အခန်း ၈၀၀
Vol. 54 Ch. 800
အခန်း (၈၀၀) စမ်းသပ်မူကို ဖြတ်ကျော်ခြင်း။
ချင်ယွင်သည် နွေဦးလေပြေလေညှင်းတွင် လေညှင်းခံနေသကဲ့သို့ ဖြစ်နေစဉ်မှာ၊ ကမ်းပါးစပ်သို့ ပြုတ်ကျလာသော လူထွားကြီးကို ကြည့်ရင်း၊ သူ၏ပါးစပ်ထောင့်တွင် အပြုံးမပျက်သော အပြုံးတစ်ခုက ခိုတွဲနေပါသည်။
ယခုအချိန်မှာတော့ သူ၏ လေစွမ်းရည်နိယာမ လျှပ်တပြက် မိုင်တစ်သောင်းသည် သေးငယ်သော အောင်မြင်မူအဆင့်ကို ရောက်ရှိနေခဲ့ပါပြီ။ သူ၏အမြန်နှုန်းသည် လျှပ်တပြက် ကီလိုမီတာတစ်ရာအဆင့်ကို ရောက်ရှိနေပြီ။ ထို့အပြင်၊ သူ၏ခန္ဓာကိုယ်ရှိ ဖရိုဖရဲ အင်မော်တယ် အနှစ်သာရ၏ စွမ်းအင်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်အောက် မနိမ့်ကျတော့ပေ။ ဤလူထွားကြီးကို ချက်ချင်း သတ်ဖြတ်နိုင်ခြင်းက သူ့အတွက် ပုံမှန်ပင် ဖြစ်သည်။ ထို့ကြောင့် ချင်ယွင်သည် သူ၏စိတ်ထဲတွင် ဂုဏ်ယူဝင့်ကြွားမူ အနည်းငယ်မျှ မရှိခဲ့ပေ။
သို့သော်၊ အင်မော်တယ်ဖီးနစ်ခန်းမ တပည့်များ၏ အမြင်တွင်မူ၊ ဤအရာသည် အလွန် တုန်လှုပ်စရာကောင်းသော ကိစ္စဖြစ်သည်။ အစောပိုင်းအဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်မှ ကျွမ်းကျင်သူတစ်ဦးသည် နိယာမအဆင့်သို့ တက်လှမ်းထား သော လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အစောင်ပိုင်းအဆင့် ကျွမ်းကျင်သူ တစ်ဦးကို ချက်ချင်း သတ်ပစ်လိုက်သည်။ ဤအရာကို မည်သူမှ ယုံကြည်ကြမှာ မဟုတ်ပါဘူး။
"သူ ကောင်းကင်လေတမန်တော်ကို ဆင့်ခေါ်ဝံ့တာ အံ့သြစရာ မဟုတ်တော့ဘူး။ သူ့မှာ ဒီလိုခွန်အားတွေ ရှိနေတာပဲ" အင်မော်တယ် ဖီးနစ်ခန်းမ၏ တပည့်များသည် ချင်ယွင် ကို လျှော့တွက်ခဲ့မိကြောင်းကို ယခုမှသာ သိရှိသွားကြပြီး၊ ချင်ယွင်အပေါ် ၎င်းတို့၏ အကြည့်များသည် အထင်အမြင်သေးခြင်းအဖြစ်မှ ရိုသေလေစားခြင်း အဖြစ်သို့ ပြောင်းလဲသွားကြသည်။
