အခန်း ၇၉၀
Vol. 53 Ch. 790
အခန်း (၇၉၀) ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ်ကပ်ဘေးဒုက္ခ
"အောင်း….."
ကောင်းကင်ယံတွင် အင်မော်တယ်လျှပ်စီးနဂါးကြီးသည် ဟိန်းဟောက်လိုက်သည်။ ထင်ရှားသည်မှာ၊ ဤနဂါးကြီးသည် ချင်ယွင် ယခင်က တွေ့ကြုံဖူးသည့် လျှပ်စီးနဂါးများ ထက် များစွာ အားကောင်းနေပါသည်။ နဂါးဟိန်းဟောက်သံကြောင့် ပတ်ဝန်းကျင်ရှိ သစ်တောများ ပြင်းထန်စွာ တုန်လှုပ်သွားခဲ့သည်။
"ဟမ့်၊ ငါက နဂါးအစစ်ကိုတောင် သတ်နိုင်ခဲ့တယ်။ ဆိုတော့၊ မင်းလို လျှပ်စီးနဂါးအတုကို ဘာလို့ ကြောက်ရမှာလဲ?။ ဒီနေ့ ငါ မင်းကို ငါ့ရဲ့ဓားနဲ့ သတ်ပစ် ဦးမယ်။" ချင်ယွင်သည် အဝေးမှ အင်မော်တယ်လျှပ်စီးနဂါးကြီးကို လှမ်းကြည့်လိုက်ပြီး သူ၏မျက်လုံးများသည် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များဖြင့် ပြည့်နှက်နေသည်။
ရှေးဟောင်း ဖရိုဖရဲအင်မော်တယ်အနှစ်သာရသည် သူ၏ခန္ဓာကိုယ်မှ တစ်ဖန် ပြန်လည် ထွက်ပေါ်လာပြီး ပြင်းထန်သော အငွေ့အသက်သည် သူ၏ပတ်ဝန်းကျင်ကို ချက်ချင်း လွှမ်းခြုံသွားသည်။
“ဝှီး…။
ချင်ယွင်၏ ရုပ်အသွင်သည် လျှပ်စီးနဂါးကြီးရှိရာသို့ ချက်ချင်း ပျံသန်းသွားကာ၊ သူ၏လက်ထဲတွင် မြူနှင်းချောက်နက်ဓားထဲမှ ပြင်းထန်သော စုတ်ဖြဲခြင်း စွမ်းအားများ ဖြင့် တဟုန်ထိုး ပျံ့နှံ့တက်လာသည်။
အင်မော်တယ် လျှပ်စီးနဂါးကြီးသည် အလွန်လျင်မြန်ပြီး၊ ချင်ယွင်၏ရုပ်အသွင်သည် လည်း အလွန်မြန်သည်။ သူတို့နှစ်ယောက်စလုံးသည် အချင်းချင်း ထိပ်တိုက် တွေ့ဆုံ မိကြသည်။
ချင်ယွင်၏လက်ထဲရှိ မြူနှင်းချောက်နက်ဓားသည် ခရမ်းရောင် လျှပ်စီးနဂါးကြီးထဲကို အပြင်းအထန် ထိုးထွင်းဝင်ရောက်သွားပါသည်။ ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်းနိယာမ သည် ပြင်းထန်သော တဖျစ်ဖျစ်မြည်သံကို ဖြစ်ပေါ်စေပြီး ချက်ချင်းပင် လျှပ်စီး လက်လာသည်။
"ဖျစ်…."
