← Chapters

အခန်း ၇၉၈

Vol. 54 Ch. 798

အခန်း ၇၉၈

Vol. 54 Ch. 798

အခန်း (၇၉၈) ကောင်းကင်လေအင်မော်တယ်တမန်တော်။

မျက်လုံးတစ်မှိတ်အတွင်းမှာပင်၊ နောက်ထပ် ဆယ်ရက်ကြာသွားခဲ့သည်။ ဤဆယ်ရက် အတွင်းမှာ၊ ရန်စီချီနှင့် ချန်မင်ရှီတို့သည် တစ်ယောက်ပြီးတစ်ယောက် တံခါးပိတ် ကျင့်ကြံရာမှ ထွက်လာကြသည်။

ချင်ယွင်သည် တံခါးပိတ်ကျင့်ကြံခြင်း မပြုတော့ချေ။ ယင်းအစား၊ သူသည် အမျိုးသမီးလေးယောက်နှင့်အတူ ဤအချိန်တွေကို ကုန်ဆုံးပေးခဲ့ပါသည်။

ချင်ယွင်သည် ဤအမျိုးသမီးလေးဦးအား ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသို့ ခေါ်ဆောင်သွားရန် အစီအစဉ် မရှိချေ။ ထို့အပြင်၊ ၎င်းတို့အား အင်မော်တယ်ဖီးနစ် တောင်တွင် ထားခဲ့ခြင်းသည် ပို၍ ဘေးကင်းလုံခြုံမည် ဖြစ်ပါသည်။

ပထမဆုံးအနေဖြင့်၊ အင်မော်တယ်ဘုရင်၏စံအိမ်ဖြင့်ဆိုလျှင်၊ အင်မော်တယ်ဧကရာဇ် အဆင့် ကျွမ်းကျင်သူတွေတောင်မှ ထိုအရာကို မလှုပ်ခါနိုင်ပါဘူး။ အမျိုးသမီးလေးဦး သည် စံအိမ်အတွင်းမှာ နေထိုင်နေသမျှ အလွန် လုံခြုံပြီး အင်မော်တယ်ဘုရင်စံအိမ်ထဲ တွင် ကျွမ်းကျင်ပညာရှင်အဖွဲ့တစ်ဖွဲ့လည်း ရှိနေပါသည်။ အင်မော်တယ်ဖီးနစ်ခန်းမ၏ အင်အားကိုပါ ပေါင်းစပ်လိုက်ခြင်းဖြင့် ၎င်းတို့သည် ရွှေစွပ်ပြုတ်ကဲ့သို့ ကောင်းမွန်သည် ဟုပင် ဆိုနိုင်ပါသည်။ ထို့ကြောင့် ချင်ယွင်သည် အင်မော်တယ်ဖီးနစ်တောင်တွင် အမျိုးသမီးလေးယောက်ကို ထားခဲ့ခြင်းနှင့်ပတ်သက်ပြီး အလွန် စိတ်အေးသက်သာ ရှိပါသည်။

ချင်ယွင် ထွက်ခွာသွားမည့်ကြောင်း အမျိုးသမီးလေးယောက် ကြားသောအခါ၊ သူမတို့သည် သူနှင့်ခွဲခွာရန် အလွန်ဝန်လေးနေပုံရသည်။ သို့သော် ချင်ယွင်သည် ကျင့်ကြံရမည်ကို သူမတို့လည်း သိကြပါသည်။ အကယ်၍၊ သူမတို့အနေဖြင့်၊ သူ့နောက်ကို လိုက်သွားမည်ဆိုလျှင်ပင်၊ ချင်ယွင်သည် သူမတို့နှင့် အတူနေရန် အချိန်မရှိပါဘူး။ သူမတို့သည် အင်မော်တယ်ဘုရင်စံအိမ်ထဲတွင်သာ အစဉ်ထာဝရ နေကြရမည်။

