အခန်း ၇၈၇
Vol. 53 Ch. 787
အခန်း (၇၈၇) ဟွန်နန်ကို သတ်ဖြတ်ခြင်း။
"အရူး၊ ဒီကောင်က အရူးပဲ၊ သူ့မှာ ဘာအကာအကွယ်မှ မရှိဘူး။ ဒီကောင်၊ ဒီကောင်းကင် လျှပ်စီးအထိခံပြီး သတ်သေဖို့ ကြံစည်နေတာများလား?။ မင်း သေချင်ရင်တောင်၊ ငါ့ကို ဆွဲခေါ်မသွားနဲ့လေ၊ ဟုတ်တယ်မလား?" ဟွန်နန်သည် သူ၏စိတ်ထဲတွင် အရူးအမူး အော်ဟစ်လိုက်သည်။
သို့သော်လည်း၊ ချင်ယွင်သည် တိုက်ပွဲရပ်တန့်ရန် အနည်းငယ်မျှ အရိပ်အယောင် မပြသေးဘဲ၊ ခွေးအရေခွံကို ကော်ဖြင့်ကပ်ကဲ့သို့ သူ့ကို ကပ်လျက် ရှိနေပြီး၊ သူ မည်မျှပင် ခက်ခက်ခဲခဲ လွှင့်ထုတ်ပစ်ပါမှာစေ၊ မတုန်မလှုပ် ဖြစ်နေသည်။
အင်မော်တယ်လျှပ်စီးကြောင်းနှစ်ခုသည် ချင်ယွင်နှင့် ဟွန်နန်တို့၏ ခန္ဓာကိုယ်ပေါ်သို့ ချက်ချင်း ကျရောက်လာသည်။
"ဘုန်း…. "
ကြောက်စရာကောင်းသော လျှပ်စီးကြောင်းတစ်ခုသည် ချင်ယွင်နှင့် ဟွန်နန်၏ ကိုယ်ပေါ်တွင် အသီးသီး ပေါက်ကွဲသွားပြီး ပြင်းထန်သော အဖျက်စွမ်းအားတစ်ခုက ချက်ချင်းဆိုသလို ၎င်းတို့ကို လွှမ်းခြုံသွားသည်။
"ဖူး…. "
ဟွန်နန်သည် သွေးတစ်လုတ်ကို ထွေးထုတ်လိုက်သည်။ ဤကြောက်မက်ဖွယ် ကောင်းသော အင်မော်တယ်ကပ်ဘေးလျှပ်စီးသည် သူ၏ရင်ဘတ်ကို ရိုက်ခတ်ပြီး၊ သူ၏ရင်ဘတ်ကို ဖောက်ဝင်လုနီးပါးဖြစ်ကာ သူ၏အတွင်းပိုင်း အင်္ဂါအစိတ်များ အပါအဝင် ရင်ဘတ်တစ်ခုလုံး လောင်ကျွမ်းသွားခဲ့သည်။
ဤအင်မော်တယ်ကပ်ဘေးလျှပ်စီးကြောင်းသည် ကြောက်မက်ဖွယ်ကောင်းလွန်းပြီး၊ ၎င်းသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်သူထံမှ အင်အားအပြည့်ဖြင့် တိုက်ခိုက်ခြင်းနှင့် ညီမျှပါသည်။ လျှို့ဝှက်ဆန်းကြယ်အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူကိုတော့ အပြင်းအထန် ဒဏ်ရာရစေရန် မလုံလောက်သေးပါဘူး။
