← Chapters

အခန်း ၇၉၄

Vol. 53 Ch. 794

အခန်း ၇၉၄

Vol. 53 Ch. 794

အခန်း (၇၉၄) ကြီးမြတ်သောသခင်က မည်သူနည်း။

ဤအေးစက်စက်အသံ ထွက်ပေါ်လာသည့်အခိုက်တွင် လူတိုင်းသည် သူတို့ နှလုံးသားထဲမှ ကြောက်ရွံ့မှုကို ခံစားလိုက်ရသည်။

ချင်ယွင်ကို သတ်ရန်ပြင်ဆင်နေသော ပိန်ပိန်ပါးပါး အဘိုးအိုသည် ပါးစပ်မှ သွေးတပွက် အန်ထုတ်လိုက်ရပြီး၊ သွေးချောင်းများ အဆက်မပြတ် ဆိုးလာသည်ကို လူတိုင်း တွေ့လိုက်ရပြီးနောက်၊ လျှပ်စီးလက်သည့်အလား နောက်သို့ လွင့်ပျံသွားကာ အဝေးမှ တောင်ထွတ်တစ်ခုပေါ်သို့ ပြုတ်ကျသွားခဲ့သည်။

"ဘုန်း… "

ပိန်ပိန်ပါးပါး အဘိုးကြီး ပစ်ဝင်တိုက်မူကြောင့် တောင်ကြီးသည် ပေါက်ကွဲသွားသည်။ ပိန်ပိန်ပါးပါး အဘိုးအိုသည် အပျက်အစီးများကြားထဲသို့ ပို၍ပင် နစ်မြုပ်သွားကာ သူသည် တွားသွားပင် ပြန်တက်မလာနိုင်ခဲ့ပေ။

“ဒါ” တကိုယ်တော် ကျင့်ကြံသူများသည် အံသြသွားကြသည်။ သူတို့သည် ဖြစ်ပျက် သွားသည်ကို နားမလည်သလို၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွက်အထိပ်အဆင့် ကျွမ်းကျင်ပညာရှင်က အဘယ့်ကြောင့် ရုတ်တရက် နောက်ပြန် လွင့်ထွက်သွားသည်ကိုလည်း နားမလည်နိုင်ကြပေ။

အနက်ရောင်ဝတ် ဘုန်းကြီး၏ မျက်နှာပေါ်ရှိ အပြုံးသည် ချင်ယွင် ရှိရာဆီသို့ ရုတ်တရက် လှည့်ကြည့်လိုက်ရင်း အေးခဲသွားသည်။

ချင်ယွင်၏ရှေ့ရှိ လေဟာနယ်သည် ရုတ်တရက် တုန်ခါသွားပြီး၊ ရုပ်အသွင်သုံးခုသည် လေဟာနယ်ထဲမှ ထွက်လာခဲ့သည် ။

ဦးဆောင်လမ်းပြလာသူမှာ ရုပ်ရည်ချောမောလှပသော အမျိုးသမီးတစ်ဦး ဖြစ်သည်။ သူမ၏ အသွင်အပြင်သည် လုံးဝ ပြီးပြည့်စုံကြီး မဟုတ်သော်လည်း၊ သူမ၏ စိတ်နေစိတ်ထားက အလွန်ကြည်လင်ပြီး သန့်စင်သည့် ခံစားချက်ကို ပေးစွမ်းသည်။

ထိုအမျိုးသမီး၏ နောက်တွင် အဘိုးအို နှစ်ယောက် ရှိနေပြီး၊ တစ်ယောက်က မီးခိုးရောင် ဆံပင်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားကာ၊ နောက်တစ်ယောက်က ခရမ်းရောင် ဆံပင်နှင့် အဖြူရောင်ဝတ်စုံကို ဝတ်ဆင်ထားသည်။