ယင်းအစား၊ အင်မော်တယ်ဖီးနစ်တောင်မှာ နေထိုင်ခြင်းက ပိုကောင်းပါသည်။ ယင်းက သူမတို့အတွက် ပိုပြီးလွတ်လပ်ပါသည်။ ထို့ကြောင့် အမျိုးသမီးလေးဦးသည် ငိုကြွေးခြင်း မရှိသလို ပြဿနာလည်း မရှာတော့ပေ။ သူမတို့သည် ချင်ယွင်နှင့်အတူ စက္ကန့်တိုင်း မိနစ်တိုင်း ချစ်ခင်အမြတ်စွာ နေကြသည်။

သို့သော်၊ အချိန်ဆယ်ရက်သည် လျင်မြန်စွာ ကုန်ဆုံးသွားပြီး၊ နောက်ဆုံးတွင် ကောင်းကင်လေအင်မော်တယ်တမန်တော်က ရောက်ရှိလာသည်။

ဘန်း…။

စွမ်းအင်အတက်အကျ လှိုင်းလုံးတွေက ကောင်းကင်မှ ထွက်ပေါ်လာပါသည်။ အဖြူရောင် အင်မော်တယ်ဝတ်စုံကို ဝတ်ဆင်ထားသည့် အဖိုးအိုတစ်ဦးသည် အင်မော်တယ်ဖီးနစ်ခန်းမ၏ အထက်ကောင်းကင်ယံတွင် ပေါ်လာပါသည်။ ဤလူ၏ အဖြူရောင်ဝတ်ရုံတွင် ထူးဆန်းသော အမှတ်အသားတစ်ခုလည်း ရှိနေပါသည်။ ၎င်းသည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ အမှတ်အသား ဖြစ်ပါသည်။

"ငါ့ရဲ့ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကို ဘယ်သူက ဆင့်ခေါ်လိုက်တာလဲ?။" အဖြူရောင်ဝတ် အဘိုးကြီးသည် ပေါ်လာသည်နှင့် တပြိုင်နက် ကျယ်လောင်စွာ အော်ပြောလိုက်သည်။ သူ၏အသံသည် ခေါင်းလောင်းသံကဲ့သို့ ကျယ်လောင်ပြီး အင်မော်တယ်ဖီးနစ်တောင်တန်းတစ်ခုလုံး ပဲ့တင်ထပ်နေသည်။

ဤအသံကြောင့် လူအများအပြားသည် အင်မော်တယ်ဖီးနစ်ခန်းမ၏ ထိပ်တွင် ချက်ချင်း စုရုံးလာခဲ့ကြသည်။ ၎င်းတို့အားလုံးသည် အင်မော်တယ်ဖီးနစ်ခန်းမ၏ တပည့်များ ဖြစ်ကြပါသည်။ ထုံးစံအတိုင်း၊ သူတို့သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ အကြောင်းကို ကြားဖူးကြသည်မို့၊ ကောင်းကင်လေအင်မော်တယ်တမန်တော် ထွက်ပေါ်လာခြင်းက သူတို့ကို အဆုံးမရှိ အံ့သြစေသည်။

"ကောင်းကင်လေနတ်ဘုရား အကယ်ဒမီလား…”။ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီကို တစ်ယောက်ယောက်က ဝင်ရောက်ချင်တာများ ဖြစ်နိုင်မလား?။" အင်မော်တယ်ဖီးနစ်ခန်းမမှ တပည့်များသည် စတင်ဆွေးနွေးကြသည်။

"ကောင်းကင်လေ အင်မော်တယ်တမန်တော်က ထွက်ပေါ်လာခဲ့ပြီ။ တစ်စုံတစ်ယောက် က သူ့ကို ဆင့်ခေါ်ထားထာ ဖြစ်ရမယ်။ အဲဒီလူက အတိအကျ ဘယ်သူလဲ?။" နောက်တပည့်ကပြောတယ်။

"ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ စမ်းသပ်မူက မင်းတို့ငါတို့ သာမန်လူတွေ ပါဝင်နိုင်တဲ့အရာ မဟုတ်ဘူးလို့ ငါကြားဖူးတယ်။ တကယ်လို့ သတိမထားဘူးဆိုရင်၊ သေသွားနိုင်တယ်တဲ့။" တပည့်တစ်ဦးက ပြောသည်။