"ချင်ယွင်၊ ဒုတိယစမ်းသပ်မူကို အောင်မြင်တဲ့အတွက် ဂုဏ်ယူပါတယ်။ နောက်ဆုံး စမ်းသပ်မှုတစ်ခု ကျန်နေသေးတယ်။ အဲဒီစိတ်ပိုင်းဆိုင်ရာ စစ်ဆေးမှုကို အောင်မြင်တာ နဲ့၊ မင်းက ငါတို့ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ တပည့်တစ်ဦး ဖြစ်လာနိုင် ပါပြီ" အဖြူရောင်ဝတ် အဘိုးအို၏လေသံသည် ပို၍ နူးညံ့လာပြီး ချင်ယွင်ကို စူးစူးစိုက်စိုက် ကြည့်ကာ ချီးမွမ်းလိုက်သည်။
ချင်ယွင်က ခပ်ဖျော့ဖျော့ ပြုံးလိုက်သည်။ အမှန်တော့ ဤကမ္ဘာကြီးသည် ဤပုံစံအတိုင်း ဖြစ်ပါသည်။ အခြားလူများ၏ လေးစားမှုကို ခံယူနိုင်ရန်အတွက် ခွန်အားရှိနေရမည်။
"ချင်ယွင်၊ မင်းရဲ့ပထမဆုံး စမ်းသပ်မှုနှစ်ခုက အရမ်းကို ကောင်းမွန်တယ်" ဒါပေမယ့် တတိယအကြိမ်မြောက် စမ်းသပ်မူက ပိုလို့တောင် ခက်ခဲလိမ့်မယ်။ မြင့်မားတဲ့ ပါရမီအရည်အချင်းတွေ အစွမ်းထက်တဲ့ ခွန်အားတွေ ရှိနေရုံနဲ့ မလုံလောက်သေးဘူး။ နောက်ဆုံး မင်းအနေနဲ့ ကျွမ်းကျင်သူတစ်ယောက် မဖြစ်ခင်မှာ ခိုင်မာတဲ့ ခံယူချက် ရှိဖို့လိုတယ်။ ဒါကြောင့်၊ ခိုင်မာတဲ့စိတ်ထားက အထူးအရေးကြီးတယ်။ ဒီတတိယ အချီကတော့ မင်းရဲ့တာအိုနှလုံးသား ဘယ်လောက်ခိုင်မာလဲဆိုတာ စမ်းသပ်မှာပဲ။ မင်း အဆင်သင့်ဖြစ်ပြီလား?” အဖြူရောင်ဝတ် အဘိုးအိုက ဆက်ပြောသည် ။
“စီနီယာ၊ ကျေးဇူးပြုပြီး စမ်းသပ်မူကို စလိုက်ပါ” ချင်ယွင်သည် ကောင်းကင်ယံမှ အဖြူရောင်ဝတ် အဘိုးအိုအား ပြောလိုက်သည်။
အဖြူရောင်ဝတ် အဘိုးအိုသည် ခေါင်းညိတ်ပြပြီး သူ၏ဝတ်စုံလက်မောင်းကို ဝှေ့ယမ်း လိုက်သည်နှင့် တောက်ပသော ပုလဲတစ်လုံးသည် လူတိုင်း၏ အမြင်အာရုံတွင် ပေါ်လာသည်။
