အခန်း ၈၀၁
Vol. 54 Ch. 801
အခန်း (၈၀၁) ကောင်းကင်လေအင်မော်တယ်ကျွန်း။
ချင်ယွင်သည် အဖြူရောင်ဝတ် အဘိုးကြီးနောက်သို့ လိုက်ပါသွားသည်။ လေဟာနယ် ဖြတ်ကျော်ခြင်းကို အကြိမ်ပေါင်းများစွာ ကူးပြောင်းပြီးနောက်၊ နောက်ဆုံးတွင် သူတို့သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသို့ ရောက်ရှိလာခဲ့သည်။
ရှေးဟောင်း ဖရိုဖရဲပင်လယ်ဟူသော စကားလုံး၏ အဓိပ္ပါယ် အစစ်အမှန်သည် သမုဒ္ဒရာ ကြီးကို ဆိုလိုခြင်း မဟုတ်ဘဲ၊ ပြိုးပြိုးပြက်ပြက် တဖျပ်ဖျပ် လင်းလက်နေသော ကြယ်ပင်လယ်ကြီးကို ဆိုလိုခြင်း ဖြစ်ပါသည်။ ဤနေရာတွင် ကျောက်စရစ်ခဲများကဲ့သို့ ကြယ်ပေါင်းများစွာ ရှိနေပါသည်။ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသည် ရှေးဟောင်းဖရိုဖရဲ ပင်လယ်၏ အလွန်နက်ရှိုင်းသောနေရာအတွင်းရှိ ဧရာမ အင်မော်တယ်ကျွန်းကြီးတစ်ခုတွင် တည်ရှိပါသည်။
အမှန်တကယ်ဆို၊ ကောင်းကင်လေအင်မော်တယ်ကျွန်းသည် လုံးဝ ပြန်လည် ပြုပြင်မွမ်းမံထားသည့် ဧရာမဂြိုလ်ကမ္ဘာကြီးတစ်ခုနှင့် ပိုတူပါသည်။ ဤဂြိုလ်ကြီးကို ကျွန်းတစ်ကျွန်းကဲ့သို့ အထိုင်ချပြီးနောက်၊ ဤဂြိုလ်ကြီးပေါ်တွင် အလွန်ကြီးမားသော အစီအရင်ဝင်္ကပါများဖြင့် ပြုပြင်တပ်ဆင်ထားခြင်း ဖြစ်ပါသည်။
ကောင်းကင်လေ အင်မော်တယ်ကျွန်း၏ မြင့်မြတ်သော အလင်းရောင်တန်းများ ပျံ့နှံ့သွားသည်နှင့် ကြီးမားသော ခမ်းနားထည်ဝါမူကို ပေါ်လွင်စေပါသည်။
ကျွန်းပတ်ပတ်လည်တွင် လှည့်ပတ်နေသော ဂြိုဟ်ကြီးကိုးလုံးရှိပြီး၊ ၎င်းတို့သည် သတ္တု၊ သစ်သား၊ ရေ၊ မီး၊ မြေ၊ လေ၊ လျှပ်စီးကြောင်း၊ လေဟာနယ်၊ အချိန် စွမ်းရည်တို့ကို ကိုယ်စားပြုကြသည်။
ဤဂြိုလ်ကြီးကိုးလုံးအပြင် ကြယ်ငယ်လေးများမှ အသွင်ပြောင်းထားသော ကျွန်းငယ် လေး တစ်ရာနီးပါးလည်း ရှိပါသေးသည်။ ၎င်းတို့သည် ကောင်းကင်လေ အင်မော်တယ် ကျွန်းကို အလယ်ဗဟိုပြုပြီး၊ လကိုဖြတ်သန်းနေသော ကြယ်များကဲ့သို့ ဝိုင်းရံထားပါ သည်။
"ဘယ်လောက်တောင်မှ ငွေကြေးတွေ အကုန်ကျများလိုက်မလဲ?" ချင်ယွင်၏ ရုပ်အသွင်ပြင်သည် လေဟာနယ်ထဲတွင် ပေါ်လာသည်။ သူသည် သူ၏ရှေ့မှ မြင်ကွင်းကို ထိတ်လန့်တကြား ကြည့်လိုက်ရင်း၊ သူ၏မျက်လုံးတွေက အထိတ်တလန့် ဖြစ်သည့်အရိပ်ယောင် မဖော်ပြဘဲ မနေနိုင်ပါချေ။