"ဟုတ်တယ်၊ အဲဒါက အရမ်းကို ခက်ခဲလွန်းတယ်။ တကယ်လို့ ဖြတ်ကျော်ချင်တယ်ဆို ရင်တော့ ကောင်းကင်ဘုံကို တက်ရတာနဲ့ အတူတူပဲလို့ ပြောလို့ရတယ်။" လူအုပ်ထဲက တပည့်တစ်ယောက်က ပြောလိုက်ပြန်သည်။

ဆွေးနွေးပွဲတွေ တစတစ မြင့်တက်လာသည်။

"ကျွန်တော်ပါ.." သို့သော်လည်း ထိုအခိုက်အတန့်တွင်၊ အလားတူ ကျယ်လောင်သော အသံတစ်ခု ထွက်ပေါ်လာပြီး ဆူညံနေသော ဖရိုဖရဲ မြင်ကွင်းကို ဖြိုခွင်းလိုက်သည်။ ချင်ယွင်သည် လူအုပ်ထဲမှ ထွက်လာခဲ့သည်။

"ဒီလူက ဘယ်သူလဲ၊ သူ့ကို ဘာလို့ အရင်က မတွေ့ဖူးတာလဲ၊ သူက အင်မော်တယ် ဖီးနစ်ခန်းမကနေ ကောင်းကင်လေ အင်မော်တယ်တမန်တော်ဆင့်ခေါ်ဖို့ သတ္တိရှိတာ လား?။ သူက ငါတို့ အင်မော်တယ် ဖီးနစ်ခန်းမကပဲလား?” အစစ်အမှန် အင်မော်တယ် တစ်ဦးက ဆိုသည်။

"မသိဘူး၊ ဒါပေမယ့် ငါ အကြိမ်အနည်းငယ်တော့ တွေ့ဖူးတယ်။ သူနဲ့အတူ အမျိုးသမီးလေးယောက်လည်း ရှိနေတယ်။ သူမတို့အားလုံးကလည်း ထိပ်တန်းအဆင့် အလှပိုင်ရှင်တွေချည်းပဲ" တစ်စုံတစ်ယောက်က ချင်ယွင်ကို မနာလိုစိတ်နှင့် ကြည့်ရင်း ပြောလိုက်သည်။

"ဟမ့်၊ ဆိုတော့၊ အဲဒီအလှပိုင်ရှင် အမျိုးသမီးလေးယောက်စလုံးက သူ့မိန်းမတွေပေါ့။ သူမတို့ကို အရင်က အကြိမ်အနည်းငယ် တွေ့မြင်ဖူးတယ်။ သူမတို့အားလုံးက အလွန်လှပတဲ့ တည်ရှိမှုတွေပဲ။ ဒီကောင်က သူ့ရဲ့ လွတ်လပ် ပေါ့ပါးတဲ့ နေ့ရက်တွေနဲ့ မနေဘဲ၊ ကောင်းကင်လေ အင်မော်တယ်တမန်တော်တချို့ကို ဆင့်ခေါ်ချင်နေတယ်။ ဖြစ်နိုင်တာက သူက သေခြင်းတရားကို တောင်းခံချင်နေတာများလား?" လူတစ်​​ယောက်က​ ​အေးစက်​စွာ ​ပြော​လိုက်​သည်​။

ချင်ယွင်၏ ထွက်ပေါ်လာမူသည် နောက်ထပ် ရုတ်ရုတ်သဲသဲ အဖြစ်ပျက်ကို ဖြစ်စေခဲ့ သည်။ ချင်ယွင်သည် အိုးရန်ကျင်းကို သူ့မည်သူမည်ဝါ ဖြစ်ကြောင်း ထုတ်ဖော်မပြောရန် ညွှန်ကြားထားသောကြောင့် အင်မော်တယ်ဖီးနစ်၏ တပည့်များသည် မည်သူမျှ ချင်ယွင်၏ ကိုယ်ရေးအချက်လက်ကို မသိခဲ့ကြပေ။

"မင်းက ကောင်းကင်လေ အင်မော်တယ်တမန်တော်ကို ဆင့်ခေါ်တဲ့လူလား?" ကောင်းကင်ယံရှိ အဖိုးအိုက ချင်ယွင်ကို ကြည့်ပြီး ပြောလိုက်ပါသည်။