မျက်လုံးအမြင် စူးရှသော လူများသည် ၎င်းတို့နှစ်ဦးအား တစ္ဆေအိုကြီးမုရုံဟု လူသိများသော မုရုံကျင်းချန်နှင့် အင်မော်တယ်အဆိပ်နဂါးဟု သူသိများသော မုရုံကျင်းဟိုင်တို့ ဖြစ်နေသည်ကို ချက်ချင်း မှတ်မိကြသည်။

ညီအစ်ကိုနှစ်ဦးသည် နှစ်ထောင်ချီကြာအောင် မလိုက်ဖက်ဘဲ အတူတကွ ပေါ်လာသည်ကို မည်သူမျှ မမြင်ဖူးကြပေ။ အခု သူတို့ အတူတူ ပေါ်လာတော့ အားလုံးက သဘာဝအတိုင်း အံ့သြသွားတယ်။

သို့သော် လူတိုင်းကို ပို၍ပင် အံ့အားသင့်စေခဲ့သည်မှာ ၎င်းတို့နှစ်ဦးသည် အထွတ်အထိပ် အဆင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများ ဖြစ်ကြသော် လည်း ဤအမျိုးသမီးငယ်၏ နောက်တွင် ရပ်တည်လိုစိတ် ရှိကြသည်။ ဤအမျိုးသမီး သည် သူတို့ကို မမြင်နိုင်သော ခံစားချက်နှင့် မမြင်နိုင်သည့် ဖိအားကို ပေးနေခဲ့သည်။

ထိုအမျိုးသမီးကို မြင်လိုက်ရတော့ အဝေးမှာရှိနေသော ရှောင်လန်၏ မျက်လုံးတွေက ရုတ်တရက် တောက်ပလာသည်။

"မင်းက အင်မော်တယ်ဘုရင်လား?။" အနက်ရောင်ဝတ် ဘုန်းကြီးသည် အံ့သြတကြီး မျက်နှာထားဖြင့် အမျိုးသမီးငယ်ကို ကြည့်ရင်း ထိတ်လန့်စွာ အော်ပြောလိုက်သည်။

ထိုစကားတွေ ပြောပြီးသည်နှင့် အားလုံးက ထိတ်လန့်သွားကြပါသည်။ ဤမိန်းမငယ်လေးသည် တကယ်ကို အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်ပညာရှင် တစ်ဦး ဖြစ်နေသလား?။

ချင်ယွင်သည်လည်း အနည်းငယ် အံ့ဩသွားပြီး၊ သူ၏ရှေ့တွင် ရုတ်တရက် ထွက်ပေါ်လာသော ဤရင်းနှီးကျွမ်းဝင်ခြင်း မရှိသော အမျိုးသမီးကို ကြည့်လိုက်ရင်း၊ အနည်းငယ် အံ့သြသွားပြီး၊ သူ၏မျက်နှာက အံ့သြသွားသည့် အမူအရာ ပေါ်လွင်နေ သည်။

ရှင်းရှင်းပြောရလျှင်၊ ဤအမျိုးသမီးကို သူသည် တစ်ခါမှ မမြင်ဖူးကါဘူး။ ရုတ်​တရက်​ သူ့ကို အဘယ့်ကြောင့် ကယ်တင်​ရသနည်း?။ သူသည် အင်မော်တယ်အဆိပ်နဂါးကို ကယ်တင်ပေးခဲ့ခြင်းကြောင်းများ ဖြစ်နိုင်မလား?။

အမျိုးသမီးငယ်သည် အနက်ရောင်ဝတ် ဘုန်းကြီးကို လျစ်လျူရှုပြီး ချင်ယွင်ကို လှည့်ကြည့်လိုက်သည်။ သူမ၏ မျက်နှာပေါ်တွင် အပြုံးမပျက် ပေါ်လွင်နေပြီး၊ ၎င်းသည် နှင်းဆီပန်းများ ပွင့်လန်းနေသကဲ့သို့ဖြစ်ပြီး၊ လူများကို ဖော်မပြနိုင်လောက်အောင် လန်းဆန်းစေသည်။

