အခန်း ၇၉၁
Vol. 53 Ch. 791
အခန်း (၇၉၁) ရှေးခေတ်အင်ပါရီယန်နတ်ဘုရား။ (ကောင်းကင်နတ်ဘုရား)။
"တကယ်ကို ဒါက ရှေးခေတ်ရဲ့ စစ်သည်တော်တွေရဲ့ စိတ်ဝိညာဉ်တွေပဲ" ချင်ယွင်သည် အလွန်အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လာသည်။ (ရှေ့မှာတုန်းက တိုက်ပွဲဝိညာဉ်ဟု ရေးခဲ့သည်။ မူရင်းပါသည့်အတိုင်း ပြန်ဆိုခြင်းဖြစ်သည့်အတွက် အတူတူဟုပင် မှတ်ပါရန်)။
ကောင်းကင်ကပ်ဘေးဒုက္ခ အမျိုးအစားပေါင်း များစွာရှိခဲ့ပြီး၊ လျှပ်စီးကပ်ဘေးဒုက္ခသည် ၎င်းတို့အနက်မှ တစ်ခုသာဖြစ်ပါသည်။ လျှပ်စီးကပ်ဘေးဒုက္ခများအပြင် အခြားသော ကောင်းကင်ကပ်ဘေးဒုက္ခ အမျိုးအစားများလည်း ရှိပါသေးသည်။
သို့သော်၊ ချင်ယွင်သည် ရှေးခေတ် စစ်သည်တော်တွေ၏ စိတ်ဝိညာဉ် ဖြစ်သည့် ကောင်းကင်ကပ်ဘေးဒုက္ခကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်း ဖြစ်ပြီး၊ ထိုကဲ့သို့သော ကောင်းကင်ကပ်ဘေးဒုက္ခမျိုး ကြုံတွေ့ဖူးသောသူကို သူသည် မည်သည့်အခါမျှ မကြားဖူးခဲ့ပေ။
ဤအခိုက်အတန့်တွင်၊ ချင်ယွင်သည် ရှေးခေတ်စစ်သည်တော်များ၏ စိတ်ဝိညာဥ်များ သူ့ဆီသို အပြေးအလွှား ပြေးလာနေသည်ကို ကြည့်ရင်း၊ သူ၏မျက်လုံးထဲတွင် ပြင်းထန်သော တိုက်ခိုက်လိုသည့်ဆန္ဒ ပေါ်လာပါသည်။
"ဒီကပ်ဘေးဆိုးကြီးကနေ လွတ်မြောက်ဖို့အတွက် ဒီရှေးခေတ် စစ်သည်တော် တစ်သိန်းကို အားလုံး သတ်ပစ်ရမယ့်ပုံပဲ။ ဒီလိုဆိုမှတော့ စလိုက်ကြစို့။" မြူနှင်း ချောက်နက်ဓားသည် သူ၏လက်ထဲတွင် ပြန်ပေါ်လာရင်း၊ ချင်ယွင်၏ မျက်လုံးများတွင် ပြင်းထန်သော တိုက်ခိုက်လိုစိတ်များ ထွက်ပေါ်လာသည်။
"လျှပ်တပြက်သတ်ဖြတ်ခြင်း..။"
ချင်ယွင်သည် ရှေးခေတ် စစ်သည်တော်တစ်သိန်း၏ စိတ်ဝိညာဉ်များဆီသို့ ပျံသန်းသွားပြီး၊ လျှပ်တပြက်သတ်ဖြတ်ခြင်းကို တိုက်ရိုက် အသုံးပြုလိုက်သည်။
ချင်ယွင်၏ ရုပ်အသွင်တစ်ရာသည် ကောင်းကင်ယံ၌ ချက်ချင်း ပေါ်လာသည်။ ချင်ယွင် တစ်ရာသည် တစ်ပြိုင်နက် ဝှေ့ယမ်းလိုက်သည်နှင့် ရှေးခေတ် စစ်သည်တော် စိတ်ဝိညာဉ်တစ်ရာသည် အစိတ်စိတ်အမြွှာမြွှာ ကွဲကြေသွားရသည်။
"ဖန်း…."
