အခန်း ၇၉၃
Vol. 53 Ch. 793
အခန်း (၇၉၃) ချွေရှန်း ထွက်ပေါ်လာခြင်း။
"ဘုန်း.."
ရှေးဟောင်းကောင်းကင်နတ်ဘုရား၏ ခန္ဓာကိုယ်သည် တောင့်တင်းလာပြီးနောက်၊ နောက်ဆုံးတွင်၊ သူ၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါက်ကွဲပြီး လေထဲသို့ လွင့်စင်သွားသည်။
ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ ချင်ယွင်သည် စိတ်သက်သာရာရဟန်ဖြင့် သက်ပြင်းတစ်ချက် ချလိုက်မိပါသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ ရွှေရောင်အကြေးခွံများ လည်း တဖြည်းဖြည်း ပျောက်ကွယ်သွားပြီး သူ၏ခန္ဓာကိုယ်သည် မူလပုံစံအတိုင်း ပြန်ဖြစ်လာသည်။
သို့သော်၊ သူ၏မူလအသွင်အပြင်သို့ ပြန်လည်ရောက်ရှိသွားချိန်၌၊ ရုတ်တရက် သူ၏ ခန္ဓာကိုယ်သည် တုန်လှုပ်သွားသည်။ ထို့နောက် ချင်ယွင်သည် မြေပြင်ပေါ်တွင် တိုက်ရိုက် ဒူးထောက်လိုက်ရသည်။
"ဒါက နဂါးလက်သီးသိုင်းရဲ့ ပဉ္စမမြောက် သိုင်းကွက်ကို ပြင်းပြင်းထန်ထန် ထုတ်ဖော်ခြင်းရဲ့ ရလာဒ်လား?။ ချင်ယွင်သည် သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူ၏မျက်နှာပေါ်ရှိ အမူအရာသည် အလွန်နာကျင်နေပုံရသည်။ ထိုအချိန်တွင်၊ သူ၏ခန္ဓာကိုယ်ရှိ ဆဲလ်များနှင့် အသားရေများသည် ဆိုးဆိုးဝါးဝါး ပျက်ဆီးသွားသည့် အခြေနေသို့ ရှောက်ရှိသွားခဲ့သည်။ သူ၏ခန္ဓာကိုယ်သည် ခန်းခြောက်နေသော ရေကန်တစ်ခုပင်၊ သူ၏ကိုယ်ပွားမှ ထည့်သွင်းပေးသော အသက်စွမ်းအားကတောင် ဤနာကျင်မှုကို ဖြည်းဖြည်းချင်းသာ သက်သာစေနိုင်ပါသည်။
"နည်းလမ်းမဟုတ်သေးဘူး..၊ တကယ်လို့၊ ငါ ဒီအတိုင်းဆက်သွားရင်၊ နောက်ထပ် ကောင်းကင်ဘုံကပ်ဘေးဒုက္ခကြီးမှာ ငါ ရှင်သန်နိုင်မှာ မဟုတ်တော့ဘူး။" ချင်ယွင်က သူ့ကိုယ်သူ လေးနက်စွာ ပြောလိုက်သည်။
သို့သော် ထိုအချိန်တွင် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်သို့ နေရောင်ခြည်အလင်းတစ်ခု ကျရောက်လာသည်။
ချင်ယွင်သည် ချက်ချင်းပင် ခေါင်းမော့ကြည့်လိုက်လျှင်၊ သူ၏မျက်နှာ စိတ်အား တက်ကြွသည့် အမူအရာ ပေါ်လာပါသည်။
ကောင်းကင်ယံ၌ ကောင်းကင်ကပ်ဘေးဒုက္ခသည် အမှန်တကယ် ပြန့်ကျဲသွားခဲ့ပြီ။ ဆိုလိုသည်မှာ သူသည် ဤဆိုးရွားလှသော ကောင်းကင်ကပ်ဘေးဒုက္ခကြီးကို ကျော်လွှားပြီးပြီဟု ဆိုလိုပါသည်။
