အခန်း ၈၀၂
Vol. 54 Ch. 802
အခန်း (၈၀၂) ကောင်းကင်အဆင့် အသိအကျွမ်းများ။
လမ်းတစ်လျှောက်တွင် ရန်ကွန်သည် ကောင်းကင်လေ အင်မော်တယ်ကျွန်း၏ အခြေအနေကို ချင်ယွင်အား မိတ်ဆက်ပေးခဲ့သည်။
ကောင်းကင်လေ အင်မော်တယ်ကျွန်းတွင် တပည့်ပေါင်း ၂၀၀၀၀ ကျော်ရှိပြီး၊ အများစုမှာ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်တွင် ရှိနေကြသည်။
ကောင်းကင်လေ အင်မော်တယ်ကျွန်း၏ ဧရိယာသည် အမှန်တကယ် ကျယ်ပြန်လွန်း သောကြောင့်၊ ကောင်းကင်လေအင်မော်တယ်ကျွန်း၏ တပည့်များသည် သူတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်းအိမ်ကြီးများ ဆောက်ရန် နေရာလွတ်တွေကို ကြုံရာကျပန်း ရှာဖွေလေ့ရှိသည်။ ဤအချက်တွင်၊ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသည် မည်သည့်နည်းဖြင့်မျှ ဝင်ရောက်စွက်ဖက်ခြင်း မရှိပေ။
လမ်းတစ်လျှောက်တွင် ချင်ယွင်သည်လည်း စံအိမ်များစွာကို တွေ့ရှိခဲ့၌သည်။ ပုံမှန်အားဖြင့်၊ ကောင်းကင်လေအင်မော်တယ်ကျွန်းမှ တပည့်များသည် ၎င်းတို့၏ ကိုယ်ပိုင် ကျင့်ကြံခြင်းစံအိမ်များ တည်ဆောက်ရန်အတွက် လှပသော တောင်တန်များ နှင့် မြစ်ရေပြင်များရှိသည့် နေရာများကို ရှာဖွေကြသည်။
ချင်ယွင်သည်လည်း တိတ်ဆိတ်ခြင်းကို နှစ်သက်ပြီး အနှောက်အယှက် ကင်းသည့် အတွက် ဤအချက်ကို အလွန်ကျေနပ်နေသည်။ ကောင်းကင်လေအင်မော်တယ်ကျွန်း ပေါ်တွင် လှပသောနေရာများစွာ ရှိသည်။
ကောင်းကင်လေနတ်ဘုရားအကယ်ဒမီမှ တပည့်များသည် အလွန်လွတ်လပ်စွာ ကျင့်ကြံနိုင်ကြသည်။ ယေဘုယျအားဖြင့်၊ သူတို့သည် တစ်ယောက်တည်း ကျင့်ကြံကြ သည်။
အနှစ်တစ်ရာပြည့်တိုင်း၊ တပည့်အပေါင်းတို့သည် တာအိုတရားကို နာကြားကြသည်။ ဟောပြောသူသည် သဘာဝအတိုင်း ကောင်းကင်လေနတ်ဘုရားအကယ်ဒမီမှ အင်မော်တယ်ဧကရာဇ်တစ်ပါး ဖြစ်ပါသည်။
အင်မော်တယ်ဧကရာဇ်တစ်ပါး ဟောပြောခြင်း၊ ဤသည်မှာ လူတိုင်း အိပ်မက် မက်ရသည့် အခွင့်အရေး ဖြစ်ပါသည်၊ အဘယ်ကြောင့်ဆိုသော်၊ အင်မော်တယ် ဧကရာဇ် တစ်ပါး၏ စကားလုံးလေးတစ်လုံးကပင်၊ ဆယ်နှစ် သို့မဟုတ် နှစ်တစ်ရာကြာအောင် ကြိုးစားအားထုတ်မှုနှင့် တူညီသောကြောင့် ဖြစ်ပါသည်။
