← Chapters

အခန်း ၇၈၈

Vol. 53 Ch. 788

အခန်း ၇၈၈

Vol. 53 Ch. 788

အခန်း (၇၈၈) ဖျက်ဆီးခြင်းတိုက်ကွက် ။

“ဝှစ်…။

ဆေဘာအလင်းတန်းတစ်ခုသည် ကောင်းကင်ယံကို ချက်ချင်း ခွဲသွားကာ လေဟာနယ် ထဲတွင် အက်ကွဲကြောင်းတစ်ခု ပေါ်လာသည်။

ဆေဘာကို ခုတ်ပိုင်းလိုက်စဉ်မှာ ချင်ယွင်၏ ရုပ်အသွင်သည် ပုံရိပ်ယောင်များအဖြစ်သို့ ပြောင်းလဲသွားပြီး သူ၏မျက်နှာတွင် အံ့အားသင့်သည့် အမူအရာတစ်ခု ပေါ်လာသည်။

"မြေစွမ်းရည်တုန်ခါခြင်း နိယာမလား..?" ချင်ယွင်သည် ရန်ကျန်းချန် နားလည် ထားသည်မှာ အမှန်တကယ်ပင် မြေစွမ်းရည်တုန်ခါခြင်းနိယာမ ဖြစ်နိုင်သည်ဟု သူ့ကိုယ်သူ တွေးလိုက်မိသည်။

မြေစွမ်းရည်၏ နိယာမသည် နှစ်ခုရှိ၏။ တစ်ခုမှာ ချင်ယွင်သည် ယခင်က ကြုံတွေ့ခဲ့ရသော ဝမ်ကျွင်းနိယာမ ဖြစ်သည်။ ဤနိယာမသည် ခွန်အားကို အာရုံစိုက် အသုံးပြုပြီး ပြိုင်ဘက်ကို တိုက်ခိုက်ရန်ရန် သန့်စင်သော ခွန်အားကို အသုံးပြုရသည်။

အခြားနိယာမမှာ ပြိုင်ဘက်ကို ပြင်းပြင်းထန်ထန် ဒဏ်ရာရစေရန်အတွက် တုန်ခါမှုစွမ်းအားနှင့် သန့်စင်သောခွန်အား နှစ်ခုကြားမှ ပဲ့တင်ထပ်ရိုက်ခတ်မူကို အသုံးပြုရသည့် တုန်ခါခြင်းနိယာမ ဖြစ်ပါသည်။

ထို့ကြောင့် ချင်ယွင်သည် ရန်ကျန်းချန်၏ ဆေဘာတိုက်ခိုက်မှုကို ရှောင်ရှားနိုင်ခဲ့ သော်လည်း သူ၏အတွင်းအင်္ဂါများသည် တုန်ခါသွားခဲ့ပါသည်။

ကံကောင်းထောက်မစွာ၊ သူ၏ရုပ်ခန္ဓာကိုယ် ကြံ့ခိုင်သန်မာလာခဲ့သည်။ အကယ်၍၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်သူများပင် လျှင်၊ ကြိုတင်ပြင်ဆင်ထားခြင်း မရှိပါက ဤထိတ်လန့်တုန်လှုပ်ဖွယ် စွမ်းအားကြောင့် ဒဏ်ရာရသွားပေမည်။

"ဟမ့်၊ ငါ့တိုက်ခိုက်မှုက မင်းဆန္ဒရှိသလို ရှောင်တိမ်းနိုင်မယ် ထင်သလား?" ရန်ကျန်းချန်က အေးစက်စွာ ပြောလိုက်ပြီး၊ သူ၏လက်ထဲမှ အဝါရောင် စွမ်းအင် အတက်အကျလှိုင်း အလွှာဖြင့် လွှမ်းခြုံထားသော ဆေဘာက ချက်ချင်းဆိုသလို မြောက်တက်သွားပြီး ချင်ယွင်ဆီသို့ ဝှေ့ယမ်းလာခဲ့သည်။

"ဘုန်း…"

