← Chapters

အခန်း ၇၉၇

Vol. 54 Ch. 797

အခန်း ၇၉၇

Vol. 54 Ch. 797

အခန်း (၇၉၇) လျှပ်တပြက်မိုင်းတစ်သောင်း။

"မကြားမိဘူး၊ ဒါပေမယ့် သခင်လေးရဲ့ဆရာက တာချင်းအင်မော်တယ်မင်းဆက်ထဲမှာ နောက်ဆုံး ပေါ်လာတယ်လို့ ကျွန်မ ကြားမိတယ်။" အိုးရန်ကျင်းက ပြောသည်။

"တာချင်းအင်မော်တယ် မင်းဆက်လား..? သူက ဘာလို့ တာချင်းအင်မော်တယ် မင်းဆက်ကို သွားရတာလဲ? ။" ချင်ယွင်က ရေရွတ်လိုက်သည်။

သူ၏အမြင်အရဆို၊ သူ၏ဆရာသခင် ယစ်ထုတ်အဘိုးကြီးသည် လုံးဝ အထီးကျန်နေသူ ဖြစ်သည်။ အင်မော်တယ်ကမ္ဘာမှာ သူ၏မိတ်ဆွေတွေ ဆွေမျိုးတွေ မရှိပါဘူး။ သူသည် နေ့တိုင်း မည်ကဲ့သို့ သောက်ရမည်ကိုသာ သိပါသည်။ အင်မော်တယ်ကမ္ဘာကို ခြေဆန့်ရန် အသာထား၊ သူ၏နေအိမ်မှပင် ထွက်သွားခဲသည်။

အကယ်၍ သူတို့ အမဲလိုက်ခံရခြင်းမှ ရှောင်ရှားရန်အတွက်ဆိုလျှင်လည်း၊ ယစ်ထုတ် အဘိုးကြီး၏ ဦးနှောက်နှင့် ခွန်အားအရ၊ လိုက်ဖမ်းဆီးခြင်းကို လုံးလုံးလျားလျား ရှောင်ရှားနိုင်ရန်၊ သူသည် အင်မော်တယ်ကမ္ဘာကနေ ထွက်ခွာသွားရန် မလိုအပ်ပါချေ။

"ကြည့်ရတာ၊ ဆရာကြီးက တာချင်းအင်မော်တယ်မင်းဆက်ကို တစ်ခုခုလုပ်စရာရှိလို့ သွားတာ ဖြစ်ရမယ်။ ဒါပေမယ့် သူ ဘာသွားလုပ်မှာလဲ? " ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေမိသည်။

အကယ်၍၊ သူသည် ဤအကြောင်းကို နားမလည်နိုင်သေးလျှင်၊ သူသည် သိပ်အများကြီး စဉ်းစားနိုင်မှာ မဟုတ်ပေ။ မည်သို့ပင်ဆိုစေကာမူ တာချင်း အင်မော်တယ် မင်းဆက် သည် သူ အနှေးနှင့်အမြန်ဆိုသလို သွားရောက်ရပေလိမ့်မည်။ ထိုအချိန်ရောက်မှ ယစ်ထုတ်အဘိုးကြီးကို ရှာဖွေလျှင်လည်း အချိန်နှောင်းမည် မဟုတ်ပေ။

ထို့နောက်၊ ချင်ယွင်သည် မထွက်ခွာမီ အိုးရန်ကျင်းနှင့် တခဏကြာ စကားပြောခဲ့သည်။

ချင်ယွင်သည် အင်မော်တယ်ဖီးနစ်တောင်ပေါ်တွင် နေရာလွတ်တစ်ခုကို ရှာဖွေခဲ့ပြီး၊ အင်မော်တယ်ဘုရင်၏ စံအိမ်ကို ထိုနေရာလွတ်တွင် ထားရှိလိုက်သည်။

အင်မော်တယ်ဘုရင်၏ စံအိမ်သည် အင်မော်တယ်အိမ်ကြီးတစ်လုံး ဖြစ်သည်။ ၎င်း၏ အပြင်ပိုင်း အရွယ်အစားနှင့် ပုံသဏ္ဍာန်ကို အလိုအလျောက် ပြောင်းလဲနိုင်သည်။ ချင်ယွင် ယခုလိုလုပ်ရသည့် အကြောင်းရင်းက၊ သူ၏ အမျိုးသမီးလေးယောက်ကို လွတ်လွတ်လပ်လပ် သွားရလာရ လွယ်ကူစေရန် ဖြစ်ပါသည်။ နောက်ဆုံးတော့၊ အမျိုးသမီးလေးယောက်သည် အင်မော်တယ်ဘုရင်၏စံအိမ်ထဲမှာ အမြဲတမ်း ငြီးငွေ့စွာ နေထိုင်ခဲ့ရပြီး၊ ငြီးငွေ့မူကို ခံစားလာရသည်။