ချင်ယွင်၏ မျက်နှာသည် အပြုံးပန်းများဖြင့် ပြည့်နှက်နေပြီး ဤဘေးဆိုးမှ လွတ်မြောက်သွားပြီဟု ရုတ်တရက် ခံစားလိုက်ရသည် ။
ဤအင်မော်တယ်ကပ်ဘေးဒုက္ခသည် အဘယ်ကြောင့် ရုတ်တရက် ခြောက်မျိုးအထိ သာ ပြောင်းလဲသွားသည်ကို သူ မသိသော်လည်း၊ သူသည် ကောင်းကင်ကပ်ဘေး ဒုက္ခကို ကျော်ဖြတ်သွားပြီဆိုကတည်းက ချင်ယွင်သည် ယင်းကို ဂရုမစိုက်တော့ပေ။ ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ပို၍နည်းပါးလေလေ၊ သူ့အတွက် ပိုကောင်းသည်ဟု သူ မျှော်လင့်သည်မှာ သေချာပါသည်။
သို့သော် ပထမနှစ်ခုမှလွဲ၍ နောက်ဆုံး ကောင်းကင်ဘုံကပ်ဘေးဒုက္ခ လေးခုစလုံးသည် ကြောက်မက်ဖွယ်ကောင်းကြောင်း ချင်ယွင်ကိုယ်တိုင်လည်း နားလည်ပါသည်။ အထူးသဖြင့်၊ နောက်ဆုံး ကောင်းကင်ဘုံကပ်ဘေးဒုက္ခ ဖြစ်သည်။ အကယ်၍၊ သူသာ ဟွန်ထန်းလုံ၏ အမွေနှစ်ကို မရရှိခဲ့ဘဲ အစွမ်းထက်သော နဂါးလက်သီးသိုင်းကို ဖမ်းဆုပ်နိုင်ခြင်းမရှိခဲ့ပါက၊ သူသည် ဤကပ်ဘေးဒုက္ခကို ကျော်လွှားနိုင်မည် မဟုတ်ပေ။
အဝေးမှ တကိုယ်တော် ကျင့်ကြံသူများသည် ကောင်းကင်ကြီး ပြန်လည် တောက်ပလာ သည်ကို စောင့်ကြည့်နေရင်း၊ သက်ပြင်းကိုယ်စီ ချလိုက်ကြသည်။ ကောင်းကင် ကပ်ဘေးဒုက္ခမှ သက်ရောက်လာသော ဖိအားသည် သေးငယ်သည် မဟုတ်ပေ။ ယခုတော့ ကပ်ဘေးဒုက္ခက ပျောက်ကွယ်သွားသလိုပင်။ သူတို့လည်း သူတို့ကိုယ်ပေါ်ရှိ ကီလိုဂရမ် တစ်သောင်းလေးလံသော ဝန်ထုပ်ဝန်ပိုးကြီး ရုတ်တရက် လွှတ်ချလိုက် သလို ခံစားလိုက်ရသည်။ သူတို့သည် လေးလံသော ဝန်ထုပ်ဝန်ပိုးကြီးတွေ ကျဆင်းသွားသည့်အတွက် စိတ်သက်သာရာရသလို ခံစားရသည်။
"ကောင်လေး သေလိုက်တော့.."။
သို့သော် ထိုအချိန်တွင် ကောင်းကင်ယံ၌ ကျယ်လောင်သော အော်ဟစ်သံတစ်ခု ထွက်ပေါ်လာသည်။
ချင်ယွင်သည် မူလက သူ၏ရုပ်ခန္ဓာကိုယ် ခွန်အားကို သူ၏ အသက်စွမ်းအားဖြင့် ပြန်လည်ရယူခဲ့သော်လည်း၊ ထိုအခိုက်တန့်တွင် သူ၏ဦးခေါင်းထက်မှ သူ၏ ဦးရေပြား ပေါက်ကွဲသွားစေသည့်လောက်သည့် အေးစိမ့်မူ ရုတ်တရက် ခံစားလိုက်ရသည်။ ဤအေးစိမ့်မူက သူ၏ခေါင်းမှ ခြေဖျားအထိ အေးစိမ့်သွားစေသည်။
"မကောင်းတော့ဘူး.."