တစ်ချိန်တည်းမှာပင် ကောင်းကင်၌ ပေါက်ဖွားလာသော လျှပ်စီးကပ်ဘေးဒုက္ခသည် နောက်တကြိမ် ပေါက်ကွဲထွက်လာပြန်သည်။ ရေပုံးအထူလောက်ရှိသည့် ခရမ်းရောင် လျှပ်စီးကြောင်းသည် ကောင်းကင်ယံမှ သွန်ကျလာကာ ချင်ယွင်ဆီသို့ ပြင်းထန်စွာ ရိုက်ခတ်သွားသည်။

"အလို..၊ ဒီလောက်ကြီးတဲ့ လျှပ်စီးကြောင်းကြီးက တစ်ယောက်ယောက်ကို သတ်တော့ မှာဘဲ.."။ တကိုယ်တော် ကျင့်ကြံသူများ အုပ်စုထဲမှ တစ်စုံတစ်ယောက်က ချက်ချင်းပင် အထိတ်တလန့် ရေရွတ်သံဖြင့် အော်ပြောလိုက်သည်။

"ဒီချင်ယွင်က အဆုံးသတ်သွားဖို့ အလားအလာ ရှိတယ်။ ဒီရန်ကျန်းချန်က ကောင်းကင် ကပ်ဘေးဒုက္ခဒဏ်ကို သက်ရောက်ခံရခြင်းမရှိပေမယ်၊၊ သူကတော့ တိုက်ပွဲဝင်ရင်း ကောင်းကင်ကပ်ဘေးဒုက္ခကိုလည်း ခံနိုင်ရည်ရှိမှ ရမယ်။ သူ ဒီဒုက္ခဆိုးကြီးမှ မလွတ်မြောက်နိုင်မှာ ငါကြောက်တယ်။" နောက်လူတစ်ဦးက ပြောရင်း သက်ပြင်း ချလိုက်သည်။

လူအုပ်ထဲတွင် လျူရွှဲ့သည် အဆီပြန်နေသော မျက်နှာနှင့် မျက်မှောင်ကြုတ်နေသည်။ အဆုံးတွင်၊ သူလည်း သက်ပြင်းချလိုက်ပြီး ပြောလိုက်သည် "မကောင်းဆိုးဝါးချင်၊ အစ်ကိုလျူကလည်း မင်းကို မကယ်နိုင်ဘူး၊ မင်း ကိုယ့်ကိုကိုယ်ပဲ အားကိုးလို့ရမယ်။"

ဤအခိုက်အတန့်တွင် ချင်ယွင်သည် ယခင်က ဟွန်နန်ကို ဆက်ဆံခဲ့သည့်အတိုင်း သူလည်း ပြင်းထန်သော ကပ်ဘေးဒုက္ခအောက်တွင် အမှန်တကယ် ရောက်ရှိနေခဲ့ သည်။

ရန်ကျန်းချန်က သူ့ကို တင်းတင်းကျပ်ကျပ် ဖက်ကိုက်လုနီးပါးအထိ လိုက်လံ တိုက်ခိုင်နေပြီး၊ သူ၏လက်ထဲမှ ဓားကလည်း ရင်သပ်ရှုမောဖွယ် ပုံရိပ်များအဖြစ်သို့ ပြောင်းလဲနေကာ ချင်ယွင်ကို ဆက်တိုက်ဆိုသလို တိုက်ခိုက်နေသည်။

သို့သော်လည်း၊ ချင်ယွင်သည် ဤလူအိုကြီး၏ ဆေဘာအလင်းကို အချိန်တိုင်း ပိတ်ဆို့ တားဆီးနိုင်သော်လည်း ရှေးဟောင်းဆေဘာ၌ ပါဝင်နေသော တုန်ခါမှုစွမ်းအားက ချင်ယွင်၏ အတွင်းအင်္ဂါများကို ထပ်ခါထပ်ခါ တရစပ် တိုက်ခိုက်နေခဲ့သည်။