ချင်ယွင်၏ ရုပ်အသွင်သည် ခရမ်းရောင်လျှပ်စီးနဂါးကြီး၏ ကိုယ်ခန္ဓာကို ထိုးဖြတ်၍ ခရမ်းရောင် လျှပ်စီးနဂါးကြီးကို နှစ်ခြမ်းခွဲကာ တိုက်ရိုက် ဖြတ်တောက်သွားသည်။
"ဘန်း…"
ထစ်ခြမ်းကွဲသွားသော ခရမ်းရောင် လျှပ်စီးနဂါးကြီးသည် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ပေါက်ကွဲသံနှင့်အတူ ပေါက်ကွဲသွားသည်။ ကောင်းကင်ယံသည် ချက်ချင်းပင် လျှပ်စီးရေအိုင်ကြီးအဖြစ် ပြောင်းလဲသွားပြီး ချင်ယွင်၏ ခန္ဓာကိုယ်တစ်ခုလုံးကို ဝါးမြိုသွားခဲ့သည်။
"သူ လွတ်မြောက်နိုင်မှာလား?" အဝေးမှ လူတွေအားလုံး ထိုမြင်ကွင်းကို မြင်လိုက်ရတော့ အံ့အားသင့်စွာ သက်ပြင်းချလိုက်ကြသည်။
ဤခရမ်းရောင် လျှပ်စီးနဂါးကြီးအတွင်းမှာ ပါရှိသော ကြမ်းကြုတ်စွမ်းအားနှင့် အဖျက်စွမ်းအားတို့သည် ကောင်းကင်ဘုံနှင့် မြေကြီးကိုပင် ဖျက်ဆီးသည်ဟု ဆိုနိုင်ပါ သည်။ ဤကောင်းကင်ယံရှိ လျှပ်စီးကြောင်းများသည် သူတို့၏ ခန္ဓာကိုယ်ပေါ်ကို ကျရောက်နေသမျှ ကာလပတ်လုံး သူတို့၏အရိုးများကို ကွဲကြေစေကာ ဤလျှပ်စီးရေအိုင်၏ ဝါးမျိုချခြင်းကို ခံရသွားနိုင်သည်။
သို့သော်လည်း နောက်မြင်ကွင်းက သူတို့ကို အံ့အားသင့်စေခဲ့သည်။
ချင်ယွင်သည် လျှပ်စီးရေအိုင်ထဲတွင် ရပ်တပ်နေ၏။ ပြင်းထန်သော လျှပ်စီးကြောင်း များသည် သူ၏ခန္ဓာကိုယ်ထဲသို့ အဆက်မပြတ် ဝင်ရောက်လာပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ နဂါးကြေးခွံအနက်ရောင်ချပ်ဝတ်သည် အနက်ရောင် လျှပ်စီးနဂါးငယ်လေး အဖြစ်သို့ ပြောင်းလဲသွားလေသည်။
လျှပ်စီးနဂါးငယ်လေးသည် သူ၏ပါးစပ်ကို ဖွင့်ကာ လျှပ်စီးပင်လယ်၌ စုပ်ယူနေသည်။ ၎င်းသည် ပကတိမျက်စိဖြင့် မြင်နိုင်သော အရှိန်ဖြင့် လျှပ်စီးရေအိုင်ကြီးကို မျိုချသွားခဲ့ သည်။
ပတ်ဝန်းကျင်ရှိ လျှပ်စီးကြောင်းများသည် အဆက်မပြတ် လျော့နည်းလာပြီး မျက်စိ တစ်မှိတ် အတွင်းမှာပင် လျှပ်စီးလက်ရေအိုင်ကြီးတစ်ခုလုံးသည် ထက်ဝက်ကျော် ကျုံ့သွားခဲ့သည်။
တကိုယ်တော် ကျင့်ကြံသူများသည် အံသြသွားကြသည်။ ဤခန္ဓာကိုယ် သေးသေးလေး က လျှပ်စီးကြောင်းများ၏ ထက်ဝက်ကျော်ကို အမှန်တကယ် စုပ်ယူနိုင်ခဲ့သည်။ ထို့အပြင်၊ ထိုနဂါးငယ်လေသည် ပိုကြီးလာမည့် အရိပ်အယောင်များလည်း မပြသေးပါ။
"အေ့…"