"ဒါက စိတ်ဝိညာဉ်စုပ်ယူခြင်းပုလဲပဲ"။ ဒါက အဆင့်နိမ့် အကြီးမြတ်ဆုံး အင်မော်တယ် ပစ္စည်းတစ်ခုဖြစ်တယ်။ ပြီးတော့ စိတ်ဝိညာဉ်စုပ်ယူခြင်းစွမ်းရည်ကို ပိုင်ဆိုင်ထားတယ်။ အမွှေးတိုင်တစ်ချောင်း ထွန်းညှိအချိန်အတွင်း စိတ်ဝိညာဉ်စုပ်ယူခြင်းပုလဲထဲကနေ ပြန်ထွက်လာနိုင်တဲ့ ဘယ်သူမဆို အဆင့်တစ်နဲ့ အောင်မြင်တယ်လို့ သတ်မှတ်တယ်။ အမွှေးတိုင်တစ်ချောင်း ထွန်းညှိအချိန်အတွင်း စိတ်ဝိညာဉ်စုပ်ယူခြင်းပုလဲထဲကနေ ပြန်ထွက်လာဖို့ ကျရှုံးသွားမယ်ဆိုရင်တော့၊ အဲဒီလူဟာ ပုံရိပ်ယောင်တွေကြားမှာ ထာဝစဉ် နစ်မြုပ်သွားမှာဖြစ်ပြီး၊ သူတို့ဟာ ဘယ်တော့မှ ပြန်ထွက်လာနိုင်မှာ မဟုတ်တော့ဘူး” အဖြူရောင်ဝတ် အဘိုးအိုက ပြောသည်။
အဝေးမှ တပည့်များသည် ထိုစကားကို ကြားလိုက်ရလျှင်၊ သူတို့အားလုံး အံ့ဩသွားကြ သည်။
အကယ်၍၊ သူသည် နှစ်နာရီအတွင်း ပြန်မထွက်လာနိုင်ဘူးဆိုလျှင်၊ သူသည် အသက်ရှင်နေလျှက်နှင့် လူသေတစ်ယောက် ဖြစ်သွားမည်ဖြစ်ပြီး၊ ပုံရိပ်ယောင်တွေ ကြားမှ အစဉ်ထာဝရ နစ်မြုပ်သွားလိမ့်မည်။ ဤအဖြစ်ပျက်က သေသည်ထက်ပင် ပိုဆိုးဝါးပါသည်။
သို့သော် ချင်ယွင်၏ အမူအရာက လုံးဝ ပြောင်းလဲသွားခြင်း မရှိပေ။ သူသည် အလွန် တည်ငြိမ်နေပါသေးသည်။ သူ၏ခန္ဓာကိုယ်ပေါ်ရှိ အစိမ်းရောင်ကြာပန်းစည်းတံဆိပ်ဖြင့် ဆို၊ ပုံရိပ်ယောင်များက သူ့အပေါ် လုံးဝ သက်ရောက်မှု မရှိနိုင်ပေ။ ထို့အပြင် ချင်ယွင်၏ စိတ်သည် ကနဦးစကြာဝဠာနှင့် ဆက်စပ်နေသေးသည်။ အမှန်တကယ် ဖြစ်လာလျှင် ပင်၊ သူ၏စိတ်ဆန္ဒသည် အလွယ်တကူ လှုပ်ခါသွားနိုင်ပါသည်။
ဘန်း..။
စိတ်ဝိညာဉ်စုပ်ယူခြင်းပုလဲမှ အလင်းတန်းတစ်ခု ထွက်ပေါ်လာပြီး ချင်ယွင်၏ မျက်ခုံးနှစ်ခုကြားသို့ ချက်ချင်း ဝင်ရောက်လာသည်။ ယင်းနောက်တွင် ချင်ယွင်သည် သူ၏ စိတ်ဝိညာဉ်အရင်းမြစ်အပေါ် သက်ရောက်မှုကို ခံစားလိုက်ရသည်။
သို့သော် ဤစွမ်းအားသည် အစိမ်းရောင်ကြာပန်းစည်းတံဆိပ်မှ ဖွဲ့စည်းထားသော စိတ်ဝိညာဉ် အကာကွယ် အတားအဆီးကို မဖြတ်ကျော်မီ အစိမ်းရောင်ကြာပန်း စည်းတံဆိပ်အတွင်းရှိ စွမ်းအင်များဖြင့် လုံးလုံးလျားလျား သုတ်သင်ခံလိုက်ရသည်။
"အယ်?"
