အခန်း ၈၀၃
Vol. 54 Ch. 803
အခန်း (၈၀၃) မျက်လုံးတစ်မှိတ်အတွင်း အချိန်ဆယ်နှစ်။
ကောင်းကင်လေအင်မော်တယ်ကျွန်းသည် ကြီးမားကျယ်ပြောလှသည်။ တပည့်ပေါင်း ၃၀၀၀၀ ကို ထားရှိရန်မှာ စကားထဲပင် ထည့်ပြောစရာ မလိုပါချေ။ လူပေါင်း သန်း ၃၀၀ ရာ ထားရှိလျှင်ပင် လုံလောက်ပါသည်။ ထို့ကြောင့် ကိုယ်ဆန္ဒရှိသလို ကိုယ့်ရဲ့ ကိုယ်ပိုင်အိမ်ကြီးကို ကိုယ်ဆောက်ချင်သည့် နေရာမှဦ ဆောက်လုပ်နိုင်ပါသည်။ အကယ်၍၊ သင်သည် အင်မော်တယ်နန်းတော်ကြီး တည်ဆောက်လျှင်ပင်၊ သင် ပြဿနာမရှာသရွှေ့၊ သင့်ကို မည်သူမှ ဂရုမစိုက်ပါဘူး။
ချင်ယွင်သည် လမ်းတစ်လျှောက်လုံး အရှိန်ဟုန်ပြင်းပြင်းဖြင့် ခရီးနှင်ခဲ့ပြီး၊ နောက်ဆုံး တွင်၊ သူသည် တောတောင်များ၊ မြစ်ရေပြင်များနှင့် သစ်ပင်များရှိသည့် ဆိတ်ငြိမ်သော နေရာကို ရွေးချယ်လိုက်သည်။ သူသည် သစ်သားစွမ်းရည် ကိုယ်ပွား၏ အသက်နိယာမ ကို အသုံးပြု၍ ရိုးရှင်းသော သစ်သားအိမ်တစ်လုံးကို အမြန်ဖန်တီးလိုက်သည်။
တကယ်တော့၊ ဤသစ်သားအိမ်သည် ချင်ယွင်အတွက် ရိုးရှင်းသည့် အမိုးအကာတစ်ခု အဖြစ်သာ ဖြစ်ပါသည်။ ထို့နောက်၊ သူ၏အဓိကရည်ရွယ်ချက်ဖြစ်သည့် သူ၏ခွန်အားကို မြှင့်တင်ရန် ဖြစ်ပါသည်။
သူ၏လက်ရှိစွမ်းအားဖြင့် သူသည် မည်သို့မျှ မတတ်နိုင်သေးသောကြောင့် ချင်ယွင် သည် ကျင့်ကြံခြင်း အစီအစဉ်ကို ပြုလုပ်ရခြင်း ဖြစ်သည်။
ပထမအချက်မှာ၊ သူ၏ ကျင့်ကြံမှုအတွက် ဖြစ်သည်။ သူသည် အင်မော်တယ် စွမ်းအင် အများအပြား လိုအပ်သည်။ အကယ်၍၊ သူသည် အင်မော်တယ် စွမ်းအင် အလုံအလောက် ရရှိနေသရွေ့ အချိန်တိုင်း အဆင့်ဖြတ်ကျော်နိုင်မည် ဖြစ်သည်။ သူ၏ နေ့စဉ် ကျင့်ကြံခြင်းဖြင့် စုဆောင်းထားသော အင်မော်တယ် စွမ်းအင် အနည်းငယ်မျှကို သာ အားကိုးနေမည်ဆိုလျှင်၊ သူသည် အလယ်အလတ်အဆင့် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ် နယ်ပယ်သို့ ဖြတ်ကျော်ရန် နှစ်တစ်ရာ အချိန်ယူရပေလိမ့်မည်။
ထို့ကြောင့်၊ ချင်ယွင်သည် သူ၏ ကျင့်ကြံခြင်းအခြေခံကို ခေတ္တ စွန့်လွှတ်လိုက်သည်။ အင်မော်တယ် စွမ်းအင် အမြောက်များကို ရှာဖွေတွေ့ရှိသောအခါမှ အဆင့်ချိုးဖြတ်မူ ပြုလုပ်လျှင်လည်း အချိန် မနှောင်းသေးပေ။
