← Chapters

အခန်း ၇၈၆

Vol. 53 Ch. 786

အခန်း ၇၈၆

Vol. 53 Ch. 786

အခန်း (၇၈၆) အင်မော်တယ်ကပ်ဘေးဒုက္ခ ဆင်းသက်လာခြင်း။

"မင်း ငါ့ကို သတ်ချင်သေးလား?။"

သူသည် ကျာ့ထန်းလုံ၏ လည်ပင်းကို တိုက်ရိုက် ဖိနင်းလိုက်ရင်း၊ ရန်လိုမှု အရိပ်အယောင်က ချင်ယွင်၏ မျက်လုံးများမှတဆင့် တောက်ပ လင်းလက်သွားခဲ့သည်။ ထို့နောက်တွင် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် ကြောက်မက်ဖွယ် အရှိန်အဟုန်ဖြင့် မြေပြင်ဆီသို့ ထိုးဆင်းသွားလေသည်။

"ဘုန်း…."

ချင်ယွင်၏ အရှိန်ဟုန် ပြင်းပြင်းဖြင့် ထိုးဆင်းမူကြောင့် ကျာ့ထန်းလုံ၏ ခန္ဓာကိုယ် တစ်ခုလုံးသည် မြေပြင်ပေါ်သို့ ပြင်းထန်စွာ ပစ်ရိုက်ကျသွားသည်။ တခဏချင်းမှာပင်၊ မြေပြင်သည် တစ်လက်မချင်းဆီ ကွဲအက်သွားပြီး နက်ရှိုင်းသော တွင်းကြီးအဖြစ် ပြောင်းလဲသွားကာ အက်ကြောင်းတွေက ပေရာနှင်ချီ ပျံ့နှံ့သွားပါသည်။

သူ၏ စိတ်ဝိညာဉ် ၃ ပါးနှင့် ဝိညာဉ် ၇ ပါးတို့သည် တစ်ချက်တည်းနှင့် ဝိညာဉ်တစ်ခုသာ ကြွင်းကျန်တော့သည့်အထိ ပေါက်ကွဲသွားသလို ကျာ့ထန်းလုံ ခံစားလိုက်ရသည်။ သူ၏ ခန္ဓာကိုယ်သည် ယခုအခါ လုံးဝ ပုံပျက်နေပြီး အထူးသဖြင့် ဦးခေါင်းသည် ပြင်းထန်စွာ ဒဏ်ရာရသွားခဲ့သည်။ သူ၏ ဦးခေါင်းခွံတစ်ခုလုံး ကွဲကြေသွားကာ သူ၏ပါးစပ်မှ လတ်ဆတ်သော သွေးများ စိမ့်ထွက်လာသည်။ (စိတ်ဝိညာဉ် ၃ ပါးနှင့် ဝိညာဉ် ၇ ပါးတို့သည် မည်သည့်အရာကို ဆိုလိုမှန်းမသိပါချေ။ အဆင်ပြေသလို ပြန်ဆိုလိုက်ရပါ သည်။)

ချင်ယွင်၏ စွမ်းအားသည် အလွန်ကြောက်မက်ဖွယ်ကောင်းပြီး၊ အမြင့်ပေတစ်ရာမှ ပြင်းထန်သော ပြုတ်ကျမှုအရှိန်ဟုန်နှင့်အတူ ထိုအင်အားသည် ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိသွားခဲ့သည်။

ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးမှ လူတိုင်းသည် သူတို့၏နှလုံးကို တစ်စုံတစ်ယောက်က ဖမ်းဆုပ်ထားသလို ခံစားလိုက်ရသည်။ ပြင်းထန်သော အေးစိမ့်မူသည် သူတို့ခြေဖဝါးများမှ ဦးရေပြားဆီသို့ တိုးဝင်လာကာ ဦးရေပြားကို ပြင်းထန်စွာ ထုံသွားစေသည်။