နောက်ဆုံးအကြိမ် ဟောပြောခဲ့သည်မှာ လွန်ခဲ့သော နှစ် ၉၀ က ဖြစ်ပါသည်။ နောက်ထပ် ၁၀ နှစ်အကြာတွင်၊ အင်မော်တယ်ဧကရာဇ်တစ်ပါး ဟောပြောတာကို နာကြားရန် နောက်ထပ် အခွင့်အရေးတစ်ခု ရှိလာပါလိမ့်မည်။
ချင်ယွင်သည် ဤအင်မော်တယ်ဧကရာဇ်၏ ဟောပြောခြင်းကို သိပ်ပြီး စိတ်မ၀င်စားပါ။ သူ အမှန်တကယ် စိတ်ဝင်စားသည်က ရန်ကွန် ပြောခဲ့သည့် ကောင်းကင်အဆင့်များ အကြောင်းနှင့် စွမ်းရည်ဂြိုလ်များအကြောင်းတို့ ဖြစ်ပါသည်။
ကောင်းကင်အဆင့်များဟု ခေါ်ဆိုကြသည့်အရာသည် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီမှာနေကြသော တပည့်အားလုံး၏ အဆင့်တွေ ဖြစ်ပါသည်။
ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ တပည့်တိုင်းတွင် ၎င်းတို့၏ ကိုယ်ပိုင်အဆင့် သတ်မှတ်ချက်များ ရှိကြပါသည်။
အကယ်၍ ၎င်းတို့သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသို့ အနှစ်တစ်ရာကျော် ဝင်ရောက်ခဲ့ပြီး၊ တပည့် ၁၀,၀၀၀ အဆင့်ထဲတွင် ရှိနေသေးပါက၊ ၎င်းတို့သည် ကောင်းကင်လေအင်မော်တယ်ကျွန်းမှ ထုတ်ပယ်ခံရမည် ဖြစ်သည်။
ချင်ယွင်သည် ဤအရာနှင့်ပတ်သက်ပြီး အံ့သြခြင်း မရှိပါဘူး။ နောက်ဆုံးတွင်၊ အင်အားစုများစွာသည် ၎င်းတို့၏ တပည့်များကို ပြုစုပျိုးထောင်ရာမှာ လှုံ့ဆော်ပေးရန် ထိုကဲ့သို့သော နည်းလမ်းများကို အသုံးပြုခဲ့ကြသည်။
ဤကောင်းကင်အဆင့်များ၏ အသုံးပြုမှုမှာ အဘယ်နည်း?။
အကယ်၍ သင်သည် စွမ်းရည်ဂြိုဟ်များသို့ ဝင်ရောက်သောအခါတွင်၊ အဆင့် သတ်မှတ်ချက်က ဆုံးဖြတ်ပေးသောကြောင့်၊ ၎င်းသည် အလွန်အသုံးဝင်မည်မှာ သေချာပါသည်။
ဤစွမ်းရည်ဂြိုဟ်များသည် ကောင်းကင်လေအင်မော်တယ်ကျွန်းကို ဝန်းရံထားသော ဂြိုဟ်ကိုးလုံး ဖြစ်သည်။ ဤဂြိုလ်များအားလုံးကို ကောင်းကင်လေနတ်ဘုရား အကယ်ဒမီမှ ကျွမ်းကျင်သူများက ရှာဖွေတွေ့ရှိခဲ့ကြပြီး၊ ၎င်းတို့သည် ဤဂြိုဟ်များကို ဤနေရာသို့ ရွှေ့ပြောင်းနိုင်ရန် သူတို့၏ ကြီးမားသော တန်ခိုးအစွမ်းကို အသုံးပြုခဲ့ ကြသည်။