သို့သော်လည်း၊ ယခုအချိန်တွင် ချင်ယွင်သည် သူ့ကို နှောင့်ယှက်နေသည်။ ဤ အင်မော်တယ်လျှပ်စီးကြောင်းကို ခုခံကာကွယ်ရန် သူသည် သူ၏ အင်မော်တယ် အနှစ်သာရကို စုစည်းရန် အချိန်မရှိခဲ့ပေ။ ထို့ကြောင့်၊ သူသည် ဤအင်မော်တယ် လျှပ်စီးကြောင်းကို ကာကွယ်ရန် သူ၏ခန္ဓာကိုယ်ကို လုံးလုံးလျားလျား အသုံးပြုခဲ့ရ သည်။ သူသည် ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံသူတစ်ဦး မဟုတ်သည့်အတွက်၊ ယခု အင်မော်တယ်လျှပ်စီးကြောင်း ရိုက်ချက်ကြောင့် သူ၏ခန္ဓာကိုယ်သည် သဘာဝအတိုင်း ပြင်းထန်သော ဒဏ်ရာများကို ခံစားခဲ့ရသည်။
ဟွန်နန်သည် အံတင်းတင်း ကြိက်လိုက်မိသည်။ သူ၏ရင်ဘတ်မှ ပြင်းထန်သော နာကျင်မှုက သူ့ကို ရူးသွပ်သွားစေသည်။
"ဒီကောင်လည်း ငါ့ထက် ပိုကောင်းမှာ မဟုတ်ပါဘူး" ဟွန်နန်သည် သူ၏စိတ်ထဲတွင် အေးစက်စွာ ရေရွတ်လိုက်သည်။
သို့သော် ချင်ယွင်ကို ကြည့်လိုက်သောအခါ သူ၏ရှေ့မှ မြင်ကွင်းသည် သူ၏မျက်လုံးများ ပေါက်ထွက်လုနီးပါး ဖြစ်သွားရသည်။
အင်မော်တယ်လျှပ်စီးကြောင်းသည် ချင်ယွင်၏ ရင်ဘတ်ထဲသို့ ထိုးဖောက် ဝင်ရောက် သွားသော်လည်း၊ ၎င်းသည် သူ၏ အင်မော်တယ်၀တ်စုံကို ဆုတ်ဖြဲလိုက်ရုံသာ ရှိပြီး သူ၏ အရေပြားသည် တောက်ပနေသော စိန်ကဲ့သို့ ဖြစ်နေပြီး၊ အင်မော်တယ် လျှပ်စီးကြောင်းကြောင့် သူသည် အနည်းမျှပင် ဒဏ်ရာမရဘဲ၊ သူ့ကို လုံးဝ မထိခိုက်ခဲ့ ပေ။
"အလို… ကောင်းကင်ဘုံ၊ ဒီကောင်က ဘယ်လိုကောင်လဲဟ၊ တကယ်ကို သူက အင်မော်တယ်လျှပ်စီးတွေကို မကြောက်ဘူးလား?" ထိုမြင်ကွင်းကို မြင်တော့ အဝေးမှ တကိုယ်တော်ကျင့်ကြံသူများသည် အံ့အားသင့်နေသော အမူအရာတွေ ပေါ်လာပါ သည်။
ချင်ယွင်သည် ဂုဏ်ယူစွာ မတ်တပ်ရပ်နေသော်လည်း သူ၏မျက်လုံးများတွင် အံ့သြဟန် အရိပ်အယောင်များ ရှိနေသည်။
အစောပိုင်းက ဤကောင်းကင်ကပ်ဘေးဒုက္ခ လျှပ်စီး၏ စွမ်းအားသည် သူထင်ထား သည်ထက် ပို၍ပင် ကြောက်စရာကောင်းပုံရသည်။ မူလက သူသည် ဤကောင်းကင် ကပ်ဘေးဒုက္ခလျှပ်စီးကို သူ၏ခန္ဓာကိုယ်ဖြင့် လုံးလုံးလျားလျား တွန်းလှန်နိုင်မည်ဟု သူ ထင်ထားခဲ့သော်လည်း၊ ဤကောင်းကင်လျှပ်စီး၏ အဖျက်စွမ်းအားသည် သူ့အား ထိခိုက်လုနီးပါး ဖြစ်ဆဲဖြစ်မည်ဟု သူ မမျှော်လင့်ခဲ့ပေ။ အကယ်၍ လျှပ်စီးဝါးမျိုခြင်း လျှို့ဝှက်ပညာရပ်ကို အသုံးပြုထားသည့် လျှပ်စီးစွမ်းရည်ကိုယ်ပွားကြောင့်သာ၊ ထိုသို့ မဟုတ်ပါက၊ ချင်ယွင်၏ ခန္ဓာကိုယ်သည်လည်း ဒဏ်ရာအချို့ ရရှိသွားမည် ဖြစ်သည်။ (ဤနေရာ၌ အင်မော်တယ်လျှပ်စီး၊ ကောင်းကင်ကပ်ဘေးဒုက္ခလျှပ်စီးဟု အမျိုးမျိုး အသုံးရှိရာ ပါသည့်အတိုင်း ရေသားခြင်းဖြစ်ပါသည်။ အတူတူပဲဟု မှတ်ယူကြပါ)။
"တကယ်ကို သူက ဒီအင်မော်တယ်လျှပ်စီးကြောင်းကြောင့် မထိခိုက်ဘူးလား?" ဟွန်နန်သည် ချင်ယွင်ကို ကြည့်ရင်း သူ့ကိုယ်သူ မရေရွတ်ဘဲ မနေနိုင်ခဲ့ပါချေ။
ဤအခိုက်အတန့်တွင် သူ အဘယ့်ကြောင့် ခုခံကာကွယ်မှု မလုပ်ရသနည်းဆိုသည့် မေးခွန်းကို သူ နောက်ဆုံး နားလည်လာခဲ့ပါပြီ။ အစွမ်းထက်သော လူများသည် ဤအင်မော်တယ် လျှပ်စီးကြောင်းကို လုံးဝ မကြောက်ခဲ့ကြပါ။
ထိုအချိန်တွင် ချင်ယွင်သည် သူ၏မျက်လုံးများတွင် အေးစက်သောအပြုံးဖြင့် ဟွန်နန်ကို ထပ်မံ ကြည့်ရှုလိုက်သည်။
အင်မော်တယ် လျှပ်စီးကြောင်းကို အသုံးပြု၍ ဟွန်နန်ကို ပြင်းထန်စွာ ဒဏ်ရာ ရစေခြင်းသည် မူလကတည်းက သူ၏ပန်းတိုင် ဖြစ်သည်။ ယခု သူ၏ပန်းတိုင်ကို ပြီးမြောက်အောင် လုပ်ပြီးသွားပြီးနောက် ဟွန်နန်သည် သေဖို့ နည်းလမ်းတစ်ခုသာ ရှိပါတော့သည်။
"သေလိုက်တော့…"
ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို တိုက်ရိုက် ထုတ်ပြီး “လျှပ်တပြက် သတ်ဖြတ်ခြင်း”ကို ချက်ချင်း ထုတ်ဖော်လိုက်သည်။ တခဏအတွင်းမှာပင်၊ ချင်ယွင်၏ ရုပ်အသွင်အပြင် တစ်ရာနီးပါးသည် ကောင်းကင်ယံမှာ ပေါ်လာပြီး ပြင်းထန်သော ဓားဆန္ဒက ချက်ချင်း ထွက်ပေါ်လာသည်။
ဟွန်နန်၏ အမူအရာသည် ချက်ချင်း ပြောင်းလဲသွားသည်။ သူသည် အမြန် ရှောင်တိမ်းချင်သော်လည်း၊ သူ၏ရင်ဘတ်မှ နာကျင်မှုက သူ၏အမြန်နှုန်းကို နှေးကွေးသွားစေခဲ့သည်။
"ဖတ်…."