"နတ်ဆိုးချင်က၊ ဒီလောက်ကြီး ကြီးစိုးနိုင်လိမ့်မယ်လို့ ငါ မမျှော်လင့်ထားဘူး။ ဟား..၊ ဟား..၊ ဘယ်လောက် ကြည်နူးစရာကောင်းလဲ?။" လျူရွှဲ့သည် လူအုပ်ကြီးထဲတွင် မတ်တပ်ရပ်ရင်း၊ လက်ခုပ်လက်ဝါးတီးကာ ချင်ယွင်ကို အဆက်မပြတ် အော်ဟစ် အားပေးရင်း သူ၏မျက်လုံးများသည် စိတ်လှုပ်ရှားမှုများဖြင့် တောက်ပနေသည်။

"သခင်လေးကို မြန်မြန် လွှတ်လိုက်စမ်း.." ကျာ့ထန်းလုံသည်၏ နောက်မှ လိုက်ပါလာ သော အကြီးအကဲဟွန်သည် သူ၏သခင်လေး ချင်ယွင်ကြောင့် ဒဏ်ရာ အပြင်းအထန် ရနေသည်ကို တွေ့လိုက်ရလျှင်၊ ချင်ယွင်ဆီသို့ အရူးအမူး ပြေးသွားရင်း ကျယ်လောင်စွာ ဟိန်းဟောက်လိုက်သည်။

သူသည် ပျံသန်းနေစဉ်မှာ အင်မော်တယ် အနှစ်သာရ၏ လက်ဖဝါးကြီးကို ဆန့်ထုတ်ပြီး၊ ချင်ယွင်ဆီသို့ တွန်းပို့လိုက်သည်။

"ဟိုတုန်းက ခင်ဗျားကို ကြောက်ခဲ့ပေမယ့် အခု ခင်ဗျားကို မကြောက်တော့ဘူး" ချင်ယွင်သည် အဖိုးအိုကိုနှင့် သူ့ဆီသို့ ပျံသန်းလာနေသော လက်ဖဝါးကြီးကို ကြည့်ရင်း သရော်ဟန်ဖြင့် ပြောလိုက်သည်။

"ဒါက ခင်ဗျားအတွက်ပဲ.." ချင်ယွင်သည် ကျာ့ထန်းလုံကို လက်ဖြင့် ဆုပ်ကိုင်လိုက်ပြီး ကောင်းကင်ပေါ်ရှိ ဧရာမလက်ဖဝါးကြီးဆီသို့ ပစ်ချလိုက်သည်။

အဘိုးအို၏ အမူအရာသည် ပြောင်းလဲသွားပြီး ကျာ့ထန်းလုံကို ဖမ်းယူရန် သူ၏ အင်မော်တယ်အနှစ်သာရ လက်ကို အလျင်အမြန် အသုံးပြုလိုက်သည်။

"ဟမ့်၊ ကျုပ် ခင်ဗျားကို နောက်တစ်ခု ပေးဦးမယ်။ ရှေးဟောင်းဖရိုဖရဲ ခုတ်ပိုင်းခြင်း"။

အဘိုးအိုသည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချတော့မည့်အခိုက်၊ သူ၏နားထဲတွင် အေးစက်စက် အော်ဟစ်သံကို ကြားလိုက်ရသည်။ ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို ကိုင်ထားပြီး ခုတ်ပိုင်းလိုက်သည်။ ချက်ချင်းပင်၊ ကြောက်မက်ဖွယ်ကောင်းသော အစိမ်းပြာရောင် ဓားအလင်းသည် အင်မော်တယ် အနှစ်သာရ လက်ကြီးဆီသို့ ဖြတ်သန်းသွားသည်။

ချင်ယွင်၏ အမြန်နှုန်းသည် လေဟာနယ်ကို ဆုတ်ပြဲသွားအလား အလွန်လျင်မြန်ပြီး၊ သူသည် တခဏအတွင်းမှာပင် အင်မော်တယ် အနှစ်သာရ လက်ကြီးရှေ့မှာ ရောက်ရှိ လာသည်။

"မဟုတ်ဘူး" အဖိုးအို၏ အမူအရာသည် ချက်ချင်းပင် ပြောင်းလဲသွားပြီး သူ၏ အင်မော်တယ် အနှစ်သာရ လက်ကြီးကို ရုတ်သိမ်းလိုက်ချင်သည်။

