အခန်း ၇၈၉
Vol. 53 Ch. 789
အခန်း (၇၈၉) ရန်ကျန်းချန်ကို သတ်ဖြတ်ခြင်း။
ထိုအံ့အားတသင့် အော်ပြောသံသည် တကိုယ်တော် ကျင့်ကြံသူများ၏ အလယ်တွင် ချိန်ကိုက်ဗုံးတစ်လုံးကဲ့သို့ ချက်ချင်း ပေါက်ကွဲသွားသည်။
ဤချင်ယွင်သည် ယနေ့တွင် ၎င်းတို့အား အလွန်တုန်လှုပ်စေခဲ့သည်။ အစောပိုင်းအဆင့် စွမ်းအားကို အသုံးပြုပြီး၊ နက်နဲသိမ်မွေ့ ခြင်း အင်မော်တယ်နယ်ပယ် အထွက်အထိပ် အဆင့် ကျွမ်းကျင်သူများကို ကြက်လေးငှက်လေး တစ်ကောင်ကို သတ်ပစ်ခဲ့သည်။ ထို့အပြင်၊ သူသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်မှာ ဤကဲ့သို့သော ကြောက်မက်ဖွယ်ကောင်းသော ကောင်းကင်ကပ်ဘေးဒုက္ခကို ဆင့်ခေါ် နိုင်ခဲ့သည်။
ထိုမျှတင်မကသေးဘဲ၊ သူသည် အစောပိုင်းအဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကိုလည်း သတ်ပစ်ခဲ့ပြီးပြီ။
သူသည် ကောင်းကင်ကပ်ဘေးဒုက္ခကို အသုံးချခြင်းဖြစ်သော်လည်း အစောပိုင်းအဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်နိုင်ခဲ့ခြင်း သည်ပင် ထူးခြား ခွန်အားပိုင်ဆိုင်ထားကြောင်း ပြသရန် လုံလောက်နေပါပြီ။
"သူက ကောင်းကင်ဘုံကို ဆန့်ကျင့်ပြီး၊ ဒုတိယမြောက် အစောပိုင်းအဆင့် လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူတစ်ဦးကို သတ်ချင်နေတာများ ဖြစ်နိုင်မလား?" လူအုပ်ထဲက တစ်ယောက်က ခန့်မှန်းလိုက်သည်။
ထိုစကားတွေ ပြောပြီးသည်နှင့် ရုတ်ရုတ်သဲသဲ ဖြစ်သွားကြသည်.
ဤအခိုက်အတန့်တွင် ချင်ယွင်ကြည့်သည့် သူတို့၏အကြည့်များ အားလုံးသည် ကြည်ညိုလေးစားမှုအဖြစ်သို့ ပြောင်းလဲသွားကြပြီး၊ ထိုအမျိုးသမီး ကျင့်ကြံသူများဆို လျှင်၊ ချင်ယွင်အပေါ် လုံး၀ ဖမ်းစားသွားကြသည်။
ထိုကဲ့သို့ ချောမောသော ရုပ်ရည်အသွင်အပြင်၊ ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သော အရည်အချင်းများ၊ အစွမ်းထက်လွန်းသော ခွန်အားနှင့် လွှမ်းမိုးကြီးစိုးနိုင်စွမ်းရှိသော အငွေ့အသက်များ၊ ထိုကဲ့သို့သောလူမျိုးသည် အမှန်တကယ်ပင် သူမတို့၏ စိတ်ကူးယဉ် ချစ်သူအဖြစ် စိတ်ကူးယဉ်ထားသူမျိုး ဖြစ်သည်။
