အခန်း ၈၀၅
Vol. 54 Ch. 805
အခန်း (၈၀၅) ကြယ်တစ်စင်းကို ဝါးမျိုခြင်း။
ချင်ယွင်သည် မစ်ရှင်ခန်းမမှ ထွက်ခွာပြီးနောက် ရန်ကွန် သူ့ကိုခေါ်လာခဲ့ဖူးသော တယ်လီပို့စနစ်အစီအရင်ဆီသို့ ပြေးသွားခဲ့သည်။
ကောင်းကင်လေအင်မော်တယ်ကျွန်း တစ်ခုလုံးသည် ကြောက်မက်ဖွယ် အစီအရင် ဝင်္ကပါများဖြင့် လွှမ်းခြုံထားသောကြောင့် ကျွန်းပေါ် ဝင်ထွက်သွားလာရာမှာ တယ်လီပို့စနစ် အစီအရင်များကိုသာ အားကိုးရလေသည်။
လျင်မြန်စွာပင်၊ ချင်ယွင်သည် တယ်လီပို့စနစ် အစီအရင်ကို အသုံးပြုပြီး၊ သူ စတင် ဝင်ရောက်လာချိန်တွင်၊ ကောင်းကင်ယံမှာ ကြယ်များဝန်းရံထားသည့် ကြယ်ပေါ်ရှိ တယ်လီပို့စနစ် အစီအရင်ရှိရာသို့ ရောက်ရှိလာခဲ့သည်။
တယ်လီပို့စနစ် အစီအရင်ထဲမှ ထွက်လိုက်သည်နှင့် တပြိုင်နက် ချင်ယွင်သည် ပိန်ပိန်ပါးပါး အဘိုးအိုကို တွေ့လိုက်ရသည်။ အဘိုးအို၏ မျက်လုံးများသည် တင်းကျပ်စွာ မှိတ်ထားဆဲ ဖြစ်ပြီး၊ သူ၏ ခန္ဓာကိုယ်သည် အင်မော်တယ် ဧကရာဇ် တစ်ပါး၏ အငွေ့အသက်ကို ထုတ်လွှတ်နေသည်။ အဘိုးအိုသည် လွန်ခဲ့သည့် ဆယ်နှစ်က ချင်ယွင် ဝင်လာစဉ်တုန်းကနှင့် အတူတူပင် ဖြစ်ပါသည်။ အဘိုးအိုသည် လုံးဝ မလှုပ်မရှား ဖြစ်နေသကဲ့သို့ ၎င်း၏အဝတ်အစားပေါ်ရှိ အရေးအကြောင်းများပင် မပြောင်းလဲခဲ့ပေ။
ချင်ယွင်သည် အဖိုးအိုအား အနည်းငယ် ဦးညွှတ်လိုက်ပြီး၊ အလင်းတန်းတစ်ခုအဖြစ် ပြောင်းလဲကာ ကြယ်ရောင်စုံသော ကောင်းကင်ယံဆီသို့ ပျံသန်းသွားခဲ့သည်။
ဤလူကြီးက သူ့ကို အရမ်းကို အန္တရာယ်များသည့် ခံစားချက်ကို ပေးနေခဲ့သည်။ အကယ်၍၊ ချင်ယွင် ခန့်မှန်းသာ မမှားပါက၊ ဤအဘိုးကြီးသည် ကောင်းကင်လေ နတ်ဘုရားအကယ်ဒမီမှ အလွန်အစွမ်းထက်သော စီနီယာတစ်ဦး ဖြစ်သင့်သည်။ ထို့ကြောင့် ချင်ယွင်သည် သူ့အပေါ် လေးစားပြုပြခြင်းက လုံးဝ မမှားနိုင်ပေ။
ချင်ယွင်သည် ရှေးဟောင်းဖရိုဖရဲ ပင်လယ်ထဲသို့ ပျံသန်းသွားခဲ့ပြီး သူ၏ကျင့်ကြံမှု အတွက် သင့်တော်သော ကြယ်များကို စတင်ရှာဖွေတော့သည်။