ချင်ယွင်၏ ဓားအလင်းသည် ကြီးမားကျယ့်ပြန့်သော ဧရိယာကို ဖြတ်ကျော်သွားသည်။
"တက်…"
ဒါပေမယ့် ရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ်တွေကလည်း သက်သတ်လွတ် သမားတွေ မဟုတ်ပါဘူး။ အမှန်တကယ်ပင်၊ သူတို့သည် တိုက်ပွဲဝင်္ကပါတစ်ခု ဖွဲ့စည်းပြီး၊ သူ့ကို ထိုဝင်္ကပါထဲတွင် တင်းတင်းကျပ်ကျပ် ချုပ်နှောင်ထားကြပါသည်။ ထိုဝင်္ကပါသည် ချင်ယွင်က သူတို့ကို ချက်ချင်း သတ်ဖြတ်လို့မရအောင် တားဆီး ထားနိုင်ရုံသာမက၊ သူသည် တိုက်ပွဲဝင်္ကပါကနေ လွတ်မြောက်ရန် အခွင့်အရေးတောင် မရခဲ့ပါဘူး။
ရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ်များ လက်ထဲရှိ လှံများသည် ချင်ယွင်ဆီသို့ ဆက်လက် ထိုးဖောက်သွားကာ ၎င်းတို့ကြားမှာရှိနေသော ချင်ယွင်၏ လက်မောင်းကို ပါမကျန် လှံဖြင့် ထိုးစိုက်ကြသည်။
ရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ်များ၏ စွမ်းအားသည် မမြင့်မားသော်လည်း တိုက်ပွဲဝင်္ကပါနှင့်အတူ ကြောက်မက်ဖွယ်ကောင်းသော တိုက်ခိုက်ရေးစွမ်းအားကို ထုတ်လွှတ်နိုင်သည်။
ချင်ယွင်သည် သူ၏ အင်မော်တယ် ၀တ်စုံပေါ်ရှိ သွေးများကို ကြည့်ကာ သူ၏ မျက်လုံးများတွင် ပြင်းထန်သော ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာသည်။ ဤရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ်များသည် သူ့ကို ခေါင်းကိုက်စေပါသည်။
"ဟမ့်၊ ဒါဆိုလည်း မင်းတို့အားလုံးကို ငါ သတ်ပစ်မယ်။" ချင်ယွင်၏ မျက်လုံးများတွင် ဒေါသအရိပ်အယောင်များ ထွက်ပေါ်လာပြီးနောက် ပြင်းထန်ပြီး ရက်စက်ကြမ်းကြုတ် သော စိတ်ဆန္ဒက ချက်ချင်း ထွက်ပေါ်လာသည်။
ဓားသည် ပြင်းထန်သော စုတ်ဖြဲခြင်း စွမ်းအားနှင့်အတူ ခုတ်ပိုင်းသွားပြီး၊ အဝေးမှ ရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ်များကို ချက်ချင်း ဖြိုခွဲပစ်လိုက်သည်။
ထို့နောက်တွင် ချင်ယွင်သည် တူညီစွာ တိုက်ခိုက်ခဲ့သည်။ သူသည် ရှေးဟောင်း ဖရိုဖရဲခုတ်ပိုင်းခြင်းကို စဉ်ဆက်မပြတ် အသက်သွင်းပြီး အသုံးပြုနေခဲ့သည်။ သူ တကြိမ်ခုတ်ပိုင်းလိုက်တိုင်း၊ စူးရှသော စိမ်းပြာရောင်အလင်းတန်းများ ပွင့်လန်းလာကာ ထိုအလင်းတန်းအားလုံးတွင် ပြင်းထန်သော ရှေးဟောင်းဖရိုဖရဲ စုတ်ဖြဲခြင်းနိယာမများ ပါဝင်နေသည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲ စုတ်ဖြဲခြင်းနိယာမများ၏ သေးငယ်သော အောင်မြင်မူအဆင့်သို့ ရောက်ရှိနေပြီး သူ၏ ခန္ဓာကိုယ်ရှိ အင်မော်တယ် အနှစ်သာရသည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သူသည် ဤရှေးဟောင်းဖရိုဖရဲခုတ်ပိုင်းဓားကွက်ကို အသုံးပြုရန် ပိုမိုလွယ်ကူနေပါပြီ။
"ဝှီး…” ဝှီး….”