ချင်ယွင်၏ အမူအရာသည် သိသိသာသာ ပြောင်းလဲသွားသော်လည်း သူ၏ခန္ဓာကိုယ် သည် တောင့်တင်းနေဆဲဖြစ်ပြီး လုံးဝ မလှုပ်ရှားနိုင်သေးပေ။
ကောင်းကင်ယံတွင် ပိန်ပိန်ပါးပါး အဘိုးအိုတစ်ဦးသည် ချင်ယွင်၏ ဦးခေါင်းထက်သို့ အလျင်အမြန် ပြေးဝင်လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းအောင် အေးစက်နေသော လက်ဖဝါးဖြင့် ရိုက်ချလိုက်သည်။
"ငါ အင်မော်တယ်ဘုရင်ရဲ့ စံအိမ်ထဲကိုပဲ ဝင်ရတော့မယ်။" ချင်ယွင်က သူ့ကိုယ်သူ တွေးနေသည်။
ဘန်း…။
သို့သော် ထိုအချိန်တွင် ချင်ယွင်၏ အထက်မှာ သွေးနီရောင် ဗုဒ္ဓအလင်းတန်းတစ်ခုက ရုတ်တရက် ပေါ်လာသည်။ အနက်ရောင်ပုံရိပ်တစ်ခုက ထွက်ပေါ်လာပြီးနောက်၊ ဗုဒ္ဓ အလင်းရောင်က ရုတ်တရက် ထွက်ပေါ်လာကာ အဖိုးအို၏ ရေခဲလက်ဖဝါးကို ပိတ်ဆို့ လိုက်သည်။
ကြောက်မက်ဖွယ်ကောင်းသော လှိုင်းလုံးကြီးသည် တစ်ခဏချင်း ပျံ့နှံ့သွားပြီး ပတ်ဝန်းကျင်တစ်ခုလုံး ပျံ့နှံ့သွားသည်။
မှန်ပါသည်။ ဤလူနှစ်ယောက်သည် ပြပွဲကို တိတ်တဆိတ် ကြည့်ရူနေခဲ့သော ပိန်ပိန်ပါးပါး အဘိုးကြီးနှင့် အနက်ရောင်ဝတ်ရုံနှင့် ဘုန်းကြီးတို့ ဖြစ်ပါသည်။
အင်မော်တယ်ဘုရင်၏ စံအိမ်ထဲသို့ ဝင်ရောက်ရန် မူလက စီစဉ်ထားခဲ့သော ချင်ယွင် သည် ဤမြင်ကွင်းကို မြင်လိုက်ရတော့ အံ့အားသင့်သွားသည်။
ပိန်ပိန်ပါးပါး အဘိုးအိုသည် သူ့ကို သတ်ချင်နေသည်မှာ မထူးဆန်းသော်လည်း၊ အနက်ရောင်ဝတ် ဘုန်းကြီးက ရုတ်တရက် သူ့ကို ကယ်တင်လိုက်သည်။ ယင်းက သူ့ကို အလွန်သိချင်စိတ် ပြင်းပြစေသည်။
"ဟမ့်၊ ဘုန်းကြီးအိုကြီး၊ မင်းက ဘာလို့ ငါ့ကို တားရတာလဲ?။ သူက မင်းတို့ဂိုဏ်းထဲက လူတစ်ယောက်မို့လား?" ပိန်ပိန်ပါးပါး အဘိုးကြီးက မမျှော်လင့်ဘဲ ရုတ်တရက် တားဆီးလိုက်သည့် ထိုဘုန်းကြီးကို ဒေါသတကြီး မေးလိုက်ပါသည်.