"ကြီးမြတ်သော အရှင်၊ ဒီလက်အောက်ငယ်သားက ဒီကိုရောက်လာတာ အရမ်းကို နောက်ကျသွားပါတယ်။ ကျွန်မက အရှင့်ကို ထိတ်လန့်စေမိပါပြီ။" အမျိုးသမီးငယ်က ပြုံးပြီး ပြောသည်။ ပြီး​နောက်​ သူမသည်​ ချင်ယွင်ကို ဦးညွှတ်​လိုက်​သည်​။ မုရုံကျင်းချန် နှင့် မုရုံကျင်းဟိုင်တို့သည်လည်း ချင်ယွင်ကို ဦးညွှတ်ကြသည်။

"ကြီးမြတ်သောအရှင်သခင်လား..?" အဝေးမှ တကိုယ်တော် ကျင့်ကြံသူများသည် ဤမိတ်ဆက်စကားကို ကြားပြီး၊ ထိုအမျိုးသမီး အရိုသေပေးနေသည်ကို တွေ့လိုက်ရ တော့၊ ချက်ချင်းပင် မျက်လုံးပြူးသွားပြီး တုန်လှုပ်ချောက်ချားသွားသည့် အမူအရာတွေ ဖြစ်ပေါ်လာကြသည်။

"အရှင်သခင်" ဟူသော ဝေါဟာရသည် ပေါ့ပေါ့တန်တန် အသုံးအနှုန်း မဟုတ်ပါ၊ ၎င်းသည် ဂိုဏ်းတစ်ခု၏ အထွတ်အထိပ်ခေါင်းဆောင် ဖြစ်သည်မှာ သေချာပါသည်။

ဤအမျိုးသမီးငယ်သည် အင်မော်တယ်ဘုရင်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦးဖြစ်ပြီး၊ ချင်ယွင်သည် အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူ တစ်ဦးသာ ဖြစ်ပါသေးသည်။ သူ၏ ခွန်အားသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူအချို့နှင့် ယှဉ်နိုင်သော်လည်း၊ သူသည် အင်မော်တယ်ဘုရင်အဆင့် ကျွမ်းကျင်ပညာရှင်တစ်ဦး၏ ပြိုင်ဘက် မဖြစ်နိုင်သေးပေ။

သို့သော် အမှန်တရားသည် သူတို့ရှေ့တွင် အမှန်တကယ် ဖြစ်ပေါ်နေသဖြင့်၊ သူတို့သည် လက်ခံရန်မှတပါး ရွေးချယ်စရာ မရှိတော့ပေ။

အဝေးမှာ ရှိနေသော ရှောင်လန်လည်း ထိတ်လန့်သွားသည်။ သူမသည် ဤအမျိုးသမီး ကို သဘာဝအတိုင်း သိသည်။ သူမသည် ထို့နေ့တုန်းက သူမထံနေ ထွက်ခွာသွားပြီး ချင်ယွင်အား VIP ကတ်ကို ပေးခိုင်းခဲ့သော အင်မော်တယ်ဖီးနစ်ခန်းမ၏ ချွေရှန်း ဖြစ်သည်။

နောက်ပိုင်းမှာ၊ ရှောင်လန်သည် ချွေရှန်းနှင့် ချင်ယွင်တို့၏ ဆက်ဆံရေးက မရိုးရှင်းဘူး ဆိုသည်ကို သိလာခဲ့သော်လည်း၊ ချွေရှန်းသည် အမှန်တကယ်ပင် ချင်ယွင်ကို အရှင်သခင်ဟု အဘယ့်ကြောင့် ခေါ်လိုက်မှန်း သူမသည် မည်သည့်အခါမှ မှန်းဆလို့ မရခဲ့ပါဘူး။ ချွေရှန်းသည် အင်မော်တယ်ဖီးနစ်ခန်းမ၊ ခန်းမသခင်ခေါင်းဆောင်၏ လက်အောက်ခံတစ်ဦး ဖြစ်နေသည် မဟုတ်ပါလော?။