ဓားအလင်းတန်းတစ်ခုသည် ရုတ်တရက် ဖြတ်သန်းသွားပြီးနောက် ဟွန်နန်၏ ဦးခေါင်း သည် သူ၏ခန္ဓာကိုယ်နှင့် ကွဲကွာသွားသည်ကို လူတိုင်း မြင်လိုက်ရသည်။
သွေးတွေစီးကျလာပြီး ဦးခေါင်းက လွင့်ပျံသွားသည်။ အစောပိုင်း လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးသည် ဓားတစ်ချက်ဖြင့် သေဆုံးသွားခဲ့ရ ပါပြီ။
ခပ်ဝေးဝေးမှ တကိုယ်တော်ကျင့်ကြံသူများသည် တံတွေးတစ်လုတ်ကို မျိုချမိကြသည်။ ဤအခိုက်အတန့်တွင် ချင်ယွင်၏ ရုပ်အသွင်သည် သူတို့၏မျက်လုံးများတွင် ပြိုင်ဘက် ကင်း နတ်ဆိုးနတ်ဘုရားကဲ့သို့ ကျရောက်လာခဲ့သည်။
နိုင်းယွန် နှင့် ကော့ဖန်းတို့ နှစ်ယောက်စလုံးသည် မျက်မှောင်ကြုတ်လိုက်ကြပြီး၊ သူတို့၏ မျက်လုံးများသည်လည်း အလွန်လေးနက်လာကြသည်။
ချင်ယွင်၏ရုပ်အသွင်သည် ဟွန်နန်မူလရပ်နေသည့် နေရာတွင် ပေါ်လာသည်။ သူ၏လက်ထဲမှ မြူနှင်းချောက်နက်ဓားသည် ဟွန်နန်၏ သွေးများဖြင့် ရွှဲနစ်နေတုန်းပင်။ သူ၏မျက်လုံးတွေက အေးစက်နေပြီး သူ၏နှုတ်ခမ်းထောင့်က အပြုံးမပျက် ရှိနေသည်။ သူ၏ပုံစံအရ မည်သို့ပင် ကြည့်ကြည့် လူတစ်ယောက်၏ ဆံပင်များကို ထောင်မတ်သွား စေသည်။
အမှန်တကယ်ဆို ချင်ယွင်သည် သူတစ်ယောက်တည်း တိုက်ခိုက်ခဲ့မည်ဆိုလျှင်၊ သူသည် ဟွန်နန်ကို အလွယ်တကူ သတ်ပစ်နိုင်မှာ မဟုတ်ပါဘူး။
သို့သော် အရေးကြီးသော အခိုက်အတန့် မရောက်မချင်း၊ သူသည် ဤဓားကို မသုံးခဲ့ပါ။ သတ်ဖြတ်ခြင်းသိုင်းကွက်သည် မှင်သက်အံ့အားသင့်စေမူအပေါ် အာရုံစိုက်ရပါသည်။ ပုံမှန်အားဖြင့်လည်း၊ သူသည် ထိုသိုင်းကွက် မမျှော်လင့်ထားသော အကျိုး သက်ရောက်မှုကို ရရှိစေရန်အတွက် အလွန်အရေးကြီးသော ယခုလို အခိုက်အတန့်မျိုး တွင် လှုပ်ရှားရမည် ဖြစ်ပါသည်။
ဘန်း..။
ချင်ယွင်သည် သူ၏မျက်နှာပေါ်တွင် ခပ်ဖျော့ဖျော့ ပြုံးလျက် မနီးမဝေးရှိ နိုင်းယွန်နှင့် ကော့ဖုန်းဆီသို့ ခေါင်းလှည့် လိုက်လေသည်။
"မကောင်းတော့ဘူး… " ထိုမြင်ကွင်းကို မြင်လိုက်ရတော့ နိုင်းယွန်နှင့် ကော့ဖုန်းတို့၏ အမူအရာတွေက ချက်ချင်း ပြောင်းလဲသွားသည်။
ဤချင်ယွင်သည် ဤအကွက်ကို အသုံးပြုပြီး ဟွန်နန်ကို ကိုင်တွယ်ရန် စီစဉ်ထားခဲ့ သည်။ ဟွန်နန်၏ ကံကြမ္မာကိုလည်း ယခုလေးတင် သူတို့ မြင်ပြီးသွားပါပြီ။ မြင်ကွင်းက အလွန်ကြေကွဲဖွယ် ကောင်းပါသည်။ ယခုအချိန်မှာ သူတို့သည် ထိုနေရာတွင် မနေရဲတော့ပါဘူး။ ထို့ကြောင့် သူတို့သည် အလင်းတန်းများအဖြစ်သို့ အလျင်အမြန် ပြောင်းလဲကာ အဝေးသို့ ပျံသန်းသွားကြသည်။