ဧရာမအပြာရောင်ကြယ်ကြီးသည် ကြီးမားသော်လည်း သူ၏ရှေ့ရှိ ကောင်းကင်လေ အင်မော်တယ်ကျွန်းနှင့် နှိုင်းယှဉ်ပါက ဧရာမအပြာရောင်ကြယ်ကြီးသည် ခပ်သေးသေး ကြယ်တစ်ခုမျှသာ ဖြစ်သွားခဲ့ရပါသည်။ အကယ်၍၊ ဤ ကောင်းကင်လေအင်မော်တယ် ကျွန်းကို ပြုပြင်မွမ်းမံခြင်း မပြုမီကဆိုလျှင်၊ ၎င်းသည် ဧရာမအပြာရောင်ကြယ်ကြီး ထက် အဆတစ်ရာပိုကြီးမည်မှာ သေချာပါသည်။
ထိုကဲ့သို့သော ကြီးမားသော ဂြိုဟ်ကြီးကို ကျွန်းတစ်ကျွန်းအဖြစ်သို့ ပြောင်းလဲခြင်းသည် ကောင်းကင်နှင့်မြေကြီး၏ ကံကြမ္မာကို ရိုးရှင်းစွာ ရယူလိုက်ခြင်းပင် ဖြစ်ပါသည်။
ဤကြယ်ငယ်လေးများအဖြစ်မှ ကျွန်းအသွင်ပြောင်းသွားခဲ့သော ကျွန်းငယ်လေးများ သည် ဧရာမအပြာရောင်ကြယ်ကြီးထက် အနည်းငယ် သေးငယ်သည်ဟု ပြောစရာပင် မလိုတော့ပါချေ။ ကျွန်းတစ်ခုလုံးသည် သန်းပေါင်းများစွာသော လူများကို တည်းခို နိုင်ပြီး၊ အဝေးမှာရှိနေသော အထင်ကရ ဂြိုဟ်ကြီးကိုးလုံးသည်ပင် ဧရာမ အပြာရောင် ကြယ်ကြီးထက် ဆယ်ဆ ပိုကြီးပါသေးသည်။
"ဘယ်လိုလဲကွ၊ ဒါက ငါတို့ရဲ့ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီပဲ။ မင်း အံ့သြသွား လား?" အဖြူရောင်ဝတ် အဘိုးကြီးက ပြုံးပြုံးလေး ပြောသည်။
ချင်ယွင်က အနည်းငယ် ခေါင်းညိတ်ပြလိုက်ပါသည်။ သူ၏ရှေ့မှ ဤမြင်ကွင်းကြောင့် သူသည် အမှန်တကယ် ထိတ်လန့်သွားရသည်။
ဟုတ်ပါသည်၊ ချင်ယွင် တုန်လှုပ်သွားရသည့် အကြောင်းရင်းကတော့ ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီကြီး ကြီးမားခြင်းကြောင့်မဟုတ်ဘဲ၊ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီက ကောင်းကင်ယံမှ ကြယ်တွေကို အလွန်ကြီးမားသည့် အကာကွယ် အစီအရင်ဝင်္ကပါကြီးတစ်ခုအဖြစ် အမှန်တကယ် အသုံးပြုနိုင်စွမ်း ရှိနေခြင်းကြောင့် အံ့ဩသွားခြင်း ဖြစ်ပါသည်။
ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ အကာကွယ်များသည် ချင်ယွင် မြင်ဖူးသမျှ တွင် ကြောက်စရာကောင်းဆုံးသော အကာကွယ်များ ဖြစ်နေပြီဟု ဆိုနိုင်ပါသည်။ သူတို့ တော်ဝင်ချင် အင်မော်တယ် မင်းဆက်၏ အကာကွယ်အစီအရင်ဝင်္ကပါများသည်ပင် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ အကာကွယ် အစီအရင်ဝင်္ကပါများထက် နိမ့်ကျပါသည်။