ကောင်းကင်ယံမှ အဖြူရောင်ဝတ် အဘိုးအိုသည် ချင်ယွင်၏ အကြည့်ကို မြင်လိုက်ရသည့်အခါ၊ သူသည် ခဏလောက် မှင်တက်သွားပြီး ပြန်လည်ကြည်လင် လာသည်။ သူ၏မျက်နှာသည် ချက်ချင်းပင် တုနှိုင်းမရအောင် အံ့အားသင့်သွားသည့် အမူအရာ ပေါ်လာသည်။
ဤစိတ်ဝိညာဉ်စုပ်ယူခြင်းပုလဲသည် အလွန် အစွမ်းထက်သည်။ သာမာန်အားဖြင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အထွတ်အထိပ်အဆင့် ကျွမ်းကျင်သူများ ပင်၊ ဤစိတ်ဝိညာဉ်စုပ်ယူခြင်းပုလဲမှ ရုန်းထွက်ရန် ခက်ခဲလိမ့်မည်။ အလွန်မင်း သန်မာသော စိတ်ပိုင်းဖြတ်မူ ခိုင်မာသူများသာလျှင်၊ အမွှေးတိုင်တစ်ချောင်း ထွန်းညှိချိန် အတွင်း စိတ်ဝိညာဉ်စုပ်ယူခြင်းပုလဲမှ ရုန်းထွက်နိုင်ပြီး၊ သူတို့အကယ်ဒမီ၏ ပါရမီ အရည်အချင်း အရှိဆုံး ကျောင်းသားများသည်ပင် အသက်ရူချိန် ဆယ်နှစ်နီးပါးအထိ အချိန်ယူရသည်။
သို့သော်၊ မျက်စိတစ်မှိတ် အတွင်းမှာပင် ချင်ယွင်၏ ကျင့်ကြံခြင်းပညာရပ်သည် စိတ်ဝိညာဉ်စုပ်ယူခြင်းပုလဲ၏ လွှမ်းမိုးမှုကို ဖယ်ရှားနိုင်ခဲ့သည်။ ဤသည်မှာ မထင်မှတ်စရာဟု ပြောလို့ရပါသည်။
"ချင်ယွင်၊ တတိယစမ်းသပ်မူကို အောင်မြင်ပြီး၊ ငါတို့ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီရဲ့ တပည့်ဖြစ်လာတဲ့အတွက် ဂုဏ်ယူပါတယ်။" အဖြူရောင်ဝတ် အဘိုးအိုက ပြောသည်။
"ဘာလဲ၊ အားလုံး ပြီးသွားပြီလား? မစသေးဘူးလို့ ဘာလို့ ငါတို့ ခံစားနေရတာလဲ?" အင်မော်တယ် ဖီးနစ်ခန်းမမှ တပည့်များအားလုံး အံ့အားသင့်ဟန် အမူအရာများကို ထုတ်ဖော်လာကြသည်။
သူတို့သည် မစသေးဘူးဟု တွေးနေခဲ့သည်။ ချင်ယွင်သည် အမှန်တကယ် ကျော်ဖြတ် နိုင်မည်ဟု သူတို့ မမျှော်လင့်ထားခဲ့ကြပေ။ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ တတိယအကြိမ်မြောက် စမ်းသပ်မူသည် အလွန်လွယ်ကူမည်ဟု သူတို့ မထင်ခဲ့ကြပေ။ ချင်ယွင်သည် အလွန်ရက်စက်လွန်းသည်ဟုသာ ပြောနိုင်ကြသည်။
ချင်ယွင်သည် ပြုံးလိုက်ပါသည်။ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ စမ်းသပ်မူ များသည် အလွန်ပုံမှန်မဟုတ်သော်လည်း သူ့အတွက်မူ လွယ်ကူပါသည်။ အကယ်၍၊ သူသည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ စမ်းသပ်မူကိုပင် မဖြေဆိုနိုင်ခဲ့ပါက ချင်လန်ကို အနိုင်ယူရန် သူ မည်သည့်အရာကို အသုံးပြုနိုင်တော့မည်နည်း?။