"ဟုတ်ကဲ့ပါ၊ စီနီယာ..။" ချင်ယွင်က ခေါင်းညိတ်ပြပြီး သူ၏မျက်လုံးတွေထဲ အံ့အားသင့်သည့် အရိပ်အယောင်တွေ ထင်ဟပ်နေသည်။

ဤအဘိုးအိုသည် အမှန်တကယ်ပင် အင်မော်တယ်ဘုရင်အဆင့်ရှိ ကျွမ်းကျင်သူတစ်ဦး ဖြစ်ပြီး၊ ၎င်းသည် အလယ်အလတ်အဆင့် အင်မော်တယ်ဘုရင်နယ်ပယ်တွင် ရှိနေခဲ့ သည်။

ချင်ယွင်သည် ကောင်းကင်ယံမှ အဖိုးအိုကို ကြည့်နေချိန်မှာ ကောင်းကင်ယံမှ အဖိုးအိုကလည်း ချင်ယွင်ကို ကြည့်နေပါသည်။ သို့သော်လည်း၊ သူသည် အချိန်အတော်ကြာအောင် ရှာဖွေစူးစမ်းပြီးနောက် ချင်ယွင်နှင့် ပတ်သက်၍ အထူးတလည် မည်သည့်အရာမှ မတွေ့ခဲ့ရပေ။

"ဟမ့်၊ နောက်တစ်ယောက်က သေချင်နေတာများလား?။" အဖြူရောင်ဝတ် အဘိုးကြီးသည် သူ၏စိတ်နှလုံးထဲတွင် လှောင်ရယ်နေမိသည်။

သူသည် ကောင်းကင်လေ အင်မော်တယ်တမန်တော်ဖြစ်ခဲ့သည်မှာ နှစ်ပေါင်းငါးရာရှိပြီ ဖြစ်သောကြောင့် ကောင်းကင်လေအင်မော်တယ်တမန်တော်အား ဆင့်ခေါ်ရန် ခွန်အားနှင့် အရည်အချင်း မပြည့်မီသော အပေါင်းအဖော်များစွာကို သဘာဝအတိုင်း မြင်တွေ့ခဲ့ဖူးပြီ။ နောက်ဆုံးတွင် ၎င်းတို့အားလုံးသည် သနားစဖွယ် သေဆုံးခြင်းနှင့် အတူ အဆုံးသတ်သွားခဲ့ရသည်။ ရှင်းပါသည်၊ သူ၏မျက်လုံးထဲမှာ ဤလူငယ်သည် လည်း အတူတူပင် ဖြစ်ပါသည်။

သို့သော်၊ ချင်ယွင်က ကောင်းကင်လေတမန်တော်ဆင့်ခေါ်မှုကို ထုတ်ပြန်ပြီးကတည်း က၊ သူသည် စမ်းသပ်မူအတွက် ပြီးစီအောင် လုပ်ဆောင်ပေးရမည်။ ထို့ကြောင့် အဖိုးအိုသည် ချင်ယွင်ကို ကြည့်ကာ ပြောလိုက်သည် "ကောင်လေး၊ မင်းနာမည် ဘယ်လိုခေါ်လဲ" ဟု မေးလိုက်သည်။

" ချင်ယွင်ပါ” ချင်ယွင်က ပြတ်ပြတ်သားသား ပြန်ပြောသည်။

အင်မော်တယ်ကမ္ဘာတွင် ချင်ယွင်ဟုခေါ်သည့် လူပေါင်းများစွာရှိသောကြောင့် ချင်ယွင် သည် သူ့ရန်သူများ၏ အာရုံစူးစိုက်မှု ခံရမည်ကို မစိုးရိမ်ပါ။

မျှော်လင့်ထားသည့်အတိုင်း အဖြူရောင်ဝတ် အဖိုးအိုသည် ဤအမည်ကို ကြားသော အခါတွင်၊ သူ၏မျက်နှာပေါ်မှာ မည်သည့်တုံ့ပြန်မှုမျိုးမှ မရှိခဲ့ပေ။ သူက ချင်ယွင်ကို ကြည့်လိုက်ပြီး ပြောသည် "ချင်ယွင် ဟုတ်တယ်မလား?။ မင်းက ကောင်းကင်လေ တမန်တော်ကို ဆင့်ခေါ်ပြီးပြီဆိုကတည်းက၊ မင်းအနေနဲ့ စမ်းသပ်မူတွေကို ဆက်လုပ်ရတော့မယ်။ အခု မင်ရဲ့ စမ်းသပ်မူကို စပြီး လက်ခံလိုက်ကြရအောင်။"