ချင်ယွင် ခေါင်းညိတ်လိုစိတ်ရှိသည်နှင့်၊ ဤအမျိုးသမီး ကျင့်ကြံသူများသည် ကုတင်ပေါ် တွင် နာခံမှုရှိရှိပြီး ချင်ယွင်ထံမှ ကံကြမ္မာကောင်းကို စောင့်မျှော်နေပေလိမ့်မည်။
သေချာသည်မှာ၊ ချင်ယွင်သည် ဤအရာအားလုံးကို စိတ်မဝင်စားနိုင်ခဲ့ပါဘူး။ ဤအခိုက်အတန့်တွင် သူသည် ကြောက်မက်ဖွယ်ကောင်းသော နက်နဲသိမ်မွေ့သော နှလုံးသားဓားအပေါ် သူ၏စိတ်ဝိညာဉ်တစ်ခုလုံးကို မြှုပ်နှံထားပါသည်။
လေထုသည် တဝှီးဝှီးအော်မြည်နေခြင်းမရှိသလို၊ ပတ်ပတ်လည်တွင် လေပြင်းများ လည်း တိုက်ခတ်ခြင်း မရှိပေ။ ဆန့်ကျင်ဘက်အနေဖြင့် ပတ်ဝန်းကျင်သည် အလွန်ပင် တိတ်ဆိတ်နေ၏။ သို့သော် ချင်ယွင်၏ လက်ရှိ မြူနှင်းချောက်နက်ဓားမှ ထွက်ပေါ်လာ သော စူးရှသော အငွေ့အသက်သည် အလွန်ကြောက်စရာကောင်းပြီး သူ၏ဦးရေပြားကို ထုံကျင်သွားစေသည်။
မြူနှင်းချောက်နက်ဓားဘေး ပတ်ပတ်လည်တွင် ထူထပ်သော လေဟာနယ် အက်ကွဲ ကြောင်းများ ပေါ်လာသည်။ ထိုအရာသည် ဓားအလင်းကနေ ထွက်ပေါ်လာသည့် ပြင်းထန်သော အငွေ့အသက်များ ဖြစ်သည်။
ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်းနိယာမသည် လေစွမ်းရည်နှင့်အတူ ပြင်းထန်သော စုတ်ဖြဲခြင်းစွမ်းအားတစ်ခု ဖြစ်သည်။ နိယာမနယ်ပယ်၏ သေးငယ်သောအောင်မြင်မူ အဆင့်သာသော်လည်း၊ ၎င်းတွင်ပါရှိသော စွမ်းအားသည် လူတိုင်းကို ကြောက်ရွံ့ ထိတ်လန့်သွားစေခဲ့သည်။
"ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ?၊ သူက ဘယ်လိုလုပ် ဒီလောက် သန်မာနိုင်မှာလဲ" ရန်ကျန်းချန်သည် ခပ်ဝေးဝေးတွင် ရပ်နေကာ သူ၏မျက်နှာလည်း နှိုင်းစာ၍မရအောင် ထိတ်လန့်တုန်လှုပ်နေသော အမူအရာ ပေါ်လာသည်။
ယခုအချိန်တွင်၊ သူ၏လက်တွေက သွေးတွေနှင့် ပြည့်နေခဲ့သည်။ အစောပိုင်းက ဖျက်ဆီးခြင်းတိုက်ကွက်ကို သူခံယူခဲ့ရပြီး ဓားအလင်းတွင်ပါရှိသော အဖျက်စွမ်းအား သည် သူ၏ဆေဘာမှတဆင့် သူ၏လက်များဆီသို့ ပျံ့နှံ့သွားပြီး သူ၏လက်များကို ပြင်းထန်စွာ ဒဏ်ရာရစေခဲ့သည်။
အကယ်၍ သူသည် အချိန်မီ မတုံ့ပြန်နိုင်ခဲ့ပါလျှင်၊ သူ၏ အစွမ်းထက်သော အင်မော်တယ် အနှစ်သာရဖြင့် ဤအဖျက်စွမ်းအားကို အလျင်အမြန် တွန်းမထုတ်နိုင်ခဲ့ ပါက၊ သူသည် ဤအခိုက်အတန့်တွင် ယခုလိုမျိုး မတ်တပ်ရပ်နေနိုင်လိမ့်မည် မဟုတ်ပေ။