ဤဂြိုလ်ကိုးလုံးတွင် သဘာဝအတိုင်းရှိနေသော တော်ဝင်တာအိုပုံစံ ကိုးမျိုးအပြင်၊ ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီမှ ကျွမ်းကျင်သူများ ချန်ထားခဲ့သော ထူးခြားသည့် နည်းပညာရပ်များလည်း ပါဝင်ပါသည်။ ၎င်းတို့သည် နားလည်မူပိုင်းကို ကျင့်ကြံရာတွင် အလွန်မင်း အထောက်အကူပြုမည် ဖြစ်ပြီး ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ၏ အဖိုးတန်ဆုံး ရတနာများ ဖြစ်ပါသည်။
ဥပမာအားဖြင့်၊ ချင်ယွင်သည် လေစွမ်းရည်ကို ကျင့်ကြံသူမည်ဆိုလျှင်၊ သူသည် လေစွမ်းရည် ဂြိုဟ်ထဲသို့ ဝင်ရောက်ပြီး လေစွမ်းရည်ဆိုင်ရာ နိယာမများနှင့် ပုံစံသင်္ကေတများကို နားလည်ဆင်ခြင်နိုင်ပါသည်၊ ထိုသို့ဆိုလျှင်၊ သူသည် လေစွမ်း ရည်ဆိုင်ရာ နိယာမများနှင့် ပုံစံသင်္ကေတများထံမှ သူ၏ကိုယ်ပိုင် လေစွမ်းရည်ဆိုင်ရာ နိယာမများနှင့် ထူးခြားသော နည်းပညာရပ်များကို နားလည်နိုင်မည် ဖြစ်ပါသည်။
ထိုအချိန်တွင် ချင်ယွင်သည် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသို့ သူလာရခြင်း ၏ အကြောင်းအရင်း တစ်စိတ်တစ်ပိုင်းမှာ၊ သူသည် ဤစွမ်းရည်နိယာမဂြိုလ်များနှင့် ပတ်သက်ပြီး ရည်ရွယ်ချက်ရှိသောကြောင့် ဖြစ်သည်။
အကယ်၍ သူသာ ကျင့်ကြံရန်အတွက် ဤစွမ်းရည်ဂြိုလ်များသို့ ဝင်ရောက်နိုင်ခဲ့ပါက၊ သူ၏ နားလည်သဘောပေါက်မှုနှင့် ကျင့်ကြံမူတို့သည် ပို၍ပင် မြန်ဆန်လာမည် ဖြစ်သည်။
သေချာသည်မှာ၊ တပည့်အားလုံးသည် ထိုစွမ်းရည်ဂြိုဟ်များသို့ ဝင်ရောက်ခွင့် မပြုပါဘူး။ တပည့်များသည် ကြာအချိန်အတွက် အမှတ်များဖြင့် လဲလှယ်ရမည်။
အမှတ်တစ်ထောင်သည် စွမ်းရည်ဂြိုဟ်တစ်ခုပေါ်တွင် တစ်နှစ်တာ ကျင့်ကြံနိုင်ပါသည်။ အကယ်၍၊ စွမ်းရည်ဂြိုလ်များပေါ်တွင် အချိန်ပိုကြာအောင် ကျင့်ကြံလိုပါက၊ လုံလောက်သော အမှတ်များ ရှိရပါလိမ့်မည်။
အမှတ်များရရှိရန် နည်းလမ်းသုံးမျိုး ရှိပါသည်။ ပထမနည်းလမ်းမှာ၊ မစ်ရှင်များကို အကောင်အထည် ဖော်ဆောင်ရန် ဖြစ်ပါသည်။ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီ ၏ မစ်ရှင်ခန်းမသည် မစ်ရှင်များကို အမြဲ ထုတ်ပေးနေပါသည်။ မတူညီသော မစ်ရှင်များ သည် မတူညီသော အမှတ်များဖြင့် သတ်မှတ်ပေးထားသည်။