ထိုစကားကို ကြားတော့ ချင်ယွင်၏မျက်နှာက လေးနက်လာသည်။

"ငါတို့ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ စမ်းသပ်မူတွေကို ပါရမီအရည်အချင်း၊ ခွန်အားနှင့် စိတ်နေစိတ်ထားဆိုပြီး အဆင့်သုံးဆင့် ခွဲခြားထားတယ်။ ပထမဆုံးအနေနဲ့ ငါ ပြောချင်တာက၊ အဆင့်သုံးဆင့်လုံးကို ဖြတ်ကျော်ပြီး ရောက်ရှိလာသူတွေကိုသာ ငါတို့ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကို တက်ရောက်ရန် အရည်အချင်း ပြည့်မီတယ် ။ မင်း နားလည်ရဲ့လား?။" အဖြူရောင်ဝတ် အဘိုးအိုက ပြောသည်။

"နားလည်ပါပြီ” ချင်ယွင်က ခေါင်းညိတ်လိုက်သည်။

ဤအကြောင်းအရာတွေကို သူသည် အရင်ကတည်းက ကြားဖူးပြီး ဖြစ်သည့်အတွက် ဤစည်းကမ်းတွေကို သူသိထားတာ ကြာလှပါပြီ။

"ကောင်းပြီလေ၊ မင်း နားလည်ပြီဆိုတော့ အရည်အချင်းစစ် ပထမအကျော့ကို စလိုက်ကြရအောင်။" အဖြူရောင်ဝတ် အဘိုးအိုက ပြောသည်။

ထိုသို့ပြောပြီးသည်နှင့်၊ သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်းလိုက်သောအခါ၊ ကြေးဝါမှန်ကြီးတစ်ချပ် ပေါ်လာပါသည်။

'"ဒါက ငါတို့ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ စမ်းသပ်ပွဲတွေအတွက် အသုံးပြုတဲ့ ကောင်းကင်လေနတ်ဘုရားကြေးဝါမှန်ကြီးပဲ။ မင်းက ကြေးဝါ မှန်အောက် ကို ရောက်သွားတာနဲ့ ကြေးဝါမှန်ပေါ်မှာ မှတ်ချက်တစ်ခု ပေါ်လာလိမ့်မယ်။ ပထမအဆင့်ကို ရောက်ရှိနိုင်တဲ့ ဘယ်သူမဆို စမ်းသပ်မူအောင်မြင်ပြီလို့ ယူဆနိုင် တယ်။ မင်း ဒုတိယအဆင့်ဆိုလျှင်၊ ကျရှုံးတယ်လို့ သတ်မှတ်ရမယ်။ တကယ်လို့၊ မင်းသာ ကြေးဝါမှန်ပေါ်မှာ တတိယအဆင့်ကို ရောက်သွားမယ်ဆိုရင်တော့၊ ဒီကြေးဝါ မှန်က မင်းကို တိုက်ရိုက်သတ်ပစ်လိမ့်မယ်။ အဖြူရောင်ဝတ် အဘိုးအိုက ပြောသည်။

"အဆင့်သုံးဆို သုတ်သင်ပစ်မှာလားလား..?" အဝေးမှ တပည့်များသည် ထိုစကားကို ကြားလျှင်၊ သူတို့မျက်နှာတွေက တုန်လှုပ်သွားကြသည်။ သူတို့အားလုံးသည် ချင်ယွင်ကို တစ်ခုခုအောင်မြင်ဖို့ မျှော်လင့်နေရင်း၊ ချင်ယွင်ကို ကြည့်နေကြသည်။