"အမိတ္တဘ၊ သူက ငါတို့ဂိုဏ်းဝင်လို့ မင်း ထင်သလား?၊ ငါ သူ့ကို မေးလို့ မပြီးမချင်း ငါလည်း မသိနိုင်သေးဘူး..။" အနက်ရောင်ဝတ် ဘုန်းကြီးက ပြုံးပြီး ပြောသည်။ သူပြောပြီးသည်နှင့် သူသည် ချင်ယွင်ဘက်သို့ လှည့်ကာ "ကျေးဇူးရှင်လေးရေ၊ မင်းက ငါတို့ သတ်ဖြတ်ခြင်းဂိုဏ်းထဲဝင်ဖို့ ဆန္ဒရှိလား" ဟု မေးလိုက်သည်။
ထိုစကားကို ကြားတော့၊ ချင်ယွင်သည် အနက်ရောင်ဝတ်ဘုန်းကြီးက အဘယ်ကြောင့် သူ့ကို ကယ်တင်ခဲ့ရသနည်းဆိုသည်ကို ချက်ချင်း နားလည်သွားပါသည်။ သူသည် သူ့ကို ကျေးဇူးတရားဆိုသည့် ကြိုးဖြင့် ချည်နှောင်ပြီး သတ်ဖြတ်ခြင်းဂိုဏ်းထဲကို ဝင်စေချင် သည်။
ချင်ယွင်၏ ပါးစပ်ထောင့်စွန်းက ချက်ချင်းပင် သရော်ဟန် ထွက်ပေါ်လာသည်။ သူသည် သတ်ဖြတ်ခြင်းဂိုဏ်းထဲသို့ မည်သို့ ဝင်နိုင်ပါမည်နည်း?။ ပထမအချက်အနေဖြင့်၊ သူသည် ဘုန်းကြီးတစ်ပါး လုံးဝ မဖြစ်ချင်သလို၊ တစ်ချိန်လုံး လူသတ်ဘုန်းကြီးတစ်ပါး လည်း မဖြစ်ချင်ဘူး။ ထို့ကြောင့်၊ ချင်ယွင်သည် "မဝင်ချင်ဘူး" ဟု ရိုးရိုးသားသား ပြောလိုက်သည်။
"အမိတ္တဘ၊ ဒါဆိုလည်း ကျေးဇူးရှင်လေးရဲ့ ရည်ရွယ်ချက်ကို ငါ လေးစားပါတယ်လေ" ဘုန်းကြီးက ပြုံးပြုံးလေး ပြောသည်။ ထို့နောက်၊ သူသည် ပိန်ပိန်ပါးပါး အဘိုးအိုကို လှည့်ကြည့်လိုက်ပြီး "ဒီကျေးဇူးရှင်လေးကို ကြည့်ရတာ ငါတို့ သတ်ဖြတ်ခြင်းဂိုဏ်းနဲ့ ကံကြမ္မာရေစက် မရှိသလိုပဲ။ ကျေးဇူးရှင်လေး၊ ကျေးဇူးပြုပြီး ကိုယ့်ကိုကိုယ် ဂရိုစိုက်ပါ”။
ထိုစကားကို ပြောပြီးနောက်၊ သူသည် ဘေးတဖက်သို့ ပြေးသွားခဲ့ပြီး၊ မည်သည့် အနှောင့်အယှက်မှ မပေးလိုသည့် အမူအရာကို ပြသလိုက်သည်။
ချင်ယွင်သည် ပြောစရာစကားပင် မဲ့သွားရလေသည်။ သူသည် ဤထိပ်ပြောင် မြည်းအိုကြီးကို အနိုင်မယူနိုင်ကြောင့်သာ၊ သူသည် ရှေ့သို့ အပြေးအလွှား ပြေးသွားပြီး၊ ဤထိပ်ပြောင် မြည်းအိုကြီးကို ရိုက်နှက်ပစ်ရန် အမှန်တကယ် ဆန္ဒရှိနေခဲ့သည်။ ဤထိပ်ပြောင် မြည်းအိုကြီးသည် အကြွေးရှင်စရိုက်ရှိသူ ဖြစ်ပုံရသည်။