အထူးသဖြင့် အလယ်ဗဟိုရှိ ကောင်းကင်လေအင်မော်တယ်ကျွန်း ဖြစ်ပါသည်။ ၎င်းကို ဖောက်ထွင်းမြင်ရသော အလင်းကွယ်ကာဖြင့် ဖုံးအုပ်ထားပြီး၊ ၎င်းထံမှ ကြီးမားပြီး သန့်စင်သော စွမ်းအင်အတက်အကျလှိုင်းများ ထုတ်လွှတ်နေကာ၊ ကြီးမြတ်သာလွန်မှု ကို ခံစားရစေသည်။
အင်မော်တယ် ဧကရာဇ်အဆင့် ကျွမ်းကျင်သူများပင် ဤအကာကွယ် အတားအဆီးကို ဖြတ်ကျော်နိုင်မည် မဟုတ်ကြောင်း ချင်ယွင် ခန့်မှန်းကြည့်မိသည်။ ထို့ကြောင့် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီတစ်ခုလုံးသည် ရွှေရောင်သံမဏိကဲ့သို့ပင် ခိုင်မာသည်ဟု ဆိုရပေမည်။
"သွားရအောင်။ ကောင်းကင်လေအင်မော်တယ်ကျွန်းကို တိုက်ရိုက် ပျံသန်းလို့ မရဘူး။ တယ်လီပို့စနစ်တွေကို အားကိုးရမယ်။ ငါတို့ အတင်းအကြပ် ပျံသန်းလိုက်ရင် ထိပ်ထန်း အစီအရင်ဝင်္ကပါတွေက ငါတို့ကို ချေမှုန်းပစ်လိမ့်မယ်။ ဒါကို မင်း မြဲမြဲမှတ်ထားရမယ်။" အဖြူရောင်ဝတ် အဘိုးကြီးက ချင်ယွင်ကို ပြောသည်။ ထိုသို့ပြောပြီးနောက် သူ၏ဘေးနားရှိ ရေပေါ်ကျွန်းဆီသို့ ပျံသန်းသွားခဲ့သည်။
ချင်ယွင်သည် ခေါင်းညိတ်လိုက်သည်။ ထုံးစံအတိုင်း အဖြူရောင်ဝတ် အဘိုးကြီး၏ စကားကို သူ သံသယမ၀င်ချေ။ ထို့နောက် သူ၏လှုပ်ရှားမှုပညာရပ်ကို အသုံးပြုပြီး၊ လိုက်ပါသွားသည်။
ဤပတ်ဝန်းကျင်ရှိ ကြယ်ကျွန်းများကို ကောင်းကင်လေနတ်ဘုရားအကယ်ဒမီမှ ကောင်းကင်ကြယ်စက်ဝိုင်း အစီအရင်ဝင်္ကပါကို တည်ဆောက်ရန် ဖန်တီးခဲ့ခြင်း ဖြစ်သည်။ ထိုနေရာ၌ နေထိုင်သူမရှိသောကြောင့် အများစုမှာ ၎င်းတို့၏ ရှေးအကျဆုံး အနေထားကို ထိန်းသိမ်းထားကြသည်။ တောင်တောင်များ၊ မြစ်ရေပြင်များနှင့် သစ်ပင်ပန်းပင်များ မျိုးစုံရှိသည်။
ကျွန်းထဲသို့ဝင်ပြီးနောက် အဖြူရောင်ဝတ် အဘိုးကြီးသည် ကြီးမားသော တယ်လီပို့စနစ် ပေါ်တယ်တစ်ခုသို့ ခေါ်ဆောင်သွားခဲ့သည်။