အိုးရန်ကျင်းကို နှုတ်ဆက်ပြီးနောက် ချင်ယွင်သည် တံခါးပိတ် ကျင့်ကြံရန် ပြန်လာခဲ့ သည်။

ယခုတစ်ကြိမ်တွင်၊ ချင်ယွင်သည် လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို သေးငယ်သော အောင်မြင်မူအဆင့်သို့ ရောက်သည်အထိ နားလည်ဆင်ခြင်ရန် ရည်ရွယ်ထားပါသည်။ ထို့ကြောင့်၊ ချင်ယွင်သည် အင်မော်တယ်ဖီးနစ်တောင်၏ လူသူမနေသော တောင်ထိပ်တစ်ခုသို့ တိုက်ရိုက် ရောက်ရှိလာပြီး၊ ထိုနေရာတွင် တင်ပျဉ်ခွေထိုင်ကာ လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို စတင်ပြီး ဆင်ခြင်းတော့သည်။

ချင်ယွင်သည် တစ်နှစ်ကြာ တင်ပျဉ်ခွေ ထိုင်နေခဲ့သည်။ ထိုတစ်နှစ်ပတ်လုံး သူသည် ထိုနေရာမှာပင်၊ မလှုပ်မယှက် ထိုင်နေခဲ့သည်။

အင်မော်တယ်များအတွက် ဆယ်နှစ် သို့မဟုတ် နှစ်နှစ်ဆယ်ကြာအောင် တံခါးပိတ် ကျင့်ကြံခြင်းသို့ ဝင်ရောက်သွားခြင်းသည် သာမာန်ကိစ္စမျှသာ ဖြစ်ပါသည်။ ထို့အပြင်၊ နောက်ပိုင်းရောက်လေ၊ ပို၍ကြာမြင့်လေ ဖြစ်ပါသည်။ ဥပမာအားဖြင့်၊ ချင်ယွင်၏ ခမည်းတော် အင်မော်တယ်ဧကရာဇ်မင်းမြတ် ချင်ဟန်သည် တစ်ကြိမ် တံခါးပိတ် ကျင့်ကြံလျှင်၊ အနှစ်တစ်ရာ ကြာမြင့်တတ်သည်။ ထို့ကြောင့်၊ ချင်ယွင်၏ ယခုအချိန် သည် အလွန်တိုတောင်းသည်ဟု ယူဆလို့ ရပါသေးသည်။

"အစ်မရန်ယွန်၊ ယောင်္ကျားက အဲ့ဒီမှာ ထိုင်နေတာ တစ်နှစ်ရှိပြီ။ ဘာ့ကြောင့် ဘာလှုပ်ရှားမှုမှ မရှိရတာလဲ?" ကျန်းရွှန်ရှင်းသည် ခပ်လှမ်းလှမ်းတွင် ရပ်လိုက်ပြီး ချင်ယွင်၏ ရုပ်အသွင်ပြင်ကို လှမ်းကြည့်ကာ မေးလိုက်သည်။

ယခုနှစ်အတွင်း သူမသည် အကြိမ်တစ်ဒါဇင်ကျော် ပြန်ပြန်လှန်လှန် တံခါးပိတ် ကျင့်ကြံနေခဲ့ပြီး၊ သူမ၏ကျင့်ကြံမှုအခြေခံသည် သိုင်းဧကရာဇ်နယ်ပယ်သို့ ရောက်ရှိ နေပြီ ဖြစ်သည်။ သို့သော် ချင်ယွင်သည် တင်ပျဉ်ခွေ ထိုင်နေသေးသည်။