သို့သော် ဤဓားချက်၏ အရှိန်သည် ကြောက်စရာကောင်းသည်။ သူသည် မည်သို့မျှ မတတ်နိုင်ခင်မှာ တောက်ပသည့် ဓားအလင်းကြောင့် လက်ကြီးသည် ကွဲသွားခဲ့ရသည်။ ကျာ့ထန်းလုံသည် သနားစဖွယ် အော်ဟစ်သံကို ထုတ်ဖော်လိုက်ပြီး ကောင်းကင်ယံမှ သွေးများ စီးကျလာသည်။

နောက်ထပ် နက်နက်သိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထွတ်အထိပ်တစ်ဦး ကျဆုံးသွားခဲ့ပြန်လေပြီ။

တကိုယ်တော် ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့၏ မျက်လုံးများသည် ထိတ်လန့်သွားကြသည်။

အစောပိုင်းက ချင်ယွင်၏ တိုက်ခိုက်မှုသည် မြန်ဆန်မူနှင့် ဆုံးဖြတ် အကဲဖြတ်နိုင်မူ မြင့်မားသည်ဟု ဆိုနိုင်ပါသည်။ ထိုနောက်ဆုံး ဓားကွက်သည် အနှိုင်းမဲ့ အစွမ်းထက် သည့် စွမ်းအားများ ပါ၀င်သဖြင့် လူများကို ထိတ်လန့်သွားစေပါသည်။

နိုင်းယွန်နှင့် ကော့ဖုန်းတို့သည် ချင်ယွင်ကို ကြည့်ရင်း မျက်မှောင်ကြုတ်နေကြသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ခွန်အားသည် သူတို့ နောက်ဆုံးတွေ့ဆုံခဲ့သည့် အချိန်နှင့် နှိုင်းယှဉ်လျှင် များစွာတိုးတက်လာကြောင်း သူတို့ ရှင်းရှင်းလင်းလင်း ခံစားရသည်။ ဟုတ်ပါသည်၊ ယင်းက သူတို့၏ စိတ်နှလုံးထဲတွင် ပြင်းထန်သော မနာလိုစိတ်တွေကို နှိုးဆွပေပြီး၊ သူတို့၏မျက်လုံးထဲတွင် ပြင်းထန်သော သတ်ဖြတ်ချင်ကို တဟုန်ထိုး ဖြစ်ပေါ်လာစေသည်။

ရန်ကျန်းချန်သည် လူအုပ်ကြီးအလယ်တွင် ရပ်နေကာ သူ၏မျက်လုံးများကို တင်းကြပ်စွာ မှေးကျဉ်းထားသည်။

သူသည် သူ၏မြေး ရန်ချန်အတွက် လက်စားချေဖို့ ချင်ယွင်ကို အမှန်တကယ် သတ်ပစ်ချင်သော်လည်း၊ ချင်ယွင် စိတ်ကူးထားသလောက် မရိုးရှင်းဟု ခံစားမိသော ကြောင့်၊ သူသည် အလျင်စလို လှုပ်ရှားခြင်း မလုပ်ခဲ့ပါဘူး။ ယခုတော့ သူ၏ သုံးသပ်ချက်က မှန်ကန်နေပုံရသည်။ ဤချင်ယွင်၏ တိုက်ခိုက်ရေးစွမ်းအားသည် အစောပိုင်းအဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများနှင့် နှိုင်းယှဉ်နေပြီ ဖြစ်သည်။

"ချင်ယွင်၊ မင်း သေရမယ်။" ရန်ကျန်းချန်သည် ကောင်းကင်ယံတွင် လုံးလုံးလျားလျား ပေါက်ကွဲလုနီးပါး ဖြစ်နေပြီဖြစ်သော ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို မော့ကြည့်ရင်း၊ ကောက်ကျစ်စဉ်းလဲသည့် အရိပ်မြွက်မှု ပေါ်လာပါသည်။