ချင်ယွင်လည်း အံ့ဩသွားသော အမူအရာ ပေါ်လွင်နေသည်။ သူ မေးခါနီးမှာ ချွေရှန်းက "ကျွန်မ နာမည်က ချွေရှန်းပါ။ ကျွန်မက အင်မော်တယ်ဖီးနစ်ခန်းမကပါ။ အရှင်သခင်က ကျွန်မတို့ ခန်းမသခင်ရဲ့ နာမည်ကို ကြားလိုက်တာနဲ့ ကျွန်မက ဘာလို့ အရှင်သခင် လို့ခေါ်ရလဲဆိုတာ သိလာပါလိမ့်မယ်။ ကျွန်မသခင်ရဲ့နာမည်က D ပါ။"

"ဒီ..?" ချင်ယွင်၏မျက်နှာသည် အံ့အားသင့်သော အမူအရာတစ်ခုကို ချက်ချင်း ထုတ်ဖော်ပြီးနောက်တွင်၊ ဖော်ပြ၍မရသော စိတ်လှုပ်ရှားမှုက သူ၏နှလုံးသားထဲသို့ တိုးဝင်လာခဲ့သည်။

သွေးသစ္စာခံ အဖွဲ့တွင် A, B, C, D. ဟူ၍ လျှိုဝှက်လူ လေးယောက် ရှိပါသည်။

အင်မော်တယ်ဖီးနစ်ခန်းမ၏ ခန်းမသခင်သည် လျှို့ဝှက်စကားဝှက် D ထဲတွင် ပါဝင်သူ တစ်ဦး ဖြစ်နေလိမ့်မည်ဟု သူ မမျှော်လင့်ထားခဲ့ပေ။

"သူမ အဆင်ပြေရဲ့လား?၊ အခု ဘယ်မှာလဲ" ချင်ယွင်က စိတ်လှုပ်ရှားစွာ မေးလိုက် သည်။

"အရှင်သခင်၊ စိတ်မပူပါနဲ့၊ ဒီတစ်ခါ ချွေရှန်းက ကြီးမြတ်သောသခင်ကို အင်မော်တယ် ဖီးနစ်ခန်းမကို ပြန်ခေါ်ဖို့ ဒီကို ရောက်လာတာပါ။ မူလကတော့ ခန်းမသခင်ကိုယ်တိုင် လာဖို့ စီစဉ်ထားပေမယ့်၊ သူမအဝေးကို ထွက်ခွာလို့မရတဲ့ တချို့အရာတွေ ရှိနေလို့ပါ။ အဲဒါကြောင့်၊ သူမက ဒီကိုလာပြီးတော့ အရှင်သခင်ကို ကာကွယ်ပေးဖို့ အမိန့်ပေး လိုက်ပါတယ်” ချွေရှန်းက ပြုံးပြီး ပြောလိုက်သည်။

ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ ထိုအချိန်တုန်းက သူသည် သွေးသစ္စာခံအဖွဲ့ကို တည်ထောင်တုန်းက အရှင်သခင်ဖြစ်သူ သူ၏ ခွန်အားက မမြင့်မားခဲ့ပါဘူး။ ကံကောင်းသည့် တိုက်ဆိုင်မှုတစ်ခုကြောင့် သူ၏နောက်ကို ကျွမ်းကျင်သူတွေ အများကြီး လိုက်ပါခဲ့ကြသည်။

ထိုကျွမ်းကျင်သူများထဲတွင် A, B, C, D တို့သည်လည်း ချင်ယွင်နှင့် နက်ရှိုင်းသော ဆက်ဆံရေး ရှိသည်။ နောက်ပိုင်းတွင် သူသည် သေမျိုးကမ္ဘာသို့ ရာထူးမှ လျှော့ချခံရပြီး နောက် သွေးသစ္စာခံအဖွဲ့သည်လည်း ထိုးနှက်ခံရပြီး ပြိုကွဲသွားခဲ့သည်။