ချင်ယွင်သည် ဓားချက် ဒါဇင်ပေါင်းများစွာကို ဆက်တိုက် ခုတ်ပိုင်းပြီး၊ ပတ်ဝန်းကျင်ရှိ ထောင်ပေါင်းများစွာသော ရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ်များ အားလုံးကို တိုက်ရိုက် သတ်ပစ်လိုက်သည်။
သို့သော်လည်း၊ သူ့ဆီသို့ တဟုန်ထိုး ပြေးဝင်လာနေသော ရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ်များ တော်တော်များများ ရှိနေသေးပြီး၊ ၎င်းတို့သည် ထူထပ် ပြည့်ကျပ် နေခဲ့သည်။
"ဒီပုံစံအတိုင်း ဆက်ပြီး တိုက်ခိုက်နေခြင်းက နည်းလမ်းတော့ မဟုတ်သေးဘူး။ ရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ်တွေက အရမ်းကို များလွန်းတယ်။ သူတို့ အားလုံးကို မသတ်နိုင်ခင်၊ ငါ အရင် သေသွားမှာတောင် စိုးရိမ်ရတယ်။" ချင်ယွင်သည် သူ့ကိုယ်သူ လေးလေးနက်နက် ရေရွတ်လိုက်သည်။ သူ၏လက်ထဲက မြူနှင်းချောက်ဓားသည် အနီးနားမှာရှိနေသော ရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ် များ အားလုံးကို ဖြိုခွဲပစ်လိုက်သည်။
"ဟုတ်တယ်…." ချင်ယွင်၏ မျက်လုံးများသည် ရုတ်တရက် တောက်ပလာသည်။ သူသည် ဤရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ်များကို ကိုင်တွယ်ဖြေရှင်းရန် နည်းလမ်းတစ်ခုကို ရုတ်တရက် တွေးမိလိုက်သည်။
"ဟမ့်၊ မင်းတို့အားလုံးက အများကြီးပဲ မဟုတ်လား။ ဒါဆိုလည်း ငါ မင်းကို ရိုက်သတ်ပစ် မယ်။" ချင်ယွင်သည် သရော်ဟန်အမူအရာ ထုတ်ဖော်လာပြီး၊ သူ၏လက်ထဲမှ မြူနှင်း ချောက်နက်ဓားကို ဖယ်ရှားလိုက်သည်။ ထို့နောက်တွင်၊ သူ၏ခန္ဓာကိုယ်မှ ကောင်းကင်နတ်ဘုရား စွမ်းအားများ ထွက်ပေါ်လာသည်။
လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ် နတ်ဆိုးနတ်ဘုရားပညာရပ်ဟု ခေါ်ဆိုရသည့် အကြောင်းအရင်းက သ်၏ခန္ဓာကိုယ်ကို နတ်ဆိုးနတ်ဘုရားအဆင့်ထိ ရောက်ရှိအောင် လေ့ကျင့်ရန် ဖြစ်ပါသည်။
ယခုအချိန်တွင် ချင်ယွင်၏ ရုပ်ခန္ဓာကိုယ်သည် ပဉ္စမမြောက်ဖြစ်သော ကောင်းကင် နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့်၊ သူသည် နတ်ဆိုးနတ်ဘုရား အဆင့်သို့ ရောက်ရှိလာခဲ့ပြီဟု ဆိုနိုင်ပါသည်။ ထို့ကြောင့်၊ သူသည် နတ်ဆိုးနတ်ဘုရား အဆင့်၏ အခြေခံအကျဆုံး နတ်ဘုရားစွမ်းရည်ကို သဘာဝအတိုင်း ပိုင်ဆိုင်ထားပါ သည်။
"ပိုကြီးလာလိုက်စမ်း…." ချင်ယွင်က အော်ဟစ်လိုက်သည်။
ထိုနောက်မှာတော့ ချင်ယွင်၏ ခန္ဓာကိုယ်သည် သာမန်မျက်စိနှင့် မြင်နိုင်သော အရှိန်အဟုန်ဖြင့် ကြီးထွားလာပါသည်။ ထို့နောက် အမြင့် ၁.၈ မီတာမှ ပေ ၁၀၀၀ အထိ ကြီးထွားလာပြီး ဧရာမလူကြီးအဖြစ်သို့ ပြောင်းလဲခဲ့သည်။