အလွန်ကြီးမားသော တယ်လီပို့စနစ် အစီအရင်တစ်ခုကို ကျွန်း၏အလယ်ဗဟိုတွင် တပ်ဆင်ထားသည်။ ၎င်းကို ပိန်ပိန်ပါးပါး အဘိုးကြီးတစ်ဦးက စောင့်ကြပ်ထားသည်။ အဘိုးအိုသည် တယ်လီပို့စနစ် အစီအရင်၏ ဘေးတွင် တင်ပျဉ်ခွေထိုင်နေကာ လုံးဝ လှုပ်ရှားခြင်း မရှိချေ။ ချင်ယွင်နှင့် အဖြူရောင်ဝတ် အဘိုးကြီးတို့ ထွက်ပေါ်လာစဉ်မှာ ပင်။ ပိန်ပိန်ပါးပါး အဖိုးအိုသည် ခဏတဖြုတ် မျက်လုံးပင် ဖွင့်မကြည့်ပေ။
သို့သော် ချင်ယွင်သည် ပိန်ပိန်ပါးပါး အဘိုးကြီး သူ့ကိုပေးလာသည့် ပြင်းထန်သော ဖိနှိပ်မှု အငွေ့အသက်ကို ခံစားနိုင်သည်။ ထို့အပြင်၊ ၎င်းကို ဤအဘိုးအိုက မရည်ရွယ်ဘဲ ထုတ်လွှတ်ထားခြင်း ဖြစ်သည်။ အကယ်၍၊ ရည်ရွယ်ချက်ရှိရှိ ဖိအားကို ထုတ်လွှတ် လျှင်၊ ချင်ယွင်သည် ချင်ယွင်ပင် မြေကြီးပေါ်သို့ သံသယမရှိ ကြေမွသွားလိမ့်မည်။ အဘယ့်ကြောင့် ဆိုသော်၊ ပိန်ပိန်ပါးပါး အဘိုးအိုသည် “အင်မော်တယ်ဧကရာဇ်” ဟူသော စကားလုံး နှစ်လုံးကို ကိုယ်စားပြုသောကြောင့် ဖြစ်ပါသည်။
အဖြူရောင်ဝတ် အဘိုးကြီးသည်လည်း ပိန်ပိန်ပါးပါး အဘိုးအိုကို သတိမပေးတော့ချေ။ သူသည် ပိန်ပိန်ပါးပါး အဘိုးကြီးအား အနည်းငယ် ဦးညွှတ်ကာ ချင်ယွင်အား တယ်လီပို့စနစ် အစီအရင်ထဲသို့ ခေါ်ဆောင်သွားခဲ့သည်။
ဘန်း…။ အဖြူရောင်ဝတ် အဖိုးအိုသည် တယ်လီပို့စနစ် အစီအရင်ကို ချက်ချင်း အသက်သွင်းပြီးနောက်၊ တယ်လီပို့စနစ် အစီအရင်မှ ပြိုးပြိုးပြက်ပြက် လင်းလက် နေသောကြယ်တစ်ပွင့် လင်းလက်လာသည်။
ထို့နောက် ချင်ယွင်သည် သူ၏တည်နေရာသည် ကမောက်ကမ ဖြစ်သွားသည်ကို ခံစားလိုက်ရသည်။ သူ၏ပတ်ဝန်းကျင် မြင်ကွင်းများသည် ကြီးမားသော အပြောင်းအလဲများဖြင့် ထပ်မံကြုံတွေ့ခဲ့ရပြီး၊ သူ၏ခြေထောက်အောက်ရှိ မြေဆွဲငင်အားသည်ပင် ကြီးမားသော ပြောင်းလဲမှုများဖြင့် ကြုံတွေ့လိုက်ရသည်။
ချင်ယွင်သည် သူ၏ လေးလံသော ခန္ဓာကိုယ်ကို ခံစားလိုက်ရပြီး အံ့သြသွားသည့် အမူအရာကို ထုတ်ဖော်လိုက်သည်။
အင်မော်တယ်ကမ္ဘာ၏ မြေဆွဲငင်အားသည် ဧရာမအပြာရောင်ကြယ်ကြီးထက် အဆ တစ်ထောင်ဖြစ်သော်လည်း ကောင်းကင်လေအင်မော်တယ်ကျွန်း၏ မြေဆွဲငင်အား သည် အင်မော်တယ်ကမ္ဘာ မြေဆွဲငင်အား၏ အဆတစ်ထောင် ဖြစ်နေပါသည်။ တစ်နည်းဆိုရသော်၊ ကောင်းကင်လေအင်မော်တယ်ကျွန်း၏ မြေဆွဲငင်အားသည် ဧရာမအပြာရောင်ကြယ်ကြီထက် အဆတစ်သန်း ဖြစ်ပါသည်။