“အစ်မ အိုးရန်ကတော့၊ ခင်ပွန်းဟာ နိယာမတွေရဲ့ စွမ်းအားကို ကောင်းကောင်း နားလည်အောင် ကျင့်ကြံနေတယ်လို့ ပြောတာပဲ။ သူ့အတွက် အချိန်အတော်ကြာ အောင် တံခါးပိတ်ကျင့်ကြံရခြင်းက ပုံမှန်ပါပဲ။ ဒါ့အပြင် ခင်ပွန်းက အဆင့်ချိုးဖျက်တဲ့ အဆင့်ကို ရောက်နေခဲ့ပြီး၊ သိပ်မကြာခင် ကျင့်ကြံရာကနေ ထွက်လာနိုင်တော့မယ်လို့ ပြောခဲ့တာပဲ။” လျူရန်ယွင်က ပြောသည်။

ဤနှစ်အတွင်းမှာ၊ သူမသည် သုံးလေးကြိမ်တိုင်တိုင် ကျင့်ကြံခြင်းသို့ ဝင်ရောက်ခဲ့ပြီး၊ သူမ၏ကျင့်ကြံမှုအခြေခံသည် အလယ်အလတ်အဆင့် အစစ်အမှန် အင်မော်တယ် နယ်ပယ်သို့ ရောက်ရှိနေပြီ ဖြစ်သည်။ သို့သော်လည်း၊ ချင်ယွင်သည် ကျင့်ကြံခြင်းမှ ထွက်မလာသေးပေ။ ယင်းက သူမ၏ စိတ်ထဲတွင် အနည်းငယ် စိုးရိမ်နေမိသည်။

"အင်မော်တယ်တွေဟာ နှစ်ထောင်ပေါင်းများစွာ သက်တမ်းရှိနေကြတာ အံ့သြစရာ မဟုတ်တော့ဘူးပဲ။ သူတို့ဟာ တံခါးပိတ်ကျင့်ကြံဖို့တောင် အချိန်များစွာ ယူကြရတယ်" ကျန်းရွှန်ရှင်း ရေရွတ်လိုက်သည်။

လွန်ခဲ့သည့်တစ်လက ချန်မင်ရှီ နှင့် ရန်စီချီတို့သည် ကျင့်ကြံရာမှ ထွက်လာခဲ့သည်။ သူမတို့လည်း ချင်ယွင်သည် ကျင့်ကြံရာမှ ထွက်မလာသေးသည်ကို မြင်လိုက်ရသဖြင့် ကျင့်ကြံခြင်းသို့ ပြန်လည် ဝင်သွားကြသည်။

"မေ့လိုက်ပါလေ၊ ငါလည်း ကျင့်ကြံလိုက်ဦးမယ်။" ကျန်းရွှန်ရှင်းသည် ပျင်းရိစွာ ပြောလိုက်သည် ။

ယခုအချိန်တွင် သူမ၏ ကျင့်ကြံမူအခြေခံသည် အနိမ့်ဆုံး ဖြစ်သည်။ သူမ၏ လက်ရှိ ခွန်အားဖြင့်၊ သူမသည် အများဆုံး အင်မော်တယ်ကမ္ဘာ၏ မြေဆွဲငင်အားနှင့် လိုက်လျောညီထွေ ဖြစ်ရုံသာ ရှိနေသေးသည်။ သူမသည် မပျံသန်းနိုင်သေးပေ။ ဟောင်ကျင်းလေး၏ ကျင့်ကြံမူအခြေခံသည်ပင် သူမထက် သာလွန်နေပြီ။ ယင်းက သူမကို အရမ်းစိတ်ဓာတ်ကျစေသည်။

ဝှီး…။

သို့သော်လည်း ထိုအချိန်တွင် ကျန်းရွှန်ရှင်းဆီသို့ လေပြင်းတစ်ချက် တိုက်ခတ်လာ သည်။ ကျန်းရွှန်ရှင်းသည် တစ်စုံတစ်ယောက်က သူမ၏ပါးစပ်ကို နမ်းလိုက်သလို ခံစားလိုက်ရသည်။ သို့သော်လည်း၊ သူမသည် မည်သူတစ်ဦးတစ်ယောက်ကိုမှ မတွေ့လိုက်ရပါဘူး။

ကျန်းရွှန်ရှင်းသာမက လျူရန်ယွင်သည်ပင် သူမ၏ခါးကို ပေါ့ပေါ့ပါးပါး ဖက်သွားသည် ကို ခံစားမိသော်လည်၊ သူမသည် မည်သည့် အသွင်ပြင်ကိုမျှ မတွေ့ခဲ့ရပေ။