ချင်ယွင်သည် နိုင်းယွန်နှင့် ကော့ဖုန်းတို့ ထွက်ပြေးသွားသည်ကို မြင်သောအခါတွင် လှောင်ပြောင်မှု အရိပ်အယောင်က သူ၏မျက်လုံးထဲတွင် ပေါ်လာပါသည်။
ဟုတ်ပါသည်။ သူသည် အမှန်တကယ် ရှေ့တက်သွားပြီး နိုင်းယွန်နှင့် ကော့ဖုန်းတို့ကို ဒုက္ခပေးမှာ မဟုတ်ပါဘူး။ နောက်ဆုံးတွင်၊ သူတို့တစ်ဦးချင်းစီ၏ နောက်မှာ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင် တစ်ဦးစီ ရှိနေပါသည်။
အကယ်၍ ယခင်တုန်းကဆိုရင်တော့ သူသည် သေသည်အထိ ရိုက်နှက်မိပါလိမ့်မည်။ ထို့အပြင်၊ လာမည့် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို သူသည် သတိလက်လွတ် မခံယူဝံ့ပေ။ သူသည် သူ့မှာရှိသမျှ အားအကုန် ထုတ်ရလိမ့်မည်။
ရလာဒ်အနေနှင့်, ကွင်းပြင်ထဲမှာ ရန်ကျန်းချန်တစ်ယောက်သာ ကျန်ရစ်တော့သည်။
ချင်ယွင်သည် ရန်ကျန်းချန်ဘက်ကို လှည့်ကြည့်လိုက်သည်။ ဤသူသည်လည်း လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့် ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်သည်။
ချင်ယွင်သည် သူ့ကို မကြောက်သော်လည်း၊ ဤလူအိုကြီးကို အရမ်းသတိထားနေဆဲ ဖြစ်သည်။ ဤလူကြီးသည် မရိုးရှင်းဟု သူ အမြဲတမ်း ခံစားရသည်။ အကယ်၍၊ သူ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်နေစဉ်မှာ၊ ရုတ်တရက် ခိုးကြောင်ခိုးဝှက် တိုက်ခိုက်လာခဲ့ မည်ဆိုလျှင်၊ သူ့အတွက် တစ်ခွက်တစ်ဖလားသောက်ရန် လုံလောက်ပေလိမ့်မည်။ (သေလို့အထိမ်းမှတ်အရက်ကိုဆိုလိုဟန်)။
"ဟမ့်၊ အရိုင်းစိုင်းကောင်လေး၊ မင်းရဲ့တိုက်ခိုက်ရေးစွမ်းအားက တကယ်ကို ထူးထူး ခြားခြားပဲ။ မူလက မင်းကိုသတ်ဖို့ နည်းနည်းခက်ပေမယ့်၊ မင်းက အခုလို လုပ်လိုက်တော့ အရမ်းကိုကောင်းမွန်တဲ့ သရုပ်ပြပွဲတစ်ခု ဖြစ်သွားတာပေါ့။ မင်းရဲ့ကိုယ်ခန္ဓာနဲ့ ဒီကောင်းကင်ဘုံကပ်ဘေးဒုက္ခတွေကို မင်း တွန်းလှန်နိုင်ပါ့မလားလို့ ငါ တွေးနေမိတယ်။”
သို့သော်၊ ထိုအချိန်တွင် ချင်ယွင် မျှော်လင့်မထားသော အကြောင်းအရာကို ပြောနေရင်း၊ ရန်ကျန်းရှန်၏ မျက်နှာပေါ်တွင် ရက်စက်သော အပြုံးတစ်ခု ပေါ်လာသည်။
"အယ်?" ချင်ယွင်သည် ချက်ချင်းပင် ဆိုးရွားသော ခံစားချက်ကို ခံစားလိုက်ရသည်။