"သခင်မလေး၊ ဒီချင်ယွင်က အရမ်းကို ထူးခြားပုံရတယ်။ ကျွန်‌တော်တို့ ဘာလုပ်သင့်လဲ" ဆံပင်ဖြူ အဘိုးကြီးက ဘေးမှာ ရပ်နေသည့် ရှောင်လန်ကို ပြောလိုက်ပါသည်။

"နောက်ဆုတ်လိုက်ပါ။ အင်မော်တယ်ကျောက်စိမ်း မိုင်းတွင်းကြီးက ပျောက်ကွယ် သွားပြီဆိုမှတော့၊ ဒီကိစ္စက ငါတို့ရှောင်ကလန် နဲ့ ဘာမှ မဆိုင်တော့ဘူး။" ရှောင်လန်က အဖိုးအိုကို ပြောလိုက်သည် ။

ဆံပင်ဖြူ အဘိုးကြီးသည် ခေါင်းညိတ်သည်။ ထို့နောက် ရှောင်လန်သည် အေးစက်စက် အသက်လတ်ပိုင်းအရွယ်လူနှင့် ဆံပင်ဖြူ အဘိုးအိုတို့ကို တိုက်ပွဲနယ်မြေမှ ခေါ်ယူခဲ့ သည်။ သူမသည် အဝေးတွင်ရပ်ကာ အနှောင့်အယှက် မပေးလိုသည့် ကိုယ်နေဟန်ဖြင့် ကြည့်နေခဲ့သည်။

ရှောင်ကလန်သည် ကျာ့ကလန် နှင့် ရန်ကလန်တို့လို သနားစဖွယ် ဆိုးရွားသော အခြေအနေမျိုးဖြင့် အဆုံးသတ်ရခြင်း မရှိသည်မှာ၊ သူမ၏ ယခုလုပ်ရပ်ကြောင့် ဖြစ်သည်ကို ရှောင်လန်ကိုယ်တိုင်ပင် ရှင်းရှင်းလင်းလင်း မသိခဲ့ပါချေ။

ချင်ယွင်သည် သူ၏ဓားကို ကိုင်ထားပြီး လေထဲတွင် ရပ်နေကာ သူ၏မျက်လုံးများတွင် မာန်မာန အပြည့်ရှိနေသည်။

ယခုအချိန်တွင် ချင်ယွင်၏ အရှိန်အဟုန်သည် တားဆီ၍ မရနိုင်တော့ဟု ဆိုနိုင်သည်။ အကယ်၍ နတ်ဘုရားတွေက တားဆီးလာလျှင်၊ သူသည် နတ်ဘုရားတွေကို သတ်ပစ်လိမ့်မည်။ ဗုဒ္ဓကတားဆီးလာလျှင်လည်း ဗုဒ္ဓကို သတ်ပစ်လိမ့်မည်။ သူ့ကို ဆန်ကျင်ရန်ပြုသူ မည်သူမဆို ဓားတစ်ချောင်းဖြင့် ခုတ်ပိုင်းခံရလိမ့်မည်။

"သခင်လေး.." ဟွန်နန်သည် ကျာ့ထန်းလုံ၏ အလောင်းအား ပြင်းပြင်းထန်ထန် ဝမ်းနည်းပူဆွေးသော အမူအရာဖြင့် ကြည့်နေသည်။

သူနှင့် ကျာ့ထန်းလုံတို့သည် သခင်နှင့် ကျွန်များသာဖြစ်သော်ငြားလည်း၊ သူသည် ကျာ့ထန်းလုံ ကြီးပြင်းလာသည်ကို ကြည့်ရှုခဲ့သည်ဟု ဆိုနိုင်ပါသည်။ ထို့ကြောင့် သူသည် ကျာ့ထန်းလုံအပေါ် လေးနက်သော ခံစားချက်မျိုး ရှိပါသည်။ ကျာ့ထန်းလုံ အသတ်ခံရသည်ကို မြင်လိုက်ရတော့၊ သူ၏နှလုံးသားက ဓားနှင့်ထိုးခံရသလို ခံစားရ သည်။