ချင်ယွင်၏ ခန္ဓာကိုယ်သည် မည်မျှပင် သန်မာနေပါစေ၊ သူ၏ အတွင်းအင်္ဂါများသည် အတော်လေး နုနယ်ပါသေးသည်။ ထို့ကြောင့် တုန်ခါခြင်းစွမ်အားသည် ချင်ယွင်ကို များစွာ ပျက်စီးစေပါသည်။

ချင်ယွင်၏ ကောင်းကင်နတ်ဘုရားစွမ်းအားဖြင့် အချိန်မီ ကုသထားခြင်းကြောင့်သာ၊ ထိုသို့ မဟုတ်ပါက၊ ရန်ကျန်းချန်၏ သိုင်းကွက်သုံးချက်ကို ခံယူလိုက်သည့်အခိုက်တွင် သူသည် သွေးအန်နေပြီး ဖြစ်လိမ့်မည်။

သို့သော်၊ ချင်ယွင်ကို အမှန်တကယ် လေးနက်မူကို ခံစားရစေသောအရာက ရန်ကျန်းချန်၏ တိုက်ခိုက်မှုများ မဟုတ်ပဲ၊ သူ၏ခေါင်းပေါ်သို့ ကျရောက်တော့လာမည့် ကောင်းကင်ကပ်ဘေးဒုက္ခ ဖြစ်ပါသည်။

ဤကောင်းကင်ဘုံကပ်ဘေးဒုက္ခ၌ ပါဝင်နေသော အဖျက်စွမ်းအားသည် ယခင် ကောင်းကင်ဘုံဒုက္ခ၌ ပါဝင်သောစွမ်းအားထက် နှစ်ဆကျော်ပြင်းထန်သည်မှာ ထင်ရှားပါသည်။ ဖျက်ဆီးခြင်းနိယာမကို သေးငယ်သောအောင်မြင်မူအဆင့်အထိ နားလည်ထားသော ကျွမ်းကျင်ပညာရှင်တစ်ဦး၏ စွမ်းအားအပြည့် တိုက်ခိုက်ခြင်းနှင့် နီးကပ်နေပြီ ဖြစ်ပါသည်။

ဤသည်မှာ ဤဒုတိယမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခတစ်ခုမျှသာ ဖြစ်သေးပြီး၊ အလွန်ကြောက်စရာကောင်းနေမည်ဟု ချင်ယွင် မမျှော်လင့်ခဲ့ပေ။ နောက်တစ်ကြိမ်ဆို ပို၍ပင် အန္တရာယ်ရှိလာနိုင်မှာ မဟုတ်ပေဘူးလား?။

"ဟား…၊ ဟား…၊ အရိုင်းစိုင်းကောင်လေး၊ မင်း ဒီကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ခံနိုင်မရည်ရှိမှာကို ငါ စိုးရိမ်မိတယ်။" ရန်ကျန်းချန်သည် ချင်ယွင်၏ ကံကြမ္မာကို ခန့်မှန်းပြီးသား ဖြစ်သကဲ့သို့ ဟက်ဟက်ပက်ပက် ရယ်မောလိုက်သည်။

"ခင်ဗျားက ကျုပ်ကို ခင်ဗျားစိတ်တိုင်းကျ လုပ်နိုင်တယ်လို့ တကယ်ထင်နေတာလား?" ချင်ယွင်၏ မျက်လုံးများက ရုတ်တရက် ပြတ်သားသည့် ဆုံးဖြတ်ချက်ကို ဖော်ထုတ်လာ ဟန်ဖြင့် လင်းလက်သွားသည်။

အင်မော်တယ်ဘုရင်၏စံအိမ်ရှိ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ချက်ချင်း ထွက်လာခဲ့ပြီး၊ ချင်ယွင်၏ ခန္ဓာကိုယ်နှင့် တိုက်ရိုက် ပေါင်းစပ်သွားသည်။ တခဏအတွင်းမှာပင် ချင်ယွင်၏ ခန္ဓာကိုယ်သည် ကြမ်းကြုတ်ပြီး လွှမ်းမိုးနိုင်စွမ်းကြီးမားသော အငွေ့အသက် များနှင့် ပြည့်နှက်သွားသည်။