မူလကတော့၊ ချင်ယွင်၏ ထိုဖျက်ဆီးခြင်းတိုက်ကွက်သည် ချင်ယွ၏ အစွမ်းထက်ဆုံး တိုက်ခိုက်မှုဖြစ်နေပြီဟု သူထင်ခဲ့သော်လည်း၊ ယခုအခါ ချင်ယွင်၏ ယခုဓားသိုင်းကွက် သည် ပို၍ပင် ကြောက်စရာကောင်းကြောင်း သူ သဘောပေါက်လာသည်။
ပေသုံးရာအကွာတွင်ရှိနေသော ရန်ကျန်းချန်သည် သူ၏ ဦးရေပြား ထုံကျင်သွားသည် ကို ခံစားလိုက်ရသည်၊ အထူးသဖြင့် ချင်ယွင်၏လက်ရှိ ဓားမှ စုတ်ဖြဲခြင်း အငွေ့အသက် ကြောင့် သူ၏နှလုံးကို ရင်တုန်စေသည်။
"ခင်ဗျားကို ခင်ဗျားသွားရမယ့် လမ်းကြောင်းအတိုင်း ပို့ပေးဖို အချိန်တန်ပြီ၊ နက်နဲသိမ်မွေ့သောနှလုံးသားဓား"
ချင်ယွင်က အေးစက်စွာ ပြောလိုက်သည်။ သူ၏လက်ထဲမှ မြူနှင်းချောက်ဓားသည် ချက်ချင်း ဝှေ့ယမ်းလာခဲ့ပြီး၊ သူ၏လှုပ်ရှားမှုတွေကနေ ပုံရိပ်ယောင်တွေ ဆက်တိုက် ထွက်လာနေသည်။
ဝှီး…..။
ဆယ်မီတာရှည်လျားသော ဓားအလင်းတစ်လက် ချက်ချင်း ပျံထွက်သွားသည်။
"ဒါ…" ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အဝေးမှ တကိုယ်တော် ကျင့်ကြံသူများသည် သူတို့၏နှလုံးများသည် တစ်စုံတစ်ယောက်၏ ပြင်းထန်စွာ ဆွဲထုတ်ခံလိုက်ရသလို ခံစားလိုက်ရသည်။
ဆယ်မီတာရှည်လျားသော ဓားအလင်းသည် သိပ်ရှည်လျားခြင်း မရှိသော်လည်း၊ ၎င်းသည် နိယာမတရားများပ ါဝင်သော တိုက်ခိုက်မှုတစ်ခု ဖြစ်သည်။ အလျား ဆယ်မီတာအထိ ရောက်အောင် စွမ်းဆောင်နိုင်ခြင်းကပင် ကြောက်မက်ဖွယ်အဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။
ရန်ကျန်းချန်သည် ဆယ်မီတာရှည်လျားသော ဓားအလင်းတန်းကို ကြည့်ပြီး သူ၏ မျက်လုံးများတွင် ထိတ်လန့်ကြောက်ရွံ့သည့် အမူအရာပေါ်လာသည်။ သူသည် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းတန်းကို တားဆီးရန် သူ၏လက်ထဲမှ ရှေးဟောင်းဆေဘာကို အလျင်အမြန် ခုတ်ပိုင်းလိုက်သည်။
သို့သော်၊ သူ၏ဆေဘာအလင်းသည် ချင်ယွင်၏ ဓားအလင်းကို မထိတွေ့မီ၊ ချင်ယွင်၏ ဓားအလင်းတွင်ပါရှိသော စုတ်ဖြတ်ခြင်းစွမ်းအားကြောင့် ကြေမွသွားရသည်။
