည့်အသံ ထွက်လာသည်။

"ဖျစ်…."

အကာကွယ်စွမ်းအင်ဒိုင်းသည် ကွဲကြေသွားသော်လည်း ကျာ့ထန်းလုံ၏ လှံတိုက်ခိုက်မှု ကိုလည်း အကာကွယ်စွမ်းအင်ဒိုင်းက ထက်ဝက်ကျော်သည်အထိ ဖြတ်တောက် ပစ်လိုက်သည်။

ထို့နောက် ချင်ယွင်သည် သူ၏လက်ကို ဆန့်တန်းကာ လှံထိပ်ဖျားကို တင်းတင်း ကြပ်ကြပ် ဖမ်းဆုပ်ကိုင်လိုက်ရင်း၊ ရွှေလှံအပေါ်ရှိ တိုက်ခိုက်မှုသည် လုံးဝ အကြွင်းမဲ့ မရှိသည်၏အဖြစ်သို ရောက်သွားစေသည်။

"ဘာလဲ…?" ကျာ့ထန်းလုံသည် သိသိသာသာ ထိတ်လန့်သွားသည်။ သူ၏ ရွှေခွဲကျောက်ကို ထိုးဖောက်ခြင်းလှံချက်သည် ချင်ယွင်ကြောင့် အမှန်တကယ်ပင် ပျောက်ကွယ်သွားလိမ့်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။

ချင်ယွင်သည် ကျာ့ထန်းလုံ၏ မျက်နှာပေါ်ရှိ အံ့အားသင့်သော အမူအရာကို ကြည့်ပြီး ပြုံးပြလိုက်ပြန်သည်။

ဟုတ်ပါသည်၊ သူသည် ဤလှံတိုက်ခိုက်မှုကို လုံးလုံးလျားလျား ခုခံရန်အတွက် ပေါင်းစပ်စွမ်းအားဖြင့် သူ၏အကာကွယ်ဒိုင်းကို သိပ်သည်းလိုက်ရခြင်းက၊ သူသည် ထိုလှံ၏တိုက်ခိုက်မှုကို ချေဖျက်ရန်အပြင်၊ ကျာ့ထန်းလုံကို ဖမ်းဆီးဖို့ ဤအခွင့်အရေးကို ဆုပ်ကိုင်လို၍ ဖြစ်ပါသည်။

"သေလိုက်တော့…" ချင်ယွင်က ကျယ်လောင်စွာ အော်ပြောလိုက်သည်။ ထို့နောက် တွင်၊ ချင်ယွင်၏ လက်သည် လှံထိပ်ဖျားကို ရုတ်တရက် ဆောင့်ဆွဲလိုက်သည်နှင့် ကျာ့ထန်းလုံ၏ ခန္ဓာကိုယ်သည် ချင်ယွင်ဆီသို့ အထိန်းအကွပ်မဲ့စွာ ပျံသန်းသွားသည်။

တစ်ချိန်တည်းမှာပင်၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် သံမဏိလေးကိုင်းကဲ့သို့ ကွေးညွတ် သွားကာ ကျာ့ထန်းလုံ၏ ဝမ်းဗိုက်ကို ဒူးနှင့်တိုက်ရိုက် တိုက်ချလိုက်လေသည်။ ကျာ့ထန်းလုံ၏ ဝမ်းဗိုက်ထဲတွင် ကောင်းကင်နတ်ဘုရားစွမ်းအားက ချက်ချင်းဆိုသလို ပေါက်ကွဲသွားသည်။

"ဖူး…."

ကျာ့ထန်းလုံသည် သူ၏ရှေ့တွင် အမှောင်ထုကြီးတစ်ခု ကျရောက်လာသည်ကိုသာ ခံစားလိုက်ရသည်။ သူ၏စိတ်ဝိညာဉ်တစ်ခုလုံးသည် တစ်ခဏမျှ တုန်လှုပ်သွားပြီး၊ ကြောက်မက်ဖွယ်ကောင်းသော နာကျင်မှုတစ်ခုသည် သူ၏ဦးနှောက်ကို ချက်ချင်း တုန်လှုပ်သွားစေသည်။

All Chapters