မြေဆွဲငင်အား အဆတစ်သန်း။ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်အဆင့် ကျွမ်းကျင်သူ၏ ခန္ဓာကိုယ်သည်ပင် ဤမျှကြောက်စရာကောင်းသော မြေဆွဲငင်အားကို ခံနိုင်ရည်မရှိမှာ စိုးရပါသည်။ တစ်နည်းဆိုရသော်၊ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်အဆင့် ကျွမ်းကျင်သူများသည် ဤနေရာတွင် နေထိုင်လိုပါက၊ ၎င်းတို့သည် ဤမြေဆွဲငင်အားကို အချိန်တိုင်း ခံနိုင်ရည်ရှိရန် ၎င်းတို့၏ အင်မော်တယ် အနှစ်သာရ ကို လှည့်ပတ်ထားရမည် ဖြစ်သည်။
ဟုတ်ပါသည်၊ အဆတစ်သန်းဆိုသည့် ဤမြေဆွဲငင်အားသည် ချင်ယွင်အတွက် ဘာမှ မဟုတ်ပါဘူး။ သူသည် အဖြူရောင်လူပုကြယ်ပေါ်တွင် ကျင့်ကြံသောအခါ၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် မြေဆွဲငင်အား တစ်ဘီလီယံကိုပင် ခံနိုင်ရည်ရှိပါသည်။ သူသည် ဤ ကောင်းကင်လေအင်မော်တယ်ကျွန်းပေါ်တွင် သဘာဝအတိုင်း လွတ်လပ်စွာ လမ်းလျှောက်နိုင်သည်။
သို့သော် ဤမြင်ကွင်းက သူ၏ဘေးနားရှိ အဖြူရောင်ဝတ် အဘိုးကြီးကို အံ့အားသင့်စေ ခဲ့သည်။
သာမာန်အားဖြင့် ကောင်းကင်လေအင်မော်တယ်ကျွန်းကို အခုမှ ရောက်ဖူးသော လူငယ်လေးများသည် မြေပြင်ပေါ် ပစ်လဲကျသွားပြီး၊ သူတို့၏ အင်မော်တယ် အနှစ်သာရကို ဖြန့်ကျက်ပြီးမှသာ မတ်တပ်ရပ်နိုင်ကြသည်။ သို့သော်၊ သူ၏ရှေ့ရှိ ချင်ယွင်သည် သူ၏ အင်မော်တယ် အနှစ်သာရကို အသုံးမပြုဘဲ မြေဆွဲငင်အားက သူ့ကို လုံးလုံးလျားလျား မထိခိုက်စေပါ။ ဤအရာက အဖြူရောင်ဝတ် အဘိုးကြီးကို အလွန် အံ့အားသင့်စေခဲ့သည်။
"ကျွန်တော်က ရုပ်ခန္ဓာကိုယ်ကျင့်ကြံခြင်းပညာရပ်ကို လေ့ကျင့်ထားပါတယ်" ချင်ယွင် က အဖြူရောင်ဝတ် အဘိုးကြီး၏ သံသယများကို မြင်မိ
ကာ အပြုံးဖြင့် ရှင်းပြသည်။
အဖြူရောင်ဝတ် အဘိုးကြီးက ရုတ်တရက် ခေါင်းညိတ်ပြီး ချင်ယွင်ကို ပြုံးပြကာ ပြောသည် "ဒါဆို မင်းက ငါ့အတွက် အသုံးကျသွားပြီ။ ကောင်စုတ်လေးတွေ တော်တော်များက သူတို့ရဲ့ ခန္ဓာကိုယ်ထဲက အင်မော်တယ် စွမ်းအင်ကို ထိန်းညှိဖို့ တစ်နှစ်လောက်ကြာအောင် အချိန်ယူကြရတယ်"
ချင်ယွင်က ပြုံးပြီး ခေါင်းညိတ်သည်။