ရန်ကျန်းချန်၏ မျက်နှာသည် ချက်ချင်းပင် ထိတ်လန့်သွားသည်။ ထိုအချိန်မှာ၊ သူသည် ဓားအလင်းကို ရှောင်တိမ်းလိုက်ချင်သော်လည်း ဓားအလင်းက သူ၏ရှေ့ကို ရောက်ရှိနေပါပြီ။
ချွင်…..။
ရန်ကျန်းချန်သည် တုံ့ဆိုင်းမနေဘဲ သူ၏ဆေဘာဖြင့် တိုက်ရိုက် ပိတ်ဆို့လိုက်သည်။
သို့သော် လူတိုင်း၏ မေးရိုးများပြုတ်ကျသည်အထိ ထိတ်လန့်ဖွယ်ရာ မြင်ကွင်းတစ်ခု ဖြစ်ပျက်ခဲ့သည်။ အဆင့်မြင့်အဆင့် အင်မော်တယ်ဆေဘာသည် အမှန်တကယ်ပင် ထိုဓားအလင်းအောက်မှာ သုံးစက္ကန့်မျှသာ ကြာခဲ့ပြီး အပိုင်းပိုင်းကွဲအက်ကာ မြေပြင်ပေါ်သို့ ပြုကျသွားခဲ့သည်။
ရန်ကျန်းချန်၏ ခန္ဓာကိုယ်သည် ကြောက်မက်ဖွယ်ကောင်းသော ဓားအလင်းကြောင့် လုံးဝ ကွဲထွက်သွားသည်မှာ သံသယရှိစရာပင် မလိုပါတော့ချေ။
ထိုမြင်ကွင်းကို မြင်တော့ အဝေးမှ တကိုယ်တော် ကျင့်ကြံသူများသည် အေးစက်သည့် လေကို ရှုရှိုက်မိကြသည်။
အစောပိုင်းအဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူ နောက်တစ်ဦး ကွယ်လွန်သွားခဲ့ရပြန်ပြီ။
အကယ်၍၊ ချင်ယွင်သည် အစောပိုင်းက လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူကို သတ်ရန် ကောင်းကင်ကပ်ဘေးဒုက္ခ၏ စွမ်းအားကို အသုံးပြုခဲ့သည် ဆိုလျှင်၊ ယခုအခါ သူသည် ရန်ကျန်းချန်အား သတ်ဖြတ်ရန် သူ၏ကိုယ်ပိုင် ခွန်အားကို အပြည့်အဝ အားကိုးခဲ့ခြင်း ဖြစ်သည်။
ဤဓားတိုက်ခိုက်မှုသည် လူတိုင်းကို ထိတ်လန့်စေလောက်အောင် ဖြစ်ခဲ့ရပြီး၊ ဤတိုက်ပွဲအပြီးတွင် ချင်ယွင်၏ နာမည် လုံးဝ ပျံ့နှံ့ပြီး၊ သူ၏အမည်သည် အရပ်မျက်နှာ အသီးသီးသို့ ပျံ့နှံ့သွားပေတော့မည်။
အဝေးမှ ကော့ဖုန်းနှင့် နိုင်းယွန်တို့သည် ဤအရာအားလုံးကို မြင်လိုက်ရပြီး၊ သူတို့၏ မျက်လုံးတွေထဲ နှိုင်းစာ၍မရအောင်ပင် လေးနက်မှုတွေနှင့် ပြည့်နှက်နေပါသည်။ ချင်ယွင်၏ ခွန်အားသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို သိရှိသွားသောကြောင့်၊ သူတို့၏ နှလုံးသားများလည်လည်း ရုန်းကန်စပြုလာသည်မှာ ထင်ရှားပါသည်။
"သူက အတိအကျ ဘယ်သူလဲ?" ရှောင်လန်သည် အဝေးမှ တောင်ကုန်းတစ်ခုပေါ်တွင် ရပ်ကာ ဤအရာအားလုံးကို ကြည့်ရူနေပြီဂ သူမ၏ မျက်လုံးများသည် ဖော်ပြ၍မရ အောင်ပင် လေးနက်သော အမူအရာ ပေါ်လွင်နေသည်။