"ငါ့သခင်လေးကို သတ်လိုက်မှတော့၊ မင်းလည်း သေရမယ်" ဟွန်နန်၏ မျက်လုံးများ သည် ပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို ထုတ်ဖော်လိုက်ပြီးနောက်၊ လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်၏ အငွေ့အသက်သည် ချက်ချင်း ထွက်ပေါ်လာပြီး ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားသည်။

ဝှီး…။

ဟွန်နန်၏ ရုပ်အသွင်သည် ဖျတ်ခနဲ လင်းလက်သွားပြီး ချင်ယွင်ဆီသို့ ပျံသန်းသွား သည်။

ချင်ယွင်သည် သူ့ဆီသို့ ပျံသန်းလာသော ဟွန်နန်ကို ကြည့်ကာ ပြင်းထန်သော တိုက်ခိုက်လိုစိတ်က ထွက်ပေါ်လာသည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် တဝှီးဝှီးဖြင့် ဓားအော်သံပင် ထွက်ပေါ်လာသည်။

“ဘုန်း..”

သို့သော် ဤအခိုက်အတန့်တွင် ကောင်းကင်ယံ၌ ပြင်းထန်သော ပေါက်ကွဲအသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ဘုံ တန်ခိုးအစွမ်းသည် ချက်ချင်း ဆင်းသက်လာပြီး မည်းမှောင်နေသော တိမ်တိုက် များတွင် ကြောက်မက်ဖွယ်ကောင်းသော စွမ်းအားများက လျင်မြန်စွာ ကြီးထွားလာနေ သည်။

"ကောင်းကင်ကပ်ဘေးဒုက္ခကြီး စလာပြီလား?။" အဝေးမှ လူတိုင်းသည် ထိုဖိအားကြီး ကို ခံစားမိကြပြီး ဝင်းလက်တောက်ပသော ခရမ်းရောင်အလင်းတန်းများ ထုတ်လွှတ် နေသည့် ကောင်းကင်ယံရှိ ကပ်ဘေးဒုက္ခတိမ်တိုက်များကို ကြည့်ရူရန် သူတို့၏ ဦးခေါင်းများကို မော့ကြည့်လိုက်ကြသည်။

ချင်ယွင်ဆီသို့ ဦးတည်နေသော ဟွန်နန်သည် ရုတ်တရက် ရပ်သွားသည်။ သူသည် ဝင်းလက်တောက်ပနေသော ကောင်းကင်ကပ်ဘေးဒုက္ခ တိမ်တိုက်များကို အံ့အားသင့် စွာ ကြည့်လိုက်သည်။ အကယ်၍၊ သူ ရှေ့သို့ ခြေတစ်လှမ်း လှမ်းလိုက်သည်နှင့် ကောင်းကင်ယံရှိ တိမ်စိုင်တိမ်မည်းတွေက ချက်ချင်း လျှပ်စီးလက်လာပြီး သူ့ကို တရစပ်တိုက်ခိုက်တော့မည်ဟု ခံစားချက်ရှိနေသည်။

"နောက်ဆုံးတော့။" ချင်ယွင်သည် ကောင်းကင်ယံရှိ ပြင်းထန်သော ကပ်ဘေးဒုက္ခ တိမ်တိုက်များကို ကြည့်ရန် သူ၏ခေါင်းကို မြှောက်လိုက်ရင်း၊ သူ၏ မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ် ဖြစ်ပေါ်နေသည်။

ရုတ်တရက်၊ ချင်ယွင်သည် အဝေးမှာရှိနေသော ဟွန်နန်ကို ကြည့်ရန် ခေါင်းကို လှည့်လိုက်ပြီး၊ သူ၏ပါးစပ်ထောင့်စွန်းမှာ ကြောက်မက်ဖွယ် အပြုံးတစ်ခု ပေါ်လာပါ သည်။

"ခင်ဗျား၊ ကျုပ်ကိုသတ်ဖို့ ဘာလို့ မလာတော့တာလဲ?။ ခင်ဗျား မလာဘူးဆိုမှတော့၊ ကျုပ်ကိုယ်တိုင် ခင်ဗျားဆီ လာခဲ့မယ်" ချင်ယွင်သည် အေးစက်သော အပြုံးဖြင့် ပြောလိုက်သည်။ ထိုသို့ပြောပြီးနောက်၊ သူသည် လျှပ်တပြက်မိုင်တစ်သောင်း နိယာမ ကို အသုံးပြုပြီး ဟွန်နန်ရှိရာဆီသို့ ပျံသန်းသွားခဲ့သည်။