ဒုတိယနည်းလမ်းမှာ ရတနာများ၏ တန်ဖိုးအလိုက် မတူညီသော အမှတ်များအတွက် ရတနာများနှင့် လဲလှယ်ရန် ဖြစ်ပါသည်။ ဟုတ်ပါသည်၊ သင်လိုချင်သော ရတနာများနှင့် လဲလှယ်ရန်လည်း သင်၏အမှတ်များကို အသုံးပြုနိုင်ပါသေးသည်။
တတိယအမျိုးအစားမှာ အဆင့်သတ်မှတ်ချက် ဖြစ်ပါသည်။ ပထမအဆင့် တပည့်သည် နတ်ဘုရားအကယ်ဒမီမှ တစ်နှစ်လျှင် အမှတ် ၁၀,၀၀၀ ရရှိမည်ဖြစ်ပြီး၊ ဒုတိယအဆင့် တပည့်သည် တစ်နှစ်လျှင် ၉၉၉၉ မှတ် ရရှိမည်ဖြစ်သည်။ အဆင့် ၉၉၉၉ ရှိသော တပည့်သည် တစ်နှစ်လျှင် အမှတ်တစ်မှတ်သာ ရရှိမည်ဖြစ်ပြီး အဆင့်သတ်မှတ်ချက် တွင် ၁၀၀၀၀ ရှိသော တပည့် နှင့် ၁၀၀၀၀ နောက်မှ တပည့်များသည် အမှတ်များ ရရှိတော့မည် မဟုတ်ပါ။
ချင်ယွင်သည် ထိုစကားကိုကြားပြီးနောက် ချက်ချင်းပင် စကားမပြောနိုင်ခဲ့ပါချေ။
ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသည် ဤရှုထောင့်တွင် အလွန်အသေးစိတ် ဖော်ပြထားသော်လည်း၊ ဤအကွက်သည် အမှန်တကယ် အသုံးဝင်ပါသည်။ အမှတ်များ ရယူရန်အတွက်၊ တပည့်များသည် သူတို့ရှေ့တန်းမှ တပည့်များကို စိန်ခေါ်နိုင်ရန် အားသွန်ခွန်စိုက် ကျင့်ကြံကြလိမ့်မည်။
ဟုတ်ပါသည်၊ ကောင်းကင်အဆင့် ထိပ်တန်းဆယ်ယောက်မှာ အထူးဆုတွေလည်း ရှိနေပါသေးသည်။
ချင်ယွင်သည် ရန်ကွန်မှ တစ်လျှောက်လုံး လိုက်ပါလာခဲ့ရင်း၊ သူသည် နောက်ဆုံးတွင် ကောင်းကင်တာအိုနန်းတော်သို့ ရောက်ရှိလာခဲ့သည်။ အလွန်လျင်မြန်စွာဖြင့်၊ ချင်ယွင် သည် နောက်တစ်ဆင့် မြင့်သွားခဲ့ပြီး၊ သူနှင့်သက်ဆိုင်သည့် ကောင်းကင်လေနတ်ဘုရာ အကယ်ဒမီ၏ ကိုယ်ရေးအချက်လက်တံဆိပ်ပြားကို ရရှိခဲ့သည်။
ဤတံဆိပ်ပြား၏ အရှေ့ဘက်တွင် ချင်ယွင်၏ အမည်ဖြစ်ပြီး နောက်နောက်ကျောတွင် ချင်ယွင်၏ အဆင့်သတ်မှတ်ချက် ဖြစ်သည်။
"နှစ်သောင်းလေးထောင် ခုနစ်ရာ ရှစ်ဆယ့်သုံး။ ဒါက နောက်ဆုံးပိတ် ဖြစ်နေမှာ ငါ စိုးရိမ်မိတယ်" ချင်ယွင်သည် တံဆိပ်ပြားနံပါတ်ကို ကြည့်ပြီး ခါးသီးသော အပြုံးကို ထုတ်ဖော်လိုက်သည်။