"ချင်လန်၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီမှာ မင်း ငါ့ကို တွေ့တဲ့အခါ မင်းမျက်နှာ ဘယ်လိုအမူအရာမျိုး ရှိနေမယ်ဆိုတာ ငါ ကြည့်ချင်မိတယ်" ချင်ယွင်၏ နှုတ်ခမ်းထောင့်စွန်းများသည် အေးစက်သော အပြုံးတစ်ခုအဖြစ်သို့ တွန့်ကွေးသွားခဲ့ သော်လည်း သူ၏မျက်လုံးများသည် ခက်ထန်သော အလင်းရောင်များဖြင့် တောက်ပနေသည်။
ဤတစ်ကြိမ်တွင်၊ သူသည် သူ၏ခွန်အားကို မြှင့်တင်ရန်သာမက ချင်လန်ကို ယှဉ်ပြိုင်ပြီး၊ ချင်လန်သည် သူ့ကိုယ်ပိုင် ဖရိုဖရဲ အင်မော်တယ် အရိုးကို ရယူထား သော်လည်း၊ သူသည် သူ့ထက် သာလွန်နေသေးကြောင်း သူ့အား သိစေချင်ခဲ့သည်။
"ချင်ယွင်၊ ပြင်ဆင်စရာရှိတာ ပြင်ဆင်ပြီး၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီကို ငါနဲ့အတူ လိုက်ခဲပါ။" အဖြူရောင်ဝတ် အဘိုးအိုက ကောင်းကင်ယံမှပင် ထပ်ပြော လိုက်သည်။
"ဟုတ်ကဲ့ပါ၊ စီနီယာ.." ချင်ယွင်က ပြန်ဖြေလိုက်သည်။ ထိုစကားကို ပြောပြီးနောက် ၊ သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်ဆီသို့ လျှောက်သွားပြီး၊ မိန်းမလေးယောက်ကို နှုတ်ဆက်ချင်သည်။
အဝေးမှာရှိနေသော အင်မော်တယ်ဖီးနစ်ခန်းမ၏ တပည့်များသည် အဖြူရောင်ဝတ် အဘိုးအို၏ စကားကို ကြားသောအခါ၊ ချင်ယွင်ကိုကြည့်သည့် သူတို့၏ အကြည့်တွေက မနာလိုခြင်းများနှင့် ပြည့်နှက်နေပါသည်။
ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသည် အင်မော်တယ်ကမ္ဘာရှိ လူငယ်တိုင်း အိပ်မက် မက်ခဲ့ရသော နေရာတစ်ခု ဖြစ်သည်။ ကျင့်ကြံရန်အတွက် ကောင်းကင်လေ နတ်ဘုရား အကယ်ဒမီသို့ ဝင်ရောက်နိုင်ခြင်းသည် တုနှိုင်းမရသည့် ပါရမီရှင်များ၏ ဖြစ်တည်မှု တစ်ခုဖြစ်သည်။ ထိုလူများ မည်သည့်နေရာကို သွားနေပါစေ၊ အလွန်မင်း ရိုသေလေးစားမူ ခံကြရလိမ့်မည်။ ထို့ကြောင့် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ သို့ ဝင်ရောက်ရခြင်းသည် အရင်ဆုံး ထိုကဲ့သို့ ဂုဏ်အသရေမျိုးကို ကိုယ်စားပြုပါသည်။
ချင်ယွင် ထွက်သွားတော့မည်ဟု အမျိုးသမီးလေးယောက် ကြားသောအခါ၊ သူမတို့သည် သူနှင့်ခွဲခွာရန် အလွန်တွန့်ဆုတ်နေပုံရသည်။ သူမတို့၏မျက်လုံးများသည် မှုန်မှိုင်းနေပြီး သူနှင့်ခွဲခွာရန် အလွန်ဝန်လေးကြသည်။ အထူးသဖြင့် ဟိုးအရင်ကတည်း က ငိုထားခဲ့သော ရန်စီချီသည် ချင်ယွင်က သူမတို့ကို ခေါ်သွားစေချင်သည်။