ဒုတိယက သူ၏ရုပ်ခန္ဓာကိုယ် ခွန်အားဖြစ်ပါသည်။ သူသည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်၏ ပဉ္စမမြောက်အဆင့်ဖြစ်သော ကောင်းကင်နတ်ဘုရား နယ်ပယ်၏ အစောပိုင်းအဆင့်ကို ဖြတ်ကျော်သွားပြီးကတည်းက၊ ၎င်းကို ထပ်မံ ဖြတ်ကျော်ရန် အလွန်ခက်ခဲသွားပါသည်။ ပြင်းထန်သော ပြင်ပဖိအားမရှိဘူးဆိုရင်၊ သူ၏ရုပ်ခန္ဓာကိုယ်သည် ထပ်ပြီး အဆင့်ဖြတ်ကျော်ရန် အရမ်းကို ခက်ခဲပါလိမ့်မည်။
"နားလည်သဘောပေါက်မူ ကျင့်ကြံခြင်းအပိုင်းပဲ ကျန်တော့ပုံရတယ်။ ကြည့်ရတာ အဲဒီ စွမ်းရည်ဂြိုဟ်တွေဆီ အလည်သွားရမယ်ထင်တယ်" ချင်ယွင်သည် သူ့ကိုယ်သူ တွေးနေသည်။
သို့သော် ချင်ယွင်သည် အမှတ် ၁၀၀၀ ဖြင့် စွမ်းရည်ဂြိုဟ်ပေါ်တွင် တစ်နှစ်သာ ကျင့်ကြံ နိုင်မည်ဟု သူတွေးလိုက်သောအခါတွင်၊ အနည်းငယ် စိတ်ထိခိုက်သွားရပါသည်။ ယခုအချိန်မှာ၊ သူသည် အမှတ်တစ်မှတ်တောင် မရှိသေးပါဘူး။ သူ ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီထဲကို ဝင်ရောက်ချိန်မှာ၊ သူ့ကို တစ်ချက်မှ မပေးခဲ့ပါဘူး။ ဤအကြောင်းကို သူတွေးလိုက်မိစဉ်မှာ ချင်ယွင်သည် အနည်းငယ် စကားမပြောနိုင် ဖြစ်သွားရသည်။
အမှတ်များရရှိရန် နည်းလမ်းသုံးမျိုး ရှိပါသည်- မစ်ရှင်များ လုပ်ဆောင်ခြင်း၊ ရတနာများ လဲလှယ်ခြင်းနှင့် အဆင့်များရယူခြင်းတို့ ဖြစ်ပါသည်။
ယခုအချိန်တွင် ချင်ယွင်သည် လဲလှယ်လုပ်နိုင်သော ရတနာများ မရှိသောကြောင့် ရတနာများဖြင့် လဲလှယ်၍ မရနိုင်ပါ။
မစ်ရှင်အတွက်မူ၊ ချင်ယွင်သည် ၎င်းကို ထမ်းဆောင်ရန် အစီအစဉ် မရှိသေးပေ။ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီတွင် အမှတ်များရရှိနိုင်သော မစ်ရှင်များသည် အလွန်ခက်ခဲပြီး အန္တရာယ်များကြောင်း ရန်ကွန်က ပြောခဲ့ဖူးသည်။ ဤမစ်ရှင်များကို အကောင်အထည်ဖော်ရန် လုံလောက်သည့် ခွန်အားမရှ်လျှင် သူ၏အသက်ပင် အလွယ်တကူ ဆုံးရှုံးသွားနိုင်သည်။ ထို့ကြောင့် ယခုအချိန်တွင် ချင်ယွင်အတွက် နည်းလမ်းတစ်မျိုးသာ ကျန်ပါတော့သည် ။
"သင့်တော်တဲ့ စိန်ခေါ်နိုင်သူ ရှိမရှိ ကြည့်ကြည့်ရအောင်။" ချင်ယွင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။ သူသည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ ကိုယ်ရေး အချက်ပြ တံဆိပ်ပြားကို ထပ်မံထုတ်ယူပြီး ၎င်းကို စတင်စစ်ဆေးကြည့်သည်။ သို့သော်၊ ၎င်းစာရင်းများကို ဖတ်ရူပြီးနောက် ချင်ယွင်၏ အမူအရာသည် အလွန် စိတ်လှုပ်ရှား သွားဟန် ပေါ်လာပါသည်။
ကောင်းကင်အဆင့်ရှိ၊ အဆင့်တစ်ထောင်အတွင်းမှာ အင်မော်တယ်ဘုရင်များ ရှိနေပါသည်။ နောက်ဆုံး အဆင့် ၁၀၀၀၀ သည်ပင် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်၏ အလယ်အလတ်အဆင့် ကျွမ်းကျင်သူ ဖြစ်နေပါသေးသည်။ ထို့အပြင် ဤလူများအားလုံးသည် ထူးချွန်သူ ပါရမီရှင်များ ဖြစ်ကြပါသည်။
အကယ်၍၊ ချင်ယွင်သည် အင်အားအကုန်သုံးပြီး၊ သူတို့ကို အနိုင်ယူချင်သည်ဆိုလျှင်ပင်၊ အနိုင်ရချေက ငါးဆယ်၊ ငါးဆယ် ဖြစ်ပါသည်။ အဆင့် ၁၀၀၀၀ က လူကို စိန်ခေါ်သည့် အတွက် ရရှိနိုင်မည့် အမှတ်ကလည်း ဘာမှသုံးစားလို့မရချေ။
ချင်ယွင်သည် သူ၏ရှေ့တွင် နက်မှောင်သော တွင်းနက်ကြီးရှိနေသလို ခံစားနေရသည်။ ဤကောင်းကင်လေနတ်ဘုရားအကယ်ဒမီသည် သာမန်လူများ ဝင်ရောက်နိုင်သည့် အရာမဟုတ်ပါ။
တစ်ချိန်တည်းမှာပင်၊ သူ၏စိတ်ထဲတွင် သက်ပြင်းချမိသည်။ ဤကောင်းကင်လေ နတ်ဘုရားအကယ်ဒမီသည် အင်မော်တယ်ကမ္ဘာ တစ်ခုလုံးတွင် နံပါတ်တစ် ကြီးမြတ် ဆုံး အကယ်ဒမီတစ်ခု ဖြစ်ရန် အမှန်တကယ် ထိုက်တန်ပါသည်။ ဤအင်မော်တယ် ဘုရင်အဆင့် တစ်ခုတည်းသည်ပင် လူတစ်ထောင်ထက်မနည်း ရှိနေခဲ့ပါသည်။ အလွန် ကြီးမားသော အထင်ကရ ပြယုဂ်တစ်ခုအဖြစ်ပင် ပြောလို့ရပါသည်။ မပြိုလဲဘဲ နှစ်ထောင်ပေါင်းများစွာ ရပ်တည်နိုင်ခဲ့သည်မှာ အံ့သြစရာ မဟုတ်ပေ။
"ကြည့်ရတာ ဒီနေရာမှာ အချိန်အတိုင်းအတာ တစ်ခုအထိ တိတ်တဆိတ် ကျင့်ကြံနေ ရမယ့်ပုံပဲ။" ချင်ယွင်က သူ့ကိုယ်သူ ကူကယ်ရာမဲ့ ပြောလိုက်သည်။
နောက်ပိုင်းအချိန်များတွင်၊ ချင်ယွင်သည် ခါးသီးသော ကျင့်ကြံခြင်းအခြေအနေသို့ ရူးသွပ်စွာ ဝင်ရောက်ခဲ့သည်။
ပုံမှန်အားဖြင့်၊ သူသည် လေစွမ်း နိယာမများကို နားလည်ဆင်ခြင်ခြင်း သို့မဟုတ် သူ၏ ဓားသိုင်းပညာရပ်ကို ပေါင်းစည်းနေခဲ့သည်။ ရံဖန်ရံခါတွင်၊ သူသည် ကျင့်ကြံရာမှာ၊ ငြီးငွေ့လာလျှင်၊ ကနဦးစကြာဝဠာမှတဆင့် အင်မော်တယ်ဘုရင်၏ စံအိမ်သို့ ဝင်ရောက် ကာ အမျိုးသမီးလေးဦးနှင့် အချိန်တိုအတွင်း တွေ့ဆုံခဲ့သည်။ ထို့နောက် သူသည် အရူးအမူး ကျင့်ကြံရန် ပြန်လာခဲ့သည်။
တခဏအတွင်းမှာပင်၊ အချိန်ဆယ်နှစ်သည် ကုန်ဆုံးသွားခဲ့ပြီ။
ဤဆယ်နှစ်တာ ကာလအတွင်း ချင်ယွင်သည် သူ၏နားလည်နိုင်စွမ်းနှင့် ပတ်သက် သည့် ကျင့်ကြံမူအရာမှာ ကြီးမားသော တိုးတက်မှုကို ရရှိခဲ့ပြီး သူ၏ဓားသိုင်းစွမ်းရည် သည်လည်း ထူးကဲသောအဆင့်သို့ ရောက်ရှိလာခဲ့သည်။
ကောင်းကင်လေအင်မော်တယ်ကျွန်းပေါ်ရှိ ချင်ယွင်နေထိုင်သည့် ရေကန်ပေါ်တွင် ချင်ယွင်သည် လက်ရှိတွင် မြူနှင်းချောက်နက်ဓားကို ကိုင်ဆောင်ကာ အဆက်မပြတ် ဝှေ့ယမ်းတိုက်ခိုက်နေပါသည်။ ဓားအလင်းတန်းများသည် ကောင်းကင်နှင့်မြေကြီးကို လွှမ်းခြုံကာ ပတ်ဝန်းကျင်ကို ပျံ့နှံ့သွားပြီး ဓားတစ်ချက်စီတွင် အစွမ်းထက်သော စွမ်းအားများ ပါရှိနေသည်။
ဝှီး…။
ချင်ယွင်သည် သူ၏ဓားကို ခုတ်ပိုင်းလိုက်ပြီး ဓားအလင်းတစ်ချက်က ချက်ချင်းပင် လင်းလက်သွားခဲ့သည်။
အဝေးရှိ တောင်ထိပ်တစ်ခုသည် ဤဓားချက်ကြောင့် ချက်ချင်း ခုတ်ပြတ်သွားသည်။ တောင်ထိပ်တစ်ခုလုံးသည် အမှန်တကယ်ပင် လွင့်ပျံသွားခဲ့သည်။ ကောင်းကင်လေ အင်မော်တယ်ကျွန်း၏ မြေဆွဲငင်အားသည် အလွန်ကြောက်စရာကောင်းကြောင်း သိထားရမည်။ ဤနေရာရှိ ကျောက်တုံးများသည် ပြင်ပကမ္ဘာထက် အဆပေါင်း များစွာ မာကြောပါသည်။
"ဝှီး… ဝှီး…”
သူသည် ချက်ချင်းဆိုသလို ဓားအလင်းပေါင်းများစွာကို ဖြတ်တောက်ခုတ်ပိုင်းရင်း၊ ချင်ယွင်၏ မျက်လုံးများသည် စူးရှနေသည်။
ထိုနောက်မှာတော့၊ ကျောက်တုံးကျောက်ခဲများသည် အဆက်မပြတ် လွှင့်ထွက်နေပြီး၊ တောင်ကြီးကို ဓားအလင်းများဖြင့် လွှမ်းခြုံရစ်ပတ်ထားသည်။ အသက်တစ်ရှိုက် အတွင်းမှာ၊ တောင်ကြီးသည် ကြီးမားသော ပန်းပုရုပ်ကြီးအဖြစ်သို့ ပြောင်းလဲသွားပါ သည်။
ချင်ယွင်၏ အမြင်အာရုံထဲတွင် အသက်ဝင်လှသည့် ရုပ်အသွင်ပြင်တစ်ခု ပေါ်လာသည်။ သူမသည် လှပပြီး သက်ဝင်လှုပ်ရှားနေသော အမျိုးသမီးတစ်ဦး ဖြစ်ပြီး၊ သူမ၏ မျက်နှာပေါ်တွင် နူးညံ့သိမ်မွေ့ပြီး ကြင်နာတတ်သော အပြုံးဖြင့် သာမာန်အငွေ့အသက် ကို ထုတ်ဖော်နေသည်။
"အမေ၊ သားကို ခဏလောက် စောင့်ပါဦး။ ဒီကလေးက အမေ့ကို ပြန်ခေါ်ဖို့အတွက် အမှောင်ထုချောက်နက်ထဲ သေချာပေါက် အရောက်လာခဲ့ပါမယ့်" ချင်ယွင်သည် အဝေးမှ ပန်းပုရုပ်ထုအမျိုးသမီးကို ကြည့်လိုက်သည်။ စိတ်ပိုင်းဖြတ်မှု အရိပ်မြွက်နှင့် ခိုင်မာပြတ်သားမူက သူ၏မျက်နှာတစ်ပြင်လုံး တောက်ပနေသည်။
မှန်ပါသည်၊ ဤပန်းပုရုပ်ထုအမျိုးသမီးသည် သူ့ခမည်းတော်၏ ရက်စက် ကြမ်းကြုတ်စွာ အမှောင်ထုချောက်နက်ကြီးထဲကို ရိုက်နှက်ထည့်သွင်းခြင်း ခံခဲ့ရသည့် ချင်ယွင်၏ အမေဖြစ်ပါသည်။
ချင်ယွင်သည် ခွန်အားကို အရူးအမူး တိုးမြှင့်လိုခြင်း၏ အကြောင်းရင်းကလည်း အမှောင်ထုချောက်နက်ထဲရှိ အချိန်အတားအဆီးကို ဖြတ်ကျော်ပြီး သူ၏အမေကို ကယ်တင်ရန်အတွက် အမှောင်ထုချောက်နက်ထဲကို ဝင်ရောက်လိုခြင်းကြောင့် ဖြစ်ပါ သည်။
သို့သော်လည်း အမှောင်ထုချောက်နက်ကြီး၏ အတားအဆီးများကို ဖြတ်ကျော်ရန် အလွန် ခက်ခဲပါသည်။ အင်မော်တယ်ဧကရာဇ်တစ်ဦး၏ အစွမ်းမရှိလျှင်၊ ၎င်းကို သူ မည်သို့ ပြုလုပ်နိုင်မည်နည်း?။
ဝှီး…။
ချင်ယွင်သည် ပန်းပုရုပ်တုကြီးကို သူ၏ သိုလှောင်လက်စွပ်ထဲသို့ ထည့်လိုက်သည်။ တကယ်တော့ ပန်းပုရုပ်တုသည် သူ၏အမေဖြစ်ပြီး၊ သူသည် ၎င်းကို အလွယ်တကူ ဖျက်ဆီးပစ်လို့ မရပါဘူး။
ဤအရာအားလုံး ပြုလုပ်ပြီးနောက်၊ ချင်ယွင်၏မျက်နှာက တောက်ပသော အပြုံးတွေ နှင့် ပြည့်နှက်နေသည်။
ယခုတွင် သူ၏လေစွမ်းရည် ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်း နိယာမသည် ကြီးမားသော အောင်မြင်မူအဆင့်သို့ ရောက်ရှိသွားသည့်အတွက်၊ မည်သည့် ခုတ်ပိုင်းချက်မဆို၊ ယခင်က ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်း နိယာမထက် ပိုအားကောင်းလာမည် ဖြစ်ပါ သည်။
အကယ်၍၊ သူသည် ရှိသမျှခွန်အားကို အသုံးချလိုက်မည်ဆိုလျှင်၊ ပို၍ပင် အားကောင်း လာပေလိမ့်မည်။
ဟုတ်ပါသည်၊ ချင်ယွင်၏ လျှပ်စီးစွမ်းရည်ကိုယ်ပွားနှင့် သစ်သားစွမ်းရည်ကိုယ်ပွားတို့ လည်း လွန်ခဲ့သော ဆယ်နှစ်လောက်ကတည်းက ဘာမှမလုပ်ဘဲ အချိန်ဖြုန်း မနေခဲ့ပါ ဘူး။ လျှပ်စီးစွမ်းရည်ကိုယ်ပွားသည် ဖျက်ဆီးခြင်းနိယာမ နှင့် ပေါက်ကွဲခြင်းနိယာမ နှစ်ခုစလုံးတွင် သေးငယ်သော အောင်မြင်မူအဆင့်သို့ ဖြတ်ကျော်သွားခဲ့ပြီး၊ သစ်သား စွမ်းရည်ကိုယ်ပွား၏ အသက်နိယာမသည်လည်း သေးငယ်သော အောင်မြင်မူအဆင့် သို့ ရောက်ရှိသွားခဲ့ပြီ။
သို့သော် ချင်ယွင်သည် ပိတ်ဆို့မှုကြီးတစ်ခုနှင့် ရင်ဆိုင်ကြုံတွေ့ခဲ့ရသည်။ ၎င်းကို သူ မည်သို့ပင် နားလည်ဆင်ခြင်ပါစေ၊ ဤလေစွမ်းရည် ရှေးဟောင်းဖရိုဖရဲစုတ်ဖြဲခြင်း နိယာမသည် ပြီးပြည့်စုံခြင်းအဆင့်သို့ ရောက်ရှိနိုင်စွမ်း မရှိသေးပါ။
အလားတူ၊ လျှပ်စီးစွမ်းရည်နိယာမသည်လည်း တူညီစွာ ကြုံတွေ့နေရပြီး၊ ချင်ယွင် သည် ကြီးမားသောအောင်မြင်မူအဆင့်သို့ ဝင်ရောက်ရန် ကြိုးစားရာတွင် အတားအဆီး များစွာကို ကြုံတွေ့ခဲ့ရသည်။
အခြားသူများသည် များသောအားဖြင့် နိယာမများ၏ စွမ်းရည်အမျိုးစား တစ်မျိုးကိုသာ ကျင့်ကြံရန် အာရုံစိုက်ခဲ့ကြပြီး၊ သူတို့သည် ချင်ယွင်ကဲ့သို့ နိယာမငါးမျိုးကို တစ်ပြိုင်နက် မည်သို့ ကျင့်ကြံနိုင်မည်နည်း?။ (နိယာမစွမ်းရည်ငါးမျိုးဟူသည်၊ လေစွမ်းရည်နှစ်မျိုး၊ လျှပ်စီးစွမ်းရည်နှစ်မျိုးနှင့် အသက်နိယာမတို့ ဖြစ်ပါသည်။)
"ယခုအချိန်က ငါ့ရဲ့ကျင့်ကြံမူအခြေခံကို မြှင့်တင်ရမည့် အချိန်ပဲ။" ချင်ယွင်သည် သူ့ကိုယ်သူ တွေးလိုက်သည်။
ယခုအချိန်တွင် သူ၏နားလည်မှုနယ်ပယ်သည် နိမ့်ကျခြင်း မရှိသော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်သည် နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်၏ အစောပိုင်း အဆင့်တွင်သာ ရှိနေသေးသည်။
အဆုံးမှာတော့၊ သူသည် အားကောင်းသော ထိုးထွင်းသိမြင်နိုင်စွမ်းကိုသာ ပိုင်ဆိုင်ထား ပါသည်။ အကယ်၍၊ သူသည် သူ၏ လေးနက်သိမ်မွေ့ခြင်း အင်မော်တယ် အနှစ်သာရ ကို အသုံးမပြုနိုင်ပါက ဤအရာအားလုံးသည် အချည်းနှီး ဖြစ်ရလိမ့်မည်။ ထို့ကြောင့်၊ သူသည် တတ်နိုင်သမျှ အဆင့်ဖြတ်ကျော်မူ ပြုရလိမ့်မည်။ ဤနည်းဖြင့်သာ၊ သူသည် ကောင်းကင်အဆင့်ရှိ ကျွမ်းကျင်သူများကို စိန်ခေါ်ရန် လုံလောက်သော ခွန်အားရှိမည် ဖြစ်သည်။
"ဆရာကြီး၊ ကျွန်တော်ရဲ့ ကျင့်ကြံမူအခြေခံကို မြန်မြန်ဆန်ဆန် တိုးတက်အောင် ကူညီပေးနိုင်ဖို့ အင်မော်တယ် ကျောက်စိမ်း သတ္တုကြောတွေကလွဲရင် တခြား ဘာတွေများ သိထားသေးလဲ?" ချင်ယွင်သည် ရှေးဟောင်းတာအိုဆရာသခင်ကို မေးလိုက်သည်။
ယခုအချိန်မှာ၊ သူ အဆင့်ဖြတ်ကျော်ချင်သည်ဆိုလျှင်၊ စွမ်းအင်ပမာဏ အများကြီး လိုအပ်ပါသည်။ အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်းကြောကြီး တစ်ခုလုံးသည်ပင် ဖြစ်နိုင်ပါသည်။ အရင်ကထက် ပိုကြီးသည့် အင်မော်တယ်ကျောက်စိမ်း သတ္တုရိုင်း ကြောကြီးကို ရှာတွေ့ဖို့ အလွန်ခက်ခဲပါသည်။
"ကောင်စုတ်လေး၊ ငါ တခြားနေရာတွေအကြောင်း မသိနိုင်ပေမယ့်၊ ဒီ ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ကြီးက စွမ်းအင်တွေ ပေါကြွယ်ဝတယ်။" ရှေးဟောင်းတာအို ဆရာသခင်၏အသံသည် ချင်ယွင်၏ နားထဲတွင် ထွက်ပေါ်လာသည်။