သို့သော် သူတို့၏အမြင်တွင် ချင်ယွင်သည် အဆင့်တစ်သို့ ရောက်ရှိရန် အခွင့်အလမ်း အလွန်နည်းပါးပါသည်။ အဆင့်နှစ်သည်ပင် အခွင့်အရေး အလွန်နည်းပါးလွန်းသည်။ ထို့ကြောင့်၊ သူတို့သည် ချင်ယွင် အသတ်ခံရမည့် အခွင့်အလမ်းက ပို၍မြင့်မားနေသည် ဟု ထင်မြင်မိကြသည်။

ချင်ယွင်သည် ခပ်ဖျော့ဖျော့ ပြုံးလိုက်မိသည်။ အကယ်၍၊ သူသာ ပါရမီအရည်အချင်း အရ အဆင့်တစ်သို့ မတက်လှမ်းနိုင်ဘူးဆိုရင်၊ ဒီကမ္ဘာမှာ အဆင့်တစ်လူတွေ ရှိတော့မှာ မဟုတ်ပါဘူး။ သို့သော်၊ ချင်ယွင်သည် ဤကြေးဝါမှန် သူ့ကို မည်သို့ မှတ်ချက်ပေး မည်ကို အလွန်သိချင်နေခဲ့သည်။

ထို့ကြောင့် ချင်ယွင်သည် ကြေးဝါမှန်အောက်သို့ လမ်းလျှောက်လာခဲ့သည်။ ချင်ယွင် သည် ကြေးဝါမှန်ထဲသို့ လမ်းလျှောက်သွားစဉ်၊ ကြေးဝါမှန်ထဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်၏အသွင်ပြင်ကို ဘက်ပေါင်းစုံမှ လင်းထိန်သွားစေသည်။

ချင်ယွင်သည် သူ၏ပတ်ဝန်းကျင်ရှိ အလင်းတန်းများမှ ထူးဆန်းသော စွမ်းအင် အတက်အကျလှိုင်းကို ခံစားလိုက်ရပြီးနောက် ကြေးဝါမှန်တစ်ခုလုံး တုန်ခါလာသည်။

"ကြည့်စမ်း၊ ကြေးဝါမှန်က တုန်နေတယ်။ ဒီလူကို သတ်ဖို့အတွက် စွမ်းအားတွေ စုဆောင်းဖို့ ကြိုတင်ပြင်ဆင်နေတာများလား?။" လူအုပ်ထဲမှ တစ်စုံတစ်ယောက်သည် ချက်ခြင်း သတိပေးနှိုးဆော်သံဖြင့် အော်ဟစ်လိုက်သည်။ တစ်ချို့လူတွေကတော့ ချင်ယွင်၏ ကံကြမ္မာအတွက် ရင်ခုန်နေကြပြီး၊ တချို့ကတော့ သနားသည့်အမူရာ ပြသကြသည်.

သို့သော် အဖြူရောင်ဝတ် အဘိုးကြီးသည် ကောင်းကင်ယံတွင် ရင်းနေရင်း၊ မျက်မှောင်ကြုတ်နေသည်။ သူ၏မှတ်ဥာဏ်ထဲမှာ ကြေးဝါမှန်သည် အရင်က ယခုလိုမျိုး မတုန်လှုပ်ခဲ့ဖူးပါဘူး။ ၎င်းကြေးဝါမှန်သည် သုတ်သင်ရှင်းလင်းလိုလျှင်၊ ရွှေရောင် အလင်းတန်းများ ထွက်ပေါ်လာပြီးနောက် စမ်းသပ်မူဖြေဆိုသူအား ချက်ခြင်းပင် ပြာဖြစ်သွားစေသည်။ ယခုလို တုန်လှုပ်ခြင်းမျိုး လုံးဝ မရှိခဲ့ပေ။

"ဖြစ်နိုင်တာက၊ ကြေးဝါမှန်က ပျက်နေလို့များလား?" အဖြူရောင်ဝတ် အဘိုးကြီးသည် သူ့ကိုယ်သူ တွေးကြည့်သည်။

သို့သော် ဤအခိုက်တွင်၊ ကြေးဝါမှန်မှ လှိုင်းလုံးကြီးတစ်ခု ထွက်ပေါ်လာပြီး လေဟာနယ်ထဲတွင် ရွှေရောင်စကားလုံးကြီးအချို့ ပေါ်လာလေသည်။

All Chapters