ချင်ယွင်၏ မျက်နှာပြင်ပေါ်တွင် အနက်ရောင်ကြွေးခွံများ ပေါ်လာပြီးနောက် ရက်စက် ကြမ်းကြုတ်သော နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်အဖြစ် ပေါ်လာပါသည်။ အနက်ရောင် လျှပ်စီးကြောင်းသည် နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်ပေါ်တွင် တဖျပ်ဖျပ်ဖြင့် တောက်ပနေကာ မြင်ရသူများကို နှလုံးခုန် ရင်တုန်စေသည့် စွမ်းအင် အတက်အကျလှိုင်းများကို ထုတ်လွှတ်နေသည်။

"အယ်….."

ရန်ကျန်းချန်၏ အမူအရာသည် ပြောင်းလဲသွားသည်။ ချင်ယွင်၏ အငွေ့အသက်ကို သူလည်း ခံစားမိပြီး၊ ပို၍ ပို၍ပင် အားကောင်းလာသည်။

"ဘုန်း…."

ကောင်းကင်ယံမှ ကပ်ဘေးဒုက္ခ လျှပ်စီးတိုင်လုံးသည် ချင်ယွင်၏ ရင်ဘတ်ပေါ်သို့ ကျရောက်လာပြီးနောက် နဂါးကြေးခွံ အနက်ရောင်ချပ်ဝတ်မှ နဂါးဟိန်းဟောက်သံ ထွက်ပေါ်လာသည်။

တခဏအတွင်းမှာပင်၊ ချင်ယွင်၏ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်တွင် တုနှိုင်းမရ လောက်အောင် လှပသော ခရမ်းရောင်လျှပ်စီးကြောင်းများ လင်းလက်သွားသည်။ ခရမ်းရောင်လျှပ်စီးကြောင်းများက ဤနေရာသို့ သူ့အား တိုက်ခိုက်ရန် ကျရောက် လာခြင်းမဟုတ်ဘဲ၊ သူ၏ခန္ဓာကိုယ်တစ်ခုလုံးအပေါ် ကောင်းချီးပေးရန် ရောက်ရှိလာ သည့်အလား ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ခရမ်းရောင်လျှပ်စီးများကြားတွင် နှစ်ခြင်းခံနေပုံရသည်။

တကယ်တော့ ဤသည်မှာ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ကြောင့် ဖြစ်ပါသည်။ ၎င်းသည် ခရမ်းရောင်လျှပ်စီးတိုင်လုံး၏ အဖျက်စွမ်းအားကို အရူးအမူး စုပ်ယူနေပါ သည်။

နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် အမှန်တကယ်ပင် နက်မှောင်သော ခရမ်းရောင် အလင်းတောက်တောက်ကို ထုတ်လွှတ်နေသည်။ မူလကတည်းက မာကြောလှသော နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် ပို၍ပင် မာကြောလာပုံရပြီး အဖျက်စွမ်းအား များသည် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်တန်ဆာမှ ထွက်လာပုံရသည်။

"မျှော်လင့်ထားသလိုပဲ။" ထိုမြင်ကွင်းကို မြင်လိုက်ရတော့ ချင်ယွင်၏ နှုတ်ခမ်းတွေက ပြုံးယောင်သမ်းသွားသည်။

ဤနဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် မူလကတည်းက ထိုအနက်ရောင် နဂါးလေး ဖြင့် ဖွဲ့စည်းထားခြင်း ဖြစ်သည်။ ထိုနဂါးငယ်လေးသည် လျှပ်စီးကြောင်းများကို ဝါးမြိုနိုင်သော စွမ်းရည် အမြဲရှိနေတာကြောင့် ချင်ယွင်သည် ဤကပ်ဘေးကပ်ဘေး လျှပ်စီးကြောင်းကို ဝါးမြိုရန်အတွက် ဒီအနက်ရောင် နဂါးငယ်လေးကို အသုံးပြုချင် သော်လည်း၊ လက်တွေ့မှာ အောင်မြင်မည်ဟု သူ အများကြီး မျှော်လင့်မထားခဲ့ပါဘူး။