ဟွန်နန်သည် ချင်ယွင် သူ့ဆီသို့ ပျံသန်းလာသည်ကို မြင်သောအခါ သူ၏ အိုမင်းနေသော မျက်နှာသည် ချက်ချင်းပင် ပြာနှမ်းသွားသည်။ သူသည် အဝေးသို့ အလျင်အမြန် ထွက်ပြေးသွားပြီး၊ ချင်ယွင်နှင့် အဝေးမှာ နေချင်ခဲ့သည်။

သို့သော်လည်း ချင်ယွင်၏ အရှိန်သည် အလွန်လျင်မြန်လွန်းသဖြင့်၊ သူသည် ဟွန်နန်၏ အနားသို့ ချက်ချင်း ရောက်လာသည်။ သူ၏လက်သီးက ဟွန်နန်ဆီသို့ တိုက်ရိုက် တိုးဝင်သွားသည် ။

ဟွန်နန်သည် သူ၏ ကောင်းကင်တာအို တန်ခိုးအစွမ်းအားက သူ့ကို ချက်ချင်း ဖုံးလွှမ်း သွားသည်ကို ခံစားလိုက်ရသည်။ ထို့နောက်မှ၊ သူသည် ချင်ယွင်၏ တိုးဝင်လာသော လက်သီးကို ရင်ဆိုင်လိုက်ရသည်။ သူတို့နှစ်ဦးယောက်သည် လက်သီးများဖြင့် အပြင်းထန် တိုက်ခိုက်ကြတော့သည်။

“ဘုန်း…”

တစ်ချိန်တည်းမှာပင်၊ လက်မောင်တစ်ဖက်စာလောက် ထူထဲသော အင်မော်တယ် လျှပ်စီးကြောင်းနှစ်ခုသည် ကောင်းကင်ယံရှိ တိမ်စိုင်တိမ်မည်းတွေကို စုတ်ဖြဲကာ ချင်ယွင်နှင့် ဟွန်နန်တို့ဆီ တချိန်တည်း ပစ်ဝင်လာကြသည်။ ကြောက်မက်ဖွယ် ဖျက်ဆီးခြင်းအငွေ့အသက်က အင်မော်တယ် လျှပ်စီးကြောင်းနှစ်ခုထံမှ ပျံ့နှံ့ထွက်ပေါ် လာသည်။

"ဒါက နိယာမစွမ်းအားတွေ ပါ၀င်နေတဲ့ အင်မော်တယ် လျှပ်စီးပါလား?" တကိုယ်တော် ကျင့်ကြံသူများ အားလုံးသည် အံ့အားသင့်သည့် အမူအရာများကို ထုတ်ဖော်နေ ကြသည်။ သူတို့ရှေ့မှ ကောင်းကင်ကပ်ဘေး လျှပ်စီးတွေမှာ အမှန်တကယ်ပင် နိယာမတရားတွေ ပါဝင်နေပါသည်။

ဟွန်နန်သည် ဤအင်မော်တယ်လျှပ်စီးကြောင်း၏ ကြောက်မက်ဖွယ်ကောင်းမူကို သဘာဝအတိုင်း ခံစားရသည်။ သူသည် ဤအင်မော်တယ်လျှပ်စီးကြောင်းကို တွန်းလှန်ရန် သူ၏လက်ရှိ တိုက်ပွဲကို ရပ်တန့်လိုက်ချင်သည်။ သို့သော်၊ ချင်ယွင်သည် တိုက်ပွဲရပ်တန့်ရန် အနည်းငယ်မျှပင် အရိပ်မြွက် မပြကြောင်း သူ တွေ့ရှိခဲ့သည်။ သူ့ကို တင်းကြပ်စွာ ဖိအားပေးပြီး အလွှတ်ပေးရန် ငြင်းဆန်နေခဲ့သည်။

All Chapters