"ဒီချင်လန်က ဘယ်အဆင့်လဲဆိုတာ ငါ သိနိုင်မလား?" ချင်ယွင်သည် သူ၏စိတ်ထဲမှာ တွေးလိုက်ပြီး၊ သူ၏အင်မော်တယ်စိတ်အာရုံကို ထိုတံဆိပ်ပြားထဲသို့ ထည့်လိုက်သည်။
ဒါက ရန်…။
သေချာပါသည်၊ ချင်ယွင်၏ အင်မော်တယ်စိတ်အာရုံသည် ကိုယ်ရေးအချက် တံဆိပ်ပြား ထဲသို့ ဝင်လိုက်သည်နှင့်၊ သူ၏စိတ်ထဲတွင်၊ ကြီးမားရှည်လျားသော စာရင်းကြီးတစ်ခု ပေါ်လာပြီး၊ သူ၏နာမည်ကလည်း နောက်ဆုံး ဖြစ်နေသည်။
ချင်ယွင်သည် စာရင်းကို ပြန်ကြည့်လိုက်ရာ ချင်ယွင်၏ အမြင်အာရုံထဲတွင် နာမည်နှင့် အဆင့်များ ထွက်ပေါ်လာသည်။
"ရန်ကွန်၊ ကောင်းကင်အဆင့်မှာ အဆင့် ၂၁၀၊ အလယ်အလတ်အဆင့် အင်မော်တယ် ဘုရင် " ချင်ယွင်သည် အံ့သြစွာ ရေရွတ်လိုက်သည်။
ရန်ကွန်သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ တပည့်တစ်ဦး ဖြစ်မည်ဟု သူ မထင်ထားခဲ့ပေ။ သူ၏ခွန်အားသည် အလယ်အလတ်အဆင့် အင်မော်တယ်ဘုရင် နယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီး၊ သူသည် အမှန်တကယ် အဆင့် ၂၁၀ သာ ဖြစ်နေသည်။
ချင်ယွင်သည် အပေါ်သို့ ဆက်လက် လှန်ကြည့်လိုက်သည်။ နောက်ဆုံးတွင် အဆင့် ၆၀ ၌ သူ့အပေါ် လေးလေးနက်နက် အထင်ကြီးသွားစေသည့် နာမည်တစ်ခုကို သူ တွေ့လိုက်ရသည်။
"ချင်လန်၊ ကောင်းကင်ဘုံအဆင့်မှာ အဆင့် ၆၀ ၊ နှောင်းပိုင်းအဆင့် အင်မော်တယ် ဘုရင်"။
ချင်ယွင်သည် ခက်ထန်သော အေးစက်စက်အမူအရာဖြင့် ဤစကားလုံးများကို ကြည့်လိုက်သည် ။
ချင်လန်သည် သူ့ထက် အသက်နှစ်ရာကြီးသော သူ၏ဝမ်းကွဲအစ်ကို ဖြစ်သည်။
ချင်ယွင်သည် သေမျိးကမ္ဘာသို့ ကန်ချခံရစဉ် အချိန်တုန်းက ချင်လန်၏ ကျင့်ကြံမှု အခြေခံသည် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့် တွင်သာ ရှိသေးသည်။
လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်နယ်ပယ်၏ အထွတ်အထိပ်အဆင့်သို့ ရောက်ရှိ အောင်၊ နှစ်ပေါင်းနှစ်ရာကြာ ကျင့်ကြံရခြင်း။ ၎င်းကို ထိုအချိန်တုန်းက ချင်ယွင်နှင့် လုံးဝ နှိုင်းယှဉ်လို့မရသည့် သာမန်ပါရမီရှင်တစ်ဦးဟုသာ သတ်မှတ်နိုင်ခဲ့သည်။