“ဒါ…ဒါက ဘယ်လို အင်မော်တယ် နည်းပညာရပ်မျိုးလဲ?၊ သူ ဘယ်လိုလုပ် အကြီးကြီး ဖြစ်လာရတာလဲ”
အဝေးမှ တကိုယ်တော် ကျင့်ကြံသူများသည် ၎င်းတို့၏ မျက်လုံးများတွင် မယုံကြည်နိုင် သည့် အမူအရာဖြင့် လွှမ်းမိုးနိုင်စွမ်းကြီးမားသော ဧရာမ ချင်ယွင်ကြီးကို ကြည့်ရင်း၊ နှိုင်းစာ၍မရအောင် အံ့ဩခြင်းနှင့်အတူ အံ့သြခြင်းသက်ပြင်းချသံများ ထွက်ပေါ်လာ သည်။
"ဒါက ပြိုင်ဘက်ကင်းအင်မော်တယ် ပညာရပ်ဖြစ်တဲ့ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီရဲ့ အစစ်အမှန်အင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်များ ဖြစ်နေမလား?" ဗဟုသုတကြွယ်ဝသူတစ်ယောက်က ထိတ်လန့်စွာ အော်ပြောလိုက်၏။
"ဒီအင်မော်တယ်နည်းပညာရပ်က ငါတို့ဗုဒ္ဓလမ်းစဉ်ဂိုဏ်းရဲ့ ခြောက်ခုမြောက် ရွှေရောင်ကိုယ်ထည်ပညာရပ်နဲ့ အလွန်ဆင်တူတယ်။" အဝေးမှ အနက်ရောင်ဝတ်ရုံ ဘုန်းကြီးတစ်ပါးကလည်း ချင်ယွင်ကို အံ့သြသည့်အမူအရာဖြင့် ကြည့်နေလေသည်။
ချင်ယွင်သည် ကွက်လပ်တွင် ရပ်နေပြီး အောက်ဘက်ရှိ ပုရွက်ဆိတ်များကို ငုံ့ကြည့်နေသည်။
ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ၏ အစစ်အမှန်အင်မော်တယ်နတ်ဆိုး ခန္ဓာကိုယ် သို့မဟုတ် ဗုဒ္ဓလမ်းစဉ် လင့်ကြည်တောင်တန်း၏ ခြောက်ခုမြောက် ရွှေရောင်ကိုယ်ထည်ပညာရပ် ဖြစ်စေ၊ ၎င်းတို့ အားလုံးသည် အနန္တဖင်းဂေါ့ဂ်နတ်ဘုရား စွမ်းရည်မှ ဆင့်ကဲ ဖြစ်ပေါ်လာကြခြင်း ဖြစ်ပါသည်။
ဥပမာအားဖြင့်၊ အစစ်အမှန် အင်မော်တယ်နတ်ဆိုးခန္ဓာကိုယ်နှင့် ခြောက်ခုမြောက် ရွှေရောင်ကိုယ်ထည်သည် အများဆုံး ပေ ၁၀၀၀၀ အမြင့်အထိသာ ရှိနိုင်ပါသည်။ သို့သော်၊ အကယ်၍ ချင်ယွင်သည် ဤလျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုး ပညာရပ်၏ နောက်ဆုံးအဆင့်ဖြစ်သော သတ္တမအဆင့်သို့ တက်လှမ်းနိုင်ပြီး အနန္တဖင်းဂေါ့ဂ်နတ်ဘုရားစွမ်းရည်ကို အသက်သွင်းလိုက်ပါက သူ၏ခန္ဓာကိုယ်သည် အနည်းဆုံး အမြင့်ပေ ၁၀၀၀၀ အထိ ရောက်ရှိနိုင်ပါသည်။
ကောင်းကင်ဘုံထိမြင့်သော သူ၏ဦးခေါင်းနှင့် ခြေထောက်အောက်ရှိ ခြေဖဝါးများသည် ဖင်းဂေါ့ဂါများနှင့် ပတ်သက်၍ ကြောက်မက်ဖွယ်ကောင်းသော အရာများ ဖြစ်ပါသည်။
"သေလိုက်တော့….." ချင်ယွင်သည် အော်ဟစ်လိုက်ပြီး ရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ်များကို တိုက်ရိုက် ရိုက်ချလိုက်သည်။
"ဘုန်း…."