အင်မော်တယ်တစ်ဦးသည် ၎င်း၏ရုပ်ခန္ဓာကိုယ်ကို ကျင့်ကြံထားသူ မဟုတ်ပါက၊ မြေဆွဲငင်အားကို တန်ပြန်နိုင်ရန် ၎င်း၏ခန္ဓာကိုယ်ထဲရှိ အင်မော်တယ် စွမ်းအင်ကို အားကိုးရမည် ဖြစ်သည်။ ဟုတ်ပါသည်၊ ဤအရာလည်း အပြောသာ လွယ်ကူပါသည်။
သို့သော်၊ ဤမြေဆွဲငင်အားကို အချိန်တိုင်း ပယ်ဖျက်နိုင်ပြီး သတိထားစရာ မလိုသည့် အနေထားမျိုး ရောက်ရှိနိုင်ရန် အချိန်ယူရပေမည်။
ထိုသို့မဟုတ်ရင်၊ သူတို့ တိုက်ခိုက်သည့်အခါ၊ မြေဆွဲငင်အားကို တုံ့ပြန်ဖို့အတွက် အာရုံပြောင်းသွားလိမ့်မည်။ ထိုသို့ဆိုလျှင်၊ သူတို့အတွက် အားနည်းချက်တွေ ဖြစ်ပေါ်လာမှာ မဟုတ်ပေဘူးလား။
"သွားရအောင်။ မင်းကို ကောင်းကင်လေနတ်ဘုရားအကယ်ဒမီရဲ့ ကောင်းကင်တာအို ခန်းမကို ခေါ်သွားပေးမယ်။ စကားမစပ်၊ မင်းကို ကောင်းကင်လေအင်မော်တယ်ကျွန်းနဲ့ မိတ်ဆက်ပေးဦးမယ်။" အဖြူရောင်ဝတ် အဘိုးကြီးသည် ချင်ယွင်ကို ပြုံးကာ ပြောလိုက် သည်။
ချင်ယွင်၏ ထူးချွန်ထက်မြက်သော အရည်အချင်းများကို သူ မြင်ပြီးကတည်းက၊ ချင်ယွင်အပေါ် သူ၏သဘောထားသည် ပို၍ပင် စိတ်အားထက်သန်လာခဲ့သည်။
"ဒါဆို ကျေးဇူးတင်ပါတယ် အကြီးအကဲရန်" ချင်ယွင်က အဖြူရောင်ဝတ် အဘိုးကြီးကို ပြောလိုက်သည်။ ဤနေရာသို့ လာရာလမ်းတွင် အဖြူရောင်ဝတ် အဘိုးကြီး၏ အမည်မှာ ရန်ကွန်ဖြစ်ကြောင်း သူသိထားပြီး ဖြစ်သည်။ ထို့ကြောင့်၊ ချင်ယွင်က သူ့ကို အကြီးအကဲရန်ဟု လေးလေးစားစား ခေါ်ဆိုခဲ့သည်။
ချင်ယွင်သည် ရန်ကွန်နှင့်အတူ တယ်လီပို့စနစ် အစီအရင်အောက်မှ လိုက်ပါသွားကာ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ နက်ရှိုင်းသောအရပ်ဆီသို့ ပျံသန်းသွားခဲ့ သည်။ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ၏ အင်မော်တယ် ၀တ်စုံများ ၀တ်ဆင် ထားသော တပည့်များသည် ရံဖန်ရံခါ ပျံသန်းသွားလာနေကြသည်ကို တွေ့ရတတ် သည်။
ဤတပည့်များ အားလုံးသည် ထူးကဲသော ခွန်အားများ ပိုင်ဆိုင်ကြောင်း ချင်ယွင် တွေ့ရှိခဲ့ရသည်။ သူ သွားရာလမ်းတစ်လျှောက် သူတွေ့မြင့်ခဲ့သည့် တပည့်တစ်ရာမှာ ၉၅ ယောက်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ် အဆင့်မှာရှိပြီး ကျန်သည့် ငါးယောက်သည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်မှာ ရှိနေပါသည်။