အင်မော်တယ်လျှပ်စီးကြောင်းကို မျိုချပြီးနောက်၊ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ် သည် ပို၍ပင် အားကောင်းလာသည်။

"ဟမ့်၊ ငါ မင်းကို မသတ်နိုင်ဘူးလို့ ငါ မယုံဘူး" အင်မော်တယ်လျှပ်စီးကြောင်းသည် ချင်ယွင်အတွက် အခြားရွေးချယ်စရာမဟုတ်တော့ဟု ရန်ကျန်းချန် မြင်လိုက်ရစဉ်၊ သူ၏မျက်နှာပေါ်တွင် ပြင်းထန်သော သတ်ဖြတ်လိုသည့် ဆန္ဒတစ်ခု ချက်ချင်း ပေါ်လာ သည်။ သူသည် သူ၏လက်ထဲရှိ ဆေဘာကို ဝှေ့ယမ်းပြီး ချင်ယွင်ဆီသို့ ထပ်မံ ခုတ်ပိုင်းလိုက်သည်။

"နတ်ဘုရားသတ်ဖြတ်ခြင်း ခုတ်ပိုင်းချက်.." ရန်ကျန်းချန်က ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ထဲမှ ဆေဘာသည် ပြင်းထန်သော စွမ်းအင်အတက်အကျ လှိုင်းကို ချက်ချင်းဆိုသလို ထုတ်လွှတ်လိုက်သည်။

ဆေဘာတစ်ချက် ခုတ်ပိုင်းလိုက်သည်နှင့် ဆေဘာအလင်းသည် ပျံနှံ့သွားခဲ့သည်။ ဆေဘာအလင်းတွင် ဤပြင်းထန်သောတုန်ခါမှုအတက်အကျပါရှိသည်။

"ဟမ့်၊ ငါ့ရဲ့ဆေဘာပညာရပ်ကို မင်း တွေ့ကြုံခံစားဖို့ အချိန်ရောက်ပြီ။" ချင်ယွင်၏ မျက်လုံးများတွင် ရန်လိုခြင်း အရိပ်အယောင်များ ထွက်ပေါ်လာသည်။ ဤ ရန်ကျန်းချန် မသေဘူးဆိုလျှင်၊ သူ့ကြောင့် သူ၏ ကောင်းကင်ကပ်ဘေးဒုက္ခအပေါ် ကြီးစွာသော သက်ရောက်မှု ရှိလာလိမ့်မည်။ ထိုကြောင့် ဤရန်ကျန်းချန်ကို သူ သတ်ပစ်ရလိမ့်မည်။

ချင်ယွင်သည် မြူနှင်းချောက်နက်ဓားကို သူ၏ဆေဘာအဖြစ် အသုံးပြုလိုက်ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော အနက်ရောင်လျှပ်စီးစွမ်းအင်က ထွက်ပေါ်လာသည်။ တခဏချင်းမှာပင်၊ ပြင်းထန်သော အဖျက်စွမ်းအားတစ်ခုက မြူနှင်းချောက်နက်ဓားကို လွှမ်းခြုံသွားသည်။

ဘန်း….။

ဤအခိုက်အတန့်တွင် နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်ရှိ အဖျက်စွမ်းအားသည် သူ၏လက်မောင်းတစ်မှတဆင့် ချင်ယွင်၏ မြူနှင်းချောက်နက်ဓားဆီ ရောက်ရှိလာ သည်။ တခဏတာအတွင်းမှာ၊ ချင်ယွင်၏ မြူနှင်းချောက်နက်ဓား၏ အဖျက်စွမ်းအား သည် အစောပိုင်းက ကောင်းကင်ကပ်ဘေးဒုက္ခထက်ပင် ပို၍ကြောက်စရာကောင်းလာ သည်။

"သေလိုက်တော့, ဖျက်ဆီးခြင်းတိုက်ကွက်"