ယခုအချိန်တွင်၊ ချင်ယွင်နှင့် အင်မော်တယ်ဖီးနစ်ခန်းမတို့၏ ဆက်ဆံရေးကို သူမ သံသယဖြစ်စ ပြုလာပါပြီ။ ချွေရှန်းသည် ချင်ယွင်အပေါ် ထားရှိသည့် သဘောထားသည် ယခင်က သူမတွေးထားသလို မရိုးရှင်းသောကြောင့် ဖြစ်သည်။ ထို့အပြင် ချင်ယွင်သည် အဘယ်ကြောင့် အင်မော်တယ် ကျောက်စိမ်းများစွာကို ရုတ်တရက် ထုတ်ပေးနိုင်ခဲ့ သနည်း?။ ဤအရာတွေအားလုံးသည် စဉ်းစားသင့်သည့် အချက်များ ဖြစ်ပါသည်။
"ဘယ်လောက်တောင်မှ အစွမ်းထက်လိုက်တဲ့ ကောင်လေးလဲ။ တကယ်လို့၊ ဒီကောင်လေးသာ ငါတို့ သတ်ဖြတ်ခြင်းဂိုဏ်းထဲ ဝင်နိုင်ခဲ့ရင်၊ သူက အနာဂတ်မှာ ငါတို့ရဲ့ သတ်ဖြတ်ဂိုဏ်းကို ပြန်လည် အသက်သွင်းနိုင်မှာ သေချာပါတယ်။" အဝေးမှ အနက်ရောင်ဝတ် ဘုန်းကြီးတစ်ပါးသည် သူ၏ စိတ်ထဲတွင် ပြောလိုက်သည်။
ယခုလေးတင်၊ သူသည် ဤအဖြစ်ပျက် အားလုံးကို တိတ်တဆိတ် ကြည့်နေခဲ့ပြီး ချင်ယွင်၏ စွမ်းဆောင်မှု အားလုံးကို သူ၏မျက်လုံးထဲမှာ မြင်ခဲ့ရပါသည်။
သို့သော်၊ နှစ်ပေါင်း ၈၀၀၀ နီးပါး ရှင်သန်နေထိုင်ခဲ့သော သူလိုအဘိုးကြီး တစ်ဦးသည် ပင်၊ ဤကဲ့သို့ ကြီးကျယ်ခမ်းနားသော ပါရမီရှင်တစ်ဦးကို ပထမဆုံးအကြိမ် မြင်ဖူးကြောင်း ခံစားလိုက်ရပြီး သူ၏နှလုံးသားသည် ချက်ချင်းပင် သဘောကျစ ပြုလာသည်။
ပိန်ပိန်ပါးပါး အဘိုးကြီးသည်လည်း ဤအရာအားလုံးကို တိတ်တဆိတ် စောင့်ကြည့် နေခဲ့သော်လည်း သူ၏အတွေးများသည် အနက်ရောင်ဝတ် အဘိုးကြီးနှင့် ဆန့်ကျင်ဘက် ဖြစ်သည်။
အဆိပ်နဂါးတောင်ကြားကို ရောက်ခဲ့စဉ်တုန်းက ဤကောင်လေးသည် ထူးခြားသည်ဟု သူ ခံစားခဲ့ရသော်လည်း၊ ထိုအချိန်တုန်းက၊ ဤကလေးသည် ခြိမ်းခြောက်မှုတစ်ခုဟု သူ မခံစားခဲ့ရပါဘူး။
သို့သော် ယနေ့ ချင်ယွင်ထုတ်ဖော်ပြသသည့် စွမ်းအားက၊ သူသည် ချင်ယွင်၏ ခြိမ်းခြောက်မှုကို နက်နက်ရှိုင်းရှိုင်း ခံစားရစေခဲ့သည်။ အကယ်၍၊ သူသာ ဤကောင်လေးကို ကြီးပြင်းဖို့ အချိန်ပိုပေးလိုက်မည်ဆိုလျှင်၊ သူတို့ အင်မော်တယ် တာအိုဂိုဏ်းသည် နောင်အနာဂတ်မှာ အများကြီး ဒုက္ခရောက်သွားကောင်း ရောက်သွား နိုင်သည်။