နဂါးငယ်လေးသည် လျှပ်စီးကြောင်းရေအိုင်ကြီးကို မျိုချလိုက်ပြီးနောက်၊ သူသည် လူသားတစ်ယောက်လို ကြို့ထိုးပြီး ချင်ယွင်ကို ပြုံးပြလိုက်သည်။ ထို့နောက် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ထိုးဖောက်ဝင်ကာ ပျောက်ကွယ်သွားခဲ့သည်။
နဂါးငယ်လေးသည် ဗိုက်ပြည့်နေမှန်း ချင်ယွင်သိလိုက်ပြီး သူ၏ လျှပ်စီးစွမ်းရည် ကိုယ်ပွားထဲတွင် ပြန်အိပ်သွားခဲ့သည်။
ဤကောင်လေးသည် မည်သည့်နေရာလာမှန်း ချင်ယွင် မသိနိုင်သေးပါ။ ၎င်းသည် သူ၏ ဖရိုဖရဲ လျှပ်စီးကြောင်းနှင့် တစ်ခုခုပတ်သက်နေသကဲ့သို့ ဖြစ်နိုင်ပြီး၊ သူ၏ ဉာဏ်ရည် ကလည်း နိမ့်ပါးနေပုံရသည်။
"မေ့လိုက်ပါ၊ ဒီကောင်လေးက ရန်လိုတဲ့ ရည်ရွယ်ချက်တွေ ရှိပုံမပေါ်ဘူး။ သူ့ကို အဲဒီမှာပဲ နေပါစေ။" ချင်ယွင်က ကောင်းကင်ကို မော့ကြည့်ရင်း သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
ယခုအချိန်တွင်၊ သူသည် ကောင်းကင်ကပ်ဘေးဒုက္ခ သုံးခုကို ဖြတ်ကျော်ခဲ့ပြီး ဖြစ်သည်။ ဤအင်မော်တယ်လျှပ်စီး ကပ်ဘေးဒုက္ခသုံးခုစလုံးတွင် အစွမ်းထက် လျှပ်စီးစွမ်းရည် နိယာမများ ပါရှိပြီး ၎င်းတို့၏ စွမ်းအားမှာ အလွန်ကြီးမားပါသည်။ ချင်ယွင်သည် နောက်ထပ် အင်မော်တယ်ကပ်ဘေးဒုက္ခများ မည်မျှ ရောက်ရှိလာဦးမည်၊ ထို့အပြင်၊ ၎င်းတို့ မည်မျှ အစွမ်းထက်မည်ကို မသိနိုင်သေးပါ။
ဘန်း…။
ထိုအချိန်တွင် ကောင်းကင်မှ နောက်ထပ် ပေါက်ကွဲအသံတစ်ခု ထွက်ပေါ်လာသည်။ မိုးခြိမ်းသံများ ပြည့်နှက်နေသော တိမ်တိုက်များမှ တောက်ပသော အလင်းတန်းများ ထွက်ပေါ်လာပြီး အဖျက်စွမ်းအ င်အငွေ့အသက်နှင့် ရက်စက်ကြမ်းကြုတ်သော အငွေ့အသက်များကို ထုတ်လွှတ်နေသည်။
ဤသည်မှာ စတုတ္ထမြောက် အင်မော်တယ်လျှပ်စီး ကပ်ဘေးဒုက္ခ ရောက်လာတော့ မည်ကို လူတိုင်း သိကြပါသည်။ ဤစတုတ္ထ အင်မော်တယ်လျှပ်စီးကြောင်းသည် မည်မျှ ထိတ်လန့်စရာကောင်းသည်ကို သိမြင်လိုစိတ်ဖြင့် အသက်ရှူသံကို ထိန်းထားလိုက်ကြ သည်။
သို့သော် ဤအခိုက်အတန့်တွင် ခရမ်းရောင်ပုံရိပ်တစ်ခုသည် တိမ်စိုင်တိမ်မည်းများကို ဆုတ်ဖြဲကာ လူတိုင်း၏ အမြင်အာရုံထဲတွင် ပေါ်လာသည်။ ၎င်းသည် ခရမ်းရောင် လျှပ်စီးမှ လုံးလုံးလျားလျား ပေါင်းစပ်ထားသော လူသားပုံသဏ္ဍာန် ဖြစ်ပါသည်။ သူ၏ ခန္ဓာကိုယ်သည် ပြင်းထန်သော အဖျက်စွမ်းအားနှင့် ရက်စက်ကြမ်းကြုတ်သော စွမ်းအားကို ထုတ်လွှတ်နေသည်။
"မိုးကြိုးလျှပ်စီးကိုယ်ပွားလား..…?"