"အစ်မရန်ယွင်၊ အင်မော်တယ်ကမ္ဘာမှာလည်း သရဲခြောက်တာလား?" ကျန်းရွှန်ရှင်း သည် လည်ပင်းကို ကျုံ့ထားရင်း ပြောလိုက်သည်။

"ဒါက တစ္ဆေသရဲခြောက်တာ မဟုတ်ဘူး။ တခြားတစ်ယောက်ယောက် ရှိနေရမယ်။ တစ်ယောက်ယောက်ရှိလား?။ ထွက်လာခဲ့ပါ" လျူရန်ယွင်က ကောင်းကင်ယံကို လှမ်းအော်လိုက်သည်။

"မိန်းကလေးတို့ရေ၊ မင်းတို့က ငါနဲ့အတူ ကမ္ဘာပတ်ပြီး ခရီးမသွားချင်ဘူးလား? "

သို့သော် ထိုအချိန်တွင် အမျိုးသမီးနှစ်ယောက်၏ နားထဲတွင် သိမ်မွေ့သော အသံတစ်ခု ရုတ်တရက် ထွက်ပေါ်လာသည်။ ထို့နောက် လက်နှစ်ဖက်က သူတို့၏ မိုးမခကိုင်းပုံစံ ခါးတွေကို ငြိမ်သက်စွာ ဖက်ထားလိုက်သည်။

"အယ်…."

အမျိုးသမီးနှစ်ဦးသည် အံ့အားသင့်သွားကြသည်။ သူမတို့သည် ကမန်းကတန်း လှည့်ကြည့်လိုက်လျှင်၊ သူမတို့၏ အမြင်အာရုံထဲမှာ ရင်းနှီးသော မျက်နှာတစ်ခု ပေါ်လာသည်ကို တွေ့လိုက်ရသည်။ ယင်းက ချင်ယွင်မှ မဟုတ်လျှင်၊ မည်သူ ဖြစ်နိုင်မည်နည်း?။

ချင်ယွင်သည် ယခုလေးတင် ကျင့်ကြံရာမှ ထွက်လာစဉ်၊ အမျိုးသမီး နှစ်ယောက်သည် အဝေးတွင် ရပ်နေသည်ကို သတိပြုမိသောကြောင့် ချက်ချင်းပင် သူမတို့ကို စနောက်လိုက်ခြင်း ဖြစ်ပေသည်။

"ဟမ့်၊ လူလိမ်ကောင်၊ မင်းက ငါတို့ကို လှည့်စားဖို့ သတ္တိရှိနေတယ်ပေါ့” ကျန်းရွှန်ရှင်း သည် ညုတုတုလေသံဖြင့် ပြောလိုက်ပြီးနောက်၊ သူသည် သူမ၏ခါးပေါ်မှ အသားကို ဖမ်းဆုပ်ရန် သူ၏လက်ကို အသုံးပြုတော့မည်။

"ယွင်အာကလည်း အခု ညစ်ပတ်တဲ့နည်းလမ်းတွေ သင်ယူလာပြီပဲ။" လျူရန်ယွင်သည် လည်း ပြစ်တင်ဆုံးမလိုက်ပြီး၊ သူမ၏ လှပသော မျက်နှာသည် နီမြန်းလာသည်။

"ကောင်မလေးတို့၊ ကျုပ် မင်းတို့လေးတွေကို တောင်းပန်ဖို့အတွက် မင်းတို့ကို အင်မော်တယ်ကမ္ဘာရဲ့ ရှုခင်းတွေကို လိုပ်ပြပါရစေ။" ချင်ယွင်က ပြုံးပြီး သူ၏ လက်မောင်းနှစ်ဖက်ဖြင့် အမျိုးသမီး နှစ်ယောက်၏ ခါးတွေကို တင်းတင်းကြပ်ကြပ် ဖက်ထားလိုက်သည်။

တဝှီးဝှီးမြည်သံနှင့်အတူ ချင်ယွင်နှင့် မိန်းကလေးနှစ်ယောက်သည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။ တစ်ချိန်တည်းမှာပင်၊ သူတို့သည် လျင်မြန်သော အလင်းတန်းတစ်ခုကဲ့သို့ ကောင်းကင်ယံကို ဖြတ်ကျော်သွားသည်။