ချက်ချင်းပင်၊ ချင်ယွင်၏ လက်ဖဝါးကြီးဖြင့် ရိုက်ခတ်မှုကြောင့် ရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ် သုံးထောင်သည် ကြေမွသွားသည်။
ထိုမြင်ကွင်းကို မြင်တော့ ချင်ယွင်လည်း ရွှင်မြူးသည့် အမူအယာကို ထုတ်ဖော်လာ သည်။
"မျှော်လင့်ထားတဲ့အတိုင်း ပိုပြီးကြီးလာတာက ကောင်းလွန်းတယ်။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် ပြုံးနေရင်း၊ သူ့ကိုယ်သူ ပြောလိုက်သည်။
ထို့နောက် သူသည် လျှောက်လှမ်းပြီး ဤ ရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ်များကို ဆက်တိုက် သတ်ဖြတ်လိုက်သည်။ မကြာခင်မှာပဲ ထိုရှေးခေတ်စစ်သည်တော် စိတ်ဝိညာဉ် တစ်သိန်းသည် သူ၏လက်ဖဝါးကြီးပေါ်မှာ သေဆုံးသွားခဲ့ရသည်။
"ဟား..၊ ဟား…၊ ဒါက အနန္တဖင်းဂေါ့ဂ်နတ်ဘုရားစွမ်းရည်ကို ပထမဆုံး သုံးဖူးတာပဲ။ ဒီလောက် ကျေနပ်စရာကောင်းမယ်လို့ မမျှော်လင့်ထားဘူး။" ချင်ယွင်သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။ သူသည် ပေတစ်ထောင် မြင့်မားသည်။ လက်ဖဝါးတစ်ချက် ရိုက်လိုက်ရုံဖြင့် တောင်ထိပ်တစ်ခုကို ချက်ချင်း ဖြိုချပစ်နိုင်သည်။
အင်မော်တယ်ကမ္ဘာ၏ တောင်ထိပ်များသည် လှုပ်ခါရန်ပင် မလွယ်ကူကြောင်းကို သိရှိထားရပါမည်။ အကယ်၍ လူတစ်ယောက်သည် အင်မော်တယ်ဘုရင်အဆင့်သို့ မရောက်ရှိပါက တောင်ထိပ်များကို အပိုင်းပိုင်း ဖြိုချပစ်ရန်မှာ မဖြစ်နိုင်ပေ။
သူသည် သူ၏ခန္ဓာကိုယ်ကို သာမန်လူတစ်ယောက်လို ပြန်ဖြစ်လာစေရန် ရုတ်သိမ်းနေ စဉ် ချင်ယွင်၏ နှုတ်ခမ်းထောင့်စွန်းက အပြုံးနှင့်အတူ တွန့်ကွေးသွားသည်။
သို့သော် ထိုအချိန်တွင် ကြီးမားသော ဧရာမ လက်ဖဝါးကြီးတစ်ဖက်သည် ကောင်းကင်ရှိ ကပ်ဘေးဒုက္ခ တိမ်တိုက်များကြားမှ ရုတ်တရက် ဆန့်ထွက်လာသည်။ ထို့နောက် ဧရာမရုပ်သွင်ကြီးတစ်ခုသည် ချင်ယွင်၏ရှေ့တွင် ပေါ်လာသည်။ သူ၏ အရပ်သည် ချင်ယွင် အနန္တဖင်းဂေါ့ဂ်နတ်ဘုရားစွမ်းရည်ကို အသက်သွင်းပြီးနောက် ဖြစ်ပေါ်လာ သည့် အရပ်နှင့် အမှန်တကယ်ပင် တူညီနေသည်။
"ဘာလဲဟ… ?"