တကိုယ်တော် ကျင့်ကြသူများကြားထဲမှ တစ်ယောက်ယောက်သည် ချက်ချင်းဆိုသလို အံ့သြစွာ အော်လိုက်သည်။ သူတို့သည် ကောင်းကင်ယံရှိ ခရမ်းရောင်လျှပ်စီးပုံစံကို ကြည့်နေကြပြီး သူတို့၏မျက်လုံးများသည် တုနှိုင်းမရအောင် အံ့အားသင့်ဟန် အမူအရာများ ပေါ်လွင်စေသည်။
ချင်ယွင်၏ မျက်လုံးများသည် အံ့အားသင့်သွားဟန် အရိပ်အယောင်များ ထွက်ပေါ်လာ သည်။ ယခင် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကို ဖြတ်ကျော်ခဲ့စဉ်တုန်းက အနာဂတ်မှာ လူသားပုံသဏ္ဍာန် လျှပ်စီးကပ်ဘေးဒုက္ခမျိုး ရှိလာမည်လားဆိုသည်ကို သူ မှန်းဆခဲ့ သော်လည်း၊ ယခုတစ်ကြိမ် အမှန်တကယ် ပေါ်လာလိမ့်မည်လို့ သူ မမျှော်လင့် ထားခဲ့ပါဘူး။
ချင်ယွင်သည် ခရမ်းရောင်လျှပ်စီးပုံစံကို ကြည့်လိုက်သည်။ သူ့အတွက် ဤလူသား ဆန်ဆန် လျှပ်စီးပုံရိပ်မှ ခြိမ်းခြောက်မှုသည် ရန်ကျန်းချန်၏ အောက်မရောက်ဟု သူ ခံစားလိုက်မိသည်။
"ကျား…"
ခရမ်းရောင်ပုံရိပ်သည် လေထဲမှာ ထွက်ပေါ်လာပြီးသည်နှင့် သူ၏ မျက်လုံးတစ်စုံက ချင်ယွင်ဆီကို ချက်ချင်း ကျရောက်သွားပြီး၊ သူသည် ချင်ယွင်ဆီသို့ ပြေးဝင်သွားရင်း ဟိန်းဟောက်လိုက်သည်။
ဤခရမ်းရောင်ပုံရိပ်သည် ကိုယ်တိုင်က လျှပ်စီးဖြစ်နေသောကြောင့် သူ၏အမြန်နှုန်း သည် အလွန်မြန်ဆန်သည်။ မျက်စိတစ်မှိတ်အတွင်းမှာပင် သူသည် ချင်ယွင်၏ရှေ့သို့ ရောက်ရှိလာပြီး စကားမပြောဘဲ ချင်ယွင်ဆီသို့ တိုက်ရိုက် ပစ်ဝင်လိုက်သည်။
ချင်ယွင်သည် သဘာဝအတိုင်း မကြောက်ရွှံ့ပေ။ သူ၏မျက်လုံးထဲတွင် တိုက်ခိုက်လို စိတ် ပေါ်လာသည်။ သူသည် သူ၏ခန္ဓာကိုယ်အတွင်းရှိ ဖရိုဖရဲလျှပ်စီးများကို စုစည်းပြီး သူ၏လက်သီးသိုင်းပညာရပ်ကို အကောင်အထည်ဖော်ရန်အတွက် လျှပ်စီးစွမ်းရည် ပေါက်ကွဲခြင်းနိယာမကို တိုက်ရိုက် အသုံးပြုလိုက်သည်။
"ဘုန်း…"
လျှပ်စီးလက်သီးနှစ်ခုသည် အချင်းချင်း ထိမှန်သွားပြီး၊ ပြင်းထန်သော ပေါက်ကွဲသံများ ထွက်ပေါ်လာသည်။
အနက်ရောင် လျှပ်စီးကြောင်းသည် ခရမ်းရောင်လျှပ်စီးနှင့် အပြင်းအထန် တိုက်မိပြီး ပေါက်ကွဲသံသည် ကောင်းကင်နှင့် မြေကြီးပြိုကျသကဲ့သို့ တုန်လှုပ်သွားသည်။