"အယုတ်တမာကောင်လေး၊ မင်းက ဒါကို ကိုယ်တိုင် တောင်းခံခဲ့တာပဲ။ ဒီနေ့ ငါ့မြေး ရန်ချန်ကို ပူဇော်ဖို့အတွက် မင်းရဲ့သွေးကို ငါ သုံးပြုမယ်။" ရန်ကျန်းချန်၏ မျက်နှာပေါ်ရှိ အမူအရာသည် ခက်ထန်လာပြီး ချင်ယွင်ကို ကြည့်လိုက်ရင်း သတ်ဖြတ်လိုစိတ်များ ပြည့်နှက်လာကာ၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အစောပိုင်းအဆင့် ကျင့်ကြံမူအခြေခံက ထွက်ပေါ်လာသည်။
သို့သော်၊ ချင်ယွင်ကို အမှန်တကယ် အံ့အားသင့်စေသည်က ရန်ကျန်းချန်၏ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အငွေ့အသက်တွင် ကောင်းကင်ဘုံတာအို ကို ပိတ်ဆို့ထားနိုင်သည့် ထူးခြားသော အငွေ့အသက် ပါဝင်နေခြင်း ဖြစ်သည်။
"သူ့မှာ ကောင်းကင်ဘုံတာအိုကို ကာထားနိုင်တဲ့ ရတနာတစ်ခုခုများ ရှိနေမလား?" ချင်ယွင် မျက်မှောင်ကြုတ်လိုက်သည်။
ရန်ကျန်းချန်သည် သူ့အပေါ် ကောင်းကင်ဘုံတာအို၏ လျှို့ဝှက်ချက်များကို ပိတ်ဆို့ ထားဆီးနိုင်သည့် ရတနာတစ်ခု အမှန်တကယ် ရှိနေပါသည်။ ယင်းက သူသည် သူနှင့် နီးကပ်နေသော်လည်း ဤကောင်းကင်ဘုံကပ်ဘေးဒုက္ခသည် သူ့အပေါ် သက်ရောက်မှု ရှိတော့မည် မဟုတ်ဟု ဆိုလိုရာမရောက်ပေဘူးလား။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် ရန်ကျန်းချန်က သူ့အတွက် ကောင်းမွန်သော သရုပ်ပြပွဲတစ်ခုကို ပြုလုပ်ခဲ့ကြောင်း ပြောပြခြင်း၏ အဓိပ္ပာယ်ကို နောက်ဆုံးတွင် ချင်ယွင် နားလည်သွားပါသည်။ ဤလူကြီးသည် သူ့ကိုသတ်ရန် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခကို အသုံးပြုဖို့ ရည်ရွယ်ခဲ့တာ ဖြစ်ပါသည်။
"ဘုန်း…."
ကောင်းကင်ယံရှိ မည်းမှောင်နေသော တိမ်တိုက်များတွင် အင်မော်တယ် လျှပ်စီးများ သည် တစ်ဖန် စုစည်းလာခဲ့ပြီး၊ ပို၍ပင် ကြောက်စရာကောင်းသော စွမ်းအင် အတက်အကျလှိုင်းတစ်ခုက ပျံ့နှံ့လာသည်။
"ဟား..၊ ဟား..၊ မျိုးမစစ်ကောင်လေး၊ မင်းရဲ့ ခန္ဓာကိုယ်က ကောင်းကင်ပေါ်က ကပ်ဘေးဒုက္ခတွေကို ဘယ်လောက် ခံနိုင်ရည်ရှိလဲဆိုတာ ငါ ကြည့်ချင်မိတယ်" ရန်ကျန်းချန်သည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။ သူပြောပြီးသည်နှင့် သူ၏လက်ထဲမှာ ရှေးဟောင်းဆေဘာတစ်ချောင်း ပေါ်လာပါသည်။
"အဆင့်မြင့်အဆင့် အင်မော်တယ်ပစ္စည်း။" ချင်ယွင်သည် ဆေဘာကို မြင်သောအခါ၊ သူ၏ မကောင်းသော ကြိုတင်သတိပေးချက်က ပို၍ပင် ပြင်းထန်လာသည်။
"နာခံမူရှိရှိနဲ့ သေလိုက်တော့။" ရန်ကျန်းချန်၏ မျက်လုံးများသည် ရုတ်တရက် ဝင်းလက်သွားသည်။ ထို့နောက် သန်မာသော သူ၏ခန္ဓာကိုယ်သည် ချင်ယွင်ဆီသို့ ပြင်းထန်စွာ ပျံသန်းသွားပြီး သူ၏လက်ထဲမှ ဆေဘာဖြင့် ချင်ယွင်ဆီသို့ အပြင်းအထန် ခုတ်ပိုင်းလိုက်သည်။