ချင်ယွင်သည် သူ၏စိတ်ထဲတွင် ၎င်းတို့၏ အခြေအနေများကို အမြဲသိချင်နေခဲ့သည်။ ထို့ကြောင့်၊ ချင်ယွင်သည် အင်မော်တယ်ဖီးနစ်ခန်းမ၏ ခန်းမသခင်သည် D ဖြစ်သည်ကို ကြားသိရသောအခါ အလွန် စိတ်လှုပ်ရှားနေမိသည်။

“အရှင်၊ ဒီလူတွေနဲ့ ပတ်သက်ပြီးတော့ရော..။” ချွေရှန်းက ချင်ယွင်ကို လေးစားစွာ မေးသည်။

အနက်ရောင်ဝတ် ဘုန်းကြီးနှင့် နိုင်းယွန်တို့ အပါအဝင် အဝေးမှ အခြားလူများသည် ချွေရှန်း ပြောလိုက်သောစကားကို ကြားသောအခါ သူတို့မျက်နှာတွေက ကြောက်ရွံ့မှု အရိပ်အယောင်တွေ ပေါ်လာကြသည်။

ချင်ယွင်သည် သူ့ကို အကူအညီပေးမည့်လူ အမှန်တကယ် ရှိနေမည်ဟု သူတို့ မည်သည့် အခါမျှ မထင်ခဲ့မိပေ။ ထို့အပြင် သူသည် အင်မော်တယ်ဘုရင်အဆင့်တွင် ရှိနေသည်။ အရေးကြီးဆုံးအချက်မှာ အင်မော်တယ်ဘုရင်သည် ချင်ယွင်၏ အမိန့်ကို နာခံပုံရသည်။

ဤအခိုက်အတန့်တွင် သူတို့အားလုံးသည် ချင်ယွင်ကို ကြည့်လိုက်ကြပြီး ချင်ယွင်က 'သတ်' ဟူသော စကားလုံးကို ပြောလာမည်ကို စိုးရိမ်နေကြသည်။

အဝေးမှ လူတွေ၏ မျက်နှာတွေမှာ ကြောက်ရွံ့မှုတွေ ပြည့်နှက်နေသည်ကို ချင်ယွင် မြင်လိုက်ရလျှင်၊ သူ၏ပါးစပ်ထောင့်စွန်းက အေးစက်သည့် အပြုံးတစ်ခု ပေါ်လာသည်။

“သူရယ်၊ သူရယ် ၊ သူရယ် ၊ ချင်ယွင်သည် နိုင်းယွန်၊ ကော့ဖုန်းနှင့် အနက်ရောင်ဝတ် ဘုန်းကြီးတို့ကို လက်ညှိုးထိုးပြပြီး ရယ်မောလိုက်သည်။

အဝေးမှ နိုင်းယွန်နှင့် ကော့ဖုန်းတို့ အပါအဝင် အနက်ရောင်ဝတ် ဘုန်းကြီးသည် ချင်ယွင် ၏စကားကို ကြားသောအခါ ဒေါသများဖြင့် ပြည့်နှက်သွားသည်။ သို့သော် သူတို့၏ မျက်နှာပေါ်ရှိ ဒေါသများသည် ကြောက်ရွံ့မှုအဖြစ်သို့ လျင်မြန်စွာ ပြောင်းလဲသွားသည်။

အမျိုးသမီးနှင့် မုရုံညီအစ်ကိုတွေက 'ဟုတ်ကဲ့' ဟု ပြောပြီးနောက် ချင်ယွင် ညွှန်ပြထား သည့် လူသုံးဦးဆီသို့ ပျံသန်းသွားခဲ့သည်။