ဤခရမ်းရောင် ပုံသဏ္ဍာန်သည် နာကျင်မှု အရိပ်အယောင်ကို မခံစားရပေ။ ချင်ယွင်၏ လက်သီးကို တားဆီးပြီးနောက်၊ သူသည် နောက်ထပ် လက်သီးတစ်ချက်ကို ချင်ယွင် ဆီသို့ ပစ်သွင်းလိုက်သည်။ ထိုလက်သီးတွင်လည်း ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ် သော စွမ်းအားများ ပါရှိနေသည်။
"ဟမ့်၊ မင်းကို မဖြိုခွဲနိုင်ဘူးလို့ ငါ မယုံဘူး။" ချင်ယွင်၏ မျက်လုံးများမှတဆင့် ဒေါသ အရိပ်အယောင်များ ထွက်ပေါ်လာပြီး သူ၏ခန္ဓာကိုယ်တွင်းရှိ လျှပ်စီးစွမ်အားကို တိုက်ရိုက် လှုံ့ဆော်ပေးသည်။ ပြင်းထန်ပြီး ခက်ထန်သော အငွေ့အသက်တစ်ခုက သူ၏ခန္ဓာကိုယ်တွင် ချက်ချင်း ပြည့်နှက်သွားသည်။
"အဆင့်တစ် ပေါက်ကွဲလက်သီး ။" ချင်ယွင်၏ လက်မောင်းပေါ်တွင် လျှပ်စီးစက်ဝိုင်း တစ်ခု ချက်ခြင်းပေါ်လာပြီး သူသည် လက်သီးဖြင့် တိုက်ရိုက် ထိုးလိုက်သည် ။
"ဘုန်း.. "
ချင်ယွင်၏ လက်သီးချက်ကြောင့် ခရမ်းရောင်လျှပ်စီးပုံရိပ်၏ လက်တစ်ဘက်လုံး ပေါက်ကွဲသွားခဲ့သည်။
ချင်ယွင်၏ မျက်လုံးထဲတွင် အမျက်ဒေါသက ပို၍ပို၍ ပြင်းထန်လာပြီး၊ သူ၏ လက်မောင်းတွင် ဒုတိယမြောက် လျှပ်စီးစက်ဝိုင်းတစ်ခု ထပ်မံပေါ်လာသည်။
"အဆင့်နှစ် ပေါက်ကွဲလက်သီး.." ချင်ယွင်က ကျယ်လောင်စွာ အော်လိုက်ပြီး ခရမ်းရောင်ပုံရိပ်၏ ဦးခေါင်းကို ထိုးကြိတ်လိုက်သည်။ ခရမ်းရောင် လျှပ်စီးကြောင်းပုံရိပ် ၏ ဦးခေါင်းသည် ပေါက်ကွဲသွားပြီး ခန္ဓာယ်တစ်ကိုယ်တစ်ခုတည်းသာ ကျန်ခဲ့သည်။
"သေလိုက်စမ်း.. အဆင့်သုံး ပေါက်ကွဲလက်သီး " ချင်ယွင်၏ လက်မောင်းတွင် သုံးခုမြောက် လျှပ်စီးစက်ဝိုင်းတစ်ခု ထပ်မံပေါ်လာပြန်ပြီး သူ၏လက်မောင်း၏ ခွန်အားကို အထွတ်အထိပ်အထိ တိုးမြှင့်လုနီးပါး ဖြစ်သွားသည်။
ချင်ယွင်၏ လက်သီးချက်ကြောင့် ခရမ်းရောင်ပုံရိပ်သည် လုံးဝ ကြေမွသွားပါသည် ။
အဝေးမှ လူတွေအားလုံးက ထိုမြင်ကွင်းကို အံ့သြတကြီး မျက်နှာထားဖြင့် ကြည့်နေကြ ပါသည်။
ဤခရမ်းရောင်လျှပ်စီးပုံရိပ်၏ အစွမ်းသည် သာမန် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ် အစောပိုင်းအဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး၏ ခွန်အားအထိ ရောက်ရှိနေပြီ ဖြစ်သော်လည်း၊ ဤချင်ယွင်၏ လက်သီးသုံးချက်သည် ၎င်းကို အမှန်တကယ် ပေါက်ကွဲ သွားနိုင်ခဲ့သည်။