'ဝိုး…' အရမ်းမြန်တာပဲ။ အရမ်းလှတာပဲ။ အစပိုင်းမှာ ကျန်းရွှန်ရှင်းသည် အနည်းငယ် ကြောက်ရွှံ့နေခဲ့သော်လည်း၊ နောက်ပိုင်းတွင်၊ သူမသည် ရဲစွမ်းသတ္တိကို စုစည်းပြီး၊ အောက်သို့ ငုံ့ကြည့်လိုက်သည်။ တောင်တန်းများနှင့် မြစ်ရေပြင်များ လျင်မြန်စွာဖြင့် နောက်မှာ ကျန်ရစ်ခဲ့သည်ကို သူမ မြင်ရသည်။

မျက်စိတစ်မှိတ်အတွင်းမှာပင် ချင်ယွင်နှင့် အခြားသူများသည် လီတစ်ရာ အကွာအဝေး အထိ ပျံသန်းသွားကြသည်။ သူတို့၏ အရှိန်ဟုန်သည် အလွန် လျင်မြန်လွန်းသဖြင့်၊ သူမတို့ကို လျှပ်တပြက်ကီလိုမီတာတစ်ရာအဆင့်က ဘာလဲဆိုသည်ကို နက်နက် ရှိုင်းရှိုင်း ခံစားနိုင်စေသည်။ (ဤနေရာ၌ လျှပ်တပြက်ကီလိုမီတာတစ်ရာအဆင့်ဆို သည်မှာ လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို သေးငယ်သော အောင်မြင်မူအဆင့်ကို ရောက်ရှိသွားသည့်အတွက် နာမည်တစ်ခုအနေဖြင့် သတ်မှတ်ခြင်း ဖြစ်နိုင်ပါသည်။) မူရင်းအတိုင်း တတ်နိုင်သမျှ ပြန်ဆိုလိုက်ပါသည်။)

လျူရန်ယွင်၏ လှပသော မျက်နှာသည်လည်း စိတ်လှုပ်ရှား ဝင်းလက်တောက်ပနေ သည်။ လေပေါ်စီးနင်းရသည့် ဤခံစားချက်က သူတို့ကို ပြောမပြနိုင်လောက်အောင် စိတ်လက်ပေါ့ပါးမူကို ခံစားရစေသည်။ အောက်မှ ရှုမြင်ကွင်းတွေကို ကြည့်လိုက်ရင်း၊ သူမတို့သည် စိတ်အေးလက်အေး ပျော်ရွှင်မူကို ခံစားရသည်။

"ဘယ်လိုလဲ။ မင်းတို့ယောက်ျားက အံ့သြစရာမကောင်းဘူးလား?" ချင်ယွင်သည် မိန်းမနှစ်ယောက်ကို အံ့အားသင့်နေသော အမူအရာဖြင့် ကြည့်ကာ သူ၏မျက်နှာပေါ် တွင် တောက်ပသော အပြုံးတစ်ခု ပေါ်လာသည်။

မှန်ပါသည်၊ ယခုလေးတင်၊ သူသည် နောက်ဆုံးမှာတော့ လျှပ်တပြက်မိုင်တစ်သောင်း နိယာမ၏ သေးငယ်သော အောင်မြင်မူအဆင့်ကို ချက်ချင်း နားလည်သွားခဲ့ပြီး၊ လျှပ်တပြက်အတွင်း ကီလိုမီတာတစ်ရာကို ချက်ချင်း ရောက်ရှိသွားပါသည်။

"အံ့သြစရာပဲ၊ ငါ့ယောက်ျားက အံ့သြစရာအကောင်းဆုံးပဲ။" ကျန်းရွှန်ရှင်းက တောတောင်တွေ မြစ်ရေပြင်တွေကို ကြည့်ရင်း လှမ်းအော်ပြောလိုက်သည်။

သို့သော် သူမအော်ပြောသံ ပြီးဆုံးသွားသောအခါတွင် သူမ၏အော်ပြောသံက တစ်ခုခု မှားနေပြီဆိုသည် သိလိုက်ရပြီး သူမ၏လှပသော မျက်နှာလေးသည် နီရဲလာသည်။