"ဒီကောင်လေးကို လုံးဝ အသက်ရှင်လျက် ချန်ထားခဲ့လို့ မရဘူး။ သူ ကပ်ဘေးဒုက္ခကို ဖြတ်ကျော်ပြီးတဲ့နောက်မှာ သူ့ကို အသက်ရှင်လျက် ထွက်သွားခွင့် လုံးဝ မပြုနိုင်ဘူး။" ပိန်ပိန်ပါးပါး အဘိုးကြီးသည် သူ၏မျက်လုံးများတွင် ဖျတ်ခနဲ လင်းလက်သွားပြီး၊ သတ်ဖြတ်လိုသောစိတ်ဖြင့် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ဤအခိုက်အတန့်တွင် ချင်ယွင်သည် အခြားသူများ၏ အကြည့်များကို ဂရုမစိုက်ပေ။ သူ၏ဓားချက်သည် လူအများကို ခြိမ်းခြောက်ရန် လုံလောက်သည်ဟု သူ ယုံကြည်ထား သောကြောင့် ဖြစ်သည်။ ဘုန်းကြီးနှစ်ပါးနှင့် ပိန်ပိန်ပိန်ပါးပါး အဖိုးအိုက လွဲလျှင်၊ သူအား မည်သူမျှ ထိခိုက်ဒဏ်ရာရအောင် မလုပ်နိုင်ပေ။
ထိုအချိန်တွင် ချင်ယွင်သည် ကောင်းကင်ကို ကြည့်ရန် သူ၏ခေါင်းကို မော့လိုက်သည်။ တတိယမြောက် လျှပ်စီးကြောင်းသည် ကောင်းကင်ယံရှိ ကပ်ဘေးဒုက္ခ တိမ်တိုက်များ ကြားတွင် ပေါက်ဖွားနေပါသည်။
ယခုတစ်ကြိမ်မှာလည်း ကြောက်မက်ဖွယ်ကောင်းသည့် အဖျက်စွမ်းအားတစ်ခု ရှိနေခဲ့ပါသည်။ သို့သော်လည်း ဤအဖျက်စွမ်းအားသည် ပြင်းထန်သော ခြိမ်းခြောက်နိုင် စွမ်အားနှင့် ရောနှောထားသည်။
"ဘုန်း…."
ကျယ်လောင်သော ပေါက်ကွဲသံနှင့်အတူ ကောင်းကင်ယံရှိ တိမ်စိုင်တိမ်မည်းများသည် ကွဲအက်သွားကာ မည်မှောင်နေသော တိမ်တိုက်များကြားမှ ကြီးမားသော ခရမ်းရောင် လျှပ်စီးနဂါးကြီးတစ်ကောင် ထွက်ပေါ်လာသည်။
သူ၏ခန္ဓာကိုယ်ပေါ်ရှိ အကြေးခွံများသည် အသက်ဝင်နေဟန်ရပြီး သူ၏မျက်လုံးများက ပို၍ပင် တောက်ပနေသည်။ ၎င်းသည် တကယ့်အစစ်အမှန် ခရမ်းရောင်လျှပ်စီး နဂါးတစ်ကောင်နှင့်ပင် တူနေပါသည်။ လျှပ်စီးနဂါး၏ ခန္ဓာကိုယ်အတွင်း၌ ပြင်းထန်သော ဖျက်စီးခြင်းအငွေ့အသက်နှင့်အတူ ရက်စက်ကြမ်းကြုတ်ခြင်း အငွေ့အသက်များလည်း ရှိနေခဲ့သည်။
"အစစ်... အစစ်.. အစစ်အမှန် လျှပ်စီးနဂါးလား?" အဝေးမှ တကိုယ်တော် ကျင့်ကြံသူ များသည် ကြောက်ရွံ့ထိတ်လန့်စွာ အော်ဟစ်လိုက်ကြရင်း သူ၏မျက်လုံးများတွင် ကြောက်ရွှံ့မူအပြည့် ရှိနေကြပါသည်။
သို့သော် ချင်ယွင်က ပြုံးပြီး "ဒါဆို မိတ်ဆွေဟောင်းကြီးပေါ့" ဟု သူ့ကိုယ်သူ တီးတိုး ရေရွတ်လိုက်ပါသည်။