ချင်ယွင်သည် လေဟာနယ်ထဲတွင် ရပ်နေပြီး သူ၏ခန္ဓာကိုယ်ပေါ်ရှိ လျှပ်စီးကြောင်းများ ကို ဖြန့်ကျက်ထားသော်လည်း သူ၏မျက်လုံးများက လေးနက်သော အမူအရာကို ထုတ်ဖော်လျှက်ရှိသည်။
ယခုအချိန်တွင်၊ ၎င်းသည် လေးခုမြောက် လျှပ်စီးကပ်ဘေးမျှသာ ဖြစ်သေးပြီး၊ သူ၏ ပေါက်ကွဲလက်သီးသုံးဆင့်ကို အသုံးပြုရန် အတင်းအကြပ် တွန်းအားပေးခံရသည်။ နောက်ထပ် လျှပ်စီးကပ်ဘေးဒုက္ခသည် ပို၍ပင် အားကောင်းလာပေလိမ့်မည်။
"ဘုန်း…. "
ထိုအချိန်တွင် ကောင်းကင်ယံမှ နောက်ထပ် ကျယ်လောင်သော အသံတစ်ချက် ထွက်ပေါ်လာသည်။
ကောင်းကင်ယံရှိ တိမ်တိုက်များသည် ပြင်းထန်သော တုန်ခါအသံကို ထွက်ပေါ်စေပြီး နောက်၊ ငွေသံချပ်ကာဝတ် စစ်သည်တော်များသည် ကပ်ဘေးဒုက္ခတိမ်တိုက်တွေဆီမှ လှံရှည်တွေကိုင်ဆောင်ရင်း ထွက်လာပြီး ချင်ယွင်ဆီသို့ ပြေးသွားတော့သည်။
"ဒါက ရှေးဟောင်းခေတ်တိုက်ပွဲဝိညာဉ်များ ဖြစ်နေမလား။"
အဝေးမှ တကိုယ်တော်ကျင့်ကြံသူများသည် အံသြသွားကြသည်။ ပဉ္စမမြောက် ဤကောင်းကင်ဘုံကပ်ဘေးဒုက္ခ မိုးကြိုးလျှပ်စီးများ မဟုတ်တော့သော်လည်း၊ ၎င်းတို့သည် အင်မော်တယ်လျှပ်စီးထက်ပင် ပို၍ ကြောက်စရာကောင်းသည်။
ဤရှေးဟောင်းခေတ် တိုက်ပွဲဝိညာဉ်များသည် အစစ်အမှန် အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်သာ ရှိနိုင်ပါသည်။ သို့သော်၊ ၎င်းတို့သည် အစောပိုင်း အစစ်အမှန် အင်မော်တယ်နယ်ပယ် ဖြစ်ကောင်းဖြစ်နိုင်သော်လည်း တစ်သိန်းဟူသော အရေတွက် က အလွန်ကြောက်စရာကောင်းသည်။
"ချစ်ပ်… ရှေးဟောင်းခေတ် တိုက်ပွဲဝိညာဉ် တစ်သိန်း…၊ မကောင်းဆိုးဝါးချင်၊ ကောင်းကင်ဘုံကြီးကတောင် မင်းကိုသတ်ဖို့အတွက် ဒီလိုနည်းလမ်းမျိုးတွေကို တွေးတောနေတယ်။ မင်းက ဘယ်လောက်တောင်မှ သဘာဝတရားကို ဖောက်ပြန် နေတဲ့ ကောင်လဲ" လျူရွှဲ့သည် ချင်ယွင်ဆီသို့ ကျိုင်းကောင်အုပ်ကဲ့သို့ တဟုန်းထိုး ပြေးသွားနေသော ကောင်းကင်ယံမှ ငွေရောင်သံချပ်ကာဝတ် စစ်သည်တော်များအား ကြည့်ပြီး သက်ပြင်းမချဘဲ မနိုင်တော့ပေ။