ချွေရှန်းသည် အနက်ရောင်ဝတ်ဘုန်းကြီးနှင့် မုရုံညီအစ်ကိုနှစ်ဦးက ကော့ဖုန်းနှင့် နိုင်းယွန်တို့ဆီကို ဖြစ်သည်။ ၎င်းတို့အနက်မှ မည်သူကမျှ သူတို့သုံးယောက်၏ ပြိုင်ဘက်များ မဟုတ်ကြသည်ကို သံသယရှိစရာပင် မလိုပါချေ။ ချွေရှန်းနှင့် အခြားမုရုံ ညီအစ်ကိုတို့သည် ၎င်းတို့၏လက်တစ်ဖက်စီကို တိုက်ရိုက် ဖြတ်တောက် ပစ်လိုက်ကြ သည်။

“အားး…”

သနားစရာကောင်းသော အော်ဟစ်သံတွေက တစ်ခုပြီးတစ်ခု ထွက်ပေါ်လာပြီး အဝေးမှ တကိုယ်တော် ကျင့်ကြံသူများ မျက်မှောင်ကြုတ်သွားသည်။

ဘုန်းကြီး၏ မျက်နှာမှာလည်း ဖြူဖျော့နေသည်။ သို့သော်လည်း ချွေရှန်း၏ စွမ်းအားက သူ့ကို ခုခံရန် စွမ်းအားမရှိဟု ခံစားရစေသည်။ ထိုသို့မဟုတ်လျှင်၊ သူ၏အဆုံးသတ်က ပိန်ပိန်ပါးပါး အဘိုးကြီးလို ဖြစ်သွားလိမ့်မည်။

"ထွက်သွားကြစမ်း.." ချွေရှန်းက တိုးတိုးလေး အော်လိုက်သည်။

အနက်ရောင်ဝတ် ဘုန်းကြီး၊ နိုင်းယွန်နှင့် အခြားသူများသည် ချက်ချင်းပင် အလင်းတန်း များအဖြစ်သို့ ပြောင်းလဲကာ လွတ်ငြိမ်းချမ်းသာခွင့်ရကဲ့သို့ ထွက်ပြေးကြသည်။

တကိုယ်တော် ကျင့်ကြံသူများသည် ဤမြင်ကွင်းကို မြင်သောအခါတွင် သူတို့၏ မျက်နှာများသည် မှင်တက်အံ့ဩသွားကြသည်။ ထို့နောက် သူတို့သည် ချင်ယွင်ဆီကို လှည့်ကြည့်လိုက်ရင်း၊ သူတို့၏မျက်လုံးများတွင် ကြည်ညိုလေးစားမှု အပြည့်ရှိနေ သည်။

ချင်ယွင် ထွက်ပေါ်လာပြီးကတည်းက၊ ဤလူသည် သူတို့ကို ပြင်းထန်စွာ ထိတ်လန့် တုန်လှုပ်မူကို ဖြစ်ပေါ်စေခဲ့သည်။

ယခုတစ်ကြိမ်တွင် မျိုးနွယ်စုကြီးသုံးခု၊ သတ်ဖြတ်ခြင်းဂိုဏ်းနှင့် အင်မော်တယ်တာအို ဂိုဏ်း အားလုံးတို့သည် ရှောင်ကလန်မှလွဲ၍ ကြီးမားသော ဆုံးရှုံးမှုကို ခံစားခဲ့ရသည်။ ဤအရာအားလုံးသည် ချင်ယွင်ဟုခေါ်သော လူငယ်လေးကြောင့် ဖြစ်လာရခြင်း ဖြစ်သည်။

"တွေ့လား၊ ဒါ ငါ့ရဲ့ညီအစ်ကိုပဲ" လျူရွဲ့သည် လူအုပ်ကြီးကြားတွင် မတ်တပ်ရပ်နေပြီး၊ သူ၏ဘေးနားရှိ တကိုယ်တော်ကျင့်ကြံသူများကို ကြွားလုံးထုတ်ရင်း မထီမဲ့မြင်ပြုသည့် ပုံစံကို ချိတ်စွဲထားလေသည်။

All Chapters