← Chapters

အခန်း ၈၀၄

Vol. 54 Ch. 804

အခန်း ၈၀၄

Vol. 54 Ch. 804

အခန်း (၈၀၄) မစ်ရှင်ခန်းမ။

"ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ကြီးမှာ ဘာတွေကို စုပ်ယူနိုင်မှာလဲ?" ချင်ယွင်က စိတ်ရှုပ်ထွေးစွာဖြင့် မေးလိုက်သည်။

ရှေးဟောင်းတာ အိုဆရာသခင်သည် သူ့အပေါ် နောက်ထပ် မကောင်းသည့် အကြံအစည်တစ်ခု ပေးနေသလိုပင် သူ အမြဲတမ်း ခံစားရသည်။ နောက်ဆုံးအကြိမ်၊ သူ၏ခန္ဓာကိုယ်ကို သန့်စင်ရန်အတွက် သူ အဖြူရောင်လူပုကြယ်သို့ သွားသောအခါ၊ စကားလုံးများဖြင့် ဖော်ပြ၍မရအောင်ပင် ခံစားခဲ့ရသည်။

"ဟိတ်ကောင်စုတ်လေး၊ မင်းက ငါ့ကို စိတ်ထဲကနေ စောဒကတက်ချင်နေတယ် မဟုတ်လား။ ဒီလိုဆိုမှတော့၊ မင်း တခြားတစ်ယောက်ယောက်ကို သွားမေးလို့ ရတယ်။" ရှေးဟောင်းတာအိုဆရာသခင်သည် ချင်ယွင်၏ အတွေးတွေကို ချက်ချင်း မြင်ပြီး ဒေါသထွက်ဟန် ဆောင်လိုက်သည်။

"မဟုတ်ဘူး၊ မဟုတ်ဘူး၊ မဟုတ်ပါဘူး၊ ဆရာ၊ မင်းရဲ့အကြံဉာဏ်တွေက အမြဲတမ်း တိုက်ရိုက်ကျပြီး၊ အထိရောက်ဆုံး နည်းလမ်းတွေပါပဲ။" ချင်ယွင်က ပြုံးပြီး ကမန်းကတန်း ပြောလိုက်ရသည်။

"ဟမ့်” ရှေးဟောင်းတာအိုဆရာသခင်သည် မကျေမနပ် ဖြစ်နေဟန် ရှိသည်။

'"ဆရာ၊ စဉ်းစားကြည့်ပါ၊ ဒီကောင်းကင်လေနတ်ဘုရား အကယ်ဒမီဟာ နှစ်ပေါင်း သောင်းနဲ့ချီတဲ့ သမိုင်းကြောင်းကို ပိုင်ဆိုင်ထားတယ်။ သူတို့ရဲ့ ရတနာခန်းမထဲမှာ ရှင်ခြင်းသေခြင်းဆေးလုံးလည်း ရှိကောင်း ရှိနိုင်တယ်။ ကံမကောင်းစွာပဲ၊ ကျွန်တော့မှာ လဲလှယ်စရာ အမှတ်တွေေ ရှိမနေခဲ့ဘူး။ မဟုတ်ရင်၊ ကျွန်တော်က ဆရာကြီးအတွက် လဲလှယ်ပေးပြီးပါပြီ။ ကြည့်လေ၊ တကယ်လို့ ကျွန်တော့်ရဲ့ ခွန်အားတွေ တိုးလာရင် အဲဒီအမှတ်တွေရဖို့ ပိုမလွယ်ဘူးလား?။ ချင်ယွင်က ပြုံးပြုံးလေး ပြောလိုက်သည် ။

သေချာပါသည်၊ ရှေးဟောင်းတာအိုဆရာသခင်သည် ထိုစကားကို ကြားလိုက်လျှင်၊ ဒေါသမထွက်တော့ပါဘူး။ သူက ချင်ယွင်ဆီသို့ အသံပို့လွှတ်လိုက်သည် "မင်း ပြောသ လို တကယ်ဖြစ်နိုင်တာပဲ။ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီက ဒီလိုနက်ရှိုင်းတဲ့ အုတ်မြစ်ကို အမှန်တကယ် ပိုင်ဆိုင်ထားတယ်။ တကယ်လို့ ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီမှာသာ မရှိဘူးဆိုရင်၊ တခြားနေရာကနေ ဒီရှင်ခြင်းသေခြင်း ဆေးလုံးကို ရရှိဖို့က အရမ်းကို ခက်ခဲလိမ့်မယ်။”

"မှန်တယ်။ အဲ့ဒါကြောင့် ဆရာကြီးက ကျွန်တော့်ကို ခွန်အားတိုးလာအောင် ကူညီပေးရ မယ်။" ချင်ယွင်သည် သူ၏ သုံးလက်မလျှာကို ဆက်လက် အသုံးပြုလိုက်သည်။

"ကောင်းပြီ ကောင်လေး၊ အခြေနေက ဒီလိုဆိုမှတော့၊ နောက်ရက်အနည်းငယ်မှာ မင်းကို ကျင့်ကြံပေးဖို့အတွက် ငါကိုယ်တိုင် တွန်းတွန်းတိုက်တိုက် ကြိုးစားပေးမယ်။ တကယ်လို့၊ မင်း ပျင်းဖို့ သတ္တိရှိရင်တော့၊ မင်းကို သေလုမျောပါး ရိုက်နှက်မယ်လို့ ငါ ကတိပေးတယ်။" ရှေးဟောင်းတာအိုဆရာသခင်က ဂုဏ်သိက္ခာရှိစွာ ပြောလိုက်သည်။

"စိတ်မပူပါနဲ့၊ ဒီတပည့်က မပျင်းပါဘူး" ချင်ယွင်က အပြုံးနှင့်အတူ ပြောလိုက်ပြီး၊ သူ၏စိတ်နှလုံးက အပျော်ပန်းတွေ ပွင့်လန်းနေသည်။

ရှေးဟောင်းတာအိုဆရာသခင်သည် ဤနှစ်များတစ်လျှောက်လုံး ဆိုင်ရှင်ကို ပစ်ပယ် ထားသလို သူ့ကို မှန်ကန်စွာ ညွှန်ကြားခြင်း မရှိခဲ့ပါ။ အခုတော့၊ သူသည် နောက်ဆုံးတွင် ကျင့်ကြံဖို့အတွက် သူ့ကို စိတ်ရှည်ရှည်နှင့် တိုက်တွန်းနေသည်။

သင့်အား လမ်းညွှန်ပြသပေးမည့် ဆရာတစ်ဦးရှိနေခြင်းနှင့် အရာအားလုံးကို သင် ကိုယ်တိုင် စူးစမ်းရှာဖွေခြင်း အကြားတွင် ကြီးမားသော ကွာဟချက်ကြီးတစ်ခု ရှိနေသည်ကို သိထားရပါမည်။ အဆုံးမှာတော့၊ သင့်ကို လမ်းညွှန်ပြသပေးနိုင်သည့် တစ်ယောက်ယောက်ရှိနေခြင်းသည် သင့်ကို လမ်းမှားမရောက်အောင် လုပ်ဆောင် ပေးနိုင်ပါသည်။ ရှေးဟောင်းတာအိုဆရာသခင်လို ကြောက်မက်ဖွယ်ကောင်းသော အင်မော်တယ် ဧကရာဇ်တစ်ပါးဆိုလျှင်၊ ပြောစရာပင် မလိုတော့ချေ။

သို့သော် ချင်ယွင်သည် မကြာမီတွင် မပျော်ရွှင်နိုင်တော့ပါချေ။ စွမ်းအင်ပမာဏ ကြီးမားသော ထိုနေရာသည် အတိတ်တုန်းက အဖြူရောင်လူပုကြယ်ထက်ပင် ပို၍ ကြောက်စရာကောင်းသည်ဟု ရှေးဟောင်းတာအိုဆရာသခင်က ပြောလိုက်သော ကြောင့် ဖြစ်ပါသည်။

"ဆရာကြီး၊၊ ဆရာကြီးရဲ့စိတ်နှလုံးထဲကနေ တကယ်ပဲ စိတ်အားထန်သန်စွာနဲ့ ကျင့်ကြံစေချင်တာလား?။ နောက်ပြီး ဒီကြယ်ရဲ့စွမ်းအားကို စုပ်ယူလို့ရော ရနိုင်ပါ့မလား?" ချင်ယွင်က ခါးသီးသော မျက်နှာဖြင့် မေးလိုက်သည်။

ရှေးဟောင်းတာအိုဆရာသခင် ပြောခဲ့သော ထိုနေရာသည် တကယ်တော့ ရှေးဟောင်း ဖရိုဖရဲ ကြယ်ပင်လယ်ထဲက စွမ်းအင်ပမာဏအများပြားကို ပိုင်ဆိုင်ထားသည့် ကြယ်တစ်ခု ဖြစ်နေပါသည်။ ကြယ်များသည် အမှန်တကယ်ပင် အလွန် အစွမ်းထက် သော စွမ်းအင်များကို ပိုင်ဆိုင်ထားသော်လည်း၊ တစ်ချိန်တည်းမှာပင် ၎င်းသည် အလွန်မင်း အန္တရာယ်များလှသည်။ ကြယ်တစ်ခု၏ အတွင်းမှ အပူချိန်သည် ထိတ်လန့်ဖွယ်ကောင်းအောင် ကြောက်စရာကောင်းလွန်းသည်။ သာမန် လျှို့ဝှက် ဆန်းကြယ် အင်မော်တယ်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ရှေးဟောင်း ဖရိုဖရဲ ပင်လယ်၏ နက်ရှိုင်းသော အတွင်းပိုင်းထဲသို့ မသွားရဲကြပေ။

"ဟမ့်၊ မင်း မသွားချင်လည်း သွားရမှာပဲ" တခြားလူတွေက ဒီကြယ်ရဲ့ စွမ်းအင်ကို စုပ်ယူနိုင်မှာ မဟုတ်ပေမယ့် မင်းနဲ့တော့ မတူဘူး ကောင်လေး။ မင်းရဲ့ ကျင့်ကြံခြင်း နည်းစနစ်က ကောင်းကင်ဘုံကို အံတုနေတယ်။ ဘယ်စွမ်းအင်ကိုမဆို မင်း စုပ်ယူနိုင် သည်။ ဒီကြယ်ရဲ့စွမ်းအားက မီစွမ်းရည်ကို ပိုင်ဆိုင်ထားပေမယ့်၊ အဲဒီစွမ်းအင်က အရမ်းကို အရိုင်းဆန်လွန်းတယ်။ သဘာဝအတိုင်း၊ မင်းအနေနဲ့ စုပ်ယူနိုင်ပါတယ်။ ဒါ့အပြင်၊ အတွင်းကစွမ်းအင်ကလည်း မင်းရဲ့ခန္ဓာကိုယ်ကို သန့်စင်ပေးနိုင်တယ်။ မင်း လေ့ကျင့်ဖို့ အကောင်းဆုံး နေရာပဲ။" ရှေးဟောင်းတာအိုဆရာသခင်က ငြင်းဆန်၍ မရနိုင်လောက်အောင် ခမ်းနားထည်ဝါသည့် လေသံဖြင့် ရှင်းပြသည်။

"ကောင်းပါပြီ..” ချင်ယွင်သည် သူ၏စိတ်နှလုံးထဲတွင် ကူကယ်ရာမဲ့ ပြောလိုက်ရသည်။

သူသည် ဤအရာကိုကို အသားကျနေပါပြီ။ ချင်ယွင်သည် လျှို့ဝှက်ဆန်းကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ကို စတင်ကျင့်ကြံစဉ်ကတည်းက၊ သူသည် သူ၏ ကျင့်ကြံမှုလမ်းကြောင်းသည် အလွန်ခက်ခဲမည်ကို သိထားပြီး ဖြစ်ပါသည်။

"ကောင်စုတ်လေး၊ မင်း မစ်ရှင်ခန်းမကို အရင်သွားလိုက်ပါ။ ပြီးရင်၊ မင်း ကျင့်ကြံတဲ့အခါ သင့်တော်မယ့် ကြယ်တစ်ခုကို ရွေးချယ်ဖို့ ငါ မင်းကို ရှေးဟောင်းဖရိုဖရဲ ပင်လယ်ဆီ ခေါ်သွားပေးမယ်။" ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ထပ်ပြီး ထွက်လာသည်။

ချင်ယွင်သည် ခေါင်းညိတ်ပြလိုက်သည်။ ကောင်းကင်လေနတ်ဘုရားအကယ်ဒမီမှာ စည်းမျဉ်းစည်းကမ်းတွေ ရှိပါသည်။

ခရီးသွားမည့် တပည့်တွေကို ကောင်းကင်လေအင်မော်တယ်ကျွန်းက အလျင်စလို ထွက်ခွာခွင့် မပေးထားပါဘူး။ အကယ်၍၊ တပည့်များ အပြင်ထွက်ချင်သည်ဆိုလျှင်၊ တပည့်များသည် အရင်ဆုံး မစ်ရှင်တစ်ခုကို လက်ခံပြီးမှ ထွက်ခွာခွင့်ရှိပါသည်။

ချင်ယွင်၏ လေစွမ်းရည်နိယာမသည် ကြီးမားသောအောင်မြင်မူအဆင့်သို့ ရောက်ရှိနေ ပါပြီ။ ဤကောင်းကင်လေ အင်မော်တယ်ကျွန်းကြီးသည် ကြီးမားသော်လည်း ချင်ယွင် သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီ၏ မစ်ရှင်ခန်းမသို့ အလျင်အမြန် ရောက်ရှိလာခဲ့ပါသည်။

မစ်ရှင်ခန်းမကြီးသည် အဆင့်မြင့်အဆင့် အကြီးမြတ်ဆုံး အင်မော်တယ်ပစ္စည်း တစ်ခု ဖြစ်ပြီး၊ အစွမ်းထက်သော ပစ္စည်းဝိညာဉ်လည်း ရှိနေပါသည်။ ထို့ကြောင့်၊ မစ်ရှင်ခန်းမတစ်ခုလုံးရှိ အရာအားလုံးကို တပည့်များက စီစဉ်ထားခြင်း မဟုတ်ဘဲ၊ ပစ္စည်းဝိညာဉ်က စီစဉ်ထားခြင်း ဖြစ်ပါသည်။

ချင်ယွင်သည် မစ်ရှင်ခန်းမထဲကို လှမ်းကြည့်လိုက်လျှင်၊ မစ်ရှင်ခန်းမသည် သူထင်ထားသည်ထက် ပိုကျယ်နေကို တွေ့လိုက်ရပါသည်။ ၎င်းသည် စတုရန်းမီတာ တစ်သောင်းကျော် ရှိပါသည်။

မစ်ရှင်ခန်းမအတွင်းမှာ၊ ကြီးမားသော ကျောက်ပြားကြီးတစ်ချပ် ရှိပါသည်။ ၎င်းသည် အရှည် မီတာတစ်ထောင်ခန့် ရှိပြီး အမြင့် သုံးမီတာ ရှိသည်။ ကျောက်ပြားပေါ်မှာ စာလုံးတွေကို ထူထပ်စွာ ရေးသားထားပါသည်။ ၎င်းသည် ကောင်းကင်လေနတ်ဘုရား အကယ်ဒမီမှ ထုတ်ပေးထားသော မစ်ရှင်အမျိုးမျိုး ဖြစ်သင့်ပါသည်။

ဤအခိုက်အတန့်တွင်၊ ထိုမြင့်မားသော ကျောက်ပြားကြီး၏ ရှေ့တွင် ရပ်နေသော တပည့်အနည်းငယ် ရှိနေပါသည်။ ထင်ရှားသည်မှာ၊ သူတို့သည်လည်း သူတို့နှင့် သင့်လျော်သော မစ်ရှင်တစ်ခုခုကို ရွေးချယ်နေကြခြင်း ဖြစ်ပါသည်။

ချင်ယွင်သည် ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသို့ စတင်ဝင်ရောက်စဉ်အခါက၊ ရန်ကွန်က ၎င်းကို အတိုချုံးပြောသည်ကို သူ ကြားထားပြီး ဖြစ်သည်။

သာမာန်အားဖြင့်၊ အကယ်ဒမီမှ ထုတ်ပြန်ပေးသော မစ်ရှင်များကို အဆင့်သုံးဆင့် ခွဲခြားထားပါသည်။ ၎င်းတို့သည် အဆင့်နိမ့်အဆင့် အလယ်လတ်အဆင့်၊ အဆင့်မြင့် အဆင့်တို့ ဖြစ်ပါသည်။

အဆင့်တစ်ဆင့် မြင့်လာတိုင်း မစ်ရှင်က ပို၍ခက်ခဲလာမည် ဖြစ်ပါသည်။ အဆင့်နိမ့် မစ်ရှင်များ ပြီးမြောက်ရန်အတွက်ပင် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့်၏ ခွန်အားလိုအပ်ပါသည်။

အလယ်အလတ်အဆင့် မစ်ရှင်များသည် အစောပိုင်းအဆင့် အင်မော်တယ်ဘုရင် နယ်ပယ် သို့မဟုတ် အလယ်အလတ်အဆင့် အင်မော်တယ်ဘုရင် နယ်ပယ် ကျွမ်းကျင် သူများပင် လိုအပ်ပါသည်။ အဆင့်မြင့်အဆင့် မစ်ရှင်များအတွက်မူ၊ နှောင်းပိုင်းအဆင့် အင်မော်တယ်ဘုရင်နယ်ပယ် သို့မဟုတ် အထွတ်အထိပ်အဆင့် အင်မော်တယ် ဘုရင်နယ်ပယ် ကျွမ်းကျင်သူများပင်လျှင် ၎င်းတို့ကို ပေါ့ပေါ့ဆဆ လက်ခံဝံ့မည် မဟုတ်ပေ။

ယခင်မစ်ရှင်များ၏ အထက်မှာ ကြီးမြတ်ဆုံးအဆင့် မစ်ရှင်တစ်ခု ရှိနေသေးသည်ဟု ဆိုကြပါသည်။ သို့သော် ထိုကဲ့သို့သော မစ်ရှင်များသည် ရှားပါးပြီး အလွန်မင်း ခက်ခဲပါသည်။ ထိုကဲ့သို့မစ်ရှင်မျိုး ထွက်ပေါ်လာလျှင်ပင်၊ မည်သူမှ လက်မခံရဲကြပါဘူး။ ဤသို့သောမစ်ရှင်များ၏ အခက်အခဲ အတိုင်းတာသည် အင်မော်တယ်ဧကရာဇ်အဆင့် သို့ ရောက်ရှိနေပြီ ဖြစ်သောကြောင့် ဖြစ်ပါသည်။ အကယ်၍၊ အင်မော်တယ်ဘုရင်များ သွားမည်ဆိုလျှင်၊ သူတို့သည် အမြဲတမ်းလိုလို အသက်ဆုံးရှုံးကျရလိမ့်မည်။

ချင်ယွင်သည် ကျောက်ပြားကြီးဆီသို့ လျှောက်သွားခဲ့သည်။ သူ ပထမဆုံး မြင်လိုက်ရ သည်က အဆင့်မြင့် မစ်ရှင်တစ်ခုဖြစ်သည်။

"နဂါးဘုရင် အောင်းကျန်းကို သတ်ပါ။ မစ်ရှင်အဆင့် အဆင့်မြင့်အဆင်။ ဆုငွေက အမှတ် ၁၀ သန်း။"

ချင်ယွင်သည် ပထမဆုံး မစ်ရှင်ကို ရေရွတ်လိုက်ပြီး သူ၏မျက်နှာက အံ့သြသွားသည့် အမူအရာ ပေါ်လာပါသည်။

နဂါးဘုရင်သည် အစစ်အမှန် နဂါးကလန်၏ တော်ဝင်မိသားစုမှ ဖြစ်သည်။ သူသည် အင်မော်တယ်ဘုရင်နယ်ပယ်သို့ ရောက်သည်နှင့်၊ ကောင်းကင်ဘုံကို စိန်ခေါ်နိုင်သော စွမ်းအားကို ပိုင်ဆိုင်ထားလိမ့်မည်။ ထို့အပြင်၊ ချင်ယွင်သည် ဤနဂါးဘုရင် အောင်းကျန်းကို ကြားဖူးသည်။ သူသည် နဂါးကလန်၏ အချိန်ကာလ ကြာမြင့်စွာ ကတည်းက တည်ရှိနေသော ကျွမ်းကျင်သူတစ်ဦး ဖြစ်သည်။ သူသည် လွန်ခဲ့သော နှစ်ရာပေါင်းများစွာကတည်းက အင်မော်တယ်ဘုရင်နယ်ပယ်၏ အထွတ်အထိပ်အဆင့် သို့ ရောက်ရှိနေခဲ့ပြီး၊ သူ၏ခွန်အားသည် နားမလည်နိုင်အောင် ဖြစ်ခဲ့သည်။

ဤပထမမစ်ရှင်သည် နဂါးဘုရင်အောင်းကျန်းကို သတ်ရန် ဖြစ်နေသည်။ ဤအရာသည် သေချာပေါက် အရမ်းကို ခက်ခဲသော မစ်ရှင်တစ်ခု ဖြစ်ပါသည်။

တော်ဝင်နဂါးမျိုးနွယ်စုကို သတ်ဖြတ်ခြင်းသည် နဂါးမျိုးနွယ်တစ်ခုလုံး၏ လိုက်လံ ဖမ်းဆီခြင်း ခံရမည်ကို သိရှိထားရမည်။ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီမှ သာလျှင်၊ ထိုကဲ့သို့သောမစ်ရှင်မျိုးကို ဤနေရာတွင် ပွင့်ပွင့်လင်းလင်း ချိတ်ဆွဲဝံ့ပါလိမ့် မည်။

ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသည် လူသားများအတွက်သာဟူ၍ အကန့်ချက်မျိုး မရှိခဲ့ပေ။ နတ်ဆိုးသားရဲမျိုးနွယ်မှ ထူးချွန်ထက်မြက်သူများလည်း ရှိသောကြောင့်၊ ၎င်းတို့ထဲတွင် သဘာဝအလျောက် နဂါးမျိုးနွယ်များလည်း ရှိပါသည်။

ကောင်းကင်လေနတ်ဘုရားအကယ်ဒမီသည် ဤမစ်ရှင်မျိုးကို ဤနေရာတွင် ချိတ်ဆွဲ ထားသည်။ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသည် နဂါးများ၏ အမျက်ဒေါသကို လုံးဝ မစိုးရိမ်ကြောင်း တွေ့မြင်နိုင်သည်။

ဟုတ်ပါသည်၊ ကောင်းကင်လေနတ်ဘုရား အကယ်ဒမီသည် နတ်ဆိုးသားရဲများကို ပစ်မှတ်ထားရုံသာမက လူသားများကိုလည်း ဆုကြေးများစွာ ပေးဆောင်ထားပါသည်။

ဥပမာအားဖြင့်၊ အဆင့်သုံးမှ ပုဂ္ဂိုလ်သည် ကာလကြာရှည်စွာကတည်းက ထင်ရှား ကျော်ကြားခဲ့သော လူသားမျိုးနွယ်၏ အင်မော်တယ်ဘုရင်နယ်ပယ် အထွတ်အထိပ် အဆင့် ကျွမ်းကျင်သူတစ်ဦး ဖြစ်ပါသည်။ ဆုကြေးမှာလည်း အမှတ် ၁၀ သန်း တန်ကြေးရှိပါသည်။

ချင်ယွင်သည် ဤအဆင့်မြင့် မစ်ရှင်များကို ကြည့်ရင်း ခေါင်းယမ်းလိုက်မိသည်။ အဆင့်မြင့် မစ်ရှင်ပေါင်း တစ်ရာကျော် ရှိကောင်းရှိနိုင်သော်လည်း၊ လက်ရှိ သူ၏ အစွမ်းဖြင့်၊ မည်သည့်အရာကိုမှ ပြီးမြောက်အောင် မလုပ်နိုင်သေးပါဘူး။

အလယ်လတ်အဆင့် မစ်ရှင်များအတွက်မူ စုစုပေါင်း သုံးထောင်ကျော် ရှိနေခဲ့သည်။ သို့သော်၊ ချင်ယွင်သည် ထို့အထဲမှ ထိုသနားဖွယ်ကောင်းလောက်အောင် မစ်ရှင် ဆယ်ခုကိုသာ အကောင်အထည် ဖော်နိုင်ပါလိမ့်မည်။ ထို့အပြင်၊ သူသည် ၎င်းနှင့် ပတ်သက်ပြီး ယုံကြည်မှုမရှိသလို၊ ယခုတစ်ကြိမ်၊ သူလေ့ကျင့်ရန်သွားမည့် ခရီးနှင့် လည်း သင့်တော်ခြင်းမရှိပါချေ။

နောက်ဆုံးတွင်၊ ချင်ယွင်သည် အဆင့်နိမ့်မစ်ရှင် ၁၀၀၀၀ ထဲမှ သူ့အတွက် သင့်လျော်သော မစ်ရှင်တစ်ခုသို့ ပြောင်းရွှေ့လိုက်သည်။

ကြယ်ဆိတ်သုဉ်းခြင်းသားရဲတစ်ရာကို သတ်ဖြတ်ခြင်း၊ အဆင့်နိမ့် မစ်ရှင်၊ ဆုကြေး အမှတ် ၁၀၀၀ ။

ကြယ်ဆိတ်သုဉ်းခြင်းသားရဲများသည် ရှေးဟောင်း ဖရိုဖရဲ ပင်လယ်ထဲမှ သတ္တဝါတစ်မျိုး ဖြစ်ပါသည်။ ၎င်းတို၏ခွန်အားသည် ယေဘုယျအားဖြင့် လျှို့ဝှက်ဆန်းကြယ် အင်မော်တယ် နယ်ပယ်မှာ ဖြစ်သည်။ ဤတစ်ကြိမ်တွင်၊ ချင်ယွင်သည် ကျင့်ကြံရန် အတွက် ဖရိုဖရဲ ပင်လယ်ထဲသို့ ဝင်ရောက်ရမည်။ ထို့ကြောင့်၊ ကြယ်ဆိတ်သုဉ်းခြင်း သားရဲများကို သတ်ဖြတ်ရန် တာဝန်သည် သူ့အတွက် အလွန်သင့်လျော်သည်။

ထို့ကြောင့်၊ ချင်ယွင်သည် ဤမစ်ရှင်ကို ပြတ်ပြတ်သားသား လက်ခံခဲ့သည်။ မစ်ရှင်ကို လက်ခံပြီးနောက်၊ သူသည် ထိုမစ်ရှင်စကားလုံးများကို ဖျက်ပစ်ရန်အတွက် ကိုယ်ရေး အချက် လက်တံဆိပ်ပြားကို အသုံးပြုရန်သာလိုအပ်ပြီး မစ်ရှင်ခန်းမသည် ဤအချက် အလက်များကို ရရှိသွားမည် ဖြစ်သည်။ တစ်ချိန်တည်းမှာပင် မစ်ရှင်ကျောက်ပြားမှ စကားလုံးများလည်း ပျောက်ကွယ်သွားလိမ့်မည်။

ဤအရာအားလုံးကို လုပ်ဆောင်ပြီးနောက် ချင်ယွင်သည် တယ်လီပို့စနစ် အစီအရင် တည်ရှိရာဆီသို့ ပျံသန်းသွားခဲ့သည်။

All Chapters