သို့သော်လည်း ချင်လန်သည် ချင်ယွင်၏ ရှေးဟောင်းဖရိုဖရဲ အင်မော်တယ်အရိုးကို သိမ်းပိုက်ပြီးနောက်၊ သူ၏ ကျင့်ကြံမူအခြေခံသည် အရှိန်အဟုန်ဖြင့် တိုးတက်လာခဲ့ သည်။ ဆယ်နှစ်လောက်ကြာအောင် ကျင့်ကြံပြီးနောက်၊ သူသည် နှောင်းပိုင်းအဆင့် အင်မော်တယ်ဘုရင်နယ်ပယ်သို့ပင် ရောက်ရှိနေပြီ ဖြစ်သည်။
"ဟမ့်၊ ချင်လန်၊ မင်းက ငါ့ရဲ့ ဖရိုဖရဲအင်မော်တယ်အရိုးဆီကနေ အကျိုးကျေးဇူးတွေ အများကြီး ရခဲ့ပုံရတယ်။ နောက်တစ်ခါတွေ့ရင် မင်းစားထားသမျှကို ငါ သေချာပေါက် အန်ထုတ်ရအောင် လုပ်ပစ်မယ်" ချင်ယွင်၏ မျက်လုံးများသည် ပြင်းထန်သော သတ်ဖြတ်လိုစိတ်များ ထင်ရှားလာသည်။
အချိန်အတော်ကြာပြီးနောက် ချင်ယွင်သည် တည်ငြိမ်သွားပြီး ကောင်းကင်အဆင့်၏ ထိပ်ဆုံးကို ဆက်လက် ကြည့်ရှုခဲ့သည်။
ရုတ်တရက် ချင်ယွင်၏အကြည့်သည် ကောင်းကင်အဆင့်တွင် ဒုတိယအဆင့်၏ အမည် သို့ ကျရောက်သွားပြီး သူ၏မျက်လုံးများသည် အံ့အားသင့်သွားဟန် အမူအရာများ ပေါ်လွင်လာသည်။
"ရှရှန်းယု၊ ကောင်းကင်အဆင့်တွင် ဒုတိယနေရာ၊ အင်မော်တယ်ဘုရင် အထွတ်အထိပ်"
ထိုနာမည်ကို ကြည့်လိုက်ရင်း ချင်ယွင်၏ နှလုံးသားက မှိန်းမှောသွားခံသည်။ သူသည် ဤနာမည်ကို မူလက မေ့သွားတော့မည် ဖြစ်သော်လည်း၊ ယခု ပြန်ပေါ်လာချိန်မှာ၊ သူ မမျှော်လင့်ခဲ့သည့် မြင့်မားပြီး အစွမ်းတန်ခိုးကြီးမားသည့် ပုံစံမျိုးဖြင့် ပေါ်လာခဲ့သည်။
"ကောင်းကင်အဆင့်မှာ နံပါတ်နှစ်လား? မင်းရဲ့အရည်အချင်းက တကယ်ကို ကောင်းကင်ဘုံကို အံတုနေတုန်းပါပဲ" ချင်ယွင်၏ ပါးစပ်ထောင့်က အေးစက်သော အပြုံးတစ်ခု ထွက်ပေါ်လာပြီးနောက်၊ ပြင်းထန်သော တိုက်ခိုက်လိုစိတ်က သူ၏နှလုံးသားမှ ထွက်ပေါ်လာသည်။
"ဟမ့်, ချင်လန်, ရှရှန်းယု, မင်းတို့ ခဏစောင့်နေဦး။ မင်းတို့ရှေ့မှာ ငါ တဖန်ပြန်လည် ထွက်ပေါ်လာတဲ့အခါ၊ မင်းတို့ အရမ်းအံ့သြသွားမလားလို့ ငါ သိချင်မိတယ်။" ချင်ယွင်သည် သူ၏စိတ်ထဲတွင် လှောင်ရယ်ရယ်လိုက်ပြီး အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ အဝေးသို့ ပြေးသွားပြီး၊ သူ၏ ကျင့်ကြံခြင်းစံအိမ်ဆောက်ရန် သင့်တော်မည့်နေရာကို စတင် ရှာဖွေလိုက်သည်။