ချင်ယွင်သည် ဤမြင်ကွင်းကို မြင်လိုက်ရသောအခါတွင် သူ၏နှလုံးသားသည် နာကျင်ခြင်းနှင့်အတူ တွန့်ဆုတ်ခြင်းများဖြင့် ပြည့်နှက်နေသည်။
ရုတ်တရက် ချင်ယွင်သည် အကြံကောင်းတစ်ခုကို တွေးလိုက်မိသည်။ သူသည် အင်မော်တယ်ဘုရင်၏စံအိမ်ထဲမှာ ကနဦးစကြဝဠာနှင့် ချိတ်ဆက်ထားသော လမ်းကြောင်းတစ်ခုကို တည်ထောင်နိုင်သည်။ ဤနည်းဖြင့် သူသည် မည်သည့် နေရာတွင်ပင် ရှိပါစေ၊ ကနဦးစကြဝဠာကို တည်နေရာရွေ့ပြောင်းခြင်း လမ်းကြောင်း၏ ဆုံမှတ်နေရာအဖြစ် အသုံးပြုပြီး၊ အင်မော်တယ်ဘုရင်၏စံအိမ်သို့ အချိန်မရွေး နေရာမရွေး ပြန်လာနိုင်လိမ့်မည်။
အနာဂတ်မှာ၊ သူသည် အမျိုးသမီးလေးယောက်ကို အချိန်မရွေး နေရာမရွေး သွားတွေ့ နိုင်မည့်အကြောင်း တွေးတောရင်း ချင်ယွင်၏ မျက်နှာသည် အလွန်စိတ်လှုပ်ရှားနေ သည့် အမူအရာ ဖြစ်ပေါ်လာသည်။ သူသည် အင်မော်တယ်ဘုရင်၏ စံအိမ်တွင် ကနဦး စကြဝဠာနှင့် ဆက်သွယ်ထားသော လမ်းကြောင်းတစ်ခုကို ချက်ချင်း တည်ဆောက် လိုက်သည်။
ထို့အပြင်၊ ဤနည်းအားဖြင့် အင်မော်တယ် ဖီးနစ်တောင်သည် မည်သည့်အန္တရာယ်နှင့် ကြုံတွေ့နေရပါစေ၊ ချင်ယွင်သည် အမြန်ဆုံး ရောက်ရှိနိုင်ဆဲ ဖြစ်သည်။
ချင်ယွင်က အချိန်မရွေး သူတို့ဆီ လာလည်နိုင်သည်ဟု ကြားလိုက်ရသည့်အခါ၊ အမျိုးသမီးလေးယောက်သည် ငိုကြွေးခြင်း မရှိတော့ပေ။
ချင်ယွင်သည် သူမတို့ကို လိမ်ညာမှာ မဟုတ်ဟု သူမတို့ ယုံကြည်ထားကြသောကြောင့်၊ ချင်ယွင်ကို နောင်အနာဂတ်မှာ သူမတို့ဆီ မကြာခဏ လာလည်ဖို့ ပြောပြီး၊ ချင်ယွင် ထွက်သွားသည်ကို စောင့်ကြည့်နေခဲ့ကြသည်။
ထို့နောက် ချင်ယွင်နှင့် အဖြူရောင်ဝတ် အဘိုးအိုတို့သည် အတူတကွ လေဟာနယ် ထဲသို့ ဝင်ရောက်သွားခဲ့ပြီး ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ဒေသ၏ အနက်ရှိုင်းဆုံး နေရာတွင်တည်ရှိသော ကောင်းကင်လေအင်မော်တယ်ကျွန်းဆီသို့ ဦးတည်သွားခဲ့လေ သည်။
အိုးရန်ကျင်းသည် အင်မော်တယ် ဖီးနစ်ခန်းမ၏ အခြားတောင်ထိပ်ပေါ်တွင် ရပ်ကာ ဖြစ်ပျက်ခဲ့သမျှကို ကြည့်ရူနေခဲ့သည်။ သူမမျက်လုံးများသည် ကျေနပ်နေသော အမူအရာ ဖျတ်ခနဲ လင်းလက်သွားရင်း သူမကိုယ်သူမ တိုးတိုးလေး ပြောလိုက်သည် "သခင်လေး၊ အိုးရန်ကျင်းက သခင်လေး ပြန်လာပြီး၊ ကျွန်မတို့ သွေးသစ္စာခံအဖွဲ့ အင်မော်တယ်ကမ္ဘာကြီးကို အထင်သေးငုံ့ကြည့်နိုင်တဲ့အထိ ဦးဆောင်ပေးမယ့်အချိန်ကို ကျွန်မ စောင့်နေပါ့မယ်”။