အဝေးမှ တကိုယ်တော် ကျင့်ကြံသူများသည် တုန်လှုပ်ခြောက်ခြားစွာ အော်ဟစ်လိုက် မိသည်။ ဤလူ့ဘီလူးကြီးသည် ဆဋ္ဌမမြောက် ကောင်းကင်ဘုံ ကပ်ဘေးဒုက္ခများ ဖြစ်နိုင်ပါသလား?။
ချင်ယွင်သည် ရုတ်တရက် ထွက်ပေါ်လာသော ဧရာမလက်ကြီးကြောင့် ထိတ်လန့်သွား ပြီး၊ ထိုဧရာမလက်ကြီးကို ရှောင်ရှားရန် ခြေလှမ်းအနည်းငယ် နောက်ဆုတ် သွားခဲ့သည်။
ချင်ယွင်သည် အလားတူ အရပ်မြင့်မားသော ဧရာမလူ့ဘီလူးကြီးကို အံ့သြတကြီး မျက်နှာထားဖြင့် ကြည့်လိုက်သည်။
"ကောင်းကင်နတ်ဘုရားလား…?" ချင်ယွင်သည် အံ့အားသင့်စွာ ရေရွတ်လိုက်သည်။
သူ၏ရှေ့မှ ဧရာမလူကြီးသည် သူနှင့်အတူတူပင် ဖြစ်သည်။ သူ၏ခန္ဓာကိုယ် တစ်ခုလုံးသည် အစွမ်းထက်သော ကောင်းကင်နတ်ဘုရားတန်ခိုးကို ထုတ်လွှတ်သည်။
"ကောင်းကင်နတ်ဘုရားတွေ မျိုးသုဉ်းသွားပြီလို့ ပြောကြတာ မဟုတ်ဘူးလား။ ဘာလို့ ထပ်ပေါ်လာမှာလဲ။" ချင်ယွင်သည် သူ့ကိုယ်သူ အံ့ဩစွာ ရေရွတ်လိုက်သည်။
သူသည် ဤကောင်းကင်ဘုံကပ်ဘေးဒုက္ခကို နားမလည်နိုင်တော့ပါ။ ဤဆဋ္ဌမမြောက် ကောင်းကင်ကပ်ဘေး ဒုက္ခသည် အမှန်တကယ်ပင် ကောင်းကင်နတ်ဘုရား ဖြစ်နေခဲ့ ပြီး၊ ၎င်းသည် ကောင်းကင်နတ်ဘုရား အလယ်လတ်အဆင့်သို့ တက်လှမ်းခဲ့သော ကောင်းကင်နတ်ဘုရားတစ်ပါးလည်း ဖြစ်သည်။ တစ်နည်းဆိုရသော် ဤရုတ်တရက် ပေါ်လာသော ဧရာမလူကြီးသည် ချင်ယွင်ထက်ပင် အားကောင်းနေလေသည်။
"ဘုန်း…."
ဤကောင်းကင်နတ်ဘုရားသည် အမှန်တကယ် မြေပြင်ပေါ်သို့ ဆင်းသက်လာခဲ့သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံးသည် လေထဲသို့ ခုန်တက်ပြီး ချင်ယွင်ဆီသို့ ဦးတည်ပြီး လက်သီးတစ်ချက် ထိုးလိုက်သည်။ ထိုလက်သီးတွင်ပါရှိသော ကောင်းကင်နတ်ဘုရား စွမ်းအားသည် ကြောက်မက်ဖွယ်ကောင်းပြီး ၎င်းမှထုတ်လွှတ်သော အငွေ့အသက် သည် ကောင်းကင်နှင့် မြေကြီးကိုပင် လှုပ်ရှားစေခဲ့သည်။
ချင်ယွင်သည် သူ့ဆီသို့ ပြေးလာနေသော ဧရာမ ကောင်းကင်နတ်ဘုရားကို ကြည့်လိုက် ရင်း၊ သူ၏မျက်လုံးများက လေးနက်မှု အရိပ်အယောင် ပေါ်လာသည်။ သို့သော် ဤလေးနက်မှုသည် ပြင်းထန်သော တိုက်ခိုက်လိုသည့်စိတ်ဆန္ဒအဖြစ် လျင်မြန်စွာ အစားထိုးသွားခဲ့သည်။
"ငါ ကောင်းကင်နတ်ဘုရားတွေနဲ့ မတိုက်ဖူးသေးဘူး။ ဒီနေ့ မင်းတို့ ရှေးဟောင်း ကောင်းကင်နတ်ဘုရားတွေက ဘယ်လောက်အစွမ်းထက်လဲ ကြည့်ပါရစေ။" ချင်ယွင် က သူ၏စိတ်နှလုံးထဲတွင် ကျယ်လောင်စွာ အော်ဟစ်လိုက်သည်။ သူ၏ ကောင်းကင် နတ်ဘုရားစွမ်းအားများစွာ ထွက်ပေါ်လာပြီးနောက် ကောင်းကင်နတ်ဘုရား၏ ဧရာမ လက်သီးကြီးကို ကြိုဆိုလိုက်သည်။