ချင်ယွင်သည် ကျယ်လောင်စွာ အော်လိုက်ပြီး သူ၏လက်ထဲမှ မြူနှင်းချောက်နက် ဓားဖြင့် ခုတ်ပိုင်းလိုက်သည်။ ချက်ချင်းပင်၊ အနက်ရောင်လျှပ်စီးကြောင်းနှင့် ရောနှောထားသော ဆေဘာအလင်းတန်းတစ်ခုသည် ချင်ယွင်၏ မြူနှင်းချောက်နက် ဓားမှ ချက်ချင်း ထွက်ပေါ်လာပြီး အလွန်လျင်မြန်သော အရှိန်ဖြင့် မြေအဝါရောင် ဆေဘာအလင်းနှင့် အပြင်းအထန် တွေ့ဆုံမိသွားသည်။

"ဖူး….။ "

ဤကြောက်မက်ဖွယ်ကောင်းသော ဆေဘာအလင်းနှစ်ခုတို့ ရင်ဆိုင်တွေ့ပြီးနောက်၊ မြေအဝါရောင် ဆေဘာအလင်းသည် တိုက်ရိုက်ပင် နှစ်ပိုင်းကွဲသွားသည်။ အဖျက်စွမ်းအားကို ထုတ်လွှတ်နေသော ဆေဘာအလင်းသည် ရန်ကျန်းချန်ဆီသို့ လျင်မြန်စွာ ပျံသန်းလာခဲ့သည်။

"ဘာ….?" ရန်ကျန်းချန်သည် သိသိသာသာ ထိတ်လန့်သွားပြီး အနက်ရောင် ဆေဘာ အလင်းကို တားဆီးရန် သူ၏ဆေဘာကို အလျင်အမြန် ဝှေ့ယမ်းလိုက်သည်။

ချွင်…။

ဆေဘာအလင်းသည် ရန်ကျန်းချန်၏ ရှေးဟောင်း ဆေဘာဓားသွားနှင့် တိုက်မိပြီး ရန်ကျန်းချန်သည် ချက်ချင်းပင် လွင့်ပျံသွားသည်။ ရန်ကျန်းချန်၏ လက်များသည် သွေးများဖြင့် ရွှဲနက်နေ၏။

ချင်ယွင်သည် နောက်သို့ လွင့်ပျံသါားသော ရန်ကျန်းချန်ကို ကြည့်ရင်း သူ၏ မျက်လုံးထဲတွင် ပြင်းထန်သော အေးစက်မှုက ပျံ့နှံ့လာသည်။

"ဒီနေ့၊ ငါ့ချင်ယွင်ရဲ့ ဓားသိုင်းပညာရပ်ကလည်း ဘယ်လောက်တောင် အစွမ်းထက် တယ်ဆိုတာ မင်းကို ငါ ပြောပြပေးမယ်" ချင်ယွင်သည် သူ၏ဓားကို ဝှေ့ယမ်းလိုက်ရင်း သူ၏အသံက အေးစက်ပြီး အရိုးထဲ ထိုးဖောက်ဝင်ရောက်သွားသလို ထွက်ပေါ်လာ သည်။ ကြောက်မက်ဖွယ်ကောင်းပြီး ရက်စက်သော အငွေ့အသက်က သူ၏ဓားမှ ထွက်ပေါ်လာသည်။ ချက်ချင်းဆိုသလိုပင် သူ၏ပတ်ဝန်းကျင်ရှိ လေဟာနယ်သည် ဓားသေးသေးလေးများ ဖြတ်တောက်သွားပုံရပြီး အက်ကြောင်းလေးတွေ ဖြစ်ပေါ်လာ သည်။

"ငါများ အမြင်မှားနေတာလား?။ သူက တကယ်ပဲ လေစွမ်းရည် ရှေးဟောင်း ဖရိုဖရဲစုတ်ဖြဲခြင်းနိယာမကို သေးငယ်သောအောင်မြင်မူအဆင့်ကို ရောက်နေပြီပဲ"

ခပ်လှမ်းလှမ်းမှ တကိုယ်တော် ကျင့်ကြံသူတစ်ဦးထံသည် ချက်ချင်း သတိထားမိဟန် ဖြင့် အံ့အားတသင့် အော်ပြောလိုက်သည်။

All Chapters