ချင်ယွင်က ကျယ်လောင်စွာ ရယ်မောပြီး ဤအခွင့်ကောင်းကို ကောင်းကောင်းယူကာ၊ အမျိုးသမီး နှစ်ယောက်ကို ထိတွေ့ဖို့အခွင့်အရေးကို အပြည့်အဝ ယူလိုက်သည်။ အမျိုးသမီးနှစ်ဦးသည် ရှက်ရွံ့သော အမူအရာ ပေါ်လွင်နေကြသော်လည်း၊ ချင်ယွင်၏ စိတ်နှလုံးကို မြင်နိုင်သောအခါ၊ သူမတို့သည် တကိုယ်လုံးယားယံလာသည်။

နောက်ဆုံးတွင်၊ သူသည် အမျိုးသမီးနှစ်ဦးကို အင်မော်တယ်ဖီးနစ်တောင်သို့ ပြန်လည် ခေါ်ဆောင်ရန် မစွမ်းနိုင်ပေ။ ထို့နောက် သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်ထဲသို့ ၀င်ပြီး နဂါးတစ်ကောင်နှင့် ဖီးနစ်နှစ်ကောင်၏ မြင်ကွင်းကို ဇာတ်အိမ်တည်လိုက်ရ တော့သည်။

ညအချိန်ရောက်မှသာ ချင်ယွင်သည် အင်မော်တယ်ဘုရင်၏ စံအိမ်ထဲမှ ထွက်ခွာလာ ခဲ့သည်။

ချင်ယွင်သည် မိုးကုပ်စက်ဝိုင်းရှိ နေဝင်ချိန်ကို ကြည့်ပြီး သူ၏ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ ဖော်မပြနိုင်လောက်အောင် သက်တောင့်သက်သာ ခံစားခဲ့ရသည်။

"အခု လေစွမ်းရည် လျှပ်တပြက်မိုင်တစ်သောင်းနိယာမကို ဖြတ်ကျော်ပြီးသွားပြီဆို တော့၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကို သွားရမယ့် အချိန်ရောက်ပြီ ထင်တယ်။" ချင်ယွင်သည် သူ့ကိုယ်သူ ပြုံးလိုက်မိသည်။

ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသည် ကြီးမားသော အင်မော်တယ် ဂြိုလ်ကမ္ဘာ ကြီး သုံးခုအတွင်း၌ တည်ရှိနေခြင်း မဟုတ်ဘဲ၊ ဖရိုဖရဲပင်လယ်ရှိ ကျွန်းတစ်ကျွန်း ပေါ်တွင် တည်ရှိနေခြင်း ဖြစ်သည်။ ဂြိုလ်ကမ္ဘာကြီးသုံးခု၏ ထူးချွန်သူများသည်သာ ဝင်ခွင့်စမ်းသပ်မူကို လက်ခံရန် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ ကောင်းကင် လေ အင်မော်တယ်တမန်တော်များကို ဆင့်ခေါ်နိုင်သည်။ အောင်မြင်ပြီးသူများသာ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသို့ တက်ရောက်ရန် အရည်အချင်း ပြည့်မီမည် ဖြစ်ပါသည်။

အခု၊ ချင်ယွင် လုပ်ဆောင်ရမည့်အရာက ကောင်းကင်လေအင်မော်တယ်တမန်တော်ကို ဆင့်ခေါ်ပြီး ကောင်းကင်လေအင်မော်တယ်တမန်တော်၏ စစ်ဆေးမှုကို ခံယူရန် ဖြစ်ပါသည်။

ဘန်း…။

ချင်ယွင်သည် လေဟာနယ်ထဲတွင် ထူးခြားသော အမှတ်အသားတစ်ခုကို သိပ်သည်းရန် အတွက် သူ၏ အင်မော်တယ် အနှစ်သာရကို အသုံးပြုလိုက်သည်။ ဤသည်မှာ အင်မော်တယ် သံတမန်ကို ခေါ်ယူခြင်း၏ လေဟာနယ် အမှတ်အသားပင် ဖြစ်သည်။

ဤအမှတ်အသားကို သူ ပြုလုပ်ပြီးသည်နှင့် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ သည် ၎င်းကိုလက်ခံရရှိပြီး စမ်းသပ်မူဖြေဆိုရန် ကောင်းကင်လေအင်မော်တယ် တမန်တော်များကို စေလွှတ်မည် ဖြစ်သည်။ ချင်ယွင် ဆက်လုပ်ရမည့်အရာမှာ စောင့်ဆိုင်းနေခြင်းပင် ဖြစ်သည်။

All Chapters