ချင်ယွင်တစ်ယောက် ပြောစရာစကားမဲ့သွားရသည် မဟုတ်၊ ပိန်ပိန်ပါးပါး အဘိုးအိုပင် ပြောစရာစကား မဲ့သွားရသည်။ သို့သော် အလွန်လျင်မြန်စွာပင်၊ သူ၏အကြည့်များက ချင်ယွင်ဆီသို့ ပြန်ရောက်သွားပြီး သူ၏မျက်လုံးများက ပြင်းထန်သော အေးစက်မှုကို ထင်ရှားစေသည်။
"ကောင်စုတ်လေး၊ မင်းရဲ့ အရည်အချင်းတွေက ကောင်းကင်ဘုံကို အံတုနိုင်လွန်းတယ်။ မင်းက ငါတို့ အင်မော်တယ်တာအိုဂိုဏ်းရဲ့ ရန်သူဖြစ်နေပြီ။ ဒါကြောင့်၊ ဒီနေ့ မင်းကို ငါ အသက်ရှင်ခွင့် မပေးနိုင်ဘူး။" ပိန်ပိန်ပါးပါး အဘိုးကြီးသည် ချင်ယွင်ကို ကြည့်ရင်း အေးစက်စွာ အော်ပြောလိုက်သည်။ သူပြောပြီးသည်နှင့်၊ ပြင်းထန်သော ရေခဲစွမ်းအင် လှိုင်းလုံးကြီးက သူ၏လက်ထဲမှ တစ်ဖန် ပျံ့နှံ့လာသည်။
၎င်းစာ် ရေစွမ်းရည် ရေခဲနှင့်နှင်း ကောင်းကင်စည်းတံဆိပ်ခတ်ခြင်းနိယာမများ ဖြစ်ပြီး၊ ၎င်းတို့သည် သေးငယ်သော အောင်မြင်မူအဆင့်တွင် ရှိနေသည်။
ချင်ယွင်၏ မျက်လုံးများလည်း ကျဉ်းမြောင်းသွားသည်။ ဤအင်မော်တယ်တာအိုဂိုဏ်း သည် အမှန်တကယ်ပင် သူ့ကို လုံးလုံးလျားလျား သတ်ပစ်ချင်နေခဲ့ပြီး၊ သူ၏စိတ်ထဲ တွင် ပြင်းထန်သော အမျက်ဒေါသကို ဖြစ်ပေါ်စေခဲ့သည်။
"ချင်ယွင်၊ မင်း ဘယ်လောက်ပဲ အရည်အချင်း ရှိနေပါစေ၊ မင်းက ငါတို့ အင်မော်တယ် တာအိုဂိုဏ်းရဲ့လက်ထဲမှာ သေရတော့မယ်။" နိုင်းယွန်က လှောင်ပြောင်သည်။ သူ၏ ပါးစပ်ထောင့်စွန်းရှိ အပြုံးက ပိုလို့တောင် ကြည့်ရဆိုးသေးသည်။ ရှင်းနေသည်မှာ၊ သူ၏မျက်လုံးထဲတွင် ချင်ယွင်သည် ပိန်ပိန်ပါးပါး အဘိုးအိုကိုယ်တိုင် လှုပ်ရှားလျှင် သေချာပေါက် သေမည်ဖြစ်သည်။
ဘေးမှ ကော့ဖုန်း၏ ပါးစပ်ထောင့်သည်လည်း အော်ဟစ်ပြောချင်ဟန်ဖြင့် ပြုံးနေသည်။ ယခုလေးတင်၊ သူ၏ဆရာက ချင်ယွင်ကို သတ်ဖြတ်ခြင်းဂိုဏ်းထဲ ဝင်ဖို့ ဖိတ်ခေါ်စဉ်မှာ၊ သူသည် ချင်ယွင် သဘောတူမည်ကို အမှန်တကယ် ကြောက်သွားခဲ့သည်။ ချင်ယွင် သဘောတူပြီးသည်နှင့် ချင်ယွင်ကို သတ်ပစ်ရန်မှာ အလွန်ခက်ခဲသွားလိမ့်မည်။
သို့သော်၊ ဤချင်ယွင်သည် အမှန်တကယ်ပင် သေမသေကို မသိဘဲ ငြင်းဆန်ခဲ့ပြီး၊ ယင်းက သူ၏စိတ်ကို အလွန်ပျော်ရွှင်စေခဲ့သည်။
"ဟမ့်၊ ဟိတ်ဟန်ကြီးတဲ့ကောင်၊ အဲဒါက မင်းရဲ့နောက်ဆုံး ကောက်ရိုးတစ်မျှင်ဆိုတာကို မင်း မသိဘူးလား?။ ဒါပေမယ့် မင်းကတော့ ငါမျှော်လင့်ထားသလို ငြင်းဆန်လိုက်တုန်း ပဲ။" ကော့ဖုန်းသည် ချင်ယွင်ရှိရာအရပ်သို့ ကြည့်နေပြီး၊ ချင်ယွင် အသတ်ခံရမည်ကို စောင့်မျှော်နေရင်း သူ၏စိတ်ထဲမှာ လှောင်ရယ်ရယ်နေခဲ့သည်။
"ချာတိတ်လေး သေလိုက်တော့.." ပိန်ပိန်ပါးပါး အဘိုးအိုသည် ကျယ်လောင်စွာ အော်ပြောလိုက်ပြီး ချင်ယွင်ဆီသို့ သူ၏လက်ဖဝါးကို ထပ်မံ ရိုက်လိုက်သည်။
ချင်ယွင်၏ ခြေဖဝါးအောက်ရှိ မြေပြင်မှ ရေခဲအလွှာသည် အမှန်တကယ် ပျံ့နှံ့ မြင့်တက်လာခဲ့ပြီး သာမန်မျက်စိဖြင့် မြင်နိုင်သော အရှိန်ဟုန်ဖြင့် ပျံ့နှံ့သွားခဲ့သည်။ ၎င်းသည် တခဏအတွင်းမှာပင် ချင်ယွင်၏ ခါးတစ်ဝက်အထိ ရောက်သွားခဲ့သည်။
"မကောင်းတော့ဘူး..” ချင်ယွင်၏ မျက်နှာသည် ထိတ်လန့်သည့် အမူအရာ ပေါ်လာခဲ့ သည်။ ဤရေခဲတွေက သူ၏ခန္ဓာကိုယ်ကို ဖုံးအုပ်ထားခဲ့ပြီး၊ သူသည် လှုပ်ရှား၍ပင် မရတော့ချေ။ သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်သို့ပင် ပြန်မဝင်နိုင်တော့ပါ။
"မျိုးမစစ်ကောင်လေး၊ ရုန်းကန်နေတာကို စွန့်လွှတ်လိုက်ပါ။ ငါ့ရဲ့ မြူနှင်းလက်ဝါးက မင်း လွတ်မြောက်နိုင်တဲ့ အရာမဟုတ်ဘူး" ပိန်ပိန်ပါးပါး အဘိုးအိုက ချင်ယွင် ရုန်းကန်နေသည်ကို မြင်သောအခါ၊ သူ့ပါးစပ်ထောင့်မှာ အေးစက်သော အပြုံးတစ်ခု ပေါ်လာပါသည်။ ထို့နောက် သူ၏ ရုပ်အသွင်သည် ချင်ယွင်၏ ရှေ့တွင် ပေါ်လာပြီး ကြောက်မက်ဖွယ်ကောင်းသော အအေးဓာတ်ကို ထုတ်လွှတ်သော လက်ဖဝါးက ချင်ယွင်၏ ခေါင်းကို ရိုက်နှက်တော့မည်။
ခပ်လှမ်းလှမ်းတွင်ရှိနေကြသော နိုင်းယွန်နှင့် ကော့ဖုန်းတို့သည် ချင်ယွင် အသတ်ခံရမည့် အချိန်ကို စောင့်မျှော်ရင်း ပြုံးနေကြသည်။
သို့သော်၊ ထိုအချိန်တွင် နှင်းဆီပန်းပွင့်များသည် ကောင်းကင်၌ ရုတ်တရက် လွင့်ပျံလာ ခဲ့သည်။ ထို့နောက် လူတိုင်း၏နားထဲတွင် အေးစက်စက် အော်သံတစ်ခုက ရုတ်တရက် ထွက်ပေါ်လာသည် "မင်း သူ့ရဲ့ဆံပင်တစ်ချောင်းကို ထိဝံ့တာနဲ့၊ နောက်စက္ကန့်မှာပဲ မင်းရဲ့ စိတ်ဝိညာဉ် ပျောက်ကွယ်သွားအောင် ငါ လုပ်ပစ်မယ်။"