ရှေးဟောင်း ဖရိုဖရဲ ပင်လယ်တွင် မရေမတွက်နိုင်သော ကြယ်များ ရှိနေပါသည်။ ထို့ကြောင့်၊ သူသည် သဘာဝအတိုင်း ကြယ်ပေါင်းများစွာကို တွေ့ရှိခဲ့သည်။
သို့သော်လည်း၊ ချင်ယွင်သည် ၎င်းတို့ထဲမှ တစ်ဒါဇင်ခန့်ကို ရွေးချယ်ခဲ့သော်လည်း၊ ရှေးဟောင်းတာအိုဆရာသခင်က ၎င်းတို့ကို စိတ်တိုင်းမကျခဲ့ပေ။ အဆုံးတွင်၊ ချင်ယွင်သည် အလွန်ကြီးမားသော ကြယ်ကြီးတစ်ခုရှေ့သို့ ရောက်ရှိလာသောအခါ၊ ရှေးဟောင်းတာအိုဆရာသခင်က ၎င်းကြယ်ကြီးသည် သူ လေ့ကျင့်နိုင်ရုံသာရှိသည်ဟု ဆိုသည်။
ချင်ယွင်သည် သူ၏ရှေ့ရှိ ဧရာမအပြာရောင်ကြယ်ကြီး၏ အရွယ်စားထက် အဆ ငါးဆယ်ခန့် အရွယ်အစားရှိသော ဧရာမအပြာရောင်ကြယ်ကြီးကို ကြည့်ရင်း မထိန်းနိုင်ဘဲ ပါးစပ်အပြည့် တံတွေးမျိုချမိလိုက်သည်။
ကြယ်ကြီးများသည် ပို၍ ကြီးမားလေလေ၊ စွမ်းအင်က ပို၍ များပြားလေလေ ဖြစ်ပါ သည်။ စွမ်းအင်က ပို၍များလေလေ၊ ၎င်းကြယ်၏အပူချိန်က ပိုပြီး ကြောက်စရာ ကောင်းလေလေ ဖြစ်ပါသည်။
ချင်ယွင်သည် ဤစူပါကြီးကြယ်ကြီးနှင့် အနီးမကပ်နိုင်ခင်မှာပင်၊ သူ၏အရေပြားတွင် ပူလောင်သော ဝေဒနာကို ခံစားခဲ့ရသည်။ ဤအပူရှိန်ကို ခံစားလိုက်ရသောအခါ၊ ချင်ယွင်၏ မျက်နှာသည် ခါးသီးသော အမူအရာ ပေါ်လာသည်။
"ကောင်စုတ်လေး၊ မင်း အဆင့်ဖြတ်ကျော်မူ လုပ်ချင်သေးလား?။" ရှေးဟောင်း တာအိုဆရာသခင်က ပြောသည်။
"သေချာပေါက် ကျွန်တော် လုပ်ချင်ပါတယ်" ချင်ယွင်က ပြတ်ပြတ်သားသား ပြန်ပြော သည်။
"တကယ်လို့ မင်းလုပ်ချင်တယ်ဆိုရင်တော့၊ မင်း အခုချက်ချင်း ဝင်လိုက်တော့။ ဒါက ကြယ်သေးသေးလေးပဲ မဟုတ်လား။ ကြည့်လိုက်စမ်းပါ၊ ဘယ်လောက်ထိ ကြောက်စရာကောင်းမှာလဲ?။ မင်း ဒီကြယ်ဆီက စွမ်းအင်အားလုံးကို စုပ်ယူလိုက်တဲ့ အခါ မင်းဟာ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ်ရဲ့ အထွတ်အထိပ်အဆင့်ကို ရောက်ရှိနိုင်လိမ့်မယ်။ ." ရှေးဟောင်းတာအိုဆရာသခင်၏ တင်းမာသောအသံက ထွက်ပေါ်လာပြန်သည်။
"အားလုံး ထွက်လာခဲ့စမ်း..။" ချင်ယွင်၏ မျက်လုံးများသည်လည်း ရက်စက် ကြမ်းကြုတ်ဟန်ဖြင့် ဝင်းလက်တောက်ပလာသည်။ သူသည် အံတင်းတင်းကြိတ်ပြီး ကြယ်ကြီးထဲကို ပျံသန်းရင်း အော်ဟစ်လိုက်သည်။
“ရက်စက်ကြမ်းကြုတ်တဲ့လူဆိုတာ ရန်သူကို ရက်စက်တာ မဟုတ်ဘူး။ ကိုယ့်ကိုယ်ကို ရက်စက်တတ်တာ”ဟု တစ်ခါတုန်းက ယစ်ထုတ်အဘိုးကြီး ပြောဖူးခဲ့ သည်။
ကိုယ့်ကိုကိုယ် ရက်စက်လွန်းသည့် သူတွေကသာ အမှန်တကယ် ကြောက်ဖို့ ကောင်းပါသည်။
ဤအခိုက်အတန့်တွင် ဤစကားများသည် ချင်ယွင်၏ စိတ်ထဲတွင် ပဲ့တင်ထပ် ဖြစ်ပေါ်နေသည်။ သူသည် အလွန်ကြီးမားသော ကြယ်ကြီးဆီသို့ ပျံသန်းသွားရင်း၊ ယင်းစကားများကို ဆက်လက်တွေးတောကာ သူ့ကို လှုံ့ဆော်ပေးနေသည်။
"ဒီကောင် ရူးနေတာလား?"
အဝေးမှ ဖြတ်သွားဖြတ်လာ လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျွမ်းကျင် ပညာရှင် နှစ်ယောက်သည် ထိုမြင်ကွင်းကို မြင်လိုက်ရလျှင်၊ အံ့သြသည့် အမူအရာတွေ က သူတို့မျက်နှာတွေပေါ်မှာ ချက်ချင်း ပေါ်လာပါသည်။
"ဟမ့်၊ ဒီကောင်က အသက်မရှင်ချင်တော့ဘူးလို့ ငါ ထင်ပါတယ်။ နက်နဲသိမ်မွေ့ခြင်း အင်မော်တယ်နယ်ပယ် အစောပိုင်းအဆင့်လေးက ကြယ်ကြီးတစ်ခုကို တူးဖော်ဖို့ သတ္တိရှိနေတယ်။ ဒီလိုစူပါကြယ်ကြီးတွေက ချဉ်းကပ်ဖို့တောင် လွယ်တာမဟုတ်ဘူး" လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျွမ်းကျင်ပညာရှင် နောက်တစ်ယောက်က အေးစက်စွာ နှာခေါင်းရှုံ့ပြီး ပြောလိုက်သည်။
"သွားကြရအောင်။ ဒီကောင်က သေခြင်းတရားကို တောင်းဆိုနေတော့၊ သူ့ကို ဂရုပြုစရာ မလိုဘူး။ ငါတို့အလုပ် ဆက်လုပ်ကြရအောင်။" လျှို့ဝှက်ဆန်းကြယ် အင်မော်တယ်အဆင့် ကျွမ်းကျင်ပညာရှင် ပြောသည်။
သူ၏အဖော်လည်း ခေါင်းညိတ်ပြပြီးနောက်၊ သူတို့နှစ်ယောက်သည် တစ်ယောက်ပြီး တစ်ယောက် ထွက်သွားကြသည်။
သို့သော်လည်း ယခုအချိန်တွင် ချင်ယွင်သည် ထိုစူပါကြယ်ကြီးထဲသို့ ထိုးဆင်းနေဆဲ ဖြစ်သည်။
ကြယ်ကြီးထဲသို့ သူဝင်သွားသည်နှင့် တပြိုင်နက် ချင်ယွင်၏ ခန္ဓာကိုယ်ပေါ်ရှိ အင်မော်တယ် ၀တ်စုံသည် နီမြန်းသော မီးတောက်မီးလျှံများကြောင့် ချက်ချင်း လောင်ကျွမ်းသွားပြီး၊ ပူလောင်သော အငွေ့အသက်သည် ချင်ယွင်၏ တစ်ကိုယ်လုံးကို လျင်မြန်စွာ ဖုံးလွှမ်းသွားသည်။
ချင်ယွင်သည် သူ၏အရေပြားကို မီးဖြင့်ကင်နေသလို ခံစားရပြီး၊ သူ၏အရေပြားက ကွဲအက်နေသလို ခံစားရသည်။
သို့သော်၊ နာကျင်နေသော်လည်း၊ လက်ရှိအနေထားသည် ချင်ယွင်၏ ခံနိုင်ရည် အကွာအဝေးအတွင်း ရှိနေသေးသည်။ အဆုံးမှာတော့၊ ချင်ယွင်၏ ခန္ဓာကိုယ်သည် ပဉ္စမအဆင့်ဖြစ်သော ကောင်းကင်နတ်ဘုရားနယ်ပယ်သို့ ရောက်ရှိနေခဲ့ပြီ။
"ဟိတ် ကောင်စုတ်လေး၊ အတွင်းထဲ ရှေ့ဆက်သွားစမ်း၊ အပြင်ဘက် အပူချိန်က မလုံလောက်သေးဘူး" ရှေးဟောင်းတာအိုဆရာသခင်၏ တင်းမာသောအသံက ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ်လာသည်။
ချင်ယွင်သည် ခေါင်းညိတ်ပြပြီး အလွန်ကြီးမားသော ကြယ်ကြီး၏ အတွင်းပိုင်းဆီသို့ ဆက်လက် ဦးတည်သွားခဲ့သည်။
ဧရာမအပြာရောင်ကြယ်ကြီး၏ အချင်းသည် ကီလိုမီတာ ၁၀၀၀၀၀ ခန့်ရှိပြီး ဤကြယ်ကြီး၏ အချင်းသည် ကီလိုမီတာ ၅ သန်း ဖြစ်သည်။ ထို့ကြောင့်၊ ချင်ယွင်သည် ကြယ်ကြီးထဲသို့ ဝင်လာပြီး ပို၍နက်ရှိုင်းစွာ ဝင်ရောက်လေ၊ အပူချိန်က ပို၍ ကြောက်စရာကောင်းလေ ဖြစ်လာသည်။
ချင်ယွင်သည် ကီလိုမီတာ တစ်သိန်းနီးပါး ခရီးနှင်ခဲ့သည်။ နောက်ဆုံးတွင်၊ သူ၏ အရေပြားသည် နီမြန်းသော မီးတောက်မီးလျှံများကို ခံနိုင်ရည်မရှိတော့ဘဲ ပျက်စီးယိုယွင်းသည့် လက္ခဏာများ ပြသလာသည်။ ချင်ယွင်၏နှလုံးသားထဲသို့ နာကျင် ကိုက်ခဲမှုက စတင်ဝင်ရောက်လာသည်။
"မရပ်နဲ့။ ရှေ့ဆက်သွားပါ။" ရှေးဟောင်းတာအိုဆရာသခင်၏ တင်းမာသောအသံက ထွက်ပေါ်လာပြန်သည်။
"ဟုတ်တယ်” ချင်ယွင်သည် ပြင်းထန်သော ဝေဒနာကို ခံနိုင်ရည်ရှိအောင် ကြိုးစားပြီး၊ ပြန်ဖြေသည်။
ထို့နောက်၊ ချင်ယွင်သည် အတွင်းဘက်သို့ ကီလိုမီတာ ၁၀၀၀၀၀ အထိ ဆက်လက် ချီတက်လာခဲ့သည်။ သို့သော်လည်း၊ သူ၏ခန္ဓာကိုယ်သည် အရိုးများ ထွက်ပေါ်လာသည် အထိ လောင်ကျွမ်းနေပြီး သူ၏အသွေးအသားအားလုံး ပြာများအဖြစ်သို့ ပြောင်းလဲ သွားခဲ့သည်။
"လျှို့ဝှက်ဆန်းကြယ်သော အဝါရောင် နတ်ဆိုးပညာရပ်ကို စတင် လှည့်ပတ်တော့။" ရှေးဟောင်းတာအိုဆရာသခင်၏ စကားများသည် ချင်ယွင်၏ စိတ်ထဲတွင် ထွက်ပေါ် လာပြန်သည်။
ယခုအချိန်တွင်၊ ချင်ယွင်သည် ပြင်းထန်သော ဝေဒနာကြောင့် အနည်းငယ် တွေဝေ မှိန်းမောနေပြီ ဖြစ်သော်လည်း၊ အနည်းငယ် သတိရှိနေဆဲ ဖြစ်ပါသည်။ ထို့ကြောင့်၊ ရှေးဟောင်းတာအိုဆရာသခင်၏ စကားကို ကြားသောအခါ၊ သူသည် လျှို့ဝှက်ဆန်း ကြယ်သော အဝါရောင်နတ်ဆိုးပညာရပ်ကို စတင်ဖြန့်ကျက်လိုက်သည်။
ရုတ်တရက်၊ ချင်ယွင်၏ ခန္ဓာကိုယ်မှ စူးရှတောက်ပသော ကောင်းကင်နတ်ဘုရား စွမ်းအားက ထွက်ပေါ်လာသည်။ ဤကောင်းကင်နတ်ဘုရားစွမ်းအား၏ လွှမ်းခြုံမှု အောက်တွင်၊ ချင်ယွင်သည် သူ၏ခန္ဓာကိုယ်မှ နာကျင်မှုများ အများကြီး လျော့ပါးသွား သည်ကို ခံစားလိုက်ရပြီး၊ သူ၏ခန္ဓာကိုယ်ပေါ်တွင် အသားအသွေးတွေက တဖြည်းဖြည်း ပြန်လည်ကြီးထွားလာပါတော့သည်။
"ကောင်းကင်နတ်ဘုရားစွမ်းအားကို ဖယ်ရှားပြီး ရှေ့ကို ဆက်သွားပါ။" ချင်ယွင်၏ ခန္ဓာကိုယ် ပြန်လည်ကောင်းမွန်လာသောအခါ၊ ရှေးဟောင်းတာအိုဆရာသခင်၏ အသံက ထပ်မံထွက်ပေါ်လာပြန်သည်။
ထိုကဲ့သို့ပင် ချင်ယွင်သည် ထပ်ခါတလဲလဲ ရှေ့သို့လိုက်၊ ထပ်ခါတလဲလဲ ရပ်တန့် လိုက်ဖြင့် ရှေ့ဆက်လာခဲ့သည်။ နောက်ဆုံးတွင် သူသည် စူပါကြယ်ကြီး၏ ပင်မနေရာ အူတိုင်ရှိရာဆီသို့ စတင် ချဉ်းကပ်လာသည်။ မီးတောက်မီးလျှံများဖြင့် ထပ်ခါထပ်ခါ သန့်စင်မူအောက်တွင် သူ၏ခန္ဓာကိုယ်သည် ပိုပိုပြီး အားကောင်းလာခဲ့သည်။ နောက်ဆုံးတွင်၊ သူသည် ကောင်းကင်နတ်ဘုရားနယ်ပယ်၏ အလယ်လတ်အဆင့်သို့ ဖြတ်ကျော်သွားခဲ့သည်။
စူပါကြယ်ကြီး၏ အူတိုင်သည် နီမြန်းသော မီးတောက်မီးလျှံများ မဟုတ်တော့ဘဲ၊ အနီရောင် မီးတောက်မီးလျှံများထက် ဆယ်ဆနီးပါး ပိုပူလောင်သော အနက်ရောင် မီးတောက်တစ်ခု ဖြစ်နေသည်။
"ကောင်းပြီ၊ မင်းရဲ့လက်ရှိအင်အားနဲ့၊ မင်းက ဒီစူပါကြယ်ကြီးရဲ့ အတွင်းထဲကို ဝင်လို့ မရသေးဘူး။ မင်းရဲ့ကျင့်ကြံမူအခြေခံ အဆင့်ချိုးဖြတ်မူ မပြီးမချင်း မင်းက ဒီနေရာမှာ စောင့်ပြီး ကျင့်ကြံနိုင်တယ်။" ရှေးဟောင်းတာအိုဆရာသခင်က ပြောသည်။
ချင်ယွင်သည် သက်ပြင်းချလိုက်သည်။ ဤအနက်ရောင်မီးလျှံများသည် ချင်ယွင်ကို သေခြင်းတရားကို ခံစားရစေခဲ့သည်။ ထို့ကြောင့်၊ အကယ်၍၊ ရှေးဟောင်းတာအို ဆရာသခင်သာ သူ့ကို ဤအနက်ရောင်မီးလျှံထဲသို့ ဝင်ခွင့်ပြုပါက၊ သူသည် ဘာမှ မကျန်တော့သည်အထိ ချက်ခြင်းပင် လောင်ကျွမ်းသွားမည်ကို သူ အမှန်တကယ် ကြောက်နေမိပါသည်။
"ဒါဆို ဒီကြယ်က ဘယ်လောက် အစွမ်းထက်တယ်ဆိုတာ ကြည့်ရအောင်" ချင်ယွင်သည် ပြုံးပြီး အနက်ရောင်မီးတောက်၏ အစွန်းမှာ တင်ပျဉ်ခွေထိုင်ပြီး ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာကို ဖြန့်ကျက်လိုက်ပါသည်။
ရှေးဟောင်းခေတ် အစိမ်းရောင်ကြာပန်းပညာရပ် ပျံ့နှံ့လာသည်နှင့် တပြိုင်နက် ချင်ယွင်၏ ဒန်တန်ထဲ့တွင် တိတ်ဆိတ်ငြိမ်သက်နေသော အနန္တဒြဗ်စင်များသည် အရူးအမူး ပျံ့နှံ့လာခဲ့ပြီး၊ ကြောက်မက်ဖွယ်ကောင်းသော စုပ်ယူမူအားကို ထုတ်လွှတ် လိုက်သည်။
ရုပ်ခန္ဓာခွန်အားအရာမှာ ချင်ယွင်၏ အဆင့်ချိုးဖြတ်မူနှင့်အတူ သူ၏ ဝါးမျိုနိုင်စွမ်းနှင့် စုပ်ယူနိုင်စွမ်းက ပို၍ပင် ကြောက်စရာကောင်းလာသည်။
ချင်ယွင်ကို ဗဟိုပြု၍ ကြက်သွေးရောင် မီးတောက်မီးလျှံများအတွင်း၌ ကြီးမားသော မုန်တိုင်းတစ်ခု ဖြစ်ပေါ်လာသည်။ ကြက်သွေးရောင် မီးတောက်မီးလျှံများသည် ချင်ယွင်၏ ခန္ဓာကိုယ်ထဲသို့ ရူးသွပ်စွာ တိုးဝင်လာကြသည်။
မည်သူမဆို၊ ဤစူပါကြယ်ကြီးကို အနီးကပ်ကြည့်လိုက်မည်ဆိုလျှင်၊ ဤဧရာမ စူပါကြီးသည် မျက်စိဖြင့် မြင်နိုင်သောနှုန်းဖြင့် ကျုံ့သွားသည်ကို တွေ့ရမှာမည်ဖြစ်ပြီး၊ ကြယ်ကြီး၏ နီမြန်းသော အနီရောင်မီးလျှံများသည် တဖြည်းဖြည်း မှိန်မှိန်သွားသည်ကို တွေ